၅၆
Viewers 9k

[သစ်သားချောင်း?]

[ဟားဟားဟား။ သစ်သားချောင်းလေးက ဘာကြီးလဲ။]

[တတိယသခင်လေးက အထဲမှာ ဘယ်သူရှိနေတယ်ဆိုတာကိုခန့်မှန်းမိနေတာလား။ မဟုတ်ရင် အဲဒါက သစ်သားချောင်းလေးလို့ ဘာလို့ပြောမှာလဲ။]

[အဲဒါက ဘောပင်ဆိုတာကိုဘယ်သူမဆိုပြောနိုင်တယ်။သစ်သားချောင်းလေးလို့ ပြောတာက သူစိတ်​တောင်ဝင်စားမနေဘူးဆိုတာ ရှင်းရှင်း​လေးပဲ။]

ယွီဇစ်ကျန်း၏စိတ်လှုပ်ရှားနေသော အမူအရာသည် သူမ၏မျက်နှာပေါ်တွင် အေးခဲသွားသည်။

ချူးကျင်းချန်းက 'သစ်သားချောင်းလေး' ဟူသော စကားကို ပြောသည်ကို သူမ မယုံနိုင်ပေ။

တတိယမြောက်သခင်​လေးသည် ဘောပင်ကို သုံးလေ့မရှိသောကြောင့် မှန်းဆ၍မရခြင်းဖြစ်မည်။

'အဲ့ဒါကြောင့်ပဲဖြစ်ရမယ်!'

ယွီဇစ်ကျန်းသည် သူမကိုယ်သူမ နှစ်သိမ့်နေချိန်တွင် ချူးကျင်းချန်းသည် ဒုတိယအခန်းရှေ့တွင် ထိုင်နေပြီဖြစ်သည်။

ရှီဝန်ဖေးက ဝင်လာသောလက်ကို မြင်လိုက်ရပြီး ကျုံးယူဖန်မဟုတ်မှန်း သိလိုက်သည်။

ဆံထိုးကို လက်ထဲတွင်ထားပြီး အနုပညာရှင်ကဲ့သို့​သောလက်များကို ကြည့်လိုက်ပြီး သူမ မသိစိတ်က သ​ဘောကျမိသည်။

"သစ်ရွက်။" ချူးကျင်းချန်း၏နက်နဲပြီး သံလိုက်ကဲ့သို့ဆွဲငင်အားရှိ​သောအသံသည် သစ်သားအိမ်ထဲသို့ ဝင်ရောက်လာသည်။

ရှီဝန်ဖေး၏နှလုံး ခုန်သွားသည်။

ချူးကျင်းချန်းပဲ။

ငါ့မှာ ယူဖန်ရှိပြီးသားဆိုပေမယ့် ချူးကျင်းချန်းလို အင်အားကောင်းပြီး ချောမောတဲ့လူနဲ့ ငါ လက်ထပ်နိုင်ရင်...

ရှီဝန်ဖေးက ခေါင်းခါလိုက်ပြီး စိတ်ထဲမှ အတွေးများကို ဖယ်ရှားလိုက်သည်။

သူမနောက်တခေါက်ပြန်ကြည့်လိုက်သောအခါတွင် သူ့လက်များက နောက်ဆုတ်သွားပြီဖြစ်သည်။

သူမသည် အကြောင်းပြချက်မရှိဘဲ အနည်းငယ် စိတ်ပျက်သွားသလို ခံစားလိုက်ရသည်။

တတိယသစ်သားအိမ်သို့ရောက်သောအခါ ပထမနှစ်အိမ်နှင့်အတူတူပင်ဖြစ်သည်။ ချူးကျင်းချန်းသည် မှန်ကန်စွာ မှန်းဆခြင်း မပြုသော်လည်း သူတို့အားလုံး တူညီသည်ဟု ခံစားရသည်။

[တတိယသခင်​လေးကရည်ရွယ်ချက်ရှိရှိလုပ်ခဲ့တာလို့ ငါ ဘာလို့ထင်နေရတာလဲ??]

[ရည်ရွယ်ချက်ရှိရှိလုပ်တာသေချာတယ်။ ခုနက Bluetooth နားကြပ်ကို မခန့်မှန်းနိုင်ဘူးဆိုတာ မဖြစ်သင့်ဘူး။]

[သူ Bluetooth နားကြပ်ကို သီဟိုဠ်စေ့လို့တကယ်ပြောခဲ့တယ်။ ငါ​တော့ တကယ်ကို အထင်ကြီးသွားပြီ​!!]

[တတိယသခင်​လေးက ဂိမ်းကိုဘယ်လိုကစားရမလဲဆိုတာကို သေချာသိတယ်]

[တတိယသခင်​လေးက အဲဒီကို ရည်ရွယ်ချက်ရှိရှိသွားခဲ့တာလား။]

[ရှီရန်နဲ့ပေးစားနေကြတဲ့သူတွေ ကျေးဇူးပြု၍ နိုးထလိုက်ကြ​တော့။ တတိယမြောက်သခင်​လေးက အခန်းထဲဘယ်သူရှိမှန်းတောင်မသိဘူး။]

[ချူးကျင်းချန်းက ဘယ်သူ့ကိုမှ ရွေးချင်မယ်မထင်ဘူး။ သူ ဒီမှာ အ​ပျင်းဖြေဖို့သက်သက်လာတာ။]

ချူးကျင်းချန်းသည် စတုတ္ထမြောက်သစ်သားအိမ်ရှေ့တွင် ထိုင်ကာ အထဲသို့လက်ထိုးလိုက်ည်။

ရှီရန်က အရှေ့က လက်ကို ကြည့်လိုက်ပြီး ချူးကျင်းချန်း၏လက်ဖဝါးထဲ သကြားလုံးထည့်လိုက်သည်။

သူ့လက်ကို ပြန်ရုတ်သိမ်းခါနီးတွင် ချူးကျင်းချန်းက ရုတ်တရက် သူ့လက်ချောင်းများကို ဆုပ်လိုက်သည်။


ရှီရန်၏လက်သည် ချူးကျင်းချန်း၏လက်ထဲတွင် ရစ်ပတ်ခံလိုက်ရသည်။

နောက်​တစ်​စက္ကန့်​တွင်​ ချူးကျင်းချန်းလွှတ်​လိုက်​သည်​။ သူ၏လေးနက်သော အသံသည် အခန်းပြင်မှ ထွက်ပေါ်လာသည်။ "ဆောရီး။"

'ဒါဆို အသားထိမိတာက မတော်တဆပေါ့။'

ရှီရန်တွေးလိုက်မိသည်။

သစ်သားအိမ်အပြင်ဘက်တွင် သူ့လက်ထဲက တစ်ခုခုကို ထိမိလိုက်သည်နဲ့ ချူးကျင်းချန်း၏မျက်လုံးထဲတွင် လူလည်ကျ​သောအပြုံးတစ်ခု ပေါ်လာသည်။

“သကြားလုံး” ဟု သူ မတွေးဘဲ ပြန်ဖြေသည်။

[ဒီတစ်ခါကျ​တော့ မြန်မြန်ဆန်ဆန်နဲ့မှန်​နေတယ်​ကော]

[မြန်မြန်!! ငါ့ကို ထိန်းကြပါဦး!! ဒီအတွဲကို ငါ အားမပေးချင်ဘူး။]

[သူတို့က အခုနက လက်ကိုင်ထားကြတယ်။ဟီဟီ လက်​ကိုင်ခဲ့ကြတယ်​။]

[ငါတို့မာစတာရန်နောက်ကို သူလိုက်​နေတာ သံသယဝင်မစရာမလို​တော့ဘူး]

[ဒါဟာ တိုက်ဆိုင်မှုတစ်ခု ဖြစ်နိုင်တယ်။ ပြီး​တော့ နောက်ဆုံးအခန်းရောက်​နေပြီ​လေ။ ဆက်ပြီး ခန့်မှန်းနေတာကမကောင်းတော့ဘူး။]

[ဖန်သားပြင်ပေါ်ကအတွဲ​ပေးစား​နေတဲ့ ပရိသတ်တွေက တကယ်ဆွံအသွားပြီ။]

အဝတ်လဲခန်းတစ်ခု။

"ခလွမ်း-"

ဝမ်ယု​ဖေး၏ဖန်ခွက်သည် မြေပြင်ပေါ်သို့ ကျသွားသည်။ မှန်စများ ကွဲအက်သွားသည်။

"အား!" တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေသောရှောင်ရှီးသည် ထိတ်လန့်သွားသည်။ "မမယု​ဖေး၊ ဝေးဝေးနေ။ ဖန်စမရှမိ​စေနဲ့။"

ရှောင်ရှီးသည်  ကြမ်းပြင်မှဖန်ခွက်ကို ထိတ်လန့်စွာ ကောက်ယူလိုက်ပြီး ထရပ်သည်။

ဝမ်ယု​ဖေးအ​တွေးလွင့်​နေသည်ကိုမြင်လိုက်ရသောအခါ သူမ အံကြိတ်ကာ ခေါင်းကိုက်လျှက်​ပြောသည်။ "မမ၊ တတိယသခင်​လေးက ရှီရန်ကို ရွေးဖို့မဖြစ်နိုင်ဘူးဆိုတာ သေချာတယ်။ ပထမသစ်သားအိမ်သုံးလုံးထဲက တစ်ခုကိုမှ ရွေးခွင့်မရခဲ့ဘူး ဒါကြောင့် နောက်ဆုံးအိမ်ကိုပဲ သူ ရွေးခဲ့ရတယ်"

"နောက်တော့၊ ဒါက KT အဖွဲ့ ရင်းနှီးမြုပ်နှံထားတဲ့ ရှိုးပွဲလေ။  တတိယသခင်​လေးက သူ့ကိုယ်ပိုင် ရှိုးကို ဖျက်ဆီးမှာ မဟုတ်ဘူး။ ရှီရန်ကသာ ကံကောင်းသွားတာပါ။"

ဝမ်ယု​ဖေးခေါင်းငုံ့ပြီး ခါးသီးစွာ ပြုံးလိုက်သည်။ "ရှောင်ရှီး၊ သူက ကင်မရာမှာ ပေါ်လာရတာကို မကြိုက်ဖူး..."

ပင်လယ်ကမ်းစပ်ရှိ အခန်းတွင်  ရှီရန်နှင့်ချူးကျင်းချန်းတို့သည် အဖွဲ့ဖွဲ့ရန် ဆုံးဖြတ်ခဲ့ကြသည်။

အိမ်ထဲကို သူတို့ အတူတူ လျှောက်သွားကြသည်။

ရှီရန်က ရွေးချယ်ခံထားရပြီးပြီကို ကျူယီ​ဖေးမြင်သောအခါ သူ့မျက်လုံးထဲက စိတ်ပျက်သွားခြင်းကို ထင်ထင်ရှားရှား မြင်ရသည်။

ချူးကျင်းချန်းသည် ထိုမြင်ကွင်းကို သတိမထားမိပုံရသည်။ သူက ရှီရန်ကို လှည့်ကြည့်လိုက်ပြီး "ဘာလို့ သကြားလုံးရွေးခဲ့တာလဲ" ဟု အသံတိုးတိုးဖြင့် မေးသည်။

'သကြားလုံးလား?'

ကျူယီ​ဖေးတစ်ချက်ကြည့်လိုက်ပြီး ပိုလို့တောင် စိတ်ဓာတ်ကျသွားသည်။

သကြားလုံးဖြစ်ပါက သူ ခန့်မှန်းနိုင်ပေလိမ့်မည်။

ဂိမ်းတွင် ရှုံးခဲ့သောသူ့အပြစ်သာဖြစ်သည်။

"ဒီအတိုင်းပဲယူခဲ့လိုက်တာပါ" ရှီရန်က ပေါ့ပေါ့ပါးပါး ဖြေသည်။

မကြာခင်တွင် ရှီဝန်ဖေးနဲ့ကျုံးယူဖန် ဝင်လာသည်။

"မမက တတိယသခင်​လေးနဲ့တစ်ဖွဲ့တည်းလား။ ကံကောင်းလိုက်တာ၊ တတိယသခင်​လေးက အင်အားကြီးတယ်​လေ။ မမ ဒီတစ်ကြိမ်​တော့ ကောင်းကောင်းစိတ်ချထားနိုင်မှာပါ" ဟု ရှီဝန်ဖေးက မနာလိုစိတ်ဖြင့် ပြောသည်။

"နင်က ကံမကောင်းဘူးလို့ ထင်နေတာလား။ အဲ့ဒါ​ကြောင့် ကောင်းကောင်းငြိမ်မ​နေနိုင်ဘူးလား" ရှီရန်က မျက်ခုံးပင့်ကာ မေးသည်။

ရှီဝန်ဖေးကို ကြည့်ရင်း ကျုံးယူဖန်၏ အမူအရာ မည်းမှောင်သွားသည်။

စိတ်တုန်လှုပ်သွား​သောရှီဝန်ဖေးက ဖြေရှင်းသည်။ "အဲဒီလို ကျွန်မဆိုလိုတာမဟုတ်ပါဘူး။ ကျွန်မ မပြောခဲ့......"

"သိပါတယ်" ကျုံးယူဖန်က ညင်သာစွာ စကားဖြတ်​ပြောသည်။ "ကျွန်တော်က လွယ်လွယ်နဲ့ စိတ်အနှောင့်အယှက်မဖြစ်ပါဘူး။"

သူစကားပြောနေစဉ်တွင် ရှီရန်ကို ကြည့်ကာ မကျေမနပ်မျက်မှောင်ကြုတ်လိုက်သည်။ "ရှီရန်၊ ဝန်ဖေးရဲ့ စကားကို ဒီလိုအထာ​ကောက်နေစရာ မလိုဘူး။ သူမက ကောင်းကောင်းမွန်မွန်ပဲ​ပြော​နေတာ။"

ရှီရန်းက နှုတ်ဆိတ်နေသည်။

ထိုနှစ်ယောက်နှင့် ငြင်းခုံရန် သူမ တကယ်ကို စိတ်မ၀င်စားပေ။

"ကျွန်မ အဆင်​ပြေပါတယ် ယူဖန်" ရှီဝန်ဖေးက ခေါင်းယမ်းလိုက်ပြီး ရှီရန်ကို နားလည်မှု​ရှိစွာ ကြည့်လိုက်သည်။ "မမကအဲ့လိုဆိုလိုတာမဟုတ်မှန်း ကျွန်မသိတယ်။ ရှင်နဲ့တစ်ဖွဲ့တည်းကျတာတွေ့လို့ မနာလိုဖြစ်​နေတာဖြစ်နိုင်တယ်။"

ချူးကျင်းချန်းနှင့်တစ်ဖွဲ့တည်း ဖြစ်​နေတာကြောင့် ဒီ​ခွေးမက အနိုင်ရ​နေပြီလို့ ထင်နေတာလား။

ချူးကျင်းချန်းကဲ့သို့ မြင့်မားပြီး ခွန်အားကြီးသော ယောက်ျားသည် တစ်စုံတစ်ယောက်၏နှလုံးသားထဲတွင် သူ ရှိမ​နေသည်ကို အမုန်းဆုံးဖြစ်သင့်သည်။

ရှီရန်က သူနဲ့တစ်ဖွဲ့တည်းအတူရှိ​​နေ​သော်လည်း သူမ၏စေ့စပ်ထားသူအကြောင်း ကိုသာ သူမ တွေးနေပါက သူစိတ်မချမ်းမသာဖြစ်မည်မှာ သေချာသည်။

၎င်းကိုတွေးလျှက် ရှီဝန်ဖေးသည် ချူးကျင်းချန်း၏တုံ့ပြန်မှုကို ပို၍ပင်မျှော်လင့်ထားသည်။

မျှော်လင့်ထားသည့်အတိုင်း ချူးကျင်းချန်း၏ အပြုံး ရပ်တန့်သွားသည်။

သူ့ဘေးနားရှိ ရှီရန်ကို ကြည့်ကာ နှုတ်ခမ်းပါးက ပွင့်သွားသည်။ "သူတို့ နှစ်ယောက်က စုံတွဲတွေလား"

သူအသံက အမှန်တကယ်ကို သိချင်​ပုံ​ပေါက်သည်။

[ဖူး ဟားဟားဟား]

[ဒီမေးခွန်းကို ငါ ဘယ်တုန်းကမှ မမျှော်လင့်ထားဘူး။]

[အသစ်ရောက်လာတဲ့သူ ချူးကျင်းချန်းက​တောင် သူတို့နှစ်​ယောက်က စုံတွဲတွေလို့ထင်​နေ​ပေ​မဲ့ ဒီမ​ကောင်းတဲ့အ​ကောင်က ဆက်ငြင်းနေတုံးပဲ။]

[ငါတို့ဖေး​ဖေးက အငယ်အနှောင်းဖြစ်တယ်ဆိုတဲ့ သက်သေရှိလို့လား။]

[စိတ်ဝင်စားဖို့ကောင်းတယ်။ စေ့စပ်ထားတဲ့သူကို ကူညီမဲ့အစား စေ့စပ်ထားသူရဲ့ညီမကို အကြိမ်ကြိမ် ခုခံကာကွယ်ပေးနေတယ်။ ဒါကို ရိုးသားတယ်လို့ ခေါ်တာလား။]

[အို အဲဒီလိုမပြောပါနဲ့။ ငါတို့ရဲ့ ဖေး​ဖေးနဲ့ ခဲအိုမှာ ပုံမှန်အမျိုးသား-အမျိုးသမီးဆက်ဆံရေးပဲရှိတာပါ [🐶]]

ရှီဝန်ဖေးနှင့် ကျုံးယူဖန်အံ့အားသင့်သွားသည်။

စကားပြောပြီးသည်နဲ့ ချူးကျင်းချန်းက သူတို့ဆီ မီးစပစ်ရန်မမျှော်လင့်ထားပေ။

ထိုအချိန်တွင် အခြားဧည့်သည်အဖွဲ့နှစ်စုလည်း ဖွဲ့ပြီးသွားပြီဖြစ်သည်။

ကျုံးယူဖန်နဲ့ ရှီဝန်ဖေးတို့က တခြားအရာပြောရန် မသင့်တော်ပေ။

ထိုအချိန်တွင် ဒါရိုက်တာသည် ထပ်မံပေါ်လာပြီး ယနေ့မစ်ရှင်ကို စတင်ကြေငြာသည်။

"ဒီနေ့ဂိမ်းရဲ့ စည်းမျဉ်းတွေက အရမ်းရိုးရှင်းပါတယ်။ ဧည့်သည်အဖွဲ့တစ်ခုစီမှာ အလုပ်လုပ်ဖို့ ရိုက်ကူး​ရေးအဖွဲ့ကပေးထားတဲ့ ဆိုင်တွေထဲက တစ်ခုကို ရွေးချယ်ရပါလိမ့်မယ်။ ရုပ်ဖျက်ပြီးအလုပ်လုပ်ရမှာဖြစ်ပြီး သူစိမ်း​တွေက မမှတ်မိ​​အောင်​နေရပါမယ်"

"အလုပ်လုပ်ရမယ့်နေရာတွေက တကယ့်ဆိုင်တွေပါ။ ဘယ်လောက်ဝင်ငွေရနိုင်လဲဆိုတာက ဧည့်သည်ရဲ့အရည်အချင်းပေါ်မူတည်ပါတယ်။ ညခြောက်နာရီမထိုးခင် အိမ်ကိုပြန်လာပြီး စုစုပေါင်းဝင်ငွေကို တင်ပြပေးပါ။ အဖွဲ့သား​တွေက အဆင့်တွေကို တွက်ချက်ပေးပါမယ်။"

"ဖြတ်သွားဖြတ်လာတွေက ဧည့်သည်ကို မှတ်မိသွားတာနဲ့ သူ့အလုပ်က ချက်ချင်းပြီးသွားမယ်ဆိုတာ သတိပြုဖို့ အရေးကြီးပါတယ်။ ဧည့်သည်က အဆင့်စောစောတွက်ချက်နိုင်ဖို့ အိမ်ကို ပြန်လာနိုင်ပါတယ်။"

"ဒါပေမယ့် ကျွန်​မတို့ တိုက်ရိုက်ရုပ်သံလွှင့်​နေတာ မဟုတ်ဘူးလား? လူတိုင်းက မြင်နိုင်တယ်လေ" ဟု ယွီဇစ်ကျန်းက သံသယဝင်စွာပြောသည်။

"အလုပ်ခွင်တိုင်းက ကြိုတင်စီစဉ်ထားသူတွေနှင့် ပြည့်နေတာပါ။ သူတို့တွေက ဒီတိုက်ရိုက်ထုတ်လွှင့်မှုကို မကြည့်နိုင်တာကြောင့် ဆိုင်အတွင်းရှိဧည့်သည်တွေဆီမှာ အမှတ်မိ​မခံရ​အောင်သာ လုပ်ဆောင်ရပါမယ်။"

"ဟင်၊ မမှတ်မိ​အောင်​နေရမယ်။ အဲဒါက အရမ်းခက်လွန်းတယ်။" ကျူယီ​ဖေးအနည်းငယ် စိတ်ရှုပ်သွားသည်။

သူ့တွင် လွန်ခဲ့သောနှစ်ရက်က ဖျော်ဖြေပွဲတစ်ခုရှိခဲ့ပြီး သူ၏ဆံပင်ကို ငွေရောင် တမင်တကာ ဆေးဆိုးထားသည်။

သူ့ဆံပင်အရောင်က အလွန်သိသာသည်။ သူသည် ဖျော်ဖြေရေးနယ်ပယ်တွင် အမှန်ပင် ထိပ်တန်းပုဂ္ဂိုလ်တစ်ဦးဖြစ်သည့်အပြင် မှတ်မိမခံရ​အောင်ပြုလုပ်ရန် ခက်ခဲလွန်းလှသည်။

"ရုပ်ဖျက်တဲ့ပစ္စည်းတွေကော ရှိလား"  ပိုင်ကျင်းထျန်က သူ့ထက်စာလျှင် တည်ငြိမ်နေသည်။

"ရှိပါတယ်။ ပရိုဂရမ်အဖွဲ့သား​တွေမှာ ဆံပင်တု၊ အလှကုန်နဲ့ အခြားရုပ်ဖျက်ကိရိယာတွေပါတဲ့ အဝတ်လဲခန်း လေးခန်းရှိပါတယ်။ ဒါပေမယ့် ငှားရမ်းခကို သုံးမှတ်ကောက်ခံပါတယ်။"

လူတိုင်းက အမှတ်အ​ကြောင်းကိုနားမလည်ဘဲ ချက်ချင်း သဘောတူလိုက်ကြသည်။

သူတို့ ရွေးချယ်ပြီးသည်နဲ့ အဝတ်လဲခန်းထဲအမြန်ဝင်သွားကြသည်။

အဝတ်လဲခန်းတွင် ရုပ်ဖျက်ရန် ကိရိယာမျိုးစုံ ပြင်​ပေးထားသည်မှာ အမှန်ပင်ဖြစ်သည်။

ရှီရန်လှည့်ပတ်ကြည့်လိုက်ပြီး အနက်ရောင်ဖောင်ဒေးရှင်းပုလင်းကို ကောက်ကိုင်လိုက်သည်။ သူမ မေးစေ့ကို မြှောက်လိုက်ပြီး ချူးကျင်းချန်းအားထိုင်ရန် ဟန်ပြသည်။

ချူးကျင်းချန်းက တိုးတိုးလေး ရယ်လိုက်ပြီး ထိုင်လိုက်သည်။ ရှီရန်ကို မော့ကြည့်လိုက်သည်။

ရှီရန်သည် သူမ၏လက်ပေါ်တွင် ဖောင်ဒေးရှင်းကို ညှစ်လိုက်ပြီး ဖောင်ဒေးရှင်းဘရက်ရှ်ဖြင့် ဖောင်ဒေးရှင်းကိုချူးကျင်းချန်းပေါ်တွင် စတင်လိမ်းသည်။ "ရှင့်ရဲ့အသားအရည်က အရမ်းဖြူတယ်ဆိုတော့ ပိုပေါ်လွင်တယ်။ မည်းသွားတာ ပိုကောင်းတယ်" ဟု သူမ ပြောသည်။

သူသည် နီးကပ်လာပြီး လက်ပေါ်ရှိ မိတ်ကပ်ဘရက်ရှ်ကို အာရုံစိုက်နေကာ နှစ်ယောက်သား အလွန်နီးကပ်နေသည်ကို သတိမထားမိလိုက်ပေ။

နီးကပ်လွန်းသဖြင့် ချူးကျင်းချန်းသည် ရှီရန်၏ ခန္ဓာကိုယ်ပေါ်ရှိ မွှေးရနံ့သင်းပျံ့သော ရနံ့ကို ရနိုင်လေသည်။ ပြင်းပြသောရေမွှေးနဲ့တူသောရနံ့မဟုတ်သော်လည်း ရေမွှေးထက်ပိုလို့တောင် ယစ်မူးစေသည်။

သူ မော့ကြည့်လိုက်သောအခါ သူ့မျက်ဝန်းနက်က ရှီရန်၏အညိုရောင်မျက်ဝန်းကို ဆုံတွေ့ပြီး သူ့လက်ရှိအသွင်အပြင် ထင်ဟပ်နေသည်ကို သူမ၏မျက်ဝန်းထဲတွင်မြင်ရသည်။

အောက်ကို ကြည့်လိုက်သောအခါတွင် လှပပြီးအံဝင်ခွင်ကျရှိသော နှာတံမြင့်မြင့်တစ်ခုနဲ့နှာခေါင်းပေါ်က မှဲ့လေးကို သူ တွေ့လိုက်ရသည်။

သူ့ရှေ့မှ ပွင့်လိုက်ပိတ်လိုက်ဖြစ်နေသော နှုတ်ခမ်းဆီသို့ သူ့မျက်လုံးက အလိုလို​ရောက်သွားသည်။

သူ့မျက်လုံးနက်များက နက်မှောင်သွားပြီး သူ့အကြည့်က တောက်လောင်နေသည်။