6
Viewers 1k

Ch 6


"သခင်လေးချီ" ဆိုတဲ့အခေါ်အ‌ဝေါ်ကြောင့် ချီယန်ချီ လောင်ကျွမ်းသွားသလိုမျိုး ဆုပ်ကိုင်ထားတဲ့လည်ပင်းကို ချက်ခြင်းလွတ်ပေးလာတယ်။


သူ့အမူအယာက မိန်းမောတွေဝေနေတဲ့ပုံပေါက်နေပြီး ငါ့ကိုနူးနူးညံ့ညံ့လေးခေါ်လာခဲ့တယ်

"ယွီလေးလား?"


ငါ သူ့ကိုပြုံးပြုံး‌လေးမျက်တောင်ခတ်ပြလိုက်တယ်

"ဟုတ်တာပေါ့ ရှင်"


ဒီလို တည်ငြိမ်တဲ့တုန့်ပြန်မှုကြောင့် ချီယန်ချီနဲ့စကားပြောဖို့ အခွင့်‌အရေးရခဲ့ပြီလို့ထင်ခဲ့ပေမဲ့ မမျှော်လင့်ထားစွာပဲနောက်တစ်ခဏမှာတင် သူကသရော်ပြုံးပြုံးပြီးပြောလာခဲ့တယ်

"မင်းရဲ့သရုပ်ဆောင်အရည်အချင်းက ဒီတစ်ခါတကယ်တိုးတက်လာတာပဲ ငါ့ကိုတောင်အရူးလုပ်နိုင်လုနီးပါးပဲ ဒါပေမယ့်မင်းကိုကောင်းကောင်းပြုမူဖို့သတိပေးလိုက်မယ် မင်းနောက်လှည့်ကွက်တွေသုံးလာတာဖြစ်ဖြစ်

ယွီလေးရဲ့ခန္ဓာကိုယ်ကိုထိ‌ခိုက်အောင်လုပ်လာရင်ဖြစ်ဖြစ် ပြည်နှင်ဒဏ်ပေးခံထားရတဲ့စတုတ္ထုမင်းသားကိုနှစ်ဆပြန်ပေးဆပ်စေရမယ်လို့ ငါအာမခံတယ်"


ငါနည်းနည်းစိုးရိမ်မိသွားပြီး သူ့ကိုဘယ်လိုရှင်းပြရမလဲဆိုတာ မစဉ်းစားတတ်တော့ပေ။


ငါရဲ့၀တ္ထုတွေကိုဖတ်လာတဲ့ အတွေ့အကြုံအရဆိုရင် လျှောက်သွားနေတဲ့ ဝိဉာဉ်တစ်ကောင်က ငါ့ခန္ဓာကိုယ်ကိုပူးကပ်ပြီး ငါ့အယောင်ဆောင်ခဲ့မှန်း အကြမ်းဖျင်းတော့ခန့်မှန်းမိလိုက်တယ်။


ကြည့်ရတာချီယန်ချီလည်း ဒီလိုပုံစံမျိုးနဲ့ခဏခဏ လှည့်စားခံခဲ့ရသလိုပဲ။


ငါလည်းစိတ်ပျက်လက်ပျက်နဲ့ အရင်ကသူ့ကို အနှောက်အယှက်ပေးနေကြပုံစံအတိုင်း သူ့ရဲ့အင်္ကျီလက်ကိုဆုပ်ကိုင်ချင်မိတယ်။


"ကျွန်မ တကယ်ကိုချန်ယွိီပါ လွန်ခဲ့တဲ့ဆယ်နှစ်က‌နေအခုနှိုးလာတဲ့ချန်ယွီလေ

ကျွန်မ မလိမ်ပါဘူး"


ဒါပေမဲ့ ချီယန်ချီက အကိုင်မခံပဲရှောင်လိုက်ရင်း ငါ့ကိုတစ်ချက်စိုက်ကြည့်ကာ ထွက်သွားလေတော့တယ်။


---

အဲ့နေ့ကစပြီးနောက်ထပ်ရက်တွေအထိ သူရော ကလေးတွေရော ငါ့ဆီကိုမလာကြတော့ဘူး။


ခြံထောင့်မှာရှိတဲ့ ခွေးတိုးပေါက်လေးကိုလည်းတစ်ခုခုနဲ့ ပိတ်ထား‌လိုက်ပြီလေ။


တစ်ယောက်ယောက်က ငါ့ခန္ဓာကိုယ်နဲ့ငါ့အယောင်ဆောင်ခဲ့မှန်း အချိန်နှောင်းမှသဘောပေါက်ခဲ့ရတယ်။


ဘာပဲဖြစ်ဖြစ်လေ ငါကလည်းအမြဲပျင်းရိနေတတ်တာဆိုတော့ အဲ့ကိစ္စကိုသိပ်အာရုံမထားတော့ဘူး။


အရာအားလုံးက တစ်ချိန်ကျအဆင်ပြေသွားမယ်လို့ငါယုံကြည်ထားတယ်။


ငါ့‌အမေနဲ့ ဘုရားကျောင်းသွားခဲ့တုန်းက ကျောင်းထိုင်ဆရာတော်ကတောင်ငါ့မှာ 

ဗုဒ္ဓဘာသာ၀င်တွေရဲ့ပင်ကို

ယ်သဘာ၀ရှိတယ်လို့ ချီးကျူးခဲ့သေးတာပဲ။