Chapter 7
Viewers 1k

ချင်ကောဆေးရုံမှာ ခေါင်းပတ်တီးစည်းပြီး တစ်ခါပြန်နိုးလာတယ်။


ငါစိုးရိမ်တကြီး ဆရာဝန်ကို မေးလိုက်တယ်။


"သူ့ဦးနှောက်က မကြာသေးခင်ကမှ ထိခိုက်ထားတာ၊ အခု ခေါင်းကိုပဲ ထိပြန်ပြီ၊ ဘာပြဿနာတွေ ရှိနိုင်လောက်လဲ"


ဆရာဝန်က ဆေးမှတ်တမ်းတွေကို လှန်ကြည့်ပြီး ပြင်းထန်စွာ ဆုံးမလိုက်တယ်။


"ဒီလောက်တိုတောင်းတဲ့အချိန်အတွင်းမှာ ခေါင်းက ထပ်ထိခိုက်ပြန်ပြီလား၊ မိသားစုဝင်တွေလည်း ပိုဂရုစိုက်သင့်တယ်"


ငါခေါင်းညိတ်ပြီး အပြစ်တင်တာကို လက်ခံလိုက်တယ်။


ဆရာဝန်ထွက်သွားပြီးနောက် ငါဆေးရုံခုတင်နားကို ရောက်လာတယ်။ ချင်ကောခေါင်းငုံ့ပြီး စဉ်းစားနေပုံရတယ်။


ငါသူ့ကို ရင်နာစွာ ပြောလိုက်တယ်။


"ဘာလို့ ဂရုမစိုက်တာလဲ၊ ထပ်ပြီး ဒဏ်ရာရပြန်ပြီ"


အံ့ဩစရာကောင်းစွာပဲ ချင်ကောက မထီမဲ့မြင်ကြည့်ရင်း မျက်လုံးတွေ ပင့်လိုက်တယ်။


"မင်းက ငါ အပြင်မှာ မွေးထားတဲ့ ကန္တာရငှက်ကလေးတစ်ကောင်သာသာပဲ၊ ငါ့ဆုံးဖြတ်ချက်တွေကို ဘယ်သူမှ ဝင်မစွက်ဖက်ရဲဘူး"


ငါ : ?


ဒါက‌ကော ဘာဇာတ်လမ်းအသစ်လဲ။


ငါတိတ်ဆိတ်နေတာကို မြင်တော့ ချင်ကော ပိုပြီး မထိန်းနိုင်ဖြစ်လာတယ်။


"ကောင်းပြီ၊ ဒီညတော့ မင်းနဲ့အတူ ဖြတ်သန်းပေးမယ်၊ အခုတော့ ငါတခြားချစ်သူတစ်ယောက်နဲ့ သွားလိုက်ဦးမယ်"


ငါ့မျက်နှာထား ချက်ချင်း မှောင်မည်းသွားတယ်။


နောက်ချစ်သူတစ်ယောက်?


သူကအိမ်ထောင်ပြုထားတုန်းကို တခြားကောင်မလေးထားသေးတာလား။ ကောင်းတယ်၊ အရမ်းကောင်းတာပဲ။


ပြီးတော့ ချင်ကောက အေးစက်စက် ဆက်ပြောတယ်။


"ယန်ယန်လိုချင်တဲ့ ကင်မရာကို ငါဝယ်ပြီးပြီ၊ မင်းမနာလိုတာ သိပါတယ်၊ ဒါပေမယ့် မင်းနေရာကို မင်းသိသင့်တယ်၊ မင်းနဲ့မဆိုင်တဲ့အရာတွေကို မတောင့်တပါနဲ့"


လုံးဝနှလုံးသားမဲ့လိုက်တာ၊ လိင်မှုကိစ္စပြီးရင် လူတွေကို စွန့်ပစ်တဲ့လူယုတ်မာလိုပဲ။


ငါဒေါသထွက်လွန်းလို့ ရယ်မောလုနီးပါးဖြစ်သွားတယ်။


ငါသူ့ဖုန်းကို ခေါင်းရင်းကနေ ဆွဲယူလိုက်ပြီး အက်ပ်အများကြီးထဲက ခရမ်းချဉ်သီးပုံလေးနဲ့ တစ်ခုကို ရှာတွေ့လိုက်တယ်။


ချင်ကောရဲ့ မျက်စိသူငယ်အိမ်တွေ ကျဉ်းသွားပြီး ဖုန်းကို ပြန်လုဖို့ အလိုအလျောက်ကြိုးစားပါရော။


ဒါပေမယ့် သူက ဆေးရုံခုတင်ပေါ်မှာ လှဲနေခဲ့တာ၊ ငါ့ဆီကနေ ဘယ်လိုလုပ် ပြန်လုနိုင်မှာလဲ။


လျှပ်စီးလက်သလို မြန်ဆန်စွာ ငါအက်ပ်ထဲက စာအုပ်စင်ကို ဖွင့်လိုက်တော့ ငါ့ကို လုံးဝကြက်သေ သေစေခဲ့တဲ့ ခေါင်းစဉ်တွေက ထွက်ပေါ်လာတယ်။


< ကိုးဆယ့်ကိုးကြိမ်မြောက် အတင်းအဓမ္မချစ်ခြင်း : အစားထိုးဇနီး ဘယ်ကို ပြေးနိုင်မလဲ >


< သူဌေးကြီးရဲ့ အဖိုးမဖြတ်နိုင်တဲ့ ချစ်ဇနီး >


< အစစ်အမှန်နဲ့ အတုအယောင်အမွေခံများ - စေ့စပ်ထားသူက ဇနီးကို အလိုလိုက်ဖို့ စွဲလမ်းနေတယ် >


< သူဌေးကြီးရဲ့ ကန္တာရငှက်ကလေး ပြန်လည်ပျံသန်းသွားပြန်ပြီ > 


ရေတွက်လို့မကုန်အောင်ပဲ။


ငါတိတ်တိတ်ဆိတ်ဆိတ်လှည့်သွားတော့ လေထုက တခဏတာ ငြိမ်သက်သွားတယ်။


တက္ကသိုလ်တုန်းက ငါဒီလို CEO ဝတ္ထုတွေကို သဘောကျခဲ့တာ။


ဒါပေမယ့် အခုဒီခေါင်းစဉ်တွေကို ပြန်တွေ့တော့ ငါ့ရင်ထဲမှာ လွန်ကဲတဲ့ ပျက်လုံးကြီးနဲ့ ကူကယ်ရာမဲ့မှုတွေ တလိမ့်လိမ့်တက်လာတယ်။


ချင်ကောက ဖုန်းကို ပြန်လုဖို့ အခွင့်အရေးကို ဖမ်းဆုပ်ထားပြီး ငါ့ကို ပြင်းထန်စွာ စိုက်ကြည့်နေတယ်။


"ဒါတွေက ယန်ယန်ကြိုက်တဲ့ စာအုပ်တွေပဲ၊ ဘာလို့ ခိုးကြောင်ခိုးဝှက်ကြည့်နေတာလဲ"


"ဘာလဲ၊ ယန်ယန်ရဲ့ ဉာဏ်ပညာကို သင်ယူပြီး ငါ့အာရုံကို ဖမ်းစားဖို့ ကြိုးစားနေတာလား"


"အိပ်မက်မက်မနေနဲ့!"


ငါစကားမပြောနိုင်ဖြစ်သွားတယ်။ ငါ့မယုံကြည်နိုင်မှုက စကားလုံးတွေထက် ကျော်လွန်နေပြီ။


"ဒီဝတ္ထုတွေထဲမှာ ဘယ်လိုဉာဏ်ပညာမျိုးတွေ ရှိမှာလဲ"


ချင်ကောက အေးစက်စက်ရယ်မောပြီး ငါ့ကို မထီမဲ့မြင်ကြည့်ရင်း ပြောလိုက်တယ်။


"မင်းလို တိမ်တိမ်လေးပဲ သိတဲ့ မိန်းမတစ်ယောက်က ဘယ်လိုနားလည်မှာလဲ၊ ယန်ယန်ဒီစာအုပ်တွေကို ဖတ်တဲ့အကြောင်းပြချက် သူ့မှာ ရှိမှာပေါ့"


တစ်ခါတလေ ငါသူ့ကို ခေါင်းခေါက်ချင်မိတယ်။


သူ့ရဲ့ လက်ရှိ ဦး‌နှောက်အခြေအနေ မကောင်းတာကို ထည့်တွက်ပြီး ငါထိန်းထားလိုက်ပြီး သူ့ရဲ့ ရူးနှမ်းတဲ့ ကန္တာရငှက်ကလေး ဇာတ်လမ်းမှာ လိုက်ကစားပေးလိုက်တယ်။


သူဆေးရုံတက်နေတုန်း ငါကိုယ်တိုင် ကြက်သားဟင်းချိုချက်ပေးခဲ့တယ်။ ချင်ကော တစ်ငုံသောက်ပြီး မထီမဲ့မြင် ရွဲ့ပြောတယ်။


"စက်ဆုပ်စရာကောင်းလိုက်တာ၊ ယန်ယန်ရဲ့ ကြက်ဥထမင်းကြော်လောက် မကောင်းဘူး"


ငါတိတ်ဆိတ်သွားတယ်။


သူတကယ်ပဲ မီးလောင်ထားပြီး အနက်ရောင်ပြောင်းသွားတဲ့အရာကို ကြိုက်လို့လား။


ငါသူ့ကို နှိပ်နယ်ပေးတော့ သူမျက်လုံးမှိတ်ထားပြီး သူ့ ၃၇ ဒီဂရီစင်တီဂရိတ် ပါးစပ်ကနေ အေးစက်တဲ့စကားလုံးတွေ ထွက်ပေါ်လာတယ်။


"မဆိုးဘူး၊ မင်းကို လစာတိုးပေးမယ်"


ငါလက်သီးဆုပ်လိုက်တယ်၊ သူ့ကို ထိုးချင်တဲ့စိတ်ကို ထိန်းထားလိုက်တယ်။


နောက်ဆုံးတော့ ဆေးရုံဆင်းတဲ့နေ့ ရောက်လာပြီ။


~~~