Ch 1
Viewers 4k

🧶 Chapter 1

 

 

ညခုနစ်နာရီခန့်တွင် ရှန်းချူးချူးသည် ဆာလောင်မွတ်သိပ်မှုနှင့်အတူ အစာအိမ်မှအချက်ပြလာသည့် အတွက် ညစာစားရန်အိမ်မှထွက်ခွာလာခဲ့သည်။

 

ရှန်းချူးချူးသည် အဆင့် 18 သရုပ်ဆောင်တစ်ဦးဖြစ်သော်လည်း သူ(မ)အတွက်မူ "သရုပ် ဆောင်"ဟူသောစကားလုံးသည် လျော့ပါးလာသည်ဟုခံစားလာရသည်။ သရုပ်ဆောင်အလုပ်ဖြင့်ငွေရှာခြင်းသည် အလွယ်ကူဆုံးအသက်မွေးဝမ်းကြောင်းဟုဆိုကြသော်လည်း ယင်းအစား ငွေကုန်ကြေးကျအမြန်ဆုံးအလုပ်တစ်ခုဟုသာ သူ(မ)ခံစားရသည်။

 

သူ(မ)သည် ပွဲဦးထွက်ပြီးသုံးလကြာမှသာ စုစုပေါင်းကြော်ငြာနှစ်ခုရိုက်ကူးခဲ့ရပြီး ခက်ခက်ခဲခဲဖြင့် ဝင်ငွေ ယွမ်တစ်သောင်းသုံးထောင်ရရှိခဲ့သည်။ ထို့ထဲမှ ယွမ်လေးထောင်အားအလှကုန်ဝယ်ရန်အသုံးပြုလိုက်ရပြီး နောက်ခြောက်ထောင်အား အိမ်လခပေးလိုက်ရကာ ကျန်သုံးထောင်အတွက်ကိုမူ အဝတ်အစားနှင့်အစားအသောက်စရိတ်အတွက်ချန်ထားလိုက်သည်။

 

*မှတ်ချက်- "ယွမ်"သည် တရုတ်ငွေကြေး "RMB" အား ရည်ညွှန်းပြီး ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုကြသည်။ တစ်ဒေါ်လာလျှင် ခြောက်ယွမ်မှခုနစ်ယွမ်ခန့်ရှိပြီး ယွမ်တစ်သောင်းရှစ်ထောင်သည် အမေရိကန်ဒေါ်လာနှစ်ထောင်အောက်နှင့်ညီမျှသည်။

 

သူ(မ)၏ ပိန်ရှုံ့နေသောပိုက်ဆံအိတ်လေးကိုငုံ့ကြည့်လိုက်ကာ အိတ်အတွင်းရှိပိုက်ဆံအား ရေတွက်ကြည့်လိုက်ပြန်သည်။ စုစုပေါင်းနှစ်ဆယ့်သုံးယွမ်..!!! ဝိုး... ဒါသူ့(မ)ရဲ့လက်ကီးနံပါတ်ပဲ!! သိပ်ကောင်းတယ်။ သူ(မ)အခု အပြင်ထွက်ပြီး Spicy ဟော့ပေါ့သွားစားလို့ရပြီပေါ့။ မနက်ဖြန်အတွက်က....သူ စဉ်းစားရဦးမှာပဲ!

 

သူ(မ) ပိုက်ဆံအိတ်ကိုယူကာ တိုက်ခန်းမှထွက်လာခဲ့သည်။ 

 

ရှန်းချူးချူးသည် လမ်းမကြီးနှစ်ခုကိုဖြတ်သန်းပြီးနောက် Spicy ဟော့ပေါ့ဆိုင်ကြီးအားလှမ်းမြင်လိုက်ရသည်။ လောလောဆယ် သူ(မ)သည် ဆာလောင်မှုကြောင့် အားနည်းပြီးမူးနောက်နေသည်။ လမ်းတစ်ဖက်ကို လှမ်းကြည့်လိုက်ရာ မီးစိမ်းပြရန်သုံးစက္ကန့်ခန့်ကျန်ရှိနေသေးသဖြင့် သူ(မ)သည် ကား ရှင်း/မရှင်း ဘေးဘယ်ညာလှမ်းကြည့်လိုက်ပြီး အရှိန်ဖြင့်လမ်းဖြတ်ကူးလိုက်သည်။

 

သူ(မ)အား Spicy ဟော့ပေါ့ဆိုင်ကြီးမှ လက်ယက်ခေါ်နေသလိုပင်။ သို့သော် ရှန်းချူးချူး ဆိုင်ထဲသို့ရောက်ခါနီးမှာပင် စူးရှသောအလင်းတန်းတစ်ခုနှင့်အတူဘရိတ်အုတ်သံကြောင့် သူ(မ)ချက်ချင်းပင်တန့်သွားခဲ့သည်။ ကားမောင်းသူမှာ မည်သူမည်ဝါဖြစ်မှန်း ရှင်းရှင်းလင်းလင်းမမြင်လိုက်ရသော်လည်း သူ့(မ)အပေါ်တောက်ပနေသည့်အနီရောင်အလင်းတန်းတစ်ခုလွှမ်းခြုံသွားသကဲ့သို့ခံစားလိုက်ရသည်။

 

"အား...!!!"

 

ဟု သူ(မ) တစ်ချက်အော်ဟစ်လိုက်ပြီး၊ ထို့နောက် စက္ကန့်ပိုင်းအတွင်းမှာပင် သတိလစ်သွားခဲ့သည်။ရှန်းချူးချူးသည် အလွန်ရှည်လျားလွန်းသည့် အိပ်မက်တစ်ခုမက်နေခဲ့ပြီး သူ(မ)၏အိပ်မက်ထဲတွင် အဖြူရောင်မုတ်ဆိတ်မွှေးအရှည်ကြီးနှင့်အဘိုးအိုကြီးသည် သူ့ကိုယ်သူအောင်သွယ်တော်နတ်ဘုရား "ယွဲ့လောင်"ဟုသမုတ်ခဲ့ပြီး သူ(မ)၏ အိပ်မက်များကိုအကောင်အထည်ဖော်ရန်ကူညီပေးနိုင်ကြောင်းပြောလာခဲ့သည်။ သို့သော် တစ်ချိန်တည်းမှာပင် သူ(မ)သည် ကမ္ဘာကြီးအားကယ်တင်ရန်တာဝန်ပေးအပ်ခံရမည်ဖြစ်သည်။ ရှန်းချူးချူးသည် ငတ်သေလုနီးပါးဖြစ်နေသည့် သူ့ကိုယ်သူပြန်တွေးလိုက်ပြီး သူ့ထံ ကမ္ဘာကြီးအားကယ်တင်ဖို့တွေးတောရန် မည်သို့အချိန်ရှိရမည်နည်း...!

 

မှတ်ချက် - ယွဲ့လောင်သည် ဖူးစာရေးနတ်ဖြစ်သည်။

 

ရှန်းချူးချူးသည် သူ(မ)နိုးထလာသောအခါ တစ်ယောက်တည်းတိတ်တဆိတ်ရယ်မောလိုက်သည်။ သူ(မ)မက်ဖူးသမျှ အိပ်မက်ထဲတွင် အဆိုးရွားဆုံးအိပ်မက်တစ်ခုပင်။ အရွယ်ရောက်ပြီး လက်မထပ်ရသေးသော လူငယ်များပိုလျှံနေမှုနှင့် ကွာရှင်းမှုနှုန်းတိုးလာခြင်းကိစ္စများအား သူ(မ)အဘယ်ကြောင့်စိုးရိမ်နေရမည်နည်း ? သူ(မ)သည် ယခုနှစ်မှ ပူပူနွေးနွေးဘွဲ့ရထားပြီးဖြစ်ရာ အသက်(၂၂)နှစ်မျှသာရှိသေးသဖြင့် ထိုသို့သောပြဿနာများကို ကိုယ်တိုင်ကိုယ်ကျပူပန်ပေးနေစရာမလိုပေ။

 

သူ(မ)သည် ငွေရှာချင်ရုံသာဖြစ်ပြီး ပိုက်ဆံအမြောက်အများရရှိဖို့သာအရေးကြီးသည်။ သို့မှသာ သူ(မ) သည် နိုင်ငံအတွင်းနှင့်ကမ္ဘာတစ်ဝှမ်းတွင်ပါချက်ချင်းကျော်ကြားလာမည်ဖြစ်သည်။ သူ(မ) တွေးနေရင်းနှင့်ပင် ရုတ်တရက်ကျယ်လောင်စွာရယ်မောလိုက်သည်။

 

"မိန်းကလေး...မင်း နိုးပြီလား..."

 

ရှန်းချူးချူး အိပ်မက်မက်နေစဉ် သူစိမ်းတစ်ယောက်၏အသံကိုကြားလိုက်ရသဖြင့် မျက်မှောင်ကြုတ်ကာမျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်ပြီး သူ(မ)၏လှပသောအိပ်မက်ကို မည်သူကများလာနှောက်ယှက်နေသလဲဟုတွေးလိုက်မိသည်။

 

သူ(မ)မျက်လုံးများကိုဖွင့်ကြည့်လိုက်သည်နှင့် ပထမဆုံးမြင်လိုက်ရသည်မှာ အဖြူရောင်မျက်နှာကျက်တစ်ခုဖြစ်ပြီး ဘယ်ညာတစ်ချက်ဝေ့ရမ်းကြည့်လိုက်ရာ ဤနေရာသည် သူ(မ)အိပ်ခန်းမဟုတ်မှန်းသတိထားမိလိုက်သည်။ သူ(မ)၏လက်ကိုမြှောက်ကြည့်လိုက်ရာ Drip ချိတ်ထားသည်ကိုတွေ့ရသဖြင့် သူ(မ)တစ်ခုခုကိုတွေးတောလိုက်ပြီးနောက်ဆုံးဖြစ်ပျက်ခဲ့သမျှကို သတိရသွားသည်။

 

သူ(မ)ကားတိုက်ခံလိုက်ရသည်ကိုသာ မှတ်မိလိုက်ပြီး အဲ့ဒီနောက်မှာတော့အရာအားလုံး ကွက်လပ်ကြီးတစ်ခုလိုဖြစ်နေခဲ့သည်။

 

တစ်ချိန်တည်းမှာပင် သူ(မ)သည် ဇောချွေးများဖြင့်အေးစက်သွားခဲ့သည်။ သူ ရုပ်ပျက်ဆင်းပျက်များဖြစ်သွားပြီလား ? ဒါမှမဟုတ် သူ့ ခြေတွေ လက်တွေ တစ်ခုခုများဖြတ်တောက်ခံလိုက်ရတာလား ? တကယ်လို့ ထိုအတိုင်းသာဖြစ်ခဲ့ပါက သူ(မ)သည် ဘယ်သောအခါမှ Star တစ်ယောက်ဖြစ်လာနိုင်တော့မည်မဟုတ်ပေ။ သူ(မ)၏မျက်နှာအား အမြန်ထိတွေ့ကြည့်လိုက်ပြီး ခြေထောက်များကိုလည်းလှုပ်ယမ်းလိုက်သည်။အတွင်းရေးမှူးဝမ်သည် ရှန်းချူးချူးအားကြည့်ရင်းရယ်မောလိုက်ကာ ဆက်ပြောလာသည်။

 

"မိန်းကလေး... မင်း ဆေးရုံကိုစရောက်ကတည်းက တစ်ကိုယ်လုံးကိုစစ်ဆေးပြီးသွားပြီ၊ မင်းခန္ဓာကိုယ်မှာအရာအားလုံးပုံမှန်ပါပဲ"

 

ထိုအခိုက်အတန့်တွင် ရှန်းချူချူသည် သူ(မ)ဘေးတွင်အခြားလူတစ်ယောက်ရှိနေသေးသည်ကိုသတိထားမိလိုက်သည်။ သူ(မ)မော့ကြည့်လိုက်ရာ အနက်ရောင်မျက်မှန်နှင့် အနောက်တိုင်းဝတ်စုံတို့အား သပ်သပ်ရပ်ရပ်ဝတ်ဆင်ထားကာ ဆံပင်ကိုသေသေသပ်သပ်ဖြီးလိမ်းထားသည့် အမျိုးသားတစ်ယောက်ကိုတွေ့လိုက်ရသည်။ သူ၏အပြုံးသည် သိမ်မွေ့လွန်းနေကာ တစ်ချက်ကြည့်လိုက်ရုံမျှဖြင့် အထက်တန်းစားပုဂ္ဂိုလ်မှန်းမည်သူမဆိုတပ်အပ်ပြောနိုင်သည်။

 

"ဒါဆို ကျွန်မ ဘာမှထွေထွေထူးထူးမဖြစ်ဘူးဆိုရင် ဘာလို့မေ့လဲသွားရတာလဲ ?"

 

ရှန်းချူးချူးသည် သူ(မ)၏တံတောင်ဆစ်များအား စစ်ဆေးကြည့်ရှုရင်း စိတ်ရှုပ်ထွေးစွာဖြင့်မေးလိုက်သည်။

 

အတွင်းရေးမှူးဝမ်သည် အပြုံးမပျက်ပဲ

 

"မင်း စိတ်လှုပ်ရှားပြီး မေ့လဲသွားတာပါ၊ ကျွန်တော်တို့ သူဌေးရဲ့ကားနဲ့ မင်းကို လုံးဝကိုမထိမိလိုက်တာပါ"

 

ရှန်ချူးချူးသည် စိတ်များရှုပ်ထွေးကာနောက်ကျိလာပြီး အတွင်းရေးမှုးဝမ်အား ပြူးကျယ်နေသောမျက်လုံးများဖြင့်စိုက်ကြည့်လိုက်သည်။ သူ တကယ်ကြီး Shock ရပြီးမေ့လဲသွားတာများလား ? ထိုစက္ကန့်အပိုင်းအခြားကိုပြန်မြင်ယောင်ကြည့်လိုက်ရာ အနီရောင်အလင်းတန်းကိုသာမြင်လိုက်ရပြီးနောက် လုံးဝအမှောင်အတိကျသွားသည်။ သူ(မ)အား ကားဖြင့်တိုက်မိခဲ့ခြင်းမျိုးတော့လုံးဝမဖြစ်နိုင်ပေ။

 

ရှန်းချူးချူးသည် နားမလည်သည့်ပုံစံဖြင့် အတွင်းရေးမှုးဝမ်အားအချိန်အတော်ကြာငေးကြည့်နေလိုက်သည်။ သို့သော် သူ(မ)စကားပြောရန်ပြင်လိုက်စဉ် အရှေ့ရှိမြင်ကွင်းတစ်ခုကြောင့် ရုတ်တရက်ထိတ်လန့်သွားခဲ့သည်။ သူ(မ)၏ လက်ကိုဆန့်ထုတ်လိုက်ပြီး အတွင်းရေးမှူးဝမ် ခေါင်းသို့ညွှန်ပြလိုက်ကာ

 

"ရှင့် ခေါင်းပေါ်မှာ ပန်းရောင်အသဲပုံလေးတစ်ခုရှိနေတယ်"

 

ထိုစကားကိုကြားပြီးသည်နှင့် အတွင်းရေးမှူးဝမ်သည်လည်းအမူအရာပြောင်းလဲသွားကာ သူ့အပြုံးသည်လည်း စတင်အက်ကွဲစပြုလာသည်။

 

"စိတ်မရှိပါနဲ့ မိန်းကလေး...ကျွန်တော် အဲ့လိုအရာမျိုးဘယ်တော့မှမသုံးဘူး"

 

ရှန်းချူးချူးကလည်း အခိုင်အမာကိုပြောနေပြန်သည်။

 

"အဲ့မှာ တကယ်ရှိနေတာ ၊ ရှင် ကျွန်မ ပြောတာမယုံရင်၊ ရှင်လက်နဲ့ထိကြည့်လိုက်လေ"

 

အတွင်းရေးမှူးဝမ်သည် ထိုကဲ့သို့ကလေးဆန်သော အပြုအမှုမျိုးကိုမလုပ်ချင်သော်လည်း ရှန်းချူးချူးမှတောက်လျှောက်စိုက်ကြည့်နေသည့်အတွက်လိုက်လျောပေးလိုက်ရသည်။ အတွင်းရေးမှူးဝမ်သည် လက်အား ဦးခေါင်းပေါ်သို့အသာအယာပွတ်သပ်ပြလိုက်ပြီး

 

"ရပြီနော်.. မိန်းကလေး၊ မင်း ဟာသလုပ်နေတာတွေရပ်လိုက်လို့ရပြီ၊တခြားအရေးကြီးတဲ့ကိစ္စကို ဆက်ဆွေးနွေးကြရအောင်၊ မင်းရဲ့ဆေးဖိုးဝါးခကုန်ကျစရိတ်အားလုံးကို ကျွန်တော်တို့ဘက်ကကျခံပေးမှာပါ နောက်ပိုင်း ခန္ဓာကိုယ်က မသက်သာတာမျိုး၊ နေထိုင်မကောင်းတာမျိုးရှိရင် ကျွန်တော့်ကိုဆက်သွယ်လိုက်ပါ၊ ဒါ ကျွန်တော့်ရဲ့ Business card ပါ"

 

အတွင်းရေးမှူးဝမ်သည် ပြောပြီးသည်နှင့် ကတ်ပြားတစ်ခုထုတ်ပေးလာသည်။

 

ရှန်းချူးချူးသည် Business card အားမယူဘဲ အတွင်းရေးမှူးဝမ့်၏ခေါင်းကိုသာ ဆက်ပြီးစိုက်ကြည့်နေသည်။ အခုလေးတင် ပန်းရောင်အသဲလေးရှိနေသည်ကို ရှင်းရှင်းလင်းလင်းမြင်နေရဆဲဖြစ်ရာ သူ(မ)မှင်သက်စွာဖြင့်စိုက်ကြည့်နေမိသည်။

 

မည်သို့ပင်ဆိုစေကာမူ သူ(မ)သည် ထို ပန်းရောင်အသဲလေးကိုမြင်နေရသည်။

 

အဆိုပါပန်းရောင်အသဲလေးသည် မြင်ရုံမျှသာ မြင်ရပြီး ထိတွေ့လို့မရနိုင်တာမျိုးဖြစ်နေမလားဟု သူ(မ) တွေးတောနေမိသည်။ ထိုအချိန်တွင် အခန်းအတွင်းရှိ အလင်းပြန်နေသောအရာဝတ္ထုတစ်ခုကိုလှမ်းကြည့်လိုက်ပြီး သူ(မ)၏ဖုန်းကိုဖျတ်ခနဲသတိရသွားသည်။

 

"ကျွန်မ ဖုန်းဘယ်မှာလဲ ?"

 

အတွင်းရေးမှုးဝမ်သည် စားပွဲပေါ်မှအိတ်သေးသေးလေးကို သူ(မ)လက်ထဲသို့လွှဲပေးလိုက်သည်။

 

ရှန်းချူးချူးသည် ထိုအိတ်အတွင်းမှ ဖုန်းကိုထုတ်ယူလိုက်ပြီး အတွင်းရေးမှူးဝမ်၏ ခေါင်းပေါ်ရှိပန်းရောင်အသဲလေးအားပြသနိုင်ရန် ကင်မရာဖွင့်လိုက်သည်။ သို့သော် သူ(မ)ဖုန်းကင်မရာဖွင့်ပြီးသည်နှင့်တစ်ပြိုင်နှက် ပန်းရောင်အသဲလေးပျောက်ကွယ်သွားကြောင်းသဘောပေါက်လိုက်သည်။ သူ(မ) စက္ကန့်အနည်းငယ်ကြာအောင် မျက်မှောင်ကြုတ်ရင်းစိုက်ကြည့်နေလိုက်ရာ ရုတ်တရက်ပန်းရောင်အသဲလေးကပြန်ပေါ်လာပြန်သည်။

 

ရှန်းချူးချူးသည် စိတ်လှုပ်ရှားစွာဖြင့်ဖုန်းကိုကိုင်လိုက်ပြီး ပန်းရောင်အသည်းနှလုံးလေးကိုညွှန်ပြလိုက်သည်။

 

"ရှင့်ခေါင်းပေါ်မှာ တစ်ခုခုရှိနေတာမြင်ရလား ?"

 

အတွင်းရေးမှူးဝမ်သည် စိတ်လှုပ်ရှားနေသောရှန်းချူးချူးကိုလှမ်းကြည့်ပြီး ခေါင်းကိုငုံ့ကာ သူ(မ)၏ ဖုန်းထဲမှပေါ်နေသည့် သူ့ပုံစံကိုအနည်းငယ်စိတ်လှုပ်ရှားစွာဖြင့်ကြည့်လိုက်သည်။ သို့သော်လည်း သူသည်ချက် ချင်းပင် နဂိုအနေအထားတိုင်းပြန်ပြောင်းလိုက်ပြီး အပြုံးလေးဖြင့်

 

 

"တောင်းပန်ပါတယ် မိန်းကလေး၊ ဒါပေမယ့် ကျွန်တော် ဘာမှမတွေ့ဘူးဖြစ်နေတယ်....Um... အဲ့ဒီ ကျွန်တော့် ခေါင်းပေါ်ကပန်းရောင်အသဲဆိုတာကိုပေါ့"

 

 

ရှန်းချူးချူးသည် သူ့ဖုန်းပေါ်ရှိ အတွင်းရေးမှူးဝမ်အား တစ်ချက်ကြည့်လိုက်သည်။ မဟုတ်သေးဘူး၊ အဲ့ဒါက အဲ့ဒီနေရာမှာရှိနေတုန်းပဲ။ အတွင်းရေးမှူးဝမ်က လိမ်နေသည်ဟု သူ(မ)သံသယဖြစ်ခဲ့သော် လည်း ထပ်မကြည့်ခဲ့ပေ။ ရှန်းချူးချူး မျက်မှောင်ကြုတ်လိုက်ပြီး 'ပန်းရောင်အသဲနှလုံး'ကို သူကျ ဘာလို့ မမြင်ရတာလဲ ? ဒါ ဘာကိုဆိုလိုတာလဲ ?

 

ရှန်းချူးချူးသည် အတွင်းရေးမှူးဝမ် မမြင်နိုင်သောကြောင့် သူ(မ)၏ ထူးဆန်းသောအိပ်မက်ကိုအနည်း ငယ်ပြန်တွေးတောကြည့်လိုက်သည်။ သူ(မ)သည် အတွင်းရေးမှူးဝမ်ကို နောက်တစ်ကြိမ်စိုက်ကြည့်ကာ

 

"Oh -- ဟုတ်သား၊ ဘာမှမရှိဘူးပဲ။ ကြည့်ရတာ ကျွန်မ နိုးခါစမို့လို့စိတ်ရှုပ်ထွေးသွားတာဖြစ်မယ်"

 

အတွင်းရေးမှူးဝမ်သည် ရှန်းချူးချူး ကို စူးစူးရဲရဲစိုက်ကြည့်လိုက်သော်လည်း ထိုအကြောင်းအရာနှင့် ပတ်သက်၍ဆက်မပြောတော့ချေ။ အတွင်းရေးမှူးဝမ်က ဆက်ကာ

 

"မိန်းကလေး၊ ကျွန်တော့်သူဌေး ကိုယ်တိုင်ကိုယ်ကျ လာမတောင်းပန်တဲ့အတွက် စိတ်မရှိပါနဲ့။ သူ့အဖိုး ရဲ့မကျန်းမာမှုရေးက ရုတ်တရက်ပိုဆိုးလာတာကြောင့် လက်ရှိမှာအရေးပေါ်ကုသမှုခံယူနေရပါတယ်။ မိန်းကလေး အဆင်ပြေနေတာကို သူမြင်တော့ သူ့အဖိုးကျန်းမာရေးအတွက် စောင့်ရှောက်ဖို့လိုအပ်တာ ကြောင့်လိုက်သွားခဲ့တာပါ။ တစ်ခုခုလိုအပ်တာရှိရင် ဒီ Business card ကိုဆက်သွယ်လို့ရအောင် သိမ်းထားပေးပါ။ လိုအပ်ရှိရင် ကျွန်တော့်ဆီ ဖုန်းဆက်ဖို့မမေ့ပါနဲ့။ မိန်းကလေးရဲ့ ဆေးဖိုးဝါးခအားလုံးကို ပေးချေခဲ့ပြီးပါပြီ၊ ဒါက လျော်ကြေးအနေနဲ့ နောက်ထပ်ယွမ်တစ်သောင်းပါ၊ ဒီနေ့ အခြေအနေအတွက် အရမ်းစိတ်မကောင်းဖြစ်မိပါတယ်"

 

အတွင်းရေးမှူးဝမ်သည် ထိုသို့ပြောကာ ဦးညွှတ်ပြီးတော့ Business card နှင့် ယွမ်တစ်သောင်းကို ရှန်းချူးချူး ၏ကုတင်ဘေး စားပွဲပေါ်ချထားလိုက်သည်။

 

ရှန်းချူးချူးသည် ပိုက်ဆံကိုကြည့်ကာ ဝမ်းနည်းစွာတွေးတောနေမိသည်။

 

"လျော်ကြေးအတွက်က မလိုပါဘူး၊ ဖြစ်ပျက်ခဲ့တာတွေက ကျွန်(မ) အမှားပါ၊ ကျွန်(မ) ကားလမ်းကူး တဲ့အချိန်မှာပိုဂရုစိုက်သင့်တာ၊ နောက်ပြီးတော့ ရှင့်ရဲ့သူဌေး ကျွန်(မ) ကို ကားနဲ့လုံးဝမတိုက်မိခဲ့ပါဘူး၊ အဲ့အတွက် နစ်နာကြေးပေးစရာမလိုပါဘူး"

 

ဟု ရှန်းချူးချူးပြောခဲ့ပြီး သူ(မ) အတွက် ငွေအသည်းအသန်လိုအပ်နေလျှင်တောင် မည်သူ့တစ်ဦးတစ် ယောက်ဆီကမှ မိုက်မဲစွာငွေလက်ခံမည်မဟုတ်ပေ။

 

သို့သော် အတွင်းရေးမှူးဝမ်က

 

"သူဌေးက မင်းကိုကားနဲ့မတိုက်မိခဲ့ပေမယ့် ထိတ်လန့်အောင်လုပ်မိခဲ့တာက ငြင်းလို့မရနိုင်တဲ့ အမှန် တရားတစ်ခုပဲ၊ ဒါကြောင့် မိန်းကလေးရဲ့နစ်နာမှုအတွက် လျော်ကြေးအဖြစ်လက်ခံပေးရမယ်။" ဟု အတင်းအကြပ်ပြောဆိုလာခဲ့သည်။

 

ရှန်းချူးချူး ခေါင်းယမ်းလိုက်သည်။

 

"ဒီပိုက်ဆံကို ကျွန်မ လက်မခံနိုင်ဘူး"

 

အကယ်၍ အတွင်းရေးမှူးဝမ်က အတင်းအကျပ်ပြောဆိုနေသဖြင့် သူ(မ) ထိုနစ်နာကြေးငွေအားလက်ခံ သွားမည်မဟုတ်ပေ။ ထို့ပြင် သူ(မ)အ ဆင်ပြေနေသဖြင့် အတွင်းရေးမှူးဝမ်ဆီမှ ငွေကိုလက်ခံပေးဖို့ရာနည်းလမ်းမရှိချေ။

 

အဆုံးတွင် အတွင်းရေးမှူးဝမ်က

 

"ဒီငွေက မိန်းကလေးကိုလျော်ကြေးပေးဖို့သီးသန့်ပေးထားတာပါ၊ ကျေးဇူးပြုပြီး ကျွန်တော့်ကိုခက်ခဲ အောင်မလုပ်ပါနဲ့" ဟု ပြောလာခဲ့သည်။

 

အတွင်းရေးမှူးဝမ်သည် ရှန်းချူးချူးအား ကျိုးကြောင်းဆီလျော်စွာရှင်းပြပြီး ငွေလက်ခံပေးလာအောင် ကြိုးစားသော်လည်းအောင်မြင်မှုမရခဲ့ပေ။ အတွင်းရေးမှူးဝမ်သည် ငွေများကို ရှန်းချူးချူးလက်ထဲသို့ ထိုးအပ်လိုက်ကာ ရုတ်တရက် သူတစ်ကြိမ်ထပ်မကတောင်းပန်ပြီးနောက် အပြင်သို့အလျင်အမြန်ပြေးထွက်သွားခဲ့သည်။

 

အတွင်းရေးမှူးဝမ် လုံးဝပျောက်ကွယ်သွားပြီးနောက် ရှန်းချူးချူးသည်အိပ်ယာမှမထနိုင်သဖြင့် ဆေး ပိုက်တန်းလန်းနှင့် ဗိုက်ဆာလာကာ အနည်းငယ်မူးဝေနေတော့သည်။

 

ရှန်းချူးချူး ဆီမှထွက်လာပြီးနောက် အတွင်းရေး မှူးဝမ်သည် ခွဲစိတ်ခန်းသို့သွားခဲ့သည်။ သူသည် အဝင်ဝတွင်ထိုင်နေသော အေးစက်သောအမူအရာဖြင့် လူတစ်ယောက်ဆီသို့ တိတ်တဆိတ်လျှောက်သွားလိုက်သည်။

 

"ဘော့စ်"

 

ထိုလူသည် ခွဲစိတ်ခန်းမီးရောင်ကိုစိုက်ကြည့်ကာ ဩရှရှအသံဖြင့်

 

"အဲ့လောက် ကိုင်တွယ်ရခက်လို့လား ?"

 

"မဟုတ်" အတွင်းရေးမှူးဝမ်ကဆက်ကာ

 

"သူ(မ)က အတော်လေးကျိုးကြောင်းဆီလျော်တဲ့သူပါ ဒါပေမယ့်..."

 

"ဒါပေမယ့် ဘာဖြစ်လဲ ?"

 

ဟန်ရှင်းယန်သည် သက်ပြင်းတစ်ချက်ချကာ စိတ်သက်သာရာရသွားသော်လည်း ထိုစကားကြားလိုက်ရ သောအခါ သူ၏အတွင်းရေးမှုးကို နောက်တစ်ကြိမ်ထပ်ကြည့်လိုက်သည်။ ပုံမှန်အားဖြင့် သူ၏စူးရှသောမျက်လုံးများသည် ပင်ပန်းနွမ်းနယ်မှုအချို့ကိုထုတ်ဖော်ပြသလာသည်။

 

"ဒါပေမယ့်..."

 

အတွင်းရေးမှူးဝမ်သည် ပန်းရောင်အသဲနှလုံးကို သတိရသွားပြီး မျက်မှောင်ကြုတ်ကာ

 

"သူ့ကြည့်ရတာ တုန်လှုပ်သွားတဲ့ပဲ..."

 

"ဘယ်လို !"

 

ဟန်ရှင်းယန် ယခုလိုမျိုးဖြစ်လာမည်ဟုမမျှော်လင့်ထားချေ။ သူ မျက်မှောင်ကြုတ်ကာ ဆက်ပြောလိုက်သည်။

 

"မင်း အဲ့ကိစ္စကို ဆက်လုပ်လိုက်၊ တကယ်လို့ ငါတို့ကြောင့်တစ်ခုခုဖြစ်လာခဲ့ရင် ငါ့အနေနဲ့ သေချာ ပေါက်တာဝန်ယူရလိမ့်မယ်"

 

အတွင်းရေးမှူးဝမ်က "ဟုတ်ကဲ့ပါ ဘော့စ်" ဟု ပြန်ဖြေလိုက်သည်။

 

ဟန်ရှင်းယန်သည် သူ့အတွင်းရေးမှူးကို လက်ကိုဝှေ့ယမ်းပြီး ခွဲစိတ်ခန်းအပြင်ဘက်တွင်ဆက်လက် စောင့်ဆိုင်းနေခဲ့သည်။

 

အခန်းထဲတွင် ရှန်းချူးချူးသည် သူ(မ)လက်ထဲရှိ ပိုက်ဆံနှင့် Business Card ကိုကြည့်ကာသက် ပြင်းချလိုက်သည်။ ဤတိုတောင်းသောည၏ အကျိုးသက်ရောက်မှုသည် သူ(မ)အတွက် ရိုးရှင်းလွန်းသည်ဟ ုခံစားမိသည်။ အရင်ဆုံး လူကူးမျဉ်း ကျားတွင် ထိတ်လန့်ကာမူးမေ့လဲသွားပြီးနောက် ပုံရိပ်ယောင်တချို့ကိုမြင်ခဲ့ရသည်။ ဆိုတော့ အဲ့ဒီအိပ်မက်က ဘာကိုဆိုလိုချင်တာလဲ ?

 

သို့သော်လည်း သူမသည် ထိုကိစ္စကိုဆက်လက်စဉ်းစားရန်အချိန်မရသေးမီတွင် သူနာပြုတစ်ဦးသည် တံခါးပေါက်မှဝင်လာခဲ့သည်။

 

သူနာပြုဆရာမက "ကျွန်မ ရှင့် အပ်ကိုထုတ်ပေးဖို့ရောက်လာတာ၊ ကျေးဇူးပြုပြီး ရှင့် လက်ကိုမြှောက် လိုက်ပါ၊ မကြာခင် အဆင်ပြေသွားပါလိမ့်မယ်"

 

သူနာပြုဆရာမ၏အသံသည် နူးညံ့လွန်းသဖြင့်၊ သူ(မ)အား အချိန်အတော်ကြာအောင်စိုက်ကြည့်နေမိတော့သည့်။ သို့သော် ထိုအချိန်တွင် ထူးဆန်း သောအရာတစ်ခုပေါ်လာပြန်သည်။ သူနာပြု၏ ခေါင်းထက်တွင် ယခင်ကကဲ့သို့ပင် ပန်းရောင်နှလုံးသားတစ်ခုရှိနေခဲ့သည်။ ရှန်းချူးချူး မသိစိတ်မှ လှမ်းကိုင်မိလိုက် ရာမှော်ဆန်သည့် အရာတစ်ခုဖြစ်ပေါ်လာခဲ့သည်။

 

သူ့(မ)ရှေ့တွင် Virtual Display Screen တစ်ခုထွက်ပေါ်လာခဲ့တော့သည် ---------

 

Status : လက်မထပ်ရသေး

 

Marriage Partner : ကျောက်ဟိုင်ဖန် [ဓာတ်ပုံ]

 

Marriage Date : 9th Jan 2018

 

Marriage Rating : 4 Stars (လိုက်ဖက်ညီမှုရှိ)

 

Red Thread of Fate : [ဖွင့်သည်]