၇၃
Viewers 9k

[ဒါက တကယ့်နာမည်ကြီးတစ်ယောက် ကစား​တဲ့ဂိမ်းလား။]

[ငါ ယွီဇစ်ကျန်းလိုလူတွေကို ကြိုက်တယ်။ သူမ သေချာပေါက်မေးရဲတယ်!]

[စောင့်မျှော်နေပါတယ်!!!]

[ဒီဂိမ်းက ဒီလိုဖြစ်နေရမယ်လေ။]

[ဒါပေမယ့် သူတို့ဖြေချင်တာကိုပဲဖြေမှာမဟုတ်ဘူးလား။]

[နာမည်ကြီးတွေက ဒီလိုမေးခွန်းတွေမေးတဲ့အခါ အမြဲတမ်းဒီလိုမဟုတ်ဘူးလား။ မေးခွန်းမ​မေးတာ ဒါမှမဟုတ် မေးခွန်းသုံးခုထက်ပို၍ မေးကြတာ​လေ။]

[ကျေးဇူးပြုပြီး နာမည်ကြီးတွေက အမှန်တရားကို ဘယ်ပြောပြနိုင်မှာလဲ။ ငါ့မှာ ရည်းစားဆယ်ယောက်ရှိနေပြီလို့ ဘာလို့ပြောရမှာလဲ။]

"ရှစ်ယောက်" ရှီရန်၏ပြတ်သားသောအသံထွက်လာသည်။

လူတိုင်း: "?"

အားလုံး တိတ်ဆိတ်သွားကြသည်။ စခရင်သည်ပင်စက္ကန့်အနည်းငယ်မျှ ငြိမ်သက်သွားသည်။

"ရန်ရန် ကျွန်​တော်တို့ပြောနေတာက ရည်းစားတွေအကြောင်းတွေ​လေ ချစ်​ရေးဆိုသူ​တွေမဟုတ်ဘူး" ကျူယီ​ဖေးက တိုးတိုးလေးပြောသည်။

သို့သော် သူသည် မိုက်ခရိုဖုန်းကို၀တ်ဆင်ထားသောကြောင့် ထိုတိုးတိုးပြောသံကို တိုက်ရိုက်ထုတ်လွှင့်မှုတွင် အကြိမ်ပေါင်းမရေမတွက်နိုင်အောင်အသံချဲ့ထားသည်။

"ကျွန်မလည်း ရည်းစားအကြောင်းပြောနေတာလေ။" ရှီရန်သည် အလွန်ရိုးသားသောကြောင့် ဧည့်သည်တိုင်း အနည်းငယ် စိတ်ရှုပ်သွားကြသည်။

သူမကိုယ်တိုင်က ဂရုမစိုက်သလိုဖြစ်​နေသည်။

ဘာပဲဖြစ်ဖြစ် ချစ်သူတွေအားလုံးက ဒီခန္ဓာကိုယ်ရဲ့ မူလပိုင်ရှင်တွေရဲ့ချစ်သူ​တွေပဲ။ သူမ ချိန်းတွေ့ဖူးတဲ့ယောက်ျားတွေက နှစ်သက်ဖွယ်မရှိပေမဲ့ သူမရဲ့ဆွဲ​ဆောင်နိုင်မှုကို သက်သေပြနိုင်တဲ့နည်းလမ်းတစ်ခုပဲ​လေ။

လူအများစုက ဖျော်ဖြေရေးနယ်ပယ်ထဲကဖြစ်တဲ့အပြင် တွဲတဲ့ကာလအကြာဆုံးက အလွန်ဆုံးတစ်လပဲရှိတယ်။ သူတို့ကို လက်နှစ်ဖက်နဲ့ရေတွက်နိုင်ပြီး ရုပ်ပိုင်းဆိုင်ရာထိတွေ့မှုကို လည်း ကန့်သတ်ထားတယ်။

ဒါကို ဖုံးကွယ်ထားဖို့လိုတယ်လို့ ငါ မထင်ထားဘူး။

[ဒီကမ္ဘာမှာ မာစတာရန်မပြောဝံ့တာရှိသေးရဲ့လား။]

[မာစတာရန်က လူတိုင်းကိုဘယ်စကားမဆိုတကယ်ပြောနိုင်တယ်။]

[ရှစ်ယောက် သူတို့ရဲ့ သရုပ်မှန်တွေကို ငါတကယ်သိချင်တယ်။ သူတို့ကလည်း ဖျော်ဖြေရေးနယ်ပယ်ကလား။]

[မာစတာရန်က အရမ်းကြည့်ကောင်းတာမို့ ရည်းစားတွေကလည်း တော်တော်ကြည့်ကောင်းသင့်တယ်မဟုတ်လား]

[တတိယသခင်​လေးရဲ့အမူအရာကို လူတိုင်း ဘာကြောင့် မကြည့်ကြတာလဲ။]

ချူးကျင်းချန်း၏နှုတ်ခမ်းကွေးတက်သွားသော်လည်း သူ့မျက်လုံးများသည် ရေခဲကန်ကဲ့သို့နက်ရှိုင်းသည်။ "မစ္စရှီ၊ မင်းရဲ့အချစ်ရေးက များသားပဲ။"

"မဆိုသ​လောက်ပါပဲ။"

[ဟားဟားဟား]

[တတိယသခင်​လေးရဲ့အပြုံးထဲမှာ ဓားတစ်လက်ရှိတယ်။]

[တတိယသခင်လေး- ငါက သူမရဲ့ရည်စား​ဟောင်းထဲကတစ်​ယောက်မဟုတ်ဘူး။]

[တတိယသခင်​လေး- ငါတကယ်စိတ်မကောင်းဘူး။ မင်း ငါ့ကိုမြန်မြန်ချော့ရမယ်။]

[မှတ်ချက်တွေ တော်​လောက်ပြီ ဟားဟား။ တတိယသခင်​လေးကို မဖော်ထုတ်ကြပါနဲ့။ သူ့ကို အနည်းဆုံးလွှတ်ထားပေးလိုက်ကြပါ၊ ဟားဟား။]

[တတိယသခင်​လေးက မနာလိုမှုကြောင့်သေသွားခဲ့ရင် သူမရဲ့ရည်းစားဟောင်းတွေအပြစ်ကင်းမှာမဟုတ်ဘူး။ ဟားဟားဟား]

ချူးကျင်းချန်းဒေါသထွက်နေပုံပေါ်၍ ယွီဇစ်ကျန်း၏မျက်လုံးထဲတွင် အောင်ပွဲခံအပြုံးတစ်ခု တောက်ပလာသည်။ "အများကြီးဘဲ။ ရှီရန်ကို အရမ်းအားကျတာပဲ။ ကျွန်မမှာ ရည်းစားတစ်​ယောက်တောင်မရှိသေးဘူး"

"သိမ်ငယ်နေစရာမလိုပါဘူး" ရှီရန်က စားပွဲပေါ်မှ ရေခွက်ကိုကောက်ယူပြီး တစ်ငုံသောက်ရင်း လေးလေးနက်နက် ပြောလိုက်သည်။

ယွီဇစ်ကျန်း: "?"

"ကျွန်မ မသိမ်ငယ်ပါဘူး။ ကျွန်မ ကြိုက်တဲ့လူနဲ့ မဆုံရသေးတာပဲရှိတယ်။ သူနဲ့မတွေ့ခင်မှာ ကျွန်မ ကိုယ့်ကိုယ်ကိုယ်ထိန်းသိမ်းထားချင်တယ်" ဟု ယွီဇစ်ကျန်းက လုပ်ပြုံးပြုံးကာ ပြောသည်။

ရှီရန်သည် ယွီဇစ်ကျန်းကို အပေါ်အောက် ငုံ့ကြည့်ကာ "စိတ်မပူပါနဲ့။ နင်က လုံခြုံပါတယ်" ဟု စိတ်ချစေရန်ပြောသည်။

သူမ၏လေသံမှာ နူးညံ့သိမ်မွေ့သော်လည်း သူမပြောသည့်စကားသည် သွေးအန်ရလောက်အောင်အထိ ပြင်းထန်သည်။

ထိုအချိန်တွင်ချူးကျင်းချန်း၏အကြည့်သည် ယွီဇစ်ကျန်းထံရောက်သွားသည်။

ယွီဇစ်ကျန်းသည် သူမ၏နောက်ကျောကို တိတ်တဆိတ်မတ်မတ်ထားပြီး စွဲမက်ဖွယ်ကောင်းသောကောက်​ကြောင်းကို ပြသသည်။

ချူးကျင်းချန်းက သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်သည်။ "မင်းက တကယ်ကိုစိတ်ပူစရာမလိုဘူး။"

ယွီဇစ်ကျန်းအေးခဲသွားပြီး ချူးကျင်းချန်းကို မယုံကြည်နိုင်စွာကြည့်လိုက်သည်။ ထို့နောက် သူမသည် သူမ၏ရင်ကြား​နေရာကို ငုံ့ကြည့်သည်။

ပြီးပြည့်စုံနေသည်မှာ မဟုတ်သော်လည်း သူမတွင် သူမလိုအပ်သည့်အရာအကုန်ရှိသည်။ ဒါတောင် ဒီခန္ဓာကိုယ်ကိုလုံခြုံတယ်လို့ ခေါ်တုန်းပဲလား??

[ဟားဟားဟား၊ ဒီနှစ်ယောက်က လူတွေကို မွန်းကျပ်​အောင်လုပ်နိုင်တယ်။]

[ယွီဇစ်ကျန်းသံသယဖြစ်နေတဲ့အမူအရာကို ကြည့်ပြီး ဟားဟားဟား]

[တတိယသခင်​လေးက လက်စားချေဖို့တမင်တကာကြိုးစားနေတယ်လို့ သံသယဖြစ်စရာပဲ။]

[ငါ့ဇနီးအ​ပေါ် ဒေါသမထွက်နိုင်တာကြောင့် မေးခွန်းတွေဆက်မေးနေတဲ့ ယွီဇစ်ကျန်းအ​ပေါ် ဒေါသကိုပုံချလိုက်မယ်။]

[တတိယသခင်​လေး- ငါ့မိန်းမမှာ ရည်းစားဘယ်နှစ်ယောက်ရှိလဲမေးဖို့ မင်းကို ဘယ်သူက ခိုင်းလို့လဲကွ။]

[အဲဒါကိုပြောနေရင်း ယွီဇစ်ကျန်းရဲ့ ကောက်​ကြောင်းက တော်တော်လှတယ်မဟုတ်လား]

[သူမက မာစတာရန်ထက် ပိုလှတယ်လို့ မင်း အတည်ပြောနေတာလား???]

[မာစတာရန်က သူမလိုမျိုးအဝတ်အစားဝတ်ထားရင် ရုတ်ရုတ်သဲသဲဖြစ်မှာသေချာတယ်။]

[အ​ရှေ့ကလူ ငါမင်းကို ကားအရှိန်မြှင့်မောင်းတယ်လို့ သံသယရှိတယ်။ ကျေးဇူးပြုပြီး ငါနဲ့လိုက်ခဲ့။]

ယွီဇစ်ကျန်းက ဒေါသထွက်ကာအံကြိတ်နေသည်။ သူမသည် တစ်ခုခုကို တွေးနေပုံရပြီး ထူးဆန်းသောအလင်းရောင်တစ်ခု သူမမျက်လုံးထဲ ရုတ်တရက်လင်းလက်သွားသည်။

"နင်က CEO ကျုံးနဲ့စေ့စပ်ထားတာ မဟုတ်ဘူးလား။ နင့်မှာရည်းစားရှိတာ သူစိတ်မဆိုးဘူးလား"

သူမသည် ထိုအကြောင်းအရာကို မေ့လုနီးပါးပင်ဖြစ်သွားသည်။

ရှီရန်သည် ကျုံးယူဖန်က သူမကိုဖောက်ပြန်ခဲ့ကြောင်း အခိုင်အမာပြောခဲ့သော်လည်း သူမတွင် ယခင်ကရည်းစားရှစ်ယောက်ရှိခဲ့ကြောင်း ဝန်ခံခဲ့သည်။

သူမကိုယ်တိုင် ပြစ်ဒဏ်ကိုတောင်းဆို​နေတာမဟုတ်လား?

ရှီဝန်ဖေးပြောခဲ့သည့်အတိုင်းပင်ဖြစ်သည်။ ရှီရန်သည် ဦးနှောက်မရှိသောလူအဖြစ်သည်။

ကျုံးယူဖန်က မကျေမနပ်ဖြင့် မျက်လုံးများကို မှေးထားသည်။

ယခုတစ်ခါတွင် သူစကားတစ်ခွန်းမှပြန်မပြောသော်လည်း သူ ဒေါသထွက်နေသည်ကို မည်သူမဆိုမြင်နိုင်သည်။

ရှီဝန်ဖေးသည် ယွီဇစ်ကျန်းကို သဘောကျစွာကြည့်ကာ ပျာယာခတ်ဟန်ဆောင်လိုက်သည်။ "အထင်မှားနေတာပါ။ မမ ပြောတာက သူတို့တွေက ရည်းစားတွေ မဟုတ်ဘူး”

"ဘာကိုဆိုလိုတာလဲ?" ယွီဇစ်ကျန်းရေလိုက်ငါးလိုက်မေးလိုက်သည်။

"မမကသူတို့ကိုမကြိုက်ဘူး။ သူတို့က friends with benefitsတွေ​လေ။ ယူဖန်၊ မမကို အထင်မလွဲပါနဲ့။ မမက ရှင့်ကို သစ္စာမဖောက်ပါဘူး။" ရှီဝန်ဖေးက စိတ်ပူပန်စွာရှင်းပြသည်။

ကျုံးယူဖန်၏အမူအရာသည် ပိုပို၍ရုပ်ဆိုးလာသည်။ ဒေါသထွက်​နေ​သောမျက်နှာအမူအရာဖြင့် ပြောသည်။ "ဝန်ဖေး သူမအတွက် ရှင်းပြမနေနဲ့တော့။ သူမက မင်းကို ညီမလေးလို့တောင် မသတ်မှတ်ထားဘူး။ ဘာလို့ သူမကို ကူညီနေတာလဲ"

"ကျွန်မ..." ရှီဝန်ဖေးက ရှီရန်ကိုကြည့်ပြီး ဝမ်းနည်းစွာ ခေါင်းငုံ့လိုက်သည်။

ကျန်သုံးဦးသည် ထိုဖြစ်ရပ်တစ်ခုလုံးတွင် ပါဝင်ခြင်းမရှိပေ။ ၎င်းတို့ကို အနီးကပ်ဆုံးကြည့်ရှုသူများဟု ဆိုနိုင်သည်။

ယခု ရှီဝန်ဖေးကိုကြည့်၍ သူမ မည့်သည်အရာကိုကြံစည်​နေသည်ကို သူတို့အားလုံး သိကြသည်။

ပိုင်ကျင်းထျန်က ပြုံးပြီး ညင်သာစွာပြောသည်။ "ဝန်ဖေးက ဒီလိုမျိုးပြောတဲ့အခါ လူတွေကနားလည်မှုလွဲဖို့ ပိုလွယ်သွားလိမ့်မယ်။ ဒါပေမယ့် မင်း အကောင်း​ပြောပေးတာလို့ ကျွန်​တော်ထင်တယ်"

"ကျွန်မ အကောင်း​ပြောပေးနေတာပါ။" ရှီဝန်ဖေးသည် သူမ၏လက်ကိုဝှေ့ယမ်းလိုက်ပြီး သူမ၏အမူအရာမှာမည်းမှောင်သွားသည်။

အမြဲတစေ အဖက်မလုပ်တတ်သောပိုင်ကျင်းထျန်သည် ရှီရန်အတွက်အမှန်တကယ် ရပ်တည်ကာစကားပြောလိမ့်မည်ဟု သူမ မမျှော်လင့်ခဲ့ပေ။

သူ ရှီရန်ကို တကယ်ကြိုက်နေတာဖြစ်နိုင်မလား။

"ဖေး​ဖေးမှာ ကောင်းမွန်တဲ့ရည်ရွယ်ချက်တွေပဲ ရှိတယ်။ သူမက ရှီရန်ကို CEO ကျုံးအ​ပေါ် ရှင်းပြတာမှာ ကူညီချင်နေတာ" ဟု ယွီဇစ်ကျန်းမှ ဆက်လက် ပြောကြားသည်။

အခွင့်အရေးတစ်ခုရဖို့ မလွယ်ဘူး။ ရှီရန်ကို ငါ ဘယ်လိုလွယ်လွယ်နဲ့လွှတ်ပေးနိုင်မှာလဲ။

"ဘာလို့ရှင်းပြရမှာလဲ" ရှီရန်သည် မျက်ခုံးပင့်တင်လိုက်သည်။ " CEO ကျုံးက ဒီကိစ္စကို လူသိရှင်ကြားချပြီး စေ့စပ်ပွဲကို ဖြတ်တောက်ဖို့ ဘာကြောင့်အခွင့်အရေးမယူခဲ့တာလဲဆိုတာကို ခန့်မှန်းကြည့်လေ။"

"ဘာလို့လဲ?" ကျူယီ​ဖေးက စိတ်ဝင်တစားမေးသည်။

ရှီရန်က သူ့ကို ပြုံးပြသည်။ "ဒါက CEOကျူံးက စမှားခဲ့တာမို့လို့လေ။ စေ့စပ်ပွဲဖျက်သိမ်းဖို့ သူ ဘယ်ပြောရဲပါ့မလဲ။"

"ရှီ! ရန်!" ကျုံးယူဖန်အံကြိတ်လိုက်သည် ။

"နောက်တပွဲ" ချူးကျင်းချန်းပျင်းရိစွာပြောသည်။

"ကောင်းပါပြီ" ယွီဇစ်ကျန်းက ဆက်ကစားချင်၍ပြောသည်။

[ဒါက နောက်တစ်ပွဲလား???]

[ပွဲလယ်မှာပဲ ထွက်ပြေးကြပြန်ပြီလား??]

[ဒါဆို ကျုံးယူဖန်က ဘာလို့ စေ့စပ်ပွဲကိုမဖြတ်တာလဲ။ သူ ဘာလို့မှားခဲ့လို့လဲ။]

[ခန့်မှန်းချက်- ကျုံးယူဖန်က ရှီဝန်ဖေးနဲ့အရင်ဆုံးဖောက်ပြန်ခဲ့တာ ဟုတ်တယ်ဟုတ်။]

[သူမက ငြီးငွေ့ဖွယ်ကောင်းမယ်လို့ထင်ခဲ့ပေမဲ့က သူမက ငါ့ကို တိုးလို့တန်းလန်းထားခဲ့ပြီ။]

[တတိယသခင်​လေးက မာစတာရန်ရဲ့အတိတ်အ​ကြောင်း​တွေကို မကြားချင်တာ​သေချာတယ်။]

[ရုတ်တရက်ကြီး ငါ နောက်တစ်ပွဲကို စောင့်မျှော်နေပြီ။]

တတိယပွဲကိုစတင်သည်။ ဤတစ်ကြိမ်တွင်လည်း ကတ်များကိုချိုးသူက ယွီဇစ်ကျန်းပင် ဖြစ်သည်။

"ကျွန်မ ဘုရင်ဖြစ်ပြန်ပြီ" ယွီဇစ်ကျန်းက အံ့အားသင့်စွာ ပြောလိုက်သည်။"အသေးဆုံးကတ်ပိုင်ရှင်က ဘယ်သူလဲ။"

သူမသည် စိတ်ရှုပ်ထွေးစွာဖြင့် လှည့်ပတ်ကြည့်နေသည်။ ချူးကျင်းချန်း၏လက်ထဲတွင် စိန်သုံးလုံးကို သူမ မြင်လိုက်သောအခါတွင် အောင်ပွဲခံအပြုံးတစ်ခုက သူမ၏မျက်လုံးတွင် တောက်ပလာသည်။

သို့​​သော် သူမက ပြုံးပြီးပြောသည်။ "တကယ်က တတိယသခင်​လေးဖြစ်နေတာကို။ အမှန်ပြောမှာလား ခိုင်းတာလုပ်မှာလား?"

"အမှန်"

"ဒါဆို ရိုးရိုးရှင်းရှင်းလေး မေးလိုက်ပါမယ်။ တတိယသခင်လေးက ဘယ်လိုမိန်းက​လေးမျိုးကို ကြိုက်တာလဲ" ယွီဇစ်ကျန်းသည် ချူးကျင်းချန်းကို မျှော်လင့်တကြီးကြည့်နေသည်။

တစ်ဖက်လူက မည်ကဲ့သိုပုံစံကို နှစ်သက်သည်ကို သူမ သိသရွေ့  ချူးကျင်းချန်းကို သူမ မဖမ်းစားနိုင်ဖြစ်မည်ကို အယုံအကြည်မရှိ​ပေ။

ချူးကျင်းချန်းသည် စားပွဲပေါ်၌လက်ညိုးကို ခေါက်ကာပြုံးလိုက်သည်။ "ကျွန်​​တော်ကြိုက်တာက..."

ယွီဇစ်ကျန်းအသက်အောင့်လိုက်သည်။

ချူးကျင်းချန်းက ပြုံးပြီး ရှီရန်ကိုကြည့်သည်။ အသံခပ်နိမ့်နိမ့်ဖြင့်​ပြောလိုက်သည် "ကျွန်တော်... ရှီရန်ကိုကြိုက်တယ်"