Chapter 1
[ကျုံချင်းယွီ ထပ်ပြီး ဒုက္ခရောက်ပြန်ပြီလား]
[သူ(မ)က ရဲ့လော့ရီ နဲ့ ဒုတိယသခင်လေးပေ တို့ရဲ့ ဆက်ဆံရေးကို ဝင်စွက်ဖက်ခဲတဲ့ အချိန်ကတည်းက လူတွေက စိတ်မဝင်စားခဲ့တော့တာ၊ အခုတော့ ရုပ်ရှင်ရိုက်ကွင်းပေါ်မှာတောင် ရဲ့လော့ယီ ကို မျက်နှာဖြတ်ရိုက်နေတာလား]
[သနားစရာ ရဲ့လော့ရီလေးရယ်]
[လော့ရီက အရမ်းကိုကိုပျော့ညံ့လွန်းတယ်၊ အဲတာကြောင့် ကျုံချင်းယွီက သူ(မ)ကို အနိုင်ကျင့်တာ၊ ပါပါရာဇီတွေသာ မဖော်ထုတ်ခဲ့ဘူးဆိုရင် ပရိတ်သတ်တွေ သိမှာတောင် မဟုတ်ဘူး]
[ ကျုံချင်းယွီကို တွေ့တိုင်း ငါစိတ်ပျက်မိတယ် ၊
သူရဲ့ သရုပ်ဆောင်စွမ်းရည်က လုံးဝကို အနိမ့်ဆုံးပဲ ၊သူ(မ)အရင်သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကောင်တွေကလည်း စုတ်ပြတ်သတ်နေတာပဲ၊ စိတ်ပျက်ဖို့ကောင်းလိုက်တာ]
[ကျိုးချင်းယွီ ရုပ်ရှင်လောက ကနေ နှုတ်ထွက်သင့်နေပြီ ၊
ငါသူ(မ)ကို ထပ်မမြင်ချင်တော့ဘူး]
………….
အင်တာနက်ပေါ်မှာ ကျိုးချင်းယွီရဲ့ မကောင်းတဲ့သတင်းတွေချည်ပါပဲလား။လက်ရှိသတင်းအခုငါးဆယ်မှာ ကျိုးချင်းယွီရဲ့ သတင်းက ဆယ်ခုလောက်ရှိတယ်။အကုန်လုံးက မကောင်းသတင်းတွေကြီးပဲ။
ယန်ရှီတိတ်တိတ်လေး
Weiboပေါ်ရှိ သူ(မ)အချစ်ဆုံးသူငယ်ချင်း၏ မကောင်းသတင်းများကို ဖတ်နေမိသည်။
ကျိုးချင်းယွီ ဟာ သရုပ်ဆောင်သက်တမ်း နှစ်နှစ်တောင် မရှိသေးခင်မှာပင် ပထမဦးဆုံး ပွဲဦးစထွက်စဉ်ကတည်းက သူ(မ)၏ ချောလွန်းလှသည့် မျက်နှာကြောင့် အနုပညာလောကထဲတွင် ဒုတိယအဆင့် လူသိများသည့် သူတစ်ဦးဖြစ်လာခဲ့သည်။ အွန်လိုင်းမှာ သူ(မ)နှင့်ပတ်သက်သည့် မှတ်ချက်တွေဟာ အစုံအလင်အနည်းငယ် ရှိနေတတ်သော်လည်း အနုပညာလောကမှာမူ ဒါမျိုးဟာ မကျေနပ်စရာတော့ ဖြစ်မနေချေ။
သို့သော် “ကျိုးချင်းယွီသည် ရဲ့လော့ယွီ အား ရိုက်လိုက်သည်” ဟူသည့် သတင်းပေါက်ကြားသွားစဉ်တွင် သူ(မ)၏
အတိတ်တွင် ပြုမူခဲ့သည့် သတင်းဆိုးများသည် ပြန်လည်ထုတ်ဖော်ခံခဲ့ရသည်။ရဲ့လော့ယီနှင့် ပေယွဲ့ပိုင်တို့၏ ဆက်ဆံရေးကြားတွင် ကျိုးချင်းယွီသည် တတိယလူဖြစ်နေရခြင်းအကြောင်းမှာ မူရင်းစာအုပ်၏ဇာတ်ကောင်များမှာ ကျိုးချင်းယွီသည် သရုပ်ဆောင်မတော်သင့်ခြင်း၊ ပရိသတ်များ၏ မကျေနပ်ခြင်းများနှင့် ရိုက်ကွင်းတွင် ရိုင်းပြသည့် အပြုအမူများကြော့င်ဖြစ်သည်။
ယခုမှ အစပဲရှိသေးသည်ကို ယန်ရှီသိနေခဲ့သည်။
ယန်ရှီတွင် အိမ်မက်တစ်ခု မက်ခဲ့သည်။
သူ(မ)အိပ်မက်ထဲတွင် သူ(မ)နေထိုင်သည့် ကမ္ဘာသည် ဝတ္ထုစာအုပ်ထဲတစ်ခုဖြစ်နေပြီး လူမုန်းများ ခံနေရသည့် သူ(မ)၏ သူငယ်ချင်း ကျိုးချင်းယွီမှာ ဇာတ်လမ်းထဲရှိ အကြမ်းဖက်ကာ အာဏာသုံးတတ်သော ဗီလိန်ဇာတ်ကောင်တစ်ဦးဖြစ်ပြီး မင်းသား ပေယွဲ့ပိုင်ကိုရူးသွပ်စွာ ချစ်မိနေသည့် အချစ်ရူးမလေးဖြစ်သည်။
ပေယွဲ့ပိုင်သည် ပေ မိသားစု၏ တိတ်တိတ်ပုန်းကလေးဖြစ်ပြီး၊း ကျိုးချင်းယွီကို အသုံးချ၍ မိသားစု၏ လုပ်ပိုင်ခွင့်နှင့်အာဏာများအား သိမ်းယူချင်သူဖြစ်သည်။ အပြင်ဘက်တွင် မင်းသမီ ရဲ့လော့ယွီနှင့် လျှို့ဝှက်ဆက်ဆံရေးရှိနေသူဖြစ်သည်။ကျိုးချင်းယွီသည် မနာလိုဖြစ်ကာ ရဲ့လောင်ယွီ အား မကြာခဏဆိုသလို တိုက်ခိုက်တတ်သော်လည်း နောက်ဆုံးတွင် ရဲလောင်ရီ၏ လက်ထဲမှာပဲ ရှုံးနိမ့်ခဲ့ရတာသည်။သူ(မ)သည် ဇာတ်လမ်းထဲရှိ ဇာတ်လိုက်မင်းသမီးကို ပို၍ ထင်ရှားစေဖို့သာ ထည့်ရေးထားသည့် ဇာတ်ကောင်မျိုးဖြစ်သည်။
နောက်ပိုင်းတွင် ကျိုးချင်းယွီ၏ အစ်ကိုတစ်ဝမ်းကွဲသည် အလုပ်ဖိစီးမှုကြောင့် သေဆုံးသွားခဲ့ပြီး ကျိုးကုမ္ပဏီ၏ ရှယ်ယာဈေးကွက်တန်ဖိုးကျဆင်းသွားသောကြောင့် ပေယွဲ့ပိုက်သည် ကျိုးကုမ္ပဏီကို အုပ်ချုပ်ခွင့်ရသွားခဲ့သည်။ ကျိုးချင်းယွီသည် အရာအားလုံးဆုံးရှုံးသွားခဲ့ရပြီးနောက် ပေယွဲ့ပိုင်သည် သူ(မ)အား ကျွန်းတစ်ကျွန်းပေါ်တွင် ဇာတ်မြုပ်နေထိုင်ရန်အတွက် ပို့ထားခဲ့လေသည်။
ဤဇာတ်လမ်းဟာ ယန်ရှီနှင့် လုံးဝမပတ်သက်ခဲ့ပေ။သူ(မ)သည် ဇာတ်လမ်းထဲတွင် နာမည်တောင်မရှိသည့် အရံဇာတ်ကောင် တစ်ယောက်ဖြစ်သည့်အပြင် ဗီလိန်၏ သူငယ်ချင်းတစ်ယောက်သာဖြစ်သည်။
ယန်ရှီသည် အစတွင် ဒါတွေဟာ အိမ်မက်တစ်ခုဟု ထင်ထားခဲ့သည်။
သို့သော် “ကျိုးချင်းယွီသည် ရဲ့လော့ယီအား ရိုက်လိုက်သည်” ဟူသည့် ယနေ့၏ အတင်းအဖျင်းသတင်းသည် သူ(မ)အိပ်မက်ထဲကနှင့် တစ်ထပ်တည်း ကျနေလေသည်။
ဒါတွေကို တကယ်ပြောင်းလဲပြစ်နိုင်မယ့်နည်းလမ်းတစ်ခုမှ မရှိဘူးတော့လား။
[ဇာတ်လိုက် မင်းသားနဲ့ မင်းသမီးက ဒီဝတ္ထုရဲ့ မျက်နှသာအပေးခံရဆုံး လူတွေပါ ၊
သူတို့က ဒီဝတ္ထုရဲ့ အဓိကလူတွေဖြစ်ပတဲ့အပြင် အရံဇာတ်ကောင်မိန်းကလေးရဲ့ သေဆုံးမှုကတော့ စီစဉ်ပြီးသားဇာတ်ကြောင်းတစ်ခုပဲ]
စက်ယန္တရားပုံစံမျိုးနှင့် တူသည့် အသံကိုကြားလိုက်သော ယန်ရှီသည် နှစ်စက္ကန့်လောက် တုန်လှုပ်သွားပြီး တကယ်ရော ကြားလိုက်ခြင်း ဟုတ်ရဲ့လားဟု ပြန်တွေးကာ ရှုပ်ထွေးသွားသည်။
[Host, ငါ မင်းကို တကယ်ပြောနေတာပါ]
[မင်း အိမ်မက်ထဲက အရာအားလုံးက အမှန်တွေပဲ]
၂၁ ရာစုရှိ အင်တာနက်ဆိုက်ဖာသမား အဆင့် ၁၀ ဖြစ်သည် ယန်ရှီမှာ ထိုအသံဟာ ဘာဖြစ်သလဲဆိုတာ အမြန်နားလည်သွားတယ်။ထို့နောက် သူ(မ)၏ ခေါင်းထဲတွင် အလင်းရောင်တောက်နေသည့် စက်ဝိုင်းလေးတစ်လုံး ပေါ်လာပြီး ရုတ်တရတ် အီမိုဂျီ ဖော်ပြချက်တွေ ပေါ်လာခဲ့သည်။
ယန်ရှီ က
မေးလိုက်သည်
“မင်းက system လား၊ ဒါတွေအားလုံးကို ပြောင်းလဲပြစ်ဖို့ လာတာလား”
ယန်ရှီသည် system ပါသည့် အကြံအဖန်
system ၊ ပြန်လည် တိုက်စစ်ဆင်သည့်
system စသည့် ဝတ္ထုတော်တော်များများကို ဖတ်ဖူးသည်။ထိုsystemများသည် သူတို့hostများအတွက် ဇာတ်လမ်းပြောင်းလဲစေပြီး
တောက်ပပြီးလှပသောအနာဂတ်ထံသို့ ဦးတည်သွားစေရန် ကူညီပေးနိုင်သည်။ ထိုအရာတွေအားလုံးသည် ဇာတ်ကြောင်းအသစ် ပို့ရာတွင် သုံးသည့် tropeတွေ ဖြစ်ပြီး ဒီလို plot
tropes တွေကို သူ(မ) ကောင်းကောင်းနားလည်သည်။
ထိုအလင်းလုံးလေးသည် သူ(မ)၏စိတ်ထဲတွင် လှည့်နေပြီး
[မင်း တစ်ဝက်မှန်သွားပြီ၊ ငါက system ဟုတ်တယ်]
[ဒါပေမယ့် ငါက အရံဇာတ်ကောင်တွေအတွက်
system ဖြစ်လို့ မင်းနဲ့ စကားပြောလို့ရတာတစ်ခုပဲ အသုံးဝင်တယ် ၊ အခြားဘာမှလုပ်လို့မရဘူး]
ယန်ရှီ; ???
"ဒါဆို မင်းက ဘာအသုံးဝင်တာလဲ"
[...]
[ငါ စကားပြောလို့ရတယ်]
[ငါ အင်တာနက်သုံးပြီး မင်းနဲ့ အတင်းအဖျင်းပြောလို့ရတယ်]
[ငါကမင်းရဲ့ MP3 လေးလည်း ဖြစ်ပေးနိုင်တယ်]
ယန်ရှီ: "တော်တော်ကောင်းတာပဲ"
[ကြိုဆိုပါတယ်~^^~]
ယန်ရှီက system ကို မသိမသာပဲ ထားလိုက်သည်။
အရံဇာတ်ကောင်
systemမှာ အသုံးမကျသည့် အရာတစ်ခုဟု ထင်လိုက်မိသည်။
ထိုsystemသည် ဇာတ်လမ်းကြောင်းကို ပြောင်းလဲလို့မရဘူးဟု ပြောလာသည်။အရံဇာတ်ကောင်တစ်ယောက်၏ ကံကြမ္မာကိုလည်း မပြောင်းနိုင်ဘူးဟုပြောခဲ့သော်လည်း ယန်ရှီ မယုံပေ။သူ(မ) သူငယ်ချင်း၏ အနာဂတ်ကို ကြိုသိနေသောကြောင့် ထိုကံကြမ္မာအတိုင်း မဖြစ်စေချင်ပေ။
ယန်ရှီ၏ အမြင်ထဲမှာတွင် ကျိုးချင်းယွီ၏ အခြေအနေသည် အချမ်းသာဆုံးသခက်မလေးအဖြစ်မှ အထည်ကြီးပျက်အခြေအနေအထိကျ ဆင်းသွားခြင်းဟာ ပေယွဲ့ပိုင်ကြောင့်ဟု ထင်နေသည်။ ဒါကြောင့် သူ(မ)ကို (ကျိုးချင်းယွီ) ပေယွဲ့ပိုင်နှင့် အဝေးမှာနေခိုင်းရန်ဆုံးဖြတ်လိုက်သည်။ သူ(မ)ဟာ ထပ်မံချမ်းသာလာလိမ့်မည်ဟု အာမ မခံနိုင်သော်လည်း ဘဝပျက်ရသည့်အခြေအနေထိ ရောက်သွားလိမ်မည်မဟုတ်ဟု ယုံကြည်သည်။
System [host၊ မင်း ကျိုးချင်းယွီကို ဝတ္ထုရဲ့ဇာတ်လမ်းကြောင်း
ပြောပြလိုက်မယ်လို့ စဉ်းစားနေတာလား]
ယန်ရှီက ပြန်မေးလိုက်သည်
- "ပြောလို့မရဘူးလား”
[မရဘူး! ဝတ္ထုနဲ့ပတ်သက်တဲ့ ဇာတ်လမ်းအကြောင်းနဲ့ပတ်သတ်တဲ့ အရာတိုင်းကို
system က ပိတ်ဆို့ထားပြီးသား]
ယန်ရှီ မျက်နှာပျက်သွားသည်။ ခဏအကြာမှ တချက်စဉ်းစားပြီးပြန်မေးလိုက်သည်။
"အကယ်၍ ဇာတ်လမ်းအကြောင်းကို မပြောနိုင်ဘူးဆိုရင်၊ တချို့အရာတွေကိုရှောင်ရှားပေးနိုင်ရင်တော့ ရတယ်မလား”
System သည် အပြုံးသေးသေးလေးနှင့် ပြောလိုက်သည်။
[မဖြစ်နိုင်တာတော့မဟုတ်ဘူး၊ စမ်းကြည့်လို့ရတယ်၊ ဒါပေမယ့် အောင်မြင်မလားဆိုတာ အာမခံ မရဘူးနော်]
ယန်ရှီသည် ဖုန်းကို လှည့်ကစားရင်း အိပ်မက်ထဲမှာမြင်ခဲ့ရသည့် အရာတွေကို ပြန်စဉ်းစားနေသည်
ဝတ္ထု၏ဇာတ်ကြောင်းမှာ တစ်ဝက်အထိရောက်နေပြီဖြစ်သည်။ နောက်ထပ်ဖြစ်လာမည့် ဇာတ်လမ်းသည် ကျိုးချင်းယွီသည်
“အတူခရီးသွားကြစို့” ဟူသည့် ရသစုံ show တွင် ပါဝင်လိမ့်မည်။ ထိုအစီအစဉ်တွင် နာမည်ရ သရုပ်ဆောင် လေးဦးကို ဖိတ်ခေါ်ထားပြီး တစ်ဦးချင်းဆီတွင် ခရီးသွားအဖော်တစ်ဦးကို ဖိတ်ခေါ်ခွင့်ရှိသည်။ အစီအစဉ်မှာ ဧည့်သည်တွေ၏ ခရီးသွားအသုံးစရိတ် သို့မဟုတ် ခရီးသွားနည်းလမ်းတွေကို ကန့်သတ်ထားခြင်း မရှိချေ။
System သည် ရှင်းပြလိုက်သည်။
[ကျိုးချင်းယွီက ရသစုံshowမှာ ပေယွီပိုင်နဲ့အတူခရီးထွက်ချင်လို့ ဒီအစီအစဉ်ထဲကို ပါချင်တာ။ ဒါပေမယ့် ပေယွဲ့ပိုင်က သူ့နေရာကို ရဲ့လော့ယီကိုပေးလိုက်တယ်လေ။ နောက်ပိုင်းတော့ ရဲ့လော့ယီက အစီအစဉ်မှာ တောက်ပလာပြီး ကျိုးချင်းယွီကတော့ အင်တာနက်ပေါ်မှာ နာမည်ကျသွားတာပဲ]
[အဲတာကြောင့် မင်း ကျိုးချင်းယွီကို
“ပေယွဲ့ပိုင်က မသွားဘူး” လို့ သွားမပြောနဲ့၊ ရဲ့လော့ယီက ဒီအစီအစဉ်အတွက် စာချုပ်မချုပ်ရသေးလို့၊ ပြောလိုက်ရင် ဘာမှအကျိုးထူးမယ်မထင်ဘူး]
ယန်ရှီသည် ဒီအချက်ကိုနားလည်သွားသည်။ ပေယွဲ့ပိုင်သည် ဒီအကြောင်းအား ကျိုးချင်းယွီကို ဖုံးကွယ်ထားသောကြောင့် မနက်ဖြန်လေဆိပ်ရောက်မှသာ ကျိုးချင်းယွီသည် အမှန်တရားကိုသိရမှာဖြစ်သည်။
ယန်ရှီသည် လသာဆောင်သို့ လျှောက်သွားလိုက်ပြီး ကျိုးချင်းယွီကို ဖုန်းခေါ်လိုက်သည်။
ခေါ်ဆိုမှုသည် ခပ်မြန်မြန်ပဲ ချိတ်ဆက်သွားခဲ့သည်။
“ဘေဘီ ၊
ငါအခု ကြော်ငြာရိုက်နေတာ ၊ ဘာဖြစ်လို့လဲ ဟင်”
ကျိုးရှင်းယွီ၏ အသံသည် ရုပ်ရှင်ရိုက်ကူးသည့်နေရာ၌ ဝန်ထမ်းများနှင့် အခြားအဖွဲ့ဝင်များ၏ အသံများနှင့်အတူ ဖုန်းမှတဆင့် ထွက်ပေါ်လာသည်။
"ချန်းယွီ ၊
နင် မနက်ဖြန်ကျရင် နိုင်ငံခြားမှာ ရသစုံ show ရိုက်ဖို့ သွားမှာမလား”
ကျိုးချင်းယွီသည် ယန်ရှီ၏ ဖုန်းကို ကိုင်ထားရင်း
"ဟုတ်တယ် အစ်ကိုယွဲ့ပိုင်လည်းသွားမှာ ၊
ကြော်ငြာရိုက်ပြီးရင် သူနဲ့ dateမလို့ ၊ မနက်ဖြန် လေဆိပ်ကို အတူတူသွားကြမှာ”
ယန်ရှီ အံ့အားသင့်သွားသည်။ ဝတ္ထုထဲတွင် ကျိုးချင်းယွီနှင့် ရဲ့လော့ယီ တို့ဟာ ရသစုံ showသို့ အတူသွားခဲ့ကြပြီ ပေယွဲ့ပိုင် ဘယ်လို လာခဲ့သလဲဆိုတာ သူ(မ) မမှတ်မိတော့ပေ။
ယန်ရှီသည် ဖုန်းကိုင်ရင်း အသံကိုညင်သာစွာဖြင့် သနားစရာလေသံဖြစ်အောင် ပြောလိုက်သည်။
"ချင်းယွီ မသွားပါနဲ့လား၊ ငါ သူနဲ့ပြတ်သွားပြီ နင်ငါ့နားမှာပဲ နေပေးလို့ရမလား ဟင်"
"နင် ရည်းစားနဲ့ ပြတ်ပြီလား"
ကျိုးချင်းယွီ၏ အသံထဲတွင် အံ့အားသင့်မှုတို့ ရှိနေသည်။
"ဟုတ်တယ်,"
ယန်ရှီရဲ့အသံမှာ ပိုပြီး ဝမ်းနည်းနေသလို ဖြစ်လာကာ၊
"ဒီနေ့မှာပဲ နားလည်လိုက်ရတာက…
ဆက်ဆံရေးပြတ်တယ်ဆိုတာ ဘယ်လောက်ကိုနာကျင်ရသလဲဆိုတာ…”
ကျိုးချင်းယွီသည် တစ်မိနစ်လောက်အထိ တုံ့ပြန်ခြင်းမရှိဘဲတိတ်နေခဲ့သည်။ ထို့နောက်
"ယန်ရှီ၊ လာနောက်မနေနဲ့ ၊
နင် မွေးကတည်းက ဆင်ဂယ်ဖြစ်နေတာဘယ်လောက်ကြာပြီလဲ ၊
နင်ဘယ် ယောက်ျားနဲ့မှလည်း မတွဲဖူးပါဘူး၊ နင်က ဘယ်ရည်းစားနဲ့ ပြတ်နေတာလဲ၊ ဒီတစ်ခေါက် SSR ထဲက ဘယ်အမျိုးသားကြောင့် ကွဲရတာလဲ ပြောဦး၊ ရှဲ့ကျစ်ရှင်းလား ၊ ရှန်းကျိုက်လား ၊ ဆုချန်းလား”
ယန်ရှီ - "ဆုချန်… မဟုတ်ဘူး မဟုတ်ဘူး၊ တကယ်ရည်းစားနဲ့ပြတ်သွားတာ"
ထိုအချိန်တွင် ဖုန်းမှ အသံတစ်ခု ထွက်လာသည် -
[Alipay မှ ငွေလက်ခံရရှိသည်
- ယွမ် ၁၀၀,၀၀၀]
"ဘေဘီ၊ ငါ ငွေနည်းနည်း လွှဲပေးလိုက်တယ် ၊
နင်ကြိုက်တဲ့ကဒ်တွေ ဆွဲလို့ရပြီ၊ ဘယ်လိုယောက်ျားမျိုးကို နင် မရနိုင်မှာမလို့လဲ ၊ အခုတော့ ငါသွားဖို့လိုပြီ၊commercial ရိုက်ပြီးတာနဲ့ အစ်ကို ယွဲ့ပိုင် သွားရှာရဦးမှာ ၊ နင် လိုတဲ့ကဒ်မရရင် ငါ့ကို ထပ်ခေါ်လိုက်နော်”
ထိုသို့ပြောပြီးနောက်တွင် ကျိုးချင်းယွီသည် ဖုန်းချလိုက်သည်။
ယန်ရှီ - “????”
System သည် အရမ်းဝမ်းသာနေသည့် လေသံဖြင့် ပြောလိုက်သည်။
[ပြောသားပဲ၊ မင်းက အရံဇာတ်ကောင်လေးပါဆို ၊ သတ်မှတ်ထားတဲ့ဇာတ်ကြောင်းကို ပြောင်းလဲလို့မရဘူး]
[အခုတော့ ကျိုးချင်းယွီက ဇာတ်ကြောင်းထဲမှာ ထိန်းမနိုင် ဖြစ်နေပြီ၊ ပေယွဲ့ပိုင်နဲ့အတူ ခရီးထွက်ဖို့အခွင့်အလမ်းကို မပြောင်းနိုင်ဘူးလေ]
ယန်ရှီက အသက်ရှူသံနှင့်အတူ တိတ်ဆိတ်သွားသည်
"ချင်းယုက ဘယ်မှာ
commercial ရိုက်နေလဲဆိုတာ မင်းသိလား”
[သိတာပေါ့]
[ဇာတ်ကြောင်းကို မပြောင်းနိုင်ပေမယ့် ဝတ္ထုအတွင်းဖြစ်နေတာတွေကိုတော့ ငါ အားလုံးသိတယ်!]
[အခု ကျိုးချင်းယွီက ဟွမ်ရွဲမော်လ်အနားမှာ ရိုက်နေတယ် ၊
နောက် မိနစ်သုံးဆယ်လောက် ရိုက်ပြီးရင် ပြီးတော့မှာ]
ယန်ရှီ၏ မျက်လုံးများမှာ တောက်ပလာသည်။။ လျှပ်တစ်ပြတ် မျက်လုံးထဲရှိ စိတ်ကူးသည် ပြတင်းပေါက်ကို အကြည့်ရောပြီး ပြတ်တောက်သွားသည်။
Alipay မှာထဲ ရောက်နေသည့် ယွမ် ၁
သိန်းကို ကြည့်လိုက်ပြီး အခန်းဖော်တွေသည် “ညစာဘယ်မှာသွားစားမလဲ” ဆိုပြီး ဆွေးနွေးနေကြတာကိုလည်း သတိပြုမိသည်။
“ညီအစ်မတို့၊ ဟွမ်ရွဲမော်လ်မှာ သွားစားကြမလား၊ ငါရှင်းပေးမယ်”
ဟွမ်ရွဲမော်လ်၏ ရိုက်ကွင်းမှာတော့ အလုပ်ရှုပ်နေခဲ့ကြသည်။
ရိုက်ကူးရေးကို ခုနှစ်ကြိမ်ဆက်တိုက် မအောင်မြင်ပဲ ကြိုးစားပြီးနောက်တွင် ကျိုးချင်းယွီသည် ပင်ပန်းလွန်း၍ ရိုက်ကွင်းအပြီးမှာ ဒါရိုက်တာ၏ထိုင်ခုံမှာပဲ ထိုင်ကာ အနားယူနေလိုက်သည်။ သူ(မ)၏လက်ထောက်သည် အလိုက်သိစွာနှင့် ကျန်းမာရေးလက်ဖက်ရည်အိုးကြီးကို ယူလာခဲ့သည်။
“မမလေး ချင်းယွီ၊ ဒါရိုက်တာက ရိုက်ထားတဲ့အခန်းတွေကို ပြန်ကြည့်ပြီး ပြန်ရိုက်ဖို့လိုတဲ့ အခန်းရှိလားမသိသေးဘူးလို့ ပြောပါတယ်၊ မရှိရင်တော့ ဒီနေ့ရိုက်ကွင်း ပြီးပြီလို့ပြောတယ်”
ကျိုးချင်းယွီမှာ ပင်ပန်းလွန်း၍ “အိုး” ဟုသာ တုန့်ပြန်နိုင်သည်။
သူ(မ) လက်ဖက်ရည်ကို လွတ်လွတ်လပ်လပ်နှင့် တစ်ခွက်လောက်သောက်ကြည့်လိုက်သည်။ တစ်ခဏမှာပဲ မျက်နှာမှာ မဲမှောင်သွားပြီး ခွက်ကို ပစ်ပေါက်လိုက်သည်။ မျက်နှာမှာ အလိုမကျမှုအပြည့်နှင့်
“ဒါကဘာလဲ၊ အရသာက ဆိုးလိုက်တာ!”
လက်ထောက်က ခပ်မြန်မြန်ပဲ ရှင်းပြလိုက်သည်။
“မမလေး ချင်းယွီ၊ ဒီလက်ဖက်ရည်က ကျွန်တော်တို့အဖွဲ့အားလုံးသဘောကျတဲ့ အာဟာရပညာရှင်က ချက်ပြုတ်ပေးတာပါ၊ အသားဖြူလာစေတယ်၊ အသားအရေချောမွေ့စေတယ်၊ စိတ်ဖိစီးမှုလျော့ချစေတယ်၊ တောက်ပအောင်လုပ်ပေးတယ်လို့လည်း ပြောပါတယ်…”
ကျိုးချင်းယွီသည် နှိမ်သလိုအသံနှင့် ရယ်လိုက်ရင်း မြန်မြန်ခွန်းတုံ့ပြန်လိုက်သည်။
“ရေသောက်ရုံနဲ့အဲဒီလောက်ထိ ဆန်းကြယ်မှုရှိမယ်ဆိုရင် လူတွေ ဘာလို့ အလှကုန်တွေကို အသုံးပြုနေဦးမှာလဲ၊ ငါ့အတွက်တော့ ရယ်စရာပဲ၊ အဲဒီလူကို ချက်ချင်းအလုပ်ထုတ်လိုက်”
"ဟုတ်ကဲ့.."
လက်ထောက်သည် ကျန်းမာရေးလက်ဖက်ရည်ကို ယူသွားပြီး အစားထိုးကာ သန့်ရှင်းတဲ့ရေဘူးတစ်ဘူးကိုသာယူလာပေးသည်။
ထိုအချိန်တွင် ဒုတိယဒါရိုက်တာ ရောက်လာပြီး ကျိုးချင်းယွီအား ရိုက်ထားသည့် အခန်းမှာ အဆင်ပြေပြီး ဒီနေ့ရိုက်ကွင်း ပြီးသွားပြီဟု အသိပေးလိုက်သည်။
ကျိုးချင်းယွီသည် မိတ်ကပ်ပြင်သမားအား
“ကျွန်မ အစ်ကိုယွဲ့ပိုင် နဲ့သွားတွေ့မှာ၊ မိတ်ကပ်လှလှလေးပြင်ပေး”
“ဟုတ်ကဲ့”
ကျိုးချင်းယွီ မိတ်ကပ်ဖျက်နေချိန်တွင် လက်ထောက်သည် သူ(မ)ဘေးသို့ ချဉ်းကပ်လာပြီး
“မမလေး ချင်းယွီ၊ အွန်လိုင်းမှာ မကောင်းသတင်းတွေ တော်တော်များလာပါပြီ၊ သရုပ်ဆောင်လောကထဲက ဖြစ်လေ့ရှိတယ်ဆိုတာ ရှင်းပြထားပေမယ့် ၊ပရိတ်သတ်တွေက မယုံကြည်ကြဘူး၊ အဲတာအပြင် ပရိတ်သတ်တွေ ရဲ့လော့ယီနဲ့ ဒုတိယသခင်လေးပေ တို့ အကြား မမလေးက ဝင်ဖျက်သူဖြစ်တယ်ဆိုပြီး သတင်းအဟောင်းတွေထပ်ထွက်လာနေတယ်…”
ကျိုးချင်းယွီမှာ စိတ်ထဲအနှောင့်အယှက်ဖြစ်လာပြီး စကားဖြတ်ပြောလိုက်သည်။
“ရဲ့လော့ယီနဲ့ အစ်ကိုယွဲ့ပိုင်တို့က ဘာဆက်ဆံရေးမှ မရှိဘူး၊ သူကသာ လိုက်ကပ်နေတာ”
“ဟုတ်ပါတယ် ဟုတ်ပါတယ်... ကျွန်တော်တို့အားလုံးသိပါတယ် ၊
မမလေးချင်းယွီနဲ့ ဒုတိယသခင်လေးတို့မှာ လက်ထပ်ဖို့ကတိရှိတယ်၊ ရဲ့လော့ယီကတော့ ဒုတိယသခင်လေးရဲ့ကုမ္ပဏီကအနုပညာရှင်တစ်ယောက်ပါပဲ”
လက်ထောက်သည် စကားလွှဲပြောပြီး သူ(မ)စိတ်ပြေအောင် ကြိုးစားလိုက်သည်။
“ဒါပေမယ့် ရဲ့လော့ရီနဲ့ ဒုတိယသခင်လေးပေတို့ကို
CP လို သဘောထားနေတဲ့ပရိတ်သတ်တွေက တော်တော်များတယ်၊ မမလေးက ဒုတိယသခင်လေးနဲ့ လက်ထပ်ဖို့ကတိတရားဝင်မကြေညာတာကြောင့် ပရိတ်သတ်တွေအများကြီးက မမလေးက ရဲ့လော့ယီ ကိုမနာလို လို့ ရိုက်ကွင်းမှာ ရိုက်လိုက်တာလို့ ထင်နေကြတာ၊ ဒုတိယသခင်လေးနဲ့ မမလေးကြားက ဆက်ဆံရေးကို ကြေညာလိုက်မလား၊ ဒါဆိုရင် ငြင်းခုံမှုတွေ ပျောက်သွားလောက်တယ်”
ကျိုးချင်းယွီ၏ ထက်ရှသည့်မျက်ခုံးမှာ သေးသွားခဲ့သည်။ သူ(မ)စိတ်ထဲမှာ ယွဲ့ပိုင်နှင့် ပတ်သက်သည့် သူ(မ)၏
အမှန်တရားကို ကြေညာချင်နေခဲ့သည်။ သို့သော် ပေယွဲ့ပိုင်သည် ရဲ့လော့ယီကို သူ့ကုမ္ပဏီရှိ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပြီး၊ သူ(မ)နှင့် အတူရှိခြင်းသည် စျေးကွက်ဖန်တီးခြင်းသာဖြစ်သည်ဟု ပြောခဲ့ဖူးသည်။ ရဲ့လော့ယီကို နာမည်ကြီးအောင်လုပ်ပြီး သူ့အလုပ်အကိုင်မှာ အောင်မြင်မှသာ ပေမိသားစုထဲတွင် သူ့နေရာကို တည်မြဲအောင်လုပ်နိုင်မည်ဟု ယွဲပိုင်က ပြောခဲ့သေးသည်။
လက်ထပ်ဖို့ကတိ အား ကြေညာမည်ဆိုလျှင် ပေယွဲ့ပိုင်၏ အလုပ်အကိုင်ကို အများကြီးသက်ရောက်နိုင်သည်။
ကျိုးချင်းယွီသည် ပေယူးဘိုင်းကို ထိခိုက်စေချင်သူ မဟုတ်ပေ။ သူ့ကိုယ်တိုင်လည်း မိသားစုထဲမှာ မောင်နှမချင်း ယှဉ်ပြိုင်နေရသည့် ခြေအနေမှာဆိုတော့ ပေယွဲ့ပိုင်၏ အခက်အခဲများကို နားလည်သည်။
“ဖြစ်ချင်တာဖြစ်”ဟု စိတ်ထဲမှ ပြောလိုက်သည်။
လက်ထောက်သည် စိတ်ပျက်သွားသည်။ သူ့ရဲ့ မင်းသမီးမှာ မာနကြီးပြီး ထိန်းချုပ်တတ်သူဆိုဖြစ်သောကြောင့် ပေယွဲ့ပိုင်၏ အပြုအမူများသည် ပိုဆိုးနေခြင်းမဟုတ်လား။ ဒါမှမဟုတ်၊ ကျိုးချင်းယွီသည် ဖျော်ဖြေရေးလောကထဲမှာ ရယ်စရာကောင်းလောက်အောင် ဆိုးလွန်းသည့် ဇာတ်ကောင်နေရာတွေကို ရိုက်ထားတ။ကလည်း ပေယွဲ့ပိုင်အနားကို ပိုနီးချင်လို့ပဲ မဟုတ်လား။
ထိုဇာတ်ကောင်ပုံစံတွေက သူ(မ)နဲ့ လုံးဝမကိုက်ဘူး။ မင်းသမီးရဲ့ သရုပ်ဆောင်ချက်ကလည်း အလယ်အလတ်သာရှိတဲ့အပြင် မသင့်လျော်တဲ့အခန်းတွေ ဆက်တိုက်ယူရိုက်နေသောကြောင့် နာမည်ပျက်နေသည်ခြင်းသာ။
အရေးကြီးဆုံးကတော့…
မင်းသမီးလို ချမ်းသာတဲ့အမျိုးသမီးတစ်ယောက်က ဘာကြောင့် ပေယွဲ့ပိုင်အပေါ်မှာမူတည်ပြီး ဘဝတစ်ခုလုံးကို တည်ဆောက်နေတာလဲဆိုတာ…
လက်ထောက်ကပင် နားလည်ဖို့ခက်နေလွန်းနေသည်။
လက်ထောက်သည် ဂရုတစိုက်နဲ့ အကြံပြုလိုက်သည်။
“မမလေးချန်းယွီ ၊
ကျိုးကုမ္ပဏီက Weibo မှာ မျှဝေမှုတွေရှိတာမဟုတ်လား၊ အစ်ကိုနဲ့ပြောလိုက်ရင် ဒီသတင်းဆိုးတွေကို ဖျက်ခွင့်ရနိုင်မှာမလား၊ ပရိတ်သတ်တွေလည်း တစ်ပါတ်လောက်အတွင်း မေ့သွားမှာပါ”
ကျောက်ချင်းယုသည် တစ်ပြိုင်နက်တည်း သူ(မ)လက်ထောက်ကို ခပ်စူးစူးကြည့်လိုက်သည်။ စိတ်တိုနေသော မျက်နှာထားဖြင့်
“ငါဘယ်တုန်းက သူ့အကူအညီတောင်းဖူးတာရှိလို့လဲ”
ပုံမှန်မိသားစုတွေမှာ မောင်နှမဆို မောင်နှမပဲဖြစ်သည်။ သို့သော် ချမ်းသာသည့် မိသားစုတွေမှာတော့ မောင်နှမတွေဟာ မဟုတ်ဘူး—သူတို့တွေဟာ ရန်သူတွေပဲ။
လက်ထောက်က အလွန်ထိတ်လန့်သွားပြီး နောက်ထပ်စကားတစ်ခုတောင် မပြောရဲတော့ပေ။
မိတ်ကပ်ဖျက်ပြီးသည့် နောက်မှာ မိတ်ကပ်ပညာရှင်သည် ကျိုးချင်းယွီကို ထူးထူးခြားခြား လှပသည့် အသွင်အပြင်ကိုပြန်လည်ပြင်ဆင်ပေးသည်။
ကျိုးချင်းယွီ၏ မျက်နှာမှာ မာနကြီးပုံပေါ်သည့် အလှတရားများနှင့် ပြည့်စုံနေသည်။ ဤမိတ်ကပ်ပုံစံမှာ သူ(မ)ကို ရှင်းရှင်းလင်းလင်းနှင့် ခပ်မိုက်မိုက် ဖြစ်စေပြီး တောက်ပအောင်ပြင်ပေးထားသည်။ ကျိုးချင်းယွီမှာ အရမ်းလှနေခြင်းအား သတိထားမိသော်လည်း ပေယွဲ့ပိုင်သည် ဒီလို တက်ကြွကြမ်းတမ်းသည့် ပုံစံကို ကြိုက်ပါ့လားဟု စဉ်းစားင်းဖြင့် သူ(မ)၏ လှပလွန်းသော မျက်ခုံးများမှာ တွန့်ကွေးသွားသည်။
“မမလေးချန်းယွီ ၊ ကားကအောက်မှာစောင့်နေပါပြီ”
ကျိုးချင်းယွီ ပြန်ပြောလိုက်သည်။
“တော်ပြီ၊ မင်းတို့ အရင်ပြန်လို့ရပြီ၊ ငါ ဆိုင်တစ်ဆိုင်မှာ တစ်ခုခုဝယ်ဖို့
Mall ထဲသွားဦးမယ်”
Hongrui Mall ၏
ခြောက်လွှာမှာ Michelin ကြယ် ၃ ပွင့်ရရှိထားသော စားသောက်ဆိုင်တစ်ခုရှိသည်။ ပေယွဲ့ပိုင်မှာ ထိုဆိုင်ရှိ သစ်သီးရည်နဲ့ ပြုလုပ်သော နံနက်ပွဲကိတ်ကို အရမ်းကြိုက်သည်။ ကျိုးချင်းယွီ သူ့အတွက် နှစ်ပွဲဝယ်သွားဖို့ ဆုံးဖြတ်လိုက်သည်။
မျက်မှန်နဲ့
mask တပ်ထားသည့် ကျိုးချင်းယွီသည် လူသိပ်မရှိသော စားသောက်ဆိုင်ထဲ ဝင်သွားသည်။
ပုံမှန်ဆိုလျှင် ဒီလိုအရာမျိုးကို သူ(မ)လက်ထောက်ကိုသာ အော်ဒါပေးလိုက်တာနှင့် ပြီးပြီ ဖြစ်သည်။သို့သော် ပေယွဲ့ပိုင်နှင့် ပတ်သက်သည့် ကိစ္စမလို့ ကျိုးချင်းယွီမှာ ကိုယ်တိုင်လုပ်ချင်နေသည်။
အတွင်းထဲတွင် စားသောက်သူသိပ်မရှိပေ။ ဤဟိုတယ်စားသောက်ဆိုင်သည်
တစ်ဦးလျှင်အသုံးစရိတ် ၂၀၀၀ ယွမ်ကျသင့်သော အဆင့်မြင့်နေရာတစ်ခုဖြစ်ပြီး Hai မြို့၏ ချမ်းသာကြွယ်ဝသည့် လူတန်းစားတွေပဲအလာများသည်။ မီဒီယာတွေနှင့် ဓာတ်ပုံသမားတွေသည် ဤနေရာကို ခဏခဏ မလာကြကြောင်းလည်း သိထားသည်။
ဝန်ထမ်းမှာ သစ်သီးရည်ကိတ် ထုပ်ဖို့သွားနေချိန် ကျိုးချင်းယွီသည် လွတ်နေသော ထိုင်ခုံမှာ ထိုင်ပြီး စောင့်နေခဲ့သည်။
သူ(မ)ဖုန်းဖွင့်ပြီး ယန်ရှီ လိုချင်သော SSR ကဒ် ဆွဲနိုင်ခဲ့လားဆိုတာ စစ်နေတဲ့အချိန်မှာ… မျက်လုံးထဲတွင် ရင်းနှီးသည့် မျက်နှာတစ်ခုမှာ သူ(မ)ကို ချက်ချင်းဖမ်းစားသွားသည်။
ယန်ရှီ?
သူလည်း ဒီဆိုင်မှာလာစားနေတာလား?
နောက်တစ်စက္ကန့်မှာပဲ ကျိုးချင်းယွီသည် မျက်စိရှေ့မှာ ထိုင်နေသည့် ယန်ရှီကို မိန်းကလေးတစ်ယောက်ဟာ ရုတ်တရက် ထပြီး ရေခွက်တစ်ခွက်နှင့် ပြင်းပြင်းထန်ထန် ပက်လိုက်သည်ကို မြင်လိုက်ရသည်။
“မကောင်းတဲ့ကောင်မ!
နင့်ကို ဘယ်သူက ငါ့ရည်းစားကို ခိုးခိုင်းလို့လဲ!”