Chapter 10 ( End )
Viewers 1k

︶⊹︶︶୨ ⊹ ချင်ကောရဲ့ Side Story ⊹ ୧︶︶⊹︶


တက္ကသိုလ်တက်တုန်းက ငါကောင်မလေးတစ်ယောက်ကို သဘောကျခဲ့တယ်။


သူမကို ပထမဆုံးတွေ့တာ ကျောင်းရေကန်ဘေးမှာ၊ သူမက ကင်မရာကိုင်ပြီး အတန်းဖော်တွေရဲ့ ဓာတ်ပုံတွေ ရိုက်နေခဲ့တယ်။


နေရောင်အောက်မှာ ရပ်နေတဲ့ သူမရဲ့အပြုံးက တောက်ပနေခဲ့တာ။


နောက်ပိုင်းမှာ သူမက စုန့်မိသားစုရဲ့ သမီးအကြီးဆုံးဖြစ်သူ စုန့်ယန်ရှူဆိုတာကို မတော်တဆ သိခဲ့ရတယ်။


သူမရဲ့ အခန်းဖော်တွေဆီကနေ သူမ ကျူးလစ်ပန်းကြိုက်တယ်လို့ ငါကြားခဲ့ရသေးတယ်။


ဒါကြောင့် ငါပြည်ပကနေ အရည်အသွေးမြင့် ကျူးလစ်မျိုးစေ့တွေကို အထူးတင်သွင်းခဲ့တယ်။


ပန်းပွင့်တဲ့ရက်တွေမှာ ငါမိန်းကလေးဆောင်ဘေးကနေ မတော်တဆဖြတ်လျှောက်ခဲ့ပြီး သူမပန်းခင်းကို ငုံ့ကြည့်နေတာ၊ သူမမျက်လုံးတွေက ဝမ်းသာအားရ ကွေးညွတ်နေတာကို မြင်ခဲ့ရတယ်။


ငါ့နှုတ်ခမ်းထောင့်တွေလည်း ကွေးညွတ်သွားတယ်။


သူမပျော်ရင် ငါလည်းပျော်တာပဲ။


ကျောင်း‌ကြေညာချက်နံရံမှာ သူမချဉ်စပ်ငါးကို မီနူးကနေ ဖယ်ရှားတာကို မကျေမနပ်ဖြစ်နေတာ မြင်တော့ ငါချက်ချင်း အဖေ့ကို ကျောင်းမှာ ရင်းနှီးမြှုပ်နှံဖို့ ပြောပြီး အဲဒီဟင်းကို တစ်ညတည်းနဲ့ ပြန်ထည့်ခိုင်းခဲ့တယ်။


အဖေနဲ့ ဦးလေးစုန့်ရဲ့ စကားပြောဆိုမှုကနေ စုန့်ယန်ရှူရဲ့ ငယ်နာမည်က ယန်ယန်ဆိုတာကို ငါသိခဲ့ရတယ်။


ယန်ယန်... ဘယ်လောက်ချစ်စရာကောင်းတဲ့ နာမည်လဲ။


နောက်ပိုင်းမှာ သူမက စစ်ယန်နဲ့ စတွဲခဲ့တာ။


အဲဒီအချိန်တုန်းက ငါညတိုင်း အရက်နဲ့ အပူရှာနေခဲ့ရတယ်၊ လုံးဝစိတ်ဓာတ်ကျနေခဲ့တယ်။


ငါနားမလည်ခဲ့ဘူး...စစ်ယန်က ဘာလို့ဒီလောက် ကောင်းနေရတာလဲ။


သူငါ့လောက်မချမ်းသာဘူး၊ ငါ့လောက်မချောဘူး၊ ပြီးတော့ သူက သူမကို ပလေးနေခဲ့တယ်။


နောက်ပိုင်းမှာတော့ ငါသူမကို နိုက်ကလပ်က သူ့ပုံတွေ တိတ်တိတ်လေး ပို့ပေးဖို့ အခွင့်အရေးကို နောက်ဆုံးတော့ ဖမ်းဆုပ်နိုင်ခဲ့တယ်။


စုန့်ယန်ရှူ အဆောင်အောက်မှာ ကိတ်မုန့်ကိုင်ပြီး မှိုင်တွေနေတာကို ကြည့်ရင်း ငါ့ရင်ထဲ အရမ်းနာကျင်ခဲ့ရတယ်။


ကံကောင်းစွာနဲ့ပဲ စစ်ယန်က ဖောက်ပြန်ခဲ့တယ်၊ ပြီးတော့ စုန့်ယန်ရှူ သူ့ကို ချက်ချင်း လမ်းခွဲခဲ့တယ်။


အဲဒီညက ငါအခန်းဖော်အချို့ကို စုပြီး ရှန်ပိန်ဖွင့်ခဲ့သေးတယ်။


ဒါပေမယ့် စုန့်ယန်ရှူ ဒီအတွက် ရင်ကွဲနာကျနေတာကို ကြားတော့ ငါပျော်ရွှင်မှုကို မခံစားနိုင်တော့ဘူး။


နောက်ပိုင်းမှာ သူမ limited-edition ပူးပေါင်းထုတ်လုပ်ထားတဲ့ ကင်မရာတစ်လုံးကို တကယ်ကြိုက်တယ်ဆိုတာ ငါသိခဲ့ရတယ်။


ငါ့ဘဝမှာရှိတဲ့ အဆက်အသွယ်တိုင်းကို သုံးပြီး နောက်ဆုံးတော့ အဲဒီကင်မရာကို ရခဲ့တယ်။


ဒါပေမဲ့ ပြီးတော့ ငါပြန်စိုးရိမ်မိတယ်။


ငါကိုယ်တိုင်ပေးရင် သူမ ကြောက်သွားမလား။


ဒါနဲ့ သူမကို မဲနှိုက်ပြီး ရအောင် စီစဉ်ခဲ့တယ်။


တက္ကသိုလ်ကနေ ဘွဲ့ရပြီးတာနဲ့ ငါအဖေ့ဆီ ချက်ချင်းပြေးပြီး ငါနဲ့စုန့်ယန်ရှူကို Blind Date တွေ့ခိုင်းဖို့ တောင်းဆိုခဲ့တယ်။


ကျေးဇူးတင်စရာ‌ကောင်းစွာနဲ့ ငါတည်တည်ငြိမ်ငြိမ်နေနိုင်ခဲ့ပြီး နောက်ဆုံးတော့ အချစ်ဆုံးကောင်မလေးကို ရခဲ့တယ်။


ငါတို့မင်္ဂလာဆောင်မှာ သူမရဲ့အချစ်ဆုံးသူငယ်ချင်းက အဲဒီ limited-edition ပူးပေါင်းထုတ်လုပ်ထားတဲ့ ကင်မရာနဲ့ ငါတို့အတွက် ဓာတ်ပုံရိုက်ပေးနေတာကို ငါမြင်ခဲ့တယ်။


ငါ့နှုတ်ခမ်းထောင့်တွေ ကောင်းကင်အထိ ကွေးညွတ်လုနီးပါးဖြစ်သွားတယ်။


မူလကတော့ စုန့်ယန်ရှူကို ငါသူမကို တိတ်တဆိတ်ချစ်ခဲ့တာကို အိုမင်းတဲ့အထိ ဖြည်းဖြည်းချင်း ပြောပြဖို့ စီစဉ်ထားခဲ့တာ။


အခုတော့ မလိုတော့ပါဘူး။


ငါတို့ ထာဝရအတူတူရှိနေကြတော့မှာပဲလေ။


~ The End ~