Ch 45
Viewers 11k

45: အမျိုးသမီးများရဲ့ဘဝသစ်

 

လင်းဟိုင်ပြန်ရောက်လာချိန်မှာတော့ ဆုဆုက အမေလင်းနဲ့အတူခြံဝန်းအတွင်း သန့်ရှင်းရေးလုပ်ဖို့ အရှေ့ဘက်အိမ်ကိုရောက်နေတာကို တွေ့လိုက်ရတယ်။

 

အခုက ကြီးမားတဲ့ပွဲတော်ရက်ဖြစ်တာကြောင့် အလုပ်လုပ်ရတာကိုမကြိုက်တဲ့ဆုဆုက ဒီကိုလာပြီး ကူညီပေးနေခဲ့တာ။

 

လင်းဟိုင်က သူထုတ်ယူလာတဲ့ ပိုက်ဆံတွေကို ခန်ပေါ်သို့တင်လိုက်ပြီး :

 

မရီး ရွာထဲက အတွင်းရေးမှူးက မင်းကို အစည်းအဝေးကိုလာတက်ဖို့ ပြောလိုက်တယ်

 

ငါက ပါတီရဲ့အဖွဲ့သားမဟုတ်ဘူးလေ.. ဘာလို့ အစည်းအဝေးတက်ခိုင်းတာလဲ

 

ဆုဆု ထိုနေရာကိုမသွားချင်ဘူး။ အထူးသဖြင့် သူမက အရာအားလုံးကို သူမအပေါ်အပြစ်တင်နေတတ်တဲ့ အမျိုးသားဇာတ်လိုက်ကို မတွေ့ချင်ဘူး။

 

ဘာလို့လဲဆိုတာတော့  ကျွန်တော်လည်း မသိဘူး ဒါပေမယ့် သူက မင်းကို မြန်မြန်လာစေချင်နေတာ

 

လင်းဟိုင်က စကားပြောပြီးသည်နှင့် ရေသွားခပ်ဖို့ပြင်တယ်။

 

ဘေးနားမှာရှိနေတဲ့ အဖေလင်းက ဝင်ပြောလာတယ်။

 

မင်းကို မြန်မြန်လာခိုင်းတာဆိုတော့ တစ်ခုခုမှားနေတာလား

 

သို့ပေမယ့် ထိုအချိန်မှာပဲ အမေလင်းပြန်လာပြီး လှမ်းပြောလာတယ်။

 

ဒီနေ့က အရမ်းအေးနေတာဆိုတော့ ရေမသယ်နဲ့တော့ ..  လင်းဟိုင် မင်းရဲ့မရီးကို အဲဒီကို ခေါ်သွားပေးလိုက်

 

အာ?

 

ဒီလောက်တိုတောင်းတဲ့ ခရီးလမ်းကို လိုက်ပို့ပေးနေစရာလိုသေးတာလား?

 

သွားကြတော့

 

အမေလင်းက သူ့ကို စိုက်ကြည့်လာတာကြောင့် လင်းဟိုင်က ဆုဆုကို လိုက်ပို့ပေးရုံသာ တတ်နိုင်တော့တယ်။

 

ဆုဆုလည်း ကူကယ်ရာမဲ့နေရပြီး ခန်ပေါ်မှဆင်းကာ ရွာထဲမှအဖွဲ့ခွဲဆီသို့ သွားရုံသာ တတ်နိုင်ခဲ့တယ်။

 

အမေက ခဏနေရင် ကျွန်တော့်ကို မရီးဆီပြန်လာကြိုဖို့ပြောထားတယ်

 

အဲလောက်ထိမလိုပါဘူး

 

အမေပြောတာ နားထောင်လိုက်ပါ.. ဒါမှမဟုတ်ရင် သူမက တစ်စုံတစ်ယောက်ကို ရိုက်လိမ့်မယ်

 

အိုး

 

တကယ်တမ်းမှာ ရွာထဲမှ ဌာနခွဲနေရာကိုသွားရုံလေးဖြင့် ပို့လိုက်ကြိုလိုက် လုပ်နေစရာ မလိုအပ်ပါဘူး။ အပို့အကြိုလုပ်ရုံတင်မကဘဲ တစ်ခါတစ်ရံ ဘေးနားမှာပါ လူတစ်ယောက်အဖော်ပြုပြီးရှိနေပေးတတ်သေးတယ်။

 

  မူလတုန်းက သူမက ဒါကို လင်းချွမ် အမိန့်ပေးခဲ့တာဖြစ်မယ်လို့ ထင်ထားခဲ့တာ။ သို့ပေမယ့် အခုပုံစံအရ သူမကို အလွန်ဂရုစိုက်လွန်းတဲ့ အမေလင်းကြောင့်ဖြစ်မယ်လို့တွေးလိုက်တယ်။

 

သူမ(အမေလင်း)က  သူမ(ဆုဆု)ကို ဘာအလုပ်မှ လုပ်ခွင့်မပေးတဲ့အပြင် သူမကိုလည်း အလွန်ဂရုစိုက်ပေးတယ်။ အထူးသဖြင့် လမ်းရဲ့အနောက်ဘက်မှာ နှင်းတွေဖုံးလွှမ်းနေပြီး လမ်းလျှောက်ဖို့မလွယ်ကူတာကြောင့် သူမကို ခန်အတွက် မီးဖိုဖို့တောင် ခွင့်မပြုခဲ့ဘူး။

 

ရွာရဲ့ ဌာနခွဲကိုရောက်တော့ ထိုနေရာမှာ လူအများအပြားထိုင်နေတာကို တွေ့လိုက်ရတယ်။ ဌာနခွဲမှ ပါတီအတွင်းရေးမှူး၊ အသင်းအဖွဲ့ခေါင်းဆောင် တို့အပြင် ကျေးရွာရဲ့ အမျိုးသမီးဒါရိုက်တာလည်း ရှိနေခဲ့တယ်။ ထို့အပြင် အမျိုးသမီးဇာတ်လိုက်မ ပါဝင်ဝင်တဲ့ ပညာတတ်လူငယ်အများအပြားလည်း ရှိနေသေးတယ်။

 

ဆုဆုရောက်လာပြီးနောက် ဌာနခွဲအတွင်းရေးမှူးကပြောလာတယ်။

 

ရဲဘော်ဆု မင်းရောက်ပြီလား..  ကျေးဇူးပြုပြီး ထိုင်ပါဦး

 

ဆုဆု ထိုင်လိုက်ပြီးတာနဲ့ အတွင်းရေးမှူးက ပြောလာတယ်။

 

အခု ရွာထဲမှာရှိတဲ့ ဗဟုသုတကြွယ်ဝပြီး ဂုဏ်သိက္ခာရှိတဲ့ အမျိုးသမီးရဲဘော်တွေ အားလုံးနီးပါး ဒီကို ရောက်လာကြပြီ.. ဒီတော့ အဖွဲ့အစည်းအတွက် ဘယ်လို ဘာလှုပ်ရှားမှုတွေ လုပ်မလဲဆိုတာ ဆွေးနွေးကြရအောင်!

 

ဘာကို ဆိုလိုတာလဲ?

 

ဆုဆုက ပြုံးပြီး မေးလိုက်တယ်။

 

နှစ်သစ်ကူးအတွက် ပွဲတစ်ခုခု ရှိလို့လား

 

အဆုံးမှာ သူမက တက္ကသိုလ်ကနေဘွဲ့ရရှိထားပြီးတဲ့သူပဲလေ။  ပွဲတော်တွေနှင့် ပွဲလမ်းသဘင်တွေဆိုတာက အမျိုးသားရေး ယဥ်ကျေး​မှုအစဉ်အလာတစ်ခုဖြစ်ပြီး လက်ရှိ စာအုပ်ကမ္ဘာကြီးမှာလည်း ဒါတွေ ရှိနေနိုင်တယ်။ ပြောရရင် စာရေးဖို့အတွက်အရင်းအမြစ်က အဖြစ်မှန်တွေအပေါ်အခြေခံထားတာပဲမလား။

 

ပါတီအတွင်းရေးမှူးက အကြောင်းအရင်းတွေကို ချက်ချင်း ရှင်းပြလာတယ်။ ဒီအဖြစ်အပျက်က မတော်တဆမှုကနေဖြစ်ပေါ်လာတာပဲ။  လွန်ခဲ့တဲ့ နှစ်နှစ်တုန်းက  စပါးရိတ်သိမ်းမှု အလွန်ကောင်းမွန်ခဲ့ပြီး ထို့အတွက် ကွန်မြူနတီကတောင် ချီးကျူးခဲ့တယ်။

 

သို့သော်လည်း ကံမကောင်းစွာဖြင့် ရွာထဲမှအမျိုးသမီးတစ်ဦး ပြန်ပေးဆွဲခံခဲ့ရပြီး သူမရဲ့အိမ်က ပြန်လည် ဝယ်ခဲ့ကြရတယ်။  

 

ထိုအချက်ကြောင့် ကွန်မြူနတီက ဒီဧရိယာအတွင်းမှာ အမျိုးသမီးများအပေါ် အလွန်အလေးမမူကြောင်း ခံစားခဲ့ရပြီး အမျိုးသမီးတွေရဲ့ အဆင့်အတန်းကို မြှင့်တင်သင့်တယ်လို့ တွေးခဲ့တယ်။ ဒါကြောင့်ပဲ ဒီနှစ်သစ်ကူးအတွင်းပွဲတော်တစ်ခုစီစဥ်ခဲ့ပြီး - အမျိုးသမီးတွေရဲ့ဘဝသစ်လို့ ခေါ်ခဲ့တယ်

 

ရွာတစ်ရွာချင်းစီက အမျိုးသမီးတွေက ဒီပွဲမှာ ယှဥ်ပြိုင်ဖို့အတွက် သွားရောက်ဖို့ အဖွဲ့ဖွဲ့ရန်လိုအပ်ပြီး ပြိုင်ပွဲအတွင်းမှာ အကဲဖြတ် အမှတ်ပေးလာလိမ့်မယ်။

 

ဆုရရှိတဲ့ကျေးရွာက လက်ဆောင်တွေရရှိရုံတင်မကဘဲ ဆုရရှိတဲ့ အမျိုးသမီးငယ်များအတွက် အစားအသောက်အချို့ကိုလည်း ပေးဝေသွားမည်ဖြစ်ကာ ကျေးရွာရဲ့ဌာနဆီကိုလည်း ဂုဏ်ပြုလွှာပေးအပ်သွားလိမ့်မယ်။

 

ဒီဘက်ခေတ်ကာလမှာ ဂုဏ်ကျက်သရေဆိုတာက အရာရာပဲဖြစ်ပြီး လူတိုင်းက အလွန်ပဲ အကောင်းမြင်ကြလိမ့်မယ်။  ဒါပေမဲ့ ကျေးလက်ဒေသမှ အမျိုးသမီးတွေက တစ်နေ့လုံး အိမ်ထဲမှာပဲနေကြတာလေ။ သူတို့က ဘယ်လိုသရုပ်ဖော်မှုကိုလုပ်ပြနိုင်မှာလဲ။

 

ထို့အပြင် သူတို့က ကွန်မြူနတီမှာ တစ်စုံတစ်ခုကိုတောင် အမြဲတမ်းသွားဝယ်နိုင်တာမဟုတ်ဘူး။ အစီအစဉ်တွေမှာ ပါဝင်ဖို့ကိုတော့ ပိုဝေးသွားပြီ။ ဒီတော့ ရွာတွေက အလွန်တက်ကြွတယ်ဆိုပေမဲ့လည်း ဘယ်လိုလုပ်ရမလဲဆိုတဲ့နည်းလမ်းကတော့ ရှိမနေခဲ့ကြဘူး။

 

ဒီအမျိုးသမီးတွေကို ဖယ်ထုတ်လိုက်စမ်းပါ။ သူတို့ကို အိမ်ထဲမှာပဲ အမိုးအကာအောက်မှာ ထိုင်ခိုင်းထားတာပိုကောင်းလိမ့်မယ်။ ဘယ်သူက ပွဲတွေကိုသွားချင်မှာလဲ.. စသည်ဖြင့်ပေါ့။

 

ထိုကဲ့သို့အခြေအနေမျိုးတွေအောက်မှာ လူတိုင်းက အကြံဥာဏ်တွေရရှိဖို့အတွက် ဒီအစည်းအဝေးကို ကျင်းပဖြစ်လာကြတယ်။

 

ဒီတော့ ဒီလိုမျိုးဖြစ်ခဲ့တာပေါ့လေ။

 

ဆုဆု ထိုအကြောင်းတွေကို ကြားတော့ ခေါင်းညိတ်ပြလိုက်ပြီး:

 

ကျွန်မက အခုမှပထမဆုံးရောက်တာဆိုတော့ ဘာမှမသိဘူး.. ဒီတော့ ရှင်တို့ ဆွေးနွေးကြလေ

 

သို့သော်လည်း ချင်ယွဲ့ယွဲ့က တစ်ဖက်မှပြောလာတယ်။

 

ရဲဘော်ဆုက  ကောလိပ်ကနေ ဘွဲ့ရပြီးသားပဲလေ..  နင့်ဆီမှာ အကြံဉာဏ်တချို့ရှိနေလောက်မှာပဲ.. နင်အခုရောက်လာပြီ ဆိုမှတော့ ငါ နင့်ရဲ့ထင်မြင်ချက်တွေကိုမေးချင်တယ်

 

“ငါ့ဆီမှာ ထင်မြင်ချက်တွေမရှိဘူး.. ဒါက ရွာရဲ့ကိစ္စပဲလေ

 

နင် အခု ဒီရွာမှာ အိမ်ထောင်ကျနေပြီလေ.. နင်နဲ့မဆိုင်ဘူးလို့ပြောတာက နည်းနည်းတော့ ဆိုးရွားမနေဘူးလား

 

ချင်ယွဲ့ယွဲ့က အပြုံးနဲ့ပြောလာခဲ့ပေမဲ့ သူမက ဆုဆုဆီမှ အစီအစဉ်တွေထွက်လာအောင်တိတ်တဆိတ်နဲ့ အတင်းအကြပ်ဖိအားပေးနေတာပဲ။

 

ဆုဆု အပြုံးတစ်ခုနဲ့ပြောလိုက်တယ်။

 

ဟုတ်တယ်..  ငါက ဒီရွာကဖြစ်ပြီး နင်လည်း ဒီရွာကပဲလေ.. နင်က အတူတူ ဖြေရှင်းဖို့အတွက် မစဉ်းစားဘူးလား?  ငါက ဒီမှာ အငယ်ဆုံးပဲ.. နင် တခြားလူတွေရဲ့ ထင်မြင်ချက်ကိုလည်း လေးစားသင့်တယ် မဟုတ်ဘူးလား.. နင်ပြောကြည့်လေ.. ချင်ယွဲ့ယွဲ့?

 

ချင်ယွဲ့ယွဲ့ တိတ်တဆိတ် မျက်မှောင်ကြုတ်လိုက်တယ်။ ဆုဆုက ငယ်ရွယ်သေးပေမဲ့ အလွန်လျှာစောင်းထက်ကြောင်း တွေးလိုက်မိတယ်။ အခု သူမ(ဆုဆု) စကားပြောပြီးသွားတာနဲ့ သူမက တခြားလူတွေဆီကနေ အရယ်မောခံရမဲ့ အရေးကနေ လွတ်မြောက်သွားခဲ့တယ်။ ပြီးနောက် သူမ(ချင်ယွဲ့ယွဲ့)ကသာ တခြားလူတွေကိုဖယ်ထုတ်သလို ဖြစ်သွားခဲ့ရတယ်။

 

အတွင်းရေးမှူးက သူတို့ကိုကြည့်ပြီး အပြုံးနဲ့ပြောလာတယ်။

 

ရဲဘော်ဆု.. မင်းက ပထမဆုံးရောက်လာတာဆိုတော ရွာရဲ့အရေးကိစ္စတွေကို  ရင်းနီးကျွမ်းဝင်အောင် လုပ်သင့်တာပေါ့.. ငါတို့ မင်းကို ဘာလို့ မဖြေရှင်းခိုင်းကြည့်ရမှာလဲ.. ပြိုင်ပွဲရဲ့ရလဒ်က ဘယ်လိုပဲဖြစ်နေပါစေ မင်းကို ဘယ်သူမှအပြစ်တင်မှာမဟုတ်ဘူး .. မင်းဘယ်လိုထင်လဲ

 

ဆုဆု ဒီကိစ္စကို သူမရဲ့ခေါင်းပေါ်ကို ကျရောက်လာလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး။ သို့ပေမယ့် အတွင်းရေးမှူးကတောင် ဒီလိုပြောနေမှတော့ ကန့်ကွက်လို့မရတော့ဘူးလေ။

 

ဒါပေမယ့် ကျွန်မက အရည်အချင်းနည်းနည်းပဲရှိတာ.. အဲဒီအချိန်ကျရင် ကျွန်မ အဲဒါကို မလုပ်နိုင်မှာကို စိတ်ပူတယ်

 

အဆင်ပြေပါတယ်.. အမျိုးသမီးတွေရဲ့ဒါရိုက်တာဖြစ်တဲ့ မင်းရဲ့ အန်တီစွမ်းက မင်းကို ကူညီပေးလိမ့်မယ်.. အချိန်ကျလာရင်  မကျေမနပ်ဖြစ်တဲ့လူတိုင်း ငါ့ကိုလာရှာနိုင်တယ်

 

အတွင်းရေးမှူးက ဆုဆုမှာ ငယ်ရွယ်သေးပေမဲ့ အလွန်တောက်ပတဲ့ မျက်လုံးတွေရှိကြောင်း ခံစားခဲ့ရပြီး သူ့အနေနဲ့ သူမဆီကို ထိုကိစ္စအား အမှန်တကယ် စိတ်ချလက်ချလွှဲပြောင်းပေးနိုင်လိမ့်မယ်လို့ တွေးနေခဲ့တယ်။

 

ထပ်ပြောရရင် ထိုမိသားစုက စစ်တပ်မိသားစုဖြစ်ပြီး ထိုအမျိုးသမီးတွေကို ထိတ်လန့်သွားစေနိုင်တယ်။

 

အမျိုးသမီးတွေရဲ့ဒါရိုက်တာ စွမ်းယင်  ခေါင်းညိတ်ပြီး ပြောလာတယ်။

 

“ကျွန်မက အမျိုးသမီးဒါရိုက်တာဆိုတဲ့ရာထူးရထားပေမဲ့ စာအုပ်တွေကို  မဖတ်ဖူးဘူး.. ဆိုတော့ လူငယ်တွေ အပေါ်မှာပဲ အပ်နှံလိုက်ရမယ်လေ..  နောက်ပြီး ဒီပညာတတ်လူငယ် ရဲဘော်တွေက နှစ်သစ်ကူးကာလမှာ အိမ်ပြန်ဖို့ ပြောထားကြတာဆိုတော့ ရဲဘော်ဆုကိုပဲ အားကိုးရတော့မယ်

 

ဆုဆုက ဒီလိုပွဲအခန်းအနားတွေမှာ ဝင်ရောက် မစွက်ဖက်ချင်ပေမဲ့လည်း ရွာထဲမှအဓိကလူတွေက ဒီလိုမျိုးပြောနေပြီဆိုမှတော့ သူမလည်း ငြင်းဆန်လို့မရနိုင်တော့ဘူး။ ဒါက ထိန်းချုပ်မှုက လွတ်သွားခဲ့တာပဲ။

 

သူမ ဒီကိုရောက်ကတည်းက လင်းချွမ်က ဒီရွာရဲ့ဂုဏ်ကျက်သရေကို အမှန်တကယ်မြင့်တက်စေကြောင်းကို နားလည်ခဲ့တယ်။ အဆုံးမှာ ဒီတစ်ရွာလုံးမှာ တရားဝင်အပြင်ကိုထွက်နိုင်တဲ့သူက ဘယ်သူမှ မရှိဘူးလေ။ သူက ပထမဆုံးပဲ။

 

သူမက အခုမှရောက်လာတာဆိုပေမယ့် လင်းချွမ်ကို အရှက်ရအောင်မလုပ်နိုင်ဘူး။ သူတို့က ဇနီးမောင်နှံတွေပဲမလား။

 

ကောင်းပါပြီ.. ပါတီအတွင်းရေးမှူးနဲ့ ခေါင်းဆောင် နှစ်ယောက်စလုံးက ကျွန်မကို ယုံကြည်တယ်ဆိုမှတော့ ကျွန်မ တာဝန်ယူပြီးဆောင်ရွက်ပေးပါ့မယ်

 

ဘာပဲဖြစ်ဖြစ် ဒါက ပြသာနာတစ်ခုမဟုတ်ဘူးလေ။ သူမက အရင်တုန်းကလည်း ကျောင်းပွဲတွေမှာ ပါဝင်ဆောင်ရွက်ခဲ့ဖူးတာကြောင့်  အတွေ့အကြုံလုံးဝမရှိတာမျိုးမဟုတ်ဘူး။

 

ကောင်းတယ်..  အားလုံးပဲ ရဲဘော်ဆုဆုအတွက် လက်ခုတ်တီးလိုက်ရအောင်

 

အတွင်းရေးမှူးရဲ့ စကားအဆုံးမှာပဲ  လက်ခုပ်သံတွေ ဆူညံစွာ ထွက်ပေါ်လာခဲ့တယ်။

 

ဆုဆု လူတိုင်းကို ခေါင်းညိတ်ပြလိုက်တယ်။

 

ကျွန်မ အကောင်းဆုံးကြိုးစားပါ့မယ်

 

အတွင်းရေးမှူး:  ဒါဆို မင်းအခု ဘယ်လိုလုပ်ချင်လဲ

 

ဒါက ကွန်မြူနတီက စီစဉ်တဲ့ တာဝန်ဆိုတော့ ပိုပြီးတော့ ပုံစံကျအောင် လုပ်သင့်တယ်လို့ ထင်တယ်.. ကဗျာရွတ်တာတွေ၊  သီချင်းသံပြိုင်ရွတ်ဆိုတာမျိုးတွေ လို့ရတယ်

 

ဒီလုပ်ဆောင်ချက်နှစ်ခုက ဒီခေတ်မှာ ရေပန်းအစားဆုံးပဲ။ မူလအစီအစဉ်မှာတော့ ကခုန်တာတွေပါ ပါတယ်ဆိုပေမယ့် ဒီလိုရွာမျိုးမှာ ကျောင်းတက်ရတဲ့အမျိုးသမီးတောင် ရှားပါးလွန်းတာ ကခုန်ဖို့က ဘယ်လိုများဖြစ်နိုင်မှာလဲ။

 

ဒီတော့ အလျင်မြန်ဆုံးက ကဗျာရွတ်ဆိုခြင်းနှင့် သီချင်းသံပြိုင်ဆိုခြင်း ပဲဖြစ်လိမ့်မယ်။

 

မင်းရဲ့ အတွေးတွေက အရမ်းရှင်းလင်းတယ်လို့ထင်တယ်..  ဒီတော့ အစီအစဉ်ရဲ့ အသေးစိတ်ကို ဆွေးနွေးကြည့်ရအောင်

 

အတွင်းရေးမှူးက စကားပြောပြီးတာနဲ့ လူတိုင်းရဲ့အတွေးကိုစုပေါင်းပြီးပြောခိုင်းလာတယ်။

 

တချို့က သီချင်းဆိုချင်ကြပြီး တချို့က ကဗျာရွက်ခြင်ကြတယ်။ အတူကဗျာရွက်ဆိုတာက ပိုပြီးကောင်းမွန်ကာ လူအများကြီးလည်း မလိုအပ်ကြောင်းကိုလည်း အကြံပြုပြောလာခဲ့ကြတယ်။