34: အစ်မကြီး
ထို့အပြင်လင်းချွမ်ဆိုတာက
ဒီရွာမှာ ကြီးပြင်းခဲ့သူဖြစ်ပြီး နောက်ပိုင်းမှာ နှစ်ပေါင်းများစွာ
စစ်သားအဖြစ်တာဝန်ထမ်းဆောင်ခဲ့တယ်။ သူရဲ့စိတ်ဓာတ်တွေက စစ်တပ်ထဲမှာ
သင်ကြားခံခဲ့ရပြီးပြီဖြစ်သလို သူ့ရဲ့ပင်ကိုယ်စရိုက်ကလည်း
ရည်မွန်ကောင်းမွန်လွန်းတယ်။ ဒီလိုလူမျိုးက လိမ်ညာမှာမဟုတ်ဘူး။
လူတိုင်းက
အချိန်ခဏအတွင်းမှာပဲ သူ့ကို ယုံကြည်သွားခဲ့ကြပြီး ချင်ယွဲ့ယွဲ့က
ကောလိပ်ဝင်ခွင့်ရသွားလို့
လင်းချွမ်ကိုလက်မထပ်ချင်တော့တဲ့အကြောင်းသဘောပေါက်သွားကြတယ်။ သူမက
လက်မထပ်ချင်ခဲ့ရုံတင်မကဘဲ တစ်ဖက်လူကိုပါ ဆွဲချချင်ခဲ့သေးတယ်။
လင်းချွမ်ရဲ့အသက်က
အခုချိန်မှာ
အိမ်ထောင်ပြုသင့်တဲ့ကာလရဲ့နောက်ပိုင်းကိုရောက်နေပြီဆိုတာကိုသိထားသင့်တယ်။
နောက်ထပ်နှစ်အနည်းငယ်ကြာပြီးသွားတဲ့နောက်မှာ လက်ထပ်ဖို့အတွက်
အလွန်အသက်ကြီးသွားတော့မှာ။
ဒီလိုနဲ့
ချင်ယွဲ့ယွဲ့ရဲ့အနားမှာရှိနေတဲ့ တစ်စုံတစ်ယောက်က တိတ်တဆိတ် သူမရဲ့အဝေးကို
အသာရွှေ့သွားခဲ့လေတယ်။
ချင်ယွဲ့ယွဲ့သည်လည်း
လူတိုင်းရဲ့ စိတ်နေသဘောထားကို နားလည်ခံစားနိုင်ခဲ့ပြီး ပိုပိုပြီးမှားယွင်းခံရသလို
ခံစားမိလာကာ တိုက်ရိုက်ပဲ ငိုကျွေးလာခဲ့တော့တယ်။
ဆုဆုက သူမရဲ့
နှလုံးသားထဲမှ ချိုမြိန်မှုတွေထဲမှာ နှစ်မြှပ်နေစဥ်မှာပဲ ရုတ်တရက် အော်ငိုသံကို
ကြားလိုက်ရတာကြောင့် မနေနိုင်တော့ဘဲ သူမနှင့် မနီးမဝေးမှာ ရပ်နေတဲ့
ချင်ယွဲ့ယွဲ့ကိုကြည့်ပြီး ပြောလိုက်တယ်။
“ချင်ယွဲ့ယွဲ့
ကျေးဇူးပြုပြီး နင့်ရဲ့ သဘောထားကို ပြင်ပေးပါ.. တကယ်လို့ နင့်ဆီမှာ
မကျေနပ်ချက်တွေ၊ အဆင်မပြေတဲ့ခံစားချက်တွေရှိနေရင်တောင် တခြားသူတွေရဲ့
မင်္ဂလာပွဲမှာ မင်းကို မဆုံးနိုင်အောင် လာငိုနေလို့မရဘူးလေ.. မသိရင် ငါ့ယောက်ျားက
နင့်ကို အပြစ်လုပ်ထားသလိုမျိုးနဲ့.. နင့်မှာ မကျေနပ်ချက် တစ်ခုခုရှိနေရင်
တိုက်ရိုက်ပြောလိုက်လို့ရတယ်.. ပါတီအတွင်းရေးမှူးကလည်းဒီမှာရှိတယ် နင့်အတွက်
ဖြေရှင်းပေးလိမ့်မယ်”
သူမက
ပါတီအတွင်းရေးမှူးဆီသို့ နစ်နာသလိုအကြည့်မျိုးနဲ့လှမ်းကြည့်လိုက်တယ်။
ဆုဆုရဲ့
သနားစဖွယ်ဟန်ဆောင်တဲ့ အရည်အချင်းက ဇာတ်လိုက်မလောက် မမြင့်မားပေမဲ့လည်း ‘ငါအရမ်းမှားယွင်းခံနေရတယ်
ဒါပေမဲ့ ငါမငိုဘူး’ဆိုတဲ့ အမူအယာက
တကယ်ကို ချစ်စဖွယ်ကောင်းနေခဲ့တယ်။ ပါတီအတွင်းရေးမှူးက
ဘက်မလိုက်ဘဲမနေနိုင်တော့ဘူး။ သူက ချင်ယွဲ့ယွဲ့ဘက်ကို
လှည့်ကြည့်ပြီးပြောလိုက်တယ်။
“ဟုတ်တယ်..
မင်းမှာ မကျေနပ်ချက်ရှိရင် ပြောလိုက်တာ ပိုကောင်းလိမ့်မယ်”
ချင်ယွဲ့ယွဲ့က
ဘယ်လိုလုပ်ပြီး ပြောရဲမှာတဲ့လဲ။ ဒီတော့ သူမက ခေါင်းကို ခါယမ်းလာပြီး:
“ငါ.. ငါ
ဘာတစ်ခုမှ အမှားမခံခဲ့ရပါဘူး”
သူမက
စကားပြောပြီးနောက် လင်းချွမ်ကို လှည့်ကြည့်လိုက်တော့ တစ်ဖက်လူက သူမကိုကြည့်မနေပဲ
အရှေ့တည့်တည့်ကိုသာ ကြည့်နေတာကို မြင်တွေ့လိုက်ရတယ်။
ဒီလူက
ဒီလောက်ထိအသည်းမာလိမ့်မယ်လို့ သူမ မမျှော်လင့်ထားမိခဲ့ဘူး။
အဆုံးမှာ
သူတို့နှစ်ယောက်က နှစ်တစ်ဝက်လောက် အဆက်အသွယ်ရှိခဲ့ဖူးတယ်လေ။ သူမ
ဒီအကြောင်းကို ပိုတွေးလေလေ ပိုနစ်နာသလို ခံစားရလေလေဖြစ်ပြီး နောက်ဆုံးတော့
မျက်နှာကို လက်နဲ့ဖုံးအုပ်ပြီး ထွက်ပြေးသွားခဲ့တယ်။
ဆုဆု သူမရဲ့
မျက်လုံးတွေကို ကောင်းကင်ကို ရောက်လုနီးပါးဖြစ်အောင် လှန်လိုက်မိတယ်။ ဒါက
သူမကိုသေလောက်အောင် အန်ချင်စေတယ်နော်။ သို့ပေမဲ့လည်း သူမရဲ့ယောက်ျားကတော့
မဆိုးဘူးပဲ။ သူက သစ်သားတုံးသက်သက် မဟုတ်ခဲ့တဲ့ပုံပဲ။ သူက
ဝမ်းတွင်းမည်းတဲ့လူဖြစ်ဖို့တောင် အလားအလာရှိတယ်။
မဟုတ်ဘူး။ သူမ
ပျော်နေလို့မရသေးဘူး။တကယ်လို့ သူမသာ နောက်ကြောင်းကိုအလိုက်ခံလိုက်ရရင်
ဘယ်လိုလုပ်မလဲ။
ထိုလူရဲ့အကြောင်းကို
တွေးနေတုန်းမှာပဲ တစ်ဖက်လူက သူမကို ကောက်ချီပြီး ခန်ပေါ်ကိုတင်လိုက်လေတယ်။
အသစ်လုပ်ထားသော စောင်က အလွန်နွေးထွေးလွန်းတယ်။
သတို့သမီးက
အိမ်သစ်ကနေ သွားခွင့်မရှိသေးဘူး။
သူတို့တွေက
ရည်ရွယ်ချက်ရှိရှိနဲ့ စားသောက်ပွဲကို တစ်ဖက်ခြံမှာ လုပ်ခဲ့ကြတယ်။ နောက်
စားသောက်ပွဲပြီးသွားချိန်အထိ သူမဆီကို ဘယ်သူမှ မလာခဲ့ကြဘူး။ သူမအနားမှာ
အနားယူခါနီးမှာပဲ ရုတ်တရက် တံခါးပွင့်လာခဲ့တယ်။
အမေလင်းက
အသက်နှစ်ဆယ့်ခြောက်နှစ်၊ နှစ်ဆယ့်ခုနစ်နှစ်ခန့်ရှိတဲ့ အမျိုးသမီးတစ်ဦးနှင့်
ဝင်လာပြီး မိတ်ဆက်ပေးလာတယ်။
“ဒါက
မင်းအစ်မအကြီးဆုံးလေ”
“မင်္ဂလာပါ အစ်မ”
သူမ ဒီအစ်မကို
သိတယ်။ တကယ်တမ်းမှာ သူမက လင့်မိသားစုရဲ့ တတိယဦးလေးရဲ့ သမီးလို့ဆိုနိုင်တယ်။
နောက်ပိုင်း အမေလင်းတို့က ခေါ်ပြီး စောင့်ရှောက်ထားတာဖြစ်ပြီး
အရွယ်ရောက်လို့ အိမ်ထောင်ကျပြီးတဲ့အချိန်မှာ တစ်နှစ်ကို တစ်ခါတောင်
ပြန်မလာခဲ့ဘူးလို့ပြောထားခဲ့တယ်။
“အင်း”
သူမက
စကားတစ်ခွန်းပြောပြီး ထိုင်ခုံပေါ်မှာ ဝင်ထိုင်ကာ အခန်းထဲကို
လှည့်ပတ်ကြည့်နေခဲ့တယ်။
အမေလင်း: “မင်းညီမကို
အဖော်ပြုပြီး စကားနည်းနည်းလောက် ပြောနေလိုက်ဦး.. ငါ မင်းအဒေါ်နဲ့
မင်းတို့နှစ်ယောက်ကိုကျွေးဖို့ ထမင်ဟင်းတွေ သွားခဲ့လိုက်မယ်”
“အဲတာက ကောင်းပါ့မလား?”
“ဘာမှားလို့လဲ..
မင်း ပြန်မလာတာ ကြာနေပြီ မဟုတ်ဘူးလား”
“အိုခေ”
အကြီးဆုံးအစ်မက
ဘာမှပြောမလာဘဲ ဆုဆုကို တစ်ချက်ကြည့်လိုက်ပြီး သူမဖိထိုင်ထားတဲ့ စောင်ကို
ဆွဲကိုင်လိုက်ပြီး :
“ဒါက အသစ်ပဲ..
တော်တော်လေးထူတယ်”
“အင်း
အမေလုပ်ထားတာလေ”
“အမေ့ရဲ့အပ်က
ပါးလွန်းတော့ အကုန်လုံးကိုမြန်မြန်လုပ်နိုင်တယ်”
အကြီးဆုံးအစ်မက
လက်ပြန်ရုတ်လိုက်ချိန်မှာ သူမရဲ့လက်ဖဝါးတွေက အသားမာတွေတက်နေတာကို
ဆုဆုမြင်လိုက်ရတယ်။ ကြည့်ရတာ အလုပ်ကြမ်းတွေလုပ်ထားခဲ့ရတဲ့ပုံပဲ။
“ကျွန်နာမည်က
ဆုဆုပါ.. အစ်မနာမည်ကရော”
ဒီနေရာမှာ
ရက်အတော်ကြာအောင်နေခဲ့ပြီးပြီဖြစ်လို့ ဆုဆုရဲ့အသံက ဒီအရပ်မှလေသံနဲ့
တဖြည်းဖြည်းဆင်တူလာခဲ့တယ်။
“ငါ့နာမည်
လင်းရှို့မေ့”
သူမက
အနည်းငယ်ရှက်ရွံ့နေတာ ဒါမှမဟုတ် ကိုယ့်ကိုယ်ကိုယ် သိမ်ငယ်နေဟန်ရပြီး အစကနေအဆုံးထိ
ခေါင်းငုံ့ထားခဲ့တယ်။
“အစ်မရဲ့လက်တွေ
အေးခဲနေပုံရတယ်.. နှင်းကိုက်လို့လား”
ဆုဆု
ဗီရိုပေါ်ရှိ ဆေးအဆီဘူးလေးကို လှမ်းယူပြီး လင်းရှို့မေ့ကိုပေးလိုက်တယ်။
“ဒီဆေးအဆီက
အဲလိုအရာတွေအတွက် ကောင်းတယ်လို့ ကြားထားတယ်..အကြီးဆုံးအစ်မ ..
အစ်မဒါကိုယူလိမ်းလိုက်လေ”
“အဆင်ပြေပါတယ်..
ဒါက အိမ်ထောင်ဦးပစ္စည်းတွေပဲ ငါ့အတွက် ငါ ဒါကို မသုံးနိုင်ပါဘူး”
လင်းရှို့မေက
ဆေးပုလင်းကို ပြန်လည်တွန်းထုတ်လာတယ်။
ဆုဆုက
ပြုံးလိုက်ပြီး : “ဒါက
လက်ထပ်ပွဲအတွက် ဝယ်ခဲ့တာ မဟုတ်ပါဘူး.. လွန်ခဲ့တဲ့ ရက်အနည်းငယ်လောက်တုန်းက
အများပိုင် အရောင်းအေဂျင်စီမှာ ဝယ်ခဲ့တာလေ.. ကျွန်မလည်း သုံးဖူးတယ်”
“ဒါဆို
ငါသုံးလိုက်မယ်”
လင်းရှို့မေ့က
သူမ သုံးထားပြီးသားဆိုတာကို ကြားတော့ စိတ်သက်သာရာ ရသွားပြီးနောက် ယူလိမ်းလိုက်တယ်။
ပြီးနောက် ဘီဒိုပေါ်မှ ပစ္စည်းတွေကို ကြည့်ပြီး ပြောလာခဲ့တယ်။
“အကိုကြီးက
မင်းအပေါ် အရမ်းကောင်းတာပဲ.. သူက ပစ္စည်းတွေ အစုံအလင် ဝယ်ပေးထားတယ်..
အအေးကိုက်ပျောက်ခရင်မ်တွေတောင် ဝယ်ခဲ့တယ်”
“အမ်း”
သူမအတွက်တော့
ဒါတွေက တကယ်ကို အထူးအဆန်းမဟုတ်ပေမယ့် အခုခေတ်ကာလမှ အမျိုးသမီးများအတွက်တော့
အတော်လေး တန်ဖိုးကြီးနေပုံရတယ်။
“အမေပြောတဲ့
မင်းအကြောင်းကို ကြားခဲ့တယ်.. မင်းက အံ့သြစရာပဲ”
“အဲလောက်မဟုတ်ပါဘူး”
လင်းရှို့မေ့က
ဆုဆုကို ထပ်ကြည့်ပြီး ရှက်ရွံ့စွာနဲ့ တီးတိုးပြောလာတယ်။
“ငါ
ဒါကိုပြောသင့်လားတော့ မသိဘူး ညီမလေး နင့်ဆီမှာ ယွမ်နှစ်ဆယ်လောက် ချေးဖို့ ပိုက်ဆံ
အပိုရှိလား .. ငါ ဆောင်းဦးပေါက်မှာ ပြန်ပေးပါ့မယ်.. မင်းရဲ့ အစ်ကိုက ဒဏ်ရာရနေလို့
သူ့ကို ဆရာဝန်ပြဖို့ ပိုက်ဆံလိုနေလို့ပါ”
“အာ?”
ဆုဆု သူမ
နားကြားလွဲနေတာလားလို့တောင် ထင်လိုက်မိတယ်။ တစ်စုံတစ်ယောက်ရဲ့
မင်္ဂလာဆောင်တဲ့နေ့မှာ ပိုက်ဆံလာချေးလို့ ရတာလား? သူမ ဘာလို့
ဒီလိုစည်းကမ်းမျိုးကို သူမဘာလို့ မကြားဖူးရတာလဲ? နောက်ပြီး သူမက အမေလင်းဆီက
ချေးသင့်တာမဟုတ်ဘူးလား။
“ငါ နင့်ဆီကနေ
ယွမ် 20 လောက်ချေးချင်တာ.. ငါ့အမေက မင်းကို လက်ထပ်ပေးလိုက်ရလို့
ပိုက်ဆံမရှိတော့ဘူးလေ”
လင်းရှို့မေ့လည်း
အလွန်ရှက်နေခဲ့တယ်။ ဒါပေမယ့် သူမ ဒီတစ်ကြိမ် ပိုက်ဆံချေး လို့ရမှဖြစ်မယ်။ မဟုတ်ရင်
သူမ ခင်ပွန်းသည်ရဲ့မိသားစုက သူမကိုအလွယ်တကူ ခွင့်လွှတ်ပေးမှာမဟုတ်ဘူး။
ဆုဆုက
ယွမ်နှစ်ဆယ်လောက်ကို တကယ်ပဲ မျက်လုံးထဲမှာ မထည့်ဘူး။ အဆုံးမှာ သူမရဲ့အိတ်ထဲမှာ
တစ်ထောင်ကျော်ထက်ပိုရှိတယ်လေ။ နောက်ပြီး သူမက ဒါတွေကို ခဏအတွင်း ကုန်အောင်
သုံးရဲမှာမဟုတ်ဘူး။ သို့ပေမဲ့ သူမက မင်္ဂလာဆောင်နေတုန်းပဲရှိသေးတာ။ ဒါကို
သူမနဲ့ ကောင်းကောင်းမသိသေးတဲ့ အကြီးဆုံးအစ်မက
ရုတ်တရက်ငွေချေးလာခဲ့တယ်။ အခုလေးတင် ဆုံဆည်းခဲ့တဲ့လူထံမှ
ပိုက်ဆံအချေးခံလိုက်ရတာက သူမကို အနည်းငယ် စိတ်ရှုပ်သွားစေတယ်။
သူမ ဘာပြောရမလဲ
မသိဘူးဖြစ်နေချိန်မှာပဲ အမေလင်းနဲ့ အဒေါ်တို့က စားစရာတွေ ပို့ဖို့ရောက်လာကြတယ်။
သူမလည်း အသာလှမ်းပြောလိုက်တယ်။
“ကျွန်မ တူတွေ
လိုက်ယူလိုက်ဦးမယ်”
ထို့နောက် သူမ
သူတို့နှင့်အတူ အခန်းထဲမှထွက်လာပြီး ခဏလောက်နေတော့
မိခင်လင်းကို မေးကြည့်လိုက်တယ်။
“အမေ
အကြီးဆုံးအစ်မက ပိုက်ဆံချေးနေလို့ ချေးလိုက်လို့ရမလား”
ငယ်ရွယ်တဲ့လူတွေက
လူကြီးတွေရဲ့ စကားကို နားထောင်ဖို့ လိုအပ်တာကြာင့် သူမရဲ့ ယောက္ခမကို
မေးကြည့်ရမယ်။
“ဘာလဲ?”
အမေလင်းက
ဒီနေ့မှာ အရမ်းပျော်နေခဲ့တာဖြစ်ပေမဲ့
သူမရဲ့စကားကိုကြားတော့ မျက်မှောင်ကြုတ်သွားခဲ့ပြီး ပြောလာတယ်။
“သူမအတွက်
စိတ်မပူနဲ့ .. ငါ အခန်းထဲကိုသွားပြီး သူမနဲ စကားပြောလိုက်ဦးမယ်.. မင်းက
ငါထွက်လာပြီးမှ ဝင်လာခဲ့လေ”
“ကောင်းပါပြီ”
အမေလင်းက
သေချာပေါက်ဖြေရှင်းပေးလိမ့်မယ်လို့ ဆုဆု ခံစားမိတာကြောင့် သူမ အပြင်မှာရပ်ကာ
စောင့်နေလိုက်သည်။
ခဏကြာတော့
အမေလင်းက ထွက်လာခဲ့ပြီး သူမကို အိမ်ထဲသို့ဝင်ပြီး ထမင်းစားဖို့ ပြောလာကာ
သူမနဲ့ အဒေါ်တို့က ဧည့်သည်တွေကို နှုတ်ဆက်ဖို့ ထွက်သွားခဲ့ကြတယ်။
အခန်းထဲမှာရှိနေတဲ့
လင်းရှို့မေ့ကတော့ မူလတုန်းကနဲ့ မတူတော့ဘူး။ သူမရဲ့မျက်လုံးတွေက အနည်းငယ်
နာကျည်းမှုတွ ရောနေခဲ့တယ်။ သို့သော်လည်း သူမက လေးနက်တဲ့လေသံနဲ့ပြောလာတယ်။
“ငါ ခုနတုန်းက
မှားသွားတယ်.. ငါ ဒီလိုအချိန်မှာ မင်းဆီက ပိုက်ဆံမချေးသင့်ဘူး.. ဒီတော့ နောက်ထပ်
ရက်နည်းနည်းလောက်ကြာမှ ထပ်ပြောပါ့မယ်”
ထို့နောက် သူမက
ထမင်းပန်းကန်ကို ကောက်ကိုင်လိုက်ပြီး အလွန်မြန်တဲ့နှုန်းနဲ့ စားလာခဲ့တယ်။
ဆုဆုရဲ့
မျက်လုံးတွေက ပြူးကျယ်သွားခဲ့ရတယ်။ သူမရဲ့စိတ်ထဲမှာတော့ ဒီအကြီးဆုံးအစ်မက
နည်းနည်းလောက်ရူးသွားတယ် ခံစားလိုက်ရပေမယ့် ပါးစပ်က ထုတ်မပြောရဲတာကြောင့်
ထမင်းပန်းကန်ကိုသာ ကောက်ယူပြီး တိတ်တိတ်လေး စားနေလိုက်တယ်။
ဒီနေ့မှာ ဟင်းလျာ
စုစုပေါင်း ဆယ်မျိုးရှိပြီး အခုလိုဆောင်းရာသီမှာ ဒီလိုဟင်းလျာများများရဖို့ဆိုတာက
မလွယ်ကူဘူး။ ဒါက နှစ်ဝက်နီးပါး ကြိုတင်ပြင်ဆင်ထားမှုရဲ့ ရလဒ်ပဲလေ။ မဟုတ်ရင်
သာမန်လူတွေက ဟင်းလျာခြောက်မျိုးလောက်ပဲ ကျွေးနိုင်လိမ့်မယ်။