(4) ကောကော မှန်ပါတယ်
မစ်ရုန်ရဲ့ တောင်းဆိုမှုနဲ့ ဒေါက်တာက ရုန်ရုန်ရဲ့
ခန္ဓာကိုယ်ကို စစ်ဆေးဖိို့ စီစဥ်ခဲ့တယ်။ သူ့ရဲ့အတိတ်ဘဝမှာတုန်းက
ရုန်မိသားစုထံမှ ကန်ထုတ်ခံရပြီးနောက် ရုန်ရုန်ထံမှာ
ဝမ်းဗိုက်ကြွက်သားတွကြွက်တက်တာ၊ မကြာခဏအော့အန်တာနဲ့ အာရုံခြောက်ခြားတတ်တဲ့ရောဂါတွေ
ရှိခဲ့တယ်။
ပထမတုန်းကတော့ ရောဂါလက္ခဏာတွေက မပြင်းထန်ခဲ့ဘူး။ နောက်ပြီး
သူကလည်း အလေးအနက်မထားခဲ့ဘူး။
ထပ်ပြောရရင် ထိုအချိန်တုန်းက သူ့ဆီမှာ အလုပ်ပြောင်းဖို့
ဖိအားပေးခံရမှုတွေနဲ့ နေထိုင်စရာနေရာတွေကြောင့် အသက်ရှင်ဖို့တောင်
ပြသနာဖြစ်နေခဲ့တာလေ။ သူ့ဆီမှာ ဆေးရုံကိုသွားပြီး ဆရာဝန်ပြဖို့အတွက် အချိန်ရော
အင်အားပါမရှိခဲ့ဘူး။
နောက်တော့ ရောဂါလက္ခဏာတွေက တိုးလာပြီး
နှလုံးခုန်မောပန်းတာတွေကလည်း ပိုပိုပြင်းထန်လာတယ်။ သူ အိပ်ပျော်သွားရင်တောင်
ချွေးတွေစိုနစ်ပြီး နိုးလာခဲ့ရတယ်။
ညဘက်မှာ အိပ်မပျော်နိုင်တာက နေ့ဘက်အလုပ်လုပ်ချိန်ကို
သက်ရောက်စေလိမ့်မယ်။
တစ်ခါတုန်းက အပြင်နံရံမှာဆေးသုတ်နေရင်း
ရုန်ရုန်မူးဝေလာခဲ့တယ်။
ထိုအရာကပဲ ရုန်ရုန်ကို အချိန်ထပ်မဆွဲသင့်ကြောင်း
နားလည်လာစေခဲ့တယ်။
သူ ဆေးရုံမှာစစ်ဆေးခဲ့ပြီး ဆေးရုံက သူ့ကို
လကုန်တဲ့အချိန်မှာ ရလဒ်ထွက်လာမယ်လို့ပြောခဲ့တယ်။
ဆိုလိုတာကတော့ သူမသေဆုံးခင်အထိ သူ့ဆီမှာ
ဘယ်လိုရောဂါရှိနေခဲ့လဲဆိုတာ သူမသိခဲ့ဘူး။
ရုန်ရုန်အနေနဲ့ သူပြန်ပြီးမွေးဖွားလာရင်တောင် အတိတ်ဘဝက
ရောဂါတွေကျန်နေဦးမှာလားဆိုတာကို မသေချာခဲ့ဘူး။
အနည်းဆုံးတော့ တစ်ကိုယ်လုံးကိုစစ်ဆေးလိုက်တာက
ပိုပြီးအန္တရာယ်ကင်းပါတယ်လေ။
ရုန်မိသားစုက ဆေးရုံရဲ့အဓိကရှယ်ယာရှင်ဖြစ်တာကြောင့်
ဆေးရုံကိုထိန်းချုပ်နိုင်တယ်။
ရုန်မိသားစုရဲ့ ဒုတိယသားက ဆေးစစ်ဖို့လိုအပ်မယ်ဆိုရင်
တန်းစီနေစရာမလိုဘူးလေ။
ရုန်ကျန်း သူ့ရဲ့အဖေ ရုန်ဝေ့ရှန်နဲ့အတူ
အိမ်ကိုပြန်လိုက်လာခဲ့တယ်။
ကားက အိမ်ကိုရောက်ခါနီးမှာပဲ သူ့အမေယင်းလန်က
သူ့ကိုဖုန်းခေါ်ပြီး သူ့ရဲ့ညီငယ်လေး နိုးလာပြီဖြစ်ကြောင်း ပြောလာတာကြောင့်
သားအဖနှစ်ယောက်က ဆေးရုံဆီကို ပြန်လှည့်လာကြတယ်။
ရုန်ကျန်းနဲ့ သူ့အဖေတို့ ဆေးရုံကိုပြန်လာနေချိန်မှာ
ရုန်ရုန်ကဆေးစစ်လို့ပြီးသွားပြီဖြစ်တာကြောင့် ဝှီးရှဲပေါ်မှာထိုင်ကာ ရုန်မားမားက
သူ့ကို အခန်းထဲသို့ ပြန်လည်တွန်းပေးနေခဲ့တယ်။
နံရံပေါ်မှ နာရီက အချက်ပေးသံပေါ်ထွက်လာတောကြောင့်
ရုန်မားမား မော့ကြည့်လိုက်တော့ မွန်းလွဲပိုင်းကိုရောက်နေခဲ့ပြီ။
ရုန်ရုန် ဆေးရုံခုတင်ပေါ်မှာထိုင်ပြီးသွားတော့ သူမက
ဘေးကိုလှည့်ကာ စားပွဲပေါ်မှ အစားအသောက်ဘူးကိုဖွင့်လိုက်တယ်။
“မနက်တုန်းက မား အန်တီဝူကို
မင်းအတွက်အစားအသောက်ပြင်ဆင်ခိုင်းခဲ့တာ.. ဗိုက်ဆာနေပြီလား.. ဒါကို....”
ရုန်မားမား ပြောနေရင်းနဲ့ တစ်စုံတစ်ခုကိုသတိရသွားတယ်။
သူမက ခေါင်းကို အသာလှည့်ကာ ရုန်ရုန်ကိုကြည့်ရင်း
အပြုံးတစ်ခုနဲ့ပြောလာတယ်။
“ဘာစားချင်လဲ.. မားဖုန်းခေါ်ပြီး
မှာလိုက်မယ်လေ”
မစ်ရုန်က ရုန်ရုန်ဆီကိုပြန်လှည့်လာပေမဲ့ ရုန်ရုန်က
သူမရဲ့လက်မှလှုပ်ရှားမှုကို သတိပြုမိသွားတုန်းပဲ”
“မား ကျွန်တော့်အတွက်
မနက်စာပြင်လာခဲ့တယ်မလား.. မားယူလာတာကို ကျွန်တော်စားနိုင်ပါတယ်”
မားမားရုန် တုံ့ဆိုင်းနေခဲ့တယ်။
“ဒါပေမဲ့ ဒါက နှစ်နာရီကျော်သွားပြီ..”
ရုန်ရုန်က မိုးရေတွေရောနေတဲ့ နေ့လည်စာကိုတောင်
စားနေခဲ့တဲ့သူပဲလေ။ နှစ်နာရီကျော်သွားတာကို ဂရုမစိုက်တာအသေအချာပဲ။
“မားယူလာတာမှန်သမျှကို ကျွန်တော်စားမှာပါ..
ကျွန်တော် ချေး(ဂျီး)မများပါဘူး”
မားမားရုန်ရဲ့ အံ့သြတကြီးအကြည့်တွေကိုမြင်တော့
ရုန်ရုန် သူ့ရဲ့အရင်ဘဝတုန်းကအကြောင်းကို ရုတ်တရက်သတိရသွားတယ် ။ သူ
ရုန်မိသားစုဆီမှ ကန်ထုတ်မခံရခင်တုန်းက အစားအသောက်ကိုချေးများလွန်းတယ်။
အဝတ်အစား၊အိမ်နဲ့ ကားတွေကိုလည်း ချေးများလွန်းခဲ့တယ်။
သူက ပူနေတဲ့အစားအစာတွေကို မစားသလို
အေးနေတဲ့အစားအသောက်တွေကိုလည်းမထိဘူး။
အချိန်နှစ်နာရီကျော်သွားတဲ့ထမင်းဘူးတွေက
နွေးနေတုန်းပဲဖြစ်နေရင်တောင် သူမထိချင်ဘူး။
ပြောရရင် သူတို့တွေက ထိုအရာကိုနေသားကျနေပြီ။
လူချမ်းသာရောဂါမျိုးပဲ။
နောက်တော့ သူ စက်ရုံတွေမှာအလုပ်ဆင်းရတဲ့အချိန်မှာ
လေထုကမသန့်ရှင်းဘူး။ ဆောက်လုပ်ရေးဆိုဒ်တွေမှာ အစားအသောက်တွေပေါ်ကို
သဲတွေဖုန်တွေလွင့်လာပြီး မိုးရေတွေလည်း ဝင်ခဲ့တယ်။သူ သဲတွေရောနေတဲ့ ထမင်းကိုလည်း
စားခဲ့ရတာပဲမလား?
အသက်ရှင်သန်ဖို့က ပြသနာတစ်ခုဖြစ်လာချိန်မှာ
ဒီလိုကြောင်သူတော်ဆန်တဲ့ပြသနာတွေက ပျောက်ကွယ်သွားခဲ့တယ်။
ရုန်ရုန် ပြုံးပြလိုက်တယ်။
“မား ကျွန်တော်က စိတ်ပူစရာတွေအမြဲလုပ်ခဲ့တာပဲ
.. ဟုတ်တယ်မလား”
ဒါကြောင့် ရုန်မိသားစုအတွက် စစ်မှန်တဲ့သခင်လေးကိုသာ
ရွေးချယ်ကြခဲ့တာက မှန်ကန်တာပဲလေ။
ဘယ်မိဘကမှ ကောင်းမွန်ပြီးတွေးတောစဥ်းစားပေးတတ်တဲ့ ကလေးကို
မချစ်ပဲနေမှာမဟုတ်ဘူး။
ရုန်ကျန်းနဲ့ ရုန်ဝေ့ရှန်တို့ တံခါးကို
တွန်းဖွင့်လိုက်ချိန်မှာ ထိုစကားကိုကြားလိုက်ရတယ်။ အဖေနဲ့ သားက တစ်ယောက်ကို
တစ်ယာက်ကြည့်လိုက်ကြပြီး မတူညီတဲ့အံ့သြမှုတွေက မျက်ဝန်းထဲမှာရှိနေခဲ့တယ်။
ရုန်ဝေ့ရှန်က တိတ်ဆိတ်မှုကိုဖြိုခွင်းလိုက်တယ်။ သူက
အထဲကိုဝင်သွားကာ အပြုံးတစ်ခုနဲ့ လှမ်းပြောခဲ့လေတယ်။
“ဘာမှားနေလို့လဲ? မနေ့က တစ်ညလုံးငါတို့ကို
စိတ်ပူပန်နေရအောင်လုပ်ပြီးသွားတော့ အခု ကိုယ့်အကြောင်းကို ကိုယ်သိသွားပြီလား”
ရုန်ဝေ့ရှန်ရဲ့စကားက စနောက်ပြီးပြောလိုက်တာပဲ။
မမျှော်လင့်စွာနဲ့ ရုန်ရုန်က တော့ သူတို့ကိုကြည့်ပြီး လေးနက်စွာပြောလာတယ်။
“ပါး မား ကျွန်တော်တောင်းပန်ပါတယ်..
ကျွန်တော် ပါးတို့ကိုစိတ်ပူရအောင်လုပ်မိတယ်”
ထပ်ပြီး တောင်းပန်ပါတယ်။
အရင်ဘဝတုန်းက ပါးတို့ကို စိတ်ပျက်သွားစေခဲ့ပြီး
ဝမ်းနည်းရအောင်လုပ်ခဲ့မိတယ်။
တကယ်လို့ သူသာ သူ့မိဘတွေရဲ့ သားအရင်းဖြစ်ခဲ့မယ်ဆိုရင်။
သူ တွေးတောစဥ်းစားပေးတတ်ပြီး
ထူးချွန်ထက်မြတ်တဲ့သားတစ်ယောက်ဖြစ်လာအောင် သေချာပေါက်ကြိုးစားမှာ။ ပြီးရင်
သူတို့အတွက် ဂုဏ်ယူစရာတည်ရှိမှုဖြစ်လာစေရမယ်။
ဆိုးရွားလွန်းလိုက်တာ။ သူက
အတုတစ်ယောက်သာဖြစ်နေခဲ့တယ်။
သူအလုပ်ကြိုးစားခဲ့ရင်တောင်၊ သူက
ထူးချွန်ထက်မြတ်ခဲ့ရင်တောင် သူက ရုန်မိသားစုနဲ့ သွေးသားမတော်စပ်ဘူးဆိုတဲ့
အမှန်တရားက ပြောင်းလဲလို့ မရနိုင်ဘူး။
သူ ပိုက်ဆံစုပြီးသွားရင်တော့
သေချာပေါက်ထွက်သွားမှာပါ။
အဲဒီအချိန်ကျရင် လူတိုင်းလည်း သူတို့ရဲ့ကိုယ်ပိုင်နေရာကို
ပြန်ရောက်သွားလိမ့်မယ်။
သူ့မိဘတွေရဲ့ကြင်နာမှုတွေအတွက်ကတော့ သူ
တခြားနည်းလမ်းနဲ့ပြန်ပြီးပေးဆပ်ရမယ်။
ရုန်ဝေ့ရှန်နဲ့ ယင်းလန်တို့ ဇနီးမောင်နှံက သားဖြစ်သူရဲ့
ရုတ်တရက် တောင်းပန်မှုကြောင့် အနည်းငယ်ရှုပ်ထွေးနေခဲ့တယ်။
သူတို့ရဲ့သားငယ်လေးက ခေါင်းမာလွန်းတယ်။ တခြားလူကို
အလွယ်တကူတောင်းပန်တတ်တဲ့သူမျိုးမဟုတ်ဘူး။
ရုန်ကျန်းကတော့ ရုန်ရုန်တစ်ယောက်
ကျိုးမိသားစုဝင်နောက်ကိုတကောက်ကောက်လိုက်ပြီး
လျှာနဲ့လျက်တတ်တဲ့ခွေးတစ်ကောင်လိုပြုမူနေခဲ့တာကို အချိန်အကြာကြီး
မနှစ်မြို့နိုင်ဖြစ်နေခဲ့တာ။
မနေ့ညကတည်းက သူ့ညီငယ်လေးမှ ကျိုးယွီကိုဆက်ဆံပုံက
ပြောင်းလဲသွားတာကို သူခံစားမိတယ်။
ဒါကြောင့် အခွင့်အရေးရလာချိန်မှာ ဝင်ပြောလိုက်တယ်:
“ မင်းမှားနေတာကို သိသွားတာကောင်းတယ်..
အမှားကိုသိပြီးပြင်ဆင်တာက နောင်တမရပဲ သေသွားတာထက် ပိုကောင်းတယ်ဆိုတာ သိဖို့လိုတယ်”
မစ်ရုန်က သူမရဲ့သားကြီးကို အပြစ်တင်လိုဟန်နဲ့ကြည့်လိုက်တယ်။
“ကျန်းအာ! ရုန်ရုန်က ခုမှသတိရလာတာ..
မင်းရဲ့ညီလေးကို ဘယ်လိုလုပ်ပြီး ဒီလိုမျိုးပြောရတာလဲ”
ရုန်ကျန်းက ဘာကိုမှမပြာခဲ့ဘူး။ ဒါပေမဲ့ ရုန်ရုန်ကတော့
ခေါင်းမော့လာကာ အပြုံးလေးနဲ့ပြန်ပြောလိုက်တယ်။
“ကောကောပြောတာမှန်ပါတယ်..
ကျွန်တော့်ရဲ့အတိတ်တုန်းက အမှားတွေကို ပြန်ပြင်ပါ့မယ်.. ကျွန်တော့်ရဲ့နှလုံးသားကို
ဆေးကြောပြီး အနာဂတ်မှာ လူသစ်တစ်ယောက်ဖြစ်လာစေရမယ်!”
ရုန်မားမား နောက်ကိုခြေတစ်လှမ်းဆုတ်မိသွားတယ်။
ဒီတစ်ကြိမ် ဆေးရုံမှာ သတိရလာကတည်းက
အမွှေးလုံးလေးရဲ့သွင်ပြင်စရိုက်က အနည့်ငယ်ပြောင်းလဲသွားတယ်လို့သူမ ခံစားမိတယ်။
ဖြူကောင်လေးက နောက်ဆုံးမှာ သူ့ရဲ့ဆူးတွေကို အဝေးသို့ လွှင့်ပစ်လိုက်သလိုမျိုး....
နောက်တစ်ရက်မှာပဲ ရုန်ရုန်ရဲ့ ဆေးစစ်ချက်က ရရှိလာတယ်။
ခန္ဓာကိုယ်ဆေးစစ်ချက်တွေက အရင်နှစ်ရက်ကနဲ့တူညီနေဆဲဖြစ်ပြီး
ရုန်ရုန်ရဲ့ခန္ဓာကိုယ်မှာ ပြသနာတွေမရှိဘူး။
ရုန်ရုန်ကတော့ ထိုဆေးစစ်ချက်ကြောင့် စိတ်သက်သာရာမရခဲ့ဘူး။
အခု သူ့ရဲ့ခန္ဓာကိုယ်မှာ မူမမှန်မှုတွေရှိမနေဘူး။ ဒီတော့
သူ့ရဲ့အတိတ်ဘဝတုန်းက အချိန်အကြာကြီး
ညှင်းဆဲနှိပ်စက်ခဲ့တဲ့ထူးဆန်းတဲ့ရောဂါကို ကြိုတင်ကုသဖို့ နည်းလမ်းမရှိဘူး။
ဒါက သူ့ရဲ့ခေါင်းပေါ်မှာ မမြင်ရတဲ့ဓားတစ်လက်ရှိနေသလိုပဲ။ ဘယ်အချိန်မှာ
သူ့ခေါင်းပေါ်ကိုရောက်လာနိုင်မလဲဆိုတာ မသိနိုင်ဘူး။
သုံးရက်လောက်နေတော့ ရုန်ရုန်ရဲ့ ရုပ်ပိုင်းဆိုင်ရာအခြေအနေက
ပုံမှန်ဖြစ်နေတဲ့အတွက် ဆေးရုံကဆင်းခွင့်ပေးခဲ့တယ်။
ရုန်ဝေ့ရှန်နဲ့ ယင်းလန်တို့ ဇနီးမောင်နှံက
အနည့်ငယ်အိုမင်းနေပြီဖြစ်တာကြောင့် ရုန်ကျန်း သူ့မိဘတွေကို
ပြေးလွှားသွားမနေစေချင်ဘူး။
ဒီတော့ ဇနီးမောင်နှံနှစ်ယောက်က သူတို့ရဲ့သားငယ်ကို
အိမ်မှာစောင့်ဆိုင်းနေခဲ့ကြပြီး ရုန်ကျန်းကသာ ရုန်ရုန် ဆေးရုံကဆင်းဖို့အတွက်
ကိစ္စတွေကိုလုပ်ဆောင်ခဲ့တယ်။
ပါရဂူရဲ့ရုံးခနးထဲမှာတော့။
ဒေါက်တာက
ဆေးရုံမှဆင်းဖို့အတွက်လိုအပ်တဲ့လက်မှတ်တွေထိုးပေးကာ ရုန်ကျန်းကိုပေးလိုက်တယ်။
ရုန်ကျန်း လှမ်းယူလိုက်ပြီး:
“ဒီရက်ပိုင်း ကျွန်တော့်ရဲ့ညီကို
ဂရုစိုက်ပေးခဲ့လို့ ဒေါက်တာကွမ်းကိုကျေးဇူးတင်ပါတယ်”
ဒေါက်တာကွမ်းက ရုန်ကျန်းကို
ထရပ်ပြီးနှုတ်ဆက်ဖို့ပြင်နေတာကိုကြည့်ကာပြောလိုက်တယ်။
“မစ်စတာရုန်ရဲ့ စကားတွေကလေးနက်လွန်းတယ်.. ဒါက
ပြသနာကြီးမဟုတ်ပါဘူး”
“မစ်စတာရုန်...”
ဒေါက်တာကွမ်း တုံ့ဆိုင်းနေခဲ့တယ်။
ရုန်ကျန်းက သူ့ကို တည်ငြိမ်စွာကြည့်လိုက်တယ်။
“ဒေါက်တာကွမ်း ပြောစရာရှိရင်
ပြောလို့ရပါတယ်”
“တစ်ခုလောက်မေးပါရစေ.. မစ်စတာရုန် ခင်ဗျားနဲ့
ခင်ဗျားရဲ့မိသားစုတို့ ဒုတိယရုန်သခင်လေးအကြောင်းကို သေသေချာချာသိထားကြလား မသိဘူး”
ရုန်ကျန်း အေးဆေးစွာပြန်ပြောတယ်။
“ကျွန်တော့်ညီက ဆေးရုံတက်နေတုန်းမှာ
တစ်ခုခုလုပ်ခဲ့လို့လား”
“မစ်စတာရုန်.. ကျွန်တော် ခင်ဗျားကို video
တစ်ခုလောက်ပြချင်တယ်”
ရုန်ကျန်းခေါင်းညိတ်ပြီး စားပွဲရှေ့မှ ဧည့်သည်ခုံမှာ
ပြန်ဝင်ထိုင်လိုက်တယ်။
ဒေါက်တာကွမ်း စားပွဲပေါ်မှ ကွန်ပျူတာကိုဖွင့်ကာ
လူနာမှတ်တမ်းတွေထဲမှ ရုန်ရုန်ရဲ့အကြောင်းကိုရှာပြီး အထဲကိုဝင်လိုက်တယ်။
Video က တိုလွန်းတယ်။ အစအဆုံးမှ
စက္ကန့်လေးဆယ်လောက်ပဲရှိလိမ့်မယ်။
ဒါက video ဖြတ်ပိုင်းလေးပဲ။
နောက်တော့ video က အလိုအလျောက်စတင်လာခဲ့တယ်။
ဒေါက်တာကွမ်းက ရုန်ကျန်းရဲ့မျက်နှာကိုကြည့်ရင်း
တစ်ဖက်လူရဲ့အပြောင်းအလဲမရှိတဲ့မျက်နှာကိုတွေ့လိုက်ရကာ ရုန်မိသားစုရဲ့သခင်လေးက
အပြင်ဘက်မှလူတွေပြောနေတဲ့ ရုန်သခင်လေးအကြောင်းနဲ့ မကွာခြားဘူးလို့ တွေးမိတယ်။
ဒေါက်တာကွမ်း ဒီရက်ပိုင်းအတွင်း သူ့ရဲ့ရှာတွေ့မှုတွေအားလုံးကို
ရုန်ကျန်းဆီကိုပြောပြလိုက်တယ်။
“ခင်ဗျား ဒီ videoထဲမှာမြင်တဲ့အတိုင်း..
ဒုတိယသခင်လေးက မနက်ပိုင်းတွေမှာ လေး၊ ငါးခါလောက်နိုးလာတတ်တယ်.. ဘယ်သူမှ
သူ့ကိုအာရုံမစိုက်တဲ့အချိန်တွေ၊ ဒါမှမဟုတ် သူတစ်ယောက်တည်းရှိနေတဲ့အချိန်တွေမှာ သူက
ကိုယ့်ကိုယ်ကိုယ် ညှင်းပန်းနှိပ်စက်တာတွေ တစ်ယောက်တည်းငိုနေတာတွေ လုပ်နေတတ်တယ်”
ဒေါက်တာကွမ်း ခဏရပ်လိုက်တယ်။
“ကျွန်တော် Ph. Dအတွက်
ဘွဲ့လွန်တက်ခဲ့တုန်းက စိတ်ပိုင်းဆိုင်ရာတွေကိုပါလေ့လာခဲ့တယ်..
ကျွန်တော့်ကိုယ်ကျွန်တော် ကျွမ်းကျင်သူတစ်ယောက်လို့မခေါ်နိုင်ပေမဲ့
အနည်းအပါးလောက်တော့ နားလည်နိုင်ပါတယ်.. ကိုယ့်ကိုယ်ကိုယ်
ညှင်းဆဲတဲ့စိတ်ပိုင်းဆိုင်ရာရောဂါက ရှုပ်ထွေးလွန်းတယ်.. ဒါကိုယေဘုယျအားဖြစ်သတ်မှတ်ဖို့ခက်လိမ့်မယ်..
ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ်ညှင်းဆဲနှိပ်စက်တတ်တဲ့ လူနာတွေက
သူတို့ကိုယ်သူတို့ စိတ်ကျေနပ်မှုမရှိဘူး.. သူတို့ကချို့ယွင်းချက်ရှိတဲ့လူတွေလို့
ထင်နေကြတယ်.. ဒါကြောင့် စိတ်ပိုင်းဆိုင်ရာလှုံ့ဆော်မှုတွေနဲ့ ကိုယ့်ကိုယ်ကိုယ်
နှစ်သိမ့်ကြတယ်.. ဒါမှမဟုတ် စိတ်ပိုင်းဆိုင်ရာညှင်းဆဲမှုတွေနဲ့
ပျော်ရွှင်မှုရှာပြီး ကိုယ့်ကိုယ်ကိုယ် သနားစရာကောင်းအောင်လုပ်ပြီး
ကျေနပ်လာကြတာ
ကိုယ့်ကိုယ်ကိုယ်နှိပ်စက်တာတွေကို မကုသဘူးဆိုရင်
ပြင်းထန်လာတဲ့အချိန်မှာ ကိုယ်လက်အင်္ဂါတွေကို ထိခိုက်ဖြတ်တောက်တာတွေနဲ့
ပိုပြီး.....”
ရုန်မိသားစုဝင်ရဲ့
စိတ်အခြေအနေကိုထည့်သွင်းစဥ်းစားခြင်းအားဖြင့် ဒေါက်တာကွမ်းက
ဆက်မပြောခဲ့ဘူး။ သူက လေးနက်တဲ့အသံနဲ့သာ သတိပေးလာတယ်။
“ဥက္ကဋ္ဌရုန်နဲ့ မိသားစုက ဒီကိစ္စကို
အာရုံစိုက်ပေးဖို့ မျှော်လင့်ပါတယ်”
ရုန်ကျန်းအနေနဲ့ သူ့ရဲ့ညီငယ်လေးလိုမျိုး
ဝံ့ကြွားမောက်မာသူတစ်ယောက်ကို ဒေါက်တာကွမ်းပြောခဲ့တဲ့ ကိုယ့်ကိုယ်ကိုယ်
စိတ်မကျေနပ်ဘူး၊ ကိုယ့်ကိုယ်ကိုယ်အတည်ပြုဖို့နဲ့ စိတ်ကျေနပ်ဖို့
ကိုယ့်ကိုယ်ကိုယ်ညှင်းပန်းနှိပ်စက်ဖို့လိုအပ်နေတယ်ဆိုတဲ့စကားတွေနဲ့
ဆက်စပ်တွေးကြည့်လို့ မရနိုင်ခဲ့ဘူး။
ဒါပေမဲ့ သက်သေအချက်အလက်တွေက သူ့ရှေ့မှာရှိနေခဲ့တယ်။
အချိန်အကြာကြီးတိတ်ဆိတ်နေပြီးမှ ရုန်ကျန်း
နက်ရှိုင်းတဲ့လေသံနဲ့မေးလိုက်တယ်။
“ကျွန်တော် ဘာလုပ်သင့်လဲ”
“မစ်စတာရုန်
အရမ်းစိတ်လှုပ်ရှားနေသရာမလိုပါဘူး.. ဒီရက်အနည်းငယ်အတွင်း
ကျွန်တော့်ရဲ့ရှာဖွေတွေ့ရှိမှုအရ ဒုတိယသခင်လေးရဲ့ ကိုယ့်ကိုယ်ကိုယ်နှိပ်စက်မှုတွေက
မပြင်းထန်သေးသလိုသူ့ရဲ့အပြုအမူတွေကလည်း မမြင့်သေးဘူး.. ခင်ဗျားတို့အနေနဲ့
ဒုတိယသခင်လေးက ကိုယ့်ကိုယ်ကိုယ်နှိပ်စက်နေမလားဆိုတာကို သတိထားဖို့ပဲလိုတာပါ..
ဆေးရုံခုတင်ပေါ်မှာ တစ်ယောက်တည်းထိုင်ပြီးငိုတယ်.. ဒါတွေက ခင်ဗျားနဲ့
ခင်ဗျားရဲ့မိဘတွေမရှိတဲ့အချိန်မှာ ဖြစ်နေတာပဲ
ဆိုလိုတာက ခင်ဗျားနဲ့ ခင်ဗျားရဲ့မိသားစုဝင်တွေ
သူ့အနားမှာရှိနေပေးရင် သူ့ကိုယ်သူ ထိန်းချုပ်နိုင်တာက
ကောင်းမွန်တဲ့အခွင့်အရေးပဲလေ.. ဒီလိုအပြုအမူတွေဖြစ်လာရတဲ့အကြောင်းပြချက်က သူက
သူ့ကိုယ်သူ လုံလောက်အောင်မကောင်းဘူးလို့ ခံစားနေရလို့ပဲ..
အနှုတ်သဘောဆောင်တဲ့စိတ်ခံစားချက်တွေနဲ့ အပြစ်ရှိသလိုခံစားရတယ်.. ခင်ဗျားနဲ့
ခင်ဗျားရဲ့မိသ်းစုဝင်တွေကို အပြစ်ရှိသလိုခံစားနေရတာ.. ဒါကြောင့်ပဲ ခင်ဗျားနဲ့
ခင်ဗျားရဲ့မိသားစုတွေမရှိတဲ့ အချိန်တွေမှာ ဒီလိုမျိုး
ကိုယ့်ကိုယ်ကိုယ် ညှင်းဆဲပြီး အပြစ်ရှိစိတ်တွေကို ဖြေဖျောက်နေတာပဲ
ကျွန်တော့်ရဲ့ကိုယ်ပိုင်ထင်မြင်ချက်အရ ဒီအတောအတွင်းမှာ
ဒုတိယသခင်လေးနဲ့ ခင်ဗျားတို့မိသားစုဝင်တွေ ကိစ္စတစ်ခုအပေါ်
အငြင်းပွားစကားများခဲ့ကြလိမ့်မယ်..ဒီကိစ္စကြောင့် ဒုတိယသခင်လေးက အပြင်ပန်းမှာ
မဖော်ပြပေမဲ့ စိတ်ထဲမှာ အလွန်အကြူး အပြစ်ရှိသလိုခံစားနေရတာပဲ..
ကျွန်တော် အကြံပေးချင်တာက ခင်ဗျားနဲ့
ခင်ဗျားရဲ့မိသားစုဝင်တွေ ဒုတိယသခင်လေးကိုဂရုစိုက်ပေးပြီး သူ့ကိုသံသယမဖြစ်စေပဲ
အတူရှိနေပေးကြဖို့ပါ.. ဒါဆို သူ့အနေနဲ့ ခင်ဗျားနဲ့ ခင်ဗျားတို့မိသားစုဝင်တွေ
သူ့ကိုခွင့်လွှတ်ပေးထားတာကို နားလည်သွားလိမ့်မယ်.. ဒါဆို သူလည်း ကိုယ့်ကိုယ်ကိုယ်အပြစ်မတင်တော့ဘဲ
ဒီကိစ္စအတွက် ကိုယ့်ကိုယ်ကိုယ်နှိပ်စက်နေတာကိုလည်း ရပ်တန့်သွားလိမ့်မယ်”
တစ်စုံတစ်ခုကို ငြင်းခုန်တာလား?
ဒါဆို ကျိုးယွီပဲဖြစ်လိမ့်မယ်။
သူရဲ့မိဘတွေက ညီငယ်လေးကို အမြဲတမ်းချစ်ပေးကာ
ကျိုးယွီရဲ့ကိစ္စအပေါ်မှာပဲ လက်မခံနိုင်ဖြစ်ခဲ့တယ်။ သူတို့က
သူ့ရဲ့ညီငယ်လေးကို ကျိုးယွီနဲ့ဆက်သွယ်နေတာကိုမလိုချင်သလို လုံးဝကို
ပတ်သက်စေချင်ခဲ့ဘူး။
ကျိုးယွီအကြောင်းကိုတွေးမိတော့ ရုန်ကျန်းရဲ့မျက်လုံးက
မနှစ်မြို့မှုကိုဖော်ပြလာတယ်။
ရုန်ကျန်း ထရပ်လိုက်တယ်။
“ကျွန်တော်သိပြီ.. ဒီကိစ္စတွေကို
ကျွန်တော့်ရဲ့မိဘတွေဆီမပြောဖို့မျှော်လင့််တယ်.. သူတို့ကိုစိတ်မပူစေချင်ဘူး”
ဒေါက်တာကွမ်းက ရုန်ကျန်းကို
တံခါးဆီလိုက်ပို့ရင်းပြောလိုက်တယ်။
“မစ်စတာရုန် စိတ်ချပါ..
ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော့်ရဲ့ပါးစပ်ကိုပိတ်ထားမှာပါ”
ရုန်ကျန်း ဆေးရုံအခန်းဆီပြန်လာခဲ့တယ်။
ရုန်ရုန်က အခန်းထဲမှ ပြတင်းပေါက်ကိုကျယ်ကျယ်ဖွင့်ကာ
ကိုယ်တစ်ဝက်က ပြတင်းပေါက်အပြင်ဘက်ကိုထွက်နေခဲ့တယ်။
ဒါကိုမြင်တော့ ရုန်ကျန်း ခြေလှမ်းကျဲကျဲနဲ့
ဝင်သွားလိုက်ကာ ရုန်ရုန်ကို နောက်ဘက်သို့ ပြန်ဆွဲလိုက်ပြီး
တင်းမာစွာကြည့်လိုက်တယ်။
“မင်း ဘာလုပ်နေတာလဲ”