Chapter 2
Viewers 2k

ငါ့ရဲ့ အတွင်းရေးမှူးအသစ် Beta က ငါ့ဘေးမှာ လမ်းလျှောက်နေပြီးတော့ သူ့အသံက အံ့ဩမှုတွေနဲ့ ပြည့်နေတယ်။


"ဥက္ကဌလော့၊ ဥက္ကဌဖုက အရမ်းကို ခက်ခဲတဲ့လူပဲ၊ သူ့ဆီကနေ ပိုက်ဆံညှစ်ထုတ်နိုင်တဲ့လူက အရမ်းနည်းတယ်၊ ခင်ဗျားက တကယ့်ကို အံ့ဩစရာကောင်းတယ်၊ ကျွန်‌တော်တို့ရဲ့ အနိမ့်ဆုံးပမာဏက ၅၀-၅၀ ဖြစ်ပေမဲ့ ခင်ဗျားက ၆၀-၄၀ အထိ ညှိနှိုင်းနိုင်ခဲ့တယ်"


ရုံးခန်းမှန်ရှေ့မှာ ငါ လည်ပင်းနောက်က လတ်ဆတ်နေတဲ့ အမှတ်အသားပေါ်ကို Omega ဖယ်ရိုမုန်း‌တွေကို ဖြန့်ကျက်နေလိုက်တယ်။


"ငါ တောင်းဆိုထားတဲ့ အချက်အလက်တွေ အကုန်လုံး ရပြီလား"


အတွင်းရေးမှူးရဲ့ မျက်လုံးတွေက လင်းလက်သွားပြီး 


"ဟုတ်ကဲ့၊ အဲဒီရှယ်ယာရှင်တွေကို ဖယ်ရှားနိုင်ရင် ခင်ဗျား အဲဒီလူကြီးတွေနဲ့ ထပ်ပြီး စကားပြောစရာမလိုတော့ဘူး" 


ငါ သူ့ကို အပြုံးတစ်ချက်နဲ့ ကြည့်လိုက်တယ်။

အတွင်းရေးမှူးအသစ်က တက္ကသိုလ်ကနေ ခုမှ ဘွဲ့ရခဲ့တာဖြစ်ပြီး အတွေ့အကြုံမရှိပေမယ့် ကံကောင်းစွာနဲ့ပဲ သူ့ရင်ထဲမှာ မီးရှိနေသေးတယ်။ သူ့ရဲ့ သစ္စာရှိမှုတစ်ခုတည်းနဲ့ပဲ ငါ သူ့ကို ငါ့ရဲ့ ကိုယ်ရေးအတွင်းရေးမှူးအဖြစ် ရွေးချယ်ခဲ့တာ။


ငါ့ရဲ့ ဖုန်းက တုန်ခါသွားတယ်။ အတွင်းရေးမှူးက ငါ့ကို ဖုန်းပေးဖို့ လုပ်နေတုန်းမှာ


ငါက သူ့ကို အချက်ပြပြီး လှုပ်ရှားလိုက်တယ်။


ဖုရန် : [ ဒီည ငါ့ဆီလာမလား ]


ငါက လှောင်ပြုံးတစ်ချက်ပြုံးပြီးတော့ စကားလုံးတစ်လုံးတည်းနဲ့ ပြန်ဖြေလိုက်တယ်။


လော့ကျိုအန်း : [ ကောင်းပြီ ]



~~~