(23)
ဒါရိုက်တာရှု၏
စကားများကိုကြားချိန်တွင် စုန့်ဝေ့၏နှလုံးသားက ရုတ်တရက် ရပ်တန့်သွားရသည်။
“ဘာလဲ?!”
စုန့်ဝေ့မှာ
ထိုလေသံက အလွန်အမင်း အံ့အားထိတ်လန့်နေခဲ့ရသည့် သူကိုယ်တိုင်ဆီမှထွက်လာသည်ဟု
ထင်ခဲ့သော်လည်း တစ်စုံတစ်ခု မှားယွင်းနေကြောင်း သဘောပေါက်သွားခဲ့ရသည်။
၎င်းမှာ
ဒါရိုက်တာရှု၏ဘေးနားတွင်ရှိနေသည့် လင်းရန်ဆီမှ ထွက်လာခြင်းသာ ဖြစ်နေခဲ့သည်။
လင်းရန်၏
မျက်လုံးများက ပြူးကျယ်စွာဖြင့် စုန့်ဝေ့ဆီကို မယုံကြည်နိုင်စွာ စိုက်ကြည့်ရင်း
မုန်တိုင်းများ ပြင်းထန်နေခဲ့သည့် နှလုံးသားထဲမှ အော်ဟစ်လာသည့်အလား
အော်ဟစ်လာခဲ့ပြီး သူမ၏ မျက်နှာသည်ကတော့ သနားစရာကောင်းလွန်းသည့်
လှည့်စားခံလိုက်ရသူလေးတစ်ဦးကဲ့သို့ဟန်ဆောင်ကာ သူမ၏ခေါင်းကို
ခါရမ်းလျှက်ငိုကြွေးလာတော့သည်။
“ကြင်ဖက်တွေ့တာ...အန်ကယ်စုန့်၊
ဒါဆို အန်ကယ်က မနေ့ညက ကျွန်မကို ခေါ်သွားတာ အစ်ကိုရှုနှင့်
ကြင်ဖက်တွေ့ဖို့အတွက်ဆိုတဲ့ ရည်ရွယ်ချက်နှင့် ခေါ်သွားခဲ့တာပဲ!
ကျွန်မက အန်ကယ်
ကျွန်မကို တကယ်ဂရုစိုက်လို့ ဈေးဝယ်ထွက်ဖို့ ခေါ်သွားချင်ခဲ့တယ်လို့ ထင်နေခဲ့တာ၊
ဒါပေမယ့် ကျွန်မ မမျှော်လင့်ထားခဲ့ဘူး... ဝူး ဝူး ဝူး..
အန်ကယ်က ကျွန်မ
မကြိုက်တဲ့သူတစ်ယောက်နဲ့ ကြင်ဖက်တွေ့ဖို့အတွက် လှည့်စားချင်နေတာပဲ... ကျွန်မ
အန်ကယ်စုန့်ကို ဘယ်တော့မှ မယုံတော့ဘူး!”
လင်းရန်၏စကားကို
ကြားလိုက်ရချိန်တွင် စုန့်ဝေ့မှာ ချက်ချင်းပင် မင်သက်ကြောင်အမ်းသွားခဲ့ရတော့သည်။
အဆုံးတွင်
တိုးတက်မှုအခြေအနေက ဤကဲ့သို့ ဖြစ်လာလိမ့်ခဲ့မည်ဟု သူ မည်သည့်အချိန်ကမှ
မမျှော်လင့်ထားမိခဲ့ပါချေ။
သူ့အနေဖြင့်
လင်းရန်ကို လိမ်ညာချင်နေခဲ့ပြီး ယမန်နေ့က တွေ့ဆုံမှုမှာ
ကြင်ဖက်တွေ့ဆုံခြင်းမဟုတ်ကြောင်း ရှင်းပြချင်သော်လည်း သူ၏ မျက်လုံးထောင့်မှ
ဒါရိုက်တာရှု၏ လှောင်ပြောင်သရော်ဟန်အမူအရာကို သတိပြုမိခဲ့ပြီး သူ့၏လည်ချောင်းက
ပိတ်ဆို့သွားခဲ့ရကာ မည်သည့်စကားကိုမှ မပြောရဲတော့ပါချေ။
တစ်ဖက်မှာ
သူ့သမီးရဲ့ အနာဂတ်တိုးတက်ရေးအတွက် တက်နင်းသွားစရာ ကျောက်တုံးတစ်ခုဖြစ်နေခဲ့ပြီး
နောက်တစ်ဖက်မှာ သူ၏လုပ်ဖော်ကိုင်ဖက်နဲ့ စက်ရုံ၏ခေါင်းဆောင်တစ်ဦးဖြစ်နေချေသည်။
သူ တစ်ဖက်ကို
လက်လွှတ်မခံချင်သလို ၊ တစ်ဖက်ကိုလည်း မစော်ကားရဲပါချေ။
သို့နှင့်
စုန့်ဝေ့မှာ သူ၏ ဦးနှောက်ကို အရူးအမူးလှည့်ပတ်ကာ နှစ်ဦးနှစ်ဖက်လုံးကို
ခဏမျှနှစ်သိမ့်ပေးနိုင်မည့် နည်းလမ်းကို ရှာကြံချင်ခဲ့သော်လည်း လင်းရန်က သူ့အား
ထိုကဲ့သို့ အခွင့်အရေးပေးမည်တဲ့လား။
သူမက
ငိုကြွေးပြီး ဆက်မေးလာခဲ့သည်။
“အန်ကယ်စုန့်၊
အန်ကယ် ကျွန်မကို ဘာလို့ဒီလိုမျိုးဆက်ဆံရတာလဲ၊ အန်ကယ် ကျွန်မကို
အရင်တုန်းပေးခဲ့တဲ့ကြင်နာမှုတွေက အတုအယောင်တွေဖြစ်နေတာလား?
ကျွန်မက
အန်ကယ်စုန့်ရဲ့သမီးအရင်းမဟုတ်ဘူးဆိုရင်တောင် လက်ထပ်ပွဲကိုတော့ ဒီလိုမျိုး
အတင်းအကြပ်စီစဥ်လို့မရဘူးလေ! အန်ကယ် ကျွန်မကိုတော့ ပြောသင့်တာပေါ့!”
“ ဝူး ဝူးး....
အစ်မစစ်ယွီက သေချာပေါက် ကျွန်မထက် အသက်ကြီးတာ ထင်ရှားနေတာကို၊ အန်ကယ်က သူ့ကို
အပြင်ကို လွှတ်ဖို့တောင် မလုပ်နိုင်ခဲ့ဘူး၊
ဒါပေမယ့်
ကျွန်မကိုတော့ အိမ်ထဲက ပစ်ထုတ်ပစ်ဖို့ တွေးတောနေခဲ့တယ်! သေချာတာပဲ..
သွေးသားမတော်စပ်ရင် သမီးအရင်းတစ်ယောက်လို ဘယ်လိုလုပ် ဆက်ဆံခံရမှာလဲ!”
ထိုစကားထွက်လာသည်နှင့်
တပြိုင်နက် စုန့်ဝေ့၏ အမူအရာက လုံးလုံးလျားလျား ပြောင်းလဲသွားခဲ့တော့သည်။
သူက
ထိတ်လန့်တကြားနဲ့ ပြန်ပြောခဲ့လေ၏။
“ရန်ရန်၊
မင်းဘာတွေပြောနေတာလဲ၊ ကါက ဘယ်လိုလုပ်ပြီး အဲလိုတွေးရမှာလဲ.. ငါ မင်းကို
ငါ့ရဲ့သမီးအရင်းလို့ အမြဲမှတ်ထားတာလေ!”
“ဒါဆို ကျွန်မကို
ပြောလေ? အန်ကယ်က ဘာလို့ ကျွန်မကို ကြင်ဖက်တွေ့ဆုံမဲ့အကြောင်းကို ကြိုပြီး
မပြောခဲ့ရတာလဲ! ဘာလို့ လှည့်ကွက်တွေ သုံးခဲ့ရတာလဲ”
သူဘယ်ပြောရမှာလဲ။
သူ့အနေနဲ့
ဒီမယားပါသမီးကို ရှု မိသားစုထဲသို့ လက်ထပ်ရန် လိမ်လည်လှည့်ဖြားပြီး
သူ့ရဲ့သမီးအရင်းစုန့်စစ်ယွီအတွက် လမ်းကြိုခင်းရန် ခမည်းခမက်
ဆက်ဆံရေးကိုသုံးချင်နေတာလို့ ပြောနိုင်ပါ့မလား?
အိုး၊ ဒါဆို
စုန့်စစ်ယွီကို ဒီလက်ထပ်ဖို့အခွင့်အရေးကို ဘာကြောင့်မပေးတာလဲဆိုတဲ့ အဖြေအတွက်ကရော?
သေချာတာပေါ့။ သူက
ဒီရှုမိသားစုလောက်ကို သူ့သမီးနဲ့ထိုက်တန်တယ်လို့ လုံးဝမခံစားခဲ့ရလို့ပဲလေ။
သို့ရာတွင်
ဤအကြောင်းများကို စုန့်ဝေ့မပြောနိုင်ပါချေ။
သို့သော်လည်း
ဤအချိန်တွင် ဒါရိုက်တာရှုကလည်း လှောင်ပြောင်သရော်၍ ပြောလာခဲ့သည်။
“စုန့်ဝေ့
ငါမေးတာကို ဖြေစမ်းပါ!”
လင်းရန်သည်လည်း
အခြေအနေက လွန်လွန်ကျူးကျူးမဖြစ်လာမည်ကို စိုးရိမ်နေသေးသည့်အလား အော်ဟစ်လာသည်။
“အန်ကယ်စုန့်
ဖြေပေးပါ!”
စုန့်ဝေ့: “.......”
သူ၏နားထဲတွင်
သံပြိုင်အော်ဟစ်နေသကဲ့သို့ အမေးစကားနှစ်ခု၏ အသံများကို နားထောင်နေရင်း
စုန့်ဝေ့၏ အမြင်အာရုံက မှောင်မိုက်သွားပြီး ရိုးရှင်းစွာ မူးလဲသွားတော့သည်။
“လောင်စုန့်!
လောင်စုန့်!”
လီရှို့လီတစ်ယောက်
ဤမြင်ကွင်းကြောင့် အလွန်ထိတ်လန့်သွားခဲ့ပြီး သရုပ်ဆောင်မှုများထဲတွင်
နှစ်မြှုပ်နေဆဲဖြစ်သော လင်းရန်ဆီကို လျှင်မြန်စွာ အော်ပြောခဲ့သည်။
“မင်း အဲဒီမှာ
တုံးအအ ရပ်ပြီး ဘာလုပ်နေတာလဲ! ငါ့ကို အမြန်လာကူညီစမ်း!”
ဒါရိုက်တာရှုနှင့်
အမေရှုတို့နှစ်ယောက်လုံး စုန့်ဝေ့ သတိလစ်သွားသည်ကိုမြင်သော် နှစ်ယောက်လုံး
မျက်မှောင်ကြုတ်သွားခဲ့ကြသည်။ သူတို့၏ နှလုံးသားထဲတွင် ကိစ္စများ၀ွာကို
တွေးတောလျှက် အနည်းငယ် စိတ်ရှုပ်ထွေးနေခဲ့ကြသည်။
ဒီလူက တကယ်ပဲ
မေ့လဲသွားနိုင်ပါ့မလား?
သို့သော်လည်း
မတိုင်ခင်က စုန့်ဝေ့ လဲကျသွားစဥ် ကြားလိုက်ရသည့် “ဘုန်း”ခနဲ အသံကို
ပြန်တွေးလိုက်ကာ သူ မူးလဲသွားသကဲ့သို့ ဟန်ဆောင်လျှင်တောင် မြေကြီးနဲ့ ထိမိသွားသည့်
အရှိန်ကြောင့် လုံလောက်သွားပြီဟု ထင်ရသည် ။
ထို့ကြောင့်
အဆုံးတွင် ဒါရိုက်တာ ရှာက မည်သည့်စကားမျှ ထပ်မပြောတော့ဘဲ လီရှို့လီမှ
စုန့်ဝေ့ကိုတွဲကာ ထွက်သွားရန်အတွက် ခက်ခက်ခဲခဲကူညီပေးနေသည်ကိုသာ
ကြည့်ရှုနေခဲ့တော့သည်။
အဘယ်ကြောင့်ခက်ခဲသည်လဲဆိုသည့်အတွက်ကတော့
လင်းရန်က လုံးဝ အားစိုက်ထုတ်မှု မရှိ၍ပင် ဖြစ်ချေသည်။
စုန့်ဝေ့မှ
အမှန်တကယ်ကို မူးလဲသွားသည်ဖြစ်စေ မူးလဲဟန်ဆောင်သည်ဖြစ်စေ သူမကတော့
ကူလီတစ်ယောက် မဖြစ်ချင်သောကြောင့် သူမ၏လက်ကို စုန့်ဝေ့ ၏လက်မောင်းပေါ်တွင်တင်ကာ
စုန့်ဝေ့၏ ကိုယ်အလေးချိန်အားလုံးကိုတော့ လီရှို့လီ
ခန္ဓာကိုယ်ပေါ်တင်ပေးထားလိုက်သည်။
အဆုံးတွင်
လီရှို့လီမှာ ထိတ်လန့်မှုထဲတွင် နစ်မျောနေဆဲဖြစ်ပြီး လင်းရန်၏လှုပ်ရှားမှုကို
သတိမထားမိခဲ့ဘဲ စုန့်ဝေ့အား အိမ်သို့ပြန်ခေါ်သွားနိုင်ရန် သူမ၏ ပိန်ပိန်ပါးပါး
ခန္ဓာကိုယ်ကိုသာ အားကိုးအားထားပြုခဲ့ရတော့သည်။
လင်းရန်ကတော့
သူမအပေါ် ချီးကျူးချင်သွားခဲ့ရသည်။
သူတို့ အိမ်သို့
ပြန်ရောက်ပြီးနောက် လီရှို့လီက စုန့်ဝေ့ကို ဆိုဖာပေါ်တွင် ဂရုတစိုက်
ချပေးလိုက်ပြီး လင်းရန်အား ဆရာဝန်ခေါ်ရန် ခိုင်းစေဖို့ တွေးခဲ့သည်။
သို့သော် သူမ
မပြောနိုင်သေးခင် စုန့်စစ်ယွီမှ အောက်ထပ်လှုပ်ရှားမှုများကိုကြားပြီး
အောက်ထပ်သို့ ဆင်းလာခဲ့လေ၏။
အောက်ထပ်မှ
ထိုမြင်ကွင်းကို မြင်လိုက်ရချိန်တွင် စုန့်စစ်ယွီ၏ နှလုံးသားများက
တင်းကြပ်သွားရတော့သည်။
“ကျွန်မအဖေ
ဘာဖြစ်တာလဲ!”
လင်းရန်မှာ
ဘေးနားတွင် ထိုင်ကာ တရှုံ့ရှုံ့နှင့်သာ ရှိုက်ငိုနေခဲ့ပြီး သူမ၏မေးခွန်းအား
ပြန်မဖြေခဲ့ချေ။
လီရှို့လီက
စုန့်စစ်ယွီ၏ ကဲ့ရဲ့ရှုတ်ချသောအကြည့်ကို ရင်ဆိုင်လျှက် အားနည်းစွာ ပြန်ဖြေခဲ့သည်။
“သူ
စိုးရိမ်စိတ်ကြောင့် မူးလဲသွားတာ”
“ မူးမေ့လဲသွားတဲ့
လူကို အိမ်ကိုပြန်ခေါ်လာတာလား?! ရှင်တို့တွေ ကျွန်မအဖေ့ကို ဆေးရုံကို
ဘယ်လိုပို့ရမလဲဆိုတာမသိဘူးလား!”
စုန့်စစ်ယွီ၏
မျက်လုံးများက ပြူးကျယ်လာခဲ့ပြီး လီရှို့လီကို တိုက်ရိုက်ပင်
အော်ငေါက်လိုက်တော့သည် ။
လီရှို့လီက
သူမရဲ့အဖေအပေါ် မရိုးသားကြောင်းကို သူမ သိနေခဲ့သားပဲ!
လီရှို့လီ
ရှင်းပြခါနီးတွင် စုန့်စစ်ယွီက သူမကို အဝေးသို့တွန်းထုတ်လိုက်လေ၏။
သူမက စုန့်ဝေ့ကို
ဆွဲထူပြီး ဆေးရုံပို့ဖို့ ကူညီပေးတော့မည့်အချိန်တွင် သတိလစ်နေသည့်
စုန့်ဝေ့မှာ ရုတ်တရက် မျက်လုံးတွေကို ဖြည်းညင်းစွာ ဖွင့်လာခဲ့ချေသည်။
သူက သူ့ရှေ့မှ
သမီးဖြစ်သူ စုန့်စစ်ယွီကို တစ်ချက်ကြည့်လိုက်ပြီး သူ့သမီးလေး၏
စိုးရိမ်ကြောင့်ကြမှုကြောင့်နှလုံးသားကို ထိမိနေသွားခဲ့သော်လည်း သူ့မျက်နှာကတော့
အားနည်းပြီး ရှုပ်ထွေးမှုများကို ဖော်ဆောင်ထားဆဲပင်။
“ဘာလို့ ဒီကို
ရောက်နေတာလဲ၊ ငါ အခုလေးတင် ...”
လီရှို့လီက သူ
နိုးလာသည်ကိုမြင်သော့ သူမ၏အဓိကကျောရိုးထောက်တိုင်ကို
ချက်ချင်းမြင်တွေ့သွားခဲ့ပုံရပြီး ငိုကြွေးလာတော့သည်။
“လောင်စုန့်၊
အခုလေးတင် ကျွန်မ ဘယ်လောက်ထိကြောက်သွားရလဲဆိုတာ ရှင် သိမှာမဟုတ်ဘူး၊ ရှင်က
စကားပြောနေရင်းနှင့် မူးလဲသွားတာ! ကျွန်မဖြင့် သေလောက်အောင် ကြောက်သွားတာပဲ၊
ရှင်သာ တစ်ခုခုဖြစ်သွားရင် ကျွန်မဘယ်လိုလုပ်မလဲ”
စုန့်ဝေ့မှာ
ယခုအချိန်တွင် လီရှို့လီ၏ စကားများကို နားထောင်ရန် စိတ်မ၀င်စားနိုင်ပေ။
သူ၏အကြည့်များက
ဆိုဖာတစ်ဖက်တွင်ရှိနေသာ လင်းရန်ထံတွင် ခဏတာမျှ ရပ်တန့်သွားခဲ့ပြီး ထိုကောင်မလေးက
ရိုးသားစွာ ပြန်လိုက်လာသည်ကို မြင်လိုက်ရသောကြောင်း စိတ်သက်သာရာရစွာ
သက်ပြင်းတစ်ချက်ချလိုက်မိသည်။
အကယ်၍
ဒါရိုက်တာရှုနဲ့သာ အတူဆက်ရှိနေခဲ့မည်ဆိုပါက သူအနေဖြင့် ဒါရိုက်တာရှုကိုလည်း
မျက်နှာချင်းဆိုင်နေရဦးမှာဖြစ်ပြီး လင်းရန်ကိုလည်း ရှင်းပြဖို့ရန်
နည်းလမ်းရှာနေရလိမ့်မည်။
သူ့အနေဖြင့်
လူနှစ်ယောက်ကို တစ်ပြိုင်နက်တည်း မကိုင်တွယ်နိုင်ပေ။
ထို့ကြောင့်
သူ့ထံတွင် အကြံတစ်ခုရလာခဲ့ပြီး မူးလဲသွားသကဲ့သို့ဟန်ဆောင်ခဲ့သည်။
ဒါရိုက်တာရှု၏
နားလည်သိရှိမှုကြောင့် သူ မူးလဲဟန်ဆောင်နေခြင်း ဖြစ်ကြောင်းကို သိနိုင်သော်လည်း
ယနေ့ကိစ္စများအပြီးတွင် ဒါရိုက်တာရှု၏ သူ့အပေါ်ထားသည့် သဘောထားကြောင့်
သူတို့နှစ်ဦးက အနာဂတ်တွင် ဆွေမျိုးများ ဖြစ်လာနိုင်ဖို့ရာ လုံးဝ
မဖြစ်နိုင်တော့ကြောင်း မြင်နိုင်ပေသည်။
ဒါရိုက်တာရှုဘက်တွင်
မျှော်လင့်ချက်မရှိတော့သည့်အတွက်ကြောင့် စုန့်ဝေ့က တစ်ဖက်လူ သူ့အား
မည်သို့ထင်မြင်သွားမည်လဲဟူသည်ကို ဂရုမစိုက်တော့ပါချေ။
အနည်းဆုံးတော့
သတိလစ်ချင်ယောင်ဆောင်ခြင်းဖြင့် လင်းရန်ကို အိမ်သို့ပြန်ခေါ်လာနိုင်ပြီး
သူမကို ဆက်လက်လှည့်စားဖို့ နည်းလမ်းရှာနိုင်လိမ့်မည်။
ဒါရိုက်တာရှု
မရှိတော့သော်လည်း လင်းရန်မှ သူ့စကားကို နားထောင်နေသရွေ့ ဒါရိုက်တာဝမ်၊
ဒါရိုက်တာချင်တို့ ရှိလာနိုင်လိမ့်မည်။
ဤသို့တွေးလိုက်သည်တွင်
စုန့်ဝေ့မှာ လဲကျသွားစဥ်တုန်းက ထိခိုက်မိသွားရသည့် ခေါင်းနောက်ဘက်မှာ
မနာတော့သယောင် ခံစားလိုက်ရသည်။
*