Ch 3
Viewers 11k

(3) အံ့ဖွယ်ကျောပိုးအိတ်ကြီး

 

သူမ ထိုစာအုပ်ကို ဖတ်တဲ့အချိန်တုန်းက ဘာမှမခံစားခဲ့ရဘူး။ ပြောရရင် အမျိုးသားအရံဇာတ်ကောင်ရဲ့ အခန်းကဏ္ဍဆိုတာက ဇာတ်လိုက်နဲ့ဇာတ်လိုက်မကြားမှ ဆက်ဆံရေးတွေတိုးမြှင့်နိုင်စေဖို့ တက်နင်းခံရမဲ့ ကျောက်တုံးတစ်တုံးဖြစ်လာမှာ သဘာဝပဲလေ။

 

ထပ်ပြောရရင် သူက အိမ်မှာ မရှိတဲ့အချိန်က များနေတာကြောင့် ဇာတ်လမ်းထဲမှာ သူ့ရဲ့ပါဝင်ဖော်ပြခံရမှုက သိပ်မရှိဘဲ ဇာတ်လိုက်နဲ့ ဇာတ်လိုက်မတို့ရဲ့ ချိုမြိန်စရာအချစ်ရေးကို ဖတ်ရှုရင်း သူ့ကိုလျစ်လျူရှုလိုက်မိပြီး အရံဇာတ်ကောင် လင်းချူအန်းက မေ့ပျောက်ခံရလုနီးပါးဖြစ်သွားခဲ့တယ်။

 

ဒါပေမဲ့ အခုချိန်မှာတော့ ထိုအမျိုးသားအရံဇာတ်ကောင်က သူမကို ကယ်တင်ပေးခဲ့တာကြောင့် သူမအနေနဲ့ သူ့အပေါ်ကို ပိုပြီး အလေးမသာပဲမနေနိုင်တော့ဘူး။

 

တကယ်တော့ သူမနိုးနေခဲ့တာ မိနစ်အနည်းငယ်လောက်ရှိနေပြီ။ ဒါကြောင့် လင်းချူအန်းရဲ့ သူမအတွက် ယာဂုသွားချက်မဲ့စကားကိုလည်း ကြားလိုက်ရသလို သူ့မိဘတွေရဲ့ သူမအတွက် အခန်းသန့်ရှင်းရေးလုပ်ပေးပြီး ဒီမှာပဲ အိပ်စက်ခိုင်းမယ်ဆိုတဲ့အကြောင်း ပြောနေတာကိုလည်း ကြားခဲ့ရတယ်။

 

သူမအနေနဲ့ဒီစာအုပ်ထဲကို ဘာကြောင့်အခုလို ကူးပြောင်းလာခဲ့ရတာလဲဆိုတာကိုမသိပေမဲ့ နှင်းထဲမှာရောက်နေတဲ့အချိန် မီးသွေးလာပေးတဲ့ခံစားချက်ကြောင့် တကယ့်ကိုနွေးထွေးမှုကို ခံစားနေရတယ်။

 

ဒါကြောင့် သူမ နိုးလာပြီးနောက် ဒီအိမ်ရဲ့အခြေအနေကို မြင်လိုက်ရချိန်တော့ အသက်ကို ပြင်းပြင်းရှူရှိုက်လိုက်မိတော့တယ်။ သူတို့က တကယ်ကို ဆင်းရဲလွန်းတာပဲ။

 

ပထမဆုံးမျက်လုံးထဲကိုဝင်လာတဲ့အရာက မှန်ထည်နဲ့လုပ်ထားတဲ့ ဘောင်ခတ်ပြတင်းပေါက်ငယ်လေးတွေဖြစ်ပြီး အချို့ကိုတော့စက္ကူတွေဖြင့် ကာရံထားကာ လေပြင်းတိုက်တဲ့အချိန်မှာ တဖြတ်ဖြတ်လွင့်နေခဲ့တယ်။ ပြီးနောက် ပြတင်းပေါက်ရဲ့အောက်မှာရှိနေတဲ့ အနီရောင်သစ်ဆေးသုတ်ထားတဲ့ နှစ်ထပ်ဘီဒိုရှိနေခဲ့တယ်။ သူ့ရဲ့ တည်ရှိနေတဲ့အချိန်ကာလက ဘယ်လောက်တောင်ကြာမြင့်နေပြီလဲဆိုတာကိုမသိနိုင်တော့ဘဲ သစ်ဆေးအနီရောင်တွေက ကွက်တိကွက်ကြား နေရာအနည်းငယ်လောက်ပဲ ကျန်ရှိနေတော့တယ်။

 

ဒါ့အပြင် ကြွေရည်အိုးကြီးနှစ်လုံး ရှိနေပြီး ထိုကြွေအိုးနှစ်လုံးကတော့ အိုဟောင်းနေပုံမရသေးပေမဲ့ ကြည့်ရတာ တော်တော်လေးကြာမြင့်နေတဲ့ပုံပဲ။

 

ခန်ကလည်း အတော်လေးတိုတောင်းတယ်။ သူမက အရှေ့ဘက်မှရှိနေပြီး ဆန့်ကျင်ဘက်မှာ နောက်ထပ် နှစ်ခုသုံးခုလောက်ရှိနေသေးပုံရတယ်။

 

သူမရဲ့ကိုယ်ပေါ်မှာ ဖုံးလွှမ်းပေးထားတဲ့ စောင်အသေးလေးကလည်း အဖာအထေးတွေများလွန်းတာကြောင့် သူမလှုပ်လိုက်ရင် ပြဲသွားမှာကိုစိုးရိမ်မိတဲ့အတွက် အများကြီးတောင် မလှုပ်ရှားရဲလေဘူး။

 

ကံကောင်းစွာနဲ့ သူမရဲ့ တင်ပါးအောက်မှ အပူချိန်က အနည်းငယ်နွေးထွေးနေသေးတယ်။

 

ခဏလောက်နေတော့ သူမရဲ့ရှေ့ကို ရှိရင်းစွဲအသက်ထက် ပိုပြီး အိုမင်းနေသယောင်ရှိတဲ့ အမျိုးသမီးကြီးတစ်ယောက်ရောက်လာပြီး သူမရဲ့ နဖူးကို လက်နဲ့ လာပြီး စမ်းကြည့်ကာ ညင်သာစွာမေးလာတယ်တယ်။

 

မိန်းကလေး မင်း ဘယ်လိုနေသေးလဲ

 

ဆုဆုရဲ့ကြီးမားတဲ့ မျက်ဝန်းတွေက ချက်ချင်းပဲ မျက်ရည်ဝဲတက်လာတယ်။

 

အမေလင်းက သမီးမရရှိခဲ့တာကြောင့် ဒီလိုမျိုးချစ်စရာကောင်းတဲ့ မိန်းကလေးတစ်ယောက်က ဝမ်းနည်းနေတာကိုမြင်တော့ သည်းမခံနိုင်ခဲ့ဘူး။

 

ကျွန်မ ..ကျွန်မ အခု ဘယ်ကိုရောက်နေတာလဲ

 

စိတ်အေးအေးထားစမ်း။ ဘာပဲဖြစ်ဖြစ် ငါပြန်သွားလို့မရတော့ဘူး။ ပထမဆုံး လုပ်စရာရှိတာကိုလုပ်ရမယ်...

 

သူမရဲ့ခေါင်းက ဗလာဖြစ်နေပြီး လက်ရှိမှာ ဘာကိုအရင်ဆုံးလုပ်ရမလဲဆိုတာကို မသိတော့ဘဲ စိတ်ရှုတ်ထွေးလွန်းတာကြောင့် နှုတ်ခမ်းကိုပဲ ဖိကိုက်ထားမိတယ်။

 

ထိုအချိန်မှာ သူ့ကိုကယ်တင်ပေးခဲ့တဲ့အမျိုးသားပါတနာကလည်း အထဲကိုဝင်လာခဲ့တယ်။ သူမဆီမှာ ကြက်ပေါက်လေးတွေရဲ့ ရှုပ်ထွေးမှု*ဖြစ်သွားတာဖြစ်နိုင်တယ်။ ထိုအမျိုးသားကို မြင်တာနဲ့ သူရှိရာဘက်ကိုခုန်ဆင်းလိုက်ပြီး သူ့ကိုလှမ်းဆွဲလိုက်မိတယ်။

 

(T/n_ ကြက်ပေါက်လေးတွေရဲ့ ရှုပ်ထွေးမှု : ဥကထွက်လာတဲ့အချိန်မှာ ပထမဆုံးမြင်တွေ့ရဲ့သူကို အမေလို့မှတ်ယူလိုက်တာမျိုး)

 

ရှင်က လင်းချူအန်းလား

 

အမ်

 

လင်းချူအန်းက သူကို ဖမ်းဆုပ်လာတဲ့ လက်လေးကို ငုံ့ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်ပေမဲ့ သူမ အရမ်းကိုကြောက်လန့်လွန်းနေတာဖြစ်မယ်လို့ တွေးလိုက်မိတာကြောင့် ဘာမှမပြောခဲ့ဘူး။

 

ပြီးသွားပြီ။ ဒါက တကယ်ကိုစာအုပ်ထဲကို ရောက်လာခဲ့တာပဲ။ ထပ်မံအတည်ပြုလို့ အပြီးမှာတော့ ဆုဆုတစ်ယောက်ခန်ပေါ်ကို ဖြည်းညှင်းစွာ ပြန်ထိုင်ချလိုက်မိတယ်။

 

သို့ပေမယ့် လင်းချူအန်းက သူမရဲ့ ကျောပိုးအိတ်ကြီးဆီကို လျှောက်သွားပြီး လှမ်းပြောလာတယ်။

 

ငါ့နာမည်က လင်းချူအန်းပါ..  XX ပြည်နယ်ရဲ့ XX စစ်ဌာနမှာ တာဝန်ထမ်းဆောင်နေ ​တဲ့သူပဲ.. နောက်ပြီး မင်းရဲ့ အထောက်အထားကို အတည်ပြုချင်တဲ့အတွက် ငါ မင်းရဲ့ ကျောပိုးအိတ်ကို ဖွင့်ကြည့်ထားသေးတယ်.. အဲဒါက အဆင်ပြေလား

 

ဆုဆုက လက်ရှိမှာ ခန်ပေါ်မှာထိုင်ရင်း အမေလင်းခြုံပေးလာတဲ့ စောင်အောက်မှာရှိနေကာ သူမရဲ့နှစ်သိမ့်ပေးမှုကို ခံယူနေရင်းမှ ခေါင်းညိတ်ပြလိုက်တယ်။ ပြီးနောက် သူမရဲ့ ID ကတ်နဲ့ အချို့အရာတွေက နောက်လာမဲ့ နှစ်ပေါင်းများစွာ ကြာခဲ့ပြီးမှရှိလာမဲ့အရာတွေဖြစ်ကြောင်းကို တွေးတောလိုက်မိတယ်။ ဒါက တကယ် ဖြစ်နိုင်ပါ့မလား။

 

သူမ ရှော့ရစွာနဲ့ လင်းချူအန်းကို စိုက်ကြည့်လိုက်တော့ သူက သူမရဲ့နာမည်ရေးထားတဲ့ ဖိုင်ကို ကိုင်ထားတာကိုမြင်လိုက်ရတယ်။

 

လက်ရေးက သူမရဲ့လက်ရေးအမှန်ပဲ။ ဒါပေမယ့် သူမက လှပတဲ့ ဖိုင်အိတ်လေးမှာ ထည့်ထားခဲ့တာမဟုတ်ဘူးလား။ ဘယ်လိုဖြစ်ပြီး ခေတ်နောက်ကျတဲ့စာဖိုင်အိတ်အဖြစ်ပြောင်းသွားရတာလဲ။

 

ထိုအချိန်မှာပဲ လင်းချူအန်းက ဖိုင်အိတ်ကိုဖွင့်ကာ စာရွက်တစ်ရွက်ကိုထုတ်ယူလိုက်တယ်။

 

ဆုဆု အသက်က(၁၈)နှစ်၊ XX တက္ကသိုလ်ကနေဘွဲ့ရထားပြီး ဒီနှစ်မှာပဲဘွဲ့ရခဲ့တာ

 

ဖော်ပြထားတဲ့အသက်အရွယ်က မမှန်ပေမဲ့ ဘွဲ့ရတဲ့တက္ကသိုလ်ကတော့ အတူတူပဲ။ သူမ ဘာမှ ထပ်ပြီး မပြောရဲဘဲ ခေါင်းကိုသာညိတ်ပြလိုက်တယ်။

 

ထို့နောက် လင်းချူအန်းက နောက်ထပ် မိတ်ဆက်အတည်ပြုစာကိုဖွင့်လိုက်တယ်။

 

မင်းက ငါတို့ ရှောင်ရှန်ရွာလေးဆီကို စာပေတတ်မြောက်ရေးအတွက် ဖွဲ့စည်းစီစဥ်ပြီး လာခဲ့တာလား

 

ဟမ်?

 

ကျွန်မ တစ်ချက်လောက်ကြည့်လို့ရမလား?

 

သူမ စာတတ်မြောက်ရေးလှုပ်ရှားမှုအတွက် ခရီးထွက်လာခဲ့တာဖြစ်ပြီး အချိန်ဖြတ်ကျော်လာချိန်မှာလည်း စာတတ်မြောက်ရေးလှုပ်ရှားမှုက ကျန်နေတုန်းပဲလား?

 

ဒါပေမယ့် သူမ လှမ်းယူပြီးကြည့်လိုက်တော့ ထိုစာရွက်က တကယ့်ကို သူမအတွက် မိတ်ဆက်ပေးထားတဲ့စာဖြစ်ပြီး သူမရဲ့အထောက်အထားကိုလည်း ရှင်းရှင်းလင်းလင်း ဖော်ပြရှင်းပြပေးထားခဲ့တယ်။

 

ဒါက ဘယ်လိုတွေဖြစ်သွားတာလဲ? စာအုပ်ထဲကို ကူးပြောင်းလာခဲ့ရုံတင်မကဘဲ သူမရဲ့ အထောက်အထားတွေကိုပါ ပြင်ဆင်ပေးထားခဲ့တယ်။ ဒီလို မှော်ဆန်တဲ့ အံ့ဖွယ်အရာမျိုးက တကယ်ကြီးတည်ရှိတာလား။

 

သူမ တွေးတောနေတုန်းမှာပဲ လင်းချူအန်းက မိဘမဲ့ကလေးဖြစ်ကြောင့် အထောက်အထားလက်မှတ်၊ အစားအသောက်စာအုပ်၊ အိမ်ထောင်စုစာရင်းစာအုပ်၊ သက်သေခံကတ်ပြားနှင့် ဝင်ငွေလက်မှတ်တို့ကို ထုတ်ယူနေခဲ့ပြီးပြီ။ ဒါက လုံးဝကို ပြီးပြည့်စုံလွန်းတယ်။

 

အတိုချုပ်ပြောရမယ်ဆိုရင် သူမက တရားမဝင်နေထိုင်သူအဖြစ် ရှိနေမှာမဟုတ်တော့ဘူး။

 

အိုး မင်းက ကောလိပ်ကျောင်းသူရဲဘော်ပဲ.. ငါတို့ရွာမှာ ကောလိပ်ကျောင်းသား မရှိသေးဘူး

 

လင်းချူအန်းကတော့ သူ့ရဲ့ရှေ့မှာ ကောင်မလေးကို ပိုကြည့်လေ ပိုပြီး သဘောကျလာလေပဲ။ သူမရဲ့ဆံပင်တွေကလည်း အခွေလေးတွေဖြစ်ပြီး လက်ရှိမှာ ဂရုမစိုက်ဘဲ အိပ်ယာမှာမှာ လူးလှိမ့်ထားတာကြောင့် ရှည်လျားလွန်းတဲ့ ကောက်ကွေးကွေးဆံပင်တို့က ပြေလျက်သားလေးရှိနေခဲ့ကာ နိုင်ငံခြားသူတစ်ယောက်လိုမျိုး လှပလွန်းနေခဲ့တယ်။

 

ဆုဆုကတော့ သူမကိုယ်တိုင်မသိလိုက်တဲ့ လင်းချူအန်းရဲ့ စာမေးပွဲကို လက်ခံဖြေဆိုခဲ့ရပြီးချိန်မှာ ရှောင်ရှန်ကျေးရွာဆီသို့ စာတတ်မြောက်ရေးလှုပ်ရှားမှုနဲ့ ရောက်ရှိလာတဲ့ ကောလိပ်ကျောင်းသူတစ်ယောက်အဖြစ် မှတ်ယူခံလိုက်ရလေတယ်။

 

နောက်ပြီး သူမရဲ့ ပညာအရည်အချင်းကလည်း အရမ်းကိုကောင်းမွန်ကာ နိုင်ငံခြားဘာသာစကားကိုလည်း တတ်ကျွမ်းသေးတယ်။

 

မင်း ဒီည ဒီမှာပဲ အနားယူလိုက်ပြီး မနက်ဖြန်မနက် ရွာရဲ့ခေါင်းဆောင်ဆီကို သတင်းပို့လို့ရတယ်

 

လင်းချူအန်းက ဖိုင်အိတ်ထဲတွင် စာရွက်စာတန်းတွေအားလုံး ပြန်ထည့်လိုက်တယ်။ သူ့ရဲ့စိတ်ထဲမှာတော့ ဒီမိန်းကလေးက အင်အားပြီးမားလွန်းကြောင်း တွေးနေခဲ့တယ်။ ဒီလိုမျိုး ပညာရေးနဲ့ အတွေ့အကြုံတွေရရှိနိုင်ဖို့အတွက် အများကြီး ကြိုးစားအားထုတ်ရမှာပဲ။ နောက်ပြီး သူမက မိဘမဲ့ကလေးတစ်ယောက်တောင် ဖြစ်နေခဲ့သေးတယ်လေ။

 

မိဘမဲ့ကလေး ဆုဆုကတော့ သူမရဲ့ အထောက်အထားကို ၀န်ခံဖို့အတွက်သာ အတင်းအကြပ်ဖိအားပေးခံလိုက်ရတယ်။ ဒီလိုမှမဟုတ်ရင် ဒီအမျိုးသားက သူမကို စစ်ဆေးမေးမြန်းဖို့အတွက် ဖမ်းဆီးသွားနိုင်တယ်လေ။ သူမ ခေါင်းကို အသာကုတ်ခြစ်ဖို့ လက်လှမ်းလိုက်ချိန်မှာ တုန်ယင်သွားရတယ်။

 

အာ!

 

သူမရဲ့ခေါင်းနောက်ဘက်က နည်းနည်းနာနေတယ်။

 

သူမလက်ကို ဆန့်ထုတ်လိုက်ပြီး ထို နာနေတဲ့နေရာနားကို ထိကြည့်လိုက်တော့ လက်မှာ သွေးတွေစွန်းပြီး ပြန်ပါလာခဲ့တယ်။

 

အမေလင်းက ခန်ပေါ်မှ အမြန်ထရပ်ကာ သူမနောက်သို့ အလျှင်အမြန်လျှောက်သွားလိုက်ပြီး သူမရဲ့ခေါင်းပေါ်မှ ဦးထုပ်ကို ချွတ်လိုက်တယ်။ ပြီးနောက် သူမရဲ့ဆံပင်တွေကို ဆွဲဖယ်ပြီး စစ်ဆေးကြည့်လာတယ်။

 

ဘာလို့ အဲဒီအိတ်ကြီးကို အရင် အာရုံစိုက်နေရတာလဲ..နင်တို့တွေ ဘာကို ရှုပ်ထွေးနေကြတာလဲ.. ? ဒီမှာနင့်ရဲ့ ခေါင်းကို ထိထားတာမလား

 

မဟုတ်ဘူး။ သူမ ဘယ်လိုလုပ်ပြီး စိတ်မရှုပ်ထွေးဘဲနေမှာလဲ။ ဒါက အချိန်တွေဖြတ်ကျော်ပြီး ကူးပြောင်းလာခဲ့တာလေ။

 

သမီးလေး.. နင် တောင်ပေါ်က ဘယ်လိုပြုတ်ကျလာတာလဲဆိုတာသိလား? ပြုတ်ကျတဲ့အကြောင်းကို မှတ်မိသေးလား

 

သူမရဲ့ဘေးမှ အမေလင်းက မေးလာတယ်။

 

မှတ်မိလောက်တယ်ထင်တာပဲ

 

သူမလည်း သိပ်မသေချာဘူးလေ။

 

မင်း ဘယ်ကားပေါ်က ပြုတ်ကျတာလဲဆိုတာကိုရော မှတ်မိသေးလား

 

လင်းချူအန်းအနေနဲ့ သူမက သူ့ကို ခရီးသည်တင်ကားလို့ ပြောခဲ့တာကိုမှတ်မိနေသေးပေမဲ့ သူတို့ရဲ့ရွာဘက်ကို ခရီ့သည်တင်ကားတွေမလာဘူးလေ။

 

စာအုပ်ထဲမှာ ဒီရှောင်ရှန်ရွာလေးက အလွန်အမင်းဆင်းရဲပြီး ခေါင်းဖျားလွန်းတာကြောင့် ခရီးသည်တင်ကား လုံးဝမရှိတာကို ဆုဆု ချက်ချင်းပဲ ပြန်တွေးမိသွားတယ်။

 

ရွာသူရွာသားတွေက ခရီးသွားဖို့အတွက် မြင်းလှည်း ဒါမှမဟုတ်မြည်းလှည်းကို အသုံးပြုခဲ့ကြတယ်။ နွားလှည်းတွေနဲ့ ခရီးသွားမယ်ဆိုရင်တော့ အရမ်းကိုနှေးကွေးလွန်းတာကြောင့် သူတို့တွေ အေးခဲသွားနိုင်လိမ့်မယ်။ ဒါကြောင့် ပုံမှန်အားဖြင့် ခရီးဝေးကိုအသုံးမပြုကြဘူး။

 

ရထားတစ်စင်းဖြစ်ပုံရတယ်

 

သူမ မသိအရ ပြန်ဖြေလိုက်မိတယ်။

 

ကောင်းပြီ.. ထပ်ပြီးမေးမနေနဲ့တော့ .. စားပြီးအနားယူပါစေ မနက်ဖန်ကျရင် တုံဟဲဆီမှာ ဘာလုပ်ရမလဲဆိုတာ မေးလိုက်မယ်

 

လင်းချူအန်းက စားပွဲခုံအသေးလေးတစ်လုံးကို ခမ်ပေါ်သို့တင်ပြီး ယာဂုတစ်ပန်းကန် ထည့်ပေးလာတယ်၊

 

ဆုဆုသည်လည်း အနည်းငယ်လောက် ဗိုက်ဆာနေပြီဖြစ်တာကြောင့် လင်းချူအန်းပေးလာတဲ့ ဂျုံယာဂုကို လှမ်းယူပြီး သောက်လိုက်တယ်။ ပြီးနောက် အနောက်ဘက်မှာရှိနေတဲ့ တဲထဲမှာ သူမ အနားယူလို့ရစေရန် စီစဥ်ပေးလာပြီး အထဲမှာ လူနှစ်ယောက်ခန့်နေလို့ရတဲ့ခန်ရှိနေပြီး အတော်လေးနွေးထွေးနေခဲ့တယ်။

 

ကျေးဇူးတင်ပါတယ်

 

သူမ အခုချိန်မှာ စိတ်ရှုတ်ထွေးနေရသေးပေမဲ့ လင်းချူအန်းကိုတော့ ယဥ်ကျေးစွာဖြင့် ကျေးဇူးတင်စကားပြောလိုက်တယ်။

 

တစ်ဖက်လူက ခေါင်းညိတ်ရုံသာညိတ်ပြခဲ့ပြီး နောက်တစ်ဖန်ပြန်ထွက်သွားကာ သူမရဲ့ ကျောပိုးအိတ်ကို သယ်မပေးပြီး ပြန်လာပြန်တယ်။

 

မင်းရဲ့ခေါင်းက နာကျင်လာမယ်ဆိုရင် လှမ်းအော်လိုက်လို့ရတယ်