Chapter 15
"ဂျင်
... ဂျင်ရွှမ်၊ သူတို့ ... ဒါ၀မ်ရဲ့အဖေ အဆင်ပြေရဲ့လား"
"
ရတယ် အမေ သွားကြမယ် အထဲရောက်မှပြောရအောင် "
မိသားစုတစ်စု
မြင်ကွင်းတွင်ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရသဖြင့် အမျိုးသမီးဝမ်သည်
သားဖြစ်သူလက် မောင်းကိုကိုင်ကာ တိုးတိုးတိတ်တိတ်လေသံဖြင့်မေးလိုက်သည်။ ပါးနပ်စွာဖြေရှင်းခဲ့သော်လည်း
သူမသည် ရွာသူလေးတစ်ဦးသာဖြစ်သည်။ ဒါ၀မ်ဖခင် သွေးထွက်လွန်မှု သည် သူ့အား
သိသိသာသာကြောက်လန့်သွားစေခဲ့သည်။ သူမအားနှစ်သိမ့်သည့်အပြုံးဖြင့်
လင်းဂျင်ရွှမ်သည် အမျိုး သမီး၀မ်ထံမှ သူ့လက်ကိုပြန်ဆွဲယူလိုက်သည်။
"ဖေဖေ
ဒါဝမ်ရဲ့ဖေဖေက သွေးတွေအများကြီးထွက်နေတယ်... သူ သေမှာလားဟင်"
ပေါင်မုန့်နှစ်လုံးသည်
အလွန်ကြောက်လန့်နေပုံရပြီး မျက် နှာသေးသေးလေးများဖြူဖျော့နေသော်လည်း ထိုလူ
သေဆုံးမှုအတွက် မစိုးရိမ်ခဲ့ကြဘဲ လင်းဂျင်ရွှမ်အားပြဿ နာဖြစ်စေကာ
ဒုက္ခရောက်မည်ကိုစိုးရိမ်နေကြမှန်းသိသာလှသည်။ ငယ်သေးသော်လည်း ဘဝတစ်ခုအတွက်
အသက်တစ်ခုဆိုတာနားလည်ကြသည်။ နောက်ဆုံး ၎င်းတို့ဖေဖေ ပုံမှန်ပြန်ဖြစ်လာသဖြင့်
သူ့တို့မဆုံးရှုံးချင်ကြပေ။
"
ဟီးဟီး … သေဖို့က ဘယ်လိုလုပ်လွယ်မှာလဲ လူကောင်းတွေကအသက်မရှည်ကြဘူး လူဆိုးတွေက
လူကိုအချိန်ကြာကြီးဒုက္ခပေးတတ်တယ် ဒီလူတွေကို လူကောင်းတွေလို့ထင်နေတာလား"
လင်းဂျင်ရွှမ်သည်
သားနှစ်ယောက်အား လုံးဝဂရုမစိုက်သော သူ့သွင်ပြင်ကိုပြသခဲ့သည်။ ထိုစကားကိုကြားချိန်
ပေါင်မုန့်နှစ်လုံးသည် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာခေါင်းညိတ်ပြလိုက်သည်။
ထိုမြင်ကွင်းကြောင့် လင်းဂျင်ရွှမ် ရယ်မောလုနီးပါးဖြစ်ခဲ့သော်လည်း မကြာမီတွင်
သူသည် သူ့အမူအရာကိုထိန်းကာထိုင်ချလိုက်ပြီး လက်ကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ကာ
"ရှောင်၀မ်
၊ ရှောင်ဝူ ဒီလို အရှက်ကင်းမဲ့တဲ့ ကြွက်စုတ်တွေနဲ့ဆက်ဆံရတာကို သတိရနေရမယ်
ဒီ့ထက်ပိုအရှက်မဲ့ပြီး ပိုဆိုးယုတ်နေရမယ် အလျှော့ ပေးလို့မရဘူး ရန်သူကို ကရု
ဏာပြတာက မင်းကိုယ်မင်း ရက်စက်တတ်ဖို့လိုအပ်လာတဲ့အခါမှာ
သွေးထွက်တယ်ဆိုတာဟာဘာမှမဟုတ်ဘူး"
21
ရာစုတွင် သူအလွန်နှစ်သက်ခဲ့သော စကားလုံးများရှိသည် - ပညာရေးသည်
ငယ်ရွယ်စဉ်ကတည်းကစတင်သင့်သည်။ လင်းဂျင်ရွှမ်သည် အခြားသူများထက်ပိုမိုရှင်းလင်း
သည်။ ၎င်းတို့အား တစ်သက်လုံးမကာကွယ်နိုင်ဘဲ သူတို့၏လုံခြုံမှုကို
တစ်ချိန်လုံးဂရုစိုက်နေမယ့်အစား၊ လူ့ လောကသဘာဝ၏ ရက်စက်ကြမ်းကြုတ်မှုများကိုကြိုမြင်
နိုင်ပြီး တခြားသူတွေထက်ပိုကြံခိုင်ကာ
လွှမ်းမိုးချုပ်ကိုင်မှုကိုအတုယူသင့်သည်။
"ဟုတ်
ဖေဖေ သားတို့မှတ်ထားလိုက်မယ် "
ပေါင်မုန့်နှစ်လုံး
သူ့အဓိပ္ပါယ်အား အပြည့်အ၀နားမလည်နိုင်ပေမယ့် တစ်ချိန်တည်းမှာ
ခိုင်မာစွာခေါင်းညိတ်နေကြတုန်းပင်။ အရာအားလုံးအပြင် စာဖတ်ဖို့ရာနောင်ကျနေခဲ့သည်။
ဖေဖေသည် ရွာထဲရှိ ပညာရှင်လူအနည်းစုထဲမှတစ်ယောက်ဖြစ်သည့်အတွက် သူတို့အတွက်
ဖေဖေပြောတာ အမှန်ပဲဖြစ်လိမ့်မည်။
လင်းဂျင်ရွှမ်
မသိလိုက်တာက သူ့ရဲ့သွေးအေးလုနီးပါး ပညာသင်ကြားမှုပုံစံကြောင့်၊ နောင်မှာ သူ
အစွမ်းထက်သောပုဂ္ဂိုလ်နှစ်ဦးကို အမှန်တကယ်လေ့ကျင့်ပေးနိုင်ခဲ့ပြီး တစ်ဦးမှာ
တိုင်းပြည်တိုင်းကိုကြောက်ရွံ့စေပြီး
ကျန်တစ်ဦးမှာတရားရုံးတော်အားစိုးမိုးထားခြင်းပင်။ ဟုတ်တယ်
ဒါအနာဂတ်မှာဇာတ်လမ်းဖြစ်လာခဲ့တယ်။
“ကောင်းပြီ
ဖေဖေ ဒီနေ့ ငါးတွေအများကြီး ဖမ်းမိခဲ့တယ် အိမ်ပြန်ကြရအောင်”
ပေါင်မုန့်နှစ်လုံးခေါင်းကိုထိလိုက်သည်နှင့်
လင်းဂျင်ရွှမ်ထရပ်ကာ စည်ကြီးကြီးကို ဘေးသို့သယ်သွားပြီးနောက် လူသုံးဦးသည်
ငါး၏တည်ရှိမှုကိုသတိပြုမိလိုက်ကြသည်။ ပေါင်မုန့်နှစ်လုံးသည်
အလွန်စိတ်လှုပ်ရှားနေပုံရပြီး တစ်ယောက်ကသားရည်ယိုနေပြီး ကျန်တစ်ယောက်မှာကြေးဒင်္ဂါးပုံသဏ္ဍာန်အဖြစ်သို့
ပြောင်းလဲလုနီးပါးဖြစ်နေသော မျက်လုံးတစ်စုံနှင့် အမျိုးသမီး၀မ်သာလျှင်
လုံးဝပဟေဋ္ဌိဖြစ်နေသည်။ သူ့သားက အဲဒီငါးတွေကို ဘယ်ကဖမ်းခဲ့တာလဲ ??
စည်ထဲတွင်
ငါးကြင်းဆယ်ကောင်နီးပါး၊ တစ်ကောင်လျှင် သုံးလေးကျင်းရှိသည်။ ကံကောင်းထောက်မစွာပင်
လင်းဂျင်ရွှမ်သည် ၎င်းတို့အား
လခြမ်းပုံစမ်းချောင်းဒိုင်မေးရှင်းထဲမှရေဖြင့်စိမ်ထားခဲ့သည်၊ သို့မဟုတ်ပါက
၎င်းတို့သည် အောက်ဆီဂျင်ပြတ်လပ်ပြီးသေဆုံးသွားပေလိမ့်မည်။
"မေမေ
... ရွာအဝင်ဝမှာ ဈေးရှိလား"
ဟုညစ်ပတ်သော
ပင်မခန်းတွင်ထိုင်ရင်း ခြံဝင်းအတွင်းရှိ သစ်သားစည်ဘေးတွင်စုရုံးနေသော
ပေါင်မုန့်လုံးလေး တွေကိုကြည့်ပြီး လင်းဂျင်ရွှမ် ပြုံးကာမေးလိုက်သည်။
မူလပိုင်ရှင်၏မှတ်ဉာဏ်မှာ သိပ်ကိုရှည်လျားလွန်းလှသည်။ လွန်ခဲ့သည့်
ငါးနှစ်လောက်ကအရာအားလုံးမှာ ယခုထိ အတူတူလားဆိုတာ သိပ်မသေချာပေ။
"အင်း...
ရွာလမ်းဆုံမှာ စျေးတစ်ခုရှိတယ်ဘာလို့လဲဆိုတော့ အများအားဖြင့် လူတွေက
သူတို့မိသားစုကိုထောက်ပံ့ဖို့အတွက် ပိုက်ဆံနဲ့လဲဖို့သွားကြတယ် မကြာသေးခင်ကမှ
ဂျုံနဲ့မုန့်ညှင်းစေ့တွေလိုက်စုနေကြတယ်...လူတော်တော်များများ
ပစ္စည်းတွေသွားဝယ်ကြတယ်... မင်း အဲ့ဒီမှာ ငါး သွားရောင်းမလို့လား..??"
ဒါကိုကြားတော့
အမျိုးသမီး၀မ် အဲဒီ့နေရာမှာခဏလောက် အေးခဲသွားပြီး လွန်ခဲ့သည့်နှစ်အနည်းငယ်ခန့်က
သားဖြစ်သူ၏အခြေအနေကိုတွေးရင်း မဝမ်းနည်းဘဲမနေနိုင်ခဲ့ချေ။
သူ့သားအကြီးဆုံးမှာ တစ်ချိန်ကအရမ်းထူးချွန်ခဲ့သော် လည်း ယခုမူတော့
မိသားစုအားထောက်ပံ့ဖို့ရာစားစရာပင် မတတ်နိုင်တော့ချေ။
"အင်း
၊ ငါးကြင်း ဆယ်ကောင်ဖမ်းမိတယ် အမေ အဖေနဲ့
ညီနှစ်ယောက်ရဲ့ကျန်းမာရေးအတွက်တစ်ကောင်ယူသွားလိုက်လေ ပေါင်မုန့်နှစ်လုံးအတွက်
တစ်ကောင်ဖယ်ထားလိုက်မယ် ကျန်တာရောင်းမယ်"
ဟု
ခေါင်းညိတ်ရင်း လင်းဂျင်ရွှမ် သူ့အကြည့်တွေကိုပြန်ဆုတ်လိုက်သည်။ အမျိုးသမီးဝမ်ထံ
သား ၃ ယောက်ရှိပြီး သူမှလွဲ၍ ကျန်နှစ်ယောက်မှာ အမြွှာများဖြစ်ကြသည်။ ဒုတိယသား
လင်းဂျင်ဟန်နှင့် သားငယ်လင်းဂျင်ပန်တို့ သည် ကံမကောင်းလှပေ။
အကြီးဆုံးသားအဖြစ်သူမှာ အရူးဖြစ်လာခဲ့ပြီး ဒုတိယသားဖြစ်သည့် လင်းဂျင်ဟန်သည် အသက်
14 နှစ်ရှိကာ သူသည်အလွန်ပညာတတ်ပြီး အင်ပါယာစာမေးပွဲကိုဖြေဆိုခွင့်ရဖို့
အလားအလာအရှိဆုံးသူဟုဆိုထားသော်လည်း ကောင်းကင်က သူ့အားယခုလိုရိုက်ချလိုက်သည့်အတွက်
ဟာသလုပ်လိုက်သလိုပင်။ သူ့ခန္ဓာကိုယ်ရုပ်ပိုင်းဆိုင်ရာအခြေအနေအရ ရက်ပေါင်းများစွာကြာလေ့ရှိသည့်
စမ်းသပ်မှုတစ်ခုကိုပင်မလုပ်နိုင်ခဲ့ချေ။
စာဖတ်ခြင်းကိုမုန်းတီးရန်မွေးဖွားလာသော
သားငယ် လင်းဂျင်ပန်သည် နာမည်ဆိုးဖြင့်ကျော်ကြားသော ကလေးဘု ရင်ဖြစ်လာခဲ့ပြီး
ယခုလည်းအလားတူပင်။ ထို့ပြင် သခင်အိုကြီးလင်းသည် သူ့အားမြေးအဖြစ် ဘယ်တော့မှမယူဆချေ။
လင်းချန်းလုံတို့ ဇနီးမောင်နှံသည် သားသုံးယောက်မွေးဖွားထားသော်လည်း
လင်းအိမ်တွင်လွန်စွာနှိမ့်ချနေနေရသည်။ အကြောင်းမှာ လင်မယားနှစ်ယောက်လုံး
သူတို့အားမျက်နှာသာမပေးကြသည့်အပြင်
ညီအကိုမောင်နှမများမှလည်းအနိုင်ကျင့်ကြသည်။
"ရှောင်၀မ်နဲ့
ရှောင်ဝူ အတွက်ပဲ ချန်ထားလိုက်ပါကျန်တာ အားလုံးကို
ပိုက်ဆံရအောင်ရောင်းဖို့ထားလိုက် စိတ်ထဲမထားနဲ့ မင်းကိုယ်တိုင်လည်း ဈေးမသွားပါနဲ့
နောက်မှ အမေ မင်းအဖေကို သွားရောင်းခိုင်းလိုက်မယ် " ဟု
သားဖြစ်သူ၏ကိစ္စတွေကိုကိုင်တွယ်ပေးရာမှ သူမ ချိုမြိန်မှုကိုခံစား ရသည်။ သူ့အပေါ်
ရွာသားများ၏မကျေမနပ်ဖြစ်မှုကိုတွေးတောရင်း အမျိုးသမီးဝမ်လင်းချန်းလုံကိုသာ
အလုပ်များလုပ်ခွင့်ပေးရန် စတင်လုပ်ဆောင်ခဲ့သည်။ ပုံမှန်ပြန်ဖြစ်နေပြီဖြစ်တဲ့
သူ့သားအား ရွာသားများ၏လွန်ကဲသည့်အကြည့်နှင့် စော်ကားမှုတွေကို ခံစားခွင့်မပေးချင်ပေ။
"ဟုတ်ကဲ့..
မေမေ ဖေဖေနဲ့ ညီလေးတို့ကိုခေါ်ပြီး ဒီမှာညစာ အတူတူစားရအောင် ဘယ်လိုလဲ ?
မနေ့ကတောရိုင်းအသီး အရွက်တွေ အများကြီးခူးလာခဲ့တယ် စားလို့လည်းကောင်းတယ်..."
သူတို့သည်
လင်းမိသားစုနှင့် မိသားစုပိုင်ဆိုင်မှုကိုခွဲဝေမထားသော်လည်း ငါးပြန်ယူသွားလျှင်ပင်
သူတို့တစ်ကိုက်တောင်စားရဖို့မဖြစ်နိုင်ချေ။ လင်းဂျင်ရွှမ်လည်း သူမကို
အတင်းအကြပ်မလုပ်ခဲ့ပေ။ သူတို့သည် မိသားစုဖြစ်သဖြင့် သူ (သို့) မည်သူမှ
မတွက်ချက်သရွေ့ သူ ၎င်းတို့နှင့်အံဝင်ခွင်ကျဖြစ်လိုသည်။ တစ်နည်းအားဖြင့်
သူ့ဒုတိယညီငယ် လင်းဂျင်ဟန်အတွက် တွန်းအားပေးဖို့လိုသည်ဟုခံစားရပြီး သူ့ရောဂါသည်
မည်ကဲ့သို့ရှိနေသည်... ကုသခြင်း၌ တစ်ခုခုဖြစ်ခဲ့ခြင်းမျိုး ရှိ
မရှိကြည့်ရှုလိုခဲ့သည်။ သူတို့မိသားစုလေးအတွက် ကျော်ကြားမှု (သို့) ချမ်းသာကြွယ် ဝနေသရွေ့အခြားသူများထံမှ
အမည်းစက်များကိုဖယ်ရှားနိုင်မည်ဖြစ်သည်။
"ကောင်းပြီ
မင်းအဖေကို အခုသွားရှာလိုက်မယ်"
အမျိုးသမီး၀မ်အရမ်းပျော်သွားပြီး
သူထွက်သွားခါနီးတွင် လင်းဂျင်ရွှမ်အား ကမန်းကတန်းပြောလာသည်။
"အမေ....
ဂျင်ဟန်ကိုလည်း ခေါ်လာဖို့မမေ့နဲ့ဦး သား သူ့ကို မတွေ့တာကြာပြီ "
"အိုး...
ကောင်းပြီ...ငါ မင်းရဲ့ ညီလေးကို လက်တွန်းလှည်းထဲထည့်ပြီးကို ဆွဲခေါ်
လာခဲ့လိုက်မယ်"
အမျိုးသမီးဝမ်
အနည်းငယ်တုံ့ဆိုင်းသွားပြီး တစ်မိသားစုလုံးအတူတူစားဖို့မလွယ်ဘူးဟုထင်ခဲ့တာသဖြင့်
သူပြတ် ပြတ်သားသား သဘောတူလိုက်သည်....
"အင်း
ဒါဆို မေမေ သတိထားသွားဦး "
သူမအကြည့်အရ
လင်းဂျင်ဟန်အပြင်းဖျားနေမည်ကိုသိသော်လည်း လင်းဂျင်ရွှမ်ထုတ်မပြောခဲ့ပေ။
မတ်တပ်ထရပ်ပြီး တံခါးထိလိုက်ပို့လိုက်သည်။ ပေါင်မုန့်နှစ်လုံးသည် အဘိုးအဘွားတွေ
ညစာစားဖို့လာမည်ကိုကြားသဖြင့် ခုန် ပေါက်နေခဲ့ကြသည်။ သူတို့ ငယ်ရွယ်စဉ်အခါကပင်
ဖခင်နှင့်အတူဝေးလံခေါင်သီသောတောင်ပေါ်တွင် နေထိုင်ကြရသည်။
မိသားစုတစ်စုလုံးပေါင်းစည်းနိုင်သည့် ရှားရှားပါးပါးအခွင့်အရေးတစ်ခုဖြစ်သည့်အတွက်
၎င်းတို့မည်သို့မပျော်ဘဲနေနိုင်ကြမည်နည်း။