Ch 38
Viewers 14k

38 : ငါ့ရဲ့ သူဌေးက တကယ်မိုက်တယ်!

 

"ဟမ်?! ဒီကို သူဌေးက လက်ဝှေ့ထိုးဖို့ ရောက်လာတာလား?"

 

လေဝူက ရယ်မောသံနှင့်အတူ နှာခေါင်းရှုံ့လိုက်သည်။ လင်းဖန်သည် လက်ဝှေ့ပွဲကြည့်ဖို့ မဟုတ်ရင် အကြွေးတောင်းဖို့ ရောက်လာသည်ဟု သူထင်ခဲ့သည်။ လင်းဖန်သည် လက်ဝှေ့ထိုးရန် ရောက်လာသည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။

 

လေဝူသည် သူ၏နားကိုပင် မယုံနိုင်ဖြစ်သွားသည်။

 

လေဝူ၏ မျက်နှာပေါ်တွင် ပေါ်လာသော အံ့အားသင့်မှုသည် လင်းဖန်အား ပျော်ရွှင်စေသည်။ သူ မျက်ခုံးပင့်ကာ "မင်း အံ့သြသွားတာလား?"

 

"ဟုတ်တယ်၊ ကျွန်တော် တော်တော် အံ့သြသွားတယ်" ဟု လေဝူ ပြန်ဖြေသည်။ အဓိကအချက်မှာ လင်းဖန်သည် ပိန်ပိန်ပါးပါးနှင့် အားနည်းပုံပေါက်ပြီး လက်ဝှေ့သမားတစ်ယောက်နှင့် မတူခြင်းပင်။

 

သို့သော် လေဝူသည် ထိုသို့ ပြောရန် မဝံ့ရဲခဲ့ပေ။

 

"မင်း ငါနဲ့ ထိုးချင်လို့လား?" ဟု လင်းဖန်က မေးလိုက်သည်။

 

သူသည် အရင်ဘဝက လေဝူနှင့် ရန်ဖြစ်ခဲ့ဖူးသည်။ သူထောင်ကျပြီးပြီးချင်းပင်။

 

အာ….အတိအကျဆိုရလျှင် သူ လေဝူ၏ လက်ချက်ဖြင့် အနိုင်ယူခံခဲ့ရခြင်းဖြစ်သည်။

 

လေဝူက လျင်မြန်စွာ ပြန်ဖြေလိုက်သည်၊ "မလုပ်ပါဘူး၊ ကျွန်တော် မထိုးချင်ပါဘူး။" မည်သို့ပင်ဆိုစေကာမူ သူသည် လင်းဖန်နှင့် တစ်ပွဲလောက် ယှဉ်ပြိုင်ချင်စိတ် ရှိနေသည်။ သို့သော် နောက်ဆုံးတွင်မူ လင်းဖန်သည် သူ တစ်သက်လုံး လိုက်နာချင်သောသူ ဖြစ်သည်။ သူ လင်းဖန်ကို စိတ်ပျက်အောင် မလုပ်ချင်ခဲ့ပေ။

 

"ဟွန့်! စောင့်ကြည့်နေ"

 

လင်းဖန်သည် နှုတ်ခမ်းကို မနှစ်မြို့သလိုမျိုး လှုပ်လိုက်သည်။ လေဝူ ဘာတွေးနေသည်ကို သူသိသော်လည်း ဂရုမစိုက်ခဲ့ပေ။

 

ပွဲစရန် အချိန် နီးကပ်လာပြီဖြစ်သည်။ လင်းဖန်သည် သူ၏ အင်္ကျီကို ချွတ်ကာ လေဝူထံ ပေးလိုက်သည်။ ထို့နောက် သူသည် စင်ပေါ်သို့ တည်ငြိမ်စွာ တက်သွားသည်။

 

သူသည် အရင်တစ်ခေါက်ထက်ပင် ပိုတည်ငြိမ်နေသည်။

 

ယခုတစ်ကြိမ်တွင် မစ္စတာ လီယိုပါးဒ်သည် လင်းဖန်၏ ပြိုင်ဘက်အဖြစ် လူသုံးယောက်ကို ရွေးချယ်ခဲ့သည်။ သူတို့၏ တိုက်ခိုက်နိုင်စွမ်းသည် လောင်ချီနှင့် ယှဉ်နိုင်သော်လည်း တစ်ယောက်စီတွင် ကိုယ်ပိုင် အားသာချက်များ ရှိကြသည်။

 

ထင်ရှားသည်မှာ ထိုပြိုင်ဘက်သုံးဦးကို မစ္စတာ လီယိုပါးဒ်သည် လင်းဖန်အတွက် ဂရုတစိုက် စီစဉ်ပေးခဲ့ခြင်းဖြစ်သည်။

 

လငဖန်သည် မစ္စတာ လီယိုပါးဒ်၏ စီစဉ်ပေးမှုအတွက် ကျေးဇူးတင်မိသည်။

 

သူသည် မဆိုင်းမတွဘဲ သူ၏ ပြိုင်ဘက်ကို ပထမဆုံး ထိုးနှက်ချက်ဖြင့် တိုက်ခိုက်လိုက်သည်။

 

ထိုသို့သော ပြိုင်ဘက်သည် သူ့အတွက် သင့်တော်ပါသည်။ ယခုတစ်ကြိမ်တွင် သူသည် အကြီးအကျယ် နာကျင်စရာမလိုဘဲ အနိုင်ရနိုင်သည်ဟု ယုံကြည်မှု ရှိနေသည်။

 

လင်းဖန်၏ ယုံကြည်မှုသည် လေဝူ့ကို မထိခိုက်ခဲ့ပေ။ သူသည် လင်းဖန်အတွက် အလွန် စိုးရိမ်နေခဲ့သည်။

 

"အိုး! မစ္စတာ လီယိုပါးဒ်၊ ကျွန်တော် တော်တော် စိတ်လှုပ်ရှားနေတယ်..."

 

"လင်းဖန် ပွဲရှုံးမှာကို မင်း ကြောက်နေတာလား?"

 

"ဘယ်သူနိုင်နိုင် ကျွန်တော် ဂရုမစိုက်ဘူး။ ကျွန်တော့် သူဌေး ထိခိုက်သွားမှာကိုပဲ စိုးရိမ်တာ။"

 

မစ္စတာ လီယိုပါးဒ်သည် ရယ်မောလိုက်ပြီး "မင်းက မင်းသူဌေးအကြောင်း ဘာမှ မသိသေးဘူးထင်တယ်"

 

"အဲ... ကျွန်တော် မှားသွားတာလား?"

 

"မင်းကို ခြောက်နှစ်လောက် မတွေ့ခဲ့ရသလို ဘာတိုးတက်မှုမှလည်းမရှိသေးပုံပဲ ငါ မင်းကို အမှန်အတိုင်း ပြောပြမယ်။ မင်းသူဌေးက မင်းရဲ့ ဆရာဖြစ်နိုင်လောက်တဲ့အထိ အရည်အချင်း အပြည့်ရှိတယ်။"

 

"တကယ်လား?"

 

"စောင့်ကြည့်ကြတာပေါ့။"

 

…..

 

မစ္စတာ လီယိုပါးဒ်၏ စကားများသည် သူ့စိတ်ကို တည်ငြိမ်စေခဲ့သည်။ လေဝူလည်း တည်ငြိမ်သွားသည်။

 

အချိန်ကုန်လွန်လာသည်နှင့်အမျှ လေဝူ၏ မျက်နှာပေါ်ရှိ အမူအရာသည် အံ့အားသင့်မှုမှ အားကျမှုအဖြစ် ပြောင်းလဲသွားသည်။ လင်းဖန်သည် ပြိုင်ဘက်နှစ်ဦးကို အနိုင်ယူခဲ့ပြီး ယခု သူ၏ တတိယမြောက် ပြိုင်ဘက်နှင့် ယှဉ်ပြိုင်နေသည်။

 

"ဟာ! ငါ့သူဌေးက တကယ်မိုက်တယ်!"

 

လေဝူသည် အလွန်စိတ်လှုပ်ရှားနေပြီး သူ့သူဌေး၏ စွမ်းဆောင်ရည်ကို အံ့အားသင့်စွာ နှစ်သက်မိသည်။ လင်းဖန်ကို သိကျွမ်းခွင့်ရသည့်အတွက် သူသည် ကံကောင်းသည်ဟု ခံယူထားသည်။

 

"သူသာ လက်ဝှေ့သမားကောင်းတစ်ယောက် မဟုတ်ရင် ငါ သူ့ကို သူငယ်ချင်းအဖြစ် ရွေးချယ်မှာ မဟုတ်ဘူး။" မစ္စတာ လီယိုပါးဒ်က အားနည်းသူများနှင့် ပေါင်းသင်းခြင်းသည် သူ့အတွက် ဂုဏ်သိက္ခာကျသည်ဟု ယူဆခဲ့သည်။

 

သူသည် လေဝူ့ကို မျက်စောင်းထိုးလိုက်ပြီး ချက်ချင်းပင် လင်းဖန်ကို ပြန်စိုက်ကြည့်လိုက်သည်။

 

သူသည် လင်းဖန် တစ်ပတ်အတွင်း ထိုကဲ့သို့ လျင်မြန်သော တိုးတက်မှုများ ပြုလုပ်လိမ့်မည်ဟု မထင်ထားခဲ့ပေ။

 

….

 

"လာခဲ့၊ အောက်ထပ်ဆင်းရအောင်" ဟု မစ္စတာ လီယိုပါးဒ်က ပြောသည်။

 

"ဘာလို့လဲ?" လေဝူသည် ပွဲကို အာရုံစိုက်ကြည့်နေသည်။

 

"မင်းသူဌေး နိုင်တော့မယ်ဆိုတာ မင်း မသိဘူးလား? မင်းသူဌေးအတွက် လက်ဖက်ရည် ဒါမှမဟုတ် ရေ သွားပြင်ပေးလိုက်ဦး။ ငါ့ရဲ့ လောင်းကြေးတွေကို သွားယူရဦးမယ်။"

 

မစ္စတာ လီယိုပါးဒ်သည် လင်းဖန်အပေါ် ယွမ် နှစ်သောင်း လောင်းထားခဲ့သည်။

 

ယခုအချိန်တွင် လင်းဖန်အပေါ် ငွေလောင်းထားသူ များပြားနိုင်သောကြောင့် မစ္စတာ လီယိုပါးဒ်သည် သူ ငွေအများအပြား ရနိုင်သည်ဟု သေချာပေါက် ယုံကြည်ထားသည်။