Chapter 8
Viewers 1k

ကျန်းစစ်ယန်က တကယ်ကို ဒေါသထွက်နေခဲ့ပါတယ်။

သူ ငါ့ကို တစ်ပတ်လုံးလုံး သူ့အိမ်မှာ ညအိပ်ခိုင်းခြင်းမရှိဘူး။


အမှောင်ကို အရမ်းကြောက်တတ်တဲ့သူတစ်ယောက်အနေနဲ့ တခြားဘယ်နေရာကိုမှ မသွားဖို့ ကတိမပေးထားရင် ငါ့ကို သူ့အိမ်မှာ အမြဲတမ်း နေခိုင်းလေ့ရှိတယ်။


အလုပ်ဝင်လာတဲ့ သုံးနှစ်အတွင်းမှာ ငါ ငါ့အိမ်မှာ နေတာထက် သူ့အိမ်မှာ နေခဲ့ရတဲ့ အချိန်တွေက ပိုများပါတယ်။


ငါ တောင်းပန်ချင်ပေမဲ့ သူက ပုံမှန်အတိုင်းပဲ ပြုမူနေပြီး ဒေါသထွက်နေတဲ့ လက္ခဏာ တစ်ခုမှ မပြဘူး။


သူက ငါ့ကို သူ့အိမ်မှာ ဘာလို့ အိပ်ခိုင်းမထားတော့တာလဲဆိုပြီး ငါ တည့်တိုးသွားမေးလို့မဖြစ်ပါဘူး။ အဲဒါက သူ့ကို စကားပြောဖို့အတွက် အကြောင်းပြချက်တွေ ရှာနေသလိုမျိုး ဖြစ်နေပါလိမ့်မယ်။


ဒါက ငါ့ကို စိတ်ရှုပ်ထွေးအောင် လုပ်နေတယ်။


ငါ ကော်ဖီကို မွှေလိုက်တော့ ဇွန်းက ကွဲလုနီးနီး ဖြစ်သွားတယ်။


စုန့်ရန်ဟယ်ကို ရုံးခန်းထဲကို ခေါ်သွားတာ နာရီဝက်လောက် ရှိနေပြီ။


ငါ ကုလားထိုင်ပေါ်မှာ မတ်တပ်ရပ်ပြီး မှန်ကို ဖြတ်ပြီး အထဲကို ချောင်းကြည့်လိုက်တယ်။

သူ(မ)က အရမ်းကို လက်ဟန်ခြေဟန်တွေ သုံးပြီး စိတ်အားထက်သန်စွာနဲ့ တစ်ခုခုကို ပြောပြဖို့ ကြိုးစားနေတယ်။


ကျန်းစစ်ယန်က ခြေထောက်ကို ချိတ်ပြီး ထိုင်နေကာ တစ်ယောက်ယောက်က သူ့ကို ပိုက်ဆံအကြွေးတင်နေသလိုမျိုး အေးစက်ပြီး လျစ်လျူရှုတဲ့ဟန်နဲ့ ကြည့်နေတယ်။


သူကြိုက်တဲ့သူတစ်ယောက်ကို ဘယ်လိုများ ဒီလောက်အေးစက်နိုင်ရတာလဲ။ သူက တစ်ယောက်ယောက်ကို ဘယ်လိုများ ချစ်နိုင်မှာလဲ။


ဒီအကြောင်းကို စဉ်းစားနေတုန်း ရုတ်တရက် ငါ ကျန်းစစ်ယန်နဲ့ မျက်လုံးချင်းဆုံမိသွားပါတယ်။


ငါ တုန်သွားပြီး ဟန်ချက်ပျက်သွားတာကြောင့် ကုလားထိုင်ပေါ်က ပြုတ်ကျသွားပြီး ငါ့မြှီးညှောင့်ရိုးက ကျိုးလုနီးနီး ဖြစ်သွားတယ်။


အနီးနားက ထိုင်နေတဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်က ရယ်လိုက်တယ်။ 


“ဘာလို့ ဒီထိုင်ခုံကို မင်းကိုပဲ CEO ကို ချောင်းကြည့်ဖို့ ပေးမထားတာလဲ”


ငါ မျက်လုံးလှိမ့်ပြီး တုန်ပြီး မတ်တပ်ရပ်လိုက်တယ်။ စုန့်ရန်ဟယ်က အဲဒီအချိန်မှာပဲ အပြင်ကို ထွက်လာတယ်။

သူ(မ)က ငါ့ကို ကြည့်ပြီး အကြောင်းတစ်ခုခုကြောင့် ပြုံးလိုက်တယ်။ 


“သူက နင့်ကို တွေ့ချင်နေတယ်”


ငါ့ရဲ့ နာကျင်နေတဲ့ နောက်ဘက်ကို ဖုံးအုပ်ရင်း သူ(မ)ကို တစ်ချက်ကြည့်လိုက်ပြီး အထဲကို ဝင်သွားတယ်။

ကျန်းစစ်ယန်က သူ့ကုလားထိုင်ပေါ်မှာ နောက်ကိုမှီလိုက်ပြီး လက်ကိုပိုက်ကာ ငါ့ကို အေးစက်တဲ့အကြည့်နဲ့ စိုက်ကြည့်နေတယ်။

ငါ တင်ပါးပေါ်က လက်ကို ဖြုတ်လိုက်ပြီး ငါ့ကိုယ်ကို တတ်နိုင်သမျှ ဖြောင့်အောင် ထားလိုက်တယ်။


“နာလား”


ကျန်းစစ်ယန်က ငါ့ကို ကြည့်လိုက်ပြီး မထင်မှတ်တဲ့ ပုံစံမျိုးနဲ့ မေးလိုက်တယ်။


ငါ ခေါင်းယမ်းပြီး သူ့ဘေးကို လျှောက်သွားလိုက်တယ်။ 


“မုန်တိုင်းတွေကြားထဲမှာတော့ ဒီနာကျင်မှုက ဘာမှမဟုတ်ပါဘူး” 


“...”


“မင်း ပုံမှန်အတိုင်းလုပ်လို့မရရင် ထွက်သွား”


“လုပ်နိုင်ပါတယ်” 


ငါ ချက်ချင်းပြန်ဖြေလိုက်တယ်။


အရမ်းမြန်မြန်ပြောမိတာကြောင့် နာကျင်နေတဲ့ နောက်ဘက်ကို တင်းသွားစေတယ်။ ငါ ‘အီး’ ဆိုတဲ့အသံနဲ့ မတော်တဆ နောက်တစ်ခါ လက်နဲ့ ပြန်ဖိလိုက်တယ်။


ကျန်းစစ်ယန်က ထရပ်ပြီး ကျွန်တော့်ဘေးကို လျှောက်လာတယ်။ 


“ငါ ကြည့်ပါရစေဦး”


?


ငါ အံ့ဩသွားပြီး သူ့ကို ကြည့်လိုက်တယ်။ 


“ခင်ဗျားက ကျွန်တော့်တင်ပါးကို ကြည့်ချင်တာလား”


ထူးဆန်းတဲ့ အခြေအနေကို သဘောပေါက်သွားတဲ့အခါ ကျန်းစစ်ယန်က ရှက်ရွံ့သွားပြီး ခဏရပ်လိုက်တယ်။


“ဒါမှမဟုတ်… ဆေးရုံသွားလည်း ရတယ်”


“ကျွန်တော် တကယ်အဆင်ပြေပါတယ်၊ ကျွန်တော်က ခင်ဗျားရဲ့ သက်တော်စောင့်၊ ခင်ဗျားရဲ့ ထိပ်တန်းသက်‌တော်စောင့်ပါ။ ဒီလိုဒဏ်ရာမျိုးက ခြစ်ရာလေးလိုပဲ”


ကျန်းစစ်ယန်က ငါ့ကို မျက်စောင်းထိုး ကြည့်လိုက်ပြီး ရွဲ့ပြုံးပြလိုက်တယ်။


“မင်း အဆင်ပြေပါစေလို့ မျှော်လင့်တယ်”


ငါ ခပ်တိုးတိုးရယ်လိုက်တယ်။


“ခင်ဗျား ကျွန်တော်နဲ့ ဘာအကြောင်းပြောချင်တာလဲ”


လည်ချောင်းရှင်းလိုက်ပြီး ကျန်းစစ်ယန်က နည်းနည်းတော့ မသက်မသာ ဖြစ်နေပုံရတယ်။ 


“ငါ့အမေက နိုင်ငံခြားကနေ ပြန်လာပြီ”


ငါ ဘာပြောရမှန်းမသိတာကြောင့် ခဏရပ်သွားတယ်။


~~~