55 : ရှက်ရွံ့မှု
ဆုဆုအနေနဲ့
လင်းချွမ်ကိုတွေ့ရန် စိတ်ဇောကြီးနေခဲ့တာကြောင့် ဘာစကားမှမပြောခဲ့ဘဲ
အထဲကိုဝင်လာခဲ့တယ်။ အခန်းထဲမှာတော့ လင်းချွမ်က သူမ
မြင်သွားမှာကိုရှက်ရွံ့နေသလိုမျိုး စောင်ကိုခြုံထားလျှက်သားရှိနေခဲ့တယ်။
သို့သော်လည်း
ကောင်းကင်ကြီးက သိပ်ပြီး မတောက်ပသေးသလို အခန်းတွင်းမှာလည်း
အလင်းရောင်ကိုမဖွင့်ထားတာကြောင့် မြင်တွေ့ချင်ရင်တောင်မှ မြင်နိုင်မှာမဟုတ်ဘူး။
“အဆင်ပြေရဲ့လား?”
လင်းချွမ်က
ဘယ်နေရာမှာ ဒဏ်ရာရထားတာလဲဆိုတာကို မသိတာကြောင့် ဆုဆု အထဲကို ဝင်လာပြီးနောက်
တစ်ဖက်လူကို ပွေ့ဖက်ဖို့ကြိုးစားတာကို ရပ်တန့်လိုက်ပြီး ဘေးနားမှာသာ
ငြိမ်သက်စွာရပ်နေလိုက်တယ်။သူမရဲ့ မျက်လုံးတွေက အမှောင်ထုနဲ့
အသားကျသွားချိန်ကိုရောက်မှသာ ရင်းနှီးနတဲ့ ကောက်ကြောင်းကို သူမ မြင်လာရတယ်။
တစ်ဖက်လူက
အနည်းငယ် စိတ်လှုပ်ရှားနေတဲ့အသံနဲ့ပြောလာခဲ့တယ်။
“မင်း ဘာလို့ဒီကို
ရောက်လာရတာလဲ? ကိုယ်မင်းကို မလာခိုင်းခဲ့ဘူးလေ”
“ဒါဆို ကျွန်မ
အခုထွက်သွားလိုက်မယ်”
ဆုဆုက
သူ့ကိုအလွန်စိတ်ပူနေခဲ့ရပြီး ခရီးတစ်လျှောက်လုံး ပင်ပန်းစွာ လိုက်ပါလာခဲ့ရတာ။
ဒါပေမယ့် တစ်ဖက်လူက သူမကို ဒီလိုစကားမျိုးနဲ့ဆီးကြိုလာခဲ့တယ်။
ဆုဆု
ကျောခိုင်းပြီးလှည့်ထွက်ခါနီးမှာပဲ ကြီးမားတဲ့လက်တစ်ဖက်က သူမရဲ့လက်ကို
ဆုပ်ကိုင်လိုက်ပြီး လင်းချွမ်ရဲ့ စိုးရိမ်ပူပန်တဲ့အသံက
ထိတ်လန့်တကြားထွက်ပေါ်လာတယ်။
“မသွားပါနဲ့
ကိုယ်မင်းကိုတွေ့ချင်တယ်”
သူမ
ခေါင်းလှည့်ပြီး ဒေါသတကြီးပြောရုံသာ တတ်နိုင်တော့တယ်။
“ ရှင် ကျွန်မကို
လာဖို့ခွင့်မပြုဘူးဆိုတဲ့စကားမျိုး ထပ်ပြောလာတာကိုခွင့်မပြုဘူး .. မဟုတ်ရင်
ကျွန်မထွက်သွားလိုက်မှာ! ရှင်ကိုလည်း ဘယ်တော့မှ ထပ်မတွေ့တော့ဘူး”
“... “
ဒါက
ခြိမ်းခြောက်စကားသက်သက်ပဲဆိုတာသိသာပေမဲ့ လင်းချွမ်ကတော့ ကြောက်လန့်နေခဲ့ပြီး
အမှန်တကယ်ကို အပြစ်မလုပ်ရဲလေဘူး။
“ရှင်
ဘယ်မှာဒဏ်ရာနေတာလဲ ကျွန်မ ရှင်းရှင်းလင်းလင်းမမြင်ရဘူး”
ဆုဆုရဲ့
နှလုံးသားက ပြန်လည်နူးညံ့သွားခဲ့ပြန်တယ်။
“ကိုယ့်...ခြေထောက်မှာ
ဒဏ်ရာရထားတာ.. ဒါပေမယ့် ကိစ္စမရှိပါဘူး.. ကိုယ် မကြာခင် မြေပြင်ပေါ်ကို
လမ်းဆင်းလျှောက်နိုင်မှာပါ”
သူ
ချက်ချင်းပြောလိုက်တယ်။
“ကျွန်မ
ရှင်ပြောတာကို မယုံဘူး..ကျွန်မ ခဏနေရင် ဒဏ်ရာကိုကြည့်ဦးမယ်”
ဆုဆုအနေနဲ့
အခုချိန်မှာ စောင်ကိုလှစ်ကြည့်ချင်ပေမဲ့ သူမ ဘာကိုမှမြင်နိုင်မှာမဟုတ်ဘူးလို့
တွေးလိုက်မိတယ်။
သို့ပေမယ့်
တစ်ဖက်လူရဲ့ တုံ့ပြန်မှုက အရမ်းကြီးမားခဲ့ပြီး
တိုက်ရိုက်ငြင်းဆန်လာလိမ့်မယ်လို့ ဘယ်သူသိခဲ့မှာလဲ။
“မကြည့်နဲ့”
“အရမ်းဆိုးနေတာ
မဟုတ်ဘူးလား? ရှင် ကျွန်မကို မလိမ်ပါနဲ့၊ ကျွန်မတို့က
အိမ်ထောင်ဖက်တွေလေ.. ရှင့်ရဲ့ ဒဏ်ရာက ဘယ်လောက်ပဲ ပြင်းထန်နေပါစေ ကျွန်မ ရှင့်ကို
ထားခဲ့မှာ မဟုတ်ဘူး”
ဆုဆုက
သူ့ရဲ့ငြင်းဆန်တဲ့စကားကို ကြားတော့ ပိုကောင်းအောင် မတွေးတောနိုင်တော့ပဲ သူ့ရဲ့
ခြေထောက်တွေအားလုံးကို ဖြတ်တောက်ပစ်ရတာ ဖြစ်နိုင်တယ်လို့တောင် ခံစားလာရတယ်။
နောက်ပြီး လူကောင်းတစ်ယောက်အဖြစ်ကနေ မသန်စွမ်းသူဖြစ်လာမယ်ဆိုရင် သေချာပေါက်
စိတ်မသက်မသာဖြစ်နေရမှာပဲ။
ဒီလိုအချိန်မျိုးမှာ
သူမက အရမ်းထိတ်လန့်နေလို့မရဘူး။ သူမက သူ့ရဲ့ဘေးနားမှာဘဲ ဆက်ရှိနေပေးမယ်ဆိုတာကို
သိအောင်လုပ်ရမယ်။
ဆုဆု
နားလည်မှုလွဲသိတာကို သိလိုက်ရတော့ လင်းချွမ်က သူမရဲ့လက်ကို
ချက်ချင်းဆွဲကိုင်လိုက်ပြီး ပြောလိုက်တယ်။
“ဒဏ်ရာက
တကယ်ကိုမပြင်းထန်ပါဘူး.. ကြည့်ရတာ နည်းနည်းလောက် ကြောက်စရာကောင်းနေရုံပါပဲ..
မင်းဘာလို့ ကိုယ်နည်းနည်းလောက်ကောင်းလာတဲ့အထိ မစောင့်ရမှာလဲ”
လင်းချွမ်ရဲ့
စကားကိုကြားမှ ဆုဆု စိတ်သက်သာရာရစွာ သက်ပြင်းတစ်ချက်ချလိုက်တယ်။
“ကောင်းပါပြီ”
ဆုဆု
သူ့ရဲ့လက်ကို ပြန်လည်ဆုတ်ကိုင်လိုက်ပြီးနောက် လက်တွေက အနည်းငယ်အေးစက်နေသလို
ခံစားလိုက်ရကာ သူ့ရဲ့လက်ကို ကုတင်ပေါ်သို့ အလျှင်အမြန် ပြန်ထားပေးလိုက်တယ်။
“နည်းနည်းလောက်ကြာအောင်
အိပ်လိုက်ပါဦး.. အခုက သိပ်ပြီး မိုးမလင်းသေးဘူး”
“မင်းလည်း
အနားယူသင့်တယ်.. မိန်းကလေးတစ်ယောက်က ဒီလောက် ခရီးရှည်ကြီးကိုလာရတာ အရမ်း
ပင်ပန်းမှာပဲ.. မင်းရဲ့ဘေးမှာ ခွေးခြေခုံတစ်လုံးရှိတယ် ခဏထိုင်နေလိုက်ဦးလေ..
ခဏနေရင် မင်းပြန်ပြီးအနားယူဖို့ တည်းခိုအိမ်တစ်ဆောင်ငှားခိုင်းလိုက်မယ်”
လင်းချွမ်
အမှန်တကယ်ကို စိတ်လှုပ်ရှားနေခဲ့တယ်။ ဆုဆုက ဒီနေရာကို ကိုယ်တိုင်
လာလိုက်လိမ့်မယ်လို့ သူ မမျှော်လင့်ထားခဲ့ဘူးလေ။ မူလတုန်းက သူက လင်းဟိုင်ကို
ဒီကိုလာဖို့ ခေါ်ချင်ခဲ့တာ။
“လင်းဟိုင်က
အိမ်မှာ ကလေးနှစ်ယောက်ကို ပြုစုရမယ်..ကျွန်မတို့ရဲ့မိဘတွေက ဦးလေးအိမ်ကို
အလည်သွားလို့ အိမ်မှာမရှိဘူး”
ဆုဆုက
အိမ်ရဲ့အခြေအနေကို အတိုချုံးရှင်းပြလိုက်တယ်။ ထိုအချိန်မှာ ချန်ယွဲ့ကျင်းက
ပြန်ဝင်လာခဲ့ပြီး ဆုဆုကို ရေတစ်ခွက်ပေးလာတယ်။
“ တည်းခိုအိမ်ကို
ကျွန်တော် ကြိုတင်မှာထားပြီးသားပါ.. ဆေးရုံနဲ့လည်း နီးတယ်.. ညဘက်မှာ
စောင့်ရှောက်ပေးဖို့အတွက် စစ်တပ်က စစ်သားလေးကို စေလွှတ်ထားလိုက်မယ်.. ရဲဘော်ဆု
မင်းသွားပြီး အနားယူလို့ရပြီနော်”
ထို့နောက် သူက
သော့တစ်ချောင်းကို လှမ်းပေးပြီး လမ်းချွမ်ကို လှမ်းကြည့်လိုက်တော့ ထိုသူက
သူ့ရဲ့မျက်နှာကို တစ်ဖက်လှည့်နေခဲ့တယ်။ သူက ရှက်နေတာလား။
“ကျေးဇူးတင်ပါတယ်”
ဆုဆု
ယဉ်ကျေးစွာနဲ့ ကျေးဇူးတင်စကား ပြောလိုက်ပြီး ချန်ယွဲ့ကျင်းက ခေါင်းညိတ်ကာ
ပြန်ထွက်သွားဖို့လုပ်တယ်။
“လောင်ချန်
ဒီကိုထမင်းလာပို့တဲ့ ရဲဘော်တွေကို မနက်စာ အပိုလုပ်ခိုင်းဖို့ ပြောလိုက်ဦး”
လင်းချွမ်က
ထမင်းအပို ယူလာဖို့ မေ့သွားပြီး သူ့ရဲ့ဇနီးသည် ဆာလောင်နေရမှာကိုစိတ်ပူတာကြောင့်
ချက်ချင်း အမိန့်ပေးလိုက်တယ်။
ချန်ယွဲ့ကျင်း
မျက်ခုံးပင့်လိုက်တော့ သူ့ရဲ့မျက်နှာပေါ်မှ အမာရွတ်တွေက အနည်းငယ်
ကြောက်စရာကောင်းသွားခဲ့တယ်။ သို့ပေမယ့် သူက အသံဖျော့ဖျော့ပြန်ပေးကာ
ထွက်သွားခဲ့လေတယ်။
သို့ပေမယ့် သူ့ရဲ့စိတ်ထဲမှာတော့ သူတို့မိသားစုထဲမှ တပရင်းမှူးလင်းက သူ့ရဲ့ဇနီးသည်
အစာမစားရမှာကိုကြောက်လန့်နေတဲ့ပုံက အလွန်ရှားပါးကြောင်းတွေးတောနေခဲ့လေတယ်။
မေ့လိုက်တာပေါ့။
သူတို့စစ်သားတွေရဲ့ နောက်ထပ်မွေးဖွားလာမဲ့ မျိုးဆက်သစ်လေး အတွက် နေ့လည်ကျရင်
ဟင်းကောင်း နှစ်မျိုး ထပ်ပြီးချက်ကြရအောင်။
နေထွက်လာချိန်မှာတော့
ဆုဆု လင်းချွမ်ရဲ့မျက်နှာကို နောက်ဆုံးတော့မြင်နိုင်ခဲ့ပြီ။ သူမက ပါးစပ်ကို
လက်နဲ့အုပ်ကိုင်ပြီး မျက်ရည်တွေကျဆင်းလာရတယ်။
တကယ်ကို
ပိန်ပါးသွားပြီး မျက်တွင်းတွေလည်း ချောင်ကျနေခဲ့ပြီ။ ဒဏ်ရာ တွေကလည်း အများကြီး
ရှိနေခဲ့တယ်။
ကုသမှု
ခံယူထားခဲ့ပေမဲ့ ပတ်တီးမစည်းထားတာကြောင့် အလွန် စိတ်ဆင်းရဲဖွယ်ဖြစ်နေခဲ့တယ်။
နဂိုတုန်းက အလွန်ချောမောတဲ့ မျက်နှာပေါ်မှာ ခြစ်ရာတွေ၊ ဒဏ်ရာဒဏ်ချက်တွေ ရှိနေပြီး
ရုပ်ဆိုးတဲ့ပုံစံဖြစ်နေခဲ့တယ်။
“ရုပ်ဆိုးတယ်မလား?”
လင်းချွမ်သည်လည်း
လက်ရှိမှာ သူဘယ်လိုပုံစံမျိုးဖြစ်နေမလဲဆိုတာကို သိထားခဲ့တယ်။ ဒါကြောင့်ပဲ
ဆုဆုရောက်လာပြီး သူ့ကိုမြင်တွေ့သွားမှာကို မလိုချင်ခဲ့တာ။
“ရုပ်မဆိုးပါဘူး..
ဒါက နည်းနည်းလောက် စိတ်ဆင်းရဲစရာကောင်းနေလို့ပါ.. ဘယ်လိုဖြစ်ပြီး ဒီလိုမျိုး
ဒဏ်ရာတွေရလာခဲ့ရတာလဲ”
ဆုဆု
ဒဏ်ရာတွေကိုမြင်ပေမဲ့ သွားမထိရဲဘူး။ သူမအနေနဲ့ တစ်ဖက်လူကို
ဘယ်လိုလုပ်ပေးရမလဲဆိုတာကိုပါ မသိနိုင်ဖြစ်နေခဲ့ရတယ်။
လင်းချွမ် သူမရဲ့
မျက်ရည်တွေကို လှမ်းသုတ်ပေးလိုက်တယ်။
“တောင်ပေါ်ကို
လှိမ့်ချလိုက်တုန်းက ရခဲ့တာ.. အပေါ်ယံဒဏ်ရာတွေပါပဲ.. သိပ်ပြီးမနာပါဘူး”
သူ့ရဲ့ဇနီးက
သူ့ရဲ့ရုပ်ဆိုးတဲ့မျက်နှာကို သဘောမကျတာမျိုးမဖြစ်သွားတာ အရမ်းကောင်းတာပဲ။
“ရေအရင်သောက်လိုက်ဦး..
ရှင့်ရဲ့ပါးစပ်က ခြောက်ကပ်ပြီးအရေကွာချင်နေပြီ”
ဆုဆု
ကြွေပန်းကန်ထဲမှ ရေကိုလေနဲ့မှုတ်ပြီး လင်းချွမ်ကိုလှမ်းတိုက်လိုက်တယ်။ သူမအနေနဲ့
လူနာကိုပြုစုဖို့ရောက်လာတာဆိုတော့ တာဝန်တွေကို အတတ်နိုင်ဆုံးကျေပွန်အောင်
လုပ်ရမယ်။
လင်းချွမ်တစ်ယောက်
သူ့ရဲ့ရှေ့ကိုရောက်လာတဲ့ ရေခွက်ကို မြင်တော့ အောင့်အီးပြီး သောက်လိုက်လိုက်ရတယ်။
တကယ်တမ်းမှာတော့ မနက်ပိုင်းမှာ သူ့ရဲ့ဆီးအိမ်က အဆင်မပြေဖြစ်နေရပေမဲ့
သူ့ဇနီးရဲ့ရှေ့မှာတော့ ထိမ်းထားရုံသာတတ်နိုင်တယ်လေ။
နောက်ဆုံးမှာ
သူ့ရဲ့စစ်တပ်ထဲမှ စစ်သားလေး ထမင်းလာပို့တဲ့အချိန်ထိ အောင့်အီးကာ
စောင့်နေနိုင်ခဲ့ပြီး သူ့ဇနီးသည်ရဲ့ နူးညံ့သိမ်မွေ့ပြီး
အပြစ်ကင်းစင်စွာပြုံးနေတဲ့မျက်နှာလေးကို စိုက်ကြည့်လိုက်တယ်။
“အမ်.. ဇနီးလေး……”
“ဟမ်?”
“မင်း ...
မင်း အပြင်ကိုထွက်လို့ရမလား...?”
ဘာဖြစ်လို့လဲ?”
ဆုဆုအနေနဲ့
အမျိုးသားလူနာတွေကို တစ်ခါမှ ဂရုစိုက်ဖူးခြင်းမရှိတာကြောင့်
ဘာဖြစ်နေတာလဲဆိုတာကို နားမလည်ခဲ့ဘူး။
“ကိုယ်...ကိုယ်လုပ်ချင်..ပေါ့ပါးသွားအောင်လုပ်ချင်လို့”
သူပြောလိုက်ပြီးနောက်
စိတ်သက်သာရာရစွာသက်ပြင်းချလိုက်ပေမဲ့ သူ့ဇနီးသည်ရဲ့မျက်နှာကိုတော့ မကြည့်ရဲခဲ့ဘူး။
ဆုဆု
ချက်ချင်းသဘောပေါက်သွားရပြီး အပြင်ကို ထွက်ပြေးသွားတော့တယ်။ ထို့နောက်
တံခါးပိတ်သွားခဲ့ပြီးအခန်းထဲမှ ရေကျသံတွေထွက်ပေါ်လာခဲ့တယ်။ ထိုအမျိုးသားက
အချိန်ဘယ်လောက်ထိကြာအောင် ထိန်းထားရလဲဆိုတာကိုတောင် မသိတော့ဘူး။ သူက
သူမကိုတောင်မပြောခဲ့ပဲ စစ်သားရလေးရောက်လာတဲ့အထိ စောင့်နေခဲ့သေးတယ်။
သို့ပေမယ့်လည်း
သူက အခုချိန်မှ ထမရပ်နိုင်သေးတာကြောင့် အိုးနဲ့ပဲ သွားရမှာလေ။ သူတို့နှစ်ယောက်က
မင်္ဂလာခန်းကိုမဝင်ရသေးတာကြောင့် ရှက်နေတာက သာမာန်ပါပဲ။
သူမ
ထိုအကြောင်းကိုတွေးလိုက်မိတော့မှ ရှက်သွားရတော့တယ်။
ခဏလောက်ကြာတော့
ရဲဘော်ငယ်လေးက ပြန်ထွက်လာပြီး :
“မရီး.. ကျွန်တော်
ထမင်းကို ထည့်ထားခဲ့တယ်နော်.. မရီးနဲ့ တပ်ရင်းမှူးတို့ စားလို့ရပြီး ကျွန်တော်
နေ့လည်မှ ပြန်လာခဲ့မယ်”
“အိုး ဒါဆို
မင်းကိုပဲ ဒုက္ခပေးရတော့မယ်”
ဆုဆု
ထိုစစ်သားလေးကို လက်ဝှေ့ယမ်းကာနှုတ်ဆက်လိုက်တော့ တစ်ဖက်လူက ရှက်ရွံ့သွားပြီး
ခေါင်းကုတ် ထွက်ပြေးသွားတာကိုမြင်လိုက်ရတယ်။
စစ်သားလေး :
မရီးလေးက အရမ်းလှပြီး ယဉ်ကျေးတာပဲ။ သူမက မြို့ပေါ်က မိန်းကလေးတွေထက်တောင်
ပိုလှတယ်။
ဆုဆု : ဒီကလေးက
အရမ်းရှက်တတ်တာပဲ၊ သူက ဘယ်လိုလုပ်ပြီး မြန်မြန်ထွက်ပြေးသွားရတာလဲ။
သူမ
အခန်းထဲသို့ပြန်ဝင်လာပြီးနောက် လင်းချွမ်ရဲ့မျက်နှာက အနည်းငယ်လောက်
အဆင်မပြေဖြစ်နေသေးတာကို တွေ့လိုက်ရတယ်။ သူက သူမ ဝင်လာတာကိုမြင်တော့ တစ်ဖက်မှ
စားပွဲပေါ်မှာရှိနေတဲ့ ထမင်းဘူးနှစ်ဘူးကို လက်ညိုးထိုးပြလာတယ်။
“ပူနေတုန်း
လာစားလိုက်လေ”
ဆုဆု
ထမင်းဘူးကိုဖွင့်ကြည့်လိုက်တော့ ဂျုံယာဂုဖြစ်တာကိုတွေ့လိုက်ရတယ်။
ဒါ့အပြင် အသီးအရွက်ချဉ်အနည်းငယ်နဲ့ ကြက်ဥကြော်တစ်လုံးလည်း ပါသေးတယ်။ သူမ
ဒီကိုရောက်တာ အချိန်မကြာသေးပေမယ့်
ကြက်ဥကြော်ကအရမ်းကောင်းတဲ့စားစရာဖြစ်နေတယ်ဆိုတာကိုတော့ သိထားပြီးပြီ။
သို့ပေမယ့် ဆုဆုက
သူမအတွက် အရင်မစားခဲ့ဘဲ နေ့လည်စာဘူးကို ကောက်ယူပြီး လင်းချွမ်ကို
အရင်ကျွေးဖို့လုပ်လိုက်တယ်။
လင်းချွမ်လို
လူကောင်ကြီးမားတဲ့အမျိုးသားတစ်ယောက်က ဘယ်လိုလုပ်ပြီး မိန်းကလေးတစ်ယောက်ကို
ခွံ့ကျွေးခိုင်းနိုင်မှာတဲ့လဲ။ ဆေးရုံခန်းထဲမှာ တခြားလူတွေ
မရှိဘူးဆိုရင်တောင်မှလေ။