Chapter 1
Viewers 2k

အဲဒီစကားကိုကြားလိုက်တော့ ငါလှည့်ပြေးမိခဲ့တယ်။


ဒါပေမဲ့ အရမ်းစိတ်လှုပ်ရှားနေတဲ့ ငါက စားပွဲရဲ့ အောက်ခြေကို ခလုတ်တိုက်မိပြီး တံခါးရှေ့မှာ ချော်လဲကျသွားတယ်။


တိုးတိုးတိတ်တိတ် ချဉ်းကပ်လာတဲ့ ခြေသံတွေကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရပြီးနောက် ငါ့ရင်ထဲ ကျောရိုးကနေ တုန်လှုပ်စရာကောင်းတဲ့ ခံစားချက်ကို ရလာခဲ့တယ်။ တုန်လှုပ်နေရင်းနဲ့ပဲ ငါခြေထောက်ကို လှုပ်ရှားမိလိုက်တယ်။


တံခါးရဲ့လက်ကိုင်ကို ထိခါနီးမှာ…


နွေးထွေးတဲ့ ရင်ဘတ်တစ်စုံက ငါ့နောက်ကျောကို ဖိထားပြီး ရှည်လျားခိုင်ခံ့တဲ့ လက်တွေက ငါ့ရဲ့ခါးကို ရစ်ပတ်နေခဲ့ပြီး ဖြည်းဖြည်းချင်း တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်တယ်။


ငါမလှုပ်ရှားနိုင်တော့အောင် တံခါးပေါ်မှာ အခိုင်အမာ ဖိကပ်ထားခဲ့တယ်။


လေထုက သေလောက်အောင် တိတ်ဆိတ်နေတယ်။ ငါ့လည်ပင်းကို စိုက်ကြည့်နေတဲ့ လူရဲ့အကြည့်ကိုတောင် ခံစားရတယ်။ အဲတာက… တောထဲမှာ သားကောင်ကို တိတ်တဆိတ် စောင့်ကြည့်နေတဲ့ အကောင်နဲ့ တောင်တူနေတယ်။


ငါ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံး ကြက်သီးမွေးထလာခဲ့တော့တယ်။


တုန်တုန်ယင်ယင်နဲ့ပဲ မေးလိုက်တယ်။


"ကျန်းကော၊ ကျွန်တော်ပါ၊ ခင်ဗျား ဘာ..ဘာဖြစ်နေတာလဲ"


ကျန်းရှစ်လင်ရဲ့ အသက်ရှုသံတွေက ပိုပူလာပြီး စိုစွတ်နူးညံ့တဲ့ နှုတ်ခမ်းတွေက ငါ့ လည်ပင်းကို ထိကပ်လာခဲ့ကာ ကျေနပ်တဲ့ သက်ပြင်းတစ်ခုကို ထုတ်လာတယ်။


ငါ့ရဲ့ လက်ချောင်းတွေက တံခါးရဲ့ လက်ကိုင်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားတုန်းပဲ။


နောက်ဆုံးမျှော်လင့်ချက်အပိုင်းအစကို တွယ်ကပ်ပြီး လက်ကိုင်ကို လှည့်ကြည့်ဖို့ ကြိုးစားခဲ့တယ်။


ဒါပေမဲ့ စိတ်မကောင်းစရာက ငါဘယ်လောက်ဆွဲဖွင့်နေပါစေ သီးသန့်ခန်းတံခါးကမလှုပ်မရှားဘဲ ပိတ်နေတာကိုပဲ တွေ့နေရတယ်။


"ဘာဖြစ်နေတာလဲ”


အဲလူက တိုးတိုးလေးရယ်မောနေခဲ့ပြီး သူ့ရယ်မောသံက အရက်နံ့တွေ သယ်ဆောင်ထားရင်း ငါ့ရဲ့ ခန္ဓာကိုယ်ကို လျှပ်စစ်စီးကြောင်းတွေ ပို့နေသလိုပဲ။


ငါ့နှလုံးသားက တဒိန်းဒိန်းခုန်နေတယ်။


ကျန်းရှစ်လင်က ငါ့ နားရွက်ကို စုပ်ယူလိုက်ပြီး သူ့ရဲ့ဒူးက ငါ့အပေါ်ကို ဖိထားခဲ့ပြီး ချစ်သူတစ်ယောက်လိုမျိုး တိုးတိုးလေးပြောလာခဲ့တယ်။


"ဘာဖြစ်နေတယ်ထင်လို့လဲ၊ ရှောင်ယွီ”


~~~