Ch 8
Viewers 4k

🧶Chapter 8

 

 

“ချူချူ၊ မင်းက လူသစ်ဆိုတော့ ဒီအသိုင်းအဝိုင်းမှာ မင်း နားမလည်သေးတာတွေအများကြီးရှိတယ်။ အမှုဆောင်လွေ့လိုမျိုး မင်း ဘယ်တော့မှမစော်ကားသင့်တဲ့လူတွေရှိတယ်။ မင်း သူတို့နဲ့သွားရှုပ်မိလိုက်ရင် ဒီအသိုင်းအဝိုင်းထဲဝင်ဆံ့ဖို့ကိုမေ့လိုက်တော့၊ မင်း ဘဝတောင်ပျောက်ကွယ်သွား….”

 

 

သူတစ်ခုခုမှားပြောမိသလိုခံစားလိုက်ရသဖြင့် ရှင်းမျန့်က “ဘာပဲဖြစ်ဖြစ် ငါ မင်း အတွက်ပြောနေတာ။ မင်းနဲ့ လီကျီရွှမ်တို့က တစ်ချိန်တည်းပွဲဦးထွက်ခဲ့ကြတာလေ၊ တကယ့်လက်တွေ့မှာ မင်းတို့နှစ်ယောက်ကညီအစ်မတွေပဲ တစ်ယောက်နဲ့တစ်ယောက်ထိခိုက်အောင်လုပ်စရာမလိုဘူး"

 

 

ရှန်းချူးချူးသည် အစောပိုင်း သူ လျှာချော်သွားမိသည့်အတွက် အနည်းငယ်ဝမ်းနည်းမိသော်လည်း ထိုစကားကြားလိုက်ရသောအခါတွင် သူမ ဒေါသကိုသာခံစားလိုက်ရသည်။ သူသာ လီကျီရွှမ်ကို တကယ်လက်စားချေလိုပါက အာကျယ်အာကျယ်ပြောမည့်အစား တစ်ခုခုကိုလုပ်မိလိမ့်မည်။ သူ အစကဘာမှလုပ်ရန်ရည်ရွယ်ချက်မရှိခဲ့သော်လည်း ယခုမူ ရှင်းမျန့်ပြောခဲ့သည့်အတိုင်းဖြစ်လာနိုင်သည်။

 

 

"မျန့်ကော ဘာတွေပြောနေတာလဲ။ ဒါပေါ့ ကျွန်မ အမှုဆောင်လွေ့ကို မစော်ကားရဲပါဘူး။ လီကျီရွှမ်ကသာ အဲ့စကားတွေလာမပြောရင် ကျွန်မဘက်က ဘာမှပြောစရာမရှိဘူး။ ပြီးတော့ အဲ့ကိစ္စက Weibo ကနေသတင်းထွက်လာတာဆိုတော့ ကျွန်မကဖြင့် ဟာသတစ်ခုလို့ထင်ထားတာ"

 

 

ဒါကိုကြားတဲ့အခါ ရှင်းမျန့်ရဲ့နှလုံးခုန်သံမှာရပ်လုမတတ်ပင် “ဟာဟား၊ ဒါပေါ့ အင်တာနက်ဆိုတာ မီးခိုးတွေ အမှိုက်တွေနဲ့ပြည့်နေတာ၊ အမှုဆောင် လွေ့နဲ့ လီကျီရွှမ်တို့ကြား အဲ့လိုဆက်ဆံရေးမျိုး ဘယ်တော့မှရှိလာမှာမဟုတ်ဘူး။ မင်း အခုလိုမျိုးပဲပြုမူနေထိုင်တတ်ရမယ် အဲ့လိုဆို ငါ မင်းအတွက် Han Group လိုမျိုးအခွင့်အလမ်းတွေ ပိုယူလာပေးနိုင်မှာ”

 

 

"ကျေးဇူးပဲ မျန့်ကော"

 

 

"မျန့်ကော၊ သူ ဘာပြောလိုက်သေးလဲ"

 

 

 

လီကျီရွှမ်သည် ဖုန်းခေါ်ဆိုမှုပြီးဆုံးသွားသည်ကို မြင်လိုက်ရသောအခါ အလျင်စလိုမေးလိုက်သည်။

 

 

ရှင်းမျန့်က ပြန်ဖြေမယ့်အစား သူ့ဖုန်းထဲက Weibo ကိုဖွင့်ပြီး ပွင့်နေတဲ့ဓာတ်လှေကားထဲကို ဦးခေါင်းငုံ့ပြီးလျှောက်သွားလိုက်သည်။

 

 

ဓာတ်လှေကားပြန်ဖွင့်သောအခါ၊ ရှင်းမျန့်ထွက်လာပြီး သူ့ဖုန်းကို လီကျီရွှမ်အားပေးလိုက်သည်။

 

 

"ကိုယ့်ကိုကိုယ်ကြည့်စမ်း၊ မင်း တခြားယောက်ျားတွေနဲ့ အွန်လိုင်းမှာတင်ထားတဲ့ပုံတွေ အများကြီးရှိတယ်"

 

 

ဖုန်းချလိုက်တာနဲ့ ရှန်းချူးချူးရဲ့ အမူအရာကအေးစက်သွားသည်။ သူ အိမ်ပြန်ရောက်တာနဲ့ ပထမဆုံး လုပ်တဲ့အရာက အွန်လိုင်းကနေ အမှုဆောင်လွေ့ကို ရှာကြည့်ဖို့ပဲ။

 

 

ရှန်းချူးချူး အမှုဆောင်လွေ့၏ဓာတ်ပုံကို တွေ့ရှိပြီးနောက် အနီရောင်အသဲတစ်ခုပေါ်လာသည်အထိ သုံးစက္ကန့်ကြာအောင်စိုက်ကြည့်ခဲ့သည်။ သူ သည် ၎င်းကိုနှိပ်ပြီး အိမ်ထောင်နှစ်ဆက်ရှိသူတစ်ဦး၏   ပရိုဖိုင်ကိုပထမဆုံးအကြိမ်အဖြစ်တွေ့လိုက်ရသည်။

 

 

အဆင့်အတန်း- အိမ်ထောင်သည်

 

 

ကံကြမ္မာရဲ့ကြိုးနီ ၁

 

 

အိမ်ထောင်ဖက်- ကျန်းဝမ်လီ [ဓာတ်ပုံ]

 

 

လက်ထပ်သည့်နေ့- မတ်လ 9 ရက် 2003

 

 

ကွာရှင်းသည့်ရက်စွဲ- 29th November 2018

 

 

အိမ်ထောင်ရေး အဆင့်သတ်မှတ်ချက်- ကြယ် 2 ပွင့် ( အချစ်မရှိသည့်အိမ်ထောင်ရေး )

 

 

ကံကြမ္မာရဲ့အနီရောင်ကြိုး- [ဖွင့်]

 

 

ကံကြမ္မာရဲ့ကြိုးနီ ၂

 

 

အိမ်ထောင်ဖက်- လီကျီရွှမ် [ဓာတ်ပုံ]

 

 

မင်္ဂလာရက်စွဲ - 7 Dec 2018

 

 

အိမ်ထောင်ရေး အဆင့်သတ်မှတ်ချက်- ကြယ် 4 ပွင့် (လိုက်ဖက်ညီမှုရှိသော)

 

 

ကံကြမ္မာရဲ့အနီရောင်ကြိုး- [ဖွင့်]

 

 

ရှန်းချူးချူးသည် ကွာရှင်းမည့်ရက်ကိုကြည့်လိုက်ရာ ပထမစုံတွဲသည် မကွာရှင်းရသေးကြောင်း သဘောပေါက်လိုက်သည်။ ပထမဆုံး Red Thread of Fate ကို နှိပ်လိုက်သောအခါ၊ [ကွာရှင်းခြင်းအကြောင်းရင်း]ပေါ်လာပြီး ရှင်းချူချူသည် ၎င်းတို့ကွာရှင်းရခြင်းအကြောင်းရင်းကို အဆုံးတွင် နားလည်သွားခဲ့သည်။

 

 

[ခင်ပွန်းသည်ထံ တရားမဝင်ကလေးရှိနေခြင်း]

 

 

တရားမ၀င်ကလေးသည် လီကျီရွှမ်ထံမှဖြစ်မည်ဟု သေချာပေါက်မပြောနိုင်ပေ။ ပိုအံ့သြစရာကောင်းသည်မှာ လီကျီရွှမ်သည်အမှုဆောင်လွေ့နှင့်ကလေး ရခြင်းမရှိပေ။ ၎င်းတို့၏အိမ်ထောင်ရေးသည်ကြယ် လေးပွင့်အဆင့်သတ်မှတ်ခံခဲ့ရသည်။ မည်သို့ပင်ဆို စေကာမူ သူမသည် အိမ်ထောင်ရေးဖောက်ပြန်သူအဖြစ်သတ်မှတ်ခံရဆဲပင်။

 

 

ရှန်းချူးချူးသည် အမှုဆောင်လွေ့အကြောင်းမွှေ နှောက်ရှာဖွေပြီးနောက် လီကျီရွှမ်ကိုရှာဖွေခဲ့သည်။ ချမ်းသာသည့်အမျိုးသားများနှင့်တွဲရိုက်ထားသည့် လီကျီရွှမ်၏ဓာတ်ပုံများနှင့်ပတ်သက်ပြီး အွန်လိုင်းတွင်အတင်းအဖျင်းတွေ အများကြီးထွက်ပေါ်နေခဲ့သည်။ သို့ဖြစ်ရာ သူမ၏အစောပိုင်းခန့်မှန်းချက်များသည်လုံးဝမမှန်ပေ။ သို့သော် အချို့မှာပုံစံတူသော်လည်း အချို့သောသူများသည် အမှုဆောင်လွေ့မဟုတ်ကြောင်း ရှန်းချူးချူးသိထားသည်။ ထိုဓာတ်ပုံများသည် ၎င်းတို့နှစ်ယောက်မဆုံခင်က တည်းကရိုက်ထားခြင်းပင်ဖြစ်တော့သည်။

 

 

ဘာပဲဖြစ်ဖြစ် အခု သူ့ကို စော်ကားပြီးခြိမ်းခြောက်တာလား ?Sorry ပဲ သူ ဘာမှပြန်မလုပ်ပဲငြိမ်နေမယ်လို့မဆိုလိုဘူး။ တစ်ဖက်သား၏အကျင့်ပျက်မှုနှင့် ဥပဒေချိုးဖောက်သည့်အပြုအမူတို့ကို ဖော်ထုတ်ခြင်းမပြုပါက၊ သူ့အ‌နေနှင့် အေးအေးဆေးဆေးနေနိုင်မည်မဟုတ်ပေ။

 

 

Weibo ကိုဖွင့်ပြီး "I'm ယွဲ့လောင်" အကောင့်သို့ဝင်ရောက်ခဲ့သည်။

 

 

ထို့နောက် သူ Red Feather ထံသို့ လျှို့ဝှက်စာတစ်စောင်ပေးပို့ခဲ့သည်။

 

 

I'm ယွဲ့လောင် - အရည်အချင်းမရှိ အကျင့်ပျက်တဲ့သူတစ်ဦးက Cele ဖြစ်လာနိုင်တာလား ? ယွဲ့လောင်ရဲ့အသိစိတ်သည် ငြိမ်းချမ်းမှုကိုရှာဖွေဖို့ရုန်းကန်နေရတယ်။ မင်း လီကျီရွှမ်ရဲ့ ဓာတ်ပုံတွေမရိုက်ဖူးဘူးမှတ်လား ? ငါ မင်းကိုအချက်အလက်တစ်ခုပေးမယ်၊ လီကျီရွှမ်နှင့် အတူနေတဲ့သူက Jushi Technology ရဲ့အမှုဆောင်လွေ့ပဲ။

 

 

Red Feather ထိုစာကိုမြင်ပြီး ချက်ချင်းပြန်ဖြေတယ်- ဘုရားရေ၊ ဒါ တကယ်အမှန်ပဲလား??

[အံ့သြမှင်သက်.emoji]

 

 

I'm ယွဲ့လောင် - နတ်ဘုရားတွေက ဘယ်တော့မှ မလိမ်ဘူး။ ဒါပေမယ့် ကောင်းကင်ဘုံကနက်နဲတဲ့ကိစ္စတွေကို ဘယ်လိုမှထုတ်ဖော်လို့မရတဲ့အတွက်နတ်ဘုရားတစ်ပါးအနေနှင့် ဒီလိုကိစ္စတွေကိုထုတ်ပြောဖို့ဘယ်လောက်ခက်ခဲလဲဆိုတာ သင်နားလည်ထားရမယ်။ ဒါ့ကြောင့် ဒီလောကကိုကယ်တင်ဖို့အတွက် ငါ အနှောင့်အယှက်ပေးရတော့မှာပဲ။

 

 

#1 Entertainment Reporter-Red Feather- စိတ်ချပါ နတ်ဘုရား၊ နတ်ဘုရားဆီက သိရတာကို  ငါ လုံးဝဖော်ထုတ်မှာမဟုတ်ဘူး။ [စိတ်လှုပ်ရှားမှု]

 

[] ကြားထဲက Emoji expression လေးတွေပါ နောက်က emoji ဆိုပြီးမထည့်ပေးတော့ဘူး

 

 

ရှန်းချူးချူးသည် အချိန်အနည်းငယ်ကြာမည်ဟု တွေးထားသော်လည်း ထိုသို့မဖြစ်ခဲ့ပေ။ နှစ်ရက်လောက်အကြာ Red Feather မှ သူ့ထံ စာတစ်စောင်ပို့လာသည်။ ဗီဒီယိုတစ်ခုနှင့် ဓာတ်ပုံသုံးပုံပါရှိသည်။ သူတို့နှစ်ယောက် ဟိုတယ်တစ်ခုထဲကိုရင်းနှီးစွာဝင်ရောက်ပုံ၊ မီးယပ်ဌာနကိုသွားပုံ၊ ဆေးရုံမှာ နောက်ဆုံးအနမ်းနမ်းနေချိန်ဓာတ်ပုံရိုက်ယူမိခဲ့သည်။

 

 

#1 ဖျော်ဖြေရေးသတင်းထောက်- အနီရောင် Feather- ဒါကို ကြည့်ကြ၊ OMG!! ငါတော့ နောက် ထပ် Follower တစ်သောင်းလောက်တိုးလာမယ်လို့ ထင်ပါတယ်။ ကျေးဇူးပဲ [ဝမ်းသာပီတိဖြစ်]

 

 

သို့သော် ရှန်းချူးချူးထံ Red Feather ကဲ့သို့ယုံ ကြည်မှုမရှိခဲ့ပေ။ သူမ အနည်းငယ်စိတ်ပူနေမိ သည်- အမှုဆောင်လွေ့လက်စားချေမှာကို မစိုးရိမ်ဘူးလား ??

 

 

#1 Entertainment Reporter-Red Feather- ဘာလို့စိုးရိမ်ရမှာလဲ ? အိမ်စာလုပ်ထားပြီးပါပြီ စိတ်ပူမနေနဲ့။ အမှုဆောင်လွေ့က သူ့ဇနီးမရှိရင်အလကားပဲ၊ ဒီနေ့ဒီအချိန်ထိ ဒီနေရာရောက်လာတာ သူ့ယောက္ခမကြောင့်ဆိုတော့ ဒီတစ်ကြိမ်တော့ သူအဆုံးသတ်ပြီလို့ထင်တယ်။ ငါ သူ့မိန်းမအတွက် စေတနာထားပြီးလုပ်ပေးတာ၊ ပြီးတော့ ဘယ်သူ ဖော်ထုတ်လိုက်လဲဆိုတာရှာဖို့ သူ အရမ်းအလုပ် များနေလောက်တယ်။ သူ ငါ မှန်းသိသွားရင်တောင် ငါ မကြောက်ပါဘူး။ ဒီ ဓာတ်ပုံတွေကိုင်ပြီး အဲ့က လေးကအမှုဆောင်လွေ့ကလေးမဟုတ်ဖူးလို့တောင်  ပြောလိုက်လို့ရသေးတယ်။"

 

 

Red Feather သည် လီကျီရွှမ်နှင့်တခြားအမျိုး သားများ၏ဓာတ်ပုံအပြင် သူမရဲ့ပလပ်စတစ်ဆာဂျရီလုပ်ထားတဲ့ဓာတ်ပုံတွေအပါအဝင် ဓာတ်ပုံအား လုံးပေးပို့လာခဲ့သည်။

 

 

#1 Entertainment Reporter-Red Feather- ဟင်း~၊ ဒီလိုမိန်းမမျိုးကို ငါ တကယ်ပြောစရာမရှိတော့ဘူး။ သိပ်မကြာသေးခင်က TV Show တစ်ခုမှာ သူက အလှဆုံး Campus belle ဆိုပြီး အရမ်းတွေကျေနပ်နေခဲ့တာ၊ [ကဲ့ရဲ့ခြင်း]

 

 

ရှန်းချူးချူးသည် စာများကိုဖတ်ပြီးနောက် သက် ပြင်းချလိုက်သည်။ တကယ်တော့ သူမသည် သူရဲ ဘောကြောင်တဲ့သူတစ်ယောက်ဖြစ်သည့်အတွက် လက်တုံ့ပြန်ခြင်းမခံရသရွေ့တော့ အားလုံးအဆင် ပြေသည်ပင်။

 

 

ခဏကြာစကားစမြည်ပြောပြီးနောက် Red Feather မှအဆိုပါသတင်းကို တင်ခဲ့သည်။

 

 

အရှုပ်တော်ပုံတစ်ခုမျှသာဖြစ်ပြီး လီကျီရွှမ်သည် ပြီးခဲ့သည့်လ၏ TV Show ကြောင့် ရင်တထိတ်ထိတ်ဖြစ်ခဲ့ရသည့် အချိန်ပိုင်း Cele လေးတစ်ဦးသာဖြစ်သော်ငြား လူတိုင်းသည်ပြောလိုသည့်ဆန္ဒရှိနေကြဆဲဖြစ်သည်။

 

 

"လီကျီရွှမ်က ဘယ်သူလဲ ? ပလပ်စတစ်မျက်နှာနဲ့ အမြှောင်မယားငယ်ဆိုတာ သံသယရှိစရာကိုမလိုတာ၊ ရွံဖို့ကောင်းလိုက်တာ၊ Block List သွင်းဖို့အထူးအကြံပြုလိုပါတယ်။ [အန်တဲ့.emoji]”

 

 

“လူ့အဖွဲ့အစည်းထဲCampus Belle လို့အလွယ်တ ကူခေါ်လေ့ရှိမှန်း ငါ မသိခဲ့ဘူး။ အဲဒီအစားအနံ့ အဆိုးဆုံးလို့သာခေါ်သင့်တယ်။ [ပျို့တတ်]

 

 

“အဲ့ဒါ သူများမိသားစုကိုဖြိုခွဲတာပဲ၊ အကျင့်ပျက်နေတဲ့ ဒီမိန်းမကို နောက်ဘယ်တော့မှမမြင်ချင်တော့ဘူး။ [Bye!]"

 

 

……

 

 

ရှန်းချူချူသည် Red Feather ၏ စကားကိုကြားသောအခါကြောက်ရွံ့မှုနည်းပါးသွားသော်လည်း သူ့ စိတ်ထဲနည်းငယ်စိုးရိမ်နေဆဲပင်။ ဒုတိယနေ့တွင်၊  ရှန်းချူးချူးသည် Weibo မှ အားလုံးပျောက်ကွယ်သွားသည်ကိုမြင်လိုက်ရသောအခါ ငြိမ်သက်သွားခဲ့ပြီး အမှုဆောင်လွေ့နှင့် သူ၏ဇနီးတို့သည်ကောလာ ဟလများကိုဖက်ရှားရန် ပွဲတစ်ခုအတူတတ်ခဲ့ကြသည်။ ကုမ္ပဏီသည်လည်း လီကျီရွှမ်အားကာကွယ်‌ ပေးခဲ့သည်။

 

 

ရှန်းချူးချူးသည် အမှုဆောင်လွေ့၏ဓာတ်ပုံကို ကြည့်ကာ အိမ်ထောင်ရေးစနစ်ကိုတစ်ဖန်ဖွင့်ကြည့်လိုက်သည်။

 

 

အဆင့်အတန်း- အိမ်ထောင်သည်

 

 

အိမ်ထောင်ဖက်- ကျန်းဝမ်လီ [ဓာတ်ပုံ]

 

 

အိမ်ထောင်ရက်စွဲ - မတ်လ 9 ရက် 2003

 

 

အိမ်ထောင်ရေးအဆင့်သတ်မှတ်ချက်- ကြယ် ၃ ပွင့် (ပျူငှာသော)

 

 

ကံကြမ္မာကြိုးနီ- [ဖွင့်]

 

 

ရှန်းချူချူသည် အိမ်ထောင်ရေးစနစ်၏အပြောင်း အလဲကိုမြင်သောအခါ သက်ပြင်းတစ်ချက်ချလိုက်သည်။ ဒီတော့ ဒါကို အိမ်ထောင်တစ်ခုကိုကယ်တင်တယ်လို့သတ်မှတ်လား ? ဒီစနစ်ကနေ ဘယ်လိုဆုတွေရလာမလဲ ?

 

 

ရှန်းချူးချူး တွေးနေချိန်မှာပင် System ကိုဖွင့်ချလိုက်သည်။

 

 

လက်ရှိအဆင့်- 4 (24/50)

 

 

သရုပ်ဆောင်စွမ်းရည်- 23 (100)၊

 

 

ကံကြမ္မာတန်ဖိုး- 1 (10)

 

 

ရှန်းချူးချူးသည် အချက်အလက်များကိုမြင်လိုက်ရသောအခါ မျက်လုံးများတောက်ပလာသည်။ သူမည်သည့်ဆုမှမရရှိခဲ့သော်လည်း အတွေ့အကြုံရမှတ်များသည် စုစုပေါင်းရမှတ် 20 အထိတိုးလာခဲ့သည်။ မနေ့ညကနေ သူအိပ်ပြီးနောက် 4 မှတ်တိုးလာခဲ့သည်။ သူလာမည့်ရက်များတွင် အဆင့်တက်ရန်အတွေ့အကြုံရမှတ်များလိုအပ်မည်ဖြစ်ကာ  Level 1 အတွက် 10မှတ်လိုမည်ဖြစ်ကာ၊ Level 2 ဖြစ်ပါက 20 ဖြစ်နိုင်... ထို့ကြောင့် Level 10 ဆိုပါက အမှတ် 100 ဖြစ်လာမည်ဖြစ်သည်။ Level တစ်ခုတိုးတိုင်း သရုပ်ဆောင်စွမ်းရည်အနည်းငယ်တိုးလာသည်။ သို့သော် ယခုနှုန်းနှင့်ဆိုပါက Level 100 ရောက်ဖို့တစ်သက်လုံးကြာသွားနိုင်သည်။

 

 

သူသည် အပိုဝင်ငွေရှာကာ ဗေဒင်ဟောခြင်းဖြင့် သရုပ်ဆောင်စွမ်းရည် တိုးမြှင့်ချင်ခဲ့သော်လည်း သူမ အသက်ငါ့ဆယ့်တစ်နှစ်လောက်ဆိုပါက စိတ်သွားတိုင်းကိုယ်ပါနိုင်မည်မဟုတ်တော့ချေ။ သို့ဖြစ်ရာ ထိုအကြံကိုစွန့်လွှတ်လိုက်ပြီး Taobao တွင်တစ်ရက်ဆယ်ဦးနှင့် Weibo တွင် တစ်ရက်တစ်ဦးနှုန်းဖြင့်ဟောပြောပေးမည်ပင်။

 

 

အမှုဆောင်လွေ့၏အဖြစ်အပျက်က ရုတ်တရက် သူ့အားအသိထားမိစေသည်။ အိမ်ထောင်ရေးပိုရှုပ် ထွေးပြီး Mission ပိုခက်လေအမှတ်ပိုရနိုင်လေပင်။ ယခင်က ဟောပြောသောအခါရှုပ်ထွေးသောအရာများကိုအမြဲပလစ်ထားခဲ့ပြီး လွယ်ကူသည့် Mission မျိုးကိုသာရွေးဖြစ်ခဲ့သည်။ သူ၏ယခင်အပြုအမူသည် မမှန်ကန်ကြောင်းသဘောပေါက်ခဲ့ပြီး စိန်ခေါ်မှုများကိုရှာဖွေသင့်သည်။ သို့‌သော် ယခုလိုရှုပ်ထွေး ပွေလီသည့်အိမ်ထောင်ရေးမှာရှာရခက်လှပြန်သည်။

 

 

ရှန်းချူးချူးသည် အိမ်တွင်ငွေရှာပြီး ကံကြမ္မာများကိုဝမ်းမြောက်ဝမ်းသာလက်ခံနေချိန် Han Group နှင့်ကြော်ငြာသည်လည်း စတင်တော့မည်ဖြစ်သည်။