Chapter 20
Viewers 77

Chapter 20

 

ဘာကိုဆိုလိုတာလဲ ၊  ဒီဝိုင်စက်ရုံကို တကယ်ပိုင်တာဘယ်သူလဲဟ

 

ဝိုင်စက်ရုံက ရဲ့လော့ယီရဲ့ သူငယ်ချင်းပိုင်တာမလို့ သူမကိုအပန်းဖြေဖို့ ပေးထားတာ၊ လုံခြုံရေးဝန်ထမ်း အန်ဒရီရန် ကလည်း ရဲ့လော့ယီသူငယ်ချင်းပိုင်တာလို့ပြောတယ်လေ၊ ကျုံချင်းယွီက ပေါ်တင်ကြီးလိမ်နေတာမဟုတ်ဘူးလား၊ ရဲ့လော့ယီသူငယ်ချင်းအနားမှာမရှိဘူးဆိုတိုင်း ဝိုင်စက်ရုံက ကျုံချင်းယွီအပိုင်ဖြစ်သွားရောလား

 

ဒါပေမဲ့ ကျုံချင်းယွီက သူမ မပိုင်တာကို ရယူချင်လောက်တဲ့အထိ မတုံး လောက်ဘူးနော်

 

ဒါဆို ဝိုင်စက်ပိုင်ရှင်အစစ်က ကျုံချင်းယွီဖြစ်ပြီး ရဲ့လော့ယီရဲ့သူငယ်ချင်းက ကျုံချင်းယွီပေါ့

 

အဓိပ္ပါယ်မရှိတာ၊ကျုံချင်းယွီနဲ့ ရဲ့လော့ယီက သူငယ်ချင်းဖြစ်နိုင်ပါ့မလား

 

နေကြဦး၊ ကျုံချင်းယွီ အထဲသွားတဲ့အထိစောင့်ကြည့်ကြရအောင်၊ ဒါဆိုအကုန်လုံးရှင်းသွားလိမ့်မယ်၊ နကယ်လို့ ဝိုင်စက်ရုံပိုင်ရှင်က ကျုံချင်းယွီဆိုရင် စိတ်ဝင်စားဖို့ကောင်းပြီပဲ

 

ကျုံချင်းယွီနှင့် ယန်ရှီ ဝိုင်စက်ရုံထဲသို့ ဝင်သွားသည်နှင့် လုံခြုံရေးဝန်ထမ်းသည် တားလိုက်ပြီး အင်္ဂလိပ်သံ မပီမသဖြင့်မေးလာသည်။

 

မင်းတို့နှစ်ယောက်က မမလေး ရဲ့လော့ယီဖိတ်ထားတဲ့ ဧည့်သည်တွေလား

 

ကျုံချင်းယွီ မျက်ခုံးပင့်လိုက်သည်။သူမသည် ဝိုင်စက်ရုံပိုင်ရှင်ဖြစ်ပြီး တစ်ခါမျှ ဧည့်သည်အဖြစ်ဆက်ဆံခြင်း မခံခဲ့ရဖူးချေ။ ယန်ရှီသည် သူမလက်ကိုဆွဲပြီး မေးလာသည့်အချိန်တွင် ကျုံချင်းယွီဒေါသထွက်သွားသည်။

 

ချင်းချင်း၊ နင်ကပိုင်ရှင်မဟုတ်ဘူးလား၊ သူဘာလို့ နင့်ကို မမှတ်မိတာလဲ

 

ကျုံချင်းယွီရပ်လိုက်သည်။သူမ တစ်ဆယ့်ခြောက်နှစ်အရွယ်တွင် ဤဝိုင်စက်ရုံကိုပိုင်ဆိုင်ပြီးချိန်မှစ၍ ဤစက်ရုံသို့ ခြေဦးတောင်မလှည့်ခဲ့ချေ။ လုံခြုံရေးဝန်ထမ်းမှာလည်း အသက်နှစ်ဆယ်ကျော်လောက်သာရှိသေးသောကြောင့် အလုပ်ဝင်လုပ်သည်မှာ မကြာလောက်သေးပေ။  ဒါကြောင့်သူ ကျုံချင်းယွီကို မသိတာဖြစ်နိုင်သည်။

 

သူမ ဒေါသကို ဘေးဖယ်ထားပြီး ယန်ရှီကိုရှင်းပြလိုက်သည်။

 

ငါဒီကိုမရောက်ဖြစ်တာကြာပြီ ၊သူကအသစ်မလို့ ငါ့ကိုမသိတာနေမှာ

 

ထို့နောက် ကျုံချင်းယွီဝိုင်စက်ရုံထဲရှိ နန်းတော်ကဲ့သို့ ဆောက်ထားသည့် အဆောက်အဦကို ကြည့်ကာ စိတ်မပါဟန် ပြောလိုက်သည်။

 

ပိုင်ရှင်ကို ဧည့်သည်လို ဆက်ဆံခံရတာ ဒါပထမဆုံးပဲ၊ ရဲ့လော့ယီ နင်က အာရုံနောက်စရာပဲ

 

သူကဒီကိုမလာတာကြာလို့တဲ့လား၊ ကျုံအပိုတွေအရမ်းပြောတာပဲနော် ဘယ်ပိုင်ရှင်က ဒီလောက်ကြီးတဲ့စက်ရုံကို နှစ်နဲ့ချီပြီးပစ်ထားမှာလဲ၊ သူ လိုင်မြို့ရဲ့ ဖက်ရှင်ရှိုးတွေကျ ခဏခဏသွားပြီး ဒီကိုကျတော့ မလာဘူးလား

 

ကျုံချင်းယွီ မနေ့က ကိုယ်ပိုင်လေယာဉ်အကြောင်းပြောသံကြားတယ်၊ သူမဒီလောက်ပိုက်ဆံရှိနေတာကို ဝိုင်စက်ရုံလောက်က ဘာမှမဟုတ်ဘူး၊ သူမမှာ စီမံပေးမဲ့ဝန်ထမ်းတွေရှိမှာပေါ့

 

ရယ်စရာကောင်းလိုက်တာနော် သူမမှာ ကိုယ်ပိုင်လေယာဉ်နဲ့ ဝိုင်စက်ရုံရှိပေမဲ့ မကောင်းတဲ့အတင်းအဖျင်းတွေကိုတော့ မတားနိုင်ဘူးပေါ့ ၊ဟုတ်လား

 

ယန်ရှီ ဖုန်းဖွင့်လိုက်ပြီးနောက်

 

ချင်းချင်၊တစ်ခုခုတော့ မှားနေပြီ၊ ဘယ်ဖြစ်နေလဲအရင်ကြည့်ရအောင်

 

သူမ trending page ကိုကြည့်လိုက်စဉ်ခရီးစဉ်နှင့်ပတ်သတ်သည့် hashtags မှားမှာ နာမည်ကြီးနေသည်။

 

#ရဲ့လော့ယွီဝိုင်လက်ဆောင်ပေးခြင်း

#ရဲ့လော့ယွီရဲ့ဝိုင်စက်ရုံ

#အရမ်းလိုက်ဖက်တဲ့ရဲ့လော့ယွီနဲ့ပေယွဲ့ပိုင်

#ရဲ့လော့ယွီခရီးအတူသွားကြစို့အစီအစဉ်

 

ယန်ရှီအံ့ဩသွားသည်။

 

ဒါရိုက်တာယွီက ဒီစက်ရုံကို သူမသူငယ်ချင်းပိုင်တာလို့ မပြောထားဘူးလား၊ သူမကဘာလို့ ဝိုင်တွေ လက်ဆောင်ပေးဖို့ ဒီကိုလာရတာလဲ

 

ကျုံချင်းယွီသည် ယန်ရှီ၏ ဖုန်းကိုယူပြီး ကြည့်လိုက်စဉ် ပရိသတ်များပြောကြားထားသည့် ရဲ့လော့ယီ၏ လက်ဆောင်ပေးခြင်းအပေါ် မှတ်ချက်ပေးထားသည်ကိုမြင်လိုက်ရသည်။

 

ယန်ရှီသည် ကျုံချင်းယွီ၏ လက်ဆောင်ပေးမည့်ပို့စ်ကို တင်ထားပြီးသားဖြစ်သည်။ရဲ့လော့ယီမှာ တိုက်ရိုက်ကြီးကော်ပီမကူးသော်လည်း သိသာလွန်းသည်။ထိုအစား သူမသည် ပြန်လည်မျှဝေခြင်းနှင့်ကောမန့်များအား ကျေးဇူတုန့်ပြန်သည့်အနေဖြင့် ပရိသတ်တစ်ရာကျော်ကို ဝိုင် လက်ဆောင်ပေးမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

 

ပို့စ်အောက်တွင် ရဲ့လော့ယီကိုချီူးကျူးသော ကောမန့်များနှင့်သာပြည့်နေခဲ့သည်။ထို့ပြင် သူမနှင့် ပေယွဲ့ပိုင်ကိုနီးစပ်စေချင်သော ပရိသတ်များလည်း များလှသည်။

 

ကျုံချင်းယွီ သတင်းကိုကြည့်ပြီး စိတ်တိုသွားသည်။သူမသည် ရဲ့လော့ယီ သူမ ဝိုင်စက်ရုံက ဝိုင်တွေကိုလက်ဆောင်ပေးလို့ စိတ်တိုရမလား ၊ရဲ့လော့ယီနှင့် ပေယွဲ့ပိုင်အကြောင်းကြောင့် စိတ်တိုရမလား ဆိုတာကိုပင် ဝေခွဲ၍မရနိုင်တော့ချေ။

 

သူမသည် စိတ်တိုမြန်သည့်လူ ဖြစ်သောကြောင့် ခေါင်းရှုပ်ပြီး အခြေအနေကို အာရုံစိုက်လို့မရတော့ပေ။ထို့ကြောင့် သူမ စိတ်အရင်လျော့လိုက်သည်။

 

အစပိုင်းတွင် သူမ၏ ဝိုင်စက်အား တစ်စုံတစ်ယောက်အပိုင်ဟု ပြောသောကြောင့် စိတ်တိုသွားခဲ့သော်လည်း နောက်ပိုင်းတွင် ရဲ့လော့ယီသည် သူမဝိုင်စက်ရုံထဲတွင် ဘယ်လိုလှည့်ကွက်များ ထပ်သုံးမလဲဆိုသည်အား သူမအရမ်းသိချင်နေသည်။

 

ဝိုင်စက်ရုံ၏ အပြင်မှာ ကျယ်ပြန့်ပြီး အဆုံးမရှိသည့် မြက်ခင်းပြင်ရှိသည်။ရဲ့လော့ယီသည် အန်ဒရီရန်ကို မြက်ခင်းပေါ်တွင် စားပွဲရှည်ခင်းခိုင်းကာ အဖြူရောင်စားပွဲကော်ဇော်ပါ ခင်းခိုင်းလိုက်သည်။စားပွဲဘေးတွင် ဘာဘီကျူအကင်စက် နှစ်ခုရှိပြီး ဧည့်သည်များသည် အကင်စက်ဘေး၌ အသားကင်ကာ ဝိုင်ကို အရသာခံ၍သောက်နေကြသည်။

 

တုတ်ထိုးထားသည့် အသားကင်ကိုစားနေသော ကျန်းတုံသည် ဈေးကြီးလှသော ဝိုင်စက်ရုံကို စူးစမ်းကြည့်နေသည်။

 

သူ ဝိုင်တွေအကြောင်းမသိသော်လည်း ဝိုင်စက်ရုံ၏ပုံစံကိုတော့ သူ တကယ်သဘောကျသည်။ ဝိုင်ထုတ်သည့် နေရာဆိုသော်လည်း ပုံစံနှင့် မြင်ကွင်းက လှလွန်းသည်။ ဤစက်ရုံသည် တော်ဝင်မိသားစုတစ်ခု၏ သီးသန့်ပိုင်ဆိုင်မှုတစ်ခုဖြစ်ခဲ့ပုံရသည်။

 

ကျန်းတုံရိုက်ကူးမည့် ဒရမ်မာအသစ် “The Button Line” တွင် ချမ်းသာသည့် ပြင်သစ်အာဏာရှင်အခန်းပါသည်။သူ့အတွက် ဇာတ်ကွက်နှင့်လိုက်ဖက်သည့် နောက်ခံစက်တင်အတွက် ဒီဝိုင်စက်ရုံမှာ အသင့်တော်ဆုံးဖြစ်သည်။

 

ကျန်းတုံ စကားစမေးလိုက်သည်

 

လော့ယီ၊ မင်းနဲ့မင်းသူငယ်ချင်းကဘယ်လောက်ရင်းနှီးလဲ၊ ငါ ဒရမ်မာအသစ်အတွက် နေရာလိုနေတာ၊ အဲဒါကြောင့် ငါ့ကိုဒီဝိုင်စက်ရုံမှာ ရိုက်ကူးရေးလုပ်ဖို့ မင်းသူငယ်ချင်းကိုပြောပေးလို့ရမလား

 

ငှားလိုက်သည့် နေရာမှာ စက်ရုံဖြစ်သောကြောင့် ရိုက်ကူချိန်နည်းလျှင် အလကားရိုက်လို့ရနိုင်သည်။ကျန်းတုံသည် အကောင်းဆုံးဒါရိုက်တာဆု “ the Redmi Magnolia”ဆုကို ရခဲ့ဖူးသည်။သူ့၏ လက်ရှိအလုပ်မှာ အဆင်မပြေသော်လည်း သူအရည်အချင်းသည် ငြင်း၍မရချေ။နောက်ကျလျှင် ပိုရိုက်ရနိုင်ချေရှိသည်။

 

စဉ်းစားနေစဉ် ရဲ့လော့ယီသည် ပေယွဲ့ပိုင်အစားသဘောတူလိုက်သည်။

 

အဆင်ပြေပါတယ်၊ ငါသူ့ကိုနောက်တော့မှ ပြောလိုက်မယ်

 

ကျန်းတုံပျော်သွားသည်ကျေးဇူးတင်ပါတယ်

 

ထို့နောက် ရဲ့လော့ယီမေးလိုက်သည်။

 

ဒါရိုက်တာကျန်း ဘယ်တော့ ရိုက်ကူးရေးစမှာလဲ

 

ကျန်းတုံမှာ အရေးကြီးသည့် ဇာတ်လမ်းတစ်ခု ရိုက်ကူးနေခြင်း ဖြစ်သည်။ဖြစ်နိုင်လျှင်ရဲ့လော့ယီသည် ဇာတ်လမ်းမှာပါချင်သည်။ သူမသည် အသက်သုံးဆယ်ဆိုသော်ညား ငယ်ရွယ်နေသေးတာကြောင့် အိုင်ဒေါလ်ဒရမ်မာမှာ သရုပ်ဆောင်နိုင်သေးသည်။ ပရိသတ်များမှာလည်း သူမအား ထိုကဲ့သို့ဇာတ်လမ်းမျိုးတွင် သရုပ်ဆောင်စေချင်သည်။အယခုအချိန်သဘ် ဇာတ်ကွက်ပြောင်း၍ သရုပ်ဆောင်ကြည့်ရန် အချိန်ကောင်းပင်ဖြစ်သည်။

 

ကျန်းတုံ သက်ပြင်းချလိုက်သည်။

 

ရိုက်ကူးရေးအဖွဲ့က အဆင်သင့်ပဲ၊ဒါပေမယ့် ငွေကြေးထောက်ပံ့မှုမရသေးဘူး၊ ငွေကြေးထောက်ပံ့မှုသာရရင် တစ်လအတွင်းရိုက်ကူးရေး စလို့ရတယ်

 

တစ်လအတွင်းတဲ့လား..ရဲ့လော့ယီ၏ Sအဆင့်ရှိသည့် စိတ်ကူးယဉ်အချစ်ဇာတ်လမ်းမှာ မကြာခင်ရိုက်ကူးတော့မှာဖြစ်သည်။ထို့ကြောင့် သူမ ဒီဇာတ်လမ်းတွင်သရုပ်ဆောင်နိုင်မည်မဟုတ်တော့ချေ။ကျန်းတုံ၏ ရိုက်ကူးမှု ဘယ်လောက်ကောင်းကောာင်း series dramasများသည် နာမည်ကြီးရန် ခက်ခဲသည်။

 

နောက်တစ်မျိုးပြောရမယ်ဆိုလျှင် ရဲ့လော့ယီရိုက်ကူးမည့် စိတ်ကူးယဉ်အချစ်ဇာတ်လမ်းမှာ အလွန်ပေါက်ပြီး ခေတ်စားမှုအမြင့်ဆုံးရောက်နိုင်သော ဇာတ်လမ်းမျိုးဖြစ်သည်။

 

ရဲ့လော့ယီ ထိုစိတ်ကူးကို လက်လျော့လိုက်သည်။သို့သော် ချင်းလီသည် ကျန်းတုံ၏ ဒရမ်မာအသစ်ကို စိတ်ဝင်စားသွားသည်။

 

ကျန်းတုံသည် အမျိုးသားဇာတ်ဆောင်ကို ရွေးချယ်ပြီး ဖြစ်သည်။ချင်းလီပါမည်ဆိုလျှင် အရံဇာတ်ကောင်သာရပေလိမ့်မည်။သို့သော် သူ့အား အထူးဧည့်သည်အနေနှင့် ထည့်လို့ရသေးသောကြောင့် ကျန်းတုံ ဇာတ်ညွှန်းသုံးပိုင်းကို ချင်းလီထံ ပေးလိုက်သည်။

 

ကျန်းတုံ တစ်ခြားသူများနှင့် စကားပြောနေစဥ် ကျုံချင်းယွီနှင့် ယန်ရှီသည် မြက်ခင်းပြင်သို့ ရောက်ရှိလာကြသည်။

 

ကျုံချင်းယွီ မျက်ခုံးပင့်လိုက်သည်။

 

အို၊ ဘယ်လိုမြင်ကွင်းလေးပါလိမ့်၊ လူတိုင်း ဒီဝိုင်စက်ရုံမှာ အချိန်ကောင်းလေးတွေ ဖြတ်သန်းနေကြပုံပဲနော်

 

ဒါပေါ့

 

ကျန်းတုံမဆင်မခြင် ပြန်ပြောလိုက်သည်။

 

လော့ယီက ငါတို့ကို ဒီဝိုင်စက်ရုံမှာ ရိုက်ကူးရေးလုပ်ဖို့အထိ သဘောတူထားတာ၊ ကျုံချင်းယွီ မင်းသာ ငါ့ရဲ့ဒရမ်မာအသစ်မှာ မာဖီးယားမင်းသမီးလေးအဖြစ်ပါဝင်ပေးရင် ဒီဝိုင်စက်ရုံမှာ မင်းပါလို့ရပြီ

 

ကျုံချင်းယွီ မျက်မှောင်ကြုတ်၍ ကျန်းတုံကိုကြည့်ကာ ပြောလိုက်သည်။

 

ငါစိတ်မဝင်စားဘူး

 

ကျန်းတုံ စိတ်ပျက်လက်ပျက်နှင့် ရပ်လိုက်သည်

 

ကျုံချင်းယွီ၊ ငါက မင်းကောင်းဖို့ပြောတာနော်၊ မင်းရဲ့ သရုပ်ဆောင်စွမ်းရည်ကို ထုတ်ပြသင့်တယ်၊ ငါ့ရဲ့ဒရမ်မာမှာ ရင်းနှီးမြှုပ်နှံပြီး မာဖီးယားမင်းသမီးလေးအဖြစ် သရုပ်ဆောင်လိုက်လေ

 

ယန်ရှီသည် ရှောင်ယွီ၏ လက်ကို အသာဆွဲ၍

 

 “ဒါရိုက်တာရှောင် အခုထိ ငွေကြေးထောက်ပံ့မှုမရသေးဘူးလား

 

ရှောင်ယွီသည် ခပ်ဖျော့ဖျော့ပြုံးပြီးအဲလောက် မလွယ်ဘူး

 

ဒါရိုက်တာ သို့မဟုတ် ပရိုဂျူဆာ များသည် သူတို့ကိုယ်ပိုင်ငွေ၊သို့မဟုတ် ငွေကြေးထောက်ပံ့မှုရှိမှသာ ရိုက်ကူးရေးအဖွဲ့စတင်လှုပ်ရှားလို့ရခြင်းဖြစ်သည်။ သို့သော် ကျန်းတုံ၌ ထိုသို့သော အခြေအနေမျိုး ရှိမနေချေ။

 

ပရောဂျက်သုံးခုဆုံးရှုံးထားသောကြောင့် သူ့အခြေအနေသည် လက်ရှိတွင် အလွန်ခက်ခဲနေသည်။

 

ထို့ကြောင့် အဓိကဇာတ်ကောင်အပြင် ကျုံချင်းယွီကို မာဖီးယားမင်းသမီး စသည့်အရန်ဇာတ်ကောင်အဖြစ် ထည့်လိုက်ချင်သည်။သို့မှသာ သူ့အတွက်လိုအပ်သော ရင်းနှီးမြုပ်နှံမှုကို ရလိမ့်မည်။

 

ကျန်းတုံဒီလောက်ပဲ လျော့ပေးနိုင်သည်။အကယ်၍ သူသာ ထပ်၍ လျှော့ေပးလျှင် အဓိကသရုပ်ဆောင်အခန်းများလည်း အင်ဗက်စတာများအတွက် ထားရတော့မှာဖြစ်ပြီး နောက်ဆုံး ထွက်လာမည့် ဇာတ်လမ်းမှာလည်း ငွေကြေးနှင့်သာရိုက်ထားသော ဇာတ်လမ်းတစ်ပုဒ်သာသာဖြစ်သွားလိမ့်မည်။ဒါဟာ သူယခင်ကနှင့် မတူသောအရှုံးတစ်ခု ထပ်ဖြစ်လာနိုင်သည်။

 

ဒါပေမယ့် အရန်ဇာတ်ကောင်လောက်နဲ့ဘယ်သူက ရင်းနှီးမြှုပ်နှံချင်မှာလဲ။

 

ချင်းလီပါလိမ့်မည်ဟု ယန်ရှီသိနှင့် ပြီးသားဖြစ်သည်။ကောင်းတာတစ်ခုမှာ ချင်းလီ၏ သရုပ်ဆောင်စကေးသည် တော်တော်လေးကောင်းသည်။  ရှန့်ရှင်းဟယ် လောက်မကောင်းသော်လည်း ကြည့်၍ကောင်းသေးသည်။ထို့အပြင် ဇာတ်ညွှန်းကောင်းအား ချက်ချင်းဖော်ထုတ်နိုင်သည်၊ တခြားလူများ သရုပ်မဆောင်နိုင်သော ဇာတ်ရုပ်ကိုပါ သရုပ်ဆောင်နိုင်သည်။

 

သို့သော် မကောင်းတာသည် ကျန်းတုံသည် သူကိုယ်တိုင်အတွက် အနုပညာလက်ရာကောင်းတစ်ခုကို ဖန်တီးနိုင်တော့မည် မဟုတ်ချေ။

 

ဘဝဆိုတာ အမြဲတမ်းစိတ်မချမ်းသာစရာနဲ့ ပြည့်နေတတ်တာပဲေလ။

 

ကျုံချင်းယွီ ငါ့ကိုယုံလိုက်ကျန်းတုံဆက်ပြောသည်။

 

ငါအရင်ကလည်း အသစ်လေးတွေနဲ့ ရိုက်ဖူးတယ်၊ သူတို့ရဲ့သရုပ်ဆောင်စွမ်းရည်က မင်းထက်တောင်ဆိုးသေးတယ်၊ ဒါပေမယ့် ငါ့ရဲ့လမ်းညွှန်မှုအောက်မှာ သူတို့ကောင်းကောင်းသရုပ်ဆောင်နိုင်ကြတယ်၊ ငါမင်းကိုယုံတယ် မင်းရဲ့သရုပ်ဆောင်စွမ်းရည်ဘယ်လောက် ဆိုးဆိုး ငါမင်းကိုလမ်းညွှန်ပေးနိုင်တယ်

 

ကျုံချင်းယွီ၏ မျက်နှာမှာ ဒေါသဖြင့် မှောင်မဲသွားသည်။ရဲ့လော့ယီအား ရန်စရန် လာခဲ့သော်လည်း ကျန်းတုံမှာ ပိုစိတ်ပျက်ဖို့ကောင်းသည်။

 

ငါသရုပ်ဆောင်တာဆိုးတယ်ဆိုရင်တောင် နင့်ရဲ့လမ်းညွှန်မှုတွေက ပိုဆိုးတယ်၊ နင်တို့ရဲ့ ဇာတ်ညွှန်းဘယ်လောက်ပဲကောင်းနေပါစေ ငါနင်တို့ ဒရမ်မာမှာ သရုပ်လည်းမဆောင်ဘူး၊ ဘာမှလည်းရင်းနှီးမြှုပ်နှံမှာမဟုတ်ဘူး

 

ကျန်းတုံ: “ကျုံချင်းယွီ ငါကမင်းကောင်းဖို့ လုပ်တာပါ၊ ဘာလို့နားမလည်ရတာလဲ

 

ကျုံချင်းယွီ: “တော်စမ်းပါ

 

ယန်ရှီ: “...”

 

ရှောင်ယွီ: “...”

 

ယန်ရှီသည် ရှောင်ယွီကို စိတ်ရှုပ်သွားသလို ကြည့်လိုက်သည်။

 

နင်တို့ရင်းနှီးမြှုပ်နှံမှုမရတဲ့အကြောင်းအရင်းက ဒါရိုက်တာကျန်းကြောင့်လို့ ထင်လား၊ သူက ရင်းနှီးမြှုပ်နှံသူတွေကို လန့်အောင်လုပ်နေသလိုပဲ

 

ကျုံချင်းယွီ စောဒကတက်မှုကြောင့် ကျန်းတုံစိတ်တိုလာသော်လည်း ကျုံချင်းယွီသည် သန်းနှင့် ချီ၍ရင်းနှီးမြှုပ်နှံနိုင်သောကြောင့် စိတ်လျော့လိုက်ရသည်။

 

ရှောင်ယွီ သက်ပြင်းချလိုက်သည်။

 

 “ သူ့မှာသာ ရင်းနှီးမြှုပ်နှံသူတွေကို စည်းရုံးနိုင်စွမ်းရှိရင် ပရောဂျက်သုံးချလုံးကို ဆုံးရှုံးလိုက်ရမှာမဟုတ်ဘူး

 

ရဲ့လော့ယီ လူတိုင်းရောက်နေခြင်းအား ကြည့်လိုက်ပြီး အကူကို ဝိုင်အသစ်တွေယူလာဖို့အချက်ပြလိုက်သည်။

 

သူမ၏ ပုံစံမှာ ဘာဘီကျူနှင့် ဝိုင် ပြင်ဆင်ပေးနေချိန်တောင် လှပပြီး ကျက်သရေရှိလှသည်။

 

ဒီနေ့ ငါတို့ခရီးစဉ်ရဲ့ ပထမဆုံးနေ့လေးမှာ လူတိုင်းအတူရှိနေကြတာဆိုတော့ ဂုဏ်ပြုသင့်တယ်မလား

 

ဧည့်သည်များသည် ဖန်ခွက်များကို မြှောက်၍ ဂုဏ်ပြုကြသည်။

 

ကျုံချင်းယွီ ဝိုင်ခွက်ကိုလှည့်နေကာ အထဲရှိဝိုင်နီတွေ လည်နေသည်ကို ကြည့်ကာ

 

ရဲ့လော့ယီ၊ ဒီဝိုင်စက်ရုံက နင့်သူငယ်ချင်းပိုင်တာလို့ကြားတယ်၊ နင့် သူငယ်ချင်းက ဘယ်သူလဲ

 

ကျုံချင်းယွီ၏ မျက်နှာမှာ မှောင်မဲနေပြီးသူငယ်ချင်းဟူသည့် စကားကို အလေးပေးပြောလိုက်သည်။

 

ကျုံချင်းယွီ ပေယွဲ့ပိုင်အပေါ်ခံစားချက်ရှိနေခြင်းကို ရဲ့လော့ယီသိသည်။ထို့အပြင် သူ့၏လက်ရှိမျက်နှာထားမှာလည်း မနာလိုမှုတွေနှင့် ပြည့်နေလေသည်။

 

ရဲ့လော့ယီ ခပ်ဖျော့ဖျော့ပြုံးလိုက်သည်

 

ဒီတိုင်းရင်းနှီးတဲ့ သူငယ်ချင်းပါ၊ သူက အခုစက်ရုံထဲမှာမရှိဘူးလေ၊ ငါပြောရင်တောင် နင်သိမယ်မထင်ပါဘူး

 

[ငါသိတယ် ဒါကဒုတိယသခင်လေးပေ နေမှာ]

 

[ဒုတိယသခင်လေးပေက လက်ရှိစက်ရုံထဲမှာရှိမနေဘူးလေ၊ ရဲ့လော့ယီနဲ့ ထျန်ဟွေ့က အနုပညာရှင်တွေကလွဲလို့ သူ့ကိုသိတဲ့လူမှမရှိတာ၊ ရဲ့လော့ယီ လိမ်နေတာမဟုတ်ဘူး]

 

[ကျုံချင်းယွီ မနာလိုနေတာ ကြည့်လိုက်ပါဦး သူကဘာဖြစ်နေတာလဲ၊ ဒုတိယသခင်လေးပေက ရဲ့လော့ယီကိုပဲမြတ်နိုးတာ ကိုယ့်နေရာကိုယ်သိလေ နင်က ဘေးလူပဲ ]

 

[မာနတွေလျော့လိုက်စမ်းပါ၊မင်းကဘေးလူပဲ ဒုတိယသခင်လေးပေက ရဲ့လော့ယီကိုပဲ ချစ်တာ နင့်ကိုဘယ်တော့မှရွေးမှာမဟုတ်ဘူး၊ နင်သူမကို ဘယ်တော့မှလိုက်မှီမှာမဟုတ်ဘူး]

 

ကျုံချင်းယွီ ဒေါသတွေပိုထွက်လာသည်။ရဲ့လော့ယီသည် ကျေနပ်သောအမူအရာဖြင့်သာရပ်ကြည့်နေသည်။

 

အခုက  လက်ဆောင်ပေးရမဲ့အချိန်ပဲ၊ ပရိသတ်တွေထဲက အနိုင်ရသူရွေးရအုံးမှာဆိုတော့ ခဏလောက်ခွင့်ပြုပါအုံးနော်

 

Weibo ပေါ်တွင် ကံထူးရှင်ကို မျက်နှာပြင်တစ်ချက် နှိပ်၍သာ ရွေးချယ်သည်။

 

တစ်ချိန်တည်းမှာပဲ ယန်ရှီသည် ရုတ်တရတ်ပြောလိုက်သည်။

 

ဆရာမယွီ  ဒီဝိုင်စက်ရုံက ရှင့်သူငယ်ချင်းပိုင်တယ်လို့ ပြောတယ်မလား၊ ဒီလောက်ဝိုင်ေတွအများကြီးလက်ေဆာက်ေပးပစ်မှာကို ရှင့်သူငယ်ချင်းကို ဖုန်းမဆက်ဘူးလား

 

ဆုလင်းလင်းသည်လည်း ချက်ချင်းခွန်းတုံ့ပြန်လိုက်သည်။

 

ရဲ့လော့ယီ နဲ့ သူ့သူငယ်ချင်းကကောင်းမွန်တဲ့ဆက်ဆံရေးရှိတော့ ဖုန်းမဆက်လည်းရမှာပေါ့၊ ဝိုင်တစ်ရာလောက်ကတော့ အရေးမကြီးဘူး

 

ကျုံချင်းယွီက အေးအေးဆေးဆေး ရယ်သံဖောက်၍ ပြောလိုက်သည်။

 

ဟုတ်တယ်၊ ဝိုင်တစ်ရာလေးပဲဟာ

 

ကျုံချင်းယွီ၏ အထင်သေးစွာကြည့်နေသည့်မျက်လုံးများကို ရဲ့လော့ယီသတိထားမိသွားတယ်။ ရုတ်တရတ် ကြောက်ဖို့ေကာင်းသည့်အရာကိုလည်း ခံစားလိုက်ရသည်။

 

သိူ့သော် သူမသည် ငြိမ်နေမည်တော့မဟုတ်ချေ။ လက်ဆောင်ပေးမည့်ကိစ္စမှာ စီစဉ်ပြီးသားဖြစ်နေ၍ နောက်ဆုတ်မရတော့ချေ။

 

[ဒီဝိုင်စက်ရုံကို တကယ်ပဲ ကျုံချင်းယွီပိုင်တာဆိုရင်တော့ စိတ်ဝင်စားစရာတွေဖြစ်တော့မှာပဲ!]

 

[ဒါတော့ မဖြစ်နိုင်ဘူး ရဲ့လော့ယီက သူများပိုင်တဲ့ဝိုင်စက်ရုံက ဝိုင်တွေကိုခိုးယူပြီးတော့ လက်ဆောင်မပေးလောက်ပါဘူး]

 

[ကျုံချင်းယွီက ဒီဝိုင်စက်ကိုပိုင်တာဆိုရင် သူမဒီလိုမျိုး ဝင်လာကတည်းက ငြိမ်မနေလောက်ဘူး၊ ဒါသူ့အပိုင်မဟုတ်လို့နေမှာ]

 

[သူမ ငြိမ်နေတာကိုကြည့်ရင်တော့ ဒါသူ့အပိုင်မဟုတ်ဘူးထင်တယ်]

 

[အစပ်ချောင်းအခုတစ်ရာလောင်းပြီးပြောမယ်၊ ဒီဝိုင်စက်က ကျုံချင်းယွီအပိုင်မဟုတ်ဘူးဆိုတာသေချာတယ်]

 

ညနေ လေးနာရီခွဲတွင် ရဲ့လော့ယီ၏ Weiboမှာ ဝိုင်ပုလင်းတစ်ရာကိုအနိုင်ရသည့် ပရိသတ်များကို ကြေညာလိုက်သည်။

 

ရဲ့လော့ယီ ကင်မရာရှေ့တွင် ချိုသာစွာပြုံး၍

 

ရလဒ်တွေထွက်လာပါပြီနော်၊ အနိုင်ရသူအယောက်တစ်ရာကိုဂုဏ်ပြုပါတယ်၊ အနိုင်ရရှိသူတွေကို ကျွန်မရဲ့လက်ထောက်က မကြာခင်ဆက်သွယ်လာပါလိမ့်မယ်၊ ထပ်ပြီးတော့ ဂုဏ်ပြုပါတယ်ရှင့်

 

တိုက်ရိုက်ကြည့်သူအချို့၏ ကံထူးသောမက်ဆေ့များတက်လာသော်လည်း အများစုမှာ ကံမကောင်းကြချေ။

 

[ဝိုင်တစ်ပုလင်းကို ယွမ်တစ်သိန်း တန်တာတဲ့ ရတဲ့သူတွေကို အားကျလိုက်တာ]

 

[ငါဘာလို့ဒီလောက်တောင်ကံဆိုးရတာလဲ၊ ဟမ်]

 

[တစ်ပုလင်းကို ယွမ်တစ်သိန်းဆိုတော့  ပုလင်းတစ်ရာဆိုရင် ယွမ်သိန်းတစ်ရာပေါ့၊ ရဲ့လော့ယီသူငယ်ချင်းက ရက်ရောလိုက်တာ]

 

[ဒါက အချစ်မဟုတ်ရင် ဘာလဲ၊ သူတို့ကိုတွဲပေးမိတော့မယ်]

 

ပရိုမိုးရှင်းဆင်းစရာမလိုအပ်ဘဲနှင့် ရဲ့လော့ယီ၏ လက်ဆောင်ပေးမှုအစီအစဉ်သည်  Weiboရဲ့ trending page ထိပ်ဆုံးနေရာရောက်သွားသည်။

 

ထို့အပြင် ချမ်းသာသည့် အနုပညာရှင်တွေကြားမှာပင် မီလီယမ်နှင့်ချီအောင် လက်ဆောင်ပေးသည့် သူမှာ ရှားသည်။မည်သူမှ ထိုမျှလောက်အကုန်ကျခံ၍ လက်ဆောင်မပေးကြချေ။

 

ရဲ့လော့ယီ ကောမန့်တွေကိုဖတ်ကြည့်နေခဲ့သည်။ပေ့ခ်ျတစ်ခုလုံးသည် သူမကို ချီးကျူးထားမှုများနှင့် ပြည့်နေသည်။ မနက်ပိုင်းတွင် ပင်ပန်းမှုများနှင့် နာမည်ကျသွား၍ စိတ်ညစ်နေခြင်းများ အကုန်ပျောက်သွားကာ သူမယခု အရမ်းပျော်နေသည်။

 

ကျုံချင်းယွီသည် ရဲ့လော့ယီ၏ စိတ်လှုပ်ရှားနေသော ပံုစံကို စိတ်ဝင်စားစွာဖြင့် ကြည့်နေခဲ့သည်။ ထို ပျော်ရွှင်နေသော ပန်းပွင့်ကဲ့သို့ သန့်ရှင်းသည့်မျက်နှာလေးမှာ မကြာခင်တွင် အရမ်းကို စိတ်ညစ်စရာကောင်းသော အခြေအနေသို့ ရောက်သွားလိမ့်မည်အား သိနေသောကြောင့် သူမရယ်ချင်မိသွားသည်။

 

ကျုံချင်းယွီသည် ဝိုင်ခွက်ကို ဖြည်းဖြည်းချင်းလှုပ်ပြီး၊ ဝိုင်နီကို မျက်လုံးမလွှဲဘဲစိုက်ကြည့်ရင်းဖြင့်

 

"၂၀၀၉ ခုနှစ်ထုတ်ဝိုင်က တော်တော်ကောင်းတယ်၊ ဒါပေမဲ့ ဒီဝိုင်စက်ရုံရဲ့ ထင်ရှားတဲ့ထုတ်ကုန်ကတော့ ၁၉၈၂ ခုနှစ်ထုတ်တဲ့ သက်တမ်းရင့်ဝိုင်ပဲ"

 

ဝိုင်အား အမှန်တကယ်ကြိုက်နှစ်သက်ခြင်းမရှိသော်လည်း သူမအဖေနှင့် သူမအစ်ကိုကျုံယန်စီတို့နှင့်အတူ ကြီးပြင်းလာသောကြောင့် အရသာကောင်းငောဝိုင်တွေအား သိသိသာသာ ခံစားတတ်သည်။

 

ဆုလင်းလင်းက မကျေနပ်စွာနှင့် ပြန်ပြောလိုက်သည်။

 

ကျုံချင်းယွီ၊ နင်ကမျက်နှာေပြာင်တိုက်လှချည်လား၊ ဒါကနင်ရဲ့ဝိုင်စက်ရုံမဟုတ်ပဲနဲ့ လာဝေဖန်နေတယ်၊ နင်က ဝိုင်အကြောင်းဘယ်လောက်သိလို့လဲ

 

ကျုံချင်းယွီသည် ဆုလင်းလင်းကို အလေးမထားဘဲ ယန်ရှီ ကိုပြုံးပြရင်းဖြင့်

 

"ယန်ရှီ၊ ၁၉၈၂ခုနစ်ထုတ် ဝိုင်ကို စမ်းသောက်ကြည့်မလား၊ ငါသွားယူပေးမယ်လေ

 

အခြေအနေကိုသိနေသော ယန်ရှီသည်လည်း ငြင်းလိုစိတ်မရှိပေ။ ငှက်လေးတစ်ကောင်ကဲ့သို့  နူးညံ့စွာ ခေါင်းငြိမ့်၍ ပြောလိုက်သည်။

 

"သောက်ကြည့်မယ်လေ

 

ကျုံချင်းယွီသည် ယန်ရှီ၏ လက်ကိုဆွဲကာ ရဲတိုက်ပုံစံရှိသည့် အဆောက်အဦးဘက်သို့ လမ်းလျှောက်လာသည်။

 

ကျုံချင်းယွီ! ဒါက တခြားသူရဲ့ ပစ္စည်းလေ၊ နင်လွန်နေပြီလို့ မထင်ဘူးလားဟု ဆုလင်းလင်းအော်ပြောလိုက်သည်

 

ချင်းလီ မျက်နှာလည်း တင်းမာသွားခဲ့ပြီး၊

 

ကျုံချင်းယွီ၊ မင်းလုပ်တာ မဟုတ်သေးဘူးနော်

 

အခြားလူများလည်း ဤကဲ့သို့ ခံစားလိုက်ရသည်။ ဒီစက်ရုံက ရဲ့လော့ယီသူငယ်ချင်းပိုင်တာမဟုတ်ဘူးလား၊ ဘာလို့ ကျုံချင်းယွီက ခွင့်ပြုချက်မရှိပဲ ဝင်သွားရတာလဲ၊ ဒါက မလေးစားရာကျမနေဘူးလား။

 

အန်ဒရ္ရန်သည်  ကျုံချင်းယွီကိုတားဖို့ကြိုးစားသော်လည်း လူးဝစ်မှာ သူ့ကိုပိတ်ထားလိုက်သည်။

 

ကျုံချင်းယွီ ဤလမ်းအား သိပ်မမှတ်မိတော့သော်လည်း ဝိုင်ကြိုက်သည့် သူမအဖေမှာ သူမနဲ့ကျုံယန်စီကို ငယ်ငယ်က ဤနေရာသို့ ခဏခဏခေါ်လာဖူးသည်။လမ်းလျှောက်နေရင်းဖြင့် မှတ်ညဏ်တွေပြန်ပေါ်လာပြီး လမ်းပြမည့်သူမလိုအပ်ဘဲ ကျုံချင်းယွီသည် ယန်ရှီကိုမြေအောက်ရှိ ဝိုင်ထားသော အခန်းထဲသို့ တည့်တည့်ခေါ်လာခဲ့သည်။

 

အခြားလုံခြုံရေးအစောင့်များလည်း နောက်မှ ပါလာသည်။

 

အခြားသူများမှာ စိတ်ပူနေကျသော်လည်း ရဲ့လော့ယီသည် ငြိမ်သက်စွာ ပြုံးနေခဲ့သည်။ဤရှိုးတွင် ကျုံချင်းယွီ မနာလိုမှုနှင့် အသိိစိတ်ပျောက်သွားခြင်းအား သူမ မျှော်လင့်နေခဲ့ခြင်း ဖြစ်သည်။

 

[နေဦးကျုံချင်းယွီက ဒီကိုအခုမှရောက်ဖူးတာမဟုတ်ဘူးလား၊ သူကဘာလို့ဒီလောက်သိနေရတာလဲ]

 

[ ဝိုင်သိုလှောင်ခန်းက ရှာရခက်တယ်လေ၊ သူမက ဘာလို့ဒီလောက်မြန်မြန် ရှာတွေ့သွားရတာလဲ]

 

[ကျုံချင်းယွီက သူဘယ်သွားနေလဲဆိုတာ သိတယ်၊ ဒါ သူအရင်က ရောက်ဖူးလို့ဖြစ်မယ်]

 

သူတို့သာ သေချာတွေးကြည့်လျှင် ကျုံချင်းယွီဘာကြောင့် ဤနေရာကို သူမအိမ်ကဲ့သို့ ချောချောမွေ့မွေ့သွားနိုင်နေသလဲအား ဧည့်သည်များ နားလည်ပေလိမ့်မည်။

 

သိူ့သော် သူတို့သည် သူမကိုသိသိသာသာကြီးကို တားဆီးနေကြသည်။

 

ဝိုင်သိုလှောင်ခန်းသည် တင်းတင်းကြပ်ကြပ်ပိတ်ထားပြီး ဖွင့်ရန် လျို့ဝှက်နံပါတ်လိုအပ်သည်။ထိုအခါမှသာ ဧည့်သည်များ သက်ပြင်းချလိုက်သည်။

 

တော်သေးတာပေါ့။လျို့ဝုက်နံပါတ်ရှိနေလို့။ဒါဆို ကျုံချင်းယွီ ပြဿနာထပ်မရှာလောက်တော့ဘူး။

 

ချင်းလီသည် ကျုံချင်းယွီကို လက်ညိုးထိုး၍

 

ကျုံချင်းယွီ နင်တစ်ခြားတစ်ယောက်ရဲ့ ဝိုင်သိုလှောင်ခန်းကို အတင်းဇွတ်ဝင်လာတာ တော်တော်ရိုင်းတာပဲ

 

ဆုလင်းလင်းလည်း ထပ်ပြောသည်

 

ကျုံချင်းယွီ၊ဒီကိုလာ၊ ဒါက ဒုတိယသခင်လေးပေရဲ့ဝိုင်စက်ရုံ နင့်အိမ်မဟုတ်ဘူး

 

ကန်းပေါ်ယဲ့သည် ကြားမှ စကားလမ်းကြောင်းလွှဲကာ ချောချောမွေ့မွေနှင့်

 

ခဏလောက် လျှောက်ကြည့်ပြီးရင် ပြန်ရအောင်ဟု ပြောသည်။

 

လျှောက်ကြည့်ရုံပဲလားကျုံချင်းယွီမျက်ခုံးပင့်လိုက်သည်။

 

 “လျှောက်ကြည့်ရုံနဲ့ ဘယ်လိုရမှာလဲ၊ ယန်ရှီက 1982ခုနစ်ထုတ် ဝိုင်ကို မြည်းစမ်းကြည့်ချင်နေတာလေ

 

ဤသို့နှင့် ကျုံချင်းယွီ ရှေ့တိုးကာ လို့ဝှက်နံပါတ်ရိုက်ထည့်လိုက်သည့်အခါတွင် ဝိုင်သိုလှောင်တံခါးမှာ အားလုံးရှေ့တွင် ပွင့်သွားသည်။

 

ကျုံချင်းယွီက ယန်ရှီကို လက်ပြ၍

 

လာလေ ယန်ရှီ ကြိုက်တဲ့ဝိုင်သာယူနော်၊ အားမနာနဲ့

 

အိုကေ

 

ယန်ရှီ ဝိုင်ပုလင်းရွေးရန်အတွက် ကျုံချင်းယွီနောက်သို့ ပျော်ပျော်ကြီးလိုက်သွားသည်။

 

အပြင်ဘက်ရှိ ဧည့်သည်များအကုန် အံ့ဩနေကြသည်။

 

အန်ဒရီရန်သည် လူးဝစ်ကိုတွန်းဖယ်ပြီး ဝိုင်သိုလှောင်တံခါးထံပြေးသွားသည်။တံခါး ပွင့်နေသည်အား မြင်လိုက်စဉ် သူပါအံ့ဩသွားသည်။

 

သူ အဂ်လိပ်လိုပြောဖို့ပင်မေ့သွားပြီး ပြင်သစ်လိုပြောမိသွားသည်။

 

 “ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊ ဘဏ္ဍာထိန်းနဲ့ ပိုင်ရှင်ပဲ ဒီအခန်းရဲ့ လျို့ဝှက်နံပါတ်ကိုသိတာလေ

 

အန်ဒရီရန့်ဘေးတွင်ရပ်နေသော လူးဝစ်သည် သူပြောသောစကားများအား ဘာသာပြန်ပေးနေသည်။

 

ချက်ချင်းပင် ရဲ့လော့ယီမျက်နှာ ဖြူဖျော့သွားသည်။ စိတ်လှုပ်ရှားနေခြင်းကို ချုပ်ထိန်း၍ လက်ချောင်းများဖြင့် လက်ဖဝါးကို ထိုးစိတ်ေနမိသည်။လက်သည်းနီ ပန်းရောင်လေးများ သူမလက်ဖဝါးအပေါ် သို့ ကွာကျနေသည်ကိုပင် သတိမမူမိတော့ချေ။

 

"ဘာေတွဆူညံနေတာလဲ?" 

 

အသံတစ်ခုသည် လှေကားတက်လမ်းမှ ထွက်လာသည်။

 

အသက် ၆၀ လောက်ရှိပြီဖြစ်သော အသက်ကြီးကြီး အဖိုးတစ်ဦးသည် တစ်ခြားသူများကဲ့သို့ ခန္ဓာကိုယ်တလှုပ်လှုပ်နှင့် မြေအောက်ဝိုင်သိုလှာင်ခန်းထွသို့ ဆင်းလာခဲ့သည်။ဝိုင်သိုေလှာင်ခန်းအဝမှာ လူတွေစုေဝးေနတာကိုမြင်တော့ တာဝန်ခံဘဏ္ဍာထိန်း ဘရူးစ်သည် ဒေါသထွက်သွားကာ အန်ဒရီရန်ကို မေးလိုက်သည်

 

"ဘာလို့ လူတွေ ဒီမှာစုနေတာလဲ၊ မြေအောက်ဝိုင်သိုေလှာင်ခန်းထဲကို ဘာလို့ဝင်ခွင့်ပြုထားတာလဲ!"

 

အန်ဒရီရန်သည် ခေါင်းငုံ့ကာ ပြန်ရှင်းပြသည်

 

သူတို့က သခင်လေးပေရဲ့ မိတ်ဆွေတွေပါ၊ သခင်လေးပေက သူတို့ကို ကောင်းကောင်းဆက်ဆံဖို့ပြောထားပါတယ်

 

အဲတော့ မင်းက သူတို့အတွက် ဝိုင်သိုလှောင်ခန်းကိုဖွင့်ပေးလိုက်တယ်ပေါ့

 

 ဘရူးစ် ဒေါသနှင့် အော်ပြောလိုက်သည်။

 

ဒီအခန်းထဲမှာ သူဌေးရဲ့ တန်ဖိုးအထားဆုံးဝိုင်တွေရှိတယ်ကွ၊ ဒါက သူများကို ဒီအတိုင်းပြလိုက်လို့မရဘူး

 

အန်ဒရီရန်မှာ ထစ်ထစ်ငေါ့ငေါ့ဖြင့်

 

ကျွန်တော်ကျွန်တော်မသိပါဘူး၊ အဲဒီအမျိုးသမီးက သူ့ဘာသာတံခါးဖွင့်ပြီးဝင်သွားတာပါ အဲဒါကြောင့် တံခါးပွင့်နေတာပါ

 

ဘရူးစ်ရပ်တန့်သွားသည်။ မြေအောက်ဝိုင်သိုလှောင်ခန်း၏ လျို့ဝုက်နံပါတ်စနစ်မှာ ရှုပ်ထွေးပြီး တော်ရုံလူ မဖောက်နိုင်ပေ။

 

ထိုအချိန် ကျုံချင်းယွီနှင့် ယန်ရှီတို့သည် ကိုယ်တိုင်ရွေးထားသော ဝိုင်နီပုလင်းများကို ကိုင်၍ ထွက်လာလေသည်။

 

သူတို့ မတွေ့တာ ခုနှစ်နှစ်လောက်ကြာနေပြီဆိုသော်ညား ဘရူးစ်သည် ကျုံချင်းယွီကို ချက်ချင်းမှတ်မိသည်။သူ့ မျက်လုံးများတောက်ပလာပြီး ဒေါသအစား ပျော်ရွင်သည့် အပြုံးတစ်ခုပေါ်ထွက်လာသည်။

 

မမလေး ရောက်လာပြီလား

 

ကျုံချင်းယွီလည်း ပြန်ပြုံးပြလိုက်ပြီး ပြင်သစ်လိုပင် နှုတ်ဆက်လိုက်သည်။

 

ဘရူးစ် မတွေ့တာအတော်ကြာပြီနော်

 

ဤစကားလုံးများသည် ထောင်‌‌ပေါင်း များစွာသောစကားလုံးများထက် ပို၍အဓိပ္ပါယ်ရှိလေသည်။

 

[ကျုံချင်းယွီက ပြင်သစ်လိုပြောတက်တာလား၊ ငါကသူ လူးဝစ်နဲ့တရုတ်လိုပဲပြောနေတော့ မပြောတ်ဘူးထင်နေတာ]

 

[ဒီအဖိုးကြီးက ဝိုင်သိုလှောင်ခန်းရဲ့ မန်နေဂျာဖြစ်မယ်ထင်တယ်၊ သူနဲ့ ကျုံချင်းယွီဘာတွေပြောနေလဲဆိုတာ ဘာသာပြန်ပေးပါလား]

 

[သူက  အန်ဒရီရန်ကို လူတွေအများကြီးဒီကိုခေါ်လာလို့ဆူနေတာ၊ ကျုံချင်းယွီကိုတွေ့တော့မမလေး ရောက်လာပြီလားလို့ပြောတော့ ကျုံချင်းယွီကဘရူးစ်က မတွေ့ရတာအတော်ကြာပြီနော်လို့ ပြန်ပြောနေတာ]

 

[ဝိုး!သူမက ဝိုင်သိုလှောင်ခန်းရဲ့ လျို့ဝှက်နံပါတ်ကိုလည်းသိတယ် ပြီးတော့ဘဏ္ဍာထိန်းနဲ့လည်းရင်းနှီးနေတယ် ဒါဆို ကျုံချင်းယွီက ဝိုင်စက်ရုံရဲ့ပိုင်ရှင်အစစ်ပေါ့]

 

[ရဲ့လော့ယီက ကျုံချင်းယွီပိုင်တဲ့ ဝိုင်စက်ရုံကို ကျုံချင်းယွီ ရှေ့မှာ ရှိုးထုတ်တာပေါ့ ကျုံချင်းယွီပိုင်တဲ့ ဝိုင်ကိုတောင် လက်ဆောင်တွေပေးပစ်လိုက်သေးတယ်၊ အမယ်လေး ရှက်ဖို့ကောင်းလွန်းလို့ စပျစ်ခြံထဲမှာသာ ဝင်ပုန်းလိုက်ချင်တယ်]

 

ဧည့်သည်များသည် နောက်ဆုံးတွင် အခြေအနေကိုရိပ်စားမိသော်လည်း ပြောစရာစကားတွေပျောက်ဆုံးနေကြသည်။

 

ကျန်းတုံမှာ သူ့၏ရှုပ်ပွနေသော ဆံပင်များကို ဆော့ကစားရင်းဖြင့် ဖြစ်ခဲ့သည်များကို ဖြည်းဖြည်းချင်းပြန်စဉ်းစားနေသည်။

 

ဒါဆို လေ့ာယီက ငါတို့ကို ကျုံချင်းယွီရဲ့ဝိုင်စက်ရုံကိုဖိတ်ပြီး ကျုံချင်းယွီရဲ့ဝိုင်တွေကို လက်ဆောင်ပေးပြစ်ခဲ့တာလား ဒါက လွန်တာပဲ

 

သူ၏အသံက ကျယ်လွန်းတာကြောင့် ရှေးဟောင်းအဆောက်အအုံနံရံတစ်လျှောက်လွန်တယ်ဟူသည့်စကားမှာ ပဲ့တင်ထပ်နေသည်။

 

ဆုလင်းလင်းမယုံနိုင်ဖြစ်နေသည်။ဝိုင်စက်ရုံသည် ကျုံချင်းယွီပိုင်တာကိုသိတော့ သူမရှေ့တွင် မကျေနပ်သောပုံစံဖြင့် ရပ်နေလိုက်သည်။

 

နောက်တော့ ရဲ့လော့ယီဘက်ကို လှည့်၍

 

““ယီယီ နင်ပြောတော့ ဒီစက်ရုံက ပေယွဲ့ပိုင် ပိုင်တာဆို အခုတော့ ကျုံချင်းယွီပိုင်တာတဲ့ ဘယ်လိုတွေဖြစ်နေတာလဲ

 

ရဲ့လော့ယီ စိတ်တွေ ရှုပ်ထွေးလာသည်။

 

သူမကဘယ်လိုသိမှာလဲ။ပေယွဲ့ပိုင် သူမကိုဒီကို ခေါ်လာတုန်းက သူကဒီဝိုင်စက်ရုံရဲ့ပိုင်ရှင်ပါလို့ သေချာပြောခဲ့တာ။ဘဏ္ဍာထိန်းဘရူးစ် နဲ့ အန်ဒရီရန် ကလည်း သူတို့ကိုလေးလေးစားစားနဲ့ဆက်ဆံခဲ့တာ။

 

ကျုံချင်းယွီက ဘယ်လိုလုပ်ပိုင်ရှင်အစစ်ဖြစ်နေရတာလဲ။

 

သူမ ကျုံချင်းယွီရှေ့မှာလည်းရှိုးလုပ်ပြီးပြီ။အခုလည်း တိုက်ရိုက်ကြည့်ရှုသူတွေက အကုန်လုံးကိုသိသွားကြပြီ။သူတို့မျက်လုံးထဲမှာ သူမက တကယ်ကိုအရူးတစ်ယောက်လိုဖြစ်နေလောက်ပြီ။

 

ကျုံချင်းယွီ သူမအား ဘာမှမပြောသော်လည်း သူမကိုယ်သူမ အရူးတစ်ယောက်လိုခံစားလိုက်ရသည်။

 

ဘရူးစ်သည် လော့ယီကိုကြည့်လိုက်ကာ ရုတ်တရတ်သတိရသွားသည်။

 

ငါမင်းကိုသိပြီ၊ မင်း မနှစ်တုန်းက သခင်လေးပေ ခေါ်လာတဲ့မိန်းကလေးပဲ

 

သူ အဂ်လိပ်လိုပြောတာဖြစ်သောကြောင့် လော့ယီ ကောင်းေကာင်းနားလည်ပါသည်။

 

ရဲ့လော့ယီ အံကြိတ်လိုက်ပြီးအဲတုန်းက ရှင် ဒီဝိုင်စက်ရုံရဲ့ပိုင်ရှင်က သခင်လေးပေလို့ပြောခဲ့တယ်မလား

 

ဘရူးစ်သည် ပေနှင့်ကျုံမိသားစုကြား လက်ထပ်ပွဲသဘောတူညီမှုကို သိထားသော်လည်း ထိုအခါက တရားဝင်ထုတ်ပြန်ထားခြင်း မဟုတ်ချေ။သူ့အနေထြင့် ဝင်ပြောလို့ရသော ခြေအနေမှာ ရှိမနေချေ။ လက်ထပ်ပွဲအား ထုတ်ပြန်လိုက်သော်လည်း ဤဝိုင်စက်ရုံမှာ ယခင်ကတည်းက ကျုံချင်းယွီ၏ပိုင်ဆိုင်မှုဖြစ်သည်။ပေယွဲ့ပိုင် ပိုင်တာမဟုတ်ချေ။

 

ဘရူးစ် ရှင်းပြလိုက်သည်။

 

တကယ်တော့ အဲဒီတုန်းက မမလေးကျုံအစား သခင်လေးပေက ဒီစက်ရုံကို စီမံပေးနေတာပါ၊ မမလေးကလည်း သခင်လေးပေကို လိုအပ်တဲ့အာဏာပေးထားတာပါ

 

ဒါဆို သူက အာဏာရှိပေမဲ့ ပိုင်ရှင်မဟုတ်တဲ့ ကိုယ်စားလှယ်တစ်ယောက်ပေါ့။

 

နောက်ဆုံးတွင် ရဲ့လော့ယီ နားလည်သွားသည်။ပေယွဲ့ပိုင်သည် သူ့ မာနကြောင့် မပြောခဲ့ခြင်းဖြစ်သည်။ သူမ သူ့အား ယခင်က ဤဒီနေရာသို့ ခေါ်တာတောင် သူ မလာခြင်းသည် သူမျက်နှာမပျက်ချင်လို့လား။

 

သို့သော် ယခုတွင် သူမ သူ့ကြောင့်အကျိူးဆက်များ ခံစားရတော့မည်။

 

[နေပါအုံး! ပေယွဲ့ပိုင်နဲ့ ကျုံချင်းယွီက ဘယ်လိုဆက်ဆံရေးလဲ၊ ဘာလို့ ကျုံချင်းယွီက ဝိုင်စက်ရုံကို ကိုင်တွယ်ဖို့ ပေယွဲ့ပိုင်ကိုတာဝန်ပေးရတာလဲ]

 

[ ကျုံချင်းယွီက ပေယွဲ့ပိုင်ကို ကြိုက်နေလို့ ရဲ့လော့ယီနဲ့သူရဲ့ ဆက်ဆံရေးကိုဝင်ဖျက်တာမလား၊ ဒါပေမယ့် အခုကြည့်ရသလောက်တော့ ပေယွဲ့ပိုင်နဲ့ ကျုံချင်းယွီက အဆင်ပြေတဲ့ပုံပါပဲ]

 

[ဝိုင်စက်ရုံက မီလီယမ်ရာနဲ့ချီ တန်ဖိုးရှိတယ်၊ ကျုံချင်းယွီကစီမံဖို့ အချိန်မရှိဘူးဆိုရင်တောင် ပရိုဖက်ရှင်နယ်တစ်ယောက်ငှားလို့ရတာပဲ၊ ပေယွဲ့ပိုင်နဲ့ သာမာန်ဆက်ဆံရေးသာဆို ကျုံချင်းယွီက သူ့ကိုယုံပြီးတာဝန်ပေးပါ့မလား]

 

[ဒါက အတင်းအဖျင်းကျနေတာပဲ၊ ငါကတော့အခု သုံးပွင့်ဆိုင်အချစ်ကိုပဲ ပိုစိတ်ဝင်စားတယ်၊ ကျုံချင်းယွီက တတိယလူဖြစ်နေတယ်ဆိုတာကတော့ လုံးဝမဖြစ်နိုင်ဘူး]

 

တိုက်ရိုက်ထုတ်လွှင့်မှု၏ ကောမန့်များကဲ့သို့ ရဲ့လော့ယီသည်လည်း တစ်ခုခုကို ခံစားမိပါသည်။

 

ပေယွဲ့ပိုင်ပြောဖူးတာကတော့ ကျုံချင်းယွီက သူ့ကိုကြိုက်နေပြီး သူကတော့စိတ်မဝင်စားပါဘူးတဲ့။

 

သို့သော် သူကဝိုင်စက်ရုံကိုစီမံပေးပြီး ဝန်ထမ်းတွေကတောင် သူ့ကိုပိုင်ရှင်လို့ထင်နေတာ သူတို့ဆက်ဆံရေးက ပုံမှန်ဟုတ်ပါ့မလား။

 

ရဲ့လော့ယီရုတ်တရတ် ကျုံချင်းယွီနှင့် ပေယွဲ့ပိုင်တို့၏ ဆက်ဆံရေးကို သဘောပေါက်သွားသည်။အနည်းဆုံးတော့ သူတို့ဆက်ဆံရေးက သူမထင်ထားသလောက်မရိုးရှင်းပေ။

 

အံကြိတ်လိုက်ကာ ရဲ့လော့ယီသည် ကျုံချင်းယွီကို တိုးညှင်းစွာပြောလိုက်သည်။

 

ချင်းယွီ၊ငါတောင်းပန်ပါတယ်၊ ငါ ဝိုင်စက်ရုံရဲ့ပိုင်ရှင်က နင်မှန်းမသိလို့ပါ၊ ငါက ပေယွဲ့ပိုင်ခေါ်လာလို့ရောက်ဖူးတာ ပြီးတော့သူကအဆင်ပြေတယ်ပြောလို့ ငါ့ကို ကုန်ကျသွားတာတွေပြောပ ငါပြန်လျော်ပေးပါ့မယ်

 

ယခုချိန်တွင် ရဲ့လော့ယီမှာ ရွေးချယ်စရာမရှိ၍တာဝန်ယူရတော့မည်။ကံကောင်းချင်တော့ သူတို့ ဝိုင်ပုလင်းအနည်းငယ်သာဖောက်ထားသေးသည်။ဒါကြောင့် အများကြီးလျော်ရမည်မဟုတ်ချေ။

 

ကျုံချင်းယွီက ရဲ့လော့ယီကို တကယ်ကြီးပြန်လျော်ခိုင်းဖို့ စဉ်းစားမထားပေ။ ဝိုင်ပုလင်းတစ်ရာဆိုသော်ညား ကုန်ကျစရိတ်ဟာ မပြောပလောက်ပေ။သို့သော် ရဲ့လော့ယီ နှိမ့်ချပြီး သူမကိုတောင်းပန်နေတာကိုကြည့်ပြီး သူ့မစိတ်ချမ်းသာမိသည်။

 

ကျုံချင်းယွီက မလိုအပ်ဘူးဟုပြောကာ သူမ၏ သဘောထားကြီးမှုကိုပြဖို့လုပ်လိုက်သည်။

 

သို့သော် ယန်ရှီသည် ရုတ်တရတ် သူမလက်ကိုဆွဲ၍ မလုပ်ဖို့ ခေါင်းခါပြသည်။

 

ယန်ရှီ ရှေ့တိုးလိုက်ပြီး ရဲ့လော့ယီကို ယဉ်ကျေးစွာပြောလိုက်သည်။

 

မမယီ၊ ချင်းယွီက အဲလိုဆိုလိုတာမဟုတ်ပါဘူး၊ ဒါအထင်လွဲတယ်ဆိုတာ အားလုံးကသိတာပဲ ပြီးတော့ အစ်မကဘာကိုမှဖျက်စီးပစ်တာမရှိဘူးလေ၊ ဒါ့အပြင် ဘာဘီကျူ့နဲ့ဝိုင်ကို လူတိုင်းကြိုက်ကြတာပဲ ချင်းယွီ ကျွေးတယ်လို့ပဲ သတ်မှတ်လိုက်ကြတာပေါ့

 

ဤစကားကို ကျုံချင်းယွီ ကိုယ်တိုင်ပြောမယ်ဆိုလျှင် သူမကိုယ်သူမထေ့လုံးပြောသည်ဟု ထင်ကြလိမ့်မည်။ ထို့ကြောင့် ယန်ရှီပြောတာပိုကောင်းသည်။

 

သူမ စကားများသည် ဧည့်သည်များ စိတ်ပူနေခြင်းကို ဖြေလျော့ပေးလိုက်သလိုပင်။

 

သူတို့က အတူတူခရီးသွားပြီး ရသစုံရှိူးကိုဆက်ရိုက်ရဦးမှာလော။ပြီးတော့ယန်ရှီသဘောထားက ကျုံချင်းယွီနဲ့ထပ်တူကျနေတာပဲ။နှစ်ဖက်စလုံးက ဒီအခြေအနေကို အပြီးသတ်ချင်နေတာကြောင့် အသေးအဖွဲတွေကို ခပ်အေးအေးပဲဖြေရှင်းလိုက်တာကောင်းတယ်။

 

ထို့နောက် ယန်ရှီ၏ လေသံပြောင်းသွားသည်။

 

ဒါပေမယ့်လည်း ဝိုင်ပုလင်းတစ်ရာကတော့ ဈေးကြီးလွန်းတယ် မလား ရှင်ကလက်ဆောင်ပေးတယ်ဆိုပေမဲ့ ချင်းယွီအတွက်က ကုန်ကျမှုများလွန်းတယ်မလား၊ အကုန်လုံးပေါင်းလိုက်ရင် တစ်ဆယ်မီလီယမ်လောက်ကျတယ်၊ မမယီ ရှင်ဒါတွေကို Alipay ဒါမှမဟုတ် WeChat ကနေ ရှင်းပေးနိုင်မလား

 

ရဲ့လော့ယီ မျက်လုံးပြူးသွားသည်။

 

တစ်ဆယ်မီလီယမ်? ဒါက အတော်များတဲ့ငွေလေ!

 

ကျုံချင်းယွီလည်း အံ့ဩသွားသည်။ သူမ ဘရူးစ်ကို အရင်ကပြောထားပြီးသားဖြစ်သည်။ ဝိုင်များသည် မီလီယမ်လောက်သာကုန်ကျမည်ထင်ခဲ့ခြင်းဖြစ်သည်။သူမအတွက် မီလီယမ်လောက်ကတော့ ပြဿနာမရှိပေမဲ့ အခုချက်ချင်းရှင်းပေးဖို့ကျတော့ သူ့မအတွက်အဆင်မပြေလှပေ။

 

ပြီးတော့ အခုကတစ်ဆယ်မီလီယမ်ကြီးများတောင်လေ?

 

ကျုံချင်းယွီလို ချမ်းသာတဲ့လူအတွက်တော့ ဆယ်မီလီယမ်ဆိုတာ စဉ်းစားစရာမလိုပေ။

 

မှန်တယ်မလားယန်ရှီ မျက်ခုံးပင့်ကာ မေးလိုက်သည်။

 

ကျွန်မ ရှင့်ရဲ့ လက်ဆောင်ပေးတဲ့ ထုတ်လွှင့်မှုကိုကြည့်လိုက်တော့ ဝိုင်တစ်ပုလင်းကို ယွမ်တစ်သိန်း တန်တယ်တဲ့၊ ပုလင်းတစ်ရာဆိုတော့ ဆယ်မီလီယမ်လေ၊ ဟုတ်တယ်မလား

 

ထို့နောက် ယန်ရှီ သူမရဲ့ သွားလေးများပေါ်အောင်ပြုံးလိုက်သည်။

 

 “ရပါတယ် မမယီ၊ ဆယ်မီလီယမ်က များလွန်းတယ်ဆိုရင်လည်း လက်ဆောင်ပေးတာကို ဖျက်သိမ်းလိုက်လို့ရတာပဲ၊ လက်ဆောင်တွေက ပို့မှမပို့ရသေးတာ၊ ဘယ်လိုလုပ်မှာလဲ