Chapter 1
Viewers 161

ဖုန်းထဲက “ကောင်လေး” ဆိုတဲ့ contact နာမည်ကိုကြည့်ပြီး ငါ့မျက်နှာ ရှုပ်ထွေးမှုတွေနဲ့ ကြေမွသွားတယ်။ 


တော်တော်ကြာကြာတွေဝေပြီးမှ ဂရုတစိုက် ဖုန်းခေါ်လိုက်တယ်။ ဖုန်းက နှစ်ချက်လောက် မြည်ပြီးတာနဲ့ ချက်ချင်းကိုင်လိုက်တယ်။ 


ငါလည်း မြန်မြန်ဆန်ဆန်ပဲ မေးလိုက်တယ်။


"ဟယ်လို၊ မင်းက ငါ့ရဲ့ကောင်လေးလား"


တစ်ဖက်မှာ ရုတ်တရက် တိတ်ဆိတ်သွားတယ်။

ငါ မှားခေါ်မိတာ မဟုတ်ဘူးမလား။ သံသယတွေ ငါ့စိတ်ထဲပြည့်လာချိန်မှာ ဟိုဘက်ကနေ ပျင်းရိပြီး ကျေနပ်နေတဲ့ အသံတစ်ခု ထွက်ပေါ်လာတယ်။ 


"ဒါပေါ့ ပေါင်ပေ့ရဲ့”


သူ့ရဲ့ချစ်စရာကောင်းပြီး ပုံမှန်လိုခေါ်တဲ့ နာမည်လေးက ငါ့ရဲ့စိုးရိမ်ပူပန်မှုကို ဖြေလျှော့ပေးလိုက်တယ်။ ငါ ဖုန်းနံပါတ်မှားမခေါ်ခဲ့ဘူး၊ ငါ့မှာ တကယ်ပဲ ကောင်လေးတစ်ယောက်ရှိပုံရတယ်။ 


"ပြည်သူ့ဆေးရုံ၊ အခန်း F01 ကို ငါ့ကိုလာကြိုလို့ရမလား"


“မင်း နေမကောင်းဘူးလား" 


ငါ ရှင်းပြဖို့ ရှက်သွားတယ်။ 


"ငါ ဒီနေ့အပြင်သွားတုန်း ခေါင်းထိမိပြီး မှတ်ဉာဏ်တွေ ထူးထူးဆန်းဆန်း နည်းနည်းပျောက်သွားတာ… ဒါပေမယ့် ဆရာဝန်က ဦးနှောက်မှာ ဘာမှမဖြစ်ဘူးတဲ့၊ ဘေးကင်းဖို့အတွက် ဆရာဝန်က မိသားစုဝင်တစ်ယောက် လာမကြိုမချင်း ငါ့ကို ဆေးရုံက မထွက်ခိုင်းဘူး" 


"ငါ့မိဘတွေက မြို့ပြင်ရောက်နေတယ်၊ အဲ့တော့ ငါ့ကောင်လေးက မိသားစုထဲ ပါတယ်မဟုတ်လား"


ဖုန်းလိုင်းပေါ်မှာ နောက်ထပ် ခဏတာ တိတ်ဆိတ်သွားပြီးမှ ဟိုဘက်ကလူက ဖြည်းဖြည်းချင်း အားပေးစကားပြောလာတယ်။ 


"မကြောက်ပါနဲ့၊ ငါ အခုချက်ချင်းလာခဲ့မယ်"


သူ့ရဲ့ကတိစကားကြောင့် ငါ နောက်ဆုံးတော့ ကြောက်ရွံ့ထိတ်လန့်တာတွေ ရပ်တန့်နိုင်တော့တယ်။


ဆေးရုံရောက်ကတည်းက ငါ့စိတ်တွေ ရှုပ်ထွေးနေပြီး ဘယ်မှတ်ဉာဏ်ကိုမှ ပြန်မချိတ်ဆက်နိုင်ဘူး။ ဆရာဝန်က စိတ်ဖိစီးမှုနဲ့ ကြောက်ရွံ့မှုအလွန်အကျွံကြောင့် မှတ်ဉာဏ်အချို့ ပျောက်ဆုံးသွားတာလို့ ပြောတယ်။ 


ရူးကြောင်ကြောင်အဖြစ်ဆုံးအပိုင်းက ငါ့မှာ ကောင်လေးရှိတယ်ဆိုတာကိုပါ မေ့သွားတာပဲ။ 


ငါ့ကောင်လေးက ဘယ်လိုပုံလဲဆိုတာ မသိပေမယ့် ဒီလိုကောင်းတဲ့အသံမျိုးဆိုတော့ သိပ်မဆိုးလောက်ဘူး မဟုတ်လား။ ဘာပဲဖြစ်ဖြစ် ငါက ရုပ်ရည်ရွေးတတ်တဲ့ ဂေးတစ်ယောက်လေ။


ငါ့လက်တွေကို စိတ်လှုပ်ရှားစွာ ကုတ်ခြစ်နေတုန်းမှာပဲ အခန်းတံခါးကို အရပ်ရှည်တဲ့ လူငယ်တစ်ယောက်က တွန်းဖွင့်ဝင်လာတယ်။ 


သူက အနက်ရောင်ဝတ်ထားပြီး မျက်နှာက မျိုးရိုးဗီဇကောင်းတွေကို ပိုင်ဆိုင်ထားတယ်။ သူ့မျက်ခုံးနဲ့ မျက်လုံးတွေက ပါးရှားပြီး မင်းမျိုးမင်းနွယ်ဆန်တယ်။ 


ငါ အံ့သြမှင်တက်သွားတယ်။ ဟင်။ ဒါ ငါတို့တက္ကသိုလ်က ကျိုးယန် ဆိုတဲ့ ကျောင်းသားတွေ သဘောကျတဲ့သူ မဟုတ်လား။ သူ ဒီမှာ ဘာလုပ်နေတာလဲ။


~~~