Ch 10
Viewers 4k

🧶 Chapter 10

 

 

ကောင်းအန်ချီသည် ဟန်ရှင်းယန်ကိုစိုက်ကြည့်နေသည့်အချိန်မှစ၍ သူမ၏နှလုံးသည်မရပ်မနား ခုန် ပေါက်နေပြီး ဖြစ်ပျက်ခဲ့သည့်များကို သူ မေ့သွားပြီဖြစ်သည်။ သူသည် သူ့အရိပ်ထဲ၀င်ကာ မတ်တပ်ရပ်နေလိုက်ချင်သည်။

 

 

သို့သော်၊ ဟန်ရှင်းယန်၏အသံသည် ကောင်းအန်ချီ၏စိတ်ကူးယဉ်နေမှုအားရပ်တန့်သွားစေသည်။

 

 

"အထွေထွေမန်နေဂျာကောင်း၊ မင်း စောနပြောခဲ့တဲ့ဟာတွေက မသင့်တော်ဘူး။ မိန်းကလေးရှန်းက ဒီကြော်ငြာကိုရိုက်ကူးဖို့က ကျွန်တော့်ရဲ့စိတ်ကူးပဲ၊ Han Group ကအတင်းအဖျင်းတွေ ဖြန့်တဲ့ကုမ္ပဏီမဟုတ်တဲ့အပြင် ကိုယ်ဘယ်ရာထူးယူထားလဲဆိုတာကို သတိရပါ"

 

 

ဟန်ရှင်းယန်၏စကားများသည် ကောင်းအန်ချီ၏ နှလုံးသားအတွက် ဓားမြှောင်များနှင့်အလားတူသည်။ ဒါပထမဆုံး သူ့အား အလုပ်နှင့်မသက်ဆိုင်သည့်အကြောင်းပြောဖူးခြင်းဖြစ်ပြီး စကားလုံးတိုင်းသည် သူ့ နှလုံးအားအပေါက်တွေဖြစ်သွားစေသည့်ဒဏ်ရာတစ်ခုလိုပင်။

 

 

ဟန်ရှင်းယန် ပြောပြီးသွားသောအခါ၊ ကောင်းအန်ချီ၏အဖြေကိုဂရုမစိုက်ဘဲ အတွင်းရေးမှူးဝမ်နှင့် ထွက်ခွာသွားခဲ့သည်။

 

 

အစကတော့ သူ ဒီရုပ်ရှင်ရိုက်ကွင်းကိုလာဖို့မရည် ရွယ်ထားသော်လည ရလဒ်အနေနဲ့ WTF မြင်ကွင်းကိုသာမြင်ခဲ့ရသည်။ သူသည် သူ၏ဝန်ထမ်းများကြား Ace ဖြစ်ခဲ့သော်လည်း သူမသည် ထိုကဲ့သို့လူမျိုးဖြစ်သည်ဟုမည်သူသိမည်နည်း။ လမ်းပေါ်မှာ မတော်မတရားအော်ငေါက်နေတဲ့ အမျိုးသမီးနဲ့ လုပ်ငန်းခွင်က Ace တစ်ယောကရဲ့ကွာခြားချက်ကအရမ်းကြီးနေသည်။ ထိုမြင်ကွင်းကို လက်သင့်မခံနိုင်သဖြင့် သူ့အားသတိပေးဖို့ရာ အတွင်းရေးမှူးဝမ်ကိုခေါ်ခိုင်းလိုက်ခြင်းပင်။

 

 

ကောင်းအန်ချီသည် ဟန်ရှင်းယန်ထွက်ခွာတော့မည်ကိုမြင်သောအခါ သူမသည် မျက်ရည်များကိုထိန်းကာ “မစ္စတာဟန်……” ဆိုပြီး ရှင်းပြဖို့ရှေ့ကို လျှောက်သွားလိုက်သည်။

 

 

သူ့ခြေလှမ်းတွေရပ်သွားသည်ကို ကြားလိုက်ရသဖြင့် သူမ အနည်းငယ်မျှော်လင့်ချက်ခံစားလိုက်မိပြီး သူတို့၏အကွာအဝေးသည် သူ့ခန္ဓာကိုယ်မှထူးခြား သောအမွှေးရနံ့ကိုယောင်ဝါးဝါးအနံ့ခံနိုင်သည်အထိ တိုးသွားခဲ့သည်။ သူမသည် သူမ၏အကောင်းဆုံး‌ သောအမူအရာဖြင့် စကားပြောတော့မည်ဖြစ်သော်လာ်း ဟန်ရှင်းယန်ထံမှ စကားဖြတ်ပြောခံလိုက်ရသည်။

 

 

"ဟုတ်သားပဲ၊ မိန်းကလေးရှန်းကို တောင်းပန်ဖို့မမေ့နဲ့ဦး"

 

 

ယခင်စကားလုံးများကဓားမြှောင်များသာဖြစ်ခဲ့လျှင် ယခုမူ သူမ၏နှလုံးသားတစ်ခုလုံးအစိတ်စိတ် အမွှာမွှာကွဲသွားပြီဖြစ်သည်။ တိမ်ပေါ်ကနေမြေပြင်ပေါ် ပြုတ်ကျလာတဲ့ စိတ်ပျက်အားငယ်မှုမျိုး..

 

 

“ဘာလို့ သူ့ကိုတောင်းပန်ရမှာလဲ ? သူက တတ်သစ်စသရုပ်ဆောင်တစ်ယောက်သာသာပဲလေ” ကောင်းအန်ချီသည် နိုင်ငံရပ်ခြားတွင်ပညာသင်ကြားခဲ့ပြီး အလုပ်သမားများကြားတွင် *White Bone Spirit* ဟုသတ်မှတ်ခံထားရသော ဆန်းပြားသည့်ပုဂ္ဂိုလ်ဖြစ်သည်။ သူ့မှာမာနရှိတဲ့အတွက် သူ့ထက်နှိမ့်ကျတဲ့လူကို ဘာလို့တောင်းပန်ရမှာလဲ ? အိပ်မက်ဆက်မက်နေလိုက်!

 

 

*TL-မှတ်ချက်- White Bone Spirit = အသွင်သဏ္ဌာန်အမြဲပြောင်းလဲနေတဲ့ နတ်ဆိုးတစ်ဦးဖြစ်ပြီး သူမ၏အစစ်အမှန်ပုံစံမှာအရိုးစုသာဖြစ်သည်။

 

 

"ပြောရမယ်ဆိုရင် ကျွန်မဘာမှ မှားပြောမိတယ်မထင်ဘူး"

 

 

တိမ်မြုပ်နေသော မင်းသမီးများနှင့်ကစားရခြင်းကို နှစ်သက်သောအမျိုးသားတစ်ဦးအဖြစ် သူမသည် သူ့ကိုအထင်လွဲမိကြောင်း ဝန်ခံရန်မှတပါး အခြားရွေးချယ်စရာမရှိပေ။ တကယ် စိတ်ပျက်စရာပဲ။

 

 

ဟန်ရှင်းယန်သည် နောက်ဆုံးလှည့်ကြည့်လိုက်ပြီး ကောင်းအန်ချီအား အေးစက်သောအမူအရာဖြင့် တည့်တည့်ကြည့်ကာ "အကြောင်းပြချက်က မင်း Han Group ရဲ့ဝန်ထမ်းဖြစ်နေတုန်းပဲ"

 

 

ကောင်းအန်ချီ သူ့စကားကြောင့် မျက်ရည်ကျကာ “ရှင် ကျွန်မကို ခုလိုအရှက်ခွဲလို့မရဘူး။ ကျွန်မက  Ivy League University ကနေ မဟာဘွဲ့ရထားတဲ့ ထူးချွန်ကျောင်းသူပါ၊ ဒါတင်မကဘူး Han Group ကကျွန်မကို ဒီမှာလုပ်ဖို့လစာမြင့်မြင့်နဲ့ ငှားခဲ့ရတာနော် ရှင် ကျွန်မကို ဒီလိုမျိုးလုပ်လို့မရဘူး”

 

 

ဟန်ရှင်းယန် ပါးစပ်လှုပ်သွားပြီး HR ၏စီမံခန့်ခွဲမှုအပေါ်အလွန်သံသယဖြစ်သွားမိသည်။

 

"မင်းရဲ့နောက်ခံကဘယ်လိုမျိုးလဲ ဒါမှမဟုတ် မင်းဥာဏ်ရည်ဘယ်လောက်မြင့်တယ်ဆိုတာ အရေးမကြီးဘူး။ တစ်ဖက်ကအမှားလုပ်မိရင် တစ်ဖက်ကို တောင်းပန်ရမယ်ဆိုတာသိထားရမယ်။ ဒါက မင်းဘယ်သူလဲ ဒါမှမဟုတ် တခြားလူက ဘယ်သူလဲဆိုတာနဲ့ လားလားမှမဆိုင်ဘူး။”

 

 

“ကျွန်မ နုတ်ထွက်ချင်တယ်” ကောင်းအန်ချီသည် သူ့မျက်ရည်များကိုသုတ်လိုက်ပြီး တင်းမာသော  လေသံဖြင့်ပြောလိုက်သည်။

 

 

ဟန်ရှင်းယန်သည် ယနေ့စကားအများကြီး‌ပြောလိုက်ရသည် အထူးသဖြင့် ထိုငတုံးနှင့်ပင်။ စကားထပ်ပြောတာက အချိန်ဖြုန်းတာပဲ။ ဒီကမ္ဘာကြီးမှာ ထူးချွန်တဲ့သူတွေအများကြီးရှိသည်။ သို့ဖြစ်ရာ သူ့ကုမ္ပဏီအတွက်အရည်အချင်းမပြည့်မီတဲ့ လူတစ်ယောက်ကို ဘာကြောင့်ရှာတွေ့ထားရတာလဲ ??

 

 

ထို့ကြောင့် သူသည် နောက်ဆုံးအနေနှင့်စကားအ နည်းငယ်ပြောခဲ့သည်– “မင်း နုတ်မထွက်ခင်အရင် တောင်းပန်ဖို့မှတ်ထား၊ မင်းက Han Group ရဲ့ဝန် ထမ်းဖြစ်နေဆဲဖြစ်တဲ့အတွက် စည်းကမ်းတွေကို လိုက်နာရမယ်။ မင်း သွားမယ့် ကုမ္ပဏီမှာလည်း ဒီလိုပဲ”

 

 

ကောင်းအန်ချီသည် ထိုစကားကိုကြားသောအခါ သူ့ဘာသာတည်ငြိမ်နိုင်စေရန် နံရံပေါ်သို့မှီကာ ဟန်ရှင်းယန်၏နောက်ကျောကို အေးစက်စွာစိုက်ကြည့်လိုက်သည်။ သူ့ နှလုံးအတွင်းနှင့် အပြင်ဘက်အပူ ချိန်သည် အနုတ်သုညသို့ရောက်ရှိသွားသလိုခံစား လိုက်ရသည်။ သူ၏ နောက်ဆုံးစကားဖြင့်ခြိမ်း ခြောက်သွားသည်မှာသိသာလှသည်။

 

 

Han Group သည် နိုင်ငံတွင်း နံပါတ်တစ်နေရာတွင် ရပ်တည်နေသောကြောင့် သူသည် လူမှုနယ်ပယ်အ တွင်းဆက်လက်ရပ်တည်လိုပါက သူ ခိုင်းသမျှကို လုပ်ဆောင်ရမည်ပင်။

 

 

ဟန်ရှင်းယန်သည် စတူဒီယိုကိုဖြတ်သွားကာ စားပွဲပေါ်တွင် အနားယူနေသည့် ရှန်းချူးချူး၏အထီး ကျန်ဆန်သည့် နောက်ကျောဘက်မြင်ကွင်းကိုတွေ့လိုက်ရသည်။

 

 

သူကြားလိုက်ရတဲ့ စကားဝိုင်းကိုပြန်စဉ်းစားပြီးအ တွင်းရေးမှူးဝမ်ကို “အထွေထွေမန်နေဂျာကောင်းတောင်းပန်ပြီးတဲ့ အထိ ဒီမှာစောင့်လိုက်၊ ပြီးရင် မိန်းကလေးရှန်းသည် အနိုင်ကျင့်ခံရတာကို ငါတို့ဘက်ကသိထားမှန်း သိအောင်လို့ လျော်ကြေးအနေနဲ့ ငွေနှစ်သိန်းထပ်ပေးဖို့ ဥပဒေအဖွဲ့နဲ့ဆွေးနွေးလိုက်၊ စာချုပ်ကိုပြင်စရာမလိုဘူး၊ အဲ့ဒါကို မိန်းက လေးရှန်းရဲ့ကတ်ထဲ တိုက်ရိုက်လွှဲပေးလိုက်ရုံပဲ။”

 

အတွင်းရေးမှူးဝမ်သည် မပြောင်းလဲသောအမူအရာဖြင့်ခေါင်းငုံ့ကာ "ကောင်းပါပြီ သူဌေး"

 

 

အတွင်းရေးမှူးဝမ်သည် ဟန်ရှင်းယန်ထွက်သွားသည်အထိစောင့်ဆိုင်းပြီးနောက် အဝေးမှကောင်းအန်ချီကိုလှမ်းကြည့်ကာ ဥပဒေရေးရာဌာနကို ချက် ချင်းဖုန်းခေါ်လိုက်သည်။ ခဏအကြာတွင် ဥပဒေအဖွဲ့မှတစ်ယောက်ယောက်ပြေးလာခဲ့သည်။

 

 

ထိုအချိန်တွင် ကောင်းအန်ချီသည် အသိစိတ်ပြန် လည်ရရှိနေပြီဖြစ်သည်။ ဝင်ပေါက်မှာရပ်နေတဲ့ အတွင်းရေးမှူးဝမ်ကို သူ ကြည့်လိုက်ပြီး စကားတစ်ခွန်းမှမပြောဘဲ စတူဒီယိုထဲဝင်သွားကာ ဥပဒေရေး ရာဌာနမှပုဂ္ဂိုလ်က နောက်ကနေလိုက်ဝင်လာခဲ့သည်။ အတွင်းရေးမှူးဝမ်သည် ရှန်းချူးချူးကိုသိသောကြောင့် အပြင်ဘက်တွင်သာ ရပ်ကာစောင့်ကြည့်နေခဲ့သည်။

 

 

လောလောဆယ်စတူဒီယိုထဲတွင် လူတိုင်းသည်အ ဖြစ်အပျက်ကိုမြင်ပြီးကတည်းက အထက်ကအမိန့်ကိုစောင့်ဖို့လိုသည်ဟု တီးတိုးပြောနေကြသည်။

 

 

တစ်ဖက်တွင်အနားယူနေသော ရှန်းချူးချူးသည် အစောကတည်းက စားပွဲပေါ်မှောက်လျက်သားအိပ် ပျော်သွားခဲ့သည်။ လက်ထောက်အသစ် ဝမ်ချမ် သူမကိုခေါ်တဲ့အခါ သူမ အိပ်မက်ထဲမှာဘဲရှိနေဆဲပင်။ ရှန်းချူးချူးသည် သူမ၏အသွင်အပြင်ကို ပြင်ဆင်ပြီးနောက် သူမရှေ့တွင် မည်သည့်မျက်နှာအမူအရာမှမရှိသော ကောင်းအန်ချီကိုတစ်ချက်ကြည့်လိုက်သည်။

 

 

ပြန်ပေါ်လာသော ကောင်းအန်ချီ၏မျက်နှာသည် ယခင်လိုမာနကြီးသည့်အထက်တန်းစားအမျိုးသမီးတစ်‌ယောက်၏အမူအရာမရှိတော့ဘဲ တစ်စုံတစ်ခုကြောင့်စိတ်အနှောင့်အယှက်ဖြစ်နေဟန်တူသည်။ သူမသည် ရုတ်တရက်‌ဒေါသဖြစ်သွားပြီး ခေါင်းငုံ့ကာ â€œá€™á€­á€”á€şá€¸á€€á€œá€ąá€¸á€›á€žá€”á€şá€¸ ကျွန်မ တောင်းပန်ပါတယ်၊ စောနကမှားပြောမိတာပါ ကျေးဇူးပြုပြီး ကျွန်မကို ခွင့်လွှတ်ပေးပါ”

 

 

ရှန်းချူးချူးသည် ရုတ်ချည်းတိုးတက်ပြောင်းလဲမှုကိုလိုက်မမှီသလို မည်သူမျှစကားလုံးတစ်လုံးမျှဝင်မပြောဝံ့ကြသော်လည်း ပြပွဲကို သူ နားမလည်နိုင်ကြောင်းခံစားလိုက်ရသည်။ စတူဒီယိုထဲတွင် လူသုံးဆယ်ထက်မပိုဘဲ အပ်ကျသံကြားရသည်အထိတိတ်ဆိတ်နေစဉ် ဖုန်းတုန်ခါသံကိုကြားလိုက်ရသည်။

 

 

"ကျွန်မကို ခွင့်လွှတ်ပေးပါ”

 

 

ကောင်းအန်ချီသည် သူမ၏စကားကိုထပ်ခါတလဲလဲပြောလာသောအခါ ရှန်းချူးချူး စိတ်အ‌ခြေအ နေပြန်ကောင်းလာသည်။ သူသည် ယုတ္တိမတန်သောလူမဟုတ်သည့်အပြင် Han Group နှင့်လည်းသ ဘောထားကွဲလွဲရန်စိတ်ကူးမရှိပေ။ သူ ထိုအထွေ ထွေမန်နေဂျာကောင်းကို မကြိုက်သော်လည်း "ဒါ အရေးမကြီးပါဘူး။ ရှင် အခုချိန်ကစပြီး ဒီလိုစကားမျိုးမပြောမိဖို့မျှော်လင့်ပါတယ်။"

 

 

ရှန်းချူးချူး ပြောပြီးသွားသည်နှင့် ကောင်းအန်ချီ သည် ခေါင်းကိုမြှောက်လိုက်ပြီး နောက်လှည့်ကာ ထွက်ခွာသွားခဲ့သည်။ ဤသည်မှာ သူမ၏အရှက်ရဆုံးအခိုက်အတန့်ဖြစ်ပြီး အောက်တန်းကျသည့် အလှပန်းအိုးမင်းသမီးကိုတောင်းပန်လိုက်ရည်ဟု တွေးလိုက်မိသည်။ ကောင်းအန်ချီသည် တံခါးဘေးမှာရှိသည့် အတွင်းရေးမှုးဝမ်ကို အေးစက်စွာကြည့်ပြီး အော်ဟစ်လိုက်သည်။

 

 

"ဘယ်လိုလဲ မစ္စတာဟန် စိတ်ကျေနပ်သွားပြီလား ? ရှင် အခူ သူ့ကိုသတင်းပို့လိုက်လို့ရတယ်။"

 

 

ထို့နောက် နောက်ပြန်မလှည့်ကြည့်ဘဲ ထွက်ခွာသွားခဲ့သည်။

 

 

ကောင်းအန်ချီထွက်သွားသည်ကို စတူဒီယိုရှိလူတိုင်းစောင့်ကြည့်ခဲ့ကြပြီး ရှန်းချူးချူးသည် ဤအချီတွင်အနိုင်ရခဲ့ကြောင်း နားလည်ခဲ့ကြသည်။ ယခင်မှတ်ချက်အချို့ပြောခဲ့ဖူးသော လူများသည် တစ်ခွန်းမှမဟရဲတော့ဘဲ ရှန်းချူချူ မမြင်နိုင်စေရန် ပုန်းကွယ်နေလိုက်ကြသည်။

 

 

အားလုံးကစိုးရိမ်နေကြချိန် ဥပဒေအဖွဲ့မှပုဂ္ဂိုလ်က ရုတ်တရက်ရောက်ရှိလာပြီး “ဟယ်လို မစ္စရှန်း၊ ငါက Han Group ရဲ့ဥပ‌ဒေဌာနကပါ။ ကျွန်တော်တို့၏ကုမ္ပဏီရဲ့အထက်အရာရှိက မင်း မတရားသ ဖြင့်ဆက်ဆံခံလိုက်ရတာကို သတိပြုမိတဲ့အတွက် သင့်လျော်တဲ့လျော်ကြေးငွေအဖြစ် နောက်ထပ်နှစ်သိန်းထပ်တိုးပေးပါမယ်။ ဒါနဲ့ ကြော်ငြာရိုက်ရတာ အဆင်ပြေရဲ့လားလို့ မေးလို့ရမလား မသိဘူး ?"

 

 

သူမအနားတွင် ထိတ်လန့်တုန်လှုပ်နေသောလူအုပ်မရှိသော်လည်း ရှန်ချူချူသည် ဟန်အုပ်စု၏အမူအ ရာကြောင့်တုန်လှုပ်သွားခဲ့သည်။ နှစ်သိန်းထပ်ထည့်မလို့လား ? နဂိုပမာဏအတိုင်း ဆက်လက်ရိုက်ကူးရန်စီစဉ်နေပြီဖြစ်သည်။ အနှောက်အယှက်ပေးသူဘက်မှ တောင်းပန်ပြီးပြီဖြစ်သောကြောင့် မေ့ထားချင်စိတ်ရှိခဲ့သည်။

 

 

ပိုက်ဆံတွေပြုတ်ကျလာသလိုပဲ ခေါင်းမူးလိုက်တာ

“ရှင်တို့ ပိုက်ဆံတွေအများကြီးထပ်ထည့်စရာမလိုပါဘူး၊ ဒါ့ပြင် ကျွန်မ အများကြီးမခံစားခဲ့ရပါဘူး၊ အထွေထွေမန်နေဂျာကောင်းဘက်ကလည်း တောင်းပန်ပြီးသွားပါပြီ ကြော်ငြာကိုဆက်ရိုက်သွားမှာပါ။"

 

 

ဥပဒေအဖွဲ့မှ ပုဂ္ဂိုလ်ကဆက်လက်၍ပြုံးကာ “ဒါက မဖြစ်မနေလုပ်ရမှာပေါ့။ ဒါက Han Group ရဲ့အမှားပါ နှစ်သိန်းက ကျွန်တော်တို့ဘက်ကလျော် ကြေးပါ။ ကျေးဇူးပြုပြီး မင်းရဲ့အကောင့်နံပါတ်ကို ရေးပေးလို့ရမလား အဲ့ကိုတန်းလွှဲပေးပါ့မယ်။"

 

 

ရှန်းချူးချူးသည် တစ်ဖက်၏ရိုးသားမှုကိုသိသော အခါ သူ သဘောတူပြီး ကဒ်ထုတ်ပေးရန် သူ့အိတ်ကိုထုတ်လိုက်သည်။

 

 

ထိုလူကကတ်ကိုယူကာပြုံးလျက် "နာရီဝက်အ တွင်း မင်းရဲ့အကောင့်ထဲကို ငွေလွှဲပေးလာပါလိမ့်မယ်။ ကျေးဇူးပြုပြီး စစ်ဆေးဖို့မမေ့ပါနဲ့ ရိုက်ကူးရေးအောင်မြင်ပါစေနော်”

 

 

ကုမ္ပဏီမှ အကောင်ကြီးနှစ်ကောင် ထွက်ခွာသွားသောအခါ လူတိုင်းပြန်လည်သက်ဝင်လာခဲ့ကြပြီး ယခု သူတို့အားလုံးသည် ရှန်းချူးချူးအပေါ် အမြင်သစ်တစ်ခုဖြင့် ပြောင်းကြည့်လာကြသည်။ ထိုမင်းသမီးသည် အထက်ပိုင်းနှင့် အမှန်တကယ်ဆက် ဆံရေးမျိုးရှိနေသလား ? အဲ့လိုဆို သူ့ကလှောင် ပြောင်စရာတစ်ခုသာသာပဲ ဒါပေမယ့် တကယ်တမ်း သူ့ကိုအကာအကွယ်ပေးနေတာက အထက်အကြီးပိုင်းသာဖြစ်ခဲ့ရင် သူတို့မည်သည့်စကားတစ်ခွန်းမှပြောရဲတော့မည်မဟုတ်ချေ။

 

 

ဒါရိုက်တာသည် အဆင်မပြေသည့်အခြေအနေကြား ပထမဆုံးရောက်ရှိလာခဲ့သူဖြစ်သည်။

 

 

ပထမအကြိမ်ရိုက်ချက်ပြီးနောက် များစွာတိုးတတ်လာခဲ့သည်။ ယခုအခါ သူမ၏ကိုယ်ပိုင်ခြေလက်အင်္ဂါများကိုဖြည်းဖြည်းချင်း ထိန်းချုပ်နေနိုင်ပြီဖြစ်သည်။

 

 

နေ့လည်တစ်နာရီမှ နောက်သုံးနာရီကြာပြီးနောက် ကြော်ငြာပြီးသွားခဲ့သည်။ ရှန်းချူးချူး ပထမဆုံးလုပ်သည့်အရာမှာ သူ့ဖုန်းကိုစစ်ဆေးခြင်းပြီး မထင် မှတ်ဘဲ သုညနံပါတ်ကိုရေတွက်လိုက်ခြင်းပင်။ ကောင်းတယ်၊ စုစုပေါင်း သုညငါးလုံး Han Group ကတော့ တကယ့်ကိုကုမ္ပဏီကြီးတစ်ခုပါပဲလား ?

 

 

ဤနှစ်သိန်းသည် သူ၏ စိတ်ပိုင်းဆိုင်ရာလျော်ကြေး ဖြစ်ပြီး သူနှင့် လုံးဝသက်ဆိုင်သောကြောင့် ကုမ္ပဏီရှယ်ယာများတွင် အနည်းငယ်မျှပါဝင်မည်မဟုတ်ပေ။ ဒီကြော်ငြာတစ်ခုကနေတစ်ဆင့် သူမ ဝင်ငွေငါးသိန်းရရှိခဲ့သည်။ သင် နာမည်ကြီးတစ်ယောက်ဖြစ်လာတဲ့အခါ ငွေရှာရတာဟာတကယ့်ကို လွယ် ကူလာပါတယ်။ သူမ မျှော်လင့်ချက်သည် တစ်ဖန်ပြန်လည်တောက်ပလာခဲ့သည်။

 

 

 á€›á€žá€”်းခဝူးခဝူးသည် ပစ္စည်းများထုပ်ပိုးပြီး မိတ်ကပ်များဖယ်ရှားပြီးနောက်၊ လက်ထောက်အသစ်ဖြစ်သူဝမ်ချမ်နှင့်အတူ ထွက်ခွာသွားခဲ့သည်။