(60)
ဘန်းမုန့်တွေကို
ခွဲဝေပေးပြီးတဲ့နောက် သူမက ထမင်းဘူးကိုဖွင့်ပြီးပြောလိုက်တယ်။
“ဒါက
လောက်ပါ့မလားတော့မသိဘူး.. တကယ်လို့ ရှင်တို့မဝသေးဘူးဆိုရင် ကျွန်မ
ထပ်ပြီးသွားယူလိုက်မယ်”
အမျိုးသားနှစ်ယောက်က
ပြန်ဖြေရင်းနဲ့ သူ့တို့ရဲ့ခေါင်းကို စားသောက်ခြင်းဆီမှာ မြှပ်နှံလိုက်ကြတယ်။ ဆုဆု
ဘန်းမုန့်တစ်ဝက်လောက်စားပြီးသွားချိန်မှာတော့
တစ်စုံတစ်ခုမှားယွင်းသွားသလိုမျိုးခံစားလာခဲ့ရတယ်။ ဘာလို့လဲဆိုတော့
တစ်ဖက်မှလူနှစ်ယောက်က ဒုတိယမြောက်ဘန်းမုန့်ကိုတောင် စားလို့ပြီးနေခဲ့ပြီ။
သို့ပေမယ့်
သူတို့ကို ကြည့်ရတာ ဗိုက်မပြည့်သေးတဲ့ပုံရှိနေတုန်းပဲ။ သူမရဲ့
လက်ဖဝါးအရွယ်အစားလောက်ရှိတဲ့ ဘန်းမုန့်ကိုကြည့်ရင်း ဆုဆုတစ်ယောက်
အမျိုးသားတွေရဲ့စားသောက်နိုင်စွမ်းအပေါ်အမြင်သစ်တစ်ခုကြုံတွေ့သလိုခံစားလိုက်ရတယ်။
သူမက
ကျန်ရှိနေတဲ့ဘန်းမုန့်ကို လင်းတုံဟဲရဲ့ နေလည်စာဘူးအဖုံးထဲသို့ ပစ်ထည့်ပေးလိုက်ကာ
အပြုံးတစ်ခုနဲ့ပြောလိုက်တယ်။
“ကျွန်မ
တစ်ခုကုန်အောင်မစားနိုင်ပါဘူး”
သူမအနေနဲ့
တစ်ဝက်လောက်စားပြီးသွားချိန်မှာ အမှန်တကယ်ကို ဗိုက်ပြည့်နေခဲ့ပြီ။ ထို့နောက် သူက
နောက်ထပ်တစ်ဝက်ကိုတော့ လင်းချွမ်ဆီကိုထည့်ပေးလိုက်တယ်။
လင်းချွမ်က
မျက်မှောင်ကြုတ်ပြီး ပြောလာတယ်
“ဘာလို့
ဒီလောက်လေးပဲ စားရတာလဲ”
“ကျွန်မ
ကိုယ်အလေးချိန်မတက်ချင်ဘူး.. အဆီအရမ်းများနေရင် ကြည့်လို့ကောင်းမှာမဟုတ်တော့ဘူး”
“ဘာတွေပြောနေတာလဲ..
မင်းရဲ့ကျန်းမာရေးက အရေးအကြီးဆုံးပဲလေ”
ထို့နောက် သူက
ဘန့်မုန့်တစ်ဝက်ကို သူမရဲ့ လက်ထဲသို့ အတင်းထည့်ပေးလာတယ်။
သို့ပေမယ့် ဆုဆု
ချက်ချင်းပဲ ဖြောင့်မတ်တဲ့မျက်နှာနဲ့ပြောလိုက်တယ်။
“ကျွန်မကို
မပေးနဲ့တော့.. ကျွန်မ အများကြီးစားပြီးသွားရင်
ပန်းသီးမစားနိုင်တော့ဘဲနေလိမ့်မယ်.. ကျွန်မ ပန်းသီးစားချင်သေးတယ်”
သူမရဲ့စကားသံအဆုံးက
အနည်းငယ် ညင်သာနေခဲ့ပြီး သူမရဲ့ပုံစံက ဒေါသထွက်တော့မလိုဖြစ်နေခဲ့တယ်။
လင်းချွမ်
ဘန်းမုန့်ကို သူ့ရဲ့လက်ထဲသို့ ပြန်ယူလိုက်ရုံသာ တတ်နိုင်တော့တယ်။ သူ့ရဲ့ဇနီးလေးက
သရေစာကိုပဲစားချင်နေတာက
သူဗိုက်မဝဘဲဖြစ်နေမှာကိုစိုးရိမ်နေလို့ဆိုတာကိုသိနေခဲ့တာကြောင့်
သူ့ရဲ့စိတ်တွေကလည်းလှုပ်ရှားသွားရတယ်။ သူက ဘန်းမုန့်တစ်ဝက်ကို
အကိုက်ရေအနည်းငယ်လောက်နဲ့ စားခဲ့ပြီး ပါးစပ်သုတ်ရင်းပြောလိုက်တယ်။
“ဇနီးလေး ခဏနေရင်
ပန်းသီးကို များများပိုစားလိုက်လေ.. မလောက်ဘူးဆိုရင် ကိုယ်
ချန်ယွဲ့ကျင်းကိုထပ်ဝယ်ခိုင်းလိုက်မယ်”
“ကောင်းပြီ
ကျွန်မပန်းသီးကို အကြိုက်ဆုံးပဲ”
ဗိုက်ပြည့်အောင်စားမယ်ဆိုရင်
တစ်လုံးဆိုရပြီလေ။ ဘယ်လိုလုပ်ပြီး ထပ်စားနိုင်မှာလဲ?
သို့သော်လည်း
လင်းချွမ်ရဲ့ သူမက ကိစ္စအများကြီးလုပ်ပေးလိုက်သလိုမျိုး စိလှုပ်ရှားပြီး နီရဲလာတဲ့
မျက်လုံးတွေကိုမြင်တော့ ဆုဆုတစ်ယောက် အနည်းငယ် အပြစ်ရှိသလို ခံစားမိရတယ်။
ဒါကြောင့်ထမင်းဗူးတွေကို အလျင်စလိုယူလိုက်ပြီး ဆေးကြေဖို့ ထွက်လာခဲ့ကာ
အခြားလူနာတွေရဲ့မိသားစုဝင်တွေနဲ့ စကားအနည်းငယ်လောက် ပိုပြီးပြောနေခဲ့တယ်။
ဆေးရုံအခန်းထဲမှာတော့
လင်းတုံဟဲက ပြောလာတယ်။
“ရဲဘော်ဆုက
ငယ်သေးပေမယ့် သူမက မင်းကို တကယ်နားလည်ပြီး ပံ့ပိုးပေးတာပဲ”
လင်းချွမ်
ခေါင်းညိတ်ပြီးပြောလိုက်တယ်။
“ပထမတုန်းကတော့
ငါဘာမှမပြောချင်ခဲ့ဘူး.. ဒါပေမယ့် မင်း ဒီတစ်ကြိမ်မှာ ဒီကိုလိုက်လာတယ်ဆိုကတည်းက
မင်းက ဆွေမျိုးတွေကိုအသိအမှတ်ပြုသေးတယ်ဆိုတာကို သက်သေပြနေသေးတာဆိုတော့ မင်းကို
အကြံပြုလိုက်ဦးမယ်.. အဲဒီချင်ယွဲ့ယွဲ့က တွဲဖက်ကောင်းတစ်ယောက်မဟုတ်ဘူး နောက်ပြီး
သူမရဲ့ နှလုံးသားကလည်း ငါတို့ရဲ့ရွာမှာ ရှိမနေဘူး”
“ဘယ်သူကမှတော့
အဲဒီ လျှိုမြောင်ထဲမှာ တစ်ချိန်လုံး မနေချင်ဘူးလို့ ထင်ပါတယ်.. အပြင်ထွက်ဖို့
အခွင့်အရေးရှိလာရင် ထွက်ချင်ကြမှာပဲလေ.. သူမလုပ်တာက မမှားပါဘူး”
“မင်းက
အဲလိုတွေးတောတယ်ဆိုမှတော့ ငါ ဘာမှမပြောခဲ့ဘူးလို့ သဘောထားလိုက်ပါ”
လင်းချွမ်အနေနဲ့
သူ့ရဲ့ညီဖြစ်သူက စိတ်ကူးလွန်းတဲ့သူတစ်ဦးဖြစ်ပြီး ကျေးလက်ဘဝကနေ
လွတ်မြောက်နိုင်မဲ့အခြေအနေမျိုးကို အမြဲတမ်း စိတ်ကူးယဉ်နေတတ်တယ်ဆိုတာကို
သိထားခဲ့တယ်။ သို့ပေမယ့်လည်း ကံမကောင်းစွာဖြင့် သူ့ဆီမှာ
အပြင်ကိုထွက်ခွင့်ရမဲ့အခွင့်အလမ်းမရှိခဲ့ဘူး။
ဒါကြောင့် သူက
သူကိုယ်တိုင်နှင့် တူညီတဲ့ အတွေးအခေါ်ရှိသူများကို နှစ်သက်လေ့ရှိတယ်။
ထိုအကြောင်းပြချက်တွေကြောင့် သူက ချင်ယွဲ့ယွဲ့လုပ်တဲ့အရာတွေကို
မှန်တယ်လို့တွေးတောနေတဲ့ပုံပဲ။
သူပြောတာကို
သဘောမတူဘူးဆိုမှတော့ ဘာမှ မပြောရုံပဲပေါ့။
ဆုဆု
ပြန်လည်ရောက်ပြီးနောက်မှာ သူတို့ရဲ့ကြားထဲမှ လေထုက နည်းနည်းထူးဆန်းနေသလို
ခံစားလိုက်ရတာကြောင့် ပြုံးပြီးပြောလိုက်တယ်။
“ကပ္ပတိန်.. ရှင်
လမ်းလျှောက်ထွက်ချင်ရင် ဒီမြို့က အပြင်မှာ တော်တော်လေးအသက်ဝင်တယ်နော်..
နေ့ခင်းဘက်ဆိုရင် ဒီမှာက လူသိပ်မပြတ်ဘူးလေ.. ဒီတော့ သူ့ကိုထားခဲ့ပြီး ခဏတဖြုတ်
သွားလာချင်ရင်လည်း အဆင်ပြေတယ်”
“ဟုတ်လား”
လင်းတုံဟဲက
သူ့အတွက် လမ်းဖောက်ပေးလာတဲ့ ဆုဆုကို အလွန် ကျေးဇူးတင်သွားရတယ်။
လင်းချွမ်က
သူ့ထက် အသက်အများကြီး မကြီးပေမယ့် ထိုကိစ္စနဲ့ပတ်သက်လာရင် သူ လင်းချွမ်အပေါ်
အမြဲတမ်း အပြစ်ရှိသလိုခံစားနေရတယ်။ တကယ်တော့ သူနဲ့ ချင်ယွဲ့ယွဲ့တို့က အရင်ကတည်းက
တစ်ယောက်ကိုတစ်ယောက် တိတ်တဆိတ် ချစ်ခဲ့ကြပြီး သူတို့တွေ ဘာမှ
မလုပ်ခဲ့ကြဘူးဆိုရင်တောင် သူ့အတွက် အားနာမိနေတုန်းပဲ။
တစ်ဖက်လူ
ထွက်သွားတာကိုမြင်တော့ ဆုဆု တီးတိုးလေးမေးလိုက်တယ်။
“ရှင်တို့
ဘာတွေပြောနေကြတာလဲ.. သူ့ရဲ့မျက်နှာက သိပ်ပြီး ကြည့်မကောင်းတော့ဘူး”
“အဆင်ပြေပါတယ်..
ပန်းသီးတစ်လုံးစားလိုက်လေ.. ကိုယ် မင်းအတွက် အခွံနွှာပေးထားတယ်”
လင်းချွမ်က
သူ့ရဲ့ဇနီးသည် ဗိုက်မဝမှာကိုစိုးရိမ်တာကြောင့် ပန်းသီးကို အစောပိုင်းကတည်းက
အခွံခွာထားခဲ့ပြီး သူမပြန်လာတာနဲ့ စားလို့ရအောင် ပြင်ဆင်ပေးထားခဲ့တယ်။
ဆုဆု ပန်းသီးကို
ယူလိုက်ပြီး ဘေးနားမှဓားကိုပါယူကာ အစိတ်လေးတွေခွဲလိုက်တယ်။
“အတူတူစားရအောင်”
“......”
လူကြီးတစ်ယောက်ဖြစ်တဲ့လင်းချွမ်က
ခုတင်ပေါ်မှာထိုင်နေရတဲ့အချိန်မှာ ပန်းသီးကိုတောင် ဝေမျှစားရတော့မှာလား? သူ့အနေနဲ့
အစားအသောက်ကို ယှဥ်ပြိုင်လုစားတဲ့ကလေးတစ်ယောက်လို ခံစားမိတာကြောင့်
အနည်းငယ်ရှက်သွားရတယ်။ ဒါပေမယ့် သူ့ရဲ့ဇနီးလေးကတော့ လုံးဝမရှက်ခဲ့ဘူး။သူမက အသီးကို
လှီးပြီး သူ့ရဲ့ပါးစပ်ထဲသို့တောင် ထည့်ပေးလာခဲ့တယ်။ ဒီတော့သူမနဲ့အတူစားရုံကလွဲပြီး
တခြားနည်းလမ်းမရှိတော့ဘူး။
ပြောစရာရှိတာက
ဒီပန်းသီးက တကယ်ကိုချိုမြိန်လွန်းတယ်။
စားနေရင်းတစ်ဝက်လောက်မှာ
ဆရာဝန်က သူမကို လက်မှတ်ထိုးဖို့ ခေါ်ခဲ့တာကြောင့် ဆုဆု ထွက်သွားခဲ့ရတယ်။ သူမ
ပြန်လာချိန်မှာ လင်းချွမ်က ကျန်ရှိနေတဲ့ ပန်းသီးတွေကို စားပြီးသွားခဲ့ပြီ။
သူက သူမအတွက်
နောက်ထပ် ပန်းတစ်လုံးကို လှီးဖြတ်ပြီး အတုံးသေးသေးလေးတွေအဖြစ်ဖြတ်တောက်ထားကာ
အစေ့တွေကိုပါထုတ်ပေးထားခဲ့တယ်။ ကောက်ယူပြီး စားလိုက်ရုံပဲ။
လူကြီးတစ်ယောက်က
ဘယ်လိုလုပ်ပြီး ဒီလောက်တောင် ဂရုစိုက်နေခဲ့တာလဲ။
သူမက သူ့ကို
ထိုကိစ္စတွေမှာ ပေါ့ပေါ့တန်တန်သဘောထားတတ်တဲ့သူမျိုးလို့ အမြဲတမ်းတွေးထားခဲ့မိပေမဲ့
တကယ်တမ်းမှာ သူက သူ့အတွက်မှန်ကန်တဲ့လူ(right person)ကို မတွေ့နိုင်ခဲ့တာ
ဖြစ်ပုံရတယ်။
သူမ
ဝင်ထိုင်လိုက်ပြီး ပန်းသီးကို တစ်ကိုက်ကိုက်ကာ လင်းချွမ်ကိုပါ ကျွေးလိုက်တယ်။
“ရှင်
အိပ်ယာထဲကထွက်ပြီးလမ်းခဏလျှောက်ဖို့ ကျွန်မကို ကူညီပေးစေချင်လား”
“ဟင့်အင်း
ကိုယ်မသွားချင်ဘူး။”
“ကျွန်မ အခုလေးတင်
ရှင့်ရဲ့ ခြေထောက်တွေ လှုပ်ရှားနေတာကိုကြည့်နေတာ.. ဆရာဝန်က ရှင်
ခြေလှမ်းနည်းနည်းလောက် လျှောက်နိုင်တယ်လို့ပြောခဲ့တယ်”
“...”
လင်းချွမ်က
သူမကို မထိခိုက်မခံစားရစေချင်ဘူး။ သို့ပေမယ့် သူ့ရဲ့ဇနီးလေးကို
ပွေ့ဖက်ထားတဲ့အကြောင်းကိုတွေးမိတော့ တကယ်မဆိုးလှဘူးလို့ ခံစားမိတယ်။
အရင်တစ်ခေါက်က ကြမ်းပြင်မှာ လမ်းလျှောက်ကြည့်ချိန်မှာ ခြေထောက်တွေက
ပြဿနာမရှိခဲ့ဘူး။ အနည်းဆုံးတော့ သူမကို ဖိမိမှာမဟုတ်ဘူး။
ထို့အပြင် သူသာ
ခြေလှမ်းအနည်းငယ်လောက်မလှမ်းဘူးဆိုရင် သူမ စိတ်ပူနေရလိမ့်မယ်။
ဒီလိုနဲ့
လူငယ်စုံတွဲက အတူတွဲပြီး လမ်းလျှောက်ခဲ့ကြတယ်။ ခဏလောက်ကြာသွားချိန်မှာတော့
တစ်ယောက်က အာရုံပြောင်းလွဲသွားခဲ့ပြီး နောက်တစ်ယောက်ကတော့ နည်းနည်းနီရဲလာတော့တယ်။
ဒီလို
ဒွိဟဖြစ်စေတဲ့လေထုထဲမှာ လူတွေက ဘာကြောင့်ဝင်ကူညီဖို့ဖြစ်နိုင်မှာလဲ?
ဆုဆုတစ်ယောက်
သူမရဲ့နှလုံးသားက ရင်ဘတ်ထဲကနေ ပေါက်ထွက်လာတော့မလို ခံစားနေရတယ်။
အချိန်အတော်ကြာပြီးနောက်မှာ ထိုအမျိုးသားကို အိပ်ယာဆီသို့
ပြန်ပို့နိုင်ခဲ့ပြီးနောက် ဆုဆု သူမရဲ့မျက်နှာကို ပွတ်သပ်ပြီး ပြောလိုက်တယ်။
“ကျွန်မ
မျက်နှာသစ်လိုက်ဦးမယ်”
ဒီအမျိုးသားက
လေးနက်တည်ကြည်တဲ့မျက်နှာထားရှိနေပေမဲ့ သူ့ရဲ့လက်တွေကတော့
မရိုးသားစွာနဲ့ကားကိုတိတ်တဆိတ်မောင်းနေခဲ့တယ်လေ။ ဒါပေမယ့် သူမမှာ သက်သေမရှိဘူး။
သူမရဲ့ ခါးတစ်ဝိုက်က ယားယံပြီး ထုံကျင်တာကိုသာ ခံစားနေရပြီး
ဆက်ပြီးတောင့်ခံမထားနိုင်တော့ဘူး။
ငယ်ရွယ်တဲ့ဇနီးမောင်နှံက
အတူရှိနေသရွေ့ အလေးအနက်မထားနိုင်ဖြစ်နေခဲ့ကြတယ်။ ကံကောင်းစွာဖြင့်
လင်းတုံဟဲက မကြာခင် ပြန်ရောက်လာခဲ့တယ်။
လင်းချွမ်
သူ့ရဲ့ဇနီးလေးကိုမလွှတ်ချင်လွှတ်ချင်နဲ့ ပြန်လွှတ်ပေးခဲ့ရတယ်။
သူကတွန့်ဆုတ်နေချိန်မှာ သူ့ရဲ့ဇနီးလေးကတော့ ဖိနပ်စျေးနှုန်းအကြောင်းပြောဖို့
ပြန်တော့မဲ့အကြောင်းကို ပြောလာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။
တကယ်တမ်းမှာ
ဒီကိစ္စက စကားပြောဖို့မလွယ်ကူခဲ့ဘူး။ သို့ပေမယ့်
ပစ္စည်းအားလုံးကိုရောင်းချနိုင်မယ်ဆိုတဲ့စကားက ရောင်းချသူအတွက် အလွန်
ဆွဲဆောင်မှုရှိနေခဲ့တယ်။
နောက်ဆုံးမှာတော့
တစ်စုံကိုတစ်ယွမ်နဲ့ စျေးညှိနှိုင်းနိုင်ခဲ့တယ်။ ဆုဆုကတော့
အလွန်ပျော်ရွှင်နေခဲ့တယ်။
သူမက
အိတ်တွေထဲကို တိုက်ရိုက်ထည့်ပြီး တည်းခိုခန်းဆီသို့ အကြိမ်ကြိမ်သယ်ဆောင်ခဲ့တယ်။
နည်းနည်းလောက်ပင်ပန်းတယ်ဆိုပေမဲ့လည်း အိမ်ကိုပြန်ရောက်ပြီးရင် လူတိုင်းက
ပိုက်ဆံတချို့ရှာနိုင်တော့မယ်လေ။
သူမက
ဖိနပ်အရံငါးဆယ်ကို သူမရဲ့နောက်ကျောမှာတင်ပြီး သုံးကြိမ်တိုင်တိုင် သယ်ဆောင်ခဲ့တယ်။
ကံကောင်းထောက်မစွာနဲ့ သူမတည်းခိုတဲ့နေရာနဲ့ မဝေးလှပေမဲ့လည်း သူမရဲ့ လက်တွေက
အနည်းငယ် နာကျင်လာရပြီး ခြေထောက်တွေက ညောင်းညာလာရတယ်။ သို့ပေမယ့် ညဘက်မှာ
ခြေထောက်ကို ရေနွေးနဲ့စိမ်ခဲ့တာကြောင့် နောက်တစ်နေ့မှာသက်သာသွားခဲ့တယ်။
ဆုဆုတစ်ယောက် သူမ
ဆေးရုံသို့ရောက်တဲ့အချိန်မှာ လင်းချွမ် ဆေးရုံက ဆင်းတော့မယ်ဆိုတဲ့ သတင်းကိုတော့
သူမ မမျှော်လင့်ထားခဲ့မိဘူး။ သူ က တတ်နိုင်သမျှ အမြန်ဆုံး ဆေးရုံက
ဆင်းသွားချင်နေခဲ့တာ။
သူ့ကို ဘယ်သူက
ဒီလိုသတ္တိမျိုးပေးလိုက်တာလဲ။
ဆုဆု
ဆေးရုံအခန်းထဲသို့ လှမ်းကြည့်လိုက်တော့ လင်းချွမ်က ကြမ်းပြင်မှာ
တစ်ယောက်တည်း ရပ်နေခဲ့ပေမဲ့ လက်ထဲမှာတော တုတ်တစ်ချောင်းကို ကိုင်ထားတာကို
တွေ့လိုက်ရတယ်။
ချန်ယွဲ့ကျင်းက
မျက်မှောင်ကြုတ်လိုက်ပြီး ဘေးနားမှာရပ်လရင်းပြောလိုက်တယ်။
“ရဲဘော်
လင်းချွမ်.. မင်း အခုသွားလို့ရတယ်ပေမယ့် ကားစီးတဲ့အချိန်ကျရင် မင်းရဲ့ ဒဏ်ရာကို
ပိုဆိုးစေမှာနော်.. မင်းကို ဆေးရုံက ချက်ချင်းဆင်းဖို့ကို
အထက်လူကြီးတွေကလည်း သဘောမတူဘူး”
“ငါ့ကို
သွားလို့ရတဲ့အချိန်မှာ မသွားခိုင်းပဲ အိပ်ရာထဲမှာ လှဲအိပ်ခိုင်းထားတာ
သေခိုင်းလိုက်တာနဲ့ ဘာကွာလို့လဲ.. နောက်ပြီး အရင်းအမြစ်တွေ ဖြုန်းတီးနေတာပဲ”
သူ့အနေနဲ့
သူ့ရဲ့ဇနီးနဲ့ လင်းတုံဟဲတို့ သူ့ကိုပြုစုပေးနေရတာကိုမပျော်ရွှင်နေခဲ့ဘူး။
လင်းတုံဟဲက ယောကျ်ားတစ်ယောက်ဖြစ်လို့ ဘာမှ မဖြစ်နိုင်ပေမဲ့
သူ့ရဲ့ဇနီးသည်အရှေ့အနောက် အပြန်ပြန်အလှန်လှန် ပြေးလွှားနေရတာကို အနည်းငယ်
စိတ်ပူနေတုန်းပဲ။
“ကားက
ခရီးအဝေးကြီးကိုစီးသွားရဦးမှာ.. မင်းရဲ့တင်ပါးကဒဏ်ရာရထားတဲ့နေရာနဲ့ အရမ်းနီးတယ်..
မင်းသတိမထားမိရင် ဒဏ်ရာကိုကြိတ်မိ... ဘာလို့ အလျှင်လိုနေရတာလဲ”
ချန်ယွဲ့ကျင်းက
ဆုဆုဝင်လာတာကိုမြင်တော့ ဆက်မပြောတော့ဘူး။ သူဆက်ပြောမဲ့စကားတွေက
မိန်းကလေးတစ်ယောက်ရှေ့မှာ ပြောဖို့ မသင့်တော်ဘူးလေ။
သို့ပေမယ့် ဆုဆုက
ချန်ယွဲ့ကျင်းရဲ့စကားတွေကို ဂရုမစိုက်ခဲ့ဘူး။ သူမက လင်းချွမ်ကို
စိုက်ကြည့်ပြီး ပြောလိုက်တယ်။
“ရှင်က မနေ့ကမှ
အိပ်ရာထဲက ထထွက်နိုင်တာကို အခု ပျံသန်းချင်နေပြီလား?”
သူမအနေနဲ့
ဒီလိုနေရာမျိုးမှာ နေရတာကို မကြိုက်ဘူးဆိုပေမယ့်၊ တကယ်တမ်းမှာ ဒီနေရာက
အိမ်မှာနေရတာလောက် သက်သောင့်သက်သာမရှိဘူ့ဆိုပေမဲ့ သူမအနေနဲ့
ဒဏ်ရာရနေတဲ့လူတစ်ယောက်ကို ခရီးဝေးကိုသွားဖို့ ကားစီးမှာကိုတော့ ခွင့်မပြုနိုင်ဘူး။
**