Ch 6
Viewers 4k

🧶 Chapter 6

 

 

ရှင်းမျန့်သည် နောင်တအရိပ်အမြွက်မပါဘဲ ရှန်းချူးချူး ထွက်သွားသည်ကို ကြည့်နေခဲ့သည်။ သူသည် စာချုပ်ကို ကောက်ယူပြီး မြေပေါ်သို့ ပစ်ချလိုက်သည်။ 'သူ မပါဘဲ ကုမ္ပဏီကဆက်မလုပ်နိုင်တော့ဘူးလို့များ သူ တကယ်ထင်နေတာလား ? သူ့ ကိုယ်သူ ဘယ်သူလို့ထင်နေတာလဲ။ သူက နာမည် ကြီးချင်ပေမယ့် စည်းမျဉ်းတွေဖောက်ဖျက်ဖို့ငြင်း ဆန်နေသေးတယ်၊ အဲ့လိုမျိုးက သူ့ အိပ်မက်ထဲမှာပဲရလိမ့်မယ်။'

 

ထိုအတွေးကြောင့်ရှင်းမျန့်သည် ဖုန်းထုတ်လိုက်ပြီး ပိုလှကာနာခံမှုရှိသော မင်းသမီးတစ်လက်ထံဖုန်းခေါ်ရန်ဆုံးဖြတ်လိုက်သည်။

 

မျှော်လင့်ထားသည့်အတိုင်း သူမသည် Han Group မှကြော်ငြာတစ်ခုဖြစ်ကြောင်းကြားသိရသောအခါ ချက်ချင်းဆိုသလို အခမဲ့ရိုက်ပေးရန်ပင်ဆန္ဒရှိခဲ့သည်။

 

ရှင်းမျန့် ဖုန်းချပြီးနောက် အတွေးတစ်ခုဝင်လာသည်။ ဒါကမှ ကြယ်ပွင့်အတွက်မှန်ကန်တဲ့လမ်း ကြောင်းပဲ။ ရှန်းချူးချူးလို မသိနားမလည်သူတွေကဖျော်ဖြေရေးနယ်ပယ်ထဲ သူတို့ရဲ့အသက်မွေးဝမ်းကြောင်းကဘာဆိုတာမေ့သွားနိုင်တယ်။'

 

ရှန်းချူးချူးသည် အေးစက်သောလေပြင်းတိုက် ခတ်ပြီး တံခါးမှထွက်သွားသည့်တိုင်အောင် သူ လုပ်လိုက်သည့်မိုက်မဲသောအရာကို သဘောပေါက် သွားသည်။ သူသည် ယခင်ကမန်နေဂျာနှင့် ငြင်းခုံခဲ့ဖူးသော်လည်း ထိုကဲ့သို့တိုးမြင့်ရန်သတ္တိမရှိခဲ့ပေ။ ဒီတစ်ကြိမ်မှာတော့ သူ လုံးဝကို လုံးလုံးလျားလျား စော်ကားမိသွားခဲ့ပြီဆိုတာသေချာသလောက်ပင်။

 

 

သူတို့ရဲ့သရုပ်ဆောင်တွေကိုဖိအားပေးဖို့ နည်းလမ်းပေါင်းမြောက်မြားစွာကို အသုံးပြုမယ့်ကုမ္ပဏီတွေ အများကြီးရှိခဲ့သည်။ မိန်ကျာ့နဲ့ကနဦးစာချုပ်ချုပ်တုန်းက 'အထူးအခြေနေကလွဲလို့' လို့ပြောထားခဲ့သည် စကားတစ်ခွန်းကိုပင်မှတ်မိသေးသည်။ ကုမ္ပဏီက စာချုပ်ကိုဖောက်ဖျက်ပြီး အပြစ်ရှိပေမယ့် သူ လုပ်နိုင်တာဘာမှမရှိပေ။ လွန်ခဲ့သည့် သုံးလခန့် ကျောင်းမှထွက်ပြီး ကျော်ကြားသောကြယ် ပွင့်ဖြစ်မည့်အလားအလာကြောင့် ဆွဲဆောင်လွန်း သည့်အတွက် သူ့ကိုယ်သူအပြစ်တင်ရုံသာတတ်နိုင်ခဲ့သည်။ တစ်ခုခုမူမမှန်ဘူးဟု ခံစားမိသော်ငြား စက္ကန့်မခြားမစဉ်းစားဘဲ စာချုပ်ချုပ်ဆိုခဲ့တုန်းပင်။

 

ကုမ္ပဏီနာမည် “မိန်ကျာ့အင်တာတိန်းမန့်”ကိုကြည့် လိုက်ပြီးနောက် ရှန်းချူးချူး၏ခံစားချက်တွေပိုရှုပ်ထွေးလာသည်။

 

ရှန်းချူးချူး ကောင်းကင်ကိုမော့ကြည့်ကာကျော် ကြားရန်အိပ်မက်သည် ရုတ်တရက်ရပ်တန့်သွားသလိုခံစားလိုက်ရသည်။ မိန်ကျာ့သည်ထိပ်တန်းကုမ္ပဏီမဟုတ်သော်လည်း နောက်ခံမရှိသူတစ်ဦးအတွက်လုံလောက်ကြောင်း သူ သိသည်။

 

ပိုအရေးကြီးသည်မှာ သူသည် Han Group ကိုပင် ငြင်းပယ်ခဲ့မိသည်။ အထဲမှလေအေးပေးစက်ကြောင့် သူ့ဦးနှောက်တိုက်စားသွားခြင်းသာဖြစ်ရမည်။

 

နာမည်ကြီးဖို့ လွယ်ကူတဲ့လမ်းကြောင်းတစ်ခုပဲ...

 

သူ လက်ကိုမြှောက်ကာ မျက်နှာကိုတင်းတင်းထားလိုက်ပြီး နောင်တရစရာအတွေးမတွေးတော့ရန် သူ့ကိုယ်သူပြောလိုက်သည်။ အချိန်နှောင်းနေပြီ၊ သူ အခုချက်ချင်းအိမ်ပြန်ပြီး "အတုအယောင်ဟောသူ" အဖြစ်နဲ့ဆက်ပြီးငွေရှာလိုက်ခြင်းကပိုကောင်းသည်။

 

 

ထိုအချိန်တွင် သူမသည် ယွမ်တစ်သောင်းကို ရုတ် တရက်သတိရသွားသည်။ အပြင်မှာရောက်နေတာဆိုတော့ သူတို့ကိုပြန်ပေးရန်အလျင်းသင့်လို့နေ သည်။ သို့သော် သူ့ကိုယ်၌ ပိုက်ဆံမရှိချေ၊ Alipay ကိုအသုံးပြုကာငွေလွှဲနိုင်သည်။ အဲ့လိုမှအဆင်မပြေရင် ငွေထုတ်ပြီး သူတို့ဆီပို့ပေးလိုက်မည်ပင်။ ယခုမနက်ဗေဒင်ဟောပြီးအရဆိုပါက သူ့ထံယွမ်တစ်သောင်းကျော်ရှိနေသင့်သည်။

 

ရှန်းချူးချူး ဖုန်းထုတ်လိုက်ပြီး အတွင်းရေးမှူးဝမ် ၏နံပါတ်ကိုခေါ်လိုက်သည်။

 

ခဏကြာအထိ ဘယ်သူမှလာမကိုင်ဘူးလို့ သူမထင်ခဲ့သလို နောက်ဆုံးတော့ဖုန်းကိုင်လာခဲ့သည်။

 

ရှန်းချူးချူးက သူဘယ်သူဆိုတာကို ချက်ချင်းရှင်းရှင်းလင်းလင်းပြောပြလိုက်ပြီး "နောက်ဆုံးတကြိမ်ကျန်ခဲ့တဲ့တစ်သောင်းကို ကျွန်မ ပြန်ပေးချင်ပါတယ်။ ရှင့်ရဲ့ Alipay အကောင့်က ဒီဖုန်းနံပါတ်ပဲလား ? ကျွန်မကို တစ်ချက်လောက်ပြောပြပေးနိုင်မလား ?"

 

အတွင်းရေးမှူးဝမ်က ချက်ချင်းပဲ “မဟုတ်ဘူး၊ အဲဒီငွေက ကျွန်တော့်ဟာမဟုတ်ဘူး၊ ကျွန်တော့် သူဌေးဟာ၊ ပြီးတော့ ပြန်ပေးစရာမလိုပါဘူး။ နောက်ပြီး မိန်းကလေး သိပ်မကြာခင်က ပျို့အန်ချင်သလိုဖြစ် သေးလား ဒါမှမဟုတ် နေလို့မကောင်းတဲ့နေရာများရှိလား"

 

"မရှိပါဘူး၊ ဒါပေမယ့် ဒီပိုက်ဆံက ......"

 

အတွင်းရေးမှူးဝမ်က ရှန်းချူးချူးကိုစကားစဖြတ်ပြီး “ဒါဆို ကောင်းတာပေါ့တယ်၊ ကျန်းမာပါစေလို့ ဆုတောင်းပေးပါတယ်။"

 

ရှန်းချူချူသည် အဆက်ပြတ်သွားသည့်ဖုန်းခေါ်ဆိုမှုကိုမျက်မှောင်ကြုတ်လိုက်သည်။ ဒါနဲ့ဆို ဒုတိယအကြိမ်ပဲ၊ သူ့ကို ပိုက်ဆံပြန်မပေးခိုင်းချင်ပုံရသည်။ ဇိမ်ခံကားက သူ့အားဝင်တိုက်လုနီးပါးအချိန်ကို ပြန်တွေးပြီး သူဌေးဟုခေါ်သည့် အမျိုးသားကိုသတိရသွားသည်။ ဘာကားအမျိုးအစားမှန်း သတိမထားမိသော်ငြား ထိုလူသည်အလွန်ချမ်းသာသည်ဟုဆိုနိုင်သည်။

 

ရှန်းချူးချူး အသက်ရှုထုတ်ပြီး သူ့ကိုယ်သူတိုးတိုး လေးပြောလိုက်သည်။

 

 

"ဘာပဲဖြစ်ဖြစ် ငါ ဒါကိုသိမ်းထားလိုက်မယ်"

 

ထို့နောက် သူ့ ပဝါကိုပြင်ပြီးတက္ကစီခေါ်လိုက်သည်။

 

အခြားတစ်ဖက်တွင်၊ အတွင်းရေးမှုးဝမ်သည် ဟန်ရှင်းယန်၏ရုံးခန်းထဲသို့ပြန်ဝင်လာခဲ့သည်။

 

“ဘော့စ်၊ နောက်ဆုံးအကြိမ် ကားတိုက်လုနီးပါးဖြစ်တဲ့ အဲဒီအမျိုးသမီး မိန်းကလေးရှန်းကဖုန်းခေါ်လာတယ်။ သူ့ကြည့်ရတာ ဘေးထွက်ဆိုးကျိုးတော့မရှိဘူးထင်တယ်”

 

ဟန်ရှင်းယန်သည် စာရေးလက်စကိုခေတ္တရပ်လိုက်ပြီး ခန့်ငြားသောမျက်ခုံးများကိုကြုံ့လိုက်သည်။

 

 

"ဒါဆို သူ ဘာလို့ဖုန်းဆက်တာလဲ....."

 

ဟန်ရှင်းယန်က သူပြောသည်ကိုပြီးအောင်မစောင့်ချေ၊ အတွင်းရေးမှူးဝမ် သူပြောမည်ါအရာကိုသိပြီး ဖြစ်သဖြင့်ခေါင်းခါလိုက်သည်။

 

 

“မိန်းကလေးရှန်းရဲ့လေသံက သူ မသိတဲ့ပုံပဲ၊ အဲ့တုန်းက တစ်သောင်းကိုပြန်ပေးချင်နေတာ ဒါပေမယ့် ကျွန်တော်ငြင်းလိုက်တယ်။"

 

 

ဒါကို ဟန်ရှင်းယန်ကြားလိုက်သည်နှင့် ရှန်းချူးချူး အပေါ်  အထင်ကြီးမှုနည်းနည်းလေးတိုးလာပြီး စိတ်လျှော့လိုက်သည်။ ထိုနေ့တွင် သူမ မည်မျှကြောက်သွားသည်ကိုသတိရမိပြီး အတွေးလွန်နေပြန်သည်။

 

"အဲတာ ကောင်းတယ်။ စကားမစပ်၊ လက်ဝတ်ရတနာကြော်ငြာကိစ္စမမေ့နဲ့ဦး၊ အဲ့ဒါ သူ့အတွက် ငါ့လျော်ကြေးပဲ”

 

ရှန်းချူးချူးသည် ထုံးစံအတိုင်းထိုစကားဝိုင်းကိုသတိမထားမိပေ။ အိမ်ပြန်ရောက်သည်နှင့် ဆိုဖာပေါ်လှဲချလိုက်သည်။ မြို့တော်သည် ဆောင်းရာသီတွင် အမှန်တကယ်ပင်အေးခဲနေခဲ့သည်။ သူ့ ခန္ဓာ ကိုယ်အေးစက်နေသော်လည်း သူ့နှလုံးသားက ပိုလို့ပင်အေးစက်လို့နေလေသည်။

 

သူကိုယ်တိုင်လျှော်ဖွပ်နေရင်း ဖုန်းမြည်လာသည်။ ဖန်သားပြင်ပေါ်တွင် “မား” ဟူသော စကားလုံးကို မြင်လိုက်ရသောအခါ ရှန်းချူးချူးဟူ၏ နှလုံးသားသည်စုန်းစုန်းမြုပ်သွားခဲ့သည်။

 

“ချူချူ၊ မြို့တော်မှာ မင်းသမီးဖြစ်ချင်တဲ့အိပ်မက်တွေရပ်တန့်ပြီး ဆိုင်ကိုတာဝန်ယူဖို့အိမ်ပြန်လာခဲ့ တော့၊ ဆိုင်က အရမ်းဝင်ငွေကောင်းနေတော့ မာကျောက်ကစားဖို့တောင်အချိန်မရှိတော့ဘူး။ ဒီ့ထက်ပိုပြီးပိုက်ဆံမရှာနိုင်ရင် အိမ်ပြန်လာလို့ပဲပြောပါရစေ။ အဲ့ဖျော်ဖြေရေးအသိုင်းအဝိုင်းမှာ ဆက်မနေနိုင်တော့ဘူးဆိုရင်တောင် ငါ နင့်ကိုပေးထားတဲ့ ရုပ်ရည်လှလှလေးကိုမဖြုန်းတီးနဲ့တော့။ မြန်မြန် အိမ်ပြန်လာပြီး ငါတို့ ဆိုင်ရဲ့ရှီးရှစ်လာလုပ်လှည့်"

 

TL-မှတ်ချက်- ရှီးရှစ်သည် ထင်ရှားကျော်ကြားသောတရုတ်အလှလေးတစ်ဦးဖြစ်ပြီး ဒဏ္ဍာရီဆန်ဆန်သောအလှနတ်ဘုရားမလေးဦးထဲမှ တစ်ဦးဖြစ်သည်။

 

 

ရှန်းချူချူသည် သူ့မား၏ မိုးခြိမ်းသံသဖွယ်အသံကြောင့် ဖုန်းကိုနားနှင့်အနည်းငယ်ခွာသွားစေသည်။ သူ့မား သူ့ကိုစောင့်ကြည့်ဖို့ CCTV တပ်ထားတာများလားဟုပင် သံသယဝင်လာရတော့သည်။ သူ့မန်နေဂျာနဲ့ရန်ဖြစ်ခဲ့ပြီး အိမ်ပြန်ဆိုင်ဖွင့်ဖို့အတွေးရှိချိန်မှာပဲ သူ့မားက ဖုန်းခေါ်ကာအိမ်ပြန်လာဖို့ဆွဲဆောင်နေတော့သည်။

 

"သမီး ပိုက်ဆံမရှာနိုင်ဘူးလို့ ဘယ်သူပြောလဲ ? ပိုက်ဆံအများကြီးရတော့မှာ၊ ကုမ္ပဏီက အခုလေး တင်ကြော်ငြာပေးသွားတာ"

 

 

“ငါဖုန်းဆက်လိုက်တိုင်း နင် ဒီလိုပြောတာ သုံးလရှိပြီ။ နင့်မားက အခုထိဘာကြော်ငြာမှမတွေ့ရသေးဘူး၊ ပျော်လို့ဝသပဆိုရင်လည်း မြနမြန်အိမ်ပြန်လာ တော့၊ ဆိုင်က နင့်ကိုတကယ်လိုအပ်နေတာ နေ့ခင်း ကြောင်တောင်အိမ်မက်မက်နေတာတွေ ရပ်လိုက်လို့ရပြီ"

 

 

ရှန်းချူးချူးပြန်မဖြေခင်မှာ သူ့အဖေရှန်းမင်ဖု၏ အသံကိုကြားလိုက်ရသည်။

 

 

“သမီးကို ဘယ်လိုလုပ် အဲ့လိုပြောရတာလဲ ? ဆိုင်မှာအလုပ်လုပ်ရင် သူ့မှာအနာဂတ်မရှိဘူး၊ သူလုပ်ချင်တာကို လုပ်ခွင့်ပေးလိုက်စမ်းပါ။”

 

 

ချူးကွေ့ကျစ်သည် ထိုစကားကိုကြားသောအခါ သူမရပ်တန့်လိုက်ပြီး ရှန်းမင်ဖုကိုကြိမ်းမောင်းတော့သည်။

 

 

"ရှင် အငြိမ်းစားယူတာ နှစ်နှစ်လောက်ရှိပြီ၊ ကျွန်မတစ်ယောက်တည်း ဒီဆိုင်ကိုဦးစီးနေရတာ၊ ဖျော် ဖြေရေးအသိုင်းအဝိုင်းဆိုတာ ကောင်းတဲ့ပတ်ဝန်း ကျင်မဟုတ်ဘူး၊ ဒီနေ့ သတင်းမတွေ့ဘူးလား ? မင်းသမီးက ဒါရိုက်တာတစ်ယောက်နဲ့အိပ်သတဲ့ ဒါရိုက်တာကဖြင့် သူ့ထက် အသက်အများကြီးကြီးတယ်။ အဲ့လို အိုနာကျနှာဘူးတွေချည်းပဲ”

 

 

ရှန်းမင်ဖုက သူမ ကို “ရှူး၊ ငါတို့သမီးနားထောင်နေတယ်လေ၊ မင်း ငြိမ်ငြိမ်မနေနိုင်ဘူးလား"

 

 

ချူးကွေ့ကျစ် ခေတ္တရပ်လိုက်ပြီး "ဒါဆို ချူးချူး၊ ငါ ပြောစရာရှိတာပြောပြီးပြီ ဖုန်းချလိုက်တော့မယ်။ နင့် မားရဲ့အမြင်ကို နင် တကယ်စဉ်းစားသင့်တယ်"

 

 

သူမ စကားပြောပြီးသောအခါ ရှန်းချူချူသည် ကော်ဖီစားပွဲပေါ် ဖုန်းချထားသကဲ့သို့ ပေါက်ကွဲသံကိုကြားလိုက်ရသည်။ ထို့နောက် သူ့အမေက သူ့အဖေကိုဆဲဆိုကြိမ်းမောင်းတော့သည်။

 

 

"ရှန်းမင်ဖူ၊ ရှင် ဘာတွေတွေးနေလဲ ကျွန်မ မသိ တော့ဘူး! ကျွန်မတို့သမီးက အရမ်းလှတာ၊ သူ့ကို အခွင့်ကောင်းယူပြီး ကျွန်မက သူ့ကိုဆိုင်ထိုးအပ်ချင်နေတာလို့  ရှင် တကယ်ထင်နေတာလား ? သူ မှန်ကန်တဲ့အလုပ်ရှာနိုင်အောင် အိမ်ကိုအရင်ပြန်လာဖို့လှည့်စားချင်တာ၊ သူ ကျွန်မတို့မျက်စိအောက်မှာရှိနေရင် အနည်းဆုံးတော့ ကျွန်မတို့ သူ့ကိုကာကွယ်ပေးနိုင်တယ်၊ အချိန်တန်ရင် ကျွန်မတို့ သူလက်ထပ်ဖို့ ရိုးသားကြိုးစားတဲ့ယောက်ျားတစ်ယောက်ရှာတွေ့လိမ့်မယ်......"

 

“ကျွန်မတို့သမီးက အဲဒီလိုမျိုးမဟုတ်ဘူး…”

 

“ကျွန်မတို့သမီးက အဲဒီလိုမဟုတ်ဘူးဆိုတာ ကျွန်မသိတယ်။ အဲ့ဒါကြောင့် သူ ဖျော်ဖြေရေးလောကမှာ အသက်မွေးဝမ်းကြောင်းပြုဖို့က မဖြစ်နိုင်ဘူး။ အစတုန်းက ဆိုင်မှာ သူစာရင်းအင်စတွေလေ့လာနေတော့ အော် သူဆိုင်ကိုတာဝန်ယူချင်နေတာပဲလို့ အစက အဲ့လိုထင်ခဲ့တယ်။ ဘယ်လိုဖြစ်ပြီး ရုတ်တ ရက်ကြီး မင်းသမီးဖြစ်ချင်သွားရတာလဲ ?”

 

 

သူတို့၏အသံများ တဖြည်းဖြည်းပျောက်ကွယ်သွားသောအခါ ရှန်းချူချူလန့်သွားသည်။

 

 

တကယ်တော့ သူဘယ်တုန်းကမှ ရည်မှန်းချက်ကြီးပြီးမိသားစုဆိုင်ကို အမွေဆက်ခံဖို့အစပိုင်းမှာ စီစဉ်ခဲ့သည်။ သို့သော် ရှင်းမျန့်နဲ့တွေ့ပြီးနောက် သူမရဲ့ရုပ်ရည်နဲ့အရည်အချင်းတွေ သူ နာမည်ရစေလာမယ့် သူ့ရဲ့စကားတွေကြောင့် သူမကိုတုန်လှုပ်သွားစေခဲ့သည်။ ဒါပေမယ့် အခုတော့ အရာအားလုံး ဆုံးရှုံးသွားပြီ...

 

 

ကုမ္ပဏီကအဖြစ်အပျက်နဲ့ သူ့မိဘတွေရဲ့စကားတွေကိုတွေးကြည့်လိုက်ပြီး ရှန်းချူးချူး သူ့ခေါင်းကို ခေါင်းအုံးထဲနစ်မြှုပ်လိုက်ပြီး မရပ်မနားငိုတော့ သည်။ အိမ်ကိုပြန်လာချင်တယ်လို့ သူ့မားကို ပြောထွက်ခါနီးပေမယ့် မပြောနိုင်ပြန်ဘူး။

 

 

အတန်ကြာအောင်ငိုပြီးနောက် အိပ်ပျော်သွားသည်။ နိုးလာသောအခါတွင် သူ့အတွေးတွေအနည်းငယ်လွဲသွားသော်လည်း သူ့နှလုံးသားကိုခိုင်မာစေခဲ့သည်။ သူ မပြန်နိုင်ဘူး။ သူ့မိဘတွေကိုစိတ်ပူအောင်မလုပ်နိုင်ဘူး ဒီမှာ သူ နာမည်ရအောင်လုပ်ရမယ်။

 

အိမ်ထောင်ရေးစနစ်လည်းရှိသေးသည်။ Mission တွေအများကြီးပြီးသွားပါက သူ့ရဲ့သရုပ်ဆောင် စွမ်းရည်တွေတိုးလာလိမ့်မည်။ သူသည် လှပပြီး လိမ္မာပါးနပ်လွန်းသဖြင့် သရုပ်ဆောင်စွမ်းရည်တိုး လာသည်နှင့်အမျှ သူ သရုပ်ဆောင်တစ်ယောက်မဖြစ်နိုင်ဘူးဆိုတာကို ငြင်းဆန်ခဲ့သည်။

 

မိန်ကျာ့ကတစ်ခုတည်းသော ကုမ္ပဏီမဟုတ်ဘူး၊ သူ စာချုပ်ကုန်ဆုံးပြီးနောက် ကုမ္ပဏီပြောင်းသည်အထိ စောင့်ရမည်ဖြစ်သည်။ သုံးလကျော်သွားခဲ့ပြီမို့ နောက်ထပ်ကိုးလသာကျန်တော့သည်။ သူ့မန်နေဂျာက သူ့ကိုနောက်ထပ်အခွင့်အရေး ဘယ်တော့မှပေးတော့မှာမဟုတ်တဲ့အတွက် အဲ့အစား သူ့ရဲ့ သရုပ် ဆောင်မှုစွမ်းရည်မြှင့်တင်ဖို့အိမ်မှာနေကာ Mission တွေပြီးအောင်လုပ်ဖို့ဆုံးဖြတ်လိုက်သည်။

 

 

စာချုပ်သက်တမ်းကုန်သွားချိန်ရောက်က သူမ၏ သရုပ်ဆောင်စွမ်းရည်သည် အထွတ်အထိပ်သို့ ရောက်ရှိသွားမည်မှာသေချာသည်။ ထို့နောက် ရုပ်ရှင်စတူဒီယိုအချို့တွင် သူ့ကံကိုစမ်းသပ်ရန် ထိုအခွင့်အရေးကိုအသုံးချနိုင်သည်။

 

အဲ့ဒါပဲ!

 

ဆုံးဖြတ်ပြီးနောက် ရှန်းချူးချူး Taobao ကိုဖွင့်ပြီး ဗေဒင်ဆက်ဟောလိုက်သည်။

 

ရက်အနည်းငယ်ကြာပြီးနောက် သူ အဆင့်သုံးအထိ တိုးလာသောအခါ ရှင်းမျန့်က သူမကိုထပ်ခေါ်လာသည်။

 

ဖန်သားပြင်ပေါ် သူ့နာမည်ကိုမြင်လိုက်ရသောအခါ ရှန်းချူးချူးစိတ်သည်တုန်လှုပ်သွားခဲ့သည်။ သူ မဖြေချင်သော်လည်း စာချုပ်တစ်ခုရှိနေဆဲဖြစ်ပြီး သူသည် သူမ၏မန်နေဂျာဖြစ်နေဆဲပင်။ တခဏတာ တုံ့ဆိုင်းသွားပြီးနောက် သူ ဖုန်းကိုင်လိုက်သည်။ စိတ်ဖိစီးနေတဲ့အချိန်တွေ၊ နိမ့်ကျသောအခြေအနေ မျိုးတွင်ပိတ်မိနေသောအခါ နှိမ့်ချမှုရှိရမည်။

 

"ချူးချူး မင်း အိမ်မှာလား ? ငါ မင်းကို လာကြိုဖို့လာနေပြီ"