Chapter 58.2
Viewers 21k

Chapter 58.2



နောက်တစ်နေ့တွင် ထန်ချွန်းမင်က စွင်းကောအာနှင့် သူ့သားလေးကို နောက်တစ်ကြိမ် တွေ့ဆုံခဲ့ရသည်။ စွင်းကောအာက သူ့သားကိုတောင်းပန်ခိုင်းမလို့ ခေါ်လာတာဖြစ်၏။


“မင်ကောအာ.. ငါတောင်းပန်ပါတယ်။ ကလေးက အဖေမရှိပဲ ကြီးပြင်းခဲ့ရလို့ ငါအလိုလိုက်ထားခဲ့တာ။ မနေ့က အိမ်ပြန်ရောက်တော့ ငါသူ့ကိုဆူခဲ့တယ်။ သူအခု မှားမှန်းသိပါပြီ။ ကုံးတန့်.. မင်အားမော့နှင့် လင်းကောအာကို အမြန်တောင်းပန်လိုက်လေ။ မင်းကအကြီးဖြစ်ပြီး အငယ်ဖြစ်သူကို ထပ်အနိုင်ကျင့်ရင် နောက်ဆို ဘယ်သူက မင်းနဲ့ကစားတော့မှာလဲ?”


ထန်ချွန်းမင်က ထိုသားအဖနှင့်ပတ်သက်ပြီး စိတ်မရှည်ပေ။ သူရှေ့က ခြောက်နှစ်သားကလေးကို ကြည့်လိုက်​တော့ သူ၏မျက်လုံးထဲက ခေါင်းမာမှုကို အထင်းသားမြင်​နေရသည်။ သူ့ကိုလာတောင်းပန်ဖို့ စွင်းကောအာက သူ့ကလေးကို ဘယ်လိုဖျောင်းဖျခဲ့လဲ မသိပေမယ့် ထိုကလေးက သူ့အမှားကိုမသိသေးမှန်း ထန်ချွန်းမင် သိလိုက်ရသည်။ အတူကစားမယ်? ထိုကလေးမျိုးက အားလင်းနှင့်ကစားဖို့ အိပ်မက်မက်ခွင့်ပင် ရှိမည်မဟုတ်ပေ။

ရှန်းဖူလန်က ကလေးများကြား ပဋိပက္ခဖြစ်ခဲ့သည်ကို ကြားသိခဲ့သဖြင့် မနက်စောစောတွင် အားလင်းကိုလာတွေ့ခဲ့သည်။ သူဟာ လိမ္မာရေးခြားရှိသော ကောအာလေးကို သဘောကျပြီး ထိုကလေး ပြင်းပြင်းထန်ထန် အနိုင်ကျင့်ခံရမှာကို စိုးရိမ်ခဲ့သည်။ စွင်းကောအာ ရောက်နေစဥ်မှာပဲ သူရောက်လာခဲ့ပြီး မင်ကောအာ မပြောနိုင်ခဲ့သည့်စကားကို သူပြောလိုက်လေသည်။ “ငါတို့အားလုံးက ကလေးတွေရဲ့ဖေဖေပါ။ ငါတို့ကလေးတွေ အနိုင်ကျင့်ခံရတာကို ဘယ်သူမှမမြင်ချင်ကြဘူး။ အထူးသဖြင့် အားလင်းက ကောဖြစ်နေလို့ ချင်ကုံးတန့်က ​နောက်နောင်ဒီလိုထပ်မလုပ်နဲ့။ ယောကျာ်းတစ်ယောက်ရဲ့ အခန်းကဏ္ဍက ကောတွေကို ကာကွယ်ဖို့ဖြစ်ရမှာ။”


ချင်ကုံးတန့်က ရုတ်တရက်ခေါင်းမော့လာပြီး မေးလိုက်သည်။ “သား​တောင်းပန်ရင် မြင်းပေါက်လေးနဲ့ ဆော့လို့ရမှာလား?”



ရှန်းဖူလန်က စွင်းကောအာကို ကြည့်လိုက်သည်။ သူက ဒီကလေးကိုဘာပြောထားတာလဲ? ​တောင်းပန်ရင် မြင်းပေါက်လေးနဲ့ ကစားလို့ရမယ်လို့ ကတိပေးထားတာလား? စွင်းကောအာက သူ့ကလေးကို စိုက်ကြည့်လိုက်သည်။ အိမ်မှာပြောထားရဲ့သားနဲ့ ဘာလို့ စိတ်ပြောင်းသွားတာလဲ?


ရှန်းဖူလန်က မေးလိုက်သည်။ “မင်း မြင်းပေါက်လေးနဲ့ ကစားလို့မရရင် မတောင်းပန်ဘူးဆိုတဲ့ သဘောလား?”


“အဲ့လိုမဟုတ်ပါဘူး..” စွင်းကောအာက သူ့သားအတွက် ရှင်းပြပေးဖို့ ကတိုက်ကရိုက်ကြိုးစားခဲ့သည်။


“သား ဘာလို့ကစားလို့မရတာလဲ? ဘာအမှားမှလည်း မလုပ်ပဲနဲ့!” ချင်ကုံးတန့်က သူ့အားမူမပြောခင် ဖြတ်ပြောလိုက်သည်။.


ထန်ချွန်းမင်က ဒေါသဖြင့် ရယ်မောလိုက်သည်။ “ဒီတော့ ဒါက တောင်းပန်တဲ့ပုံစံလား? ငါ့မိသားစုက အပြစ်ရှိတာလား? ငါ့ကလေးတွေက သူတို့ပိုင်တဲ့တောင်ပေါ်မှာ ကစားနေတာကို ပြဿနာအရှာခံခဲ့ရတာလေ။ ငါ ငွေဆယ့်နှစ်ပြားတန် မြင်းပေါက်လေးကိုဝယ်ခဲ့တာ တ​ခြားသူကို ရိုက်ခွင့်ပေးဖို့လား? ထားလိုက်တော့.. စိတ်ရင်းနဲ့ မတောင်းပန်ချင်တဲ့ မင်းကလေးကို ထပ်ခေါ်မလာနဲ့။ မသိရင် ငါတို့က အနိုင်ကျင့်နေသလိုပဲ။ ငါ တ​ခြားသူတွေရဲ့ကလေးကို မထိန်းချုပ်နိုင်ပေမယ့် ငါ့ကလေးတွေကိုတော့ ဘယ်သူနဲ့ပေါင်းသင်းရမလဲဆိုတာ ဆုံးဖြတ်ပေးလို့ရတယ်။”


ထိုသို့ပြောပြီး​နောက် ထန်ချွန်းမင်က ငိုတော့မည့်ပုံပေါ်သည့် စွင်းကောအာကို လှည့်မကြည့်ပဲ အိမ်ထဲဝင်သွားခဲ့သည်။



“ရှန်းဖူလန်… ကျွန်တော် ..အဲ့လိုဆိုလိုတာမဟုတ်ဘူး.. အားလုံးက ကျွန်တော့်အပြစ်ပါ။” နီရဲနေသော မျက်လုံးများရှိသည့် စွင်းကောအာက သူ့ကိုယ်သူကာကွယ်ဖို့ ကြိုးစားလိုက်သည်။



“ဒါဆို မင်းက မင်ကောအာကို ဘာလုပ်စေချင်တာလဲ?” ရှန်းဖူလန်က စိတ်ပျက်လက်ပျက် ​ပြောလိုက်သည်။ “မင်းရဲ့သားကို သူတို့မိသားစုရဲ့မြင်းနဲ့ ကစားခွင့်ပေးရမှာလား? မင်းရဲ့သားကို အရင်ဆုံး သေချာသွန်သင်ဆုံးမလိုက်ပါဦး။ မဟုတ်ရင် မွေးမြူရေးတိရစ္ဆာန်ရှိတဲ့ ရွာသားတွေက မင်းရဲ့ကလေးကို ခပ်ဝေးဝေးနေခိုင်းလိမ့်မယ်။” ရွာလူကြီး၏ဇနီးတစ်ယောက်အနေဖြင့် ရှန်းဖူလန်က ယဥ်ကျေးမနေပေ။ သူ့မျက်လုံးထဲတွင် ၎င်းက ကလေးကို ကောင်းကောင်းသွန်သင်မဆုံးမခဲ့သည့် လူကြီးတွေရဲ့အပြစ်ဖြစ်သည်။



“လူဆိုးတွေ! ခင်ဗျားတို့က လူဆိုးတွေ! ငါ့ကို ကစားခွင့်မပြုလို့ လူဆိုးပဲ! ငါ့အမေကိုဆူတဲ့အတွက်လည်း လူဆိုးပဲ!” မထင်မှတ်ထားသည်မှာ ထိုကလေးက သူတို့ဘေးမှ ရုတ်တရက်ခုန်ထွက်လာပြီး ရှန်းဖူလန်ကို တံတွေးထွေးကာ ကျိန်ဆဲတော့သည်။ သူ၏ရန်လိုနေသော အပြုအမူကြောင့် ရှန်းဖူလန်က သူ့ကို ရိုက်ချင်သွားခဲ့သည်။

စွင်းကောအာက သူ့သားကို အမြန်ဆွဲ​ကာ ပြောလိုက်ရသည်။ “တောင်းပန်ပါတယ်….ရှန်းဖူလန်.. သူကငယ်သေးလို့ပါ။ ကျွန်တော် သူ့ကို အိမ်မှာ နားဝင်အောင် ဆုံးမလိုက်ပါ့မယ်။… သူ့အဖေ စောစောဆုံးသွားတာ ကျွန်တော့်အပြစ်ပါ။ ကုံးတန့်.. ပြဿနာမလုပ်နဲ့တော့…”


ရှန်းဖူလန်က တံထွေးစိုနေသော သူ့အဝတ်အစားကို ရွံရှာသလိုကြည့်ကာ ဒေါသတ​ကြီး​​ပြောလိုက်သည်။ “ဘယ်လိုလူစားမျိုးတွေလဲ? ကလေးကို ဒီလိုပျိုးထောင်ခဲ့တာကို ငါတို့က ဘာမှမပြောရဘူးလား? ငါတို့ရွာမှာ ဒီလိုကလေးမျိုးမရှိ​ပါဘူး။ ချင်မိသားစုက သူ့ကို အမြန်ထွက်သွားစေချင်တာလည်း မဆန်းတော့ပါဘူး။” ရှန်းဖူလန်က သန့်ရှင်းရေးလုပ်ဖို့ ထန်ချွန်းမင်ထံမှ ဘရက်ရှ်နှင့် ရေတောင်းလိုက်ပြီး အိမ်ပြန်ရောက်မှ အဝတ်အစားလဲဖို့ ပြင်လိုက်သည်။



“ဒီလိုကလေးမွေးထားရတာ ဒုက္ခရှာသလိုပဲ။” ထန်ချွန်းမင်က ရှန်းဖူလန်ကို ရေလောင်းပေးရင်း မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ သူသာ သက်တူရွယ်တူ ကလေးတစ်ယောက်ဖြစ်ခဲ့လျှင် ထိုကလေးကို စကားနားမထောင်မချင်း ရိုက်ပစ်လိုက်မှာဖြစ်သည်။ သို့သော် လူကြီးတစ်ယောက်ဖြစ်နေ၍ ထိုနည်းလမ်းက အလုပ်မဖြစ်ချေ။ သူက သူ့ကလေးအတွက် စိတ်ပူနေခဲ့သည်။




သို့သော် ကိစ္စကမပြီးသေးပေ။ ရှန်းဖူလန် ထန်ချွန်းမင်၏အိမ်မှ ထွက်ခွာသွားပြီး​နောက် လူတွေက ဖြစ်ခဲ့တာကိုမေးမြန်းရန် သူ့ဆီလာခဲ့ကြသည်။ စွင်းကောအာက ထန်ချွန်းမင်၏အိမ်မှာ အနိုင်ကျင့်ခံခဲ့ရတာလား သူတို့သိချင်နေသည်။ မဟုတ်ရင် သူငိုပြီးထွက်သွားပါ့မလား?


ထိုစကားကြားပြီးနောက် ရှန်းဖူလန်က ဒေါသထွက်သွားသည်။ “ဒီတော့ စွင်းကောအာက ဘာမှမရှင်းပြခဲ့ဘူးလား? ​တခြားသူတွေက ဘာမှမသိပဲ ဘာတွေပြောနေတာလဲ?”


“ရှန်းဖူလန်.. ဒေါသမထွက်ပါနဲ့။ အမှန်တရားကို ငါတို့မသိဘူးလေ။ ဒါပေမယ့် မင်ကောအာ ဒီလိုလုပ်နိုင်မယ်လို့ ငါမထင်ပါဘူး။ ပြီးတော့ လူတစ်ချို့က မနေ့ကဖြစ်ခဲ့တာကို မြင်ခဲ့တယ်လေ။ အဲ့ဒီကလေးက ရန်လိုတတ်တဲ့ ဝံပုလွေသားပေါက်လေးပဲ။”


“ဒီအခြေအနေက တကယ်ကိုရှင်းပြဖို့ခက်တယ်။ ကံကောင်းတာက ငါ ဒီနေ့ အဲ့ဒီနေရာမှာရှိနေလို့ပေါ့။ မဟုတ်ရင် မင်ကာအာက ဘာမှရှင်းပြနိုင်မှာမဟုတ်ဘူး။ သူတို့ရဲ့တောင်းပန်စကားက လွန်လွန်းတယ်! သူတို့ကို မြင်းနဲ့ပေးမကစားရင် မတောင်းပန်ဘူးတဲ့။ မင်ကောအာက အဲ့လိုကလေးနဲ့ မပတ်သက်ချင်ပဲ ရှောင်ချင်ခဲ့တာ။ ပြီးတော့ ငါက မလွဲမရှောင်သာ ဝင်ပြောပေးခဲ့ပေမယ့် ဘာပြန်ရလိုက်လဲပဲကြည့်တော့…. အဲ့ဒီကောင်လေးက ငါ့ကိုတံတွေးထွေးခဲ့တယ်လေ!” ရှန်းဖူလန်၏အသံကကျယ်နေ၍ သူဒေါသထွက်နေမှန်း သိနိုင်သည်။ “ငါသာ အဲ့နေရာမှာရှိမနေရင် မင်ကောအာက သူတို့မိသားစုကို အနိုင်ကျင့်လိုက်ပါတယ်ဆိုပြီး ကောလာဟလဖြန့်ကြမှာ!.”


နားထောင်နေသည့် ထိုလူက ထိတ်လန့်သွားပြီး ရှန်းဖူလန်ကို နှစ်သိမ့်ဖို့ ကြိုးစားလိုက်သည်။ “စိတ်မဆိုးပါနဲ့။ လူတိုင်းက အခြေအနေကိို နားလည်မှုလွဲသွားတာပါ။ ဒါပေမယ့် သူတို့က ဘယ်လိုလူစားမျိုးတွေလဲ? သူတို့ကလေးကို သေချာသွန်သင်ရမယ့်အစား သူတို့ကိုယ်သူတို့ နစ်နာသူလိုလုပ်နေတယ်”

ရှန်းဖူလန်၏စကားကြောင့် ရွာရှိကောလာဟလများ ရပ်တန့်သွားခဲ့သည်။ ထန်ချွန်းမင်က ချမ်းသာသော​ကြောင့် တစ်ရွာလုံးကို နှိမ်ချနေသည်ဟု တချို့လူတွေကပြောကြပြီး တချို့ကလည်း ထိုစကားကို ထောက်ခံခဲ့သည်။ သို့သော် ရှန်းဖူလန်၏စကားကို ကြားလိုက်ရစဥ် ထိုပါးစပ်ပေါက်တွေက ငြိမ်သွားခဲ့သည်။ ကလေးကို ဘယ်လိုပြုစုပျိုးထောင်ခဲ့လို့ လူကြီးကို တံတွေးထွေးခဲ့သည်အထိ ဆိုးသွမ်းနေလဲဟု လူတွေက အံ့အားသင့်နေခဲ့သည်။ သူ့ကို မဆုံးမနိုင်ခဲ့သည့် မိဘများကိုသာ အပြစ်တင်ရပေမည်။


ကောတစ်ယောက်က သားတစ်​ယောက်ကို တစ်ယောက်တည်းပြုစုပျိုးထောင်ဖို့ မလွယ်ကူ​ကြောင်းပြောကာ တချို့လူတွေက စွင်းကောအာကို စာနာခဲ့ကြသည်။ ကလေး၏ မသိနားမလည်မှုက အားမူဖြစ်သူကို သောက​ရောက်စေခဲ့သည်ဟု ဆိုကြသည်။ တခြားသူများကတော့ ချမ်သဲဖူကို စာနာနေကြသည်။ ယခု ထိုကောင်လေး၏ ပထွေးဖြစ်သူက ခက်ခဲသောအခြေအနေကို ရောက်ခဲ့ရသည်။ သူက ထိုကလေးကို ကြမ်းကြမ်းတမ်းတမ်း ဆုံးမလို့မရသလို ပေါ့ပေါ့တန်တန် ဆုံးမလို့လည်းမရပေ။ ထိုကလေးက ချမ်သဲဖူကို ပြင်းပြင်းထန်ထန်ကိုက်ခဲ့၍ သွေးတောင်ထွက်ခဲ့သည်လေ။


“စာနာစရာဘာရှိလဲ? သူက အဲ့ဒီကောနဲ့ အတင်းလက်ထပ်ချင်ခဲ့လို့ ဒီလိုဖြစ်ရတာမလား.. သူ့မိဘတွေက သဘောမတူတာ​တောင်လေ။ သူပတ်သက်နေတာ ဘယ်လိုကလေးမျိုးလဲ မသိခဲ့လို့လား? ဟမ်! သူက အဲ့ဒီကောကို မွှန်နေလို့ ဒီလိုဖြစ်ရတာပဲ!” တစ်ယောက်ယောက်က လှောင်ပြောင်ခဲ့သည်။


“အမှန်ပဲ! အဲ့ဒီကလေးက တခြားတစ်ယောက်ရဲ့ ကလေးကို ထပ်အနိုင်ကျင့်ရင် ဘယ်လိုလုပ်မလဲ? သူ့အားမူ လာငိုပြရင်ရော ငါတို့ဘာလုပ်ရမှာလဲ? ငိုပြမယ့်အစား က​လေးကိုကောင်းကောင်းဆုံးမပါလား? သူနားမ​ထောင်ရင် နားထောင်လာတဲဲ့ထိရိုက်လေ။ ဒီလို ကလေးမျိုးက ပြဿနာပဲ!” သူတို့က မင်ကောအာနှင့် သူ့အခြေအနေကို စာနာနေသည်။ မြင်းတစ်ကောင်ပိုင်တာ အမှားလား? ကမ္ဘာကြီးက ဒီလိုလည်ပတ်ရမှာမဟုတ်ဘူးလေ.. 



ထုံးစံအတိုင်း အပြင်စကားက ထန်ချွန်းမင်နှင့် လီဖုန်းထံသို့ရောက်လာသည်။ လီဖုန်းက အနည်းငယ်ခေါင်းကိုက်သွားသည်။ ဒီလိုအရှုပ်တွေကို ကိုင်တွယ်ရတာထက် စစ်​မြေပြင်မှာ တိုက်ခိုက်ရတာ​က ပိုလွယ်ဦးမည်။ ထိုစဥ် ထန်ချွန်းမင်က တာမောင်းနှင့် အာမောင်း၏ တီးတိုးရေရွတ်သံကို ကြားလိုက်ရသည်။ သူက သူတို့ကိုခေါ်ပြီး ဘာတွေဆွေးနွေးနေသလဲ မေးလိုက်သည်။ သူတို့က ချင်မိသားစုကလေးကို ပညာပေးရန် ကြံစည်နေခြင်းဖြစ်၏။


ထန်ချွန်းမင်က သူတို့ကိုဆူလိုက်သည်။ “အာမောင်း… မင်းက လူမိုက်ပဲ။ မင်းတိုက်ခိုက်မယ်ဆိုလည်း သေချာလုပ်လေကွာ။ တစ်ယောက်ယောက်ကို ရိုက်နှက်ပြီး ညိုမဲစွဲအောင် လုပ်လိုက်တော့ မင်းအပြစ်ပဲဖြစ်တာပေါ့။ ဒါဆို လူကြီးတွေက မင်းဘက်မှာ ဘယ်လိုရပ်တည်ပေးလို့ ရတော့မလဲ? မင်းတိုက်ခိုက်မယ်ဆိုရင် သူတို့မင်းကို အပြစ်တင်လို့မရအောင် သေချာလုပ်။”

“သူအရင်ရန်စတာ။ ပြီးတော့ သူက သားထက်ကြီးပေမယ့်လည်း သားကိုမနိုင်ပါဘူး။” အာမောင်းက ဂုဏ်ယူစွာပြောလိုက်သည်။ သူတို့က ထိုကောင်လေးကို ရိုက်နှက်မယ့်အကြောင်း သူ့အစ်ကိုကြီးကို ပြောပြခဲ့ပေမယ့် သူ့အစ်ကိုကြီးက သဘောမတူသဖြင့် သူတို့နှစ်ဦးငြင်းခုံခဲ့သည်။


သမားတော်ဟဲက ဘေးကနေရယ်မောနေ၏။ သူက မင်ကောအာ၏ဆိုလိုရင်းကို နားလည်သည်။ ဤကဲ့သို့ ကိစ္စများက လူကြီးတွေဝင်​​ပါလို့ မသင့်တော်သဖြင့် ကလေးတွေကို ဖြေရှင်းခွင့်ပေးလိုက်တာကောင်းသည်။ သို့သော် ဖြေရှင်းနည်းအတွက် စဥ်းစားစရာတချို့ရှိခဲ့သည်။


လီဖုန်းက ခဏလောက်တွေးပြီး မင်ကောအာ၏အကြံဉာဏ်ကို နားလည်လိုက်သည်။ တကယ်တော့ သူလည်း တစ်ချိန်က ကလေးဖြစ်ခဲ့ဖူးတာပင်။ သူက လျှောက်သွားကာ အာမောင်း၏ခေါင်းကို အသာပုတ်လိုက်သည်။ “မင်းကို ကိုယ်ခံပညာသင်ပေးခဲ့တာက ရန်ပတ်ဖြစ်ပြီး လိုက်ကြွားဖို့လား? ဒီတစ်ခါထပ်လုပ်ရင် ကိုယ်ခံပညာကို မလေ့ကျင့်ခိုင်းတော့ပဲ စာကိုပဲအာရုံစိုက်ရလိမ့်မယ်။ ဒီလိုမိုက်မဲတဲ့ကောင်လေးကို ငါဘာမှမသင်ပေးတော့ဘူး။”


အာမောင်းက ဦးလေးဖုန်းနဲ့ ငြင်းခုံချင်ခဲ့သည်။ သူလည်း ရည်ရွယ်ချက်ရှိရှိ ရန်ဖြစ်ခဲ့တာမဟုတ်ပေ။ သူက သူ့ကိုယ်သူကာကွယ်နေတာဖြစ်၏။ မဟုတ်ပါက အားလင်းနဲ့သူ အနိုင်ကျင့်ခံရလိမ့်မည်။ သို့သော် တာမောင်းက လူကြီးများ၏ဆိုလိုရင်းကို ပင့်သက်ရှိူက်လိုက်မိသည်။ အာမောင်းက နီမြန်းသောမျက်နှာဖြင့် ရှင်းပြဖို့ ကြိုးစားနေသေးသည်ကိုတွေ့လျှင် သူက သူ့နားထဲမှာ တိုးတိုးလေးပြောပြဖို့ အဝေးသို့ ဆွဲခေါ်သွားလိုက်ရသည်။



နောက်ရက်အနည်းငယ်အကြာမှာ လီဖုန်းက ကောင်လေးနှစ်ယောက်ကို ကိုယ်ခံပညာ သင်ကြားပေးနေစဥ် သူက လူ့ခန္ဓာကိုယ်​ပေါ်ရှိ အားနည်းသောနေရာများကို မသိစိတ်အလျောက် ညွှန်ပြနေခဲ့ပြီး ဒဏ်ရာမကျန်ခဲ့ပဲ နာကျင်စေနိုင်သည့် အင်အားသုံးနည်းကို ပုံ​ဖော်ပြခဲ့သည်။ ကလေးနှစ်ယောက်ကတော့ ရည်ရွယ်ချက်ကို နားမလည်ချေ။ ဘေးမှာ ကြည့်နေသော ထန်ချွန်းမင်နှင့် သမားတော်ဟဲက သူ့တို့ကို ရယ်မောမိလုနီးပါးပင်။ ယင်းက သက်သေမကျန်စေပဲ တ​ခြားကလေးများကို ဘယ်လိုကိုင်တွယ်ရမလဲ သင်ပြနေခြင်းဖြစ်သည်။



ကျန်းရှို့က အာမောင်း နောက်တစ်ကြိမ်ရန်ဖြစ်မှာကို စိုးရိမ်ခဲ့သည်။ ထန်ချွန်းမင် ယခင်တစ်ခေါက်က

သက်သေမချန်ခဲ့လျှင် အာမောင်းက ရန်လိုခဲ့သည်ဟူသော အခြေအနေမျိုး ပြောင်းလဲသွားနိုင်သည်။ သို့သော် ထန်ချွန်းမင်က သူ့ကိုစကားလုံးအနည်းငယ် တီးတိုးပြောခဲ့သဖြင့် ကျန်းရှို့​က လွှတ်ထားပေးလိုက်သည်။ ကောင်းပြီလေ… ကလေးတွေပဲ ကိုင်တွယ်ပါစေ.. လူကြီးတွေက သူတို့အရှုပ်တွေကို နေရာတကာလိုက်ရှင်းပေးလို့မရဘူး။