9:
အစ်ကိုလို့ခေါ်
အာ့!
ဆုဆု သူမရဲ့
နှာခေါင်းကို လက်နဲ့အုပ်ကိုင်လိုက်မိကာ ငိုလိုက်မိိတော့မလိုပဲ။
လင်းချွမ်ရဲ့
ရင်ဘတ်က ကျောက်တုံးတွေနဲ့ ထုဆစ်ထားသလိုမျိုး မာကြောလွန်းတယ်လေ။
“......”
လင်းချွမ်က
လက်ပြတ်အင်္ကျီကိုပဲ ဝတ်ထားလျက်သားရှိနေသေးတယ်။ သူ့ရဲ့ အကြားအာရုံက
အလွန်ကောင်းတာကြောင့် ထိုမိန်းကလေး သူ့ရဲ့အိမ်ထဲသို့ သွားပြီး အထည်လက်မှတ်တွေ
ပေးနေတာကို သူ့ရဲ့ အခန်းတွင်းမှ ကြားခဲ့ရတယ်။
နယ်မြေရပ်ခြားမှ
ရောက်လာခဲ့ရတဲ့ မိန်းကလေးတစ်ယောက်ဆီမှ တစ်စုံတစ်ခုကို သူ
မယူနိုင်တဲ့အကြောင်းကိုတွေးကာ ခန်ပေါ်မှဆင်းပြီး သူမကို တားဆီးဖို့ လုပ်ခဲ့ပေမဲ့
သူမကသူရဲ့လက်မောင်းတွေကြားထဲသို့ မတော်တဆ တိုးဝင်လာခဲ့ပြီး သူ့ရဲ့ရင်ခွင်ထဲမှာ
ပွေ့ဖက်ခံလိုက်ရမယ်ဆိုတာကိုတော့ ဘယ်လိုလုပ်ကြိုသိခဲ့မှာလဲ။
သို့ပေမဲ့
သူ့ရဲ့လက်မောင်းကြားမှ ယုန်လေးလို မျက်လုံးတွေနီရဲနေတဲ့ကောင်မလေးက
အလျှင်အမြန်ပြန်ထွက်သွားပြီး :
“ကျွန်မ
အိပ်ချင်နေပြီ.. အရမ်းအေးတာပဲ”
“မင်း...”
“သမီးလေး
မင်းရဲ့လက်မှတ်တွေ...”
သူတို့တွေ
ငြင်းဆန်စကားပြောချင်နေသေးသော်လည်း သူမက သူမနေထိုင်တဲ့အိမ်ထဲကိုပြေးဝင်သွားပြီး
တံခါးကိုပါ ပိတ်ချလိုက်ပြီ။
မိသားစုသုံးယောက်ကတော့
လရောင်အောက်မှာ လက်မှတ်နှစ်စောင်ကိုကိုင်ရင်း ကျန်နေခဲ့ကြရတယ်။ ခဏလောက်ကြာတော့
အဖေလင်းက:
“မနက်ဖြန်
မနက်ကျမှ ပြောကြရအောင်”
လင်းချွမ်
ခေါင်းညိတ်ပြီး သူ့ရဲ့အခန်းဆီမှာ ပြန်အိပ်ဖို့ဝင်သွားလိုက်တယ်။
သူအိပ်ယာပေါ်မှာ
လှဲချပြီးတာနဲ့ လင်းဟိုင်က အိပ်ချင်မူးတူးနဲ့မေးလာတယ်။
“အစ်ကိုကြီး
ဘာကိစ္စရှိလို့လဲ”
“အိပ်တော့
ဘာလို့စကားတွေပြောနေသေးတာလဲ”
“အိုး”
လင်းဟိုင်
သူ့ရဲ့အစ်ကိုဘက်ကိုလှည့်လိုက်တယ်။ အခုချိန်မှာ သူနဲ့ သူ့ရဲ့အစ်ကိုက
စောင်တစ်ထည်တည်းကို အတူခြုံထားကြတာဖြစ်ပြီး သူ ထိုဘက်သို့လှည့်လိုက်တဲ့အချိန်မှာ
အပြင်ဘက်ကို ထိုးထွက်နေတဲ့ တစ်စုံတစ်ခုကိုတွေ့မြင်လိုက်ရပြီး သူ့ရဲ့အစ်ကိုကို
တီးတိုးပြောလိုက်တယ်:
“အစ်ကိုကြီး..
မင်း ဘာလို့မတ်နေရတာလဲ.. ကျွန်တော်ဆို မနက်ပိုင်းတွေမှာပဲ ခဏလောက် မတ်နေတာ..
ညဘက်တွေမှာပါ အဲလိုမတ်နေအောင် ဘယ်နှစ်နှစ်လောက်စောင့်ရမှာလဲ”
လင်းချွမ်ရဲ့
တစ်ကိုယ်လုံး အေးခဲသွားရပြီး တုံးအလွန်းတဲ့ ညီဖြစ်သူကို ကျောခိုင်းကာ
ပြောလိုက်တယ်။
“မင်းမအိပ်ရင်
မင်းကို ငါကန်ထုတ်ပစ်မယ်”
“... “
လင်းဟိုင်တစ်ယောက်
ရွေးချယ်စရာမရှိတော့ဘဲ နာခံမှုရှိစွာ အိပ်ဖို့ကိုပဲတတ်နိုင်တော့တယ်။ ဒါပေမဲ့ သူက
မေးရုံသာမေးတာဖြစ်ပြီး ညဘက်တွေမှာ ထောင်မတ်နေမှာကို တကယ်ကြီးမလိုချင်ပါဘူးနော်။
ဒါက အဆင်မပြေဖြစ်လွန်းတယ်လေ။
လင်းချွမ်သည်လည်း
သူ့ရဲ့ကိုယ်ပိုင်ပစ္စည်းကြောင့် ထိတ်လန့်သွားခဲ့ရတယ်။ နှစ်ပေါင်းများစွာအတွင်းမှာ
ဒီအရာက ပထမဆုံးအကြိမ်အဖြစ် စိတ်လိုက်မာန်ပါ ဖြစ်လာခဲ့တာဖြစ်ပြီး
တားဆီးဖို့ရာအတွက်လည်း အတော်လေးနောက်ကျသွားခဲ့ပြီ။ ဖြစ်နိုင်တာက သူ့ရဲ့အသက်အရွယ်က
ဇနီးသည်အကြောင်းကို တွေးသင့်တဲ့အရွယ်ကို ရောက်လာတာများလား?
အမ်..အဲလိုပဲဖြစ်မှာပါ။
ကံကောင်းထောက်မစွာနဲ့
သူ နှစ်ရက်အတွင်း လက်ထပ်ရတော့မှာပဲ။
သူက
ဆယ်ကျော်သက်အရွယ်ကတည်းက စစ်တပ်စခန်းမှာ နေခဲ့ရတာဖြစ်တဲ့အတွက်
ဒီလိုအကြောင်းအရာတွေကို သိပ်ပြီး မသိခဲ့ဘူး။ အနာဂတ်မှာ ဒီလို အရှက်ရစရာကိစ္စတွေကို
မတွေးဘဲနေရင် အဆင်ပြေသွားလောက်မှာပါ။
နောက်ဆုံးတော့ သူ
အိပ်ပျော်သွားခဲ့ပြီး နောက်နေ့မနက်မှာတော့ တံခါးဝနားမှာ ရှုပ်ပွနေတဲ့ ကောင်မလေးက
သူမရဲ့ မျက်နှာကို ဆေးကြောနေတာကို မြင်တွေ့လိုက်တယ်။ သူမက
မနက်မိုးလင်းနေပြီဖြစ်တာကြောင့် တံခါးကိုဖွင့်ထားခဲ့ပြီး နေရောင်ခြည်က သူမရဲ့
ကျောက်စိမ်းလို ဖြူဖွေးနူးညံ့နေတဲ့မျက်နှာလေးဆီသို့ ဖြာကျနေခဲ့ကာ သူမဆီကို
ရွှေရောင်အလင်းလွှာတစ်ခုနဲ့ လွှမ်းခြုံထားသလိုပဲ။
သူမက နောက်ကို
ပြန်လှည့်ကြည့်ချိန်မှာ လင်းချွမ်ကို တွေ့လိုက်ရတာကြောင့် လက်ကိုဝှေ့ယမ်းပြီး
နှုတ်ဆက်လာတယ်။
“မင်္ဂလာနံနက်ခင်းပါ
ရဲဘော်လင်းချွမ်”
လင်းချွမ်ရဲ့
နှလုံးခုန်နှုန်းတွေက အကြောင်းပြချက်မရှိ အနည်းငယ် မြန်ဆန်လာခဲ့ကာ
စကားတောင်ပြန်မပြောနိုင်တော့ပဲ မျက်နှာကို တစ်ဖက်သို့ လှည့်လိုက်မိတယ်။ သို့ပေမယ့်
ထိုအချိန်မှာ တစ်ဖက်မှာရှိနေတဲ့မိန်းကလေးက သူမရဲ့ နှလုံးသားမှာ
သူ့ကိုအော်ဟစ်ဆူပူနေမှန်းကိုတော့ သူမသိခဲ့လေဘူး:
သစ်သားတုံးကြီး!
နံစော်နေတဲ့ ကျောက်တုံးကြီး ရှင်က ကျွန်မကို ပြုံးပြလို့တောင် မရဘူးလား!
အမေလင်းက
အိုးကိုအဖုံးဖုံးပြီး ပြောလာတယ်။
“ဘာလို့ နာမည်ကို
ခေါ်နေတာလဲ သူ့ကို အစ်ကိုလို့ခေါ်လိုက်လေ”
“အိုး ချွမ်ကော”
ဒီလိုမျိုးခေါ်တာက
မြန်လွန်းမနေဘူးလား?
“အင်း”
လင်းချွမ်က
ဒီတစ်ကြိမ်မှာတော့ သဘောတူပြီး ထူးလိုက်တယ်။ သို့ပေမဲ့ တခြားဘာမှ ဆက်ပြောမလာပဲ
စားပွဲကိုသာရွှေ့ကာ စားစရာတွေကို စားပွဲပေါ်သို့တင်လိုက်တယ်။ ဒီနေ့မှာ အဖွဲ့အတွင်း
အလုပ်သိပ်မများတာကြောင့် သူတို့မိသားစုလည်း အလုပ်ကိုမသွားတော့ဘဲ လက်ထပ်ပွဲအတွက်
ပြင်ဆင်ဖို့ တွေးထားခဲ့ကြတယ်။
စားသောက်ပြီးသွားချိန်မှာ
အမေလင်းက အထည်လက်မှတ်နှစ်ခုကို ထုတ်ယူပြီး ဆုဆုဆီကို ပြန်ပေးလာတယ်။
“သမီးလေး
မင်းကကြင်နာတတ်တယ်ဆိုတာကို ငါတို့သိပါတယ်.. ဒါပေမယ့် မင်းရဲ့လက်မှတ်ကိုတော့
ငါတို့လက်မခံနိုင်ဘူး”
“ဒါပေမယ့် ကျွန်မ
သိမ်းထားရင်လည်း ကျွန်မအတွက် အသုံးမဝင်ဘူးလေ.. အန်တီတို့ဆီမှာ
အရေးပေါ်လိုအပ်နေတာဖြစ်လို့ သုံးလို့ရပါတယ်.. နောက်မှ ကျွန်မကို ပြန်ပေးလို့ရတယ်လေ”
ဆုဆုက
ဒီလိုအရာတွေကို တကယ်ဂရုမစိုက်ခဲ့သလို မျက်စိထဲကိုလည်း မထည့်ခဲ့ဘူး။
“ဒါပေမယ့်
ဒီအထည်လက်မှတ်နှစ်စောင်က ငါတို့မိသားစုအတွက် အထည်တွေဝယ်ဖို့ အရမ်းများလွန်းနေတယ်”
အမေလင်းက
ဒီမိန်းကလေးမှာ ဒီလောက်ထိတန်ဖိုးကြီးတဲ့ ထိပ်ဆုံးအဆင့်
လက်မှတ်မျိုးရှိနေလိမ့်မယ်လို့ မျှော်လင့်မထားခဲ့ဘူး။ ဒါကို
လက်ထပ်ဖို့အတွက်သုံးဖို့ကိုထားလိုက်ဦး။ တစ်နှစ်လုံးစာအတွက်
အဝတ်အထည်တွေကိုဝယ်ယူရင်တောင် ပြန်အမ်းတာကို ထုတ်ယူနိုင်သေးတယ်။
ဆုဆု အဲဒါကို
လှမ်းယူလိုက်ပြီး ကြည့်လိုက်တယ်။ မြို့အတိုင်းနှစ်ဆယ်ပေပဲ။ တကယ်တမ်းမှာ လက်မှတ်က
အဝတ်စ ဆယ်မီတာလောက် ရရှိလိမ့်မယ်။
“ဒါဆို ကျွန်မ
အသေးနဲ့ ပြောင်းလိုက်မယ်လေ”
ဆုဆု တွေးရင်းနဲ့
ဆယ်မီတာ အထည်လက်မှတ်ကို သူမရဲ့အိမ်ဆီပြန်ယူလိုက်တယ်။ လင်းမိသားစု တစ်အိမ်လုံးကတော့
ဒီမိန်းကလေးဆီမှာ လက်မှတ်ဘယ်နှစ်စောင်လောက်တောင်ရှိတာလဲလို့ တွေးနေခဲ့ကြပြီ။
လင်းချွမ်က
မိသားစုတစ်ခုလုံးရဲ့ သံသယကို ခံစားမိတာကြောင့် ချက်ချင်းပဲ ဆုဆုအတွက်
ဖြေရှင်းပေးလိုက်တယ်။
“သူ့မှာ
ဝင်ငွေလက်မှတ်ရှိပြီး ဘာသာပြန်အလုပ်တွေလည်း လုပ်ခဲ့တယ်လေ”
ယခုအချိန်က
နိုင်ငံခြားဘာသာစကားကို နားလည်တဲ့သူ အလွန်နည်းပါးနေတာကြောင့် ဘာသာပြန်တဲ့အလုပ်က
ကောင်းမွန်တဲ့ပစ္စည်းတွေ အများကြီးကို စုဆောင်းနိုင်လိမ့်မယ်။
“သြော်
တက္ကသိုလ်ကျောင်းသားတွေက အံ့သြစရာပဲ”
အမေလင်းက
ပြောလာတယ်။
“မင်းရဲ့ချွေးမ
ကောလိပ်တက်တဲ့အချိန်ကျရင်လည်း ကောင်းကောင်းထောက်ပံ့ပေးရမယ်.. အဲဒီအချိန်ရောက်ရင်
ငါတို့မှာလည်း ငွေတွေစုဆောင်းနိုင်တဲ့ ကောလိပ်ကျောင်းသူတစ်ယောက် ရှိလာလိမ့်မယ်”
လင်းချွမ်
မျက်မှောင်ကြုတ်လိုက်ပေမဲ့ ပြန်မဖြေခဲ့ဘူး။ သူ့ရဲ့မိသားစုက တကယ်ကို
အတွေးလွန်လွန်းနေတယ်လို့ သူခံစားရတယ်။ ထိုမိန်းကလေးက ကျေးလက်ဘဝကို
ဘယ်တုန်းကမှမကြိုက်ခဲ့ဘူး။ သူမသာ တက္ကသိုလ်တက်ခဲ့ရရင် ဒီကိုပြန်မလာတော့မှာကိုတောင်
စိုးရိမ်မိတယ်။ တကယ်လို့ သူက စစ်တပ်ထဲမှာ သူမအတွက်ပါ နေစရာလျှောက်မယ်ဆိုရင်တောင်
စစ်တပ်က မြို့နဲ့ ဝေးနေတာက သူမက အဲဒီကို မသွားချင်လောက်ဘူး။
မေ့လိုက်ပါတော့။
နောက်မှပဲပြောကြတာပေါ့။
ခဏကြာတော့ ဆုဆုက
မြို့အတိုင်းငါးမီတာ အထည်လက်မှတ်တစ်စောင်နဲ့ အသား လက်မှတ်တစ်စောင်ကို ယူလာခဲ့တယ်။
“ဒါက ကျွန်မ ဒီနေ့
အသားစားချင်နေလို့ပါ.. ဒါကြောင့် အသားလက်မှတ်ကိုပါ ထုတ်ယူခဲ့တာ အဲဒါကို
မငြင်းနဲ့နော်”
“သမီးလေး ငါတို့
မင်းကို ဘယ်လိုပြန်ပေးရမလဲ”
“ဒါကို
စိတ်ထဲမထားပါနဲ့ ကျွန်မက ဒီမှာ အကြာကြီးနေရဦးမှာဖြစ်ပြီး ဟင်းချက်နည်းကိုလည်း
မသိဘူးလေ.. ဒါကြောင့် အန်တီနဲ့ ဦးလေးကိုပဲ ဒုက္ခပေးရဦးမှာ”
ဆုဆုအနေနဲ့
အမျိုးသားအရံဇာတ်ကောင်ကို အမျိုးသမီးဇာတ်လိုတ်နဲ့ လက်ထပ်မယ့်အကြောင်းကို အမှန်တကယ်
မထောက်ခံဘူးဆိုပေမဲ့ သူမအနေနဲ့ ဒီလိုလူကောင်းတွေကို မခံစားစေရအောင်
အရင်လုပ်ချင်ပြီး သူမရဲ့တည်နေရာကိုလည်း အရင်တည်ငြိမ်အောင် ထိန်းထားချင်သေးတယ်။
“အင်း”
ကောင်းပြီ။
ဒါနဲ့ဆို လက်ထပ်ပွဲအတွက်အဆင်ပြေပြီ။
သူတို့မိသားစုတွေ
စကားပြောနေစဥ်မှာပဲ အိမ်အပြင်မှ တစ်စုံတစ်ယောက် ဝင်လာတဲ့အသံကိုကြားလိုက်ရတယ်။
မကြာခင်အချိန်အထိ
မတုန်မလှုပ်နဲ့သစ်သားတုံးကြီးလိုမျိုး ငုတ်တုတ်ထိုင်နေတဲ့ လင်းချွမ်က
ထိုအသံကိုကြားလိုက်ရသည်နှင့် ချက်ချင်းပဲ လက်မှတ်နှစ်စောင်ကို
သူ့ရဲ့အင်္ကျီအိတ်ကပ်ထဲသို့ ကောက်ထည့်ပြီး သိမ်းလိုက်ကာ တီးတိုးပြောလာတယ်။
“ပိုင်ဆိုင်မှုတွေကို
ထုတ်ဖော်မပြသင့်ဘူး.. အိမ်ကလူတွေကလွဲရင် အပြင်လူကိုမသိစေနဲ့”
“အိုး အိုး”
သူမက
အရံဇာတ်ကောင်ကို ထုံထိုင်းပြီး တုံးအတယ်လို့ ထင်ခဲ့ပေမဲ့ အခုလေးတင်
မြန်ဆန်စွာလှုပ်ရှားမှုနဲ့ စူးရှတဲ့မျက်လုံးတွေက အရင်တုန်းကလို တုံးအတယ်လို့
မထင်ရစေဘူး။
အမျိုးသားတွေကို
ရှုထောင့်မျိုးစုံကကြည့်သင့်တယ်။ ဆုဆုအနေနဲ့တစ်ဖက်လူရဲ့ အခုလေးတင်လှုပ်ရှားမှုက
အတော်လေးယောကျာ်းပီသတယ်လို့ ရှင်းမပြနိုင်စွာ ခံစားမိခဲ့တယ်။
ထိုအချိန်မှာပဲ
အမျိုးသားဇာတ်လိုက် လင်းတုံဟဲက အိမ်ထဲကိုရောက်ရှိလာခဲ့တယ်။
“လူတိုင်း
ဒီမှာရှိနေတာပဲ.. ရဲဘော်ဆုဆု ငါတို့တွေ မင်းအတွက်
ကြိုဆိုပွဲလေးလုပ်ဖို့စီစဥ်ထားတယ်.. ငါ မင်းကိုလာကြိုပေးတာ”
“ ကျွန်မ ရှင်ကို
ဒုက္ခမပေးချင်ပါဘူး ကျွန်မအတွက် ဘာလို့ကြိုဆိုပွဲတွေ လုပ်နေကြတာလဲ”
“အခြားကိစ္စတစ်ခုခုရှိနေလို့လား?”
လင်းချွမ်
ဝင်မေးလာတယ်။
“မရှိဘူး အားလုံးက
တက္ကသိုလ်ကျောင်းသားနဲ့ တွေ့ချင်နေကြလို့လေ.. ငါတို့ရွာက ဘယ်သူမှ မရှိသေးဘူးမလား”
လင်းတုံဟဲက
ပြုံးပြီးပြောလာခဲ့တယ်။
ဒါပေမယ့်
ဆုဆုကတော့ ရယ်စရာလို့မထင်ခဲ့ဘဲ အောက်နှုတ်ခမ်းကို အသာဖိကိုက်ရင်း ပြောလိုက်တယ်။
“ကောင်းပါပြီ
ကျွန်မ အင်္ကျီလဲလိုက်ဦးမယ်”
ပြီးနောက် သူမရဲ့
အခန်းထဲသို့ပြန်ဝင်သွားခဲ့ပြီး အဝတ်အစားတွေလဲဝတ်လိုက်တယ်။
အပေါ်ထပ်ကုတ်အင်္ကျီကလွဲရင်
ကျန်တဲ့အဝတ်အစားတွေက နည်းနည်းလောက်ညစ်ထေးနေတယ်လို့ထင်ရပေမယ့်
အနီးကပ်မကြည့်ဘူးရင်တော့ ပြောဖို့ခက်ခဲလိမ့်မယ်။
ဒါပေမယ့်
သူမအပြင်ကိုထွက်လာချိန်မှာ လင်းချွမ်ကလည်း
သူမရဲ့နောက်မှာလိုက်လာတာကိုတွေ့လိုက်ရတယ်။ သူမ အနည်းငယ်အံ့သြသွားရသလို
အနောက်ကိုပြန်ကြည့်ရင်း စိတ်ရှုပ်ထွေးနေခဲ့တယ်။
လင်းချွမ်ကတော့
ရှင်းပြခြင်းမရှိပါဘဲ ခေါင်းကိုသာ တစ်ဖက်သို့လှည့်ကာ တိတ်တဆိတ်
အနောက်ကနေလိုက်လာခဲ့တယ်။
ဆုဆုသည်လည်း
သူ့ရဲ့အကျင့်တွေကို နေသားကျနေပြီ။ လင်းတုံဟဲကတော့ သူမကို လမ်းတစ်လျှောက်လုံးသူမကို
စကားပြောရင်း ရယ်မောကာ ဘေးကနေလျှောက်လာခဲ့တယ်။
အမျိုးသားဇာတ်လိုက်ရဲ့ပုံစံက
ငယ်ငယ်လေးကတည်းက ကျေးလက်ဒေသမှာ နေထိုင်ခဲ့သူနဲ့ မတူညီဘဲ လူတွေနဲ့
သာမန်အတိုင်းပေါ့ပေါ့ပါးပါးပြောဆိုဆက်ဆံနိုင်တယ်။ ဒီတော့ မင်းအနေနဲ့
သူနဲ့ဘယ်အရာကိုမဆို စိတ်လက်ပျော်ရွှင်စွာ ပြောဆိုနိုင်မဲ့လူလိုမျိုးပဲ။
သို့ပေမဲ့ သူ့ရဲ့
စုံစမ်းမေးမြန်းခြင်းတွေကတော့ အတော်လေးများပြားတယ်။
ခဏလေးအတွင်းမှာပဲ
သူက ဆုဆုကို အသက်ဘယ်လောက်ရှိပြီလဲဆိုတာနဲ့ ပါတနာတစ်ယောက်ရှိနေပြီလားဆိုတာတွေကို
မေးပြီးနေပြီ။
လင်းချွမ်ကတော့
အနောက်ဘက်မှ မျက်မှောင်ကြုတ်ရင်း လိုက်ပါဘာခဲ့တယ်။ ဒီကလေးမက ရိုးသားလွန်းတာကြောင့်
မပြောသင့်တဲ့ စကားတွေကို ပြောလိုက်မှာကိုလည်း သူစိုးရိမ်နေရတယ်။
ကံကောင်းထောက်မစွာနဲ့
သွားရတဲ့အကွာအဝေးက တိုတောင်းပြီး မျက်စိတစ်မှိတ်အတွင်းမှာပဲ ရွာရဲ့
တပ်စခန်းဆီကိုရောက်လာခဲ့တယ်။