(19)
ဤတစ်ကြိမ်တွင်
အိမ်ရာဝန်းထဲမှအန်တီတစ်စုက စုန့်ဝေ့အား တွေ့ချိန်တွင် သူတို့၏ အပြုံးတွေနဲ့
အသံများက ယခင်အချိန်များကထက် ပို၍ စိတ်အားထက်သန်နေခဲ့ကြသည်။
“အိုး၊
အင်ဂျင်နီယာစုန့် ပြန်လာပြီလား!”
“အင်ဂျင်နီယာစုန့်
အလုပ်ဆင်းချိန်ရောက်ပြီလား!”
စုန့်ဝေ့မှာ
လက်ရှိအချိန်တွင် သူတို့ကို သရုပ်ဆောင်ပေးနေဖို့ရန်အတွက် စိတ်အခြေအနေကောင်းများ
ရှိမနေခဲ့ပါချေ။ ထို့ကြောင့် သူက တုံ့ဆိုင်းစွာ ခေါင်းညိတ်ပြပြီး အလျှင်အမြန်
ပြောခဲ့သည်။
“ အားလုံးပဲ
အလုပ်များနေကြတာလား၊ ကျွန်တော်လည်း အိမ်ကို အရင်ပြန်ပြီး
ထမင်းသွားစားလိုက်ဦးမယ်၊ နေ့လယ်ကျရင် အလုပ်ပြန်သွားရဦးမယ်”
သာမာန်အားဖြင့်
သူ့၏ပါးစပ်မှ ထိုကဲ့သို့ စကားများထွက်လာခဲ့ပါက ဤလူအုပ်စုမှ သူ့ကို တားဆီးကာ
ထပ်မံစကားပြောဆိုလာဖို့အတွက် ခက်ခဲသွားပေလိမ့်မည်။
တကယ်တမ်းတွင်လည်း
စုန့်ဝေ့ မျှော်လင့်ထားသည့်အတိုင်း ထိုအမျိုးသမီးများက စုန့်ဝေ့အား ထပ်မံ
မတားဆီးလာကြတော့ချေ။
စုန့်ဝေ့လည်း
ဤသည်ကိုမြင်သည်နှင့် တိတ်တဆိတ် သက်ပြင်းချကာ ခြေလှမ်းကိုအရှိန်မြှင့်ကာ
ထွက်ခွာသွားခဲ့သည်။
သို့သော်လည်း
ယနေ့တွင် ထိုအန်တီကြီးများ သူ့ကို စကားပြောရန်အတွက် တားမြစ်ဖို့ ရည်ရွယ်ချက်
မရှိခဲ့သည်ကိုတော့ သူမသိခဲ့ပါချေ။ မတိုင်ခင်တုန်းက သူ့ကို အသံကျယ်ကျယ်ဖြင့်
တားလိုက်ရသည့် အကြောင်းရင်းမှာ အံ့အားသင့်စွာဖြင့် ခေါ်လိုက်မိခြင်းသာ ဖြစ်ချေသည်။
“ဟေး
ဒီအင်ဂျင်နီယာစုန့်က တကယ်ကို သာမန်လူ မဟုတ်ဘူးပဲ၊ ကြည့်လိုက်လေ ၊ ငါတို့တွေဆိုရင်
ငါတို့မိသားစုထဲက ကလေးတွေကို ကျေးလက်ဒေသကို မသွားရဖို့အတွက် ဘယ်လောက်တောင်
ဆုတောင်းနေကြရသလဲ၊ ဒါပေမယ့် သူတို့မိသားစုက လင်းရန်ကတော့ ကျေးလက်ဒေသကိုသွားဖို့
ကိုယ်တိုင် လျှောက်လွှာသွားတင်လိုက်လိမ့်မယ်လို့ ငါမမျှော်လင့်ထားဘူး”
“နင်က
အဓိပ္ပါယ်မရှိတာတွေကို ပြောနေတာ မဟုတ်ဘူးလား၊ အင်ဂျင်နီယာစုန့်က
ဘယ်လိုလူမျိုးလဲဆိုတာ မသိဘူးလား၊
သူက
ငါတို့လမ်းမှာ အယူဝါဒဆိုင်ရာ တက်ကြွလှုပ်ရှားသူတစ်ယောက်အဖြစ် လူသိများတဲ့လူပဲ၊
နှစ်တိုင်းလည်း အဆင့်မြင့်မြင့်မှာ သတ်မှတ်ခံရတယ်၊
သူ့ရဲ့စံနမူနာအရဆိုရင်
သူ့မိသားစုထဲက လူတွေက ဘယ်လိုလုပ်ပြီး ဆိုးဆိုးရွားရွား ဖြစ်နေနိုင်မှာလဲ၊
အဖွဲ့အစည်းကိုလိုက်နာပြီး သေချာပေါက် သွားနိုင်တာပေါ့”
“ဟုတ်ပါတယ်၊ နင်
အစ်မဝမ်ပြောသွားတာကို နားမထောင်လိုက်ဘူးလား၊ လင်းရန် ဒီတစ်ခေါက်
ကျေးလက်ဒေသကိုသွားရတဲ့ အကြောင်းရင်းက အင်ဂျင်နီယာစုန့်ရဲ့ လွှမ်းမိုးမှုကြောင့်ပဲ၊
သူမက
အင်ဂျင်နီယာစုန့်လိုမျိုး လူ့အဖွဲ့အစည်းကို အကျိုးပြုတဲ့သူတစ်ယောက်ဖြစ်ချင်နေတာလေ၊
ဒီကလေးက အင်ဂျင်နီယာစုန့်ရဲ့ အချစ်ဆုံးသမီးဆိုမှတော့ ဒီလိုအသိစိတ်ရှိနေတာ
ပုံမှန်ပဲ!”
“ဒီမိသားစုကိုတော့
တကယ်လေးစားတယ်”
“...”
စုန့်ဝေ့၏
ခြေလှမ်းများက မြန်ဆန်သော်လည်း သူ့၏နောက်ဘက်မှ ကျယ်လောင်သည့် စကားလုံးများကတော့
သူ့နားထဲသို့ ဝင်ရောက်လာနေဆဲပင်။
ထိုလူအုပ်စု၏
စကားကိုကြားပြီးနောက် စုန့်ဝေ့မှာ ရုတ်တရက် ရပ်တန့်သွားရကာ မျက်လုံးများပင်
ပြူးကျယ်သွားခဲ့ချေသည်။
ထို့နောက်
အနောက်ဘက်သို့ လှည့်ကြည့်ကာ မယုံကြည်နိုင်စွာဖြင့် ထိုအန်တီအုပ်စုကို
လှမ်းမေးခဲ့သည်။
“ခုနက
ဘာပြောလိုက်တာလဲ၊ လင်းရန် ကျေးလက်ဒေသဘက်ကို သွားမှာကို လူတိုင်း သိနေကြပြီလား”
စုန့်ဝေ့မှ
အလွန်အံ့သြနေသည်ကို မြင်တွေ့လိုက်ရချိန်တွင် အန်တီကြီးများအုပ်စုမှ လူတိုင်းမှာ
တစ်ဖက်လူက ထိုအကြောင်းကို တခြားလူများဆီသို့ မပြောပြချင်ခဲ့ဘဲ ခပ်လျိုလျိုသာ
နေချင်ခြင်း ဖြစ်လိမ့်မည်ဟု တွေးတောလိုက်ကြချေသည်!
သို့နှင့် သူ့ကို
အပြုံးတစ်ခုနှင့် ကြည့်ကာ လျှင်မြန်စွာ စနောက်ခဲ့ကြချေသည်။
“အိုး
မစ္စတာစုန့်၊ ဒီကိစ္စက ငါတို့ မပြောနဲ့၊ ဒီစက်မှုမိသားစုဧရိယာတစ်ခုလုံးနှင့်
လမ်းတစ်လျှောက်လုံးက လူတွေတောင် သိနေကြလောက်ပြီ”
“ဒါက
ဂုဏ်ယူစရာကိစ္စပဲလေ၊ ဘာလို့ ဒီကိစ္စကို ဖုံးကွယ်ထားချင်ရတာလဲ၊ ငါတို့သာ
အဲဒီလိုမျိုး ဂုဏ်ပြုလက်မှတ်ကို ရထားမယ်ဆိုရင် နေ့တိုင်း ထုတ်ပြပြီး
လူတိုင်းကြီးကို လိုက်ကြွားဖို့ စိတ်အားထက်သန်နေမှာ သေချာတယ်”
“ဟုတ်ပါ့၊
ဟုတ်ပါ့၊ မနက်ဖြန်ကျရင် မင်းအိမ်ကို လာပြီး ဂုဏ်ပြုလက်မှတ်က ဘယ်လိုပုံစံရှိလဲဆိုတာ
ကြည့်လို့ရမလား၊ ကျေးလက်ဒေသကိုသွားတဲ့သူတွေအတွက် ခရိုင်ရုံးကနေ
တက်ကြွလှုပ်ရှားသူအဖြစ် ဆုလက်မှတ် ထုတ်ပေးတာကို ဒါပထမဆုံးအကြိမ် မြင်ဖူးတာဘဲ!”
လူတိုင်း၏စကားများကိုကြားပြီးနောက်
စုန့်ဝေ့မှာ မူးလဲလုနီးပါးဖြစ်လာရကာ သူ့ရဲ့မျက်လုံးများ မှာလည်း
အမှောင်ဖုံးသွားရချေသည်။
ယခုအချိန်တွင်၊
သူ့စိတ်ထဲ၌ ထပ်ခါထပ်ခါ ထွက်ပေါ်နေခဲ့သော စကားတစ်ခွန်းသာ ရှိနေတော့သည်။ ထိုစကားမှာ
:
စက်မှုမိသားစုအိမ်ရာတစ်ခုလုံးနဲ့
လမ်းတစ်ခုလုံးက ဒီအကြောင်းကို သိသွားခဲ့ကြပြီ!
သူတို့အားလုံးသိသွားပြီဆိုမှတော့
ဒါရိုက်တာရှုရဲ့မိသားစုကလည်း ဒီအကြောင်းကိုသိသွားပြီလို့ ဆိုလိုတာမလား!
ပြီးသွားပြီ!
အခုတော့ လုံးဝကို ပြီးသွားပြီပဲ!
လူတိုင်းမှ
စုန့်ဝေ့မှ ဂုဏ်ပြုလက်မှတ်ကို လာကြည့်ခွင့်ပေးမှာဖြစ်ကြောင်း သဘောတူလာမည်ကို
စောင့်နေကြဆဲဖြစ်သည်။
သို့ရာတွင်
မမျှော်လင့်ဘဲ သုန့်ဝေ့၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်ကို တွေ့လိုက်ရပြီး
ထိတ်လန့်တကြားဖြင့် အိမ်သို့ပြန်သွားခဲ့သည်ကို မြင်တွေ့လိုက်ရချေသည်။
သူ ထွက်သွားသည့်
အရှိန်မှာ အလွန်လျှင်မြန်လွန်းသောကြောင့် မသိတဲ့လူများသာဆိုလျှင် သူ့၏အိမ်တွင်
ကိစ္စကြီး တစ်ခုခု ဖြစ်သွားပြီဟုပင် ထင်သွားကြလိမ့်မည်။
“ဘာဖြစ်သွားတာလဲ?”
ကျန်ရစ်သည့်
လူအုပ်စုမှာ ပဟေဠိဖြစ်သွားခဲ့ကြရသည်။
သို့သော်လည်း
စုန့်ဝေ့ထံတွင် သူတို့၏မေးခွန်းများကို ဖြေဖို့အတွက် စိတ်အခြေအနေမရှိပါချေ။
ဤအခိုက်အတန့်တွင် သူ့စိတ်ထဲတွင် အတွေးတစ်ခုသာရှိခဲ့ပြီး ၎င်းမှာ ရှုမိသားစုအား
တောင်းပန်ရန်အတွက် လင်းရန်ကို ရှုမိသားစုအိမ်သို့ ခေါ်သွားရန်သာဖြစ်ပေ၏။
ဤအခြေအနေတွင်
သူ့အနေဖြင့် ရှုမိသားစုအား မည်ကဲ့သို့ စိတ်တည်ငြိမ်အောင်လုပ်သင့်သည်ဟူသော
ကိစ္စအပေါ် စဉ်းစားရန် အချိန်မရှိတော့ပေ။ သူ ရှုမိသားစုအား တောင်းပန်ရန်
လိုအပ်နေပြီဖြစ်ကာ ရှုမိသားစုထံမှ ခွင့်လွှတ်မှုကို ရရှိရန် ကြိုးစားသင့်နေပြီ။
စုန့်ဝေ့
အိမ်သို့ အမြန်ပြန်လာခဲ့ပြီးနောက် လင်းရန်၏ နာမည်ကို ကျယ်လောင်စွာ
အော်ခေါ်လိုက်ပြီး သူ့၏လေသံတွင် အလျှင်လိုမှု ၊အရေးတကြီးဖြစ်မှုတို့နှင့်အတူ
ဒေါသအရိပ်အယောင်များပင် ရှိနေခဲ့သည်။
မတိုင်ခင်ကမှ
နေ့လည်စာ ချက်ပြုတ်ပြီးသော လီရှို့လီမှာ သူကိုမြင်သည်နှင့် သူမ၏ခင်ပွန်းသည်မှာ
မနက်က အဖြစ်အပျက်ကြောင့် ဒေါသဖြစ်နေခြင်းဖြစ်မည်ဟု တွေးတောခဲ့ပြီး သူမ၏
နှုတ်ခမ်းကို ကွေးညွတ်ကာ အေးစက်စွာ ရယ်မောလိုက်သည်။
“အော်မခေါ်နေနဲ့တော့၊
အဲဒီကောင်မလေး အိမ်ကထွက်သွားတာ ကြာပြီ၊ ဘယ်နေရာကို သွားသွားမှန်း မသိဘူး”
လီရှို့လီအနေဖြင့်
လင်းရန်မှာ စုန့်ဝေ့ မွန်းတည့်ချိန်ပြန်ရောက်လာလျှင် သူမအား ပြစ်တင်ဝေဖန်မည်ကို
သိနေသောကြောင့် ရှောင်ထွက်သွားခဲ့ခြင်းဖြစ်မည်ဟု ခန့်မှန်းခဲ့သည်။
ဒီသောက်ကောင်မလေးက
ဒီလိုအချိန်မျိုးမှာတော့ လိမ္မာပါးနပ်မှုတွေရှိနေတယ်!
စုန်းဝေ့မှာ
ထိုစကားကိုကြားသည်တွင် ဒေါသအလွန်ထွက်ကာ အံသွားများ ကျိုးကြေလုမတတ် ကြိတ်ချေလိုက်ကာ
ဟိန်းဟောက်အော်ဟစ်ခြင်း မပြုဘဲ မနေနိုင်တော့ပေ။
“သူက
ထွက်သွားတာလား! ဒီလိုအခြေအနေမျိုးမှာ သူက ဘယ်လိုလုပ်ပြီး ထွက်သွားရဲရတာလဲ ! ဘာလို့
ထွက်သွားခိုင်းလိုက်ရတာလဲ!”
စုန့်ဝေ့
အလွန်အမင်းဒေါသထွက်နေသည်ကိုမြင်တော့ လီရှို့လီပင် ထိတ်လန့်သွားခဲ့သည်။
“ဘာ..
ဘာဖြစ်လို့လဲ ၊ ကျွန်မလည်း သူမ ထွက်သွားတာကို မသိလိုက်ဘူး..”
လီရှို့လီမှာ
အသံတိုးတိုးဖြင့် မိမိကိုယ်ကို ခုခံကာကွယ်ရုံမှတစ်ပါး မတတ်နိုင်ခဲ့ချေ။
သူမ၏
စကားမဆုံးခင် စုန့်ဝေ့က ထပ်မံ အော်ဟစ်လာသည်။
“တိတ်စမ်း! အခု
ငါ့အတွက် သူမကိုချက်ချင်းသွားရှာလိုက်! ချက်ချင်းရှာပြီး ပြန်ခေါ်လာခဲ့!”
လီရှို့လီမှာ
ကိစ္စ၏ လေးနက်မှုကို သဘောပေါက်သွားခဲ့ပြီး နောက်ထပ် မနှောင့်နှေးရဲတော့ပေ။ သူမက
လက်ထဲမှ ပစ္စည်းများကို အမြန် ပြန်ချလိုက်ပြီး စုန့်ဝေ့၏စကားအတိုင်း သမီးဖြစ်သူကို
ရှာဖို့ ထွက်လာခဲ့သည်။
သူမက
လမ်းတလျှောက်လုံး လင်းရန်ကို လိုက်ရှာနေစဉ် လင်းရန်ကတော့
စာအုပ်ဆိုင်ထဲတွင်ရှိနေလဲ့ကာ စာအုပ်များကို အေးအေးဆေးဆေး
လိုက်လံဖတ်ရှုကြည့်နေခဲ့သည်။
သူမ ကိုယ်တိုင်က
စာဖတ်ရခြင်းကို သိပ်ပြီး စိတ်မဝင်စားလှသော်လည်း သူမ၏ ထင်မြင်ချက်အရ
သူမ၏အဖေအရင်းမှာ စာဖတ်ရခြင်းကို အတော်လေးစိတ်ဝင်စားပုံရသည်။ သူမ၏
မှတ်ဥာဏ်များထဲတွင် စာအုပ်တစ်အုပ်ကိုကိုင်ဆောင်ထားသည့် သူ၏ပုံရိပ်များ
အများကြီးပါရှိသည်။
သူက
စာအုပ်ကိုကိုင်ရင်း သမီးဖြစ်သူလည်းကို စာသင်ပေခဲ့သေးသည်ပင်။
ချွန်းဖန်း
တပ်မဟာကဲ့သို့ ဝေးလံခေါင်သီသော တောင်တန်းဒေသတွင် စာဖတ်ခြင်းဖြင့်
အသက်မွေးဝမ်းကြောင်းပြုလုပ်ရန်မှာမှာ လက်တွေ့မကျသော်လည်း အဖေလင်း၏ ဘီဒိုထဲတွင်
စာအုပ်အများအပြားရှိနေဆဲဖြစ်သည်။
အဖေလင်းမှာ
လယ်ယာလုပ်ငန်းခွင်တွင် ထူးချွန်သူဖြစ်သော်လည်း ယဉ်ကျေးသိမ်မွေ့သည့် လူတစ်ဦးအဖြစ်
ရှိနေဆဲဖြစ်ကြောင်း ဤသည်မှမြင်နိုင်ပေသည်။
ကံမကောင်းစွာနှင့်၊
သူ ဖတ်ချင်သည့် စာအုပ်အမျိုးအစားများကို သူမ သေသေချာချာမသိသောကြောင့်
နောက်ဆုံးတွင် တုံ့ဆိုင်းနေခဲ့ရပြီး စိုက်ပျိုးခြင်းနှင့်
မွေးမြူခြင်းဆိုင်ရာကဲ့သို့ လက်တွေ့ကျသည့် စာအုပ်တချို့ကိုသာ ရွေးချယ်ခဲ့သည်။
ကောင်းပြီ။
ကျေးလက်ဒေသမှာ၊ ဒီလိုစာအုပ်မျိုးက တကယ့်ကိုလက်တွေ့ကျတာ အမှန်ပဲလေ။
ယခုအချိန်တွင်
အဖေလင်းအတွက် လက်ဆောင်များဝယ်ယူထားပြီဟုသတ်မှတ်နိုင်သော်လည်း လင်းရန်အနေဖြင့်
တခြားမိသားစုဝင်များကိုလည်း လက်ဗလာဖြင့် သွားတွေ့ရန် စီစဉ်ထားခြင်းမရှိပေ။
သို့သော်လည်း
သူမအနေဖြင့် အဖေလင်းမှလွဲ၍ တခြားမည်သူ့ကိုမျှ မမှတ်မိတော့ပေ။
နှစ်ပေါင်းများစွာကြာပြီးနောက် လင်းမိသားစုတွင် နောက်ထပ် မိသားစုဝင်အသစ်များ
မည်မျှရှိနေလောက်ပြီကိုလည်း မသေချာသောကြောင့် သူမအနေဖြင့် ယမန်နေ့က ကုန်တိုက်တွင်
သိမ်းဆည်းခဲ့သော ပစ္စည်းတချို့ကို ယူသွားရန်သာ ဆုံးဖြတ်ခဲ့သည်။
ဤနေရာမှထွက်လာပြီးနောက်
သူမှနှင့်အတူ ပါလာသည့်အစားအသောက်များကို သုံးစွဲရလိမ့်မည်။ ဤသည်က
လက်ဆောင်ပေးရန်အတွက် အလုံခြုံဆုံး အရာများဖြစ်ပေသည်။
သူမ
ကောင်းစွာစီစဉ်ထားခဲ့သော်လည်း လင်းမိသားစုနဲ့ တွေ့ဆုံဖို့ရန်အတွက်
စဉ်းစားသည့်အချိန်တွင်တော့ အနည်းငယ်ခန့် စိတ်မချနိုင်သကဲ့သို့ ခံစားခဲ့ရသည်။
ထိုအချိန်ကိုရောက်လျှင်
လင်းမိသားစုရဲ့ သူမအပေါ် သဘောထားက မည်သို့အခြေအနေမျိုးရှိနေလောက်မည်လဲဆိုသည်ကို
သူမ မသိနိုင်ပါချေ။
သေချာပေါက်
အရေးကြီးဆုံးက အဖေလင်းရဲ့ သူမအပေါ်ထားတဲ့ သဘောထားသာဖြစ်လိမ့်မည်။
အဆုံး၌ အဖေလင်း၏
သဘောထားက ကျန်ရှိနေသည့်လင်းမိသားစု၏သဘောထားကို အတိုင်းအတာတစ်ခုအထိ
ကိုယ်စားပြုနိုင်လိမ့်မည်။
အဖေလင်းသာ
အတိတ်မှ နာကျည်းမှုများကို လျစ်လျူရှုပြီး သူမကို သူ့သမီးအဖြစ်
မှတ်ယူနေဦးမည်ဆိုပါက လင်းမိသားစုမှ သူမကို မကျေမနပ်ဖြစ်နေလျှင်တောင်
အဖေလင်းကြောင့် သူမကို ပစ်မှတ်ထားမှာ မဟုတ်လောက်ပေ။
ထို့ကြောင့်
သူမနှင့် မတွေ့ဆုံရသေးသော အဖေလင်းမှ လီရှို့လီ၏အပြစ်ကို “လင်းရန်” အပေါ်တွင် ပုံမချဖို့သာ
ဆုတောင်းရတော့မည်။
အဆုံးတွင် “လင်းရန်”မှာ ထိုအချိန်တုန်းက
ကလေးတစ်ယောက် ရှိသေးသည် မဟုတ်ပါလား။
...