"ကိုယ်ခံပညာ? ဘာကိုယ်ခံပညာလဲ?" ကျူးယို့ဟန်သည် သူ နားကြားမှားသည်ဟု ထင်ကာ ရှီရန်ကို ထိတ်လန့်စွာကြည့်လိုက်သည်။
“ကျွန်မကို ဆက်တိုက်ခိုက်လို့မရအောင်လုပ်နိုင်တဲ့သူအများကြီးမရှိဘူး” လို့ ခဏလောက်တွေးတောပြီး ပြောလိုက်သည်။
"ဒါက မင်းစဉ်းစားနေတဲ့မေးခွန်းလား" ကျူးယို့ဟန်၏နှုတ်ခမ်း တွန့်သွားသည်။
တခဏလောက် ကျင်းချန်းအတွက် သနားရမလား ဟားတိုက်ရမလားတောင် သူ မသိတော့ပေ။
မြင့်မြတ်တဲ့တတိယသခင်လေးလည်း ဒီလိုနေ့တစ်နေ့အမှန်တကယ်ကြုံလာရပါလား။
"အင်း" ရှီရန် ခေါင်းညိတ်လိုက်သည်။
သူမ၏ယခင်ဘဝတွင် သူမသည် နံပါတ်တစ်တိုက်ခိုက်ကျွမ်းကျင်ရေးမိသားစု၏အကြီးအကဲဖြစ်သည်။ သူမ၏ပြိုင်ဖက်ဖြစ်နိုင်သောလူ အလွန်နည်းပါးသည်။
ဤကမ္ဘာတွင် သူမ မတူညီသောခန္ဓာကိုယ်ရရှိသော်လည်း သူမ၏လေ့ကျင့်မှုဖြင့် ယခင်ကအခြေအနေသို့ ပြန်ရောက်လာသည်။
သို့သော် ချူးကျင်းချန်း...
သူသည် အားနည်းနေပုံပေါ်သော်လည်း တိုက်ခိုက်သောအခါ မထင်မှတ်ပဲ ကျွမ်းကျင်နေသည်။
ပြီးလျှင် သူအသုံးပြုခဲ့သောလှုပ်ရှားမှုများက...
"တော်လောက်ပြီ တွေးမနေနဲ့တော့" ကျူးယို့ဟန်သည် ရှီရန်၏အတွေးများကို ရပ်တန့်လိုက်သည်။
"ကျင်းချန်းအဖမ်းခံရတာဖို့ မင်း စိတ်မပူဘူးလား"
"ဘာလို့စိတ်ပူရမှာလဲ" ရှီရန်က မေးသည်။
ချူးကျင်းချန်းအဖမ်းခံရရင်တောင် သူ အဖမ်းခံထားရမယ့်နေရာကချူးမိသားစုထဲမှာပဲလေ။
ချူးမိသားစုအနာဂတ်အမွေဆက်ခံသူအနေနဲ့ ချူးမိသားစုက သူ့ကို ဘာလုပ်ရဲမှာလဲ?
"မင်းကတကယ်ကို...အေးအေးဆေးဆေးပဲ။"
[တတိယသခင်လေးအတွက် ငါ့နှလုံးသားလေးနာကျင်နေတယ် ဟားဟားဟားဟား]
[မာစတာရန်က တကယ့်ကိုတည့်တိုးသမား။ တတိယမြောက်သခင်လေး ဆက်သွားရမယ့်ခရီးက ဝေးသေးတယ်။]
[တတိယသခင်လေး၊ ငြိမ်းချမ်းစွာအနားယူပါ။ ငါတို့မာစတာရန်ကို ပြုစုစောင့်ရှောက်လိုက်ပါမယ်။]
[မာစတာရန်က တတိယသခင်လေးကို မကြိုက်ဘူးလို့ပဲ ငါပြောနိုင်တယ်။ ဒါကလည်း ကောင်းပါတယ်။ ပျက်စီးမှုကို အချိန်မီရပ်တန့်နိုင်တာပေါ့။]
[ တတိယသခင်လေးက ရှီရန်ကို အရမ်းကြိုက်တယ်လို့ ငါ မထင်ဘူး။ သူ မြန်မြန်ထွက်သွားတယ်လေ။]
[ရိုးရိုးသားသားပြောရရင် တတိယသခင်လေးရဲ့အဆင့်အတန်းအရ သူကအပျော်ပဲရှာလောက်မှာပေါ့။ သူ့မှာ ခံစားချက်အစစ်အမှန်ဘယ်လိုရှိနိုင်ပါ့မလဲ။]
[မင်း မပိုင်ဆိုင်နိုင်တဲ့အရာက မင်းရဲ့နှလုံးသားကို အမြဲတုန်လှုပ်စေလိမ့်မယ်။]
[မိသားစုကဆန့်ကျင်တယ်။ တတိယသခင်လေး အရှုံးပေးနိုင်လောက်တယ်။]
ကျူးယို့ဟန်က ရယ်ပြီး ခေါင်းကိုခါလိုက်သည်။
ရှီရန်နှင့်ကျင်းချန်းအတူရှိနိုင်ရန်အတွက် အကြီးမားဆုံးအတားအဆီးမှာ သခင်ကြီးချူးဖြစ်မည်ဟု မူလက သူထင်ခဲ့သည်။
ယခုတွေ့ရသည်မှာ ရှီရန်ကိုယ်တိုင်က အကြီးမားဆုံးအတားအဆီးဖြစ်နေသည်။
ကျင်းချန်းက ဤရှိုးပွဲအထိ သူမ၏နောက်ကို လိုက်လာသည်မှာ အံ့သြစရာမဟုတ်တော့ပေ။
သူ့အကြောင်းတွေးနေရင်း ကျူးယို့ဟန်၏အကြည့်သည် ရှီရန်၏မျက်နှာပေါ်သို့ ကျရောက်လာသည်။
သို့သော် နီရဲနေသောသူမ၏နှုတ်ခမ်းကို မြင်သောအခါ သူ ခေတ္တရပ်တန့်သွားသည်။
ရုတ်တရက်ကင်မရာပိတ်သွားသည့်အဖြစ်နှင့်ခေတ်စားနေသောရှာဖွေမှုများ၏ အကြောင်းအရာများကို သူသတိရသွားသည်။
ကျူးယို့ဟန်က အဓိပ္ပါယ်ရှိစွာပြုံးလိုက်သည်။ "ရှီရန့်နှုတ်ခမ်းက ဘာလို့နီရဲနေတာလဲ"
"ဟင်?" ပထမတော့ ရှီရန်အံ့အားသင့်သွားသည်။
သူမ၏လက်သည် သူမ၏အောက်နှုတ်ခမ်းကို အလိုလို ထိမိသွားကာ အနည်းငယ်နာကျင်သွားသလိုခံစားလိုက်ရသည်။
ချူးကျင်းချန်း၏ပူလောင်နေသောမျက်လုံးများနှင့် သူတို့ခန္ဓာကိုယ်၏နွေးထွေးမှုတို့သည် သူမ စိတ်ထဲတွင်ပြန်ပေါ်လာသည်။
"အဟမ်း" သူမ ချောင်းဆိုးဟန်ဆောင်ကာ "ခြင်ကိုက်တာ" ဟု လေးလေးနက်နက် ပြောသည်။
ထိုအချိန်တွင် တိုက်ရိုက်ထုတ်လွှင့်မှုကိုကြည့်ရှုနေသည့်ပရိသတ်များအချင်းချင်းဆွေးနွေးပြောဆိုနေကြသည်။ အဖြူရောင်မှတ်ချက်များသည် ဖန်သားပြင်ပေါ်တွင်အလျင်အမြန်ပျံ့ထွက်သွားသည်။
ထိုအချိန်တွင် ထူးခြားသောအသားအရောင်ရှိသောမြင်းဖြူတစ်ကောင် ပေါ်လာပြီး မျက်နှာပြင်တစ်ခုလုံးပြည့်နှက်သွားသည်။
အထူးeffectများ မှိန်ဖျော့သွားသည်။ ရောင်စုံသောစခရင်ကို ထင်းနေအောင်အသားပေးပြထားပြီး အလယ်တွင် ရပ်နေသည်။
[ငါက ခြင်တစ်ကောင်လား?]
ဤမှတ်ချက် ပျောက်ကွယ်မသွားမီ နှစ်မိနစ်လောက်တည်ရှိနေခဲ့ပြီး လူတိုင်း၏အာရုံကို ဆွဲဆောင်သွားသည်။
[ဘာတွေဖြစ်နေတာလဲ?? တိုက်ရိုက်ထုတ်လွှင့်မှုမှာ အထူးeffectတွေ ရှိနေတယ်?]
[ဒီအထူးeffectတွေက တကယ့်အကောင်ကြီးတွေပဲသုံးနိုင်တယ်ဆိုတာကို ငါကြားဖူးတယ်။ ဘာပဲဖြစ်ဖြစ် အရင်က ငါတစ်ခါမှမမြင်ဖူးဘူး။]
[အရင်က မမြင်ဖူးတာကပုံမှန်ပါပဲ။ အကောင်ကြီးဆိုတော့ အလုပ်ရှုပ်နေလောက်တယ်။ ရှိုးတွေကြည့်ဖို့နဲ့မှတ်ချက်တွေကိုရပ်ထားဖို့ ဘယ်လိုအချိန်ရနိုင်မလဲ။]
[နိုး! အဲ့ဒါက အဓိကအချက်ပဲမလား???]
[အထူးeffectတွေ ဒီလူက တတိယသခင်လေးလို့ ငါသံသယဝင်တယ်]
[-ီး!! တတိယသခင်လေးက မာစတာရန်ကို နမ်းခဲ့တယ်လို့ဆိုလိုတာလား???!!!!]
[ငါ့ကို လာမလိမ်နဲ့နော်!! ငါအရမ်းစိတ်လှုပ်ရှားနေပြီ!!!]
[ရည်ရွယ်ဖို့လုပ်တာမဟုတ်ဘူးလို့ ငါထင်တာပဲ??]
[အိုဘုရားရေ! ဒီအတွဲကို ထောက်ခံဖို့တောင် မလုပ်ချင်တော့ဘူး။ အဓိကလူက ငါ့ခေါင်းကိုက်အောင်လုပ်မယ်လို့ မမျှော်လင့်ထားဘူး။]
[တတိယသခင်လေး- ငါထွက်သွားပြီဆိုပေမယ့် ငါ့နှလုံးသားက အဲ့နေရာမှာရှိနေတုန်းပဲ။ ငါက စခရင်ပေါ်မှာ ရှိနေတယ်။]
ရှီရန်သည် စခရင်အခြေအနေအကြောင်းကို မသိပေ။
အကြောင်းပြချက်ကောင်းတစ်ခု သူမ ပေးနိုင်ခဲ့သည်ဟု သူမ ထင်သည်။
ထို့နောက် တံခါးခေါက်သံကြားသည်။
ဂျီဝမ်ဖုန်းတံခါးထဖွင့်လိုက်သည်။
ရှီဝန်ဖေးဝင်လာသည်။
"မမ" သူမက ချိုချိုသာသာပြုံးလိုက်သည်။
ရှီရန်သည် ကုတင်ပေါ်မှီကာ အေးစက်စွာ မျက်ခုံးပင့်လိုက်သည်။ "ဘာဖြစ်လို့လဲ?"
"မမအတွက် စိတ်ပူလို့ပါ။ မမ စိတ်မကောင်းဖြစ်မှာစိုးရိမ်လို့ အလည်လာတာပါ" ဟု ရှီဝန်ဖေးက စိုးရိမ်သောအမူအရာဖြင့် ပြောသည်။
"ဘာမို့လို့စိတ်ပူနေတာလဲ"
ရှီဝန်ဖေးက ခဏတုံ့ဆိုင်းနေပြီး ပြောလိုက်သည်။"မမကအရမ်းအတည်မှတ်ယူနေမှာကို ကြောက်မိတယ်။ နောက်ဆုံးတော့ တတိယသခင်လေးရဲ့နောက်ခံက ထူးခြားတယ်လေ။ မမကို မရွေးချယ်တာကသာမာန်ပါပဲ"
"ချူးမိသားစုလိုထိပ်တန်းချမ်းသာတဲ့မိသားစုနဲ့ ယှဉ်ရင် ညီမတို့အားလုံးကအရမ်းနိမ့်ကျတယ်။ နောက်ပြီး သခင်ကြီးချူးက မျိုးနွယ်မသိတဲ့သူတွေကိုအမုန်းဆုံးပဲလို့ သတင်းကြားတယ်။"
ထိုစကားကို ပြောပြီးနောက် သူမသည် ထိတ်လန့်စွာ တုံ့ပြန်ပြီး အလျင်အမြန်ရှင်းပြသည်။"မမရဲ့ နောက်ခံကို မသိဘူးလို့ပြောတာမဟုတ်ပါဘူး။ ဒါပေမယ့် မမကမွေးစားခံထားရတဲ့သမီးပဲလေ။ သူတို့မျက်လုံးထဲမှာတော့ မမက..."
ရှီရန်သည် ရှီဝန်ဖေး၏သရုပ်ဆောင်မှုကိုတိတ်တဆိတ်ကြည့်နေပြီး တုံ့ပြန်ခြင်းမရှိပေ။
အဆုံးတွင် ရှီဝန်ဖေးက စကားပြောနေရင်း ပိုပိုပြီးရှက်လာသလို ခံစားရ၍ ပြုံးရုံသာပြုံး၍ပြောနိုင်သည်။ "အဓိက,ကတော့ မမစိတ်မကောင်းဖြစ်မှာစိုးရိမ်မိတာပါ။ အခု မမ အဆင်ပြေနေတာဆိုတော့ ဘာမှမဟုတ်တော့ပါဘူး။"
ရှီရန်ဘယ်လောက်တောင်ဝမ်းနည်းနေသည်ကို သူမ မြင်ချင်၍လာကြည့်ချင်ခဲ့သည်။
ဒီကောင်မက ဒီလောက်ငြိမ်နေမယ်လို့ ငါ မမျှော်လင့်ထားဘူး။
ကျူးယို့ဟန်သည် သူ့လက်များကို ပိုက်ကာ နံရံကိုမှီလိုက်သည်။
မိသားစုကြီးတစ်ခုတွင်နေရသောသူသည် ရှီဝန်ဖေးကဲ့သို့ ကြောင်သူတော်ယောင်ဆောင်သောဟန်ဆောင်မှုများစွာကိုတွေ့ခဲ့ရသည်။
သူက ပေါ့ပေါ့ပါးပါးရယ်လိုက်သည်။ "မစ္စရှီ၊ ဘာလို့ ဒီကို တစ်ယောက်တည်းလာတာလဲ။ မစ္စရဲ့ရည်းစားကကော ဘယ်မှာလဲ"
"ကျွန်မမှာ ရည်းစားမရှိပါဘူး" ရှီဝန်ဖေးက ခပ်ဖျော့ဖျော့ ပြုံးပြသည်။ "CEO ကျူး အမှတ်မှားနေတာလား"
"ကျွန်တော်မှတ်ထားတာမှားသွားလို့လား" ကျူးယို့ဟန်က ခေါင်းကိုစောင်းလိုက်သည်။ "မစ္စရဲ့ ချစ်သူကကျုံးယူဖန်မဟုတ်ဘူးလား။"
ရှီဝန်ဖေး၏မျက်နှာသည် ချက်ချင်းအရောင်ဖျော့သွားသည်။ "CEOကျူး ဘာတွေပြောနေတာလဲ"
"စောစောက ခေတ်စားနေတဲ့ရှာဖွေမှုတွေကို ကျွန်တော်ကြည့်ခဲ့ပြီး နှစ်ယောက်သားတွဲနေပြီလို့တောင် ထင်ခဲ့တာ" ဟု ကျူးယို့ဟန်က ကျီစယ်ကာပြောသည်။
'ခေတ်စားနေတဲ့ရှာဖွေမှု'
ရှီဝန်ဖေးသည် ရေပန်းစားနေသည့် ရှာဖွေမှုအခုငါးဆယ်ကိုရုတ်တရက်ပြန်သတိရသွားပြီး သူမ၏အမူအရာသည် ပို၍ပင်ရုပ်ဆိုးသွားသည်။
"ကျွန်မလုပ်စရာရှိသေးလို့ အရင်သွားလိုက်ပါဦးမယ်။" ရှီဝန်ဖေးထိတ်လန့်စွာနဲ့ထွက်သွားသည်။
တတိယသခင်လေးသည် ရှီရန်နှင့် လူသိရှင်ကြားမတွဲနိုင်သည်ကို သူမ သိသော်လည်း သူမကို ချစ်သူအဖြစ်ထားရန် မဖြစ်နိုင်သည်တော့ မဟုတ်ပေ။
ထို့အပြင် လက်ရှိသူမသည် တတိယသခင်လေးကို စော်ကားရန်မတတ်နိုင်ပေ။
ကျူးယို့ဟန်သည် ထွက်ပြေးသွားသော ရှီဝန်ဖေး၏နောက်ကျောကို အထင်သေးကာ ကြည့်လိုက်သည်။
သူက နာရီကို မော့ကြည့်လိုက်ပြီး "တတိယသခင်လေး ချူးအိမ်ကို အခုဆိုရောက်လောက်ပြီ" ဟု ရေရွတ်လိုက်သည်။
ချူးမိသားစုစံအိမ်
ချူးကျင်းချန်းသည် သူ့ဖုန်းပေါ်ရှိတိုက်ရိုက်ထုတ်လွှင့်မှုရုပ်သံကို ပိတ်လိုက်ပြီး ချူးမိသားစု၏ခြံဝင်းလမ်းအတိုင်း အေးအေးဆေးဆေး လျှောက်လှမ်းသွားသည်။
ဝမ်ယုဖေးသည် သူ့အနားတွင် အလျင်မလိုစွာလိုက်လာပြီး ချူးကျင်းချန်းကို အခါအားလျော်စွာမော့ကြည့်သည်။
သူတို့လမ်းကိုဖြတ်ပြီး တံခါးနားကအိမ်အကူက ဧည့်ခန်းရှေ့တံခါးကို ဖွင့်လိုက်သည်။
ချူးကျင်းချန်းက ယခုမှဝင်လာသည်။
"ဘမ်း-"
အဖြူရောင်ပြာခွက်က သူ့ခြေရင်းကြမ်းပြင်ကိုထိပြီး ကွဲအက်သွားသည်။
"အား"
ဝမ်ယုဖေးက ကြောက်လန့်တကြား အော်လိုက်သည်။
"ဒီကိုဝင်လာခဲ့စမ်း" ချူးရိထျန်သည် သူ့ကိုယ်သူလမ်းလျှောက်တုတ်ဖြင့်ထောက်ကာ ဆိုဖာပေါ်တွင် ထိုင်လိုက်သည်။ သူသည် ချူးကျင်းချန်းကို ဒေါသတကြီးစိုက်ကြည့်နေသည်။
သို့သော် ချူးကျင်းချန်းသည် မျက်ခုံးပင့်ပြီး အိတ်ကပ်ထဲ၌ လက်တစ်ဖက်ဖြင့် ဖုန်းကို ကစားပြီး စနောက်ပြောလိုက်သည်။ "ဒီအချိန်ရောက်နေပြီကို အဖိုးက ဘာလို့ဒီလောက်တောင်တက်ကြွနေသေးတာလဲ။"
"မင်း မေးရဲနေတယ်ပေါ့" ချူးရိထျန်၏အကြည့်သည် မှောင်သွားပြီးအလွန်ဂုဏ်သိက္ခာရှိသည်။ "မင်း ဒီရှိုးပွဲစုတ်ကို မတက်ခဲ့ရင် ငါက မင်းကိုဖမ်းခေါ်လာဖို့ ဒီလောက် ဒုက္ခခံစရာလိုလို့လားကွ"
"ကောလဟာလတွေတောင်ထွက်နေပြီ။ မင်း က ငယ်ငယ်ကတည်းကစိတ်ပူစရာမလိုတဲ့ကလေးဖြစ်ခဲ့တယ်။ အသက်ကြီးလာတာနဲ့အမျှ မင်းဘာလို့ မဆင်ခြင်ရတာလဲ"
"အဖိုး မှားစွပ်စွဲနေပြီနော်" ချူးကျင်းချန်းသည် ဆိုဖာပေါ် ပျင်းရိစွာလှဲနေလိုက်သည်။ "အဖိုးက ဒီကိစ္စကို ကြီးအောင်လုပ်ခဲ့တဲ့သူလေ။ ကျွန်တော် အပြစ်တင်မခံနိုင်ဘူး။"
"မင်း ရှိုးပွဲကထွက်ဖို့ငြင်းတာကြောင့်ပဲလေ။ ဘာကြောင့် ဒီရှိုးမှာပါဝင်ခဲ့တာလဲဆိုတာ ပြောပြစမ်း"
"KT အဖွဲ့ရင်းနှီးမြှုပ်နှံထားတဲ့ရှိုးပွဲတစ်ခုပဲလေ။ ကျွန်တော်က အပျော်လေးရှာချင်ရုံပါပဲ" လို့ ချူးကျင်းချန်းက ပေါ့ပေါ့ပါးပါးပြောသည်။
“အပျော်ရှာတယ်? KT အဖွဲ့က တခြားရှိုးပွဲတွေ အများကြီးမှာလည်း ရင်းနှီးမြှုပ်နှံထားတာ တခြားပွဲမှာဘာလို့သွားအပျော်မရှာတာလဲ။မင်းမှာ စေ့စပ်ထားသူရှိတာကို မင်းသိရက်နဲ့ ရိုမန့်အစီအစဉ်မှာ ပါဝင်နေသေးတယ်။ မင်း ငါ့ကို ဒေါသထွက်သေအောင်ကြိုးစားနေတာလား"
ချူးကျင်းချန်း၌ စူးရှသောတောက်ပမှုကသူ့မျက်လုံးထဲတွင်ပေါ်လာပြီး မျက်လုံးကို ကျဥ်းမြောင်းလိုက်သည်။
သူ စကားပြန်မပြောသည်ကိုမြင်၍ ချူးရိထျန်၏ဒေါသက အနည်းငယ်ပြေသွားသည်။ "ပြောစမ်းပါဦး မင်းက အဲ့ဒီနာမည်ကြီး အမျိုးသမီးကိုကြိုက်နေတာလား"