Chapter 62.2
Viewers 21k

Chapter 62.2





ဦးလေးထျဲနှင့် တခြားသူများကို ညွှန်ကြားပြီး​နောက် လီဖုန်းက ကိစ္စကိုနောက်မှာချန်ထားကာ မင်ကောအာနှင့် လက်ထပ်ပွဲတွင် သူ့ကိုယ်သူမြှုပ်နှံထားလိုက်သည်။ တ​ခြားသူများ၏အမြင်တွင် မင်ကောအာက ဒုတိယအကြိမ်လက်ထပ်တာဖြစ်ပေမယ့် ထန်ချွန်းမင်က သူ့လိုပင် ပထမဆုံးအကြိမ် ကြုံတွေ့ရတာဖြစ်ကြောင်း သူသိသဖြင့် သူ​က ထန်ချွန်းမင်အား သူတို့၏မင်္ဂလာပွဲကို ကောင်းကောင်းအမှတ်ရစေချင်သည်။ 



“အဲ့ဒါက ဆယ့်နှစ်လပိုင်း ဆယ့်နှစ်ရက်နေ့မို့ အချိန်အများကြီးမကျန်တော့ဘူး။ ခင်ဗျား ယွိမုနဲ့ တခြားသူတွေကို စာပို့ပြီးပြီလား? သူတို့လာဖို့အဆင်ပြေရဲ့လား? ဒီလိုအေးတဲ့ရာသီမှာ ခရီးသွားဖို့မလွယ်ဘူး။” ထန်ချွန်းမင်က စာရွက်ပေါ်တွင် လက်ထပ်ပွဲနှင့်ပတ်သက်သည့် အရေးကြီးကိစ္စတချို့ကို ရေးချလိုက်သည်။ သူသာလျှင် ယခုလိုလုပ်နိုင်သည်။ နှစ်ပေါင်းများစွာ အပြင်မှာ စစ်တိုက်ခဲ့ပြီးနောက် လီဖုန်းက တချို့စကားလုံးတွေကို နားမလည်နိုင်ပေ။ သူက စာရေးတာမကျွမ်းပေ။



“နှစ်ကုန်မှပါ။ သူတို့စခန်းမှာ ဘာမှမရှိလောက်ဘူး။ သူတို့လာနိုင်လောက်တယ်။” ဘယ်လောက်ပဲအေးနေပါစေ ၎င်းက အနောက်ဘက်လောက် မအေးတာကြောင့် ဤအချက်က သူတို့လာလို့မရသည့် အကြောင်းအရင်းမဖြစ်နိုင််ဟု လီဖုန်းတွေးလိုက်သည်။ “ဒါပေမယ့် မင်ကောအာ.. မင်း အဲ့ဒီမတိုင်ခင် တစ်ခုခုလုပ်ဖို့လိုတယ်။”



“ဟမ်? ဘာများလဲ?” ထန်ချွန်းမင်သည် အတိတ်ကမင်ကောအာ၏ လက်ထပ်ပွဲအကြောင်းစဥ်းစားရင်း ခေါင်းမာ့ကာ စိတ်ဝင်တစားမေးလိုက်သည်။ သူကိုယ်တိုင်လုပ်ဖို့လိုသည့် အရေးကြီးတာဘာမှမရှိသလိုပဲ။ တကယ်တော့ သူ့အမြင်အရ လာမည့်နှစ် ပန်းပွင့်မည့်နွေရာသီအထိ စောင့်လိုက်တာပိုကောင်းမည်။ လူတွေရဲ့အရိုးက ဤဆောင်းရာသီမှာ အင်မတန်ပျင်းရိကာ သူတို့က အိမ်ထဲမှာသာနေချင်ပြီး မလှုပ်ရှားချင်ပေမယ့် တချို့လူတွေကတော့ မစောင့်နိုင်ကြပေ။



လီဖုန်းက ရယ်မောလိုက်ပြီး မင်ကောအာ၏ သိပ်မအေးသော လက်ကိုကိုင်ကာ ရှင်းပြလိုက်သည်။ “ကိုယ်တို့က လက်မထပ်ခင် မင်းရဲ့ဝတ်ပြုဆုတောင်းကာလပြီးဖို့ စောင့်နေတာလေ။ ဒီတော့ မတိုင်ခင်မှာ တခြားသူတွေပြဿနာရှာလို့မရအောင် မင်း အဲ့ဒါကို အဆုံးသတ်ရလိမ့်မယ်။”



ထန်ချွန်းမင်က ကိုယ့်နဖူးကိုယ်ရိုက်လိုက်သည်။ နောက်ဆုံးအဆင့်ကိုရောက်ပြီဖြစ်၍ ၎င်းကိုပြီးအောင်လုပ်ရမည်။ မဟုတ်ပါက ယခင်အားစိုက်ထုတ်မှုများ အချည်းနှီးဖြစ်သွားလိမ့်မည်။ “ဟုတ်ကဲ့ပါ.. ​ကျွန်တော် အဲ့ဒါကိုဘယ်လိုလုပ်ရမလဲ အဖြေရှာလိုက်မယ်။”



လီဖုန်းက ထန်ချွန်းမင်နှင့်ပတ်သက်ပြီး ပိုသိလာခဲ့သည်။ သူ ၎င်းမှ လွတ်မြောက်ရန် နည်းလမ်းနှစ်ခုရှိသည်။ တစ်ခုက ကျောက်မိသားစုနှင့်အတူတူလုပ်ခြင်းဖြစ်ပြီး တစ်ခုကတော့ တစ်ယောက်တည်းလုပ်ဖို့ဖြစ်သည်။ ထန်ချွန်းမင်က ဒုတိယတစ်ချက်ကို ရွေးမှာဖြစ်၏။ ဘယ်သူက ကျောက်မိသားစုနဲ့ ပါဝင်ပတ်သက်ချင်မှာလဲ?



ဤရည်ရွယ်ချက်ဖြင့် လီဖုန်းက မြို့ပေါ်သို့ အထူးခရီးထွက်ကာ လိုအပ်သည့်ပစ္စည်းများကိုဝယ်ပြီး ထိုနေ့ရောက်လာမည်ကို စောင့်မျှော်နေခဲ့သည်။



ရာသီဥတုက ပိုအေးလာသည်။ အနောက်လေတိုက်ခတ်ပြီး ရက်အနည်းငယ်အကြာမှာ ထန်ချွန်းမင် တံခါးဖွင့်လိုက်​တော့ အပြင်ဘက်ရှိ ငွေဖြူရောင်ကမ္ဘာတစ်ခုကို တွေ့လိုက်ရသည်။ “နှင်းကျနေပြီ။ အားလင်း မြန်မြန်ထတော့… အပြင်မှာ နှင်းကျနေတယ်။”



“ဖေဖေ… ညီလေးက သေးပေါက်ချလိုက်ပြန်ပြီ။” အားလင်းက စိတ်ပျက်သွားကာ ဤရက်စက်ကြမ်းကြုတ်သော အချက်ကို ထန်ချွန်းမင်အား သတိပေးလိုက်သည်။



ထန်ချွန်းမင်က ကူကယ်ရာမဲ့လှည်ကြည့်လိုက်တော့ မကျေမနပ်မျက်မှောင်ကြုတ်နေသော အားစန်းလေးကိုတွေ့လိုက်ရသည်။ ထန်ချွန်းမင်က မလှုပ်ရှားပါက သူ သေချာပေါက်ငိုပြလိမ့်မည်။ ထန်ချွန်းမင်က အားစန်းလေး၏နှာခေါင်းကို စိတ်ပျက်လက်ပျက် ဆွဲဖျစ်လိုက်ပြီး အနီးနားရှိ အနှီးသေတ္တာမှ အနှီးတစ်ထည်သွားယူခဲ့သည်။ အားလင်းက သူ့ညီဘေးမှာထိုင်ပြီး သူ့မျက်နှာသေးသေးလေးကို ထိကာ ချော့လိုက်သည်။ “စိတ်မဆိုးပါနဲ့။ ညီလေးရယ်… ဖေဖေက မင်းကိုစနေတာပါ။” ထန်ချွန်းမင်က ထိုစကားကြားတော့ ချွေးပျံသွားသည်။



လီဖုန်းက ခြံထဲဝင်မလာခင် ဆီးနှင်းများကို ဖယ်ရှားလိုက်သည်။ တံခါးဝတွင် ခြေဖျားထောက်ကာ သူက ထန်ချွန်းမင်ကို အနောက်တောင်ရှိ ကိစ္စများပြောပြလိုက်သည်။ သူမလာခင်က အ​နောက်တောင်ကိုသွားခဲ့သည်။ ယခု မိသားစုအများအပြားက ​တောင်ပေါ်မှာ ရိုးရိုးရှင်းရှင်း နေထိုင်ကြပြီး ခန်းကုတင်လည်းရှိတာကြောင့် ဤရာသီတွင် သူတို့အိမ်ထဲမှာပဲနေလျှင်ပင် အ​အေးဒဏ်ကို ခံစားရတော့မှာမဟုတ်ချေ။ သူတို့က ထင်ကျင့်စားသောက်ဆိုင်နှင့် ထန်ကျိကို ကုန်တင်သွင်းနေတာကြောင့် ကြက်နှင့်သိုးအရေအတွက်မှာ ဆောင်းရာသီထက် များစွာလျော့နည်းသွားပြီး ပြုစုစောင့်ရှောက်သူများ၏ ဝန်ထုပ်ဝန်ပိုးကို များစွာလျှော့ချပေးခဲ့သည်။




ခရိုင်မြို့တွင် သတင်းကောင်းများ ဆက်တိုက်ကြားနေရသည်။ ထန်ကျိသိုးသားစားသောက်ဆိုင်ဖွင့်ပြီးနောက် သင်းပျံသောရနံ့က စားသုံးသူအများအပြားကို ဆွဲဆောင်ခဲ့သည်။ ထိုစားသုံးသူများ၏ လူသိများမှု​ကြောင့် ထန်ကျိ၏ဂုဏ်သတင်းက လျင်မြန်စွာပျံ့နှံ့သွားခဲ့သည်။ အိမ်နီးချင်းခရိုင်များရှိ ချမ်းသာသောမိသားစုအချို့သည် လတ်ဆတ်သော အစားအစာကို မြည်းစမ်းကြည့်ချင်သဖြင့် အန်ဖျင်ခရိုင်သို့ ​ပြေးလာခဲ့ကြသည်။ ထို့ကြောင့် ရာသီဥတု​အေးလာသည်နှင့်အမျှ ထန်ကျိက ဧည့်သည်များဖြင့် ပြည့်ကျပ်နေခဲ့သည်။ သတင်းကောင်းကို တစ်ဆင့်စကားတစ်ဆင့်နားမှ ကြားရပြီးနောက် ထန်ချွန်းမင်က ပြုံးလိုက်မိသည့်အပြင် ထန့်ယွီသည်လည်း အလွန်ပျော်ရွှင်နေခဲ့သည်။ ရလဒ်အနေဖြင့် ထင်ကျင့်စားသောက်ဆိုင်၏ စီးပွားရေးက အေးခဲသောရာသီဥတုကြောင့် မကျဆင်းခဲ့ပေ။




မူလက ရွာသားများသည် ထန်ချွန်းမင်၏ ရေခဲဆိုင်အကြောင်း သိပ်မသိခဲ့ကြပေ။ ရွာကမိသားစုတော်​တော်များများကို ချမ်းသာအောင်လုပ်ပေးခဲ့သည့် လုပ်ငန်းကို သူတို့မသိခဲ့ပေ။ သို့သော် ယခုမူ သိုးသားစားသောက်ဆိုင်၏ သတင်းက လျင်မြန်စွာ ပျံနှံ့လာခဲ့သည်။ တကယ်တော့ အ​နောက်တောင်မှသိုးများက ခရိုင်မြို့ကို ပုံမှန်ပို့ပေးနေရပြီး ခရိုင်မြို့မှာ အဆက်အသွယ်ရှိသူများက ဝိုင်းမေးလိုက်သည်နှင့် အားလုံးကို သိသွားမှာပင်။ ဝမ်မော့သည်လည်း သူတို့လုပ်နေသော လုပ်ငန်းနဲ့ပတ်သက်သည့် သတင်းကို ကြားခဲ့ရသည်။



ထန်ချွန်းမင်၏ သိုးမြောက်များစွာ ဝယ်ယူခြင််းနဲ့ပတ်သက်ပြီး မူလကတော့ တချို့လူတွေက အကောင်းမမြင်သော်လည်း ယခုမူ သူသည် တစ်ရွာလုံး၏ အားကျစရာဖြစ်လာခဲ့သည်။





“လီဖုန်းက ငွေဖြုန်းနေတယ်လို့ ဘယ်သူပြောခဲ့တာလဲ?” အခုမြို့ထဲက လုပ်ငန်းအဆင်ပြေလွန်းလို့ သူတို့ငွေဘယ်လောက်တောင် ရှာနိုင်ခဲ့လဲ ငါတို့မသိဘူး။ ကျန်းချန်မင်တောင် ငွေအများကြီးရှာနိုင်နေပြီ။ ကျန်းချန်မင်က သူ့ကောလေးကို အခွင့်ကောင်းယူခဲ့တာပဲ။” ဝမ်မော့က မင်ကောအာနဲ့အဆင်ပြေလို့ မင်ကောအာက ကျန်းချန်မင်ကို မြို့ပေါ်မှာအလုပ်လုပ်ရန် အခွင့်အရေးပေးခဲ့တာ အားလုံးသိကြသည်။ မင်ကောအာက တာရှန်ကို ဘာ​ကြောင့်အခွင့်အရေးမပေးတာလဲမေးရန် တချို့လူတွေက ကျန်းရှို့ဆီသွားခဲ့ကြသည်။ ကျန်းရှို့က တာရှန်ဘယ်လိုလူမျိုးလဲ မသ်ိဘူးလားလို့မေးကာ ထိုလူတွေကို ပြစ်တင်ကြိမ်းမောင်းခဲ့သည်။ တာရှန်ကို အခွင့်အရေးပေးရင် တာရှန်က လုပ်နိုင်မှာတဲ့လား? တာရှန်က အနောက်​တောင်မှာ အလုပ်များနေတာလေ။ ငွေရှာဖို့ အခွင့်အရေးမရှိဘူးလို့ ဘယ်သူကပြောလဲ? ဤလူတွေက တခြားလူတွေ ငွေရှာနေတာကို မနာလိုဖြစ်ပြီး ရန်တိုက်ပေးနေတာပင်။



လီဖုန်းက စကားလုံးတချို့ကို ရေးတေးတေးကြားခဲ့ပေမယ့် မင်ကောအာက ဂရုမစိုက်တာကြောင့် သူကလည်း လုံးဝစိတ်ထဲမထားပေ။ အနောက်တောင်ကိစ္စပြောပြီးနောက် သူက​ပြောလိုက်သည်။ “ငါ သိုးနှစ်ကောင်ယူလာပြီး သတ်လိုက်မယ်။ တစ်ဝက်ကို အိမ်မှာထားပြီး တစ်ဝက်ကို ဖေဖေ့ဆီပို့လိုက်မယ်။ နှင်းကျနေတဲ့အချိန်မှာ သိုးသားစားရင် နွေးနေမှာပဲ။” တကယ်တော့ ထန်ချွန်းမင်က ဟော့ပေါ့မစားရတာကြာပြီဖြစ်ကြောင်း မနေ့ကညည်းညူနေခဲ့သဖြင့် လီဖုန်းက သတိရသွားတာဖြစ်၏။ ခန်းပေါ်မှာ မိသားစုတူတူထိုင်ပြီး ဟော့ပေါ့ပူပူလေးစားရတာ ပျော်ရာကောင်းပေမည်။



“ကောင်းပြီ…ခင်ဗျားကြိုက်သလိုလုပ်ပါ။” ထန်ချွန်းမင်က ကျေနပ်နေသည်။ လီဖုန်းက သူ့ထက် ပိုစဥ်းစားပေးတတ်သည်။ သူက အားစန်းလေးကို ကောက်ချီကာ ပြောလိုက်သည်။ “အဘိုးဟဲ အိပ်ရာနိုးပြီလား သွားကြည့်ရအောင်။”



မနက်စာစားပြီးနောက် တာမောင်းနှင့်အာမောင်းက နှင်းထဲမှာကစားရန် အားလင်းဆီပြေးလာခဲ့သည်။ ကလေးတွေက နှင်းကိုပိုသဘောကျသည်။ ၎င်းက ကျောင်းပိတ်ရက်လည်းဖြစ်၏။ အားလင်းက နွေးနွေးထွေးထွေးဝတ်ဆင်ထားသည်ကို တွေ့လိုက်ရတော့ ထန်ချွန်းမင်က သူ့ကို ထွက်ကစားခွင့်ပြုလိုက်သည်။ အာမောင်းက လက်ခုပ်တီးကာ အားလင်းကိုခေါ်သွားခဲ့သည်။



မနက်ခင်းတွင် တာရှန်က လီဖုန်းနှင့်တွေ့ဆုံပေးရန် လူငယ်တချို့ကို ​ခေါ်လာခဲ့သည်။ ထန်ချွန်းမင်က ထူးဆန်းတယ်လို့ ခံစားလိုက်ရသည်။ သူတို့က သာမန်လူတွေနဲ့မတူပေ။ တာရှန်ကလွဲ၍ ခြံထဲမှာရပ်နေသော တခြား​​ယောကျာ်းများက ထန်ချွန်းမင်ကိုနှုတ်ဆက်ဖို့ အလွန်ရှက်ရွံ့နေကြသည်။ 



“မင်ကောအာ… ငါတို့က အားဖုန်းကိုခေါ်ပြီး တောင်ပေါ်မှာ အမဲလိုက်ကြဖို့ပါ။” လာရင်းအကြောင်းကို ရှင်းပြခဲ့သူမှာ တာရှန်ဖြစ်သည်။ ၎င်းက ထန်ချွန်းမင်၏မျက်လုံးကို တောက်ပသွားစေသည်။ သူလည်းလိုက်သွားချင်ရင် ဘယ်လိုလု​ပ်ရမလဲ?





ဤရာသီဥတုမျိုးမှာ အပြင်ထွက်အလုပ်လုပ်သူများကလွဲ၍ ရွာရှိလူတိုင်း ပျင်းရိနေပြီး အထူးသဖြင့် ဘာမှလုပ်စရာမရှိသော အမျိုးသားများဖြစ်၏။ သို့ဖြစ်၍ သူတို့က တောင်ပေါ်မှာ အမဲလိုက်ဖို့တွေးခဲ့သည်။ သို့ပေမယ့် လူအနည်းငယ်နှင့် ခရီးဆုံးမှာမဟုတ်ကြောင်း သူတို့သိလေသည်။ သူတို့က တောရိုင်းတိရစ္ဆာန်များကို အမဲလိုက်နိုင်သလား မသိသော်လည်း အကောင်ကြီးကြီးနဲ့ ကြုံတွေ့ခဲ့လျှင် လွတ်မြောက်နိုင်ပါ့မလား မေးခွန်းထုတ်စရာဖြစ်လာသည်။ ထို့ကြောင့် သူတို့က လီဖုန်းကို တောင်ပေါ်သွားချင်လားမေးဖို့ လာရှာတာဖြစ်သည်။



သို့သော် တာရှန်က လီဖုန်း တောင်ပေါ်ထပ်သွားချင်ကြောင်း ကြားလိုက်ရသည်။ ယခုအချိန်မှာ သူက သိုး၊ကြက်နှင့်ဘဲလေးများကို မွေးမြူထားသဖြင့် တောရိုင်းတိရစ္ဆာန်များက ဗိုက်ဆာလာပြီး အနောက်တောင်ကို ဖြိုခွင်းခဲ့မှာ သူစိုးရိမ်နေသည်။ ဤခရီးလမ်းက တစ်နေ့ထဲမှာ သွားလိုက်ပြန်လိုက်လုပ်လို့မရပေ။ သူက ၎င်းကိစ္စကို ထန်ချွန်းမင်အား မပြောခဲ့ပဲ သူ တောင်ပေါ်ကင်းလှည့်နေစဥ် ​တာရှန်နဲ့တွေ့ခဲ့ကြောင်းသာ ပြောပြခဲ့သည်။ ဒါကြောင့် တာရှန်က ဤနေရာကို လူတွေခေါ်လာတာဖြစ်သည်။




လီဖုန်း ရှင်းပြပြီးနောက် ထန်ချွန်းမင်က သူလိုက်သွားလို့်မရမှန်းသိလိုက်သည်။ သူတို့ တစ်နေ့ထဲမှာ နေ့ချင်းပြန်လို့ရလျှင် သူ့အတွက် အဆင်ပြေလိမ့်မည်။ ဥပမာ ဆောင်းရာသီစတင်ခါစတွင် သူလီဖုန်းနှင့် တောင်ပေါ်လိုက်သွားလို့ရပေမယ့် တစ်ညလုံးနေဖို့တော့ အဆင်မပြေချေ။ အိမ်မှာ ကလေးနှစ်ယောက်ရှိ၍ သမားတော်ဟဲနှင့် အပ်ထားလို့မရပေ။ “ခင်ဗျားတို့ သွားဆွေးနွေးလိုက်ပါ။ ကျွန်တော် အားစန်းလေးကို သမားတော်ဟဲဆီ ခေါ်သွားလိုက်ဦးမယ်။” သမားတော်ဟဲ၏ကြမ်းပြင်က အပူပေးစနစ်ရှိ၍ အနည်းငယ်နွေးသည်။





နေ့လည်စာစားပြီးနောက် လီဖုန်းက တာရှန်နှင့် တခြားသူတွေကို တောင်ပေါ်ခေါ်သွားခဲ့သည်။ သူတို့က သူတို့နဲ့အတူ ပစ္စည်းအများကြီးယူလာပြီး အရက်နှင့် ဆေးဖက်ဝင်ပစ္စည်းနှစ်ခုမှာ ဤဆောင်းရာသီမျိုး၌ အရေးကြီးသည်။ ထွက်မခွာခင် သူက အိမ်မှာရှိနေမည့် ထန်ချွန်းမင်နှင့် ဟဲလောင်ကို စိတ်ပူနေခဲ့သည်။ ဝမ်ယင်နှင့် ထန်ချွန်းရုံထံသို့ သိုးသားတစ်ချို့ပို့ဆောင်ပေးရန် မနက်ခင်း၌ ကျန်းရှန့်ရွာကိုသွားဖို့ မူလကစီစဥ်ခဲ့သော်လည်း ယခုမူ သူက ဝမ်ယင်နှင့် ထန်ချွန်းရုံကို သွားခေါ်ကာ အိမ်မှာ ရက်အနည်းငယ်လောက်နေစေရန် သီးသန့်ခရီးတစ်ခုထွက်ခဲ့သည်။




တာမောင်းနှင့်အာမောင်းက သူတို့ထွက်သွားတာကို စိတ်အားထက်သန်စွာကြည့်နေပြီး သူတို့လည်း တောင်ပေါ်မှာ အမဲလိုက်နိုင်ရန် မြန်မြန်ကြီးပြင်းလာဖို့ ဆုတောင်းနေခဲ့သည်။ အားလင်းကလည်း သူတို့ကိုကြည့်နေပြီး ဦးလေးဖုန်းကို လွှတ်ပေးလိုက်ဖို့ တွန့်ဆုတ်နေသည်။ ကံအားလျော်စွာ ဘိုးဘိုးရောက်လာသဖြင့် သူ့အာရုံ​ပြောင်းသွားခဲ့သည်။