Ch 51
Viewers 11k

51: မစ်ရှင်ဆီကိုသွားနေတယ် 

 

သူတို့ရှေ့ကအဖွဲ့ကတော့ အရှေ့မှတစ်ယောက်က လမ်းလျှောက်ပြီးဝင်လာချိန်မှာ ဘယ်သူကမှနောက်ကနေ လိုက်ပါမလာခဲ့ကြဘူး။ ဒါကြောင့် သူမက တခြားလူတွေရဲ့အပိုင်းကိုပါသီဆိုခဲ့ရတယ်။

 

ခြုံပြောရရင်တော့ လက်ရှိခေတ်မှာ ရွာတွေမှ အမျိုးသမီးတွေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့က သိပ်ပြီးပုံစံကျလိမ့်မယ်လို့ မျှော်လင့်ထားလို့မရဘူးလေ။ ဒါပေမယ့် သူမက ဒီလိုမျိုး စွမ်းဆောင်နိုင်တာကကို အတော်လေး ကောင်းနေပြီ။

 

နောက်ဆုံးတော့ ဆုဆုနဲ့ တခြားအဖွဲ့ဝင်တွေက အနီရောင်ပန်းပွင့်တွေကိုကိုင်ပြီး ဝင်လာပြီးနောက် လူတွေအားလုံးဆီမှ လက်ခုပ်သြဘာသံတွေကို လက်ခံရရှိခဲ့ကြတယ်။

 

သူတို့အားလုံးက လက်ခုတ်သံပြီးဆုံးသွားသည်အထိ သပ်သပ်ရပ်ရပ်နဲ့ ရပ်နေခဲ့ကြတယ်။

 

ထို့နောက် လူတိုင်းက ကဗျာကို စတင်ပြီး ရွတ်ဆိုခဲ့ကြတယ်။ သူတို့တွေက အသံနေအသံထားကို ကောင်းစွာမမှတ်မိနိုင်ရင်တောင် အလွန်ချောမွတ်စွာ ရွက်နိုင်နေတုန်းပဲ။ ထို့အပြင် ဆုဆုကလည်း အလွန်ရိုးရှင်းတဲ့စကားလုံးတွေကို အသုံးပြုပြီး ရေးသားထားတာကြောင့် လူတိုင်းကမှတ်မိဖို့လွယ်ကူတယ်။

 

နောက် သီချင်းဆိုတဲ့အပိုင်းကို ရောက်လာခဲ့တယ်။ ဆုဆုက တောက်ပတဲ့မျက်ဝန်းတွေနဲ့ အရှေ့ကို လျှောက်လာခဲ့တယ်။

 

ဆုဆုက ဒီသီချင်းဆိုရမဲ့အပိုင်းတွေကို သင်ပေးတဲ့အချိန်တုန်းက အမျိုးသမီးတွေက ကလေးလေးတွေလိုမျိုး ရှေ့မှာထိုင်ရင်း ဘယ်လိုမျိုး ဖျန်ဖြေပေးရမလဲဆိုတာတွေကို သင်ယူခဲ့ကြတယ်။

 

ဆုဆု သီဆိုတဲ့အပိုင်းက သာမန်သီချင်းအပိုင်းတွေဖြစ်ပြီး အမြင့်သံနဲ့သီဆိုရမဲ့အပိုင်းကိုတော့ မုဆိုးမချောင်က သီဆိုလိမ့်မယ်။ ပြောရမယ်ဆိုရင် သူမရဲ့ အသံက ခေတ်သစ်မှာ အဆိုတော်တစ်ယောက်အဖြစ်တောင် လုပ်လို့ရနေပြီ။ သီချင်းသံက အလွန် ပီပြင်ပြီး ကျယ်လောင်လွန်းတာကြောင့် လူတွေက ထိုအသံအောက်မှာ အံ့သြတကြီးနဲ့ တိုက်ရိုက်ပဲ လက်ခုပ်သြဘာပေးလာကြတယ်။

 

ပွဲအခန်းအနားကျင်းပရာနေရာမှ လေထုက ချက်ချင်းပဲ ဆူညံအသက်ဝင်လာပြီး ယခုနှစ်အတွက်ဆုက ရှောင်ရှန်ရွာရဲ့အပိုင်ဖြစ်သွားတော့မှာကို သိလိုက်ကြတယ်။

 

သူတို့တွေ စင်ပေါ်မှ ပြန်ဆင်းလာပြီးနောက်မှာ ကျစ်ရှုက အလွန်စိတ်လှုပ်ရှားနေခဲ့ပြီး သူ့လက်တွေကို ပွတ်သပ်နေခဲ့တယ်။ သူက ဆုဆုရဲ့လက်ကိုဆွဲကာ ဝမ်းသာအားရပြောလာခဲ့တယ််။

 

ကျေးဇူးတင်ပါတယ်ရဲဘော်ဆု

 

ဆုဆုအနေနဲ့ ပါတီအတွင်းရေးမှူးက  ဒီလောက်ထိ စိတ်အားထက်သန်ပြီး စိတ်လှုပ်ရှားနေလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး။ သို့ပေမယ့် သူမက ခပ်ဖျော့ဖျော့ပြုံးပြီးပြောနေတုန်းပဲ။

 

ဒါက.. ဒါက ဘာမှမဟုတ်ပါဘူး

 

သူမ အခု နည်းနည်းလောက်ရှက်လာပြီနော်။ အခု ဘာဆက်လုပ်ရမလဲ။ သူမ တကယ်ကို ဘာမှ အများကြီး လုပ်ခဲ့တာမဟုတ်ဘူးလေ။

 

ဒါပေမယ့် သေးငယ်တဲ့ရွာလေးအတွက်တော့ ဂုဏ်ကျက်သရေအနည်းငယ်ရရှိလာတာက တော်တော်ကြီးကို ဂုဏ်ယူစရာတစ်ခုဖြစ်နေတုန်းပဲ။ လူတိုင်းက ခုံတန်းလျားလေးပေါ်မှာ ထိုင်ပြီး ပွဲကိုဆက်ကြည့်နေခဲ့ကြတယ်။ သိပ်မကြာခင်မှာပဲ ပြိုင်ပွဲက ပြီးဆုံးသွားပြီး ဆုပေးမယ့်အချိန်ကိုရောက်လာခဲ့တယ်။

 

ဆုတွေအားလုံးက အသုံးဝင်တဲ့အရာတွေပဲ။ အထူးသဖြင့် သူတို့ရွာတွေမှာ ပိုပြီးအသုံးဝင်လိမ့်မယ်။ အမျိုးသမီးတစ်ဦးချင်းစီက ဖြတ်တောက်ပြီးသား ခေါက်ဆွဲတွေကိုလက်ထဲမှာ သယ်ဆောင်ထားကြပြီး တရုတ်နှစ်သစ်ကူးအတွအိမ်ကိုပြန်ရောက်တာနှင့်  ဖက်ထုပ်လုပ်စားဖို့ လုံလောက်တဲ့ပမာဏတွေပါရရှိနေခဲ့တယ်။ ဒါကြောင့် လူတိုင်းက အရမ်းပျော်နေခဲ့ကြပြီး သူတို့အနေနဲ့ ဒီလောက်ထိကောင်းတဲ့ဆုကိုရရှိဖို့ လုံးဝမမျှော်လင့်ထားခဲ့ကြဘူး။

 

သူတို့ရဲ့ရွာက ဂုဏ်ထူးဆောင်လက်မှတ်လည်း ရရှိခဲ့ပြီး ရွာအတွက်ထောက်ပံ့မှုတွေလည်းရရှိခဲ့တယ်။ အတိုချုပ်ပြောရရင်တော့ လူတိုင်းက အလွန်ပျော်ရွှင်နေခဲ့ကြတယ်။

 

သူတို့တွေစကားပြောနေစဥ်အတွင်းမှာ ဆုဆုက ကွန်မြူနတီအတွင်း ဖုန်းခေါ်လို့ရမဲ့နေရာကို စုံစမ်းခဲ့တယ်။ ဖုန်းခေါ်ဆိုမှုတစ်ခုစတင်ရန်အတွက် ဆင့် 50 ကုန်ကျလိမ့်မယ်ဆိုတာကိုသိတဲ့အတွက် လူအများစုက  ဖုန်းခေါ်ဆိုမှုကို မစမ်းကြည့်ရဲခဲ့ကြဘူး။ ဒါပေမယ့် သူမက ပိုက်ဆံပြတ်လတ်နေတာမဟုတ်တဲ့အတွက် နေရာကိုမေးမြန်းပြီး ချက်ချင်းထွက်သွားခဲ့တယ်။

 

သူမရဲ့မှတ်ဉာဏ်က အလွန်ကောင်းမွန်တာကြောင့် သူမနှလုံးသားထဲမှာ လင်းချွမ်ရဲ့ရုံးခန်းဖုန်းနံပါတ်ကို မှတ်သားထားခဲ့ပြီးပြီ။ သို့ပေမယ့် သူမက အခုခေတ်မှာ ဒိုင်ခွက်သုံးဖုန်းအမျိုးအစားကို သိပ်ပြီးအကျွမ်းဝင်ခြင်းမရှိဘူး။

 

ကွန်မြူနတီရဲ့ ဆက်သွယ်ရေးခန်းထဲမှ လူက သူမ မလုပ်တတ်ဘူးလို့ထင်တာကြောင့် ပြောလာခဲ့တယ်။ 

 

ငါ့ ဖုန်းနံပါတ်ပေးလေ.. ငါ မင်းအတွက်ခေါ်ပေးမယ်

 

မလိုဘူး

 

ဖုန်းခေါ်ဆိုမှုအတွက် တခြားလူကို အကူအညီတောင်းတာက ကောင်းတဲ့အရာမဟုတ်ဘူး။ သူမ ဖုန်းနံပါတ်တွေကို ဆွဲချကာ နှိပ်လိုက်ပြီး သူမရဲ့နှလုံးတွေက အဆက်မပြတ်ခုန်ပေါက်နေခဲ့တယ်။ သူမ သူ့အသံကို မကြားရတာကြာနေပြီ။ အခုချိန်မှာ သူဘာလုပ်နေလဲဆိုတာ သူမ မသိဘူး။

 

ခဏလောက်ကြာတော့ စိမ်းသက်တဲ့အသံတစ်ခုက ဖုန်းကိုပြန်ဖြေလာတယ်။

 

တစ်ဆိတ်လောက်ပါ ဖုန်းခေါ်နေတာက ဘယ်သူများလဲ

 

ဆုဆု:  ကျွန်မက  ဆုဆုပါ.. လင်းချွမ်ဇနီး... ချစ်သူပါ..  သူရှိလား

 

သြော် မင်းက ကျွန်တော့်ရဲ့မရီးပဲ.. ကျွန်တော်တို့ရဲ့တပ်ရင်းမှူးက တာဝန်ထမ်းဆောင်နေချိန်ဖြစ်လို့ ဒီမှာရှိမနေပါဘူး.. ကျွန်တော် မင်းကို ကူညီပေးစရာတစ်ခုခုရှိလား

 

တစ်ဖက်လူရဲ့အသံက အနည်းငယ် စိတ်လှုပ်ရှားနေပုံရတာကြောင့် ဆုဆုရဲ့နှုတ်ခမ်းထောင့်က နှစ်ကြိမ်လောက်လှုပ်ခတ်သွားရတယ်။

 

သူ့ရဲ့တာဝန်ချိန်ကို မနှောင့်ယှက်ပါနဲ့.. ကျွန်မမှာလည်း တခြားဘာမှပြောစရာမရှိပါဘူး .. ဒါဆို ဒီလောက်ပါပဲ

 

သူမ ဖုန်းကို ပြန်ချလိုက်တယ်။

 

တစ်ဖက်မှာရှိနေတဲ့ ပို့ဆောင်ရေးတပ်သားကတော့ သူ့ကိုဝိုင်းကြည့်နေကြတဲ့ သူ့ရဲ့ရဲဘော်ရဲဘက်တွေကိုကြည့်ကာ မျက်ခုံးကိုပင့်လိုက်ပြီး :

 

အသံက အရမ်းချိုပြီးတော့ တော်တော်လေးငယ်သေးတဲ့ပုံရတယ်..  နွားအိုကြီးက မြက်နုကို စားနေတာပဲ...

 

သူ တိုးတိုးလေးပြောလိုက်တယ်။ သူတို့တွေ မတိုင်ခင်တုန်းက သူတို့မရီးရဲ့ ဓာတ်ပုံထဲမှ ရဲဘော်ကို မြင်ဖူးကြတယ်လေ။

 

လူတိုင်းက ခေါင်းညိတ်လာကြတယ်။ ဆင်ဂယ်ခွေးတွေကတော့ သူတို့ရဲ့တပ်ရင်းမှူးကို ချီးကျူးလိုတဲ့အမူအယာတွေရှိနေကြလေရဲ့။ သေချာတာပေါ့။ သူတို့ရဲ့တပ်ရင်းမှူးက လက်တွဲဖော်ကို အလွယ်တကူရှာတွေ့ခဲ့တယ်လေ။ သူက အိမ်ကိုတစ်ခါပြန်လိုက်တာနဲ့ တိုက်ရိုက်ပဲ လက်ထပ်လာခဲ့တယ်။ ဒါ့အပြင်ကိုမှ သူပြန်ရောက်လာချိန်မှာ အရင်လိုမဟုတ်တော့ပါပဲ ပိုပြီးလျှင်မြန်သွက်လာကာ အားအင်တွေပြည့်နေခဲ့သေးတယ်။

 

ဆုဆုကတော့ လင်းချွမ်ရဲ့တပ်ဖွဲ့ထဲမှ စစ်သားတွေက ဘယ်လိုသဘောထားတွေဖြစ်နေတာလဲဆိုတာကိုမသိခဲ့ဘူး။ သူမက အနည်းငယ် စိတ်ပျက်စွာနဲ့ တခြားလူတွေနဲ့အတူ ရွာသို့ ပြန်သွားခဲ့ရတယ်။

 

သူတို့တွေ ရွာကိုပြန်ရောက်တဲ့အချိန်မှာတော့ လူတိုင်းက အရမ်းပျော်ရွှင်နေခဲ့ကြတယ်။ သူတို့တွေ ဒီပွဲ အစီအစဉ်မှာ ဆုရခဲ့တာကြောင့် တစ်ရွာလုံးဆီကနေ သဘောကျခြင်းကိုခံခဲ့ကြရတယ်လေ။

 

ဒါကြောင့် ဆုဆုတို့ရဲ့ မိသားစုကတောင် နေ့စဥ်နေ့တိုင်း ဧည့်သည်တွေ နှစ်ယောက်သုံးယောက်လောက် လက်ခံကြိုဆိုနေကြရတယ်။ ထို့နောက် စာတတ်မြောက်ရေး အတန်းကိုလည်း သူမရဲ့နေအိမ်သို့ ပြောင်းရွှေ့ခဲ့ပြီး နေ့တိုင်း လူငါးဦး ၊ ခြောက်ဦးလောက် တက်ရောက်လာခဲ့ကြတယ်။

 

မုဆိုးမချောင်တောင်မှ သူမဆီသို့  ကုလားပဲတစ်ပန်းကန်ကို ယူလာခဲ့တယ်။

 

ဆုဆုက ကျေးဇူးတင်ကြောင်းပြောလိုက်ပြီး သူမရဲ့ပန်းကန်ပြားကို ဆေးကြောကာ ပြန်ပေးလိုက်တယ်။ ထို့နောက် မုဆိုးမချောင်က ပြုံးလိုက်ပြီး သူမရဲ့ပခုံးကိုလက်နဲ့ပုတ်ကာ :

 

ကျေးဇူးအများကြီးတင်ပါတယ်ရဲဘော်ဆု.. နောင်အနာဂတ်မှာ အခုလို အော်စရာအလုပ်တွေရှိရင်လည်း ငါ့ဆီ လာခဲ့နော်.. ငါ သေချာပေါက်ကူညီပေးမယ်

 

ကောင်းပြီ အဆင်ပြေပါတယ်

 

သူမရဲ့သဘောထားက ဘာကြောင့် ရုတ်ခြည်းကောင်းလာတာလဲဆိုတာကိုတော့ သူမ မသိဘူး။ အရင်တုန်းကတော့ မုဆိုးမချောင်က အပြင်ကိုမထွက်ချင်ခဲ့ဘူးလေ။

 

ညနေစောင်းချိန်မှာတော့ သူမ အကြောင်းပြချက်ကို သိရှိသွားခဲ့တယ်။ သူ့ယောက္ခမဖြစ်သူက မုဆိုးမချောင်ကို မကြာသေးခင်အချိန်တွေမှာ လာရှာတဲ့ ယောက်ျားတွေ ပိုများလာတယ်လို့ တိတ်တဆိတ်ပြောပြလာခဲ့တယ်လေ။ ဒါကြောင့် သူမအတွက် ပေးကမ်းမှုတွေကိုပိုမိုရရှိလာပြီး ဆုဆုကို ပဲတွေ ရက်ရက်ရောရော ပေးလာခဲ့တာ။

 

ဆုဆု ဒါက လိပ်ပြာအကျိုးသက်ရောက်မှုဖြစ်တာကို ရုတ်တရက် သဘောပေါက်သွားခဲ့တယ်။ သူမက မုဆိုးမချောင်အတွက် ထီးဆောင်းပေးလိုက်သလိုဖြစ်သွားတာကြောင့် လူများစွာ သူမဆီသို့ လာခဲ့တဲ့ပုံရတယ်။ ဒါက နည်းနည်းတော့ ရယ်စရာကောင်းတယ်လို့ထင်ရပေမယ့် သူမကို ကြည့်ရသလာက်ကတော့ အလွန်ပျော်ရွှင်နေပုံရတယ်။

 

နှစ်သစ်ကူးကာလက ရောက်လာတော့မှာဖြစ်ပြီး လင်းချွမ်က သူမကို စာပြန်မလာသေးဘူး။ သူက တာဝန်အတွင်းမှာပဲရှိနေသေးပုံရတယ်။ ဒါကြောင့် သူမကို မဆက်သွယ်လာသေးတာပဲ။

 

ဒီဘက်ခေတ်မှာ စစ်သားဖြစ်ရတာက တကယ်ကို အန္တရာယ်များပြီး စစ်သားတစ်ယောက်ရဲ့ ဇနီးဖြစ်ရတာကလည်း မလွယ်ကူဘူး။ ဥပမာအားဖြင့် သူမက သူ့ရဲ့ဇနီးမယားအစစ်တောင်မဖြစ်ရသေးဘူးလေ။ ဒီတော့ သူ့ဆီမှာ အန္တရာယ်တစ်ခုခုကျရောက်လာမှာကို သူမ အလွန်စိုးရိမ်နေခဲ့ပြီးဆိုးရွားတဲ့အရာတွေကိုတွေးတောနေမိတယ်။

 

အမေလင်းကတော့ ဒါကို ကျင့်သားရနေပြီဖြစ်ပုံရတယ်။ သူမက ဆုဆုကို စိတ်အေးအေးထားဖို့ နှစ်သိမ့်ခဲ့ပြီး အတွေးမလွန်စေဖို့ဖြောင်းဖြခဲ့တယ်။ အဆုံးမှာ တရုတ်နှစ်သစ်ကူးကာလက မင်္ဂလာအချိန်ဖြစ်ပြီး ဝမ်းနည်းစရာတွေတွေးမနေသင့်ဘူး။

 

ပထမဆုံးလုပ်ရမှာတွေက ကောင်းချီးမင်္ဂလာကဗျာတွေရေးသားဖို့ပဲ။ ဒီဘက်ခေတ်မှာ ထိုကောင်းချီးကဗျာတွေကိုရေးသားပြီးရောင်းချတာတွေက ခေတ်မစားသေးဘူး။

 

ဒီကောင်းချီးကဗျာတွေကို ဝယ်ယူလို့ရတယ်ဆိုရင်တောင် (စက်နဲ့ထုတ်လုပ်ထားတာမဟုတ်ဘဲ)တခြားလူရဲ့လက်ရေးနဲ့ ကိုယ်တိုင်ရေးသားထားတဲ့စာလုံးတွေပဲဖြစ်လိမ့်မယ်။ ဆုဆုရဲ့ လက်ရေးလှစာလုံးတွေက အလွန်ကောင်းမွန်နေတုန်းပဲ။ သူမက လက်ရေးလှစာလုံးရေးသားနည်းတွေကိုလည်း သိချင်စိတ်ကြောင့် လေ့ကျင့်ခဲ့ဖူးသေးတယ်လေ။

 

အရင်တုန်းကတော့ အမေလင်းက ဒီကောင်းချီးစာလုံးတွေကိုရေးပေးဖို့အတွက် နှစ်စဥ် လင်းတုံဟဲဆီမှာ အကူအညီတောင်းလေ့ရှိတယ်။ သို့ပေမယ့် သူမရဲ့ချွေးမက ရေးမယ်ဆိုတဲ့အကြောင်းကိုသိပြီးသွားချိန်မှာ အမေလင်းက အဖေလင်း လင်းတုံဟဲဆီသို့သွားမှာကို ခွင့်မပြုတော့ဘူး။

 

အဲဒီကလေးတုံဟဲက ဘာမှမလုပ်တဲ့အပြင် သူစိမ်းအပြင်လူအတွက် မိသားစုကို တံတောင်ဆစ်နဲ့ထိုးနေသေးတယ်..  ကျွန်မကတော့ ဘယ်သူမှ မရေးနိုင်ဘူးဆိုရင်တောင် ဒီနှစ်တော့ သူ့ဆီကို မသွားတော့ဘူး.. ဆုဆု မင်း အများကြီးရေးနေစရာမလိုဘူး မင်းရေးချင်တဲ့စာလုံးကိုချရေးလိုက်ရင်ရပြီ

 

ဆုဆုကတော့ ရယ်ရမလား ငိုရမလားတောင် မသိတော့ဘူး။ ဒါပေမယ့် အမေလင်းဟာ နာကျည်းစရာနဲ့ အပြစ်တွေကို ရှင်းရှင်းလင်းလင်းနားလည်တဲ့ မိမိုက်လွန်းသူတစ်ယောက်လို့ တွေးမိနေခဲ့တယ်။ သူမက တကယ့်ကို အလွန်လေးစားစရာကောင်းသူတစ်ယောက်ပဲ။

 

သူမ မငြင်းလိုက်ဘဲ စာရွက်အနီကို ဖြတ်တောက်ကာ စာလုံးတွေကို စတင်ရေးသားလိုက်တယ်။ လင်းရှန်ကလည်း ဘေးကနေ သူမကိုကူညီပေးခဲ့တယ်။

 

သူသည်လည်း တခြားသူတွေရဲ့ လက်ရေးလှရေးသားတာတွေကို ကြည့်ရတာ သဘောကျတယ်လေ။ အခုခေတ်ကာလမှာ မိသားစုအနည်းငယ်သာ စုတ်တံကိုပိုင်ဆိုင်ထားတာဖြစ်လို့ သူ အများကြီးမမြင်တွေ့နိုင်ရုံပဲရှိတာ။  ကံကောင်းထောက်မစွာနဲ့ လင်းမိသားစုကတော့  ဘယ်မျိုးဆက်တုန်းကချန်ထားမှန်းမသိတဲ့ စုတ်တံနှင့် မှင်ချောင်းတွေရှိနေသေးတယ်။

 

အဖေလင်းကလည်းပြောလာတယ်။

 

ငါတို့ရဲ့ဘိုးဘေးအချို့က အတိတ်တုန်းက အောင်မြင်ကျော်ကြားမှုကို အသိအမှတ်ပြုခံခဲ့ရပုံရတယ်.. ဒါတွေက အဲဒီအချိန်တုန်းက လက်ဆင့်ကမ်းပေးခဲ့တာဖြစ်တဲ့ပုံပဲ

 

ဆုဆု အံ့အားသင့်သွားခဲ့ပြီး အဖေလင်းရဲ့စကားထဲမှ ရှေးခေတ် ဆိုတဲ့စကားလုံးကို သတိပြုမိသွားကာ သူမ အသုံးပြုတဲ့အချိန်မှာ အထူး သတိထားခဲ့တယ်။   ဒါတွေက အနာဂတ်မှာ အလွန်စျေးမြင့်လာမှာလေ။ အထူးသဖြင့် မှင်ကျောက်တစ်စုံရှိနေသေးတယ်ဆိုရင် .. ဒါက တော်တော်လေးကို.. စျေးတွေခေါင်ခိုက်အောင်မြင့်တက်လာမှာပဲ။

 

သူ့စကားတွေကို  နားမထောင်နဲ့..  ဒါတွေက ဘယ်ကရောက်လာမှန်းတောင်သိတာမဟုတ်ဘူး မင်း လွတ်လွတ်လပ်လပ်ရေးလို့ရတယ်

 

ဒါကို ထိခိုက်လွယ်တဲ့ကလေးကိုထိကိုင်နေသလို လုပ်နေစရာမလိုဘူး။

 

ဘေးဘက်မှ ရပ်ကြည့်နေတဲ့ ကောင်လေးသုံးယောက်က ရယ်မောလာကြတယ်။ သူတို့ရဲ့မရီး အလှည့်စားခံနေရတာက အရမ်းရယ်စရာကောင်းတယ်လေ။