Chapter 1(ပထမဖရဲသီး)
“သွားကြစို့၊ ခုဆို ခုနစ်ရက်တောင် ရှိနေပြီ!”
“မင်းသားကြီးက
သူ့မိန်းမကို ဖောက်ပြန်တယ်ဆိုတာ သတင်းအမှားကြီးတဲ့!”
“ဒီလောက် အကြာကြီး
စောင့်ခဲ့ရတာကို အကုန် သဲထဲရေသွန်ပဲ!”
…
Paparazzi
များမှာ
ခေါင်းငိုက်စိုက်ကျကာ စိတ်ပျက်အားငယ်စွာဖြင့် တစ်ဦးပြီးတစ်ဦး ထွက်ခွာသွားကြ၏။
ရှချန်းချန်းတစ်ယောက်သာ
သူမ၏ Canon
R3 ကင်မရာလေးကို ပိုက်လျက် မြက်ခင်းထဲတွင် ငုတ်တုတ်လေး ပုန်းအောင်းနေဆဲပင်။
တစ်ပတ်အလိုကတည်းက
ချန်းချန်းနှင့် အခြား Paparazziများသည်
မင်းသားကြီး၏ အိမ်ဝင်းဆီသို့ တိတ်တဆိတ် ရောက်ရှိခဲ့ကြသည်။
ဤမင်းသားကြီးသည်
အလွန်လိမ္မာပါးနပ်လွန်း၍လား၊ သို့မဟုတ် Paparazziတို့သည်
သတင်းမှားရခဲ့ကြသည်လား မသိ။ ခုနစ်ရက်တာ ကာလပတ်လုံး သူတို့သည် အသုံးဝင်မည့် မည်သည့်
သဲလွန်စမျှ ရှာမတွေ့ခဲ့ကြပေ။
Paparazzi
တစ်ဦးပြီးတစ်ဦး
ထွက်ခွာသွားကြသော်လည်း ရှချန်းချန်းတစ်ယောက်သာ အရှုံးမပေးဘဲ ရှိနေခဲ့သည်။
သူမ၏
အလိုလိုသိစိတ်က ဤသဲလွန်စသည် အမှန်တကယ်ပင် မှန်ကန်သည်ဟု ပြောနေခဲ့၏။
ရှစ်ရက်မြောက်
နံနက်ခင်း၌ တောက်ပသော နေရောင်ခြည်သည် ခြံဝင်းတစ်ဝိုက်လုံးကို ထွန်းလင်းနေသည်။
အိမ်ကြီး၏
တံခါးသည် နောက်ဆုံးတော့ ပွင့်လာခဲ့သည်။
အမျိုးသားတစ်ဦးက
အမျိုးသမီးတစ်ဦးကို ဖက်လျက် ရင်းနှီးနွေးထွေးသော အမူအရာဖြင့် စကားတပြောပြော၊
ရယ်မောပျော်ရွှင်စွာ အိမ်ကြီးမှ ထွက်ခွာသွားကြသည်။
မလှမ်းမကမ်းရှိ
မြက်ခင်းပြင်ထဲမှ "ကလစ် ကလစ်" ဟူသော အသံလေး ထွက်ပေါ်လာသည်။
ရှချန်းချန်းသည်
သူမ၏ ကင်မရာလေးကို ကျေနပ်စွာ သိမ်းဆည်းလိုက်ပြီး ဖန်သားပြင်ပေါ်မှ ဓာတ်ပုံများကို
နှစ်သက်စွာ ကြည့်ရှုနေခဲ့သည်။
ဓာတ်ပုံများအရဆိုလျှင်
၎င်းတို့သည် ချစ်ခြင်းမေတ္တာအပြည့်ဖြင့် ပြည့်စုံသော ချစ်သူစုံတွဲလေး ဖြစ်ပေသည်။
သို့သော်
မင်းသားကြီး၌ ဇနီးမယား ရှိနေခဲ့သည် မဟုတ်ပါလား
သူ၏ ဇနီးသည်မှာ
ရုပ်ရည်သဏ္ဍာန် သာမန်အဆင့်ရှိသော အလယ်အလတ်ပိုင်း အိမ်ရှင်မတစ်ဦးဖြစ်ပြီး
ဓာတ်ပုံထဲက တောက်ပလှပသည့် ငယ်ရွယ်သော အမျိုးသမီး မဟုတ်ချေ။
ဇနီးကောင်းတစ်ယောက်ရှိပါလျက်
မင်းသားကြီးဆိုသူမှာ ဤသို့ ဖောက်ပြားနိုင်လှသည်တကား။
ဤပုဂ္ဂိုလ်၏
ပုံစံသည် မည်သို့ကြည့်ကြည့် ထေ့ငေါ့စရာပင် ဖြစ်နေခဲ့ပါတော့သည်။
ရှချန်းချန်းသည်
ဝမ်းမြောက်ဝမ်းသာ ဖြစ်၍ ပစ္စည်းများကို သိမ်းဆည်းကာ ပြန်ရန်ပြင်ဆင်၏။ သို့သော် သူမ
မတ်တပ်ထရပ်သည့်အခိုက်၊ ခြေထောက်ချော်၍ ချော်လဲလေရာ—
"Fuck!"
ရှချန်းချန်းသည်
အလိုလို ကြိမ်ဆဲလိုက်မိသည်။
နောက်တစ်စက္ကန့်တွင်
သူမ၏ ဦးခေါင်းသည် ကျောက်တုံးနှင့်ရိုက်မိကာ အသိဉာဏ် လုံးဝပျောက်ဆုံးသွားခဲ့သည်။
မျက်လုံးများ
ပြန်ပွင့်လာသည့်အခါတွင် ရှချန်းချန်းသည် သန့်ရှင်းသပ်ရပ်သော အခန်းတစ်ခန်းထဲတွင်
ရောက်နေသည်ကို တွေ့လိုက်ရ၏။ သူမရှေ့တွင် မှန်တစ်ချပ်နှင့် အမျိုးမျိုးသော
မိတ်ကပ်ပစ္စည်းများ ရှိနေပြီး၊ ကြည့်ရသည်မှာ ဤအခန်းသည် မိတ်ကပ်ခန်းပင်
ဖြစ်လိမ့်မည်။
ဘာအခြေအနေပါလိမ့်? သူမ၏ ဦးခေါင်းသည်
ရိုက်မိ၍ မပေါက်သွားခဲ့ဘူးလား?
ရှချန်းချန်းသည်
ဦးခေါင်းအပြည့် မေးခွန်းများဖြင့် မိတ်ကပ်မှန်ဆီသို့ ချက်ချင်းတိုးကပ်သွားသည်။
သူမသည် သူမ၏
ဦးခေါင်းခွံကို ကြည့်လိုက်ရာ ဘာမှမထိခိုက်ဘဲ လုံးဝကောင်းမွန်နေသည်ကို တွေ့ရ၏။
သို့သော် မှန်ထဲက
မိန်းကလေးကြောင့် ရှချန်းချန်းမှာ အံ့သြမှင်တက်သွားခဲ့သည်။ မျက်နှာက
အတူတူပင်ဖြစ်သော်လည်း မျက်ခုံးမျက်လုံးများကမူ ဝမ်းနည်းမှုရိပ်သဏ္ဍာန်ကို
ဖုံးကွယ်ထားနေသည်ကို တွေ့ရလေ၏။
ရှချန်းချန်းသည်
မှန်ထဲက အမျိုးသမီးသည် သူမ ဟုတ်သလို၊ မဟုတ်သလို ခံစားရ၏။ ရုတ်တရက် ရှချန်းချန်း
တစ်စုံတစ်ခုကို သတိရသွားပြီး သူမ၏ အိတ် ကို ချက်ချင်း စစ်ဆေးကြည့်ရှုလိုက်သည်။
ဘုရားရေ၊
ကင်မရာကတော့ ပျောက်ဆုံးနေပြီဖြစ်ပြီး သူမဆီမှာ H တံဆိပ်
အိတ်ငယ်လေးတစ်ခုသာ ကျန်ရစ်တော့သည်။
"Fuck!"
ရှချန်းချန်းသည်
မနေနိုင်ဘဲ ဆဲအသံ ပြုလိုက်မိသည်။
မကြာမီပင်
မိတ်ကပ်ခန်း၏ တံခါးကို တစ်စုံတစ်ဦးက ကန်ဖွင့်လိုက်ပြီး ထိပ်ပြောင်ပြောင်
အလယ်အလတ်ပိုင်း အမျိုးသားတစ်ဦးက ရှချန်းချန်းရှေ့သို့ ပြေးဝင်လာကာ
လက်ညှိုးထိုးလျက် အပြစ်တင်ကြိမ်းမောင်းတော့သည်။
“ရှချန်းချန်း! နင်
ငါ့ကို ဒုက္ခမပေးဘဲ နေလို့မရဘူးလား ကျိကျင်းဟန်က အခုခေတ်ရဲ့ နာမည်ကြီး
မင်းသမီးတစ်ဦး၊ အဆင့်သုံး အနုပညာရှင်တစ်ဦးလေ နင် သူ့ကို ရိုက်ရဲတယ်ပေါ့? နင် အနုပညာလောကမှာ
ဆက်ရှိနေ ချင်သေးရဲ့လား?”
ရှချန်းချန်းသည်
မျက်မှောင်ကြုတ်မိသွားသည်။ နာမည်ကြီး မင်းသမီး ကျိကျင်းဟန်ဆိုတာ ဘယ်သူလဲ? မဟုတ်ဘူး၊ သူမ
ရင်းနှီးကျွမ်းဝင်တဲ့ ဖျော်ဖြေရေးနယ်ပယ်မှာ ဒီလိုပုဂ္ဂိုလ်မျိုး လုံးဝမရှိပါဘူး။
သူမက အဆင့်သုံး
အနုပညာရှင်ဟုတ်လား? ဒါက ပိုပြီးရယ်စရာကောင်းလိုက်တာ၊ သူမက Paparazzi
တစ်ယောက်ပဲလေ
မဟုတ်ဘူးလား?
ရှချန်းချန်းသည်
ပြန်မဖြေဘဲ သူမရှေ့မှ အမျိုးသားကို ငြိမ်သက်စွာ စိုက်ကြည့်နေမိသည်။
ရှချန်းချန်းကို
ဆူပူကြိမ်းမောင်းပြီးနောက် ဒေါသတကြီးဖြင့် သူ့ဖုန်းကို ထုတ်ကာ
ရှချန်းချန်းရှေ့တွင် ထိုးပြလိုက်သည်။
“နင်
လုပ်ထားတာတွေကို ကြည့်စမ်း အခုလောက်ဆို တစ်ကမ္ဘာလုံးက နင်ကို ဆဲနေကြပြီ နင်တော့
သေပြီပဲ!”
ရှချန်းချန်းသည်
ဖုန်းကို ယူလိုက်ရာ ဖုန်းမျက်နှာပြင်ပေါ်တွင် အမျိုးသမီးနှစ်ဦး ရှိသည်ကို တွေ့ရ၏။
တစ်ဦးက ရှချန်းချန်းဖြစ်ပြီး နောက်တစ်ဦးကိုမူ သူမ မသိပေ။
ဖုန်းမျက်နှာပြင်ထဲမှ
“ရှချန်းချန်း” က ထိုအမျိုးသမီးကို တွန်းလိုက်သည်ကိုသာ မြင်ရပြီး အမျိုးသမီးမှာ
မြေပေါ်သို့ လဲကျကာ မျက်ရည်များ ရွှဲနစ်နေသည်။
သူမ၏
ညာဘက်ပါးပြင်ပေါ်တွင် နီရဲသော လက်ဝါးရာကိုပင် ထင်ထင်ရှားရှား တွေ့ရ၏။
ဗီဒီယိုမျက်နှာပြင်ပေါ်တွင်
မှတ်ချက်များသည် လှိုင်းလုံးများပမာ တရိပ်ရိပ် စီးဆင်းနေသည်-
“Fuck!
ရှချန်းချန်းက
လွန်လွန်းတယ်! ကျိကျင်းဟန် ဘာလုပ်ခဲ့လို့ ဒီလောက် ရက်ရက်စက်စက် အနိုင်ကျင့်ရတာလဲ!”
“သူဌေးသမီးဆိုပြီး
အာဏာပြချင်တိုင်းပြနေတာမလား! ဒီလိုရွံစရာကောင်းတဲ့ မိန်းမ အနုပညာလောကကနေ
ထွက်သွားလို့မရဘူးလား!”
“သူမ ရဲ့ ယဲ့ရှီဝမ်
နဲ့ ဟန်ကျားလင်း ရဲ့ အချစ်ရေးကို ဖျက်ဆီးခဲ့တာတွေလည်း ရှိသေးတယ် ငါအခု အဲ့ကောင်မကို
မြင်တာနဲ့ အန်တောင်အန်ချင်လာပြီ အနုပညာလောကကနေ အမြန်ဆုံး ထွက်သွားကြစမ်း!”
“မယားငယ်မ၊
အနုပညာလောကကနေ ထွက်သွား၊ သေလိုက်တော့!”
…
ရှချန်းချန်းသည်
မျက်နှာပြင်ပေါ်မှ နားထောင်လို့မကောင်းတော့သည့် ပြင်းထန်သော
ဆဲဆိုကြိမ်းမောင်းသံများကို အလိုအလျောက် ပယ်ဖျက်ပစ်လိုက်သည်။
မြင်သာထင်သာရှိသည့်အတိုင်း
ဖုန်း မျက်နှာပြင်ပေါ်က လှပပြီး ဟန်ဆောင်နေသော အမျိုးသမီးသည် ၏ ပါးစပ်ဖျားမှ
"ကျိကျင်းဟန်" ပင်ဖြစ်ပေလိမ့်မည်။
ထိပ်ပြောင်ကြီးသည်
ဖုန်းကို ပြန်လုယူလိုက်၏။
“နာရီဝက်နေရင်
သတင်းစာရှင်းလင်းပွဲ ရှိတယ်
နင်
ကျိကျင်းဟန်ကို သေချာ တောင်းပန်လိုက် မဟုတ်ရင် ကုမ္ပဏီရဲ့
စာချုပ်ဖောက်ဖျက်မှုအတွက် ဒဏ်ကြေး ပေးဖို့သာ ပြင်ထား!”
ပြောပြီးသည်နှင့်
ထိပ်ပြောင်ကြီးသည် ခြေလှမ်းကျဲကြီးများဖြင့် ထွက်ခွာသွားတော့သည်။
ရှချန်းချန်းသည်
ထိပ်ပြောင်ကြီး ထွက်ခွာသွားသော နောက်ကျောကို ကြည့်ရင်း မကျေနပ်စိတ်များဖြင့်
ပြည့်နှက်နေပြီး သဲ့သဲ့လေး ရယ်လိုက်မိသည်။
“ဘာ ရယ်တာလဲ?”
ဦးခေါင်းအတွင်းမှ
ရုတ်တရက် မေးခွန်းထုတ်သည့် စက်သံတစ်သံ ထွက်ပေါ်လာသည်။
“ကျွန်မ ရယ်တာက
ဒီကမ္ဘာကလူတွေက ဦးနှောက်မရှိကြဘူးနဲ့ တူတယ်” ရှချန်းချန်းက ပြန်ဖြေသည်၊ “ဒါက လုံးဝ
ကျိကျင်းဟန် မူယာမာယာ များနေတယ်ဆိုတာ အသိသာကြီးကို လူတိုင်းက ယုံနေကြတာပဲ”
“ဒါက ဘယ်လိုလုပ်
ကျိကျင်းဟန် မူယာမာယာများတယ် ဖြစ်ရတာလဲ?” စက်သံသည် ပိုမို၍ မေးခွန်းထုတ်လာသည်၊
“ရှချန်းချန်းက ကျိကျင်းဟန်ကို အနိုင်ကျင့်ခဲ့တာ မဟုတ်ဘူးလား?”
သူမ စကားပြောနေစဉ်
ရှချန်းချန်းသည် ဦးခေါင်းအတွင်းမှ အချက်အလက်များ ရှာဖွေနေသည့်အသံကို ကြားနေရ၏။
အချက်အလက်များ တွေ့ပြီးနောက် သူက တီးတိုးရွတ်လိုက်သည်၊ “ဟုတ်တယ်၊ စာအုပ်ထဲမှာ
ဒီလိုပဲ ရေးထားတာ…”
“မင်းက ဘယ်သူလဲ”
ရှချန်းချန်းသည်
စိတ်အေးအေးဖြင့် အနေအထား ပြောင်းလဲလိုက်ပြီး မိတ်ကပ်စားပွဲပေါ်သို့ မှီလိုက်လေသည်။
“အား!
တောင်းပန်ပါတယ်! ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ဖို့ မေ့သွားတယ်!” တစ်ဖက်မှ အသံသည်
နူးညံ့အိစက်လှ၏။ “Host မင်္ဂလာပါ! မင်းက စာအုပ်ထဲကို ရောက်လာတာပါ!
ကျွန်တော်က မင်းရဲ့စနစ်ပါ! ဝတ္ထုလောကထဲမှာ မင်းရဲ့တာဝန်များကို ပြီးမြောက်အောင်
လမ်းညွှန်ပေးမှာပါ!”
စကားသံဆုံးသည်နှင့်
ရှချန်းချန်း၏ လက်ထဲတွင် စာအုပ်တစ်အုပ် ရုတ်တရက် ပေါ်လာခဲ့၏။ စာအုပ်အမည်မှာ
(ပြန်လည်မွေးဖွားပြီးနောက် ဖျော်ဖြေရေးနယ်ပယ်တွင် ထိပ်ဆုံးရောက်သွားသော ကျွန်မ)
ဟူ၍ ဖြစ်သည်။
စနစ်က ပြောသည်–
“ဒါက ပြန်လည်မွေးဖွားခြင်း ဝတ္ထုတစ်ပုဒ်ပါ ဇာတ်လိုက်မင်းသမီးက ယဲ့ရှီဝမ်ဖြစ်ပြီး၊
ပြန်လည်မွေးဖွားပြီးနောက် ဖျော်ဖြေရေးနယ်ပယ်မှာ နာမည်ကြီး ထိပ်တန်းမင်းသမီး
ဖြစ်လာခဲ့ပါတယ် မူရင်းဇာတ်လိုက်မင်းသမီးကတော့ သူမရဲ့ မွေးစားညီမဖြစ်ပြီး၊
ဇာတ်လိုက် ကောင်လေး ဟန်ကျားလင်းကို နှစ်ပေါင်းများစွာ ချစ်မြတ်နိုးခဲ့ပါတယ်။ ဒါပေမဲ့
ဟန်ကျားလင်းနဲ့ ယဲ့ရှီဝမ်တို့ ချစ်ကြိုက်သွားကြတဲ့အခါမှာ မူရင်းဇာတ်လိုက်မင်းသမီးက
မနာလိုဝန်တိုမှုတွေနဲ့ ယဲ့ရှီဝမ်ကို ထောင်ချောက်ဆင်ခဲ့ပါတယ်။ ဒါပေမဲ့
ယဲ့ရှီဝမ်ကတော့ သူ့ကို ပြန်လည် တိုက်ခိုက်ခဲ့ပါတယ်။”
“လက်ရှိ
ဇာတ်ကြောင်းအရတော့ မူရင်းဇာတ်လိုက်မင်းသမီးနဲ့ ယဲ့ရှီဝမ်ရဲ့ သူငယ်ချင်း
ကျိကျင်းဟန်တို့ ကြားထဲမှာ ပဋိပက္ခဖြစ်ခဲ့ပါတယ်။ သူမက ကျိကျင်းဟန်ကို
ရိုက်နှက်ခဲ့ပြီး အင်တာနက်ပေါ်မှာ လူတိုင်းက သူမကို မုန်းတီးကြပါတယ်။
ဟန်ကျားလင်းကလည်း ဒါကြောင့် မူရင်းဇာတ်လိုက်မင်းသမီးကို ပိုမို
မုန်းတီးသွားခဲ့ပါတယ်။ မူရင်းဇာတ်လိုက်မင်းသမီးက တစ်ယောက်တည်း ကျန်ရစ်ခဲ့ပြီး၊
မျှော်လင့်ချက်မဲ့စွာနဲ့ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့ပါတယ်”
“ရိုးရှင်းသားပဲ!”
ရှချန်းချန်း
တီးတိုးရေရွတ်၏– “ခွေးတောင် ကြည့်မှာမဟုတ်ဘူး!”
စနစ် : “……”
စနစ်က ရှချန်းချန်း၏
တီးတိုးရေရွတ်သံကို လျစ်လျူရှုကာ မူရင်းစကားဝိုင်းသို့ ပြန်ရောက်လာ၏– “မင်း ခုနက
ပြောတာ……ကျိကျင်းဟန်ရဲ့ မူယာမာယာများတာဆိုလား?”
စနစ်က နားမလည်၊
သို့သော် စနစ်က သိချင်သည်၊ စနစ်က အမှန်တရားကို သိချင်ပါ၏။
ရှချန်းချန်းသည်
ဝတ္ထုကို လှန်လှောကြည့်ရှုရင်း စနစ်ပြောပြခဲ့သည့် အပိုင်းကို တွေ့သောအခါ သူမ၏
နှုတ်ခမ်းထောင့်တွင် ပေါ့ပါးသော အပြုံးတစ်ပွင့် ဖြစ်ပေါ်လာသည်။
“ဗီဒီယိုရိုက်ကူးတဲ့
ရှုထောင့်က လူတသ်ယောက်ရဲ့ အမြင် အာရုံနဲ့ အတူတူပဲ၊ အဲ့ဒါကြောင့် စောင့်ကြည့်ကင်မရာ
မဖြစ်နိုင်ဘူး ဗီဒီယိုက အရမ်းတည်ငြိမ်တယ်၊ တုန်ခါမှုလည်း မရှိဘူး၊ အသံလည်း
မရှိဘူး၊ အဲ့ဒါကြောင့် တစ်ယောက်ယောက်က ဖုန်းကိုင်ပြီး ယာယီရိုက်တာ မဖြစ်နိုင်ဘူး”
ရှချန်းချန်းသည်
မိတ်ကပ်ခန်းတစ်ဝိုက်ကို လှည့်ပတ်ကြည့်ရှုရာ မိတ်ကပ်ခန်းထဲတွင်
စာအုပ်စင်တစ်စင်ရှိပြီး ထိုစာအုပ်စင်ပေါ်တွင် အမျိုးမျိုးသော မိတ်ကပ် မဂ္ဂဇင်းများ
ပြည့်နေသည်ကို တွေ့ရ၏။
“အဲဗီဒီယိုက ဒီလို
ရိုက်ထားတာ ဖြစ်ရမယ်” သူမသည် မိုဘိုင်းဖုန်းကို မဂ္ဂဇင်းအလယ်တွင် ညှပ်ထားပြီး
မှန်ဘီလူးတစ်ခုကို ချန်ထားခဲ့သည်၊ “ဒါက တစ်ယောက်ယောက်က ဘာဖြစ်လာမလဲဆိုတာ
ကြိုသိနေလို့ ကြိုပြီ ကင်မရာတပ်ဆင် ရိုက်ကူးထားတာပဲ”
အတွေ့အကြုံရှိတဲ့ Paparazziတစ်ယောက်အနေနဲ့
ရှချန်းချန်းထက် ပိုသိတဲ့သူ မရှိနိုင်ပါပေ။
“ဒါဆို…” စနစ်သည်
ချက်ချင်း သဘောပေါက်သွား၏။ “ကျိကျင်းဟန်က မူရင်းဇာတ်လိုက်မင်းသမီးကို တမင်တကာ
စိန်ခေါ်ပြီး သူ့ကို ရိုက်ခိုင်းလိုက်တာပဲ ပြီးတော့ ကင်မရာနဲ့ ရိုက်ထားခဲ့တာပေါ့!
ဘုရားရေ! ဒီကျိကျင်းဟန်က ဘယ်လိုဖြစ်တာလဲ! မူရင်းဇာတ်လိုက်မင်းသမီးက ခေါင်းမာပြီး
စိတ်တိုတတ်တဲ့သူပဲ! သူမက မူရင်းဇာတ်လိုက်မင်းသမီးကို တမင်တကာ ထောင်ချောက်ချပြီး
ခုန်ချခိုင်းခဲ့တာပဲ!”
“ကောင်းပြီ၊
ဇာတ်လမ်းရဲ့ အကြမ်းဖျင်းကိုတော့ နားလည်သွားပြီ” ရှချန်းချန်းသည် သူမလက်ထဲမှ ဝတ္ထုကို
ကိုင်ကာ လက်များကို ပွတ်သပ်ရင်း စိတ်လှုပ်ရှားစွာဖြင့် ပြော၏။
“အချိန်ခရီးသွားခြင်းရဲ့လုပ်ရိုးလုပ်စဉ်အရ၊ ကျွန်မက ဇာတ်လိုက်မင်းသမီးကို
ပြန်တိုက်ခိုက်ပြီး မူရင်းဇာတ်လိုက်မင်းသမီးရဲ့ ကံကြမ္မာကို
ပြောင်းလဲပေးရမယ် ပြီးတော့ ထိပ်ဆုံး ရောက်အောင် လျှောက်လှမ်းရမယ်ပေါ့”
စနစ်သည် ခဏတာ
ငြိမ်သက်သွားသည်။
စနစ် :
“မဟုတ်ပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ မင်းက မူရင်းဇာတ်လိုက်မင်းသမီးကို အစားထိုးဖို့
ရောက်လာတာဖြစ်လို့ OOC (မူလ ဇာတ်ကောင် စရိုက်နှင့် လွဲချော်ခြင်း)
လုပ်လို့မရပါဘူး။ အဲ့ဒါကြောင့် မင်းရဲ့ တာဝန်က မူရင်းဇာတ်လိုက်မင်းသမီးရဲ့
မိုက်ရူးရဲပြီး IQနိမ့်တဲ့ စရိုက်အတိုင်း ဇာတ်လိုက်မင်းသမီး
ယဲ့ရှီဝမ်နဲ့ ယှဉ်ပြိုင်ရမှာပါ ပြီးတော့ ဇာတ်လိုက် ကောင်လေး ဟန်ကျားလင်းရဲ့
ချစ်ခင်မှုကို နောက်ဆုံးမှာ လုံးဝဆုံးရှုံးပြီး အဆုံးသတ် မလှပရပါဘူး!”
ရှချန်းချန်း : “???”
ဒီတစ်ခါတော့
ရှချန်းချန်း တိတ်ဆိတ်သွားပါတော့သည်။
စနစ် : "မင်း
သေသွားတာတောင် ဒီလောကမှာ တန်ဖိုးရှိရှိ ရှင်သန်နေဖို့ လိုတယ်လေ တန်ဖိုးဆိုတာ
လူအများရဲ့ နှစ်သက်အားပေးမှုပဲ အခုတော့ မင်းက လူအများရဲ့ မုန်းတီးမှုကို
ခံနေရတဲ့သူ၊ ဘယ်သူမှ မထောက်ခံကြတော့ဘူး ဒါကြောင့် မင်းဘဝက ဒီည ၁၂ နာရီမှာပဲ
ပြီးဆုံးသွားလိမ့်မယ်"
ရှချန်းချန်းက ဘာမှ
ပြန်မပြောဘဲ တိတ်ဆိတ်စွာပင် နေလိုက်၏။
"မင်းပြောတာ
လူစကားကော ဟုတ်ရဲ့လား" ဟု ရှချန်းချန်းက ခပ်ပြတ်ပြတ်ပင် ပြန်မေးလိုက်သည်။
"အော်...
မဟုတ်တော့ပါဘူး မင်းက လူမှ မဟုတ်တာ မင်းပြောတာကလေ လူစကားမဟုတ်ဘူး" ဟု
ရှချန်းချန်းက သူမ၏ စကားကို ချက်ချင်း ပြောင်းပြောလိုက်သည်။
"လူတွေကို
မဆဲရဘူးလေ... မဟုတ်ဘူး၊ စနစ်တွေကို မဆဲရဘူးလေ!" ဟု စနစ်က ဒေါသတကြီး
အော်ဟစ်လိုက်သည်။
"မူရင်းဇာတ်လိုက်မင်းသမီးက
အားနေ စိတ်တို IQ လည်း နိမ့်တယ် ဒါဆို ငါက ကျိကျင်းဟန်ကိုလည်း
တောင်းပန်လို့မရဘူး၊ သူ့ရဲ့ အစီအစဉ်ကိုလည်း ဖွင့်ချလို့မရဘူးဆို ငါဘယ်ဆက်လုပ်ရမှာလဲ? ငါ့ရဲ့
နာမည်ကောင်းကို ဘယ်လိုပြန်ဆယ်ရမှာလဲ" ဟု ရှချန်းချန်းက စိတ်ပျက်လက်ပျက်ဖြင့်
ရယ်မောလိုက်၏။ "ရှင်က ကျွန်မကို တာဝန်ထမ်းဆောင်ခိုင်းတာ မဟုတ်ပဲ ကျွန်မကို
သေစေချင်နေတာ မဟုတ်လား"
စနစ်က
ချက်ချင်းပင် တုန်လှုပ်စွာဖြင့် ပြောလိုက်သည်– "Host!
ဘယ်လိုဖြစ်နိုင်မှာလဲ!
အစကတည်းက ငရဲလို ခက်ခဲတဲ့အခြေအနေဖြစ်နေပေမယ့်... ဘလာ ခက်ခဲတဲ့ အစဆိုပေမယ့်
ကျွန်တော် ရှိတာပဲ ကျွန်တော်တို့ အတူတူ ကျော်ဖြတ်နိုင်မှာပါ!"
ရှချန်းချန်းကတော့
ဘာမှ ပြန်မပြောဘဲ တိတ်ဆိတ်စွာပင် နေလိုက်၏။
ဒီလိုနဲ့ပဲ၊
မိတ်ကပ်လိမ်းခန်းရဲ့ တံခါးက ပွင့်လာတယ်။ ရှချန်းချန်း လှမ်းကြည့်လိုက်တော့ ရှေ့မှာ
မန်နေဂျာ ကျန်းက မျက်နှာသေနဲ့ ရပ်နေတယ်။
"သတင်းစာရှင်းလင်းပွဲ
စတော့မယ် ကျိကျင်းဟန်ကို သွားတောင်းပန်ဖို့ မြန်မြန်ထွက်လာတော့!"
"Host!
ဘယ်လိုလုပ်ကြမလဲ။
သတင်းစာရှင်းလင်းပွဲ စနေပြီ!" စနစ်က ခြေမကိုင်မိ လက်မကိုင်မိဖြစ်ကာ
စက္ကန့်အနည်းငယ်ကြာအောင် ထိတ်လန့်တကြားဖြစ်နေသည်။
ရုတ်တရက်
သူ့ခေါင်းထဲမှာ အကြံကောင်းတစ်ခု ပေါ်လာပြီး အသံကျယ်ကျယ်နဲ့ ပြောလိုက်သည်–
"ဒါပေမယ့် မင်း သူ့ကို မျက်နှာချင်းဆိုင် ဒူးထောက်ပြီး တောင်းပန်လို့ရတယ်
ဒါဆို တောင်းပန်တာလည်း မဟုတ်တော့ဘူး၊ ပိုပြီး ရိုးသားရာလည်း ရောက်တာပေါ့
ဟုတ်တယ်မလား!"
ရှချန်းချန်း :
“...”
ရှချန်းချန်းက
ပခုံးပေါ်က ဆံပင်တွေကို ပွတ်သပ်လိုက်ပြီး "သတင်းစာရှင်းလင်းပွဲတစ်ခုကို
ပြီးအောင် လုပ်တာက ခက်လို့လား စိတ်မပူပါနဲ့ ကျွန်မ တာဝန်ကို အောင်အောင်မြင်မြင်
ထမ်းဆောင်မှာပါ ပြီးတော့ ရှင်ထင်တာထက်ကို ပိုကောင်းအောင် လုပ်ပြမယ်"
စနစ်ကတော့
စိတ်ပူနေဆဲပင်။ သို့သော်လည်း ရှချန်းချန်းက မိတ်ကပ်လိမ်းခန်းထဲကနေ
လှမ်းထွက်သွားခဲ့ပြီ။
သတင်းစာရှင်းလင်းပွဲနဲ့
မိတ်ကပ်လိမ်းခန်းက တစ်ထပ်တည်းပင်။ ရှချန်းချန်း ပေါ်လာတာနဲ့တစ်ပြိုင်နက်
ဓာတ်ပုံမီးတွေက တစ်ပြိုင်တည်း လင်းလက်လာသည်။
သူမက မသိစိတ်နဲ့ပဲ
မျက်နှာကို ကာလိုက်မိသည်။
အရင်က
ရှချန်းချန်းက ဓာတ်ပုံရိုက်ခံရတဲ့သူ မဟုတ်ဘူး။ အခုတော့ သူမက ဓာတ်ပုံမီးရဲ့
အာရုံစူးစိုက်ရာ ဖြစ်လာတာကြောင့် အနည်းငယ်တော့ မသက်မသာပင်။
ကျိကျင်းဟန်လည်း
သတင်းစာရှင်းလင်းပွဲကို ရောက်လာတော့ သူမရဲ့ ညာဘက်ပါးပေါ်မှာ လက်ဝါးရာက
ထင်ထင်ရှားရှားပင် ရှိနေသေးသည်။
ရှချန်းချန်းကို
မြင်လိုက်တဲ့အခါ ကျိကျင်းဟန်ရဲ့ မျက်လုံးထဲမှာ မကျေနပ်မှုတစ်စုံတစ်ရာ
ဖြတ်ပြေးသွားသည်။
သူမက ရှချန်းချန်းဘေးနားကနေ
ဖြတ်လျှောက်သွားရင်း ရှာချီချင်းတစ်ယောက်တည်းသာ ကြားနိုင်တဲ့ အသံနဲ့ ပြောလိုက်သည်–
"ရှချန်းချန်း နင်ငါ့ကို တောင်းပန်လိုက်ရင် ငါနင့်ကို ခွင့်လွှတ်လိမ့်မယ်လို့
ထင်နေလား ဒီတစ်ခါတော့ နင့်ကို ငါသတ်ပစ်မယ်!"
ပြောပြီးတာနဲ့
ကျိကျင်းဟန်က မျက်နှာငယ်လေးနဲ့ သူ့နေရာကို လျှောက်သွားတော့၏။
သို့သော်လည်း
နှစ်လှမ်းတောင် မလှမ်းရသေးခင်မှာပဲ သူမရဲ့နောက်ကနေ လက်တစ်ဖက်က သူမရဲ့ လက်မောင်းကို
ရုတ်တရက် ဆွဲကိုင်လိုက်သည်။
ကျိကျင်းဟန်
လှည့်ကြည့်လိုက်တော့ ရှချန်းချန်းရဲ့ မျက်နှာက ထင်ထင်ရှားရှားနဲ့
တည်တည်ငြိမ်ငြိမ်ပင်။
"ငါ့ကို
သတ်မယ်ဟုတ်လာ?"
ရှချန်းချန်းက
မျက်ခုံးပင့်ရင်း ကျိကျင်းဟန်ကို ကြည့်လိုက်၏။ မျက်လုံးထဲမှာလည်း ကစားချင်စိတ်တွေက
အပြည့်ပင်။
ကျိကျင်းဟန်က
ဘာကြောင့်မှန်းမသိ စိတ်လှုပ်ရှားလာပြီး လက်ကို ရုန်းထွက်ချင်ခဲ့သည်။ ဒါပေမယ့်
ဘယ်လိုလုပ်ရမှန်းမသိ၊ ရှချန်းချန်းရဲ့ လက်က တအားအားသန်လွန်းလို့ သူမ
လုံးဝရုန်းမထွက်နိုင်ပင်။
ရှချန်းချန်းက
ပြုံးလိုက်သည်။
"ဒီလောက်တော့
လွယ်မယ်မထင်ဘူးနော်!"
နောက်တစ်စက္ကန့်မှာ
သူမက ဘာမှ မပြောတော့ဘဲ နောက်လက်တစ်ဖက်ကို မြှောက်ကာ ကျိကျင်းဟန်ရဲ့
ကောင်းမွန်နေတဲ့ ဘယ်ဘက်ပါးကို လက်ဝါးနဲ့ အားပါးတရ ရိုက်ချလိုက်တော့၏။
_______________________________________________________