Chapter 30
“ဖူး!”
ယောလ်တစ်ယောက် အသက်အောင့်ကာ ရေချိုးကန်ထဲကို ခေါင်းနှစ်ချလိုက်ပြီးနောက် ခဏအကြာတွင် ပြန်တက်လာလေသည်။ သူ၏ စိတ်အခြေအနေကြောင့်လားမသိ ရေငုပ်လိုက်သည့် အချိန်သည် ခဏပင်ကြာသော်လည်း သူ့အတွက် ၁၀ ရက်လောက်ကြာသည်ဟု ခံစားလိုက်ရသည်။
သို့သော် အမှန်တကယ် မဖြစ်နိုင်ပေ။ သူက ငါးတစ်ကောင်မဟုတ်သည့်အပြင် ၁၀ ရက်လောက် ရေငုပ်ထားသည်လည်း မဟုတ်ချေ။
ဒါပေမဲ့ ငါဘာလို့ အဲလိုခံစားနေရပါလိမ့် စိတ်ထင်တာပဲနေမှာပါနော်။
ယောလ်တစ်ယောက် ခေါင်းလေးစောင်းကာ သူလိုက်မမှီသော အတွေးများကိုစဥ်းစားမိပြီး ဆက်မတွေးရန်သာ ဆုံးဖြတ်လိုက်သည်။
ဆက်မတွေးတော့ဘဲ ရေချိုးခန်း နံရံကိုမှီလျက် မျက်နှာကျက်ကိုသာ မော့ကြည့်နေလိုက်သည်။ မျက်နှာကျက်တစ်ခုလုံး ရွှေချထားသည်ကို ယောလ်တွေ့လိုက်ရပြီးနောက် “တစ်ခုလောက် ခွာယူသွားရင် ကောင်းမလား”ဟု တွေးနေလေသည်။ သို့သော် လက်ဗလာဖြင့် တက်မခွါနိုင်မှန်း သူသိသည်။
ဘာမှမရှိသော မျက်နှာကျက်ကို မော့ကြည့်နေရင်း နောင်တများနှင့် အတူ သူ၏ အတွေးများသည် ရုတ်တရက် ယောက်ယက်ခတ်လာသည်။
“ဘာ ဘာဖြစ်တာလဲ”
လူအသွင် စပြောင်းစဉ်က အဝတ်ဗလာဖြစ်နေသောကြောင့် အရှက်ရသည့်စိတ်ဖြင့် သူဘာမှ မစဉ်းစားနိုင်ခဲ့ပေ။ ထို့နောက်တွင်လည်း လူသားအသွင်ကိုရသည့်အတွက် ဘာကိုမှ မစဉ်းစားမိဘဲ အပျော်ကြီးပျော်နေခဲ့သည်။ အခုအချိန်မှသာ သူ့ခေါင်းထဲတွင် မေးခွန်းများဖြင့် ပြည့်နှက်လာလေသည်။
သူအရင်က ဘာလို့ ခေါင်းအရမ်းကိုက်ရတာလဲ။ ဘာလို့ ချက်ခြင်းကြီး လူသားအသွင် ပြောင်းလဲသွားရတာလဲ။ လူအသွင် ပြောင်းကာစမှာ ကြားရတဲ့ ချန်ဟျွန်းရဲ့ အသံကရော ဘာလဲ စသည့် မေးခွန်းများနှင့် ပြည့်နှက်နေတော့သည်။
ထို့နောက် ယောလ်တစ်ယောက် ခေါင်းငိုက်စိုက်ကျကာ မျက်လုံးများက ညှိုးငယ်သွားတော့သည်။ မျက်ဝန်းများတွင်လည်း မျက်ရည်များ ပြည့်လျှံလျက် ပါးပြင်လေးပေါ်သို့ တဖြည်းဖြည်းချင်း စီးကျလာကာ သူ့ရင်ဘက်ထဲတွင် အရိပ်မည်းကြီးတစ်ခု ပေါ်လာသကဲ့သို့ပင်။ စိုးရိမ်မှုကြောင့် ဖြစ်ပေါ်လာသည့် အရိပ်မည်းကြီးတစ်ခု သူ့နှလုံးသားထဲတွင် ပေါ်ပေါက်လာသည်။
“မ…မဖြစ်နိုင်ပါဘူး ငါသေသွားတာလား၊ လုံးဝမဖြစ်နိုင်ဘူး”
ယောလ်သည် သူ့အတွေးများကို ကိုယ်တိုင်ပင် လက်မခံနိုင်ဖြစ်ကာ သူ့ကိုယ်ပိုင် စကားလုံးများကိုပင် ငြင်းဆန်နေမိသည်။
သဘာဝကျကျပြောရလျှင် ယောလ်တွေးမိလိုက်သည့် အတွေးသည် ယုတ္တိရှိလေသည်။ သာမာန်ဆို အတွေးအခေါ်ရှိသော လူတစ်ယောက်ဖြစ်သော်လည်း ယောလ်သည် သူ သေဆုံးသွားပြီ ဆိုတာကိုတော့ လက်မခံနိုင်ဖြစ်နေရှာသည်။
မည်သူမဆိုပင် မိမိ၏ သေဆုံးမှုကို အလွယ်တကူ လက်ခံနိုင်မည် မဟုတ်ပေ။
ယောလ်တစ်ယောက် ထိုအတွေးများကို လက်မခံနိုင်သဖြင့် ခေါင်းကို ဖွဖွလေးခါလိုက်ချိန်တွင် ရေစက်ကလေးများလည်း ဘေးကို လွှင့်စင်ထွက်လာလေသည်။
“အား.. ခေါင်းကိုက်လိုက်တာ”
ယခင်ထက်ပို၍ ကျန်းမာရေးကောင်းလာသော်လည်း ဘာကြောင့်မှန်းမသိ ခေါင်းကိုက်နေဆဲပင်။
ထို့နောက် ယောလ်သည် သူ၏ အတွေးများ ပျောက်ကွယ်သွားအောင် မျက်နှာသစ်ချလိုက်၏။ ဆပ်ပြာနံ့မွှေးမွှေးလေးတွေက အနည်းဆုံးတော့ သူ့ကို စိတ်ပြေစေလိမ့်မည်ဟု ထင်သည်။
သေချာ မသိသော်လည်း စိတ်ကြည်လင်စေမည့် ရနံ့တစ်ခုပါလိမ့်မည်ဟု ယောလ်ထင်သည်။
အားရပါးရ ရေချိုးပြီးနောက် တဘက်ကြီးတစ်ထည်ဖြင့် ရေသုတ်နေလေသည်။ တဘက်နွေးနွေးလေးကြောင့် ယောလ်၏ ခန္ဓာကိုယ်မှ အစိုဓာတ်များအားလုံး အမြန်ပင်ခြောက်သွားသည်။ ထို့နောက် ယောလ်တစ်ယောက် သူ့လက်မောင်းသူ နမ်းကြည့်ကာ
“အား.. မွှေးနေတာပဲ”
ထိုကဲ့သို့ ခန္ဓာကိုယ်မှ မွှေးကြိုင်သည့် အနံရသည်မှာ ပထမဆုံးပင်ဖြစ်သည်။ ချိုချိုအီအီ အနံလေး ဖြစ်ပြီး သူ၏ စိတ်အခြေအနေကြောင့်လား မသိ ယောလ်တစ်ယောက် ထိုအနံ့လေးကို စွဲလမ်းနေလေသည်။
ထို့နောက် သူ့ကိုယ်သူ ထပ်နမ်းကြည့်နေပြီးနောက် ရေချိူးဝတ်ရုံကို ဝတ်လိုက်သည်။
မိုက်ကီရယ်၏ ရေချိုးဝတ်ရုံ ဖြစ်သဖြင့် ယောလ်အတွက် ကြီးနေကာ ဝတ်ဖို့ကိုပင် အချိန်အတော်ယူရသည်။
ရေချိုးဝတ်ရုံက ကြီးလွန်းလှသဖြင့် ယောလ်ခမျာ ဝတ်လိုက်တိုင်း လျောလျောကျနေသည်။ သူကြိုးစားပမ်းစားဝတ်နေသည့် အချိန်တွင်းမှာပင် ရေချိုးခန်းတံခါးကို တစ်စုံတစ်ယောက်က ဆွဲဖွင့်လာသည်။
***
“ဘာလဲဟ သူက ရေချိုးခန်းမှာလား”
မိုက်ကီရယ်သည် ရေချိုးခန်း တံခါးကို စိုက်ကြည့်နေသည်။ စိတ်အခြေအနေကြောင့်လားပင် မသိ၊ သူလည်းပဲ ယောလ်ကို မတွေ့ရသည်မှာ ၁၀ ရက်လောက် ကြာသွားပြီဟု ခံစားရသည်။
မယုံကြည်နိုင်သော အကြည့်များဖြင့် မိုက်ကီရယ်တစ်ယောက် ရေချိုးခန်း တံခါးကိုသာ စိုက်ကြည့်နေမိသည်။ အဘယ့်ကြောင့်ဆိုသော် သူ့ စိတ်ထဲတွင် ယောလ်သည် ရေသွားချိုးဦးမည်ဟု ပြောကာ ထွက်ပြေးသွားပြီဟု ထင်နေသောကြောင့်ပင်။
ယောလ်တစ်ယောက် ထွက်ပြေးသွားသည် ဟူသော အတွေးကို တွေးမိလိုက်လျှင်ပင် သူ့နှလုံးသားသည် ချက်ချင်း နာကျင်လာသည်။ ယခင် ချည်အရုပ်လေးဖြစ်စဉ်က ယောလ်သည် ထွက်ပြေးရန် အကြိမ်ကြိမ် ကြိုးစားခဲ့ဖူး၏။ ယခု လူအသွင်ပြောင်းလဲသွားချိန်တွင် ယခင်ကထက် ပို၍ ထွက်ပြေးဖို့ လွယ်ကူ သွားပြီဖြစ်သည်။
သို့သော်လည်း ယုတ္တိရှိရှိ စဉ်းစားလျှင် ယောလ်ထွက်ပြေးခြင်း မပြေးခြင်းကို သူ ဂရုစိုက်စရာမလိုပေ။ အဘယ့်ကြောင့်ဆိုသော် ယောလ်သည် မထင်မှတ်ထားဘဲ ရုတ်တရက် ရောက်လာသည့် အရုပ်ကလေးတစ်ရုပ်ပင်ဖြစ်သည်။
သို့သော် ဘာကြောင့်မှန်းမသိ မိုက်ကီရယ်၏ မျက်လုံးများသည် ဆက်တိုက် ဆက်တိုက် အကြည့် လွှဲနေမိသည်။
ဘယ်လိုပင်ဖြစ်ဖြစ် ယောလ်သည် အရုပ်လေးတစ်ရုပ်မှ ရုတ်တရက် လူသားအသွင်ပြောင်းလဲသွားသော ထူးဆန်းသည့်အရာတစ်ခုပင်ဖြစ်သည်။
အန်ဒရီပြောသလို အောက်လမ်းဖြင့် ပြုလုပ်ထားသည့် ကျိန်စာသင့် ဝိဉာည်လည်း ဖြစ်နေနိုင်သည်။ ထို့ကြောင့် ယောလ်တစ်ယောက် ပျောက်သွားရုံနှင့် စိုးရိမ်စရာ၊ စိတ်မသက်မသာဖြစ်စရာ မရှိသည့်အပြင် သူ့အတွက် ပိုတောင်ကောင်းသည် ဟု မိုက်ကီရယ် တွေးနေမိသည်။
ဦးနှောက်က ထိုကဲ့သို့ တွေးနေသော်လည်း သူ့နှလုံးသားကတော့ တခြားစီပင်။ မိုက်ကီရယ်သည် သူ့နှလုံးမှာ ပေါက်ထွက်မတတ် ခုန်နေကာ ဦးနှောက်တစ်ခုလုံး အေးခဲသွားပြီး သွေးများပင် မလျှောက်တော့ဟု ခံစားလိုက်ရသည်။
သူဘာလို့ ဒီလောက်ထိ ဖြစ်ပျက်နေရသည်ကို သူ့ကိုယ်သူပင် နားမလည်နိုင်ဖြစ်နေရသည်။ နားမလည်သည့်တိုင် ရေချိုးခန်းဘက်သို့ ချက်ချင်းပင် ဦးတည်ကာ လမ်းလျှောက်လာလေသည်။
ဘာကိုမှ မစဉ်းစားနေတော့ဘဲ သူရေချိုးခန်းတံခါးကို ဆွဲဖွင့်လိုက်သည်။ သို့သော် ရေချိုးခန်းတံခါးအနောက်တွင် ယောလ်တစ်ယောက် ရှိမှရှိပါ့မလား ဟူသော အတွေးကြောင့် ခန္ဓာကိုယ်တစ်ခုလုံး ရုတ်တရက် တောင့်တင်းသွားသည်။
“မိုက်ကီရယ်”
သို့သော်ငြား မိုက်ကီရယ်၏ အကြောက်တရားအတိုင်းဖြစ်မလာဘဲ ယောလ်တစ်ယောက် သူ့အား လှမ်းခေါ်လိုက်လေတော့သည်။ ယောလ်သည် အဖြူရောင် ရေချိုးဝတ်စုံ ဝတ်ထားကာ သူ့အား ကြောင်အမ်းအမ်း မျက်နှာနှင့် စိုက်ကြည့်နေလေသည်။
ရေစက်ကလေးများက ပန်းရောင်ဆံနွယ်လေးများမှတစ်ဆင့် လည်ပင်းတစ်လျှောက် စီးဆင်းကာ ရင်ဘတ်ဖြူဖြူဖွေးဖွေးလေးပေါ်သို့ စီးကျနေလေသည်။ မိုက်ကီရယ်တစ်ယောက် အကြည့်မလွှဲနိုင်ကာ ဘာလို့ အချိန်တွေက အရမ်းနှေးသွားရတာလဲဟု စဉ်းစားမိနေသည်။
“ဟမ် .. အာ..အား ..ခင်ဗျား ဘာလို့ ဝင်လာတာလဲ”
ယောလ်တစ်ယောက် ပျာတိပျာယာနှင့် ရေချိုးဝတ်ရုံကို အတင်းဆွဲစိကာ ဝတ်နေသည်။ သို့သော် သူမည်မျှပင် အတင်းဆွဲစိသော်လည်း အလွန်ကြီးမားလှသော ဝတ်ရုံဖြစ်သဖြင့် သူနှင့် အရမ်းချောင်ကာ သေချာမလုံနိုင်ဖြစ်နေသည်။ ခါးစည်း စီးထားသောကြောင့် လုံးဝ ကျွတ်ကျမသွားသော်လည်း ရင်ဘတ်ဖြူဖြူလေးနှင့် ပေါင်တံဖွေးဖွေးလေးက အတိုင်းသားပေါ်နေသည်။
“မြန်မြန်အပြင်ထွက်သွား”
မိုက်ကီရယ်သည် သူ၏ ရေချိုးဝတ်ရုံကို မတော် တော်အောင် ဝတ်နေသော ယောလ်အား မတ်တပ်ရပ်ကာ ကြောင်အမ်းအမ်းဖြင့် ကြည့်နေမိတော့သည်။ ခဏအကြာမှ အသိစိတ်ပြန်ဝင်လာပြီး ခေါင်းကိုလှည့်ကာ စိတ်မပါဘဲ အတင်း အကြည့်လွှဲလိုက်ရသည်။ သို့သော် ရှက်ကိုး ရှက်ကန်းဖြစ်နေသော ယောလ်အား ဆက်မကြည့်ဘဲ အကြည့်လွှဲရသည်မှာ ခက်ခဲလှသည်။
“အာ မဟုတ်သေးပါဘူး.. ဒါက ဘာလို့ ဝတ်မရတာလဲ ချီး”
မိုက်ကီရယ်သည် ရှက်ကိုးရှက်ကန်းနှင့် ပြာယာခတ်နေသော ယောလ်ကို ကြည့်ကာ သတိမထားမိဘဲ တံတွေး မြိုချလိုက်မိတော့သည်။
သူ ယောလ်အား ပိုင်ဆိုင်ချင်သည်။ တခြား ဘာအကြောင်းပြချက်မှ မရှိပေ။ ချည်အရုပ်လေး ဖြစ်စဥ်က သူ့အိပ်ကပ်ထဲ ခေါ်ထည့်သွားလို့ ရသလိုမျိုး ပိုင်ဆိုင်ချင်လှသည်။
ခံစားချက်သက်သက်မျှသာ မဟုတ်ပေ။ သူ့ခန္ဓာကိုယ် အစိတ်အပိုင်းများကပါ ယောလ်ကို လိုချင်နေလေပြီ။ မိုက်ကီရယ် သူ့အောက်ပိုင်းက သိသိသာသာ လေးလံ ဖောင်းတက်လာတာကို ခံစားမိလိုက်သည်။ သူ့ခန္ဓာကိုယ်မှ သွေးကြောများ ဖောင်းတက်လာကာ အသက်ရှူသံများလည်း မြန်နေသည်။
ဒီလို ခံစားချက်မျိုး ရသည်မှာ ပထမဆုံး အကြိမ်ဖြစ်ပြီး ဘာလို့ ဒီလို ခံစားရမှန်းလည်း ရှင်းမပြတတ်ပေ။
ရေချိုးဝတ်ရုံကို ဝတ်ဖို့ ရုန်းကန်နေရသော ယောလ်ကိုပင် ကူဝတ်ပေးချင်စိတ် မရှိတော့ပေ။ အမှန်အတိုင်း ပြောရလျှင် မိုက်ကီရယ်သည် ယောလ်အား ဝတ်ရုံ လုံးဝ ပေးမဝတ်ဘဲ ဆွဲသာ ချွတ်ပစ်လိုက်ချင်နေသည်။
“ခင်ဗျား အဲမှာပဲ ရပ်ကြည့်မနေနဲ့လေ လာကူပါဦးလား၊ ဒါမှ မဟုတ်လည်း ထွက်သွားပေးဗျာ”
ယောလ်သည် မနေနိုင်တော့ဘဲ ခရမ်းသီးလို ပေါက်ထွက်တော့မည့် မျက်နှာဖြင့်သာ မိုက်ကီရယ်အား အော်မိလိုက်တော့သည်။ ထိုအချိန်မှာပင် ချယ်ရီသီးကဲ့သို့ နီရဲမှည့်တင်းနေသော နိုးသီးခေါင်းလေးများက မသိမသာလေး ပေါ်လာသည်။
မိုက်ကီရယ်တစ်ယောက် ကူညီချင်သည့် စိတ်ဖြင့်လား ခန္ဓာကိုယ်က လှုံ့ဆော်၍လား မပြောတတ်၊ ဖြည်းဖြည်းချင်း ရှေ့တိုးလာသည်။
ယောလ်အနားသို့ ကပ်လာလေလေ ချိုချိုအီအီ အနံမွှေးလေးက ရလေလေဖြစ်လာကာ ယောလ်အား စားချင်စရာ အချိုပွဲလေး တစ်ခုအဖြစ် ကြည့်နေလေသည်။
အရသာရှိမဲ့ပုံပဲ။
လူတစ်ယောက်က စားချင်စရာကောင်းလို့လား။
မိုက်ကီရယ်တစ်ယောက် ကိုယ့်အတွေးများကို ကိုယ်တိုင်ပင် လိုက်မမှီတော့ပေ။
သူဘာလို့ ဒီလိုအတွေးများ တွေးနေမိမှန်း မစဉ်းစားတတ်တော့ပေ။ ဒါ့အပြင် ဤအတွေးများကြောင့် ခန္ဓာကိုယ်တစ်ခုလုံး ပူတက်လာကာ နှလုံးကပေါက်ထွက်မတတ်ပင် ခုန်နေသည်။
မိုက်ကီရယ်သည် ဤအနံ့မွှေးမွှေးလေးတွေကို သူ့ခန္ဓာကိုယ်က ဘာကြောင့် တုံ့ပြန်နေတာလဲဟု မတွေးနိုင်တော့ဘဲ မျက်မှောင်ကျုံ့လိုက်မိသည်။ သူ အသက်ရှူသွင်းသည့် လေများပင် ပူလာသလိုခံစားရ၏။ သူ ခံစားချက်များကို ထိန်းချုပ်ရန် ကြိုးစားနေသော်လည်း အသက်ရှူသံကပင် နှေးမလာပေ။
ဘယ်လောက် ကြိုးစား ကြိုးစား မရသည့်အဆုံး
“ချီး”
သူ့ကိုယ်သူ ပြန်ဆဲလိုက်တော့သည်။ ယောလ်၏ မျက်လုံးပြာလဲ့လဲ့များသည် ကျိန်ဆဲလိုက်သည့်မိုက်ကီရယ့်အား စိုက်ကြည့်နေသည်။
ရုတ်တရက်ဆိုသလိုပင် သူတို့ နှစ်ယောက် အကြည့်ချင်းဆုံသွားလေ၏။
မိုက်ကီရယ်၏ မျက်လုံးများသည် တစ်ခုခုအား လိုချင်တပ်မက်မှုများဖြင့် ပြည့်နက်နေကာ နီရဲနေသည်။
“ယူရီ၊ မင်းရေချိုးကန်ထဲကို ဘာတွေ ထည့်ထားတာလဲ”
မိုက်ကီရယ်တစ်ယောက် ယောလ်အနောက်ရှိ အဖုံးများ ပွင့်နေသော ဘူးများကို ကြည့်လျက် အသက်ရှူသံပြင်းပြင်းဖြင့် မေးလိုက်သည်။ ထိုဘူးများထဲမှ အဖုံးပွင့်နေသော ဘူးတစ်ဘူးသည် အန်ဒရေ သူ့အား ချစ်သူရည်းစားရလျှင်သုံးရန် အတင်းပေးထားသည့် pheromone ဘူးပင်ဖြစ်သည်။
(T/N- pheromoneဘူး ဆိုတာက စိတ်ကြွစေဖို့ ထုတ်တဲ့ love chemical တစ်မျိုးပါ)