4
"ယီလေး , ကိုယ်မနေ့ညက အတော်မူးသွားတယ်"
ငါသူ့ကို "မိန်းမ" လို့ခေါ်ရမှာ အရမ်းရှက်နေတာမလို့ အရင်ခေါ်နေကြပုံစံအတိုင်း ယီလေးလို့ပဲ ခေါ်လိုက်တယ်။
သူက အရက်နာကျတာ သက်သာစေတဲ့ ပျားသံပရာဖျော်ရည်ကို ငါ့ရှေ့ထားလိုက်ပြီး ငါ့ရင်ဘတ်ပေါ် သူ့ခေါင်းလေးမှီရင်း ညင်ညင်သာသာလေး ပွေ့ဖက်လာခဲ့တယ်
"ယောင်္ကျား , မနေ့တုန်းကခင်ဗျားကြောင့် ကျွန်တော်လန့်သွားတာပဲ... နောက်ထပ် အရက်မသောက်ပါနဲ့တော့လားဟင် မဟုတ်လည်း သောက်ချင်ရင် ကျွန်တော့်ကိုခေါ်လိုက်လေ ကျွန်တော် အဖော်လုပ်ပေးမှာပေါ့"
ငါ့အသည်းတွေပျော်ကျသွားရပြီ။
ငါ့မိန်းမအသံက ချိုသာလိုက်တာကွာ။
"ဟုတ်ပြီ ကိုယ်မင်းစကားနားထောင်မယ်နော်"
ဘာပဲဖြစ်ဖြစ် ငါ့မိန်းမကို အလိုလိုက်ရတာ ငါကြိုက်တယ်လေ။
ငါချောင်းဟန့်လိုက်ရင်း
"ယီလေး, ကိုယ်အခုတလော ရုပ်ရှင်ရိုက်ဖို့အပြင်သွားရမှာ အိမ်မှာလိမ်လိမ်မာမာ နေခဲ့နော်"
ငါယန်ယီကို စပရိုက်တိုက်ပြီး လက်ထပ်ခွင့်တောင်းဖို့ စီစဉ်ထားတာ။
"ဟုတ်ပါပြီ ခင်ဗျား ပါးစပ်ဖွင့်ဦး"
ယန်ယီက ငါ့ကိုနံရိုးချိုချဉ်ကြော် ခွံ့ကျွေးချင်နေတာမလို့ ငါလည်းပါးစပ်ဖွင့်ပေးလိုက်တယ်။
ငါနဲ့ယန်ယီတို့ တစ်အိမ်ထဲတူတူနေပြီးတာနဲ့ နောက်ပိုင်းသူက ငါ့ရဲ့နေ့စဉ်ဘ၀ကို ဂရုစိုက်ဖို့ တာ၀န်ယူထားပြီး အရသာရှိတဲ့ စားစရာတွေ အမျိုးမျိုးကိုလည်း ငါ့အတွက်ဆိုပြီး ချက်ကျွေးသေးတာ။
သူက မိန်းမ၀တ္ထရားအရမ်းတွေ ကျေပွန်ပြီး တစ်ခါတလေ ငါ့ကိုခွံ့ကျွေးဖို့ ကလူ၏မြှူ၏ လည်းလုပ်တတ်သေးတယ်။
အစတုန်းကတော့ ငါနေမထိထိုင်မသာဖြစ်ပြီး အရမ်းရှက်ခဲ့တာ။
ကိုယ့်မိန်းမဆီကဒီလိုခွံ့ကျွေးခံနေရရင် ငါ့ရဲ့ ယောင်္ကျားသိက္ခာတွေ ဘယ်ရောက်သွားမှာလဲ?
ပြောရရင် ငါ့ကိုယ်ငါ ကိုယ့်ယောင်္ကျားဆီက မုန့်ခွံ့ကျွေးခံရတဲ့ ဇနီးတစ်ယောက်လို့တောင် ခံစားမိလိုက်သေးတယ်။
ဒါပေမယ့်လည်း အချိန်တွေကြာလာတာနဲ့ ကျင့်သားရလာတာပါပဲ။
ငါ့မိန်းမ ပျော်နေရင် ငါကျေနပ်ပြီ။
နောက်တစ်နေ့ရောက်တော့ ဖွင့်ပြောတဲ့အခမ်းအနားကို ပြင်ဆင်ဖို့ ငါ့ရဲ့အခန်းဖော်ဟောင်း တစ်ယောက်ဖြစ်တဲ့ ဟယ်သုန်းကို ကူညီဖို့ခေါ်လိုက်တယ်။
မနေ့ညသောက်ကြတုန်းက သူလည်းပါတယ်လေ။
ဒါပေမယ့် အဲ့ဒီကောင်က ကိစ္စရှိလို့ နိုင်ငံခြားထွက်ရမယ်ဆိုပြီး ငါခေါ်တာကို ရှောင်တိမ်းနေတာ။
ငါလည်းဒီအကြောင်းကို မြန်မြန်ပဲမေ့သွားပြီ အခမ်းအနားကိုပြင်ဆင်ဖို့ပဲ အာရုံစိုက်ထားလိုက်တယ်။
ငါနည်းနည်းပါးပါး ညွှန်းကြားပြီးတော့ ငါ့မန်နေဂျာက စားသောက်ပွဲတစ်ခုတက်ရမယ်ဆိုပြီး ငါ့ကိုလာခေါ်ပါလေရော။
ငါပုံမှန်ဆို အဲ့လိုပွဲတွေတက်ရတာမကြိုက်ပေမယ့် ဒီတစ်ခါ မန်နေဂျာက တော်တော်လေး အသနားခံနေတာမို့ ငါလည်း မငြင်းနိုင်တော့ဘူးလေ။
သီးသန့်အခန်တံခါးနားကို မရောက်ခင်လေးမှာတင်ပဲ နောက်ဆုံးတော့ မန်နေဂျာက ပွဲအကြောင်းပြောလာခဲ့တယ်
"မင်း ဟိုရောက်ရင် သေချာပြုမူရမယ် အကောင်ကြီးကြီးတစ်ယောက် ဒီနေ့လာမှာတဲ့ ! မင်း မစ္စတာလုကို ကြားဖူးလား?အခု သူပြန်ရောက်နေပြီ! မင်းသူ့ကို ကောင်းကောင်းဧည့်ခံတာ ပိုကောင်းလိမ့်မယ်နော်"
အဲ့တာကိုကြားပြီး ငါ့ခြေထောက်တွေ ပျော့ခွေသွားတော့မလိုပဲ။
အဲ့တာမူရင်းဇာတ်လမ်းထဲက ရက်စက်ပြီး အကြင်
နာတရားမရှိတဲ့ အဓိကအထက်ပုဂ္ဂိုလ် မစ္စတာလုကျွယ်ကြီးလေ !