(1)လင်းချူအန်း
ဆုဆုတစ်ယောက်
ဒီနှစ် ၊ သူမရဲ့အသက် 25 နှစ်မှာပဲ မာစတာဘွဲ့ကိုရရှိခဲ့တယ်။ သူမ
အလုပ်သင်ဆင်းပြီးနောက်မှာ အလုပ်ရှာဖို့အတွက် အလျင်မလိုခဲ့ပဲ
ကျောင်းမှစီစဉ်ပေးလာတဲ့ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့်
ပြန်လည်ပညာပေးရေးလှုပ်ရှားမှုမှာ ပါဝင်ခဲ့ကာ ဝေးလံခေါင်ဖျားသော တောင်တန်းဒေသတွေဆီသို့
စိတ်အားထက်သန်တဲ့ လူငယ်အဖွဲ့တစ်ဖွဲ့နှင့်အတူ တစ်နှစ်တာ သင်ကြားရေးအကူအဖြစ်
လုပ်အားပေးဖို့ သွားခဲ့တယ်။
သူမ ဒီကိစ္စအတွက်
နှစ်လနီးပါးလောက်ကြိုတင် ပြင်ဆင်ထားခဲ့တာ။ နောက်ပြီး အင်တာနက်ပေါ်မှ
ဆိုဒ်လွန်ကျောပိုးအိတ်ကြီးကိုလည်း အထူးတလည်ရှာထားခဲ့သေးတယ်။
အစပိုင်းမှာတော့
အရာအားလုံးက မှန်ကန်တဲ့လမ်းကြောင်းအတိုင်းသွားနေခဲ့တုန်းပဲ။ ဒါက သူမ
လိုလားတောင့်တခဲ့ခဲ့တဲ့ မြို့ပြနဲ့ အဝေးမှ ဆိတ်ငြိမ်အေးချမ်းရာနေရာတွေဖြစ်ပြီး
သူမရဲ့ငယ်စဥ်အချိန်တုန်းက အမှတ်တရတွေကျန်ရှိနေတဲ့ ကျေးလက်ဒေသပဲ။
သို့ပေမဲ့
သူတို့ရဲ့ဘတ်စ်ကားက ခရီးတစ်ဝက်ကို ရောက်ချိန်မှာတော့ ရုတ်တရက်ထွက်ပေါ်လာတဲ့
သိုးတွေကို ရှောင်ရှားလိုက်ရပြီး သူမသည်လည်း ကားထဲမှ
ပြုတ်ကျသွားခဲ့လိမ့်မယ်ဆိုတာကို ဘယ်လိုလုပ်သိနိုင်ခဲ့မှာတဲ့လဲ။
သူမ
တောင်ပေါ်ကနေပြုတ်ကျပြီး ပြင်းထန်တဲ့ရိုက်ခတ်မှုနဲ့အတူ သတိလစ်သွားခဲ့ရတယ်။
သူမ
နိုးလာချိန်မှာတော့ သူမရဲ့ ခန္ဓာကိုယ်တစ်ခုလုံး နာကျင်ကိုက်ခဲနေတာကို သိလိုက်ရတယ်။
သူမရဲ့အနီးပတ်ဝန်းကျင်မှာတော့ သစ်ပင်ခြုံနွယ်များနဲ့ ဖုံးလွှမ်းနေပြီး
ရံဖန်ရံခါမှာ သားရဲတိရစ္ဆာန်တွေရဲ့ အူသံတွေကိုပါ ကြောက်လန့်ဖွယ်
ကြားနေရလေတယ်။
အချိန်က
နေဝင်ရီတရောဖြစ်နေပြီး ပတ်ဝန်းကျင်ရှိ အရာအားလုံးက မှုန်ဝါးလာနေပြီဖြစ်ကာ
သိပ်မကြာခင်အချိန်အတွင်းမှာ နေမှောင်လာတော့မယ်။ အခုလိုမျိုး ဒီနေရမှာပဲ
ဆက်နေမယ်ဆိုရင် အန္တရာယ်အရမ်းများနေလိမ့်မယ်။
ရဲဘော်ရှောင်ဆုသည်ကား
မူလကတည်းက နူးညံ့သိမ်မွေ့ပြီး မျက်ရည်လွယ်တဲ့မိန်းကလေးဖြစ်ခဲ့ကာ လက်ရှိမှာတော့
နှာတရှုံ့ရှုံ့ဖြစ်နေရပြီဖြစ်ပေမဲ့လည်း သူမကိုယ်သူမ တွန်းအားပေးကာ
တစ်စုံတစ်ယောက်ရဲ့ အကူအညီရစေဖို့ အော်ခေါ်ကြည့်နေခဲ့တယ်။
ကံကောင်းထောက်မစွာနဲ့
သူမရဲ့ ဆိုဒ်လွန်အရွယ်ရှိတဲ့ ကျောပိုးအိတ်သည်လည်း ပြုတ်ကျတဲ့အချိန်မှာ ပါလာခဲ့ပြီး
သူမရဲ့ဖုန်းကို ထိုကျောပိုးအိတ်ရဲ့ဘေးဘက်မှာ ထည့်ထားခဲ့တယ်။
သူမ
နာကျင်မှုတွေကို တောင့်ခံပြီးကျောပိုးအိတ်ကြီးရှိရာဆီကို လျှောက်သွားခဲ့ကာ
အတွင်းမှ ဖုန်းကိုထုတ်ယူလိုက်ပေမဲ့ ဖုန်းလိုင်းမရှိတာကိုတွေ့လိုက်ရတယ်။
ကံတရားက သူမကို
ဆန့်ကျင်နေတာပဲဖြစ်ရမယ်။
ဆုဆု
စိတ်ပူပန်မှုတွေနဲ့ မျက်ရည်တွေကျဆင်းလာရကာ ပြောလိုက်မိတယ်။
“ငါဘာလို့
ဒီလောက်တောင် ကံဆိုးနေရတာလဲ.. ငါနောက်တစ်ခါ ဘတ်စ်ကား ဘယ်တော့မှမစီးတော့ဘူး”
သူမ
ကျောပိုးအိတ်ကြီးကိုဆွဲရင်း ဖုန်းကိုလက်တစ်ဖက်ကကိုင်ကာ
လိုင်းမိမဲ့နေရာဆီကိုလိုက်ရှာဖို့ပဲ တတ်နိုင်တော့မယ်။
သို့ပေမဲ့လည်း
ခြေထောက်နဲ့နောက်ကျောဘက်ဆီမှ နာကျင်မှုကြောင့် သူမ ခြေလှမ်းအနည်းငယ်အတွင်းမှာပဲ
လှဲကျသွားခဲ့ရတယ်။ ဒါ့အပြင် သူမရဲ့လက်ထဲမှ ဖုန်းက
အကြောင်းပြချက်မရှိပျောက်ကွယ်သွားခဲ့ပြီး ဘယ်လောက်ပဲရှာနေပါစေ ရှာမတွေ့တော့ဘူး။
သူမရဲ့
ဘေးပတ်ပတ်လည်မှာ ကံဆိုးခြင်းရောင်ဝါတွေဖုံးလွှမ်းနေတာများလား?
ဆုဆု
ဆက်ပြီးမထိန်းနိုင်တော့ဘဲ ကျောပိုးအိတ်ကြီးပေါ်မှာထိုင်ချလိုက်မိကာ ခေါင်းကို
ဒူးပေါ်မှာတင်ကာ တိတ်တိတ်လေး ငိုချလိုက်မိတော့တယ်။ သားရဲတိရစ္ဆာန်တွေကို
ဆွဲဆောင်မိသွားမှာကိုကြောက်လို့ သူမ အသံကျယ်ကျယ်တောင် မငိုကြွေးဝံ့ဘူး။
ရုတ်တရက်ထွက်ပေါ်လာတဲ့
သစ်ရွက်ကိုနင်းသံတရှရှမြည်သံကြောင့် သူမ ခဏလောက် အေးခဲသွားပြီး အနောက်ကို
ခြေတစ်လှမ်းဆုတ်လိုက်မိတယ်။
“ဘယ်သူလဲ?”
သို့ပေမဲ့ သူမ
ပြန်လည်တွေးကြည့်လိုက်တယ် : တကယ်လို့ လူသာဖြစ်နေမယ်ဆိုရင် သူမ
အကယ်တင်ခံရနိုင်တယ်လေ။ ဦးတည်ချက်ကိုရှာဖို့အတွက်
တစ်ယောက်တည်းလှည့်ပတ်သွားနေစရာမလိုတော့ဘူး။ ဒါကြောင့် သူမရဲ့နှလုံးသားထဲက
မျှော်လင့်ချက်အနည်းငယ်ဖြင့် ချက်ချင်းပဲ မေးလိုက်မိတယ်။
“အဲဒီမှာ လူလား”
“ဟုတ်တယ်”
ထွက်ပေါ်လာတဲ့အသံနဲ့အတူ
အစိမ်းရောင်ပုံရိပ်တစ်ခုက မြက်ပင်တွေကိုနင်းဖြတ်ရင်း ထွက်ပေါ်လာတယ်။ သူ့ရဲ့အရပ်က
နှစ်မီတာလောက်ရှိပြီး စစ်တပ်ယူနီဖောင်းကိုဝတ်ဆင်ထားတယ်။ ဒါပေမဲ့ သူဝတ်ဆင်ထားတာက
ခေတ်ဟောင်းယူနီဖောင်းအမျိုးအစားဖြစ်ပုံပဲ။ စစ်စိမ်းရောင် အိတ်တစ်လုံးကို နောက်ကျောမှာလွယ်ထားပြီး
စစ်တပ်သုံးရေဘူးကိုလည်း သယ်ဆောင်ထားကာ သူ့ရဲ့ပုံစံက ဒရမ်မာရိုက်ကူးရေးလုပ်နေတာလား
ဒါမှမဟုတ် cosplay လုပ်တာတာလားလို့
ထင်မြင်ရစေတယ်။
ဆုဆုကတော့
ထိုခေတ်အကြောင်းရိုက်ကူးရေးလုပ်နေတဲ့ ဒရာမာအဖွဲ့သားတွေနဲ့တွေ့ဖူးတာဖြစ်မယ်လို့
တွေးလိုာ်မိတယ်။
သူ့ရဲ့မျက်နှာက
အလွန်အမင်းကိုချောမောခန့်ညားမှုရှိနေတာကြောင့် သူက အဓိကဇာတ်လိုက်ပဲဖြစ်ရမယ်။ သူက
လက်ရှိခေတ်မှာ ခေတ်စားနေတဲ့ ခါးသိမ်သိမ်၊ အသားအရေဖြူဖွေးပြီး
အမျိုးသမီးတွေထက်တောင် နူးညံ့လှပပုံရတဲ့အသားတုံးလေးတွေနဲ့တော့ ကွာခြားတယ်။
သူမရဲ့ရှေ့ကလူက ခန္ဓာကိုယ်အချိုးအစားကလည်း တောင့်တင်းသန်မာပြီး
သူ့ရဲ့မျက်လုံးတွေကလည်း တောက်ပနေခဲ့ကာ ထိုနေရာမှာ ရပ်နေရုံလေးနဲ့ သဘာဝအတိုင်း
ဖိနှိပ်ချုပ်ချယ်တဲ့ အရှိန်အဝါတွေ ထွက်ပေါ်နေကာ တခြားလူတွေကို
အပြစ်ရှိသလိုခံစားရစေပြီး တိုက်ရိုက်မကြည့်ရဲလောက်အောင်ဖြစ်စေတယ်။
ဆုဆုကတော့
လက်ရှိအချိန်မှာ အသက်ဘေးမှလွတ်မြောက်ဖို့အတွက်ပဲ စိတ်အားထက်သန်နေခဲ့ပြီး လက်ရှိမှာ
သူမကို ကူညီပေးနိုင်မဲ့တစ်စုံတစ်ယောက်ကို တွေ့ရှိရဖို့အတွက်ကိုသာပိုပြီး
အရေးကြီးနေခဲ့တယ်။
“ကျွန်မ
သေသွားမှာကိုကြောက်နေတာ! ကျွန်မ အခုလေးတင် ဘတ်စ်ကားပေါ်ကနေ ပြုတ်ကျလာပြီးတော့
ကျွန်မရဲခြေထောက်ကလည်း ဒဏ်ရာရသွားတယ်လို့ထင်တယ်.. ကျွန်မ
လမ်းအကြာကြီးမလျှောက်နိုင်ဘူး.. ရှင် ကျွန်မကိုကူညီပြီး တစ်ယောက်ယောက်ကို
ခေါ်ပေးနိုင်မလား ဒါမှမဟုတ် လိုင်းမိတဲ့နေရာဆီကို ခေါ်သွားပေးလို့ရမလား”
သူမအနေနဲ့
ဘယ်တုန်းကမှ အခုလောက်ထိ ယဥ်ကျေးနှိမ့်ချပြီး မပြောခဲ့ဖူးဘူး။ သူမရဲ့ရှေ့မှလူက
တရားမျှတမှုရှိတဲ့လူဖြစ်ပြီး သူမကို ဘေးဒုက္ခမှလွတ်မြောက်အောင်
ကူညီပေးဖို့အတွက်ကိုသာ တောင်းဆိုခဲ့တယ်။
ဒါပေမဲ့
ထိုလူက သူမကို အသေးစိတ်အကဲခတ်ပြီးနောက် မျက်မှောင်ကြုတ်ပြီး ပြောလာတယ်။
“ရဲဘော်..
မကြာခင်နေဝင်တော့မှာ ဒီတောင်ပေါ်မှာ ဘယ်သူမှ ဆက်မနေသင့်တော့ဘူး.. မင်း
မြို့ကိုသွားမယ်ဆိုရင်တောင် ဒီတောင်နဲ့ မိုင်နည်းနည်းလောက် ထပ်ဝေးနေသေးတယ်..
မင်းမှာ ဒဏ်ရာရထားရင် အဲဒီကိုသွားနိုင်လောက်မှာမဟုတ်ဘူး”
ဆုဆုကတော့
သူ့ရဲ့စကားကြောင့် ပြောစရာမဲ့သွားရတယ်။ တစ်နိုင်ငံလုံးကို
လျှပ်စစ်ဓာတ်အားချိတ်ဆက်ထားနေပြီလေ။ ဖုန်းဆက်ဖို့အထိ ဘာလို့ မြို့အထိ
သွားနေရမှာလဲ။ ဒါက ဘယ်လောက်တောင် ခေါင်ဖျားနေတဲ့နေရာမို့လို့လဲ?
“ဒါဆို ကျွန်မ
ဘာလုပ်သင့်လဲ”
သူမရဲ့
တစ်ကိုယ်လုံးက နာကျင်ကိုက်ခဲနေပြီဖြစ်ကာ ဖုန်းဆက်ဖို့အတွက်
အဝေးကြီးကိုသွားရဦးမယ်ဆိုတာကိုကြားတော့ သူမ တကယ့်ကိုစိတ်ဓာတ်ကျသွားရတယ်။
“မင်းသာ
ကျွန်တော့်ကိုယုံကြည်ရင် ကျွန်တော့်အိမ်ကိုလိုက်ခဲ့မယ်ဆိုရင်ရော.. ကျွန်တော်က
ရှောင်ရှန်ရွာကပါ”
ရှေးခေတ်ကဝတ်စုံကို
ဝတ်ဆင်ထားတဲ့ အမျိုးသားက ရုတ်တရက်ထပြောလာတယ်။
ရှောင်ရှန်ရွာ...
ဒါက အတော်လေး
ရင်းနှီးနေသလိုပဲ။
“ကျွန်မ…”
သူက
ရုပ်ရည်ချောမောပြီး စစ်ဝတ်စုံကိုဝတ်ထားတယ်ဆိုပေမဲ့ အစစ်အမှန်စစ်သားတစ်ယောက်
မဟုတ်ဘူးလေ။ ဒါက သူမနဲ့ မရင်းနှီးတဲ့နေရာဖြစ်ပြီး ဒီနေရာမှာ
တစ်စုံတစ်ခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ။
ဆုဆု စိတ်ထဲမှာ
တွေးတောနေခဲ့ပေမဲ့ တစ်ဖက်လူက စိတ်ရှည်ရှည်နဲ့စောင့်နေပေးပုံအရ
မကောင်းတဲ့လူတစ်ယောက်နဲ့ လုံးဝမတူတဲ့အပြင် သူမသာ တောင်ပေါ်မှာဆက်နေရင်
တောင်ပေါ်မှာရှိနေတဲ့ တောရိုင်းတိရိစ္ဆာန်တွေဆီမှာ သတ်ဖြတ်အစားခံလိုက်ရတာမျိုးလည်း
ကြုံတွေ့ရနိုင်တယ်။ နေစရာနေရာတစ်ခု ဘာလို့အရင်မရှာရမှာလဲ။ သူတို့တွေ သူမကို
ရွာလေးဆီကိုခေါ်သွားပြီးရင် နောက်ထပ်အကူအညီတောင်းစရာလည်းရှာတွေ့နိုင်တာပဲလေ။
ဒါကိုတွေးပြီး
သူမခေါင်းညိတ်ပြလိုက်တယ်။
“ဒါဆို
ရှင့်ကိုဒုက္ခပေးမိပြီ”
ထိုလူငယ်က
ခေါင်းညိတ်ပြပြီး သူမကို လမ်းပြမဲ့ပုံစံအတိုင်း အရှေ့မှ ဦးဆောင်သွားခဲ့တယ်။
ဆုဆု
ကျောပိုးအိတ်ကို ကောက်ယူကာ အနောက်ကလိုက်သွားပေမဲ့ ဒီလမ်းက သွားလာရတာ
မလွယ်ဘူးဘူးဆိုတာကို သူမ ဘယ်လိုလုပ်သိနိုင်မှာတဲ့လဲ။
ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက်မှာ မြက်တွေက သူမရဲ့ခြေထောက်ကို ရစ်ပတ်လာပြီး
အကြိမ်အနည်းငယ်လောက် ပြင်းထန်စွာ ဆွဲယူလိုက်ပေမဲ့ မလွတ်နိုင်ခဲ့ဘူး။
ထိုလှုပ်ရှားမှုကြောင့်ပဲ သူမရဲ့ခြေထောက်မှာ ဒဏ်ရာတွေရလာကာ
နှစ်ကြိမ်လောက်အော်ငြီးလိုက်မိတယ်။
“ရဲဘော် မင်း
ဒီလိုလုပ်နေလို့မရဘူး..ကျွန်တော်တို့တွေ မမှောင်ခင် တောင်ပေါ်က
ဆင်းနိုင်မှဖြစ်မှာ.. ဒါမှမဟုတ် ဝံပုလွေတွေထွက်လာတဲ့အချိန်ကျရင်
လမ်းလျှောက်ပြီး သွားနိုင်တော့မှာမဟုတ်ဘူး”
“ဘာလဲ?”
ဝံပုလွေတွေလို့ပြောလိုက်တာလား?!
“ဝံပုလွေတွေလေ”
“ဒါပေမဲ့
ကျွန်မရဲ့ခြေထောက်တွေ နာနေလို့ လမ်းမလျှောက်နိုင်တော့ဘူး”
ဆုဆုတစ်ယောက်
သူမရဲ့ရှေ့မှအမျိုးသားက တရားမျှတမှုကိုလက်ကိုင်ထားပေမဲ့ ကောင်မလေးတွေကို
ဘယ်လိုချော့ရမှန်းကိုတော့ လုံးဝမသိဘူးလို့ ခံစားနေရပြီ။ သူမက
ငိုတော့မလိုဖြစ်နေချိန်မှာတောင် သူက မျက်မှောင်ကြုတ်ပြီး ရပ်နေတုန်းပဲ။
“ကျွန်တော်
မင်းကို သယ်ပေးမယ်”
ကြည့်ရတာ
သူ့ရဲ့စိတ်ကိုပြင်ဆင်လိုက်ပုံရပြီး ခဏလောက်စဥ်းစားပြီးနောက်မှာပြောလာတယ်။
“အမ်.. ကျွန်မက
နည်းနည်းတော့လေးမှာ”
ပေါင် 100 ကျော်က
ဝတဲ့အထဲကိုမပါပေမဲ့ ပိန်တာလည်းမဟုတ်ဘူး။
“အပေါ်တက်ခဲ့လိုက်”
ထိုအမျိုးသားက
အနည်းငယ်စိတ်မရှည်တော့တဲ့ပုံပဲ။
“အိုး ဒီအထုပ်က”
“ကျွန်တော်
သယ်ပေးမယ်”
“ဒါက ဖြစ်ပါ့မလား?”
သူမ
ခိုင်ခိုင်မာမာနဲ့သယ်နေခဲ့ပေမဲ့ သူမရဲ့ ခရီးဆောင်အိတ်က
အတော်လေးလံလွန်းတယ်။
သို့သော်လည်း
မကြာမီအချိန်မှာပဲ သူမ ရဲ့မျက်နှာကို ဖြတ်ရိုက်ခံလိုက်ရတယ်။
တစ်ဖက်လူက သူမကို
ကျောပေါ်မှာသယ်ရင်း ကျောပိုးအိတ်ကြီးကိုလည်း အလွယ်တကူသယ်ဆောင်ကာ ဘာမှမဟုတ်သလို
လမ်းလျှောက်သွားခဲ့တယ်။
စွမ်းအားကြီးလွန်းတာပဲ။
ဒီလိုချစ်သူကောင်လေးမျိုးက ရှားပါးလွန်းတယ်။
ဆုဆု
မျက်ရည်ကျမိတော့မလိုပဲ။ ဒီအမျိုးသားက အေးစက်ပြီးဆက်ဆံရခက်ခဲမယ်လို့ထင်ရပေမဲ့
ဖြောင့်မတ်မှန်ကန်တဲ့လူပဲ။ ဒီလိုလူမျိုးက မိန်းကလေးတော်တော်များများရဲ့ အိပ်မက်ထဲက
အမျိုးသားမျိုးပဲ။
သူက
သူငယ်ချင်းဖွဲ့ဖို့ ဆန္ဒရှိမလားဆိုတာကိုတော့ သူမသိချင်တယ်။ သူတို့တွေ အနာဂတ်မှာ
ထပ်တွေ့ရတာလည်း ဖြစ်နိုင်တာပဲလေ”
သူမ
သတိထားပြီးပြောလိုက်တယ်။
“ကျွန်မက ဆုဆုပါ..
ရှင့်နာမည်ကရော”
“လင်းချူအန်း.”
ဒီနာမည်ကိုလည်း
အတော်လေးရင်းနီးနေသယောင်ရှိပေမဲ့ ဘယ်နေရာမှာကြားခဲ့မိလဲဆိုတာကိုတော့
မေ့သွားခဲ့ပြီ။
သူမ
ခဏတာလောက်ငြိမ်သက်စွာတွေးတောနေပြီးမှ သူမရဲ့စိတ်ထဲကို ရုတ်တရက်
အလင်းတန်းတစ်ခုဖြဆ်သန်းသွားခဲ့တယ်။
“ ရှင်တို့ရွာမှာ
လင်းတုံဟဲလို့ခေါ်တဲ့ ဗိုလ်ကြီးတစ်ယောက်ရှိလား “
“ဟမ်”
မဟုတ်ဘူး။
မဟုတ်သေးဘူး။ အဲဒါက နာမည်တူနေတာဖြစ်ရမယ် ဟုတ်တယ်မလား။
သူမ
ဘတ်စ်ကားပေါ်မှာတုန်းက ရှေးခေတ်ဆက်တင်ရှိတဲ့ ဝတ္ထုတစ်ပုဒ်ကိုဖတ်ခဲ့ပြီး
ထိုဝတ္ထုထဲမှ ရွာရဲ့နာမည်က ရှောင်ရှန်ရွာဖြစ်ကာ လင်းချူအန်း၊
လင်းတုံံဟဲတို့ပါဝင်တယ်။
ဒါက....
“ဒါဆို
ရှင်တို့ရွာမှာ ချင်ယွဲ့ယွဲ့လို့ခေါ်တဲ့ ပညာတတ်တစ်ယောက်ရှိသေးလား”
“အင်း”
တစ်ဖက်လူက
အနည်းငယ်စိတ်ရှုပ်ထွေးနေဟန်ဖြင့် ပြန်ဖြေလာတယ်။
“မဟုတ်ဘူး ဒါက…”
ဒါဆို သူမက
တောင်တွေကြားထဲကိုပြုတ်ကျလာတာနဟုတ်ဘဲ ဒီဘက်ခေတ်ကို တကယ်ကြီးကူးပြောင်းလာခဲ့တာလား?
ကမ္ဘာပေါ်မှာ ဒီလိုမျိုးမှော်ဆန်တဲ့အရာတွေ တကယ်ရှိနေတာလား?