Chapter 19
Viewers 2k

ငါ အိပ်ရာထပြီး ခုတင်ပေါ်ထိုင်နေရင်း ငါ့အမေက ငါ့ဘေးမှာ ရှိနေတယ်။


သူမက အင်တာနက်ပေါ်က မှတ်ချက်တွေကို တစ်ခုပြီးတစ်ခု ဖတ်နေပြီးတော့ တောက်ပနေတယ်။


"ဒါဆိုရင် အဲဒီတစ်ခေါက်က ကားမောင်းတဲ့လူက ဖုရန်လား၊ မင်းက ဘာစကားမှမပြောဘူး! ငါ့သားက ငါ့လိုပဲ အမြင်ကောင်းတယ်”


''ဒီမှတ်ချက်ပေးသူပြောတာ မှန်တယ်၊ ဘယ်သူမဆို ငါ့သားနဲ့ လိုက်ဖက်မှာ မဟုတ်ဘူး!''


"ဒါပေမဲ့... ဒီဖုရန်က ဘာဖြစ်နေတာလဲ၊ သူက မင်းရဲ့စိတ်ကို လှည့်စားနေရင်းနဲ့ သူ့ရဲ့ လရောင်ဖြူနဲ့ လည်ပတ်နေတာ၊ ငါတို့က ကောင်းတဲ့သူတွေမို့လို့ သူ့ကို လွှတ်ပေးလိုက်မယ်လို့ သူ ထင်နေတာလား"


ငါ နာနေတဲ့နဖူးကို ပွတ်သပ်လိုက်တယ်။


ငါ အတွင်းရေးမှူးကို ဖုန်းဆက်ပြီး ဘာတွေဖြစ်နေလဲဆိုတာကို ရှာဖွေဖို့ လုပ်နေတုန်းမှာပဲ ငါ့အမေက ရုတ်တရက် အော်ဟစ်လိုက်ပြီး ငါ့လက်မောင်းကို ဆွဲကိုင်ပြီး လှုပ်လိုက်တယ်။


"ကြည့်! ငါ့သားကို ဘယ်သူမှ မငြင်းနိုင်ဘူးလို့ ငါပြောခဲ့တယ်မလား"


သူမက ဖုရန်ရဲ့ တရားဝင်အကောင့်ကနေ တင်ထားတဲ့စာကို ငါ့မျက်နှာနားကို ထိုးပြတယ်။


[ ကျိုအန်းနဲ့ ကျွန်တော်က ဆက်ဆံရေးရှိတာ အမှန်ပါ၊ နှင်းဆီပွင့်တွေက ချစ်ခြင်းမေတ္တာကို ဖွင့်ပြောတာမဟုတ်ဘူး၊ သူ ကျွန်တော်ကို လိုက်နေတာကို စိတ်အနှောင့်အယှက်ဖြစ်လို့ ကျွန်တော့်ကို 'ပြန်ပေး’ တာပါ ]


[ မိန်းကလေးရှန်နဲ့ပတ်သက်ပြီးတော့ သူ(မ)က ဖုမိသားစုနဲ့ လက်ထပ်ဖို့ ဖြစ်ခဲ့ပါတယ်၊ ဒါပေမဲ့ အဲတာက ကျွန်တော့်ဝမ်းကွဲနဲ့ လက်ထပ်ဖို့ပါ၊ ကျွန်တော်နဲ့ မဟုတ်ပါဘူး ]


မထီမဲ့မြင်ပြုတဲ့ အသံနဲ့ ငါတို့ကို လုံးဝမတူညီတဲ့ ပုံစံနဲ့ ပြောခဲ့တာက သဘောထားနှစ်ခုကြားက ကွာခြားချက်ကို ရှင်းရှင်းလင်းလင်း ပြသနေတယ်။

ချက်ချင်းဆိုသလိုပဲ အင်တာနက်အသုံးပြုသူတွေဆီက မှတ်ချက်တွေ အများကြီး ပေါ်လာတယ်။

သံသယရှိတဲ့အသံအနည်းငယ်လည်း ရှိနေသေးတယ်။


[ ဒါဆို ဥက္ကဌဖုနဲ့ ဥက္ကဌလော့က အတူတူရှိနေတာလား၊ ဒါပေမဲ့ ရှန်ရုံကတော့ နှင်းဆီပွင့်တွေကို ချထားပေးသေးတာလား၊ သူ(မ)က ပြဿနာရှာဖို့ ကြိုးစားနေတာလား ]


[ နှင်းဆီပွင့်တွေ ချထားတာက ဘာဖြစ်လဲ၊ ဥက္ကဌလော့က နှင်းဆီပွင့်တွေကို လူတစ်ယောက်ကို ရိုက်ဖို့ သုံးနိုင်တယ်ဆိုရင် ငါတို့ရဲ့ မိန်းကလေးရှန်ကလည်း သုံးလို့ရတာပဲ ]


[ ဟုတ်တယ်၊ သုံးလို့ရတယ်၊ ဒါပေမဲ့ အဲဒီနှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် ဖွင့်ပြောနေတုန်းမှာ လုပ်နေတာက စိတ်သဘောထား သေးသိမ်လွန်းတယ် ]


[ ဟုတ်တယ်၊ ပြီးတော့ သူ(မ)က ဥက္ကဌဖုရဲ့ဝမ်းကွဲနဲ့ လက်ထပ်ရမှာလေ၊ ဒါတောင်မှ နာမည်တွေကို ရှင်းရှင်းလင်းလင်း မပြောတာက လူတွေကို လိမ်ဖို့ မဟုတ်လား ]


[ ဘယ်လောက်တောင် လက်ဖက်စိမ်း ဆန်လိုက်တာလဲ၊ ငါ အဝေးကြီးကနေ အဲဒီအနံ့ကို ရနေပြီ ]


ငါ့အမေရဲ့မျက်လုံးတွေက စိတ်လှုပ်ရှားမှုတွေနဲ့ တောက်ပနေတယ်။ 


[ အင်တာနက်အသုံးပြုသူတွေက တကယ်ကို မျက်စိသျှင်တယ် ]


ဒီကိစ္စတစ်ခုလုံးရဲ့ရလဒ်အနေနဲ့ ရှန်ရုံရဲ့ပုံရိပ်က ထိခိုက်သွားတယ်။ သူမနဲ့ ဖုရန်ရဲ့ဝမ်းကွဲကြားက လက်ထပ်ထိမ်းမြားမှုကို ဖုမိသားစုက တစ်ညီတစ်ညွတ်တည်း ပယ်ချခဲ့ကြတယ်။


ရှန်မိသားစုကလည်း အစကတည်းက သြဇာအာဏာမရှိခဲ့တော့ လက်ထပ်ထိမ်းမြားမှု မအောင်မြင်တဲ့အတွက် ဘာမှမကျန်ခဲ့ဘဲ ပြဿနာတွေပဲ ရှိနေခဲ့တယ်။



~~~