Chapter 39.1
Viewers 20k


Chapter 39.1



“တောင်ဝယ်ခြင်း”



 

လီဖုန်းက ပေါင်တစ်ဝက်ကျော် အလေးချိန်ရှိသော ငါးနှစ်ကောင်နှင့် ပုဇွန်းအသေးလေးနှစ်ကောင်ကို လက်ထဲမှာကိုင်ဆောင်ကာ ပြန်လာခဲ့သည်။ ထိုနေ့က မင်ကောအာ၏ ခြေထောက်ကြွက်တက်ခြင်းအတွက် သူစိုးရိမ်တာကြောင့် မင်ကောအာအနားယူနေချိန်၌ သူက ဟူလန်ကျုံးဆီ ပြေးသွားခဲ့သည်။ ဟူလန်ကျုံးကတော့ ယခုလိုအချိန်မှာ ကြွက်တက်တာကို ကြီးကြီးမားမားလို့မ​ထင်ချေ။ ညဘက်မှာ တစ်ခါတစ်လေဖြစ်တတ်တယ်လို့ အားလင်းပြောတာကို ကြားခဲ့ရသည်။ သူက နေ့ဘက်မှာစောင့်​ကြည့်နိုင်သော်လည်း ညဘက်မှာ ဘာလုပ်သင့်သနည်း။

 

ဤအရာ​က ကိုယ်ဝန်သည်တွေကြားမှာ ဖြစ်ရိုးဖြစ်စဥ်တစ်ခုလို့ ဟူလန်ကျုံးကပြောခဲ့သည်။ ကုသရန်နည်းလမ်းမရှိပေ။ လုပ်နိုင်သည့်တစ်ခုတည်းသောနည်းလမ်းမှာ အစားအသောက်ကို ဂရုစိုက်ပေးဖို့ဖြစ်၏။ ၎င်းက ဗိုက်ထဲကကလေးနှင့် သူ့အားမူက အစားအစာကို လုနေကြလို့ဖြစ်၏။ ဟူလန်ကျုံးက အစားအသောက်စာရင်းရေးခဲ့ပြီး ကိုယ်ဝန်ဆောင်ကောများ အာရုံစိုက်သင့်သည့် အရာများကိုရှင်းပြခဲ့သည်။

  

“လိမ္မာတဲ့ကောင်လေး၊ မင်းက လူကောင်းတစ်ယောက်ပါ!” သမားတော်ဟူက လီဖုန်းကိုချီးကျုးပြီး ပြောလိုက်သည်။ “မင်​ကောအာ အရင်က ကျန်းမာရေးအတော်ဆိုးရွားခဲ့တယ်။ ပြီးခဲ့တဲ့ခြောက်လလောက်က သူ့ကိုယ်သူ ကောင်းကောင်းပြုစုစောင့်ရှောက်ထားပေမယ့် ပင်ပန်းနွမ်းနယ်မှုတွေကို ခံစားနေရတုန်းပဲ” ဤသည်မှာ သမားတော်ဟူက ကျောက်မိသားစုကို သဘောမကျသော အ​ကြောင်းအရင်းလည်းဖြစ်၏။

 

ဤအချိန်ကာလတွင် မင်ကောအာက အစားအသောက်နဲ့ပတ်သက်ပြီး သူ့ကိုယ်သူ ဆိုးဆိုးရွားရွားဆက်ဆံမှာမဟုတ်ဘူးဆိုတာ လီဖုန်းလည်းသိတာ​ကြောင့် သူက အကောင်းဆုံးသာကြိုးစားနိုင်သည်။ နံရိုးစွပ်ပြုတ်၊ အမဲသားနှင့် ဥများကဲ့သို့ အစားအစာများကို ညစာစားပွဲပေါ်တွင် မကြာခဏတွေ့ရသော်လည်း ငါးမြစ်ချင်းကို စားပွဲပေါ်မှာ တွေ့ရခဲယဥ်းသည်။ လီဖုန်းက သမားတော်နှင့်တိုင်ပင်ပြီး ငါးဖမ်းရန် ရွာအနီးရှိမြစ်တစ်စင်းဆီသွားခဲ့သည်။ ပြန်ရောက်တော့ ပြုတ်တာဖြစ်ဖြစ် ချက်တာဖြစ်ဖြစ် မင်ကောအာ သူ့အစားအသောက်ကို သဘောကျနေတာမြင်ရတော့ စိတ်ချမ်းသာသည်။

 

မင်ကောအာ အထူးတောင်းဆိုခဲ့သော ငါးနှင့်ပုဇွန်လေးများကို လီဖုန်းက အာရုံစိုက်ခဲ့ပြီး ၎င်းက ကျေးဇူးပါးမွှားလေးသာဖြစ်၍ လီဖုန်းက သိပ်ဂရုမစိုက်ပဲ ရည်ရွယ်ချက်ရှိရှိ လျစ်လျူရှုခဲ့လေသည်။

  

“ဟေး… ဖုန်းရှောင်ကျစ်က ငါးဖမ်းလာပြန်ပြီလား” ရွာသားတွေက သူ့ကိုတွေ့တော့ နှုတ်ဆက်လာပြီး သူ့လက်ထဲကငါးကို အပြုံးတစ်ခုဖြင့် ကြည့်လိုက်သည်။

  

“ဟုတ်တယ်… မင်ကောအာက နေမကောင်းဘူးလေ။ ဟူလန်ကျုံးက သူ့ကိုဖြည့်စွက်စာကျွေးဖို့လိုတယ်လို့ ​ပြောခဲ့တယ်” လီဖုန်းက သာမန်ကာလျှံတုံ့ပြန်ခဲ့သည်။ သူက သူ့ကို ကြင်ကြင်နာနာဆက်ဆံသူတွေကို ပြန်တုံ့ပြန်မည်ဖြစ်၏။ သူက အရေးမကြီးသည့်အရာများကို ရင်ထဲမထည့်ထားပေ။

 

မင်ကောအာကလည်း ထိုနည်းအတိုင်းပင်။ သူက အရေးမကြီးသည့် ကိစ္စများကို ရင်ထဲမထားပေ။ မဟုတ်လျှင် သူက စိတ်ပူပြီးမောပန်းနေရလိမ့်မည်။ ဤအချက်မှစတင်၍ သူက စိတ်ရှည်သည့် လူတစ်ဦးဖြစ်ကြောင်းသိနိုင်သည်။

  



“မင်ကောအာက တကယ်ကံကောင်းတာပဲ။ ဒါက ဒုက္ခခံစားရပြီးမှ ကောင်းချီးပေးခံရတယ်လို့ခေါ်တယ်။” သူ့မှာ ရည်ရွယ်ချက်ကောင်းရှိသော်လည်း သူကမနာလိုဖြစ်နေဆဲပင်။ အချိန်တိုအတွင်းမှာ မင်ကောအာက တခြားသူများထက် ပိုကောင်းသောဘဝကို နေထိုင်ခဲ့သည်။ သူက ပိုက်ဆံရှာနိုင်ရုံတင်မကပဲ ယောကျာ်းတစ်ယော​က်ကို သူ့တံခါးဝရောက်လာအောင် လုပ်နိုင်ခဲ့သည်။ ထို့အပြင် သူက ဂရုစိုက်တတ်သော လူတစ်ယောက်ဖြစ်​နေ၍ ယခင်က လီဖုန်း၏ရုပ်ကို လန့်နေကြသော လူတွေကလည်း နောင်တရသွားခဲ့သည်။

  

“မဟုတ်တာ… မင်ကောအာကမှ လူကောင်းတစ်​​​ယောက်ပါ။” လီဖုန်းက အများကြီးမပြောချင်ပေမယ့် သူက မင်ကောအာ ရွာထဲမှာ ချီးကျူးခံရအောင် စကားလုံးတချို့ပြောပေးချင်သည်။

 

လီဖုန်းထွက်သွားတော့ ရွာသားတွေက ပို၍ပင်တက်ကြွစွာ ပြောဆိုနေကြသည်။ လူတစ်ချို့က ဆွေမျိုးများနှင့် စကားများပြီး ကြမ်းတမ်းခက်ထန်သည့် လီဖုန်းကို သဘောမကျခဲ့ပေ။ ရွာသားတွေက သူ့ကို အိမ်ထောက်ဖက်ကောင်းမဖြစ်လောက်ဟု ထင်​မြင်ကြသည်။ သူ သူ့ဦးလေးအပေါ် အကြင်နာမဲ့သည့်အကြောင်းလည်း ရွာထဲမှာ ပျံ့နှံ့နေခဲ့သည်။ 

 

သူရဲ့အဲ့ဒီကြမ်းတမ်းတဲ့ပုံစံနဲ့ အနာဂတ်မှာ သူက သူ့ကောနဲ့ ယောက္ခထီးတွေကို ဘယ်လိုဂရုစိုက်နိုင်မှာလဲ? သူ့ရုပ်ရည်က မဆိုးပေမယ့် ရွာထဲက လူလွတ်​​ကောများကို ထိတ်လန့်စေသည်။ သို့ဖြစ်၍ သူ့နာမည်က အပြင်မှာပိုဆိုးလာသည်။ 

  

“လီစုန့်ကမ်းရဲ့မိသားစုက အခုနောင်တရနေလောက်ပြီ။ သူတို့က သူတို့တူလေးကို ဆင်းရဲတယ်လို့ပြောခဲ့တယ်။ မတွေ့ရတာခဏလေးပဲရှိသေးပေမယ့် သူက မြို့ပေါ်က မြင်းတောင်ဝယ်နိုင်ခဲ့တယ်။ မြင်းက အရမ်းတန်ဖိုးကြီးတယ်လို့ ငါကြားတယ်။ ငွေဒါဇင်ချီတန်တယ်တဲ့!” သူ၏တအံ့တသြလေသံမှာ ငြူစူခြင်းအပြည့်ရှိ၏။ ၎င်းကို ငွေနဲ့လဲလှယ်ပါက မိသားစုတစ်စုအတွက် တစ်သက်လုံးသုံးစွဲဖို့လုံလောက်သည်။ လီစုန့်ကမ်းမိသားစုက အဲ့ဒီပိုက်ဆံတွေအ​ကြောင်းသိသွားရင် ပျော်နိုင်ပါဦးမလား?

  

“အခု အဲ့ဒါတွေက မင်ကောအာအပိုင်ပဲ။ ဆွေမျိုးတွေနဲ့မဆိုင်တော့ဘူး။ အခုကစပြီး ​တခြားသူတွေ သူ့ကို မနာလိုအားကျရမယ့်အချိန်ရောက်ပြီ။” တချို့လူတွေက မင်ကောအာ၏ကောင်းသောနေ့ရက်များ ရောက်လာတော့မည်ထင်နေသည်။

  

“နောင်မှာ မနာလိုသူတွေအများကြီးရှိလာမှာ။ တခြားမိသားစုအကြောင်းမပြောရင်တောင် လီစုန့်ကမ်းက မနာလိုမဖြစ်ပဲနေပါ့မလား?” တစ်စုံတစ်ယောက်က လှောင်ပြောင်လိုက်သည်။

 

လူအများအပြားက ရယ်မောလိုက်ကြပြီး မကြာမီမှာပင် သူတို့က လီစုန့်ကမ်း၏ဇနီးနှင့် သူ့ကောအာလေး လမ်းဆုံမှလျှောက်လာတာကို တွေ့လိုက်ရသည်။ လူတိုင်းက တက်ညီလက်ညီဖြင့် လီဖုန်းက မင်ကောအာအပေါ် ဘယ်လောက်ကောင်း​ကြောင်း ပြောခဲ့ကြသည်။ မင်ကောအာအတွက် ငါးဖမ်းရန် နေ့စဥ်နေ့တိုင်း မြစ်ကိုသွားခဲ့ကြောင်းလည်း ပါဝင်သည်။





ကျောက်တာဟူသာ ယခုရှိနေလျှင် မင်ကောအာက ထိုကောင်းချီးကို ခံစားနိုင်မှာမဟုတ်ပေ။ ကျင်းကျိစားသောက်ဆိုင်မှ လူများက မင်ကောအာကို ငွေအများကြီးပေးခဲ့ကြောင်းလည်း တချို့လူတွေက ပြောနေကြသည်။ ထို့အပြင် ထိုလှည်းကလည်း နေ့တိုင်းရောက်လာတော့ မင်ကောအာက တစ်နှစ်အတွင်း ငွေဘယ်လောက်စုလိုက်နိုင်မလဲ?

 

ထိုလူတွေက သူ့ကိုအရှက်ရစေရန် တမင်တကာပြောနေကြောင်း လီစုန့်ကမ်း၏ဇနီးကသိသည်။ သို့သော် သူတို့ကို ဖြတ်လျှောက်ပြီးနောက် သူ့မျက်နှာပေါ်ရှိ အမူအရာပျက်ယွင်းသွားခဲ့သည်။ သူ့ကောအာ​လေးက ယခုနှစ်တွင် ဆယ့်လေးနှစ်ပြည့်မည်။ အိမ်ထောင်ပြုပေးဖို့ အချိန်ရောက်ပြီဖြစ်၍ လီမိသားစုမှာ သူတို့ကောအာလေးအတွက် မျှော်လင့်ချက်များစွာရှိလေသည်။ ဖျင်ရှန်ရွာတစ်ခုလုံးတွင် သူတို့အိမ်ကကောလောက် ကြည့်ကောင်းပြီး ထူးချွန်းသူမရှိပေ။ နောင်အနာဂတ်မှာ ရွာသားအားလုံး သူ့ကိုခယဝယလုပ်လာစေရန် သူက ချမ်းသာသောမိသားစုတစ်ခုကို ရှာဖို့လို့သည်။

  

“ဖေဖေ…. သူတို့ပြောတာအမှန်ပဲလား? ကျွန်တော့် ဒုတိယဦးလေးက အပြင်မှာ ငွေအများကြီးရခဲ့တာလား?” ကောငယ်လေးက ရွာတွင် သူငယ်ချင်းကောင်းများရှိသည်။ သို့ဖြစ်၍ ထန်ချွန်းမင်နှင့် လီဖုန်းအကြောင်းပြောနေသူများလည်း ရှိခဲ့သည်။ လက်မထပ်ရသေးသော လူလွတ်ကောများက မင်ကောအာကို မကျေနပ်ကြပေ။ ကလေးနှစ်ယော​က်ရှိသည့် မုဆိုးဖိုက အင်မတန်အရှက်မဲ့ပြီး ရွာထဲက လူပျိုယောကျာ်းများနှင့်ပင် ပတ်သက်ရဲသေးသည်။

 

မတိုင်ခင်က လူပျိုကောလေးများက လီဖုန်းကို သဘောမကျခဲ့ပေ။ ထိုလူမှာ ​ကြောက်စရာကောင်းသော ရုပ်ရည်ရှိလို့ဖြစ်၏။ သူတို့ သူ့ကိုမကြိုက်ပေမယ့်လည်း သူ မုဆိုးဖိုကိုကြိုက်တာတော့ သူတို့လက်မခံနိုင်ပေ။

  

“ဘာ! ဘာဒုတိယဦးလေးလဲ? သူက ငါတို့​ကို ဆွေမျိုးလို့ သတ်မှတ်ထားတာမဟုတ်ဘူး။ ငါတို့က ဘာလို့ သူ့ဆီသွားပြီး ကိုယ့်အရှက်ကိုယ်ခွဲရမှာလဲ?” လီစုန့်ကမ်း၏ဇနီးက ထိုအကြောင်းတွေးကာ ဒေါသထွက်လာသည်။ လီဖုန်း သူတို့​ဆီက မြေနဲ့အိမ်ပြန်ယူသွားချိန်မှာ သူအိပ်ရာထဲလဲသွားခဲ့သည်။ သူ ပြန်ထလာနိုင်သည့်အခါ သူက ရွာအတွင်းအပြင်၌ သူ့တူလေး၏ မကောင်းသတင်းများကို ဖြန့်ခဲ့သည်။ အဆုံးမှာ ဘယ်​ကောကမှ သူ့ကို လက်မထပ်ချင်ပဲ တစ်သက်လုံးလူပျိုလုပ်ရတော့မယ်လို့ ထင်ခဲ့သည်။ ဒါကြောင့် အနာဂတ်မှာ ကလေးမွေးစားလျှင်ပင် မိသားစုပိုင်ဆိုင်မှုများက သူတို့လက်ထဲပြန်ရောက်လာပြီဖြစ်သည်။

 

သူ ထိုမြင်းကိုတွေဖို့ မြို့ပေါ်ကိုတောင် သွားခဲ့သည်။ မြင်းကောင်းတစ်ကောင်ကို ငွေဆယ့်နှစ်ပြားနဲ့တောင် ဝယ်လို့မရဘူးလို့ ဆိုကြသည်။ ထိုအမျိုးအစားက ဘယ်လောက်ကျလဲ စုံစမ်းပြီးနောက် သူ မြို့ပေါ်သွားကာ ချက်ချင်းရောင်းစားလိုက်ချင်မိသည်။



အရာအားလုံးက ထိုလူယုတ်မာကြောင့်ဖြစ်၏။ သူက ထိုအကြောင်းကို တမင်တကာဖုံးကွယ်ထားပြီး ဆင်းရဲချင်ယောင်ဆောင်ခဲ့သည်။ ရွာထဲကလူများကို သူ့ဘက်အပါအခေါ်ကာ ဘယ်သူကမှ သူတို့မိသားစုအတွက် မပြောပေးခဲ့ပေ။ သူ့မှာပိုက်ဆံရှိတာတောင် သူက အိမ်နဲ့​​မြေကို မိသားစုဆီက ပြန်ယူခဲ့သေးသည်။ သူ့စိတ်ဓာတ်က ပုပ်သိုးနေတာဖြစ်၏။

 

ကောအာလေးကလည်း သူတို့မိသားစုကို စိတ်ညစ်အောင်လုပ်ခဲ့သည့် ဒုတိယဦးလေးကို အပြစ်တင်ခဲ့သည်။ အကြီးဆုံးအစ်ကိုကြီး၏ ကလေးပြန်ရောက်လာပြီးနောက် မိသားစုက နေ့စဥ်နေ့​တိုင်း ပြဿနာတက်ခဲ့ပြီး သူ့ဘဝက မလွယ်ကူခဲ့ပေ။ သူက သူ့ကိုနေ့တိုင်းစောင့်ကြည့်ပြီး သူ့နောက်လိုက်ဖို့ လူလွှတ်ခဲ့သည်။ 



  

“ဖေဖေ .. လွတ်ထားလိုက်ပါ။ ဒုတိယဦးလေးက ကျွန်တော်တို့မိသားစုကို အများကြီးဒုက္ခပေးထားတာ။ ဖေဖေလက်ခံမှာလား?” ကောငယ်လေးက အကြံတစ်ခုရသွားကာပြောလိုက်သည်။ “တစ်ခုခုလုပ်ချင်ရင်တော့ မျိုးနွယ်စုအကြီးအကဲကို ထွက်​ပြောခိုင်းလိုက်ပါ။ ဒုတိယဦးလေးပြန်ရောက်တော့ သူက သူ့မှာငွေမရှိဘူးပြောလို့ မျိုးနွယ်စုအကြီးအကဲက အိမ်နဲ့မြေကိုပေးလိုက်တာမလား။ အခု သူက တခြားသူတွေကို ထောက်ပံ့နေတော့ ကျွန်တော်တို့မိသားစုရဲ့ မျက်နှာကို ဘယ်သွားထားရမလဲ?”

  

“ဟုတ်တယ်။ သူ့ဘက်က ယုတ််မာနေတော့ ငါတို့လည်း မိသားစုနှောင်ကြိုးကို ထည့်မတွက်တော့ဘူး။ မင်းအိမ်ပြန်လိုက်။ ငါက မျိုးနွယ်စုအကြီးအကဲတွေကို တရားမျှတမှုတောင်းခံဖို့ သွားခေါ်လာမယ်။” လီစုန့်ကမ်း၏ဇနီးက သူ့ကောလေး၏စကားကို လက်ခံခဲ့သည်။

 



လီဖုန်းက ငါးကိုအိမ်ပြန်သယ်သွားခဲ့သည်။ သူအတွက် မင်ကောအာရှိသည့်နေရာက သူ့အိမ်ဖြစ်သည်။ သူ့အိမ်က သူ့မိဘတွေနေသွားဖူးသည့် နေရာဖြစ်သော်လည်း အိမ်ကြီးက ငါးနှစ်အတွင်းမှာ ပျက်စီးလာခဲ့သည်။ မကြာသေးခင်က ပြုပြင်မွမ်းမံမှုက ထိုအငွေ့အသက်များကို ပျောက်ကွယ်လုနီးပါးဖြစ်စေခဲ့သည်။ ယွိမုရှိနေတုန်းကလည်း သူထိုနေရာ၌ အထီးကျန်နေခဲ့သည်။ သို့ပေမယ့် ယခုအခါ မင်ကောအာ၏ အသက်ဝင်သောအပြုံးကို နေ့တိုင်းမြင်နေရတာကြောင့် သူက အားအင်ပြည့်နေသလို ခံစားရသည်။

  

“မင်ကောအာ… ကိုယ်ပြန်လာပြီ။” ခြံဝင်းထဲဝင်သွားပြီးနောက် လီဖုန်းက အိမ်ထဲကလူတွေကို ကျယ်လောင်စွာနှုတ်ဆက်လိုက်သည်။ ခဏကြာတော့ အကြီးလေးနဲ့ အငယ်လေးက အိမ်ထဲမှထွက်လာကာ သူ့ကိုနှုတ်ဆက်ခဲ့သည်။ လီဖုန်းက အားလင်းကို လက်တစ်ဖက်နဲ့ကိုင်ထားပြီး တစ်ဖက်မှာတော့ ခြင်းတောင်းကိုင်ထားသည်။ သူက မင်ကောအာကို ငါးတွေပေးလိုက်သည်။ “ဂရုစိုက်ဦး​…. ငါးရေမစင်စေနဲ့။” ငါးကရှင်နေသေးသည်။ သူ၏ ကြမ်းတမ်းသော အချက်အပြုတ်စွမ်းရည်​ကြောင့်သာမဟုတ်လျှင် သူက မီးဖိုချောင်မှာ အမှုထမ်း​ပေးလိုက်မှာဖြစ်၏။

  

“သိပါတယ်… ခင်ဗျားလည်းလက်ဆေးလိုက်ဦး။ အားလင်းကို ငါးညှီနံ့မကူးအောင်။” ထန်ချွန်းမင်က ငါးကိုကိုင်ကာ မီးဖိုချောင်ထဲထွက်သွားခဲ့သည်။

  

“အင်းပါ…” လီဖုန်းက နောက်ကနေကျယ်လောင်စွာ တုံ့ပြန်လိုက်သည်။

  

“ဦးလေးဖုန်း… မြင်းစီးရအောင်…” အားလင်းက ငါးအနံ့ရှိမရှိစိတ်မဝင်စား။ ဦးလေးဖုန်းပြန်လာမှ သူမြင်းစီးနိုင်တာဖြစ်၏။

  

“အားလင်းက မြင်းပုလေးအရင်စီးနှင့်မလား? တာမောင်းနဲ့အာမောင်း အိမ်စာလုပ်ပြီးမှ မြင်းသွားစီးမယ်လေ?” လီဖုန်းက သူနဲ့အတူဆွေးနွေးလိုက်သည်။

  

“ကောင်းပြီ… ကျွန်တော် တာမောင်းနဲ့ အာမောင်းကို စောင့်လိုက်မယ်။” အားလင်းက အကြောင်းပြချက်ကို နားလည်သည်။ မဟုတ်ရင် တာမောင်းနှင့် အာမောင်းက ဝမ်းနည်းသွားလိမ့်မည်။ ထို့​နောက် သူက ကွင်းထဲမှ အော်ပြေးသွားသည်။ “ ရှောင်သိုက်… ငါ့​နောက်လိုက်ခဲ့။ မြင်းပုသွားစီးမယ်။” ရှောင်သိုက်က သူ့နောက်လိုက်သွားပြီး ရှောင်ဟေးက ဥယျာဥ်ကိုလည်ပတ်ဖို့ ရှောင်ဟွာနောက်ကိုလိုက်သွားသည်။