⊹₊ ˚‧︵‿₊୨ Extra - 1 : ရွှီကျန်း၏ရှုထောင့် ୧₊‿︵‧ ˚ ₊⊹
ရှောင်ချန်နဲ့ ပထမဆုံး စတွေ့တုန်းက သူက ကျန်းမိသားစုမှာ သီးခြားတစ်ဦးလို ဖြစ်နေခဲ့တယ်။
အဲဒီတုန်းက သူက မလုံခြုံဘဲ လုံခြုံစိတ်ချမှုလည်း နည်းပါးခဲ့တယ်။
ငါက တရားမဝင်တဲ့ ကလေးတစ်ယောက်ပါ။ ရွှီမိသားစုမှာလည်း ငါ အံဝင်ခွင်ကျ မဖြစ်ခဲ့ဘူး။
ငါတို့ နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် နှစ်သိမ့်မှု ရှာဖွေခဲ့ကြတယ်။
ရှောင်မင်ကတော့ မတူဘူး။ သူက တောက်ပတယ်။
ငါ ပိုမြင့်တဲ့နေရာကို တက်လှမ်းဖို့ ကြိုးစားခဲ့ပေမယ့် သူ့ကို ဘယ်တော့မှ မမီနိုင်ဘူးဆိုတာ သိလိုက်ရတယ်။
ရွှီမိသားစုက ငါ့ အရည်အချင်းတွေကို အသိအမှတ်ပြုပြီး သူကလည်း ငါ့ကို သတိထားမိလာတဲ့အထိပေါ့။
ငါ ရှောင်ချန်ကို ကြိုက်ခဲ့တာ မှန်ပါတယ်။ ဒါပေမယ့် အဲဒီတုန်းက ငါ ကျန်းယိမင်ရဲ့ အရှိန်အဝါကြောင့် မျက်စိမှိတ်နေခဲ့တာ။
ဒါကြောင့် နောက်ဆက်တွဲ ဖြစ်လာတာတွေက ငါနဲ့ ထိုက်တန်ပါတယ်။
ငါ့ကို ထားခဲ့ပြီးနောက်မှာ ရှောင်ချန်က တောက်ပလာတယ်။ ငါ မမီနိုင်တော့တဲ့ လူတစ်ယောက် ဖြစ်လာခဲ့တယ်။
သူက အမြဲတမ်း ထူးချွန်ခဲ့တယ်ဆိုတာ အခုမှ သိရတယ်။ ငါတို့ကပဲ သူ့ကို ဖုန်တွေနဲ့ ဖုံးအုပ်ထားခဲ့တာ။
~~~
⊹₊ ˚‧︵‿₊୨ Extra - 2 : ကျိုးချီ၏ရှုထောင့် ୧₊‿︵‧ ˚ ₊⊹
ကျန်းချန်ကို ငါ နားလည်ဖို့ ကြိုးစားခဲ့တဲ့ ခရီးက ဒီလိုပါ။
အစပိုင်းမှာ : ဒီကောင်လေးက ချိတ်ဆက်မှုတွေနဲ့ တက်လာတာလား။ သူ့ရုပ်ရည်နဲ့လား။
နောက်ပိုင်းမှာ : သူ အနုပညာလောကက ထွက်သွားပြီလား။ စကားတစ်ခွန်းမှ မပြောဘဲလား။ အရမ်း ပေါ့ပေါ့ဆဆနိုင်တာပဲ။
အဲဒီနောက်မှာ :
ဝူမင်လောင်ရှီး…ကျွန်တော့်ကို ကြည့်ပါဦး! (ခုန်ပေါက်လှည့်ပတ်ရင်း)
ဝူမင်လောင်ရှီး ကျွန်တော့်ကို သီချင်းရေးပေးတယ်! (ပန်းတွေ ပစ်ပေါက်ရင်း!)
ဝူမင်လောင်ရှီးက တခြားသူတွေရဲ့ ဖိတ်ခေါ်မှုတွေကိုပါ လက်ခံတယ် ဝူးဝူးးး (မျက်ရည်ဝဲနေတဲ့ ခွေးကလေးလို)
ဝူမင်လောင်ရှီးက တကယ်ကို ထူးခြားတဲ့လူပဲ!!! (မျက်လုံးတွေ ကြယ်လို တောက်ပရင်း)
နောက်ဆုံးတော့ : ဒါ ကျန်းချန်လား!
ပြီးတော့ : တောင်းပန်ပါတယ် ကျန်းလောင်ရှီး၊ ကျွန်တော် အရင်က အရမ်း အသံကျယ်ခဲ့ပါတယ်! (ဦးညွှတ်ရင်း)
~~~
⊹₊ ˚‧︵‿₊୨ Extra - 3 : ဖေကျင်းယန့်၏ရှုထောင့် ୧₊‿︵‧ ˚ ₊⊹
ငါ ရှောင်ကျန်းကို ပန်းတွေကြားမှာ စန္ဒရားတီးနေတာကို ပထမဆုံး မြင်တဲ့နေ့မှာ သူ့လက်ချောင်းတွေက ကခုန်နေတယ်။
အဖြူရောင်ရှပ်အင်္ကျီ ဝတ်ထားပြီး နဖူးပေါ် ဆံပင်မျှင်လေးတွေ ဝဲကျနေတယ်။ ဂီတသံနဲ့ ပန်းနံ့တွေကြားမှာ သူက နတ်သမီးပုံပြင်ထဲက မင်းသားလေးလိုပဲ။
ငါ့ နှလုံးသားထဲမှာ စိုက်ထားတဲ့ နှင်းဆီနီတစ်ပွင့်လိုပဲ။ သူ့ကို ငါ ခေါ်သွားပြီး ပြုစုပျိုးထောင်ချင်ခဲ့တယ်။
~~~
─ ⊹ ⊱ The End ⊰ ⊹ ─