Ch 11
Viewers 10k

(11)

တကယ်တမ်းတွင် စုန့်ဝေ့မှ လီရှို့လီကို ပြောလာသည့် စကားထဲတွင် စကားတစ်ခွန်းကတော့ အမှန်တရားဖြစ်နေခဲ့သည်။ ဒါရိုက်တာရှု၏သားမှာ လင်းရန်ကို အမှန်တကယ် မြင်တွေ့ဖူးခဲ့ပြီး သူက လင်းရန်ကို မည်သည့်အခါကမှ မေ့မရခဲ့ပါချေ ။

 

ရှုကျစ်ဝမ်မှာ ယခုနှစ်တွင် အသက်နှစ်ဆယ်ရှိပြီဖြစ်ကာ အလုပ်လုပ်ကိုင်နေသည်မှာလည်း နှစ်နှစ်ရှိပြီဖြစ်သည်။ ထို့ အပြင် သူ့၏မိဘများက သူ့အပေါ် မြင့်မားသည့် မျှော်လင့်ချက်များရှိခဲ့သည်။

 

သူတို့က သားဖြစ်သူအား စက်ရုံတွင် အလုပ်လုပ်ခွင့်ပေးမည့်အစား အဆက်အသွယ်များရှာဖွေပြီး မြို့တော်အစိုးရရုံးကို စာရေးအဖြစ် ပို့လွှတ်လုက်ချေသည်။

 

ထို့ကြောင့် ရှုကျစ်ဝမ်မှာ လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း မြို့လယ်တွင် နေထိုင်ခဲ့ပြီး စက်ယန္တရား စက်ရုံသို့ ပြန်လာခြင်းသိပ်မရှိခဲ့ပေ။ သို့အတွက် လင်းရန်က သူနှင့်တွေ့ဖို့ အခွင့်အရေး မရှိသည်မှာ သဘာဝကျသည်။

 

သို့သော်လည်း ရှုကျစ်ဝမ် မနှစ်က အားလပ်ရက်အတွင်း အိမ်သို့  ပြန်လာချိန်တွင် လင်းရန်အား မတော်တဆတွေ့မြင်ခဲ့ပြီး ချက်ချင်းဆိုသလို မင်သက်သွားခဲ့ရသည်။

 

သူ့အနေနဲ့ ထိုမိန်းကလေးက မည်သည့်မိသားစုမှ  သမီးလဲဆိုသည်ကိုသိရဖို့ သူ့အဖေကိုအား မမေးဘဲ မနေနိုင်ခဲ့ပါချေ။

 

သူ လင်းရန်၏ နာမည်ကို သိရပြီးချိန်တွင် သူမ၏အကြောင်းကို စဉ်းစားခဲ့တော့သည်။

 

သို့သော်လည်း လင်းရန်မှာ ထိုအချိန်တွင် ကျောင်းတက်နေဆဲဖြစ်ပြီး ဒါရိုက်တာရှုကလည်း လင်းရန် နှင့် စုန့်ဝေတို့အား သိပ်ပြီးအလေးအနက်မစဉ်းစားခဲ့ပါချေ။

 

သို့ရာတွင် သူ့၏သားက စက်ယန္တရား စက်ရုံသို့ မကြာခဏ ပြန်လာတတ်လာပြီး ပြန်လာသည့်အချိန်တိုင်း စုန့်ဝေ့၏ မယားပါသမီးအကြောင်းကို မေးမြန်းလာလေ့ရှိသည့်အတွက် နောက်ပိုင်းတွင်တော့ သူ့မှာရွေးချယ်စရာ မရှိတော့ဘဲ  လက်ခံလိုက်ရတော့သည်။

 

နောက်ပိုင်းတွင် သူ စဉ်းစားတွေးတောခဲ့သည်။  သူ့၏သားဖြစ်သူမှာ အရည်အချင်းရှိပြီး အနာဂတ်တွင် သူ့၏အသက်မွေးလမ်းကြောင်းကို သူဘာသာသူ ချောမွေ့စွာ ရွက်လွှင့်နိုင်မှာဖြစ်၍ ဘက်ပေါင်းစုံမှ ကောင်းမွန်ပြည့်စုံသည့် ချွေးမကို ရှာဖွေနေစရာ မလိုအပ်ပါချေ။

 

သေချာတာပေါ့! အရေးအကြီးဆုံးကတော့ သူ့သားက မိန်းကလေးတစ်ယောက်အကြောင်းကို တစ်ချိန်လုံး တွေးတောနေတာကို သည်းမခံနိုင်တော့လို့ပဲ! သူကြည့်ရတာ အရမ်းကို  သနားစရာကောင်းလွန်းနေပြီ!

 

ဤသည်မှာ ဒါရိုက်တာရှု ယမန်နေ့က စုန့်ဝေ့၏တောင်းဆိုချက်အား သဘောတူခဲ့သည့် အဓိကအကြောင်းပြချက်လည်း ဖြစ်ခဲ့သည်။  ဒါရိုက်တာရှုမှာ သူ့၏သားဖြစ်သူအတွက် အမှန်တကယ်ကို စိတ်မကောင်းဖြစ်ခဲ့၍ပင်။

 

အန်ကယ်စုန့်၊ ညီမစစ်ယွီ၊ ညီမရန်ရန်၊ မင်္ဂလာပါ

 

လင်းရန်နှင့် တခြားလူများ ရောက်ရှိလာပြီးနောက် ရှုကျစ်ဝမ်က ၎င်းတို့ သုံးဦးကို အမြန်နှုတ်ဆက်လာခဲ့သည်။

 

သူက လူတစ်ယောက်ပြီး တစ်ယောက်ခေါ်သော်လည်း လင်းရန်ဆီကိုသာ ဆက်ကြည့်နေခဲ့ကာ အနည်းငယ်မျှလည်း စိတ်လှုပ်ရှားနေခဲ့သေးသည်။

 

လင်းရန်က ဤသည်မှာ စုန့်ဝေ့နှင့် လီရှို့လီတို့မှ စီစဉ်ပေးသည့် ကြင်ဖက်တွေ့ဆုံမှုဖြစ်ကြောင်းကို မသိဟန်ဆောင်ကာ တစ်ဖက်လူကို ကြည့်၍ ယဉ်ကျေးစွာ ခေါင်းညိတ်ပြလိုက်သည်။

 

သူမက ခေါင်းညိတ်ရင်းဖြင့် ရှုကျစ်ဝမ်ဆီသို့  တစ်ချက်လှမ်းကြည့်လိုက်သည်။

 

 

ရိုးရိုးသားသားပြောပါက သူမသာ နောက်ဆက်တွဲဖြစ်ပေါ်လာမည့် ပလော့များတွင် သူမက ရှုကျစ်ဝမ်၏  ရိုက်နှက်သတ်ဖြတ်ခြင်းကြောင့် သေဆုံးသွားခဲ့ရသည်ကိုသာ  မသိခဲ့ပါက၊ သူမ၏ရှေ့တွင်ရှိနေသည့် နူးညံ့သိမ်မွေ့ပြီး တရားမျှတသည့်ဟန်ပန်ရှိသော လူငယ်လေးမှာ လျှို့ဝှက်အိမ်တွင်းအကြမ်းဖက်မှုအပေါ် ရူးသွပ်သူတစ်ဦးဖြစ်နေကြောင်းကို ပြောနိုင်မည်မဟုတ်ပါချေ။

 

လင်းရန်တစ်ယောက် ဤစကားတစ်ခွန်းကို သဘောတူနေဆဲပင်:

 

လူတွေရဲ့ အပေါ်ယံအသွင်အပြင်ကို ကြည့်ပြီး ဆုံးဖြတ်လို့မရဘူး။

 

စုန့်ဝေ့ကတော့ ရှုကျစ်ဝမ်အား မြင်လိုက်သည့်အခိုက်တွင် ဤနာရီဝက်ကျော်အတွင်း အရိုးသားဆုံးအပြုံးက သူ့၏မျက်နှာပေါ်တွင် ပေါ်လာခဲ့သည်။

 

ရှောင်ရှု၊ တိုက်ဆိုင်လိုက်တာ၊ မင်းနဲ့တွေ့ဖို့ ငါ မမျှော်လင့်ထားဘူး၊ မင်းလည်း ကုန်တိုက်ကို လာတာလား

 

စုန့်ဝေ့ နှင့် ဒါရိုက်တာရှုတို့ မူလတုန်းက စီစဥ်ထားသည်မှာ မိန်းကလေး၏မျက်နှာအတွက်ကြောင့် လင်းရန်အား ဒါရိုက်တာရှု၏သားဖြစ်သူနှင့် ချိန်းတွေ့ရန်  တိုက်ရိုက်မပြောဘဲ သူငယ်ချင်းအသစ်ဖွဲ့ခိုင်းသည်ဟု သုံးနှုန်းမည်ဖြစ်ကာ ၎င်းတို့ကို နှစ်ရက်လောက်ကြာအောင် သူငယ်ချင်းအဖြစ် ဆက်ဆံခွင့်ပေးထားလိမ့်မည်။  ပြီးနောက်တွင် ရှေ့သို့ တစ်ဆင့်တက်၍  စီမံလိမ့်မည်။

 

ဒါရိုက်တာရှုက စုန့်ဝေ့၏ ထိုသို့ပြောလာသည့် စကားအား  ကြားပြီးနောက် အသေအချာနားလည်သွားခဲ့သည်။ တကယ်တမ်းတွင် စုန့်ဝေ့မှ သူ့၏  မယားပါသမီးအား မည်မျှဂရုစိုက်ကြောင်းကို သူလည်း သိထားပေသည်။

 

သို့နှင့် သူသည်လည်း အိမ်သို့ပြန်ရောက်ပြီးနောက်တွင် သားဖြစ်ကို ထိုအကြောင်းအား အပြည့်အစုံပြောပြခဲ့သောကြောင့် စုန့်ဝေ့၏ ထိုသို့ မတော်တဆတွေ့ဆုံခြင်း လေသံနဲ့ရင်ဆိုင်ရသည်တွင် ရှုကျစ်ဝမ်မှာ စိတ်ရှုပ်ထွေးသွားခြင်းမရှိဘဲ  ချောချောမွေ့မွေ့နှင့် ပြန်ဖြေခဲ့သည်။

 

ဟုတ်တယ် အန်ကယ်စုန့်၊ ကျွန်တော်လည်း ဒီနေ့ အချိန်ရလိုက်တာနဲ့ လျှောက်ကြည့်တာလေ၊ မထင်မှတ်ပဲ အန်ကယ်တို့မိသားစုနှင့် ဝင်တိုးတာပဲ

 

ဟားဟားဟား၊ ဒါကကံကြမ္မာပဲ!

ထို့နောက် စုန့်ဝေ့က ရှုကျစ်ဝမ်နှင့်  စကားအနည်းငယ်ဆက်ပြောခဲ့ပြီး သူ့ဘေးနားတွင်ရှိသည့် လီရှို့လီဆီကို မျက်နှာအမူအရာဖြင့်  ယခင် အစီအစဉ်အတိုင်း လုပ်ဆောင်သင့်ကြောင်း ညွှန်ကြားလိုက်သည်။

 

လီရှို့လီကလည်း မျက်တောင်ခတ်ပြီး သူမ နားလည်ကြောင်း တုံ့ပြန်လာခဲသည်။

 

နောက်တစက္ကန့်တွင် လီရှို့လီက  လင်းရန်အား သူမ၏ဘေးသို့ဆွဲခေါ်ကာကာ မျက်မှောင်ကြုတ်လျှက် အနည်းငယ် ရှက်ရွံ့ဟန်ဖြင့် ပြောလာသည်။

 

ရန်ရန်၊ ငါ အခုမှ ရုတ်တရက် သတိရတယ်၊ ငါတို့တွေ ကောက်နှံနဲ့ ဆီစာအုပ်ကို အိမ်မှာမေ့ကျန်ခဲ့တာပဲ၊  မင်းအဖေနဲ့ ငါက ဒီနေ့ စားသောက်ကုန်တွေဝယ်ဖို့ပြင်ဆင်ထားခဲ့တာ

 

  

  

ဒီလိုလုပ်ရအောင်၊ မင်းအဖေနဲ့ငါက အိမ်ကို ပြန်သွားပြီး အဲဒီစာအုပ်တွေ သွားပြန်ယူလိုက်မယ်၊  ပြီးတော့ မင်းရဲ့အစ်မကို ကောက်နှံစတိုးဆီမှာ အရင်တန်းစီခိုင်းလိုက်မယ်၊ မင်းကတော့ ငါတို့ကို ဒီမှာစောင့်နေလိုက်လေ၊ ငါတို့တွေ ဝယ်ယူပြီးရင် မင်းကိုလာရှာမယ်။

 

လီရှို့လီသည်ကား သူမ၏သမီးမှာ စားသောက်ရသည်ကို  အလွန်ကြိုက်နှစ်သက်ပြီး၊ အလွန်အမင်းလည်း ပျင်းရိတတ်ကြောင်း သိထားသည်။

 

သူမက မိသားစုတွင်းမှ ယခုလအတွင် စားသောက်ကုန်များ ဝယ်ယူရမည့်ကဲ့သို့ အသေးအဖွဲကိစ္စများကို လုံးဝ ဂရုမစိုက်ပါချေ။ ဝယ်ယူရန်အတွက် တန်းစီရမည်း ပျင်းရိဖွယ်အလုပ်အတွက်ကတော့ ထည့်ပြောနေစရာပင် မလိုအပ်တော့။

 

ထို့ကြောင့် လီရှို့လီ၏ အမြင်အရ ဤအကြောင်းပြချက်မှာ အလွန် ပြီးပြည့်စုံလှသည်။

 

လင်းရန်ကလည်း သူမအား ထုတ်ဖော်ရန် စိတ်မ၀င်စားဘဲ စိတ်မဝင်စားသည့်ဟန်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။

 

အင်း.. ကျွန်မနားလည်ပြီ ၊ဒါဆို  အမေတို့ကို ဒီမှာစောင့်နေလိုက်မယ်

 

သူမက လျင်မြန်စွာသဘောတူလာသည်ကြောင့် လီရှို့လီမှာ အလွန် ကျေနပ်သွားခဲ့သည်။

 

သို့သော်လည်း သူမ၏မျက်လုံးထဲမှ စိတ်ခံစားချက်ကို ပြောင်းလဲပြီး သမီးဖြစ်သူကို  စိတ်ပူပန်သောအမူအရာကို ရည်ရွယ်ချက်ရှိရှိ ပြုလုပ်ခဲ့သည်။

 

မင်းကို ဒီမှာ တစ်ယောက်တည်း ထားခဲ့ရမှာကို နည်းနည်းတော့ စိတ်ပူနေတုန်းပဲ၊ တော်သေးတယ်၊ မင်းရဲ့အစ်ကိုရှုက အနီးအနားကို လျှောက်သွားနေတာနှင့် ကြုံကြိုက်လို့၊ သူ့ကိုပဲ နင့်ကို ဂရုစိုက်ဖို့ မှာထားခဲ့လိုက်မယ်၊ ဒါဆို ဒီလိုပဲ လုပ်ကြတာပေါ့၊ မင်း မင်းရဲ့အစ်ကိုရှုနှင့် နီးနီးကပ်ကပ် နေရမယ်နော် နားလည်လား

 

  

  

ထိုစကားကိုပြောပြီးနောက် သူမက လင်းရန်အား ငြင်းဆန်ရန်ပင် အခွင့်အရေးမပေးခဲ့ဘဲ ရှုကျစ်ဝမ် ထံသို့ တိုက်ရိုက်ဆွဲခေါ်သွားခဲ့သည်။

 

ရှောင်ရှု ၊ ငါတို့ဘက်မှာ ရုတ်တရက် ကိစ္စတစ်ခု ပေါ်လာလို့ ၊ ကျေးဇူးပြုပြီး လင်းရန်ကို စောင့်ရှောက်ပေးလို့ရမလား၊ ခဏလေးပါပဲ၊ ငါတို့ ဒီကို မကြာခင်ပြန်လာမှာ!

 

ရှုကျစ်ဝမ်က ထိုစကားကိုကြားတော့ သဘာဝကျစွာနှင့် ပြုံး၍ ခေါင်းညိတ်လာချေသည်။

 

ကိစ္စမရှိပါဘူး ၊ အန်ကယ်နှင့် အန်တီတို့ လုပ်စရာရှိတာကို သွားလုပ်ပါ၊ ကျွန်တော် ညီမရန်ရန်ကို ကောင်းကောင်း ဂရုစိုက်ထားပါ့မယ်!

 

မကြာခင် စုန့်ဝေ့နှင့် လီရှို့လီတို့က စုန့်စစ်ယွီကိုခေါ်ကာ  ထွက်ခွာသွားခဲ့ကြသည်။

 

  

မူလတုန်းက စုန့်ဝေ့အနေဖြင့်  စုန့်စစ်ယွီကိုသာ ခေါ်၍မရနိုင်ပါက မည်သို့ဆက်လုပ်ရမည်မည်းဟု စိတ်ပူနေသေးသော်လည်း အံ့သြစရာကောင်းစွာဖြင့် ယနေ့မှာတော့ သမီးဖြစ်သူက သူ့ကို မည်သည့်မေးခွန်းမျှ မေးမလာခဲ့ဘဲနဲ့ သူတို့နောက်သို့ လိုက်လာခဲ့လေ၏။

 

စုန့်ဝေ့ သူ့သမီးကို ပို၍ပင်စိတ်ကျေနပ်လာရသည်။

 

ယမန်နေ့က ဖြစ်ပျက်ခဲ့သည်က သူ့၏ထင်ယောင်ထင်မှားမဟုတ်ခဲ့ဘဲ   သမီးဖြစ်သူမှာ အမှန်တကယ်ကို ပြောင်းလဲလာခဲ့ပြီး ပို၍ဥာဏ်ကောင်းလာခဲ့သည်မှာ ထင်ရှားပေသည်။

 

ယခင်အချိန်များက သူလုပ်ခဲ့သမျှအရာအားလုံးက အကျိုးသက်ရောက်မှု ရှိလာခဲ့ပေပြီ။

 

သူ့၏သမီးက ဉာဏ်ရည်ထက်မြက်လာသည့်အတွက် သူ့သမီးအတွက် လုံလောက်သည့်ပြင်ဆင်မှုများကို  ပို၍လုပ်လာဖို့ အချိန်ကျလာပြီဖြစ်ကာ သူ ပို၍ ကြိုးစားလုပ်ဆောင်သင့်နေပြီ။

 

စုန့်ဝေ့ နှင့် တခြားသူများ ပျောက်ကွယ်သွားပြီးနောက် ရှုကျစ်ဝမ်မှာ လင်းရန်နှင့် စကားပြောရန်အတွက် မစောင့်ဆိုင်းနိုင်တော့ပေ။

 

ညီမရန်ရန်၊ မင်း ဗိုက်ဆာနေလား ၊ ငါအခုလေးတင် ဒီက အဆာပြေလေးတွေဝယ်ထားတယ်၊ မင်း စမ်းကြည့်ချင်လား

 

ရှုကျစ်ဝမ်က တွန့်တိုတတ်သူတစ်ယောက်မဟုတ်သလို သူ အကြာကြီးတွေးတောနေမိခဲ့သော မိန်းကလေးနှင့် ပထမဆုံးအကြိမ်တွေ့ဆုံစကားပြောရခြင်းဖြစ်သောကြောင့် သူမကို ပြုံးရွှင်လာအောင်လုပ်နိုင်စေရန် သေချာပေါက် ဆန္ဒရှိခဲ့သည်။

 

ထို့ကြောင့် သူက အဆာပြေမုန့်များစွာဝယ်ယူခဲ့ပြီး လင်းရန်နှင့်အတူ စားဖို့ စောင့်ဆိုင်းနေခြင်းဖြစ်လေသည်။

 

မတိုင်ခင်က လီရှို့လီ နဲ့ စကားပြောနေစဥ်တွင် လင်းရန်၏ အလေ့အထနဲ့ လင်းရန်၏  ကြိုက်နှစ်သက်မှုတချို့အကြောင်းကို လီရှို့လီထံမှ ပြောပြလာသည်ကို ကြားခဲ့ရသည်။  လင်းရန်က အဆာပြေမုန့်စားရခြင်းကို ကြိုက်နှစ်သက်ကြောင်း သိလိုက်ရသည့်အတွက် သရေစာမုန့်မျိုးစုံကို ဝယ်ယူထားခဲ့သည်။

 

လင်းရန် သူမ၏  အရှေ့မှ ရှုကျစ်ဝမ်ကို ကြည့်လိုက်သည်။ သူ့၏နှလုံးသားထဲမှ ထွက်ပေါ်လာသည့် တောင့်တင်းမှုနှင့် စိုးရိမ်ကြောင့်ကြစိတ်တို့က သူ့၏မျက်နှာပေါ်တွင် သိသာစွာ ပေါ်နေခဲ့သည်။ ဤအခိုက်အတန့်တွင် လင်းရန်တစ်ယောက် သူ့ထံမှ ငယ်ရွယ်မှု၏  ရိုးသားများနှင့် လေးနက်သည့်သဘောထားများကိုပင် ခံစားမိစေခဲ့သည်။

 

  

ဤမျက်နှာအမူအရာက သူမအား  ထိုသူ လင်းရန် ကို ထိုမျှအထိ ရိုက်နှက်ခဲ့ရလောက်သည်အထိ နောက်ပိုင်းတွင် မည်သည့်အရာများ ဖြစ်ခဲ့သည်လဲဆိုသည်အား တွေးတောမိစေခဲ့သည်။

 

သို့သော်လည်း သူမက ထိုအကြောင်းကို တွေးတောမိရုံသာဖြစ်ပြီး ထို မီးတွင်းထဲကို ခုန်ချဖို့ရန်အတွက် ရည်ရွယ်ချက်မရှိပါချေ။

 

ထို့ကြောင့်  ရှုကျစ်ဝမ်ထံမှ သူဝယ်ထားသော ဒင်ဆမ်းကို စားသောက်ဖို့ရန်ဖိတ်ကြားချက်ကို ကြားလိုက်ရချိန်တွင် လင်းရန်က သူမ၏လက်ကိုသာ ဝှေ့ရမ်းလိုက်ချေသည်။

 

ဟင့်အင်း ၊ ကျွန်မ အခု ဘာမှမစားချင်ဘူး

 

သူမ၏စကားကိုကြားတော့  ရှုကျစ်ဝမ်က အနည်းငယ် စိုးရိမ်သွားရပြီး အလျှင်အမြန် မေးလာခဲ့သည်။

 

ဒါဆို မင်းဘာစားချင်လဲ ငါဝယ်ပေးမယ်

 

ဘာမှ မစားချင်ဘူး၊ အမေတို့ ပြန်လာတာကိုပဲ ဒီမှာ စောင့်ချင်တယ်၊ တကယ်လို့ အစ်ကိုရှု လုပ်စရာရှိရင် အရင်ထွက်သွားလို့ရတယ်၊ ကျွန်မ ဘယ်ကိုမှ လှည့်ပတ်သွားနေမှာ မဟုတ်ဘူး

 

လင်းရန်၏ ထပ်ခါတလဲလဲ ငြင်းဆိုမှုများကြောင့် ရှုကျစ်ဝမ် အနည်းငယ် စိတ်ရှုပ်သွားခဲ့သည်။

 

ဘာလို့ သူအရင်တုန်းက တွေးတော စိတ်ကူးထားတာနှင့် မတူရတာလဲ?

 

လီရှို့လီက အခုလေးတင် သူမရဲ့သမီးက ဒီဆိုင်က ဒင်ဆမ်းကို ကြိုက်တယ်လို့ ပြောခဲ့တာမဟုတ်ဘူးလား။

 

  

**