Chapter 54.1
Viewers 21k

Chapter 54.1


“ဝန်ခံခြင်း”



 

ရုတ်တရက် တစ်စုံတစ်ယောက်၏ ပွေ့ဖက်ခြင်းကိုခံရပြီး သူ့ကိုဖက်ထားသူ၏ တင်းမာမှုကို သတိပြုမိသောအခါ ထန်ချွန်းမင်က တစ်စုံတစ်ခုမှားယွင်းနေကြောင်း သဘောပေါက်ခဲ့သည်။ 

 



သူက ယခုလေးတင် နေရာလွတ်ထဲမှထွက်လာတာဖြစ်၏!

 

သူက လီဖုန်းရဲ့နှာခေါင်းအောက်တည့်တည့်ကနေ ပေါ်လာတာ!

 





သူက သူ့ပတ်ဝန်းကျင်ရှိ တခြားလူတွေအကြောင်း ရှင်းရှင်းလင်းလင်းမသိပေမယ့် လီဖုန်း၏ခံစားချက်ကို အဆုံးအဖြတ်ပေးတာကတော့ အမြဲတမ်းတိကျခဲ့သည်။ ဤအမှောင်ခန်းထဲတွင် သူသည် လီဖုန်း၏နက်မှောင်သော မျက်လုံးထဲမှ စိုးရိမ်ကြောက်လန့်မှုနှင့် ထိတ်လန့်မှုတို့ကို မြင်နိုင်သည်။ 

      သူ့စိတ်ထဲမှာ စိုးရိမ်နေတာတွေ မရှိတော့ပေ။ သူက တစ်ဘဝလုံးကို ဤလူနဲ့ဖြတ်သန်းဖို့ ဆုံးဖြတ်ခဲ့ပြီးပြီဖြစ်၍ ဝန်ခံဖို့စီစဥ်ခဲ့သည်။



 



ဤလူက ရှားပါးသော လူကောင်းတစ်​ယောက်ဖြစ်ပြီး သူက သူနဲ့ဆုံခွင့်ရတာကံကောင်းသည်။

  

“မလန့်ပါနဲ့။ ကျွန်တော် အကုန်ပြောပြမယ်။ ဒါ ခင်ဗျားအမြဲတမ်းသိချင်ခဲ့တာမလား? အားလင်းကိုချီလိုက်၊ ကျွန်တော်ခင်ဗျားကို တစ်နေရာ​ခေါ်သွားမယ်။ ဟိုရောက်ရင် ခင်ဗျားအကုန်သိလိမ့်မယ်။” ထန်ချွန်းမင်က လီဖုန်း၏လက်ကိုဆွဲကာ လွှတ်မပေးခဲ့ပေ။

 

လီဖုန်း၏မျက်လုံးက ထန်ချွန်းမင်ထက် အမှောင်ထုနဲ့ လိုက်လျောညီထွေရှိသည်။ သူ့ရင်ခွင်ထဲကလူကို အထပ်ထပ်အခါခါကြည့်လိုက်တော့ သူ့မျက်လုံးထဲက ထိတ်လန်ံမှုက ဖြည်းဖြည်းချင်းပျောက်ကွယ်သွားသည်။

     

သူဝင်လာသည့်အချိန် ခန်းကုတင်ပေါ်မှာ တစ်ယောက်မှာမရှိတာကိုတွေ့တော့ သူဘယ်လိုခံစားရလဲ ဘယ်သူမှမသိနိုင်ပေ။ ထိုအခိုက်အတန့်သည် သူ့ဦးလေး၏မိသားစုက သူ့ကို ဘယ်သူမှမသိသည့် ထူးဆန်းသည့်နေရာသို့ ပစ်ချလိုက်သည့်အချိန်ကို ပြန်ရောက်သွားသလိုပင်။ သူက အကူအညီ​တောင်းလို့ရမည့် လူမရှိသလို ထိတ်လန့်နေခဲ့သည်။



     

မင်ကောအာ ကလေးနဲ့အတူ ပေါ်မလာခင်တွင် သူက အိမ်တစ်အိမ်လုံးကို ပတ်ရှာခဲ့သည်။ ခွေး၊မြင်းနှင့်ဘဲများက သူ့ကို သခင်လို့သတ်မှတ်ထား၍ ညသန်းခေါင်တွင် နိုးမလာခဲ့ပေ။ မဟုတ်ပါက သူတို့က အားလုံးကို သတိပေးလိုက်မှာဖြစ်သည်။

 





လီဖုန်းက စကားတစ်ခွန်းမှမပြောပဲ သူ့ကိုကြည့်နေခဲ့သည်။ “ကောင်းပြီ”

 

အရင်တုန်းက မင်ကာအာမှာ လျှို့ဝှက်ချက်ရှိနေတာကို သူဂရုမစိုက်ဘူးလို့ပြောခဲ့သည်။ မင်ကောအာက သူ့နှလုံးသားကိုဖွင့်ပေးပြီး သူ့ကိုဝန်ခံဖို့ဆန္ဒရှိသည့်အချိန်အထိ သူက မင်ကောအာ၏လျှို့ဝှက်ချက်ကို လျှို့ဝှက်ပေးလို့ရသည်။ သို့သော် ယခုလေးတင်ဖြစ်သွားခဲ့​တာကြောင့် သူ့မူလစိတ်ကူးကို ဆွဲကိုင်မထားနိုင်တော့ပေ။ အကြောင်းမှာ ဤလျှို့ဝှက်ချက်က သူကိုင်တွယ်နိုင်တာထက် ကျော်လွန်နေသည်။

     

မင်ကောအာ၏လျှို့ဝှက်ချက်ကို ထိန်းသိမ်းဖို့ဆန္ဒရှိတာက သူ့ရှေ့ကနေ မင်​ကောအာပျောက်ကွယ်သွားပြီး ဘယ်မှာရှာရမလဲမသိသည်အထိ ဖြစ်လို့ရတယ်လို့ မဆိုလိုပေ။

 

ဤတစ်ကြိမ်မှာ မင်ကောအာ အားလင်းကို ​ခေါ်ဆောင်သွားခြင်းသည် ယခုနကလို အဖြစ်အပျက်မျိုး ထပ်ဖြစ်မှာ​ကြောက်၍ဖြစ်သည်။ အားလင်းက နေရာလွတ်၏တည်ရှိမှုကိုသိသော်လည်း ညလယ်မှာနိုးလာပြီး သူ့အားမူပျောက်သွားလျှင် သူမငိုဘူးလို့ အာမခံချက်မရှိပေ။

 

ညသန်းခေါင်တွင် အားစန်းငိုလို့ သိုးနို့တိုက်ကျွေးဖို့ လိုအပ်သည့်အချိန်မှလွဲ၍ လီဖုန်းက ပုံမှန်အားဖြင့် သတ်မှတ်ထားသည့်အချိန်မှ လာလေ့ရှိသည်။ ထို့ကြောင့် ထန်ချွန်းမင်က အားစန်းကိုခေါ်ပြီး နေရာလွတ်ထဲသို့ စောစောဝင်ကာ ခဏလောက်အလုပ်များနေလေသည်။ လီဖုန်းရောက်လာမယ်လို့ ဘယ်သူကထင်မှာလဲ?

 

သို့သော် တစ်ချိန်တည်းမှာပင် ထန်ချွန်းမင်က စိတ်သက်သာရာရသွားသည်။ သူသည် ဤလူအားဝန်ခံရန် အကောင်းဆုံးအခွင့်အရေးကို စောင့်နေတာဖြစ်ပြီး ယခုက အကောင်းဆုံးအချိန်ဖြစ်သည်။

 





လီဖုန်းက အားလင်းကို လက်တစ်ဖက်ဖြင့် စောင့်ပတ်ပေးကာ တစ်ဖက်ဖြင့် ထန်ချွန်းမင်၏လက်ကိုကိုင်ထားသည်။ သူက ထန်ချွန်းမင် ထပ်ပျောက်သွားမှာ စိုးရိမ်နေသည်။ ထန်ချွန်းမင်က ထိုလူ၏အာရုံကြောများ ပြောလျော့စေရန် ပြုံးပြလိုက်ပြီး မျက်စိတစ်မှိတ်အတွင်း သူ့ကို နေရာလွတ်ထဲခေါ်လာခဲ့သည်။

     

နေရာလွတ်က လူတွေကိုခေါ်လို့ရသည်။ သူအရင်ဘဝတွင် သူ့မှာထိုစွမ်းအင်ရှိမှန်း သတိမပြုမိခဲ့၍ စမ်းသပ်စစ်ဆေးရန် အခွင့်အရေးမရှိသော်လည်း ဤဘဝတွင် အားလင်းကိုအကြိမ်ပေါင်းများစွာ ခေါ်ဆောင်လာလို့ရတာ​ကြောင့် လီဖုန်းကိုခေါ်သွားလို့ရမယ်လို့ သူ့မှာယုံကြည်မှုရှိသည်။

 

သို့ဖြစ်၍ လီဖုန်းက သူ့အသိဉာဏ်အားလုံးကို လွှမ်းမိုးသွားစေမည့် စွန့်စားခန်းတစ်ခုကို စတင်ခဲ့လေသည်။

 

သူက မှိန်ဖျော့သောနေရာမှ ​တောက်ပသောနေရာသို့ ရုတ်တရက်ဝင်ရောက်လာခဲ့သည်။ သူ အားလင်းနှင့် မင်ကောအာကို တစ်ဖက်စီ တင်းတင်းကြပ်ကြပ်မကိုင်ထားလျှင် သူအိပ်မက်မက်နေသည်ဟု သံသယဖြစ်ပြီး သူမြင်သမျှအားလုံးက အစစ်အမှန်မဟုတ်ဘူးလို့ ထင်နေလိမ့်မည်။

  



“ကျွန်တော်နဲ့အရင်လိုက်ခဲ့ပါ။ ကလေးတွေကို အိမ်ထဲထည့်ပြီး အိပ်ခိုင်းထားလိုက်မယ်။” သူက လီဖုန်း၏လက်ကိုဆွဲကာ သစ်သားအိမ်ဆီသို့ လျှောက်သွားလိုက်သည်။ သူက ရှင်းပြဖို့ အလျင်လိုမနေပေ။



   

သူတို့အထဲရောက်နေပြီမို့ အနှီလူနားလည်လက်ခံလာစေရန် စကားပြောဖို့ အချိန်အများကြီးရှိသည်။ လူတိုင်းက သူတို့ရှေ့ရှိ မယုံနိုင်စရာကောင်းသော ကိစ္စများကို မြန်မြန်လက်မခံနိုင်ကြပေ။

 

လီဖုန်းက သူ့ရှေ့ကဦးဆောင်နေသော မင်ကောအာကို ကြောင်တက်တက်ကြည့်နေပြီး သူထပ်မပျောက်သွားအောင် စစ်ဆေးနေသည်။ သူက သူ့ပတ်ဝန်းကျင်အခြေအနေကို လှည့်ကြည့်လိုက်ပြီး မင်ကောအာနဲ့ပတ်သက်သည့် မူမမှန်မှုအကြောင်းကို တွေးလိုက်သည်။ သူ ဤနေရာမှာ အဖြေရှာလို့ရမှာကိုသိတော့ သူ့စိတ်ကပြေလျော့သွားခဲ့သည်။

 

သူ့ကြည့်ရတာ ထန်ချွန်းမင်ထင်တာထက်ပင် အဖြစ်မှန်ကို ပိုလျင်မြန်စွာ လက်ခံနိုင်ပုံရသည်။

 

သူ့​ခြေအောက်မှာ အနက်ရောင်​မြေဆီလွှာရှိပြီး ၎င်းက မြေသြဇာဖြစ်ရမည်။ ဒါကြောင့် မြေဆီလွာပေါ်မှာ ပေါက်နေသည့်အရာအားလုံးက စိမ်းလန်းစိုပြေပြီး ရာသီကိုဆန့်ကျင်ကာ ​ကြီးထွားလာတာဖြစ်ပေမည်။



ဘယ်ဘက်မှာ ကုန်းစောင်းတွေရှိပြီး တချို့က တရွေ့ရွေ့နဲ့ ဖရိုဖရဲတွေဖြစ်နေသည်။ ၎င်းက ပိုင်ရှင်၏ပျင်းရိမှုနှင့် မြေယာကိုကောင်းမွန်စွာ မထိန်းသိမ်းနိုင်ခြင်း၏ ရလဒ်ဖြစ်သည်။ ယင်းက မင်ကောအာ၏ စိတ်နေစိတ်ထားနှင့် အလွန်တူသည်။ မတူညီသော ဟင်းသီးဟင်းရွက်များက အတူတူကြီးထွားနေပြီီး သူမမှတ်မိသော အမျိုးအစားတွေလည်းရှိသည်။

    



မင်ကောအာက သူ့ကို​ခေါ်လာပြီး အဖြေကိုသေချာပေါက်ပေးမှာဖြစ်၍ သူစိတ်မပူပေ။

 

ညဘက်ခြမ်းတွင် သီးပင်စားပင်တန်းများနှင့် ရေကန်တစ်ခုရှိသည်။ ရေကန်ထဲမှာ ငါးတွေခုန်ပေါက်နေသည်။ 

      

ဤသည်မှာ မင်ကောအာဖမ်းခိုင်းခဲ့သည့် ငါးနှင့်ပုဇွန်လေးများကို သတိရစေသည်။ သူတို့ဘယ်ကိုရောက်သွားလဲလို့ သူသိချင်ခဲ့ပေမယ့် သူက တမင်တကာ လျစ်လျူရှုပြီး မင်ကောအာအတွက် ဆင်ခြေတစ်ခုလုပ်ပေးခဲ့သည်။ ယင်းမှာ ကြက်နှင့် ဘဲများကို အစာကျွေးခြင်းဖြစ်သည်။ သို့သော် ယခုမူ ​ငါးလေးနဲ့ပုဇွန်းလေးများကို ကြက်နှင့်ဘဲများက စားခဲ့တာမဟုတ်ပဲ ဤနေရာမှာ ယူမွေးခဲ့တာဖြစ်သည်ဟု သူ့ရှေ့ရှိရေကန်က ပြောပြနေသည်။

 

အဖြေကိုခန့်မှန်းမိတာကြောင့် လီဖုန်း၏နှုတ်ခမ်း​ထောင့်များ အနည်းငယ်တွန့်ကွေးသွားပြီး သူက သီးပင်များကို မော့ကြည့်လိုက်သည်။ ပျိုးပင်အဆင့်တွင်ရှိနေသော အသီးအနှံများကို ထည့်မတွက်လျှင်ပင် ပွင့်နေသောအသီးများက လီဖုန်းကို အလွန်အမင်း အံ့အားသင့်စေသည်။

        

လက်ဝဲဘက်ရှိ ဟင်းသီးဟင်းရွက်များကဲ့သို့ပင် ဟိုဘက်ကမ်းရှိ အကိုင်းအခက်များတွင် လေးလံသောအသီးနှံများက တွဲလောင်းကျနေပြီး ဤဘက်ခြမ်းရှိ အကိုင်းအခက်များတွင် အပွင့်ဖူးများပွင့်နေသည်။ မတူညီသော ရာသီ၌ တူညီသောသီးပင်များတွင် ဤအခြေအနေဖြစ်ပေါ်သ​ည်။

 

ဒီနေရာမှာ ဒဏ္ဍာရီလာနတ်ဘုရားတွေ နေထိုင်တာလား? လီဖုန်း၏စိတ်ထဲတွင် အတွေးတစ်ခုပေါ်လာသည်။ သူသည် တခြားသင့်လျော်သောအဖြေကို ရှာမတွေ့ပေ။

 

သူတို့သစ်သားအိမ်ကိုရောက်တော့ ထန်ချွန်းမင်က ကလေးကို စားပွဲပေါ်တင်လိုက်သည်။ ထိုအချိန်မှာ မိနစ်အနည်းငယ်သာကြာသေးသည်။ သူက အနည်းငယ်ရွှင်မြူးနေပြီး အားလင်းကို စားပွဲပေါ်ချပေးရန် လီဖုန်းအားအချက်ပြလိုက်သည်။ သို့မှ သူတို့အပြင်ထွက်၍ စကားပြောနိုင်မည်ဖြစ်သည်။

  

 

လီဖုန်းက ထန်ချွန်းမင်ထက် ပိုသတိထားသည်။ သူက ကလေးနှစ်​ယောက်ကို အလယ်တွင်ထားကာ မတော်တဆမြေပေါ်သို့ လိမ့်ကျခြင်းမှကာကွယ်ရန် စောင်ထောင့်များကို ဖုံးထားသည်။ ထို့နောက် သူက ထန်ချွန်းမင်၏လက်ကိုကိုင်ကာ အိမ်ပြင်ထွက်သွားခဲ့သည်။