24: စနောက်
ကျီစယ်ခြင်း
အမေလင်းက
သူ့သားအတွက် အရာရာတိုင်းကို တွေးတောတတ်တဲ့ မိခင်ကောင်းတစ်ယောက်လို့ ဆိုနိုင်တယ်။
“ဒါဆို
နာရီမဝယ်နဲ့ ..အပ်ချုပ်စက်ဝယ်ရအောင်”
အမေလင်းက ဆုဆုကို
တခြားလူတွ မစော်ကားနိုင်ဖို့အတွက် တွေးတောပေးခဲ့တယ်။ နောက်ဆုံးမှာ သူမက သူ့သားကို
အတွေးရှိခဲ့တာဆိုရင်တောင် လင်းမိသားစုအတွက်လည်း မျက်နှာဆယ်ပေးခဲ့တာပဲလေ။
သူမကြောင့်သာ မဟုတ်ဘူးဆိုရင် သူမရဲ့ငတုံးသားလေးက တခြားလူတွေထံမှာ
ကြိမ်းမောင်းပြောဆိုခြင်းကို ခံနေရလောက်ပြီ။
လင်းချွမ်က
ချက်ချင်းခေါင်းညိတ်ပြီး သဘောတူလိုက်တယ်။ ဒါကိုရဖို့က နည်းနည်းတော့ခက်ပေမယ့်
ဒီတစ်ကြိမ်တော့ ရအောင်ယူသင့်တယ်..။
“မား ..
အပ်ချုပ်စက်က ရှားပါးလာလို့ လူတန်းရှည်ကြီး ဖြစ်မှာကိုတော့ စိုးရတယ်”
ထို့နောက်
ဆုဆုဆီသို့ အားနည်းတဲ့လေသံနဲ့ လှမ်းပြောလာခဲ့တယ်။
“ကိုယ် မင်းကို
မကြာခင်တစ်ခုရအောင် လုပ်ပေးမယ်နော် ဟုတ်ပြီလား”
ဒါက
ကြင်စဦးဇနီးမောင်နှံများအတွက်တော့ ကြီးမားသောကိစ္စပဲ။ လက်ဖွဲ့အတွက်ပစ္စည်းကို
ဝယ်ယူဖို့ နှောင့်နှေးနေတယ်ဆိုတာက သတို့သမီးကို လေးစားမှုမရှိဘူးဆိုတဲ့
အဓိပ္ပါယ်မျိုးဖြစ်စေတယ်လေ။
ဒါပေမယ့်
ဆုဆုကတော့ ထိုအရာတွေကို ဂရုမစိုက်လေဘူး။ သူမက အပ်ချုပ်စက်ကို
ဘယ်လိုသုံးရမှန်းကိုလည်း မသိသေးတဲ့အတွက် လက်ကိုဝှေ့ယမ်းပြီး ပြောလိုက်တယ်။
“ရပါတယ်.. ကျွန်မ
အရေးတကြီး မလိုအပ်ပါဘူး”
“ဟေး သမီးလေး
မင်း ဘာလို့ ဒီလိုပြောရတာလဲ...”
သူမက အလွန်ကို
သတိကင်းမဲ့လွန်းပြီး သူ့ကိုယ်သူ လုံး၀ မတွေးလေဘူး။
အမေလင်း
တွေးနေတာတွေကို ဆုဆုက မမြင်ဘဲ ဘယ်နေပါ့မလဲ။ ဒါပေမဲ့ သူမအတွက်တော့ ဒါတွေကို
ငြင်းလို့မရနိုင်ဘူးလို့ ထင်နေလို့သာ လက်ခံရမှာလေ။ ဒါကို သူမက ဘာအတွက်
တိုက်ခိုက်နေရမှာလဲ။
သူမရဲ့လက်ထဲမှာ
ပိုက်ဆံတွေ အများကြီးရှိပြီး အမျိုးသားဇာတ်ပို့လို လူကောင်းတစ်ယောက်နဲ့
လက်ထပ်ပြီးရင် ဘာမှ စိတ်ပူစရာ မလိုတော့ဘူးမလား။ ဇာတ်ကွက်အရ အမျိုးသား ဇာတ်ရံရဲ့
အခန်းကဏ္ဍကို မကြာမီတိုးမြှင့်ပေးလာတော့မှာဖြစ်ပြီး သူ့အတွက် ထောက်ပံ့ကြေးကလည်း
တိုးမြှင့်ပေးခံရတော့မှာပဲလေ။
ဒါပေမယ့်
ဇာတ်လိုက်မက ကျောင်းမှာ ပွဲတွေအများကြီးထဲကို ပါဝင်ဖို့အတွက်
ပိုက်ဆံအများကြီးလိုတာကြောင့် အရံဇာတ်ကောင်ဆီကို စာရေးပြီးပို့ခဲ့တယ်။
အမျိုးသားအရံဇာတ်ကောင်ကလည်း အမှန်တကယ်ပေးခဲ့ကာ လင်းမိသားစုအတွက်တော့ ယွမ် ၂၀ကိုသာ
ပေးနိုင်ခဲ့တယ်။ သို့ပေမယ့် ဒီရွာထဲမှာတော့ ထိုယွမ်နှစ်ဆယ်ကြောင့် ရွာသားတွေဆီမှာ
တစ်နှစ်ပတ်လုံး မနာလိုဖြစ်ခံခဲ့ကြရတယ်။
သို့သော်လည်း
သူတို့ လုံးဝမသိခဲ့ကြတာက ဇာတ်လိုက်မက ထိုအချိန်တုန်းက အမျိုးသာ အရံဇာတ်ကောင်ထံမှ
ယွမ် ၂၀၀ လောက်ကို တောင်းယူသွားပြီး ပွဲအတွက် ရန်ပုံငွေတွေ၊ အဝတ်အစားနဲ့
ကျောပိုးအိတ်တွေကို ပြင်ဆင်ခဲ့တယ်ဆိုတာကိုပဲ။ ဖော်ပြချက်ထဲမှာ သူမက
အမျိုးသားအရံဇာတ်ကောင်ကို အလွန်ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သော်လည်း
လက်တွေ့မှာတော့ အနည်းငယ်မျှတောင် စိတ်ထဲသို့မထည့်ခဲ့ဘူး။
ဆုဆု
ခေါင်းကိုခါရမ်းလိုက်ပြီး ထိုအကြောင်းကို ထပ်ပြီးမစဉ်းစားတော့ဘူး။ ဒီနေ့
မြို့ကိုသွားရမှာဆိုတော့ လင်းချွမ်ကို သူမအတွက် အမှတ်တရအဖြစ်
တစ်ခုခုဝယ်ခိုင်းရမယ်။ ရုတ်တရက် လင်းမိသားစုအိမ်နဲ့ အနောက်ဘက်ကအိမ်နှစ်အိမ်လုံးမှာ
မှန်တစ်ချပ်တောင် မရှိဘူးဆိုတဲ့အကြောင်းကို တွေးလိုက်မိတယ်။ သူမ ဒါက တကယ်ပဲ
ကျင့်သားမရနေခဲ့ဘူး။ ဒါကြောင့် လင်းချွမ်ကို လှမ်းပြောလိုက်တယ်။
“ရှင် ကျွန်မကို
မှန်တစ်ချပ်ဝယ်ပေးရင် ဘယ်လိုလဲ ပိုပြီးကြီးတာလေးတစ်ခုလိုချင်တယ်”
“အင်း ကောင်းပြီ”
လင်းချွမ်ရဲ့
လည်ပင်းက လှုပ်ရှားသွားရတယ်။ သူတို့ရဲ့ လက်ထပ်ထိန်းမြားဖို့ အတွက်
အလျင်စလိုစီစဥ်ခဲ့ကြရပေမဲ့ တစ်ဖက်လူက သူ့ကို အမှန်တကယ် ချစ်နေတာများလား။
တခြားဘာကိုမှ ထည့်မပြောရင်တောင် ဒီလို ရုပ်ရည်နဲ့
ဒီလိုအရည်အချင်အကျင့်စရိုက်တွေရှိနေတဲ့ အမျိုးသမီးလေးမျိုးက သူရွေးချယ်ခွင့်ရှိနေတာမျိုးမဟုတ်ဘူး။
အနာဂတ်မှာ သူ သူမကို ကောင်းကောင်းဂရုစိုက်သွားရမယ်။
သူက
သူ့အတွက်ချွေးမလေးကို ဘယ်လိုချစ်ရမှန်းလည်း မသိသလို ခေါင်းဆောင်ကလည်း
သူ့ကိုသင်ပေးခဲ့ခြင်းမရှိဘူး။ ဒီတော့ သူ ဘာလုပ်ရမလဲဆိုတာကိုလည်း သိမနေခဲ့ဘူး။
ဒါပေမယ့် အနာဂတ်မှာ သူမက အိမ်ရဲ့ကိစ္စတွေမှာ
နောက်ဆုံးပြောဆိုခွင့်ရှိသူဖြစ်လာလိမ့်မယ်။
လင်းချွမ်တစ်ယောက်
စိုးရိမ်ထိတ်လန့်ပြီး စိတ်လှုပ်ရှားစွာနဲ့ သူ့ဘာသာသူ
လျှို့ဝှက်ပြီးဆုံးဖြတ်ချက်တစ်ခုကို ချလိုက်ပြီးနောက် ဆုဆုကို နယ်မြို့လေးဆီသို့
ခေါ်သွားဖို့အတွက် မြည်းလှည်းတစ်စီးကိုငှားရမ်းလိုက်တယ်။
လှည်းပေါ်မှာ
သူတို့နှစ်ယောက်သာရှိနေခဲ့သော်လည်း လင်းချွမ်က လမ်းတစ်လျှောက်လုံး စကားတစ်ခွန်းမှ
ပြောမလာခဲ့ပဲ သူ့ရဲ့မျက်နှာပေါ်မှ ချွေးတွေကတော့ မိုးရွာနေသလိုမျိုး
စီးကျနေခဲ့တယ်။
ဒီတောင်ပေါ်မှာ
မည်သူမှလည်းရှိမနေခဲ့ပေမဲ့ နားမလည်နိုင်တဲ့ အကြောင်းတစ်ခုခုကြောင့် သူ
အလွန်အမင်းစိတ်လှုပ်ရှားနေခဲ့တယ်။
ဆုဆု
သူ့ရဲ့နောက်ကျောက အနည်းငယ်လောက် တောင့်တင်းနေတယ်လို့ ခံစားမိတာကြောင့်
လှမ်းခေါ်လိုက်တယ်။
“လင်းချွမ်”
“ရှိ!”
ဟိန်းဟောက်သံတစ်ခုလိုအော်လိုက်မိပြီးမှ
လင်းချွမ် သူ့ရဲ့အသံကို ချက်ချင်း ချိန်ညှိလိုက်တယ်-
“အင်း
တစ်ခုခုလိုလား”
“ကျွန်မရဲ့ခြေထောက်တွေ
ထုံနေလို့ .. ရှင့်ရဲ့ ကုတ်အင်္ကျီကို ခြုံထားလို့ရမလား”
“ရတယ်လေ”
ထို့နောက်
သူ့ရဲ့ခြေထောက်နှစ်ဖက်က အလုံထုတ်ခံလိုက်ရတယ်။
သူမရင်ထဲမှာ
နွေးထွေးမှု ခံစားရပြီး လက်ကိုဆန့်ထုတ်ပြီး အဝတ်အနားစကို လှမ်းဖိလိုက်တယ်။
“လင်းချွမ်
ရှင့်ကိုလက်ထပ်ဖို့အတွက် ကျွန်မဘက်က အရင် အစပြုလို့ ကျွန်မက
ရှက်စရာကောင်းတယ်လို့ထင်လား”
ဆုဆုအနေဖြင့်
လင်းချွမ်က သူမကို လက်ထပ်ဖို့ ဆန္ဒရှိတယ်လို့ထင်ပေမဲ့ အတပ်မပြောနိုင်တဲ့အတွက်
မေးမြန်းလိုက်တယ်။
လင်းချွမ်
ကြာပွတ်ကို လှုပ်ရမ်းရင်း ပြန်ဖြေလိုက်တယ်။
“မင်းက
အများကြီးကောင်းတဲ့ မိန်းကလေးပဲ.. အရှက်မရှိတဲ့သူ မဟုတ်ဘူး”
ဆုဆု
ရယ်မောလိုက်ပြီး :
“ကျွန်မက
တကယ်လက်ထပ်ဖို့ သတ္တိရှိတယ်ဆိုတာနဲ့ ရှင်ကလည်း တကယ်လက်ထပ်ရဲတာပဲလား.. ကျွန်မ
ဘယ်နေရာကနေ လာတာလဲဆိုတာကိုတောင် ရှင် မသိဘူးလေ.. ဒါမှမဟုတ် ကျွန်မမှာအရင်တုန်းက
လက်တွဲဖော်ရှိခဲ့ပြီး ရှင့်ကို အသုံးချရုံပဲဆိုရင် ဘယ်လိုလုပ်မလဲ”
“
ဒီလိုအရာမျိုးဆိုရင် အမျိုးသမီးတွေကသာ နာကျင်ခံစားရမှာလေ .. ကိုယ်က
ယောကျ်ားတစ်ယောက်ပဲ”
ထို “ကိုယ်က
ယောကျ်ားတစ်ယောက်ပဲ” ဆိုတဲ့ စကားက
ဆုဆုရဲ့ ဖရိုဖရဲနဲ့အတွေးလွန်နေတဲ့ နှလုံးသားကို ငြိမ်သက်သွားစေပုံရတယ်။
ဒီအမျိုးသားအရံဇာတ်ကောင်က
တကယ့်ကို ယောကျာ်းတွေထဲမှာမှ ကောင်းမွန်လွန်းတဲ့ ယောက်ျားတစ်ယောက်ဖြစ်ကာ
တာဝန်ယူတတ်မှု၊ ချစ်ခင်ကြင်နာတတ်မှုတွေနှင့် ဖြောင့်မတ်တည်ကြည်မှုတွေ အပြည့်ရှိတဲ့
လူပဲ။
သူမ
အရှေ့ကိုတိုးပြီး လင်းချွမ်ကို မှီထိုင်လိုက်တယ်။
“ဒါဆို
ကျွန်မရဲ့ရွေးချယ်မှု မှန်ကန်တယ်တဲ့အကြောင်းကို ရှင်သက်သေပြရမယ်”
“ကောင်းပြီ”
လင်းချွမ်က
သူမကြောက်နေတာကိုသိနေခဲ့တယ်။ အကြောင်းရင်းက ထိုအချိန်တုန်းက
အလွန်ရှုပ်ထွေးနေခဲ့တာကြောင့် သူမက သူ့ကို လက်ထပ်မယ်လို့ ပြောခဲ့တာဆိုပေမဲ့
နောက်ပိုင်းမှာတော့ သူမ နောင်တရလာလောက်မှာပဲ။ ဒါပေမဲ့ သူက လက်ထပ်ဖို့ကို
သဘောတူထားခဲ့ပြီလေ။ လက်ထပ်ပြီးတဲ့နောက် သူမ နောင်တမရစေဖို့အတွက်ညသူ
အတတ်နိုင်ဆုံးကြိုးစားရမယ်။
မကြာခင်မှာပဲ
သူတို့နှစ်ယောက် နယ်မြို့ဆီကို ရောက်သွားခဲ့ကြတယ်။
သူမ ဒီကို
နောက်ဆုံးအကြိမ်ရောက်တုန်းက လှည့်ပတ်ကြည့်ခဲ့တဲ့အတွက် အတော်ရင်းနှီးနေပြီ။
ဒါကြောင့် အများသူအရောင်းဆိုင်တွေဆီကို တစ်ခါတည်း သွားခဲ့တယ်။
လင်းချွမ်ကလည်း
အတော်လေးထူးဆန်းတဲ့ လူပဲ။ သူတို့နှစ်ဦးသား မြည်းလှည်းပေါ်မှာတုန်းက
တစ်ယောက်ကိုတစ်ယောက်မှီတွယ်ပြီးနေခဲ့ကြပေမဲ့ လူများတဲ့နေရာကိုရောက်လာတဲ့အချိန်မှာ
သူမနှင့် အကွာအဝေးခြားပြီးနေခဲ့လေတယ်။
ကောင်းပြီ။
ခေတ်မီတဲ့ မိန်းကလေးတစ်ယောက်အနေနဲ့ မင်းမှာ ရည်းစားရှိရင် ကြွားဝါပြချင်မှာပဲလေ။
ထိုလူက ချောမောပြီး စစ်သားတစ်ယောက်ဖြစ်နေတာကိုတော့ ထည့်မပြောနဲ့ဦး။
သူဘယ်ကိုသွားသွား မျက်စိဖမ်းစားနိုင်တဲ့ ရှုခင်းတစ်ခု ဖြစ်လာမှာပဲ။
သို့သော်လည်း
အခုချိန်မှာတော့ သူက အခုချိန်မှာ အဝေးမှာ ပုန်းရှောင်နေကာ သူမကို လက်ကို
ဆုပ်ကိုင်ထားဖိုတောင် ခွင့်မပြုခဲ့ဘူး။ သူမကိုလည်း မထိပါပဲ ပစ္စည်းများကိုသာ
သယ်ပိုးပြီး ပိုက်ဆံတွေကိုအလျှင်အမြန်ထုတ်ပေးနေခဲ့တယ်။
ပိိုက်ဆံချေပေးပြီးတာနဲ့
ခြေလှမ်းနှစ်လှမ်းစာလောက် ချက်ချင်းဆုတ်ခွာလိုက်ကာ အဝေးကိုပဲ ကြည့်နေပြန်တယ်။
ဆုဆုကတော့
ဒီလိုမျိုးသာ ဆက်ရှိနေရင် အပြင်လူတွေက သူတို့နှစ်ယောက်ကို
ဘာမှမသက်ဆိုင်တဲ့လူတွေလို့ ထင်နေကြတော့မှာပဲလို့ တွေးလိုက်မိတယ်။
သူတို့နှစ်ယောက်က
သက်ဆိုင်တဲ့သူတွေဖြစ်မှန်းထင်ရှားနေပါရက်နဲ့ သူတို့တွေက ဝေးကွာလွန်းနေပြီး
တစ်စုံတစ်ခုဆွေးနွေးဖို့အတွက်တောင်မလုပ်နိုင့ဘူး။
မှန်တွေရောင်းတဲ့
နေရာကို ရောက်တော့ အရောင်းသမားက မော့ကြည့်လာခြင်းမရှိဘဲ ပြောလာတယ်။
“ရဲဘော်
မှန်ဝယ်ချင်တယ်ဆိုရင် စက်မှုလက်မှတ်လိုတယ်”
“လက်မှတ်”
သူမမှာရှိပေမယ့်
ယူလာဖို့မေ့သွားခဲ့တယ်။
ထို့နောက်မှာတော့
သူမရဲ့လက်ထဲသို့ ဆယ်ယွမ်တန်တဲ့ လက်မှတ်တစ်စောင်ရောက်ရှိလာခဲ့တယ်။
“အကြီးကြီးလိုချင်လို့
ဘယ်လောက်လဲ”
“ငါးယွမ်”
ဖူး.. ဒါဆို
မှန်အကြီးက ငါးယွမ်ပဲ တန်တာလား?
ဒါပေမယ့်
အရောင်းသမားက မော့ကြည့်မလာပဲ ပြောလာပြန်တယ်။
“ရှိလား..မရှိရင်
နောက်တစ်ယောက်လာမယ်”
ဒီလိုသဘောထားမျိုးက
ဘာလဲ။
ဆုဆု
ဒေါသထွက်ချင်လာသော်လည်း ရုတ်တရက် အသံတစ်ခုကို ကြားလိုက်ရလေတယ်။
အမှန်ပဲ။ ဒါက
ပြင်းထန်တဲ့ ရိုက်ချက်တစ်ခုဆီမှထွက်ပေါ်လာခဲ့တာ။ အဲဒီနောက်မှာတော့ အရောင်းဝန်ထမ်း
ကောင်တာမှ အသံပြင်းပြင်းကြောင့်မော့ကြည့်လာပြီး ချက်ချင်းပဲ ရယ်မောလာတယ်။
“ဟဲလို
ရဲဘော်စစ်သား.. ကျွန်တော် မမြင်လိုက်လို့ပါ.. ဘာလိုချင်တာများလဲ”
“ငါ့ရဲ့ ပါတနာက
မှန်တစ်ချပ်ဝယ်ချင်နေတယ်”
“ဟေး ရတာပေါ့..
ငါမင်းအတွက် ချက်ချင်းပြပေးမယ်”
ယိုး။
ငါ့ရဲ့ကောင်လေးက အတော်လေးကြမ်းတမ်းတာပဲ။ ဒါအပြင် သူက သူမကို
သူ့ရဲ့အပိုင်ဖြစ်ကြောင်း ထုတ်ဖော်ပြောလိုက်သေးတယ်။
ဆုဆု
အနည်းငယ်စိတ်လှုပ်ရှားသွားပြီး အနီရောင်ဘောင်ပါရှိတဲ့ မှန်ကို
တိုက်ရိုက်ဝယ်လိုက်တယ်။ ထိုမှန်က အလွန်ကျယ်တာမျိုးမဟုတ်ပေမဲ့ ကျဥ်းလည်း
မကျယ်းနေခဲ့ဘူး။ လူတစ်ကိုယ်လုံးကို ကောင်းကောင်းလေးကြည့်နိုင်တယ်။
ဒါမျိုးက
အခုချိန်မှာ ဝယ်ယူဖို့အတွက် တကယ်ကို ခက်ခဲလိမ့်မယ်။
ဒါပေမယ့်
အပြင်ကိုထွက်လာချိန်မှာတော့ လင်းချွမ် မှန်ကို ကားထဲသို့ ထည့်နေတာကို ကြည့်ပြီး
ပြောလိုက်တယ်။
“သူတို့ရဲ့
သဘောထားက အရမ်းဆိုးတာပဲ.. ကျွန်မ ဒေါသထွက်လုနီးပါး ဖြစ်သွားရတာ”