Chapter 11
Viewers 2k

ငါ နှုတ်ခမ်းကို လျှာနဲ့သပ်လိုက်တယ်။


မက်မွန်သီးအရသာ၊ ချိုမြိန်ပြီး အရသာရှိတယ်။ 


သူ့မျက်လုံးတွေမှာ ဘာမှမတတ်နိုင်တဲ့ အမူအရာ ပေါ်လာတယ်။ 


"မင်း ခုနက သောက်လိုက်တာ အရက်..." 


"အရက်လား" 


ငါ အံ့သြပြီး အော်လိုက်တယ်။


"ဒါပေမယ့် အရမ်းအရသာရှိတယ်... နောက်ထပ်ရှိသေးလား" 


"မရှိတော့ဘူး" 


"အင်း... ကံမကောင်းလိုက်တာ"


ခဏအကြာမှာ ငါ့ မျက်လုံးတွေ ဝါးလာတယ်လို့ ခံစားရတယ်။


"ငါ မင်းကို ပြန်လိုက်ပို့ပေးမယ်"


ငါ့အကြည့်က လူငယ်လေးရဲ့ နီမြန်းနေတဲ့ နှုတ်ခမ်းတွေပေါ် ရောက်သွားတယ်။ 


ဒီတစ်ခါတော့ ငါ ရှောင်မပြေးဘူး၊ မျက်နှာလွှဲမရှောင်ဘူး။


ဒီတစ်လျှောက်လုံး ငါ ရှန်မော့ကို လိုက်ခဲ့တာ ဘာတိုးတက်မှုမှ မရှိသေးဘူး။ 


System က အဆက်အသွယ်ပြတ်နေတော့ ငါ့ အပေါ် ရှန်မော့ရဲ့ ချစ်ခင်မှုအမှတ် ဘယ်လောက်ရှိလဲဆိုတာ ကြည့်လို့မရဘူး။ 


သူ ငါ့အပေါ်မှာ 0 မှတ်ပဲ ရှိနေသေးတာတော့ မဟုတ်ဘူးမလား...


ငါ ရှန်မော့ကို လိုက်တာ မြန်မြန်လုပ်ရတော့မယ်။ 


အချစ်ဂိမ်းရဲ့ အချိန်ကန့်သတ်ချက်က နှစ်လပဲ ရှိတာ။


အခုဆို နှစ်လနီးပါး ရှိနေပြီ။


ငါက မအောင်မြင်သေးဘူး။ 


ဒီအတိုင်းသာ ဆက်သွားနေရင် ဂိမ်းကာလ ကုန်ဆုံးတဲ့အခါ ငါ ဆယ်သန်းကို ရတော့မှာမဟုတ်ဘူး။


အရက်ရဲ့ အာနိသင်ကြောင့် ဖြစ်နိုင်တယ်...ဒါမှမဟုတ် ချောမောတဲ့ ယောက်ျားတစ်ယောက်ရဲ့ ဆွဲဆောင်မှုကြောင့်လား... 


ငါ ရုတ်တရက် ရဲရင့်လာတယ်။


ငါ ယိုင်တိယိုင်တိုင် ထလိုက်တယ်။


လဲတော့မလို့ ဖြစ်တုန်း ခါးကို ကော့လိုက်ပြီး ရှန်မော့ရဲ့ ရင်ခွင်ထဲ လဲကျသွားတယ်။ 


ပြီးတော့ သူ့ကို ဆိုဖာပေါ်မှာ ပိတ်မိစေလိုက်တယ်။ 


သူ့ရဲ့ နီမြန်းနေတဲ့ နှုတ်ခမ်းတွေကို စိုက်ကြည့်ပြီး ဆွဲဆောင်ခံရသလို နမ်းလိုက်တယ်...


ငါ မြန်မြန်လုပ်ရတော့မယ်... မဟုတ်ရင် နောက်ကျသွားလိမ့်မယ်။ 


ဒီလူရဲ့ နားရွက်တွေက နီရဲတောက်ပနေတယ်။


သူ့ခန္ဓာကိုယ်က စကျင်ကျောက်ရုပ်လို တောင့်တင်းနေတယ်။ 


သူခုခံမှာ ကြောက်တာနဲ့ သူ့လက်တွေကို နက်ခ်တိုင်နဲ့ ချည်လိုက်တယ်။ 


"ဘာလုပ်နေတာလဲ" 


မူးဝေနေတဲ့ ငါက ရုတ်တရက် အားပြင်းပြင်းနဲ့ ပြောလိုက်တယ်။


"ငါ... မင်းကို အတင်းအကြပ် ချစ်ခိုင်းတော့မှာ!"


သူ့ရေချိုးဝတ်ရုံက ခါးပတ်ကို ချွတ်တော့မယ့်အချိန်မှာပဲ... ငါ့နားထဲမှာ စက်ရုပ်သံတစ်ခု ရုတ်တရက် ထွက်ပေါ်လာတယ်။


[ ချစ်ရပါ‌သော သခင်လေးရဲ့ အချစ် system လေး ရောက်ပါပြီ! ]


ငါ့ရဲ့ အချစ် system လေး နောက်ဆုံးတော့ အွန်လိုင်း‌ပေါ် ရောက်လာပြီ။ 


ဒါပေမယ့် နောက်တစ်စက္ကန့်မှာ system က ပြောလာတယ်။ 


[ အရေးပေါ်အခြေအနေ! သခင်‌လေး! ပရိုဂရမ်အမှားကြောင့် ကျွန်တော် သခင်လေးကို ခြောက်ခြားစရာဂိမ်းတစ်ခုဆီ မှားပို့လိုက်မိပြီ... ဒါက အချစ်ဂိမ်းမဟုတ်ဘူး ]


[ အထူးမှတ်ချက် - သခင်လေး အခု ခြောက်ခြားစရာဂိမ်းရဲ့ Final Boss ကို အနိုင်ကျင့်နေပါတယ် ]


---