ရှန်မော့က ငါ့ကို ကြည့်နေတယ်။
သူ့အကြည့်က ငါ့ကို ထွင်းဖောက်ကြည့်ဖို့ ကြိုးစားနေသလိုပဲ။
နောက်တစ်စက္ကန့်မှာ သူ့နှုတ်ခမ်းထောင့်စွန်းတွေမှာ အပြုံးတစ်ခု ပွင့်လာတယ်။
ငါ ခဏလောက် မှင်တက်သွားမိတယ်။
သူ့အပြုံးက ငါ့နှလုံးကို တဒုန်းဒုန်းခုန်စေတာပဲ။
သူ့မျက်နှာက ငါ ပုံမှန်ဆို လှပတဲ့သူတစ်ယောက်ကို ကြည့်သလို သဘောကျတဲ့ စစ်ရန်နဲ့ ဆင်နေပေမယ့် အဲဒီအချိန်မှာတော့ ငါ့ နှလုံးသားက တဒိတ်ဒိတ်ခုန်နေပြီး လျှာဖျားမှာ ချိုမြိန်တဲ့အရသာမျိုး ခံစားရတယ်။
ဒီခံစားချက်မျိုးက စစ်ရန်ရဲ့ fan sign event မှာတောင် ငါ မခံစားခဲ့ရဖူးဘူး။
ရှန်မော့က အရင်က ပြုံးဖူးပေမယ့် ဒီလောက် တောက်ပတာမျိုး တစ်ခါမှ မပြုံးဖူးဘူး။
"ကောင်းပြီ"
ညက ပိုမိုနက်ရှိုင်းလာတော့...
ဆရာမ ရုံးခန်းထဲမှာ။
ဆရာမက စာမေးပွဲစာရွက်တွေကို ရှန်မော့ ပေးလိုက်တယ်။
သူမရဲ့ မျက်နှာမှာ လေးစားမှုအပြည့်ရှိနေတယ်။
ရှန်မော့က အနီရောင်ဘောပင်ကို ယူပြီး "ကုယန်ယွီ" လို့ တပ်ထားတဲ့ စာရွက်တစ်ရွက်ကို ဆွဲထုတ်လိုက်တယ်။
သုံးမိနစ်အကြာမှာ သူ ခပ်ဖွဖွ ရယ်မောလိုက်တယ်။
သူ့မျက်လုံးတွေထဲမှာ သူကိုယ်တိုင်တောင် သတိမထားမိတဲ့ နွေးထွေးမှုတစ်ခု ရှိနေတယ်။
သူ ရေရွတ်လိုက်တယ်။
"တကယ် ငတုံးလေးပဲ.. မေးခွန်းတစ်ခုမှတောင် မမှန်ဘူး"
နောက်နေ့မနက်မှာ ဆရာမ ရောက်လာတယ်။ သူမက ရမှတ်စာရင်းနဲ့အတူ အမှတ်တွေကို ဖတ်ပြတယ်။
"ရွှီကျစ်လန်၊ 61 မှတ်"
ရွှီကျစ်လန် သိသိသာသာ သက်ပြင်းချလိုက်တယ်။
"ယန့်သုန်း၊ 65 မှတ်"
ယန့်သုန်းမျက်နှာမှာ အပြုံးတစ်ခု ပေါ်လာတယ်။
"ဝမ်ဟောက်၊ 56 မှတ်"
"ယွမ်ဖန်း၊ 58 မှတ်"
ဝမ်ဟောက်နဲ့ ယွမ်ဖန်းရဲ့ မျက်နှာတွေက ဖြူဖျော့နေတယ်။
"ကုယန်ယွီ..."
ဆရာမရဲ့ မျက်နှာက ထူးဆန်းနေတယ်။
သူမက ငါကို လှမ်းကြည့်လိုက်တယ်။
ငါ စိုးရိမ်စွာ ခေါင်းငုံ့လိုက်တယ်။
"အမှတ် 70"
ငါ ချက်ချင်းပဲ ဝမ်းသာအားရ ပြုံးလိုက်တယ်။ စားပွဲကို ရိုက်ချမလိုတောင် ဖြစ်သွားတာ။
အမှတ် 70 !
ပေါက်ကရတွေ ရေးချရုံနဲ့ အမှတ် 70 ရတယ်!
ငါ ပထမနှစ်နဲ့ ဒုတိယနှစ်တုန်းက သင်ခဲ့တဲ့ သင်္ချာတွေကို လုံးဝမမေ့သေးဘူးနဲ့တူတယ်။
ငါ့ ကောလိပ်ဆရာတွေကတော့ ဂုဏ်ယူနေတော့မှာပဲ!
ရွှီကျစ်လန်က ငါ့ကို မယုံနိုင်တဲ့ ပုံစံမျိုးနဲ့ ကြည့်နေတယ်။
ပြီးတော့ ဆရာမက ငါ့ဆီ လျှောက်လာတယ်။
သူမအိတ်ကပ်ထဲက အပြာရောင်သော့တစ်ချောင်းကို ထုတ်ပြီး ငါ့ရှေ့ ချပေးလိုက်တယ်။
"ဒါက မင်းရဲ့ဆုကြေးပဲ"
ငါ သော့ကိုကိုင်ထားပြီး ပျော်နေတယ်။
ဒီပစ္စည်းက ငွေနဲ့ လဲလို့ရတာ သေချာတယ်။
ရှန်မော့က ငါ ဝယ်လာတဲ့နို့ကို သောက်နေတယ်။
သူ့မျက်လုံးတွေက နူးညံ့ပြီး နွေးထွေးနေတယ်။
ငါ့ အတွင်းစိတ်က ပျော်ရွှင်နေတယ်။
ဒါက သူ ငါဝယ်လာတဲ့နို့ကို ပထမဆုံးအကြိမ် သောက်တာပဲ၊
သူ့ရေဘူးက ကျိုးသွားပြီး သောက်လို့မရတဲ့အတွက်ကြောင့် ဖြစ်နေပေမယ့်ပေါ့။
အဆောင်ကို ပြန်ရောက်တော့ ငါ အဆောင် ၂၀၆ ထဲ ဝင်တော့မလို့ လုပ်တုန်း ရွှီကျစ်လန်က ငါ့ကို တားလိုက်တယ်။
သူက အပြာရောင်သော့ကို ပေးဖို့ လာတောင်းနေတယ်လေ။
---