Ch 19
Viewers 6k

🌚Chapter 19



ဖေးဟွိုက်ကျီးက ဤဂိမ်းအစီအစဉ်ထဲ ဆွဲခေါ်ခံခဲ့ရသော်လည်း သူ့အမူအရာက ပုံမှန်အတိုင်းသာဖြစ်သည်။ ထိုအမူအရာက ယခုအချိန်တွင် သူ့ထံ၌ ဘယ်လို စိတ်အခြေအနေရှိသလဲ လူများမသိနိုင်အောင်လုပ်ထားလေသည်။


ဖေးဟွိုက်ကျီးက မျက်လုံးကို တိတ်တဆိတ်မှိတ်ကာ ခေါင်းငုံ့ထားလေသည်။ ထိုလူ၏ ကျောနှင့်ပုခုံးသည် ဖြောင့်စင်းကာသပ်ရပ်လှ၏။ သူ့လက်များကို ဒူးခေါင်းပေါ်တွင် တင်ထားပြီး လက်သည်းထိပ်များက သန့်ရှင်းကာ ပြန့်ပြူးနေသည်။


ပင်လယ်လေညှင်းက သူ့နဖူးပေါ်ရှိ သပ်ရပ်စွာညှပ်ထားသည့်ဆံပင်များပေါ် တိုက်ခတ်သွားသည်။ သူက ညသန်းခေါင်တွင် ပင်ပန်းနွမ်းနယ်မှုနှင့် စိတ်ပြေလျော့‌နေသည့်အရိပ်အမြွက်သာဖော်ပြထားလေသည်။ နီညိုရောင်နက်ကတိုင်ကြိုးက ထူးဆန်းပြီး လျှို့ဝှက်ဆန်းကြယ်သည့် လေထုကို ပို၍နက်ရှိုင်းစေ၏။


ယို့မြန့်၏ခြေလှမ်းများက အလွန်ပေါ့ပါးလွန်းလှ၍ နူးညံ့သည့် အဖြူရောင်သဲများပေါ်တွင် အသံမကြားရလောက်အောင်ပင်။


ရုတ်တရက် ဖေးဟွိုက်ကျီး၏ လည်စေ့ မှာ ကင်မရာထဲတွင် လှုပ်ရှားသွားခဲ့သည်။


မထင်မှတ်စွာ ၎င်းက သူ စိတ်လှုပ်ရှားစွာမျှော်လင့်နေပုံပေါ်‌စေသည်။


အမှန်တကယ်တွင် ဖေးဟွိုက်ကျီးသာလျှင်မဟုတ်ပေ။ အခြားလူ၃ယောက်ကလည်း စိုးရိမ်သောကရောက်စွာနှင့် မျက်လုံးများကိုမှိတ်ထားပြီး အကြားအာရုံအသိကိုသာ အားကိုးနိုင်လေသည်။


၎င်းသည် ပုခုံးပုတ်ခံရခြင်းကသာ သူတို့ကိုယ် သူတို့ အမှောင်ထဲမှဆွဲထုတ်နိုင်မည့်ပုံပေါ်နေသည်။


ရန်ထင်းရွှမ်က မျက်လုံးများမှိတ်ထားပြီး နားထဲတွင် ပင်လယ်လေညှင်းသံကိုသာကြားနေရသည်။ သူက ရုတ်တရက် မီးပုံပွဲသို့ လျှောက်လာရသည့် မှောင်နေသည့်လမ်းမကို သတိရသွားသည်။


ယို့မြန့်က ညဘက်မှာအမြင်ကွယ်တာမျိုးရှိတာပဲ...


ရန်ထင်းရွှမ်က နှုတ်ခမ်းကိုဖိလိုက်ကာ သူ့မေးရိုးမှာလည်း အနည်းငယ်တောင့်တင်းသွားသည်။


ကွမ်ထုံ၏ ချစ်စရာအသံ‌လေးက ပေါ်ထွက်လာသည်။


"ယို့မြန့်က စရွေးနေပြီ..."


ရန်ထင်းရွှမ်၏ အတွေးများ ချက်ချင်းပျောက်သွားကာ သူ့အနောက်ဘက်တွင် ခြေသံမကြားရမှန်း သူသဘောပေါက်သွားသည်။


ယို့မြန့်က ဤနေရာဘက်သို့ မလာပေ။


ရန်ထင်းရွှမ် "...."


သူနှင့် မနီးမဝေးတွင် ထိုင်နေသည့် ယွင်ကွမ်းချင်က သူ့မျက်ခုံးကိုပင့်ကာ ပြောလိုက်သည်။


"မင်းရွေးလို့ပြီးပြီလား...ယို့မြန့် မင်းလမ်းပျောက်ပြီး ငါဘယ်နားထိုင်လဲမသိ‌တော့လို့လား..."


ယို့မြန့်က လူတိုင်းအနောက်တွင် မတ်တတ်ရပ်လိုက်သည်။ မျက်လုံးဖွင့်ထားသည့် ကွမ်ထုံသာလျှင် သူ့၏လှုပ်ရှားမှုနှင့် အမူအရာကိုမြင်နိုင်သည်။


ယွင်ကွမ်းချင်၏စကားများက ယို့မြန့်နားထဲရောက်ရုံသာမက ပိုင်လင်းလည်း ကြားသွားသည်။


ပိုင်လင်းက ချက်ချင်းမျက်‌မှောင်ကြုတ်ကာ မပျော်သည့်ပုံပေါ်နေသည်။


မျက်စိမှိတ်ကာစောင့်နေသည့် ဟို့ရန်ကျီးက သူ့ခေါင်းကို ပို၍ငုံ့လိုက်၏။ သူ့လက်များကြားထဲ သူ့ကိုယ်သူမြှုပ်နှံတော့မည့်ပုံပေါ်လေသည်။ ၎င်းက သူ၏ ကျယ်ပြောသည့်ပုခုံးများနှင့်‌ နောက်ကျော ကိုပိုကြည့်ကောင်းစေသည်။


ထိုလူ၏ကြွက်သားများက အနည်းငယ်ဖောင်းကားလာကာ သူ့ကြည့်ရသည်မှာတော်တော် စိတ်လှုပ်ရှားနေပုံပေါ်သည်။


ယို့မြန့်က နေရာတွင်ရပ်နေကာ ဘယ် ညာ ကြည့်လိုက်သည်။ ထို့နောက် မီးပုံ၏ဘယ်ဘက်အစွန်းဘက်ကို လျှောက်သွားကာ ဖေးဟွိုက်ကျီးအနောက်တွင် ရပ်လိုက်လေသည်။


အခြား၃ယောက်ကိုရွေးလိုက်ရန်က သူရူးနေမှသာ ဖြစ်လိမ့်မည်။


သူလုံလောက်အောင်မကျဆင်းသေးဘူးထင်နေတာလား...


နူးညံ့သည့်သဲပြင်ပေါ်ရှိ ယို့မြန့်၏ခြေသံသေးသေးလေးများက တဖြည်းဖြည်းနီးကပ်လာခဲ့သည်။ ဖေးဟွိုက်ကျီး သူ့ဒူး‌‌ပေါ်တင်ထားသည့် လက်ချောင်းများက ထိုအချိန်တွင် အနည်းငယ်ကွေးညွှတ်လာခဲ့သည်။


ယို့မြန့်က ဖေးဟွိုက်ကျီး၏ ပုခုံးကိုထိကာ လှမ်းကိုင်လိုက်ချိန်တွင် သူက အကွာအဝေးအတွက်အချက်မှားပြီး သူ့လက်ညိုးနှင့် ဖေးဟွိုက်ကျီး၏နားထိပ်ကို ရုတ်တရက် ထိမိသွားလေသည်။


ယို့မြန့် "...."


အေးမြပြီးနူးညံ့သည့်အထိအတွေ့က ဖေးဟွိုက်ကျီး၏နားများကို ချက်ချင်း ပေါက်ကွဲ‌စေသလိုဖြစ်ကာ သူ့နှုတ်ခမ်းထောင့်များကို တင်းမာသွားစေသည်။


ယို့မြန့်က လက်သီးဆုပ်ကာ သူ့ပါးစပ်နားထားလိုက်သည်။ ထို့နောက် သူက ဖေးဟွိုက်ကျီး  ပုခုံးကို အမြန်ပုတ်လိုက်သည်။


 á€–á€ąá€¸á€Ÿá€˝á€­á€Żá€€á€şá€€á€ťá€Žá€¸á€€ မျက်မှောင်အနည်းငယ်ကြုတ်ကာ သူ့နှုတ်ခမ်းများကိုဖိလိုက်ပြီး ‌ဖြည်းဖြည်းချင်း မျက်စိဖွင့်လိုက်သည်။


ယို့မြန့် သူ့ပုခုံးကိုပုတ်လိုက်သည်မှာ ညင်သာလွန်း၍ ဘယ်သူ့မှမကြားနိုင်သလောက်ပေ။


၎င်းက အခြား၃ယောက်ကို သူတို့မျက်စိများပိတ်ကာ ဆက်စောင့်စေခဲ့သည်။ သူတို့က မီးပုံ၏အခြားဘက်တွင် ဘာဖြစ်နေလဲမသိချေ။


ထိုမြင်ကွင်းကိုမြင်သောအခါ အိုင်းရစ်စံအိမ်ဘက်က ကွမ်ထုံက ယို့မြန့်ကို သူ့နှလုံးသားထဲက လက်မ မထောင်ပြဘဲမနေနိုင်ပေ။


ယို့မြန့်က ပထမနေ့မှာတင် ဖေးဟွိုက်ကျီးကို နှလုံးခုန်သံစာတို ပို့ရဲတဲ့အတွက် တကယ်ကို ရဲရင့်တဲ့ လူတစ်ယောက်ပါပဲလေ....


ယို့မြန့်က သူ့ကိုထိလိုက်ပြီးနောက် နောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်လိုက်သည်။ သူက ဖေးဟွိုက်ကျီးကို တောင်းပန်သည့်အပြုံး ပြုံးပြကာ ပြောလိုက်၏။ 


"ပြီးသွားပြီ..."


ဖေးဟွိုက်ကျီးက ယို့မြန့်မျက်လုံးများကို ရှောင်ရန်အတွက် သူ့ခေါင်းကို ဘေးလှည့်လိုက်လေသည်။ တစ်ချိန်တည်းမှာပင် သူက သူ့နားရွက်နီလေးများကို ထုတ်ပြလိုက်မိသည်။


ထိုလူ့စိတ်နေစိတ်ထားက အလွန်အေးစက်ကာ သူ၏တည်ကြည်‌လေးနက်သောမျက်နှာပေါ်တွင် အပြုံးမရှိပေ။ သို့သော်လည်း ထိုကဲ့သို့သောလူက မတော်တဆထိခံလိုက်ရသည့်အချိန်တွင် နားရွက်များ နီရဲလာတော့သည်။


ဖေးဟွိုက်ကျီး၏တုံ့ပြန်မှုကြောင့် ယို့မြန့်လန့်သွားခဲ့သည်။ သူ ရုတ်တရက် သူ့လက်ညိုးက ပူလောင်လာသလိုပင် ခံစားလိုက်ရသည်။


စိတ်မထိန်းနိုင်တော့ဘဲ သူ တိုးတိုးလေးထပ်တောင်းပန်လိုက်တော့သည်။


ဖေးဟွိုက်ကျီး ခေါင်းခါပြလိုက်သည်။ သူကလက်သီးဆုပ်ကာ သူ့နှုတ်ခမ်းနားကပ်၍ သူ့၏လည်‌စေ့လှုပ်ရှားမှုကို ဖုံးကွယ်လိုက်လေသည်။


……


ရန်ထင်းရွှမ်က ရုတ်တရက် သူ့မျက်လုံးများကိုဖွင့်လိုက်သည်။ သူက ချက်ချင်း ခေါင်းလှည့်ကာ ယို့မြန့် ဘယ်နားမှာရပ်နေလဲရှာလိုက်သည်။


၎င်းက ယွင်ကွမ်းချင်နောက်တွင်လည်းမဟုတ်ပေ၊ ဟို့ရန်ကျီးကိုလည်း တစ်ယောက်တည်းချန်ထားသည်။


သူကအမှန်တကယ်ကို ဖေးဟွိုက်ကျီးနောက်တွင် ရပ်နေခဲ့သည်။


ယို့မြန့်က ထိုင်ခုံပေါ်တွင်ပြန်ထိုင်လိုက်သည်။


 á€Ąá€á€źá€Źá€¸á€á€…á€şâ€Œá€–á€€á€şá€™á€ž ယွင်ကွမ်းချင်နှင့် ဟို့ရန်ကျီးတို့ကလည်း တစ်ယောက်ပြီးတစ်ယောက် မျက်စိများပြန်ဖွင့်ကြည့်လိုက်ကြသည်။


ယွင်ကွမ်းချင်၏မျက်လုံးများက အရင်က သူ့နည်းလမ်း‌ ပြောတုန်းကလိုမျိုး ယုံကြည်မှုရှိမနေပေ။  သူက ယို့မြန့်ကို စူးရှစွာစိုက်ကြည့်နေ၏။


ဟို့ရန်ကျီးက သူ့လက်ကိုမြှောက်ကာ ခေါင်းကုပ်လိုက်မိသည်။


ပုံမှန်အချိန်တွင် သူ့မျက်ခုံးထူထူများက အမြဲတမ်း ပြင်းထန်သည့်တင်းမာမှုကိုဖော်ပြနေ‌သည်။


သို့သော် ယခုအချိန်တွင်မူ ဟို့ရန်ကျီး၏မျက်နှာပေါ်တွင် ရှုပ်ထွေးနေသည့်အမူအရာတစ်ခုရှိနေသည်။ ၎င်းက သူ့ထင်ထားသည်နှင့်လွဲနေ၍ စိုးရိမ်နေသလိုမျိုးဖြစ်နေသည်။


ပိုင်လင်းက သူ့ဒူးပေါ်တင်ထားသည့် ကုတ်အင်္ကျီကို ဆုပ်ကိုင်လိုက်၍ အံကြိတ်ကာအပြုံးတစ်ခုနှင့်ပြောလိုက်သည်။ 


"ပင်လယ်လေက ပိုပြီးအေးလာပြီ... ဆက်ပြီးခန့်မှန်းကြရအောင်လေ..."


ပိုင်လင်း၏စကားများက အခြားသူများ၏အာရုံကို ပြန်ဆွဲဆောင်လိုက်သည်။


ကွမ်ထုံက ယို့မြန့်ကို ဘေးတိုက်လှမ်းကြည့်ကာ ပြောလိုက်သည်။


"ဟုတ်တယ်..အချစ်လေး မင်း မေးခွန်းနှစ်ခုကျန်နေသေးတယ်..."


"အမှန်တိုင်းပြောရရင် ငါတော်တော်လေး သိချင်နေတာ...မင်းက အခုထိ ကောလိပ်ကျောင်းသားပဲမလား..."


ကွမ်ထုံက သူ့မျက်နှာကိုလက်နှင့်ကာ၍ အသက်အရွယ်နှင့် တိုက်ခိုက်ခံလိုက်ရသလို အလွန်ချစ်စရာကောင်းသည့် အမူအရာလုပ်လိုက်သည်။


ယို့မြန့်က သူ့ကို လျှို့ဝှက်မထားဘဲ တိုက်ရိုက်ဖြေလိုက်သည်။

"အင်း ဒါပေမဲ့ ကျွန်တော်က ဘွဲ့ရတော့မှာပါ..."


ကွမ်ထုံက အံ့အားသင့်သွားသည်။

"ဒါဆိုရင် ဒီနှစ်မှာ မင်းက...."


ယို့မြန့်က ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။

" ၂၁နှစ်ပါ..."


“ဘုရား‌ရေ...”


ဖေးဟွိုက်ကျီးက မီးပုံဘက်ကို စိုက်ကြည့်နေရင်းနှင့် စိတ်ထဲတွင် ရေတွက်ကြည့်လိုက်သည်။

သူက ၈နှစ်တောင်ကြီးတာပဲ...


ယို့မြန့်က ပင်လယ်လေညှင်းများထဲတွင် ထိုင်နေခဲ့သည်။ သူ၏အဖြူရောင်အင်္ကျီလက်ရှည်များက လေတိုက်ကာလွှင့်သွားပြီး သူ၏ သေးသွယ်သည့်ခါးသိမ်သိမ်လေးကို ပိုပြီးသိသာစေခဲ့သည်။


သူက ပြုံးကာ ပြောလိုက်သည်။

"အဲ့ဒါက မေးခွန်းနှစ်ခုပဲမလား... ဒါဆို ကျွန်တော့်အလှည့် ပြီးပြီနော်..."


ပိုင်လင်းက ယို့မြန့် "ယို့မိသားစု" အကြောင်း တခွန်းမျှ မပြောသွားခဲ့သည်ကို မယုံနိုင်ဖြစ်နေမိသည်။


သို့သော်လည်း အမှန်တရားက သူ့အရှေ့တွင်ရှိသည်။ ယို့မြန့်က ယို့မိသားစုနှင့် အမှန်တကယ်မပတ်သက်ချင်ပုံပေါ်လေသည်။


ပိုင်လင်း၏အလှည့်ရောက်သည်နှင့် လီလီစံအိမ်၏Guest များက သူနှင့်ရင်းနှီးနေပြီး ရှန်းနန်ရှောင်ကလည်း သူ့နာမည်ကို ကြားဖူးသည်။ ထို့ကြောင့် မေးခွန်းမေးနိုင်သည့်သူများမှာ ကွမ်ထုံနှင့် ယို့မြန့်သာရှိသည်။


ကွမ်ထုံက မေးစေ့ထောက်ကာ ခန့်မှန်းလိုက်သည်။

"ပိုင်လင်းက ယို့မြန့်နဲ့ အရွယ်တူပုံပေါ်တယ်... မင်းလည်း ဒီနှစ် ၂၁နှစ်မလား..."


ပိုင်လင်းက ဟို့ရန်ကျီး လှမ်းပေးခဲ့သည့် ကုတ်အင်္ကျီကို ၀တ်ဆင်ထားပြီးဖြစ်သည်။ အင်္ကျီလက်ရှည်များက ဗလာဖြစ်နေကာ သူ့ကို အလွန်အားနည်းပုံပေါ်စေသည်။


ပိုင်လင်းက သူ့ပါပီမျက်လုံးလေးများကို မျက်လွှာချကာ ပြောလိုက်သည်။


"ကျွန်တော်က ယို့မြန့်ကောထက်တစ်နှစ်ငယ်တယ်...ကျွန်တော့်အသက်က ၂၀ ပါ...."


ယို့မြန့်က ထိုအခေါ်အဝေါ်ကို မျက်ခုံးပင့်လိုက်မိသည်။ မည်သို့ပင်ဆိုစေကာမူ သူက သီးသန့်‌ အေးဆေးသည့်သဘောထားကိုထိန်းကာ ပြန်မဖြေခဲ့ပေ။


ညည့်နက်လာပြီဖြစ်သည်။ ပုံမှန်ဆို အင်အားအပြည့်နှင့် ကွမ်ထုံတောင်မှပင် ဤအချိန်တွင် အနည်းငယ်ပင်ပန်းလာလေသည်။ သူမေးသည့်မေးခွန်းများက ပိုပြီး သာမာန်ဆန်လာသည်။


"ဒါဆို မင်းကအခု ကောလိပ်ကျောင်းသားပဲဖြစ်ရမယ် ဟုတ်တယ်မလား..."


ပိုင်လင်းက ပြုံးကာ ပြောလိုက်သည်။

"ဟုတ်တယ် ကျွန်တော်က ဆီဆေးပန်းချီမေဂျာယူထားတာ..."


ဆီဆေးပန်းချီကြောင်းပြောကာမှ ကွမ်ထုံက တစ်စုံတစ်ခုကို သတိရကာ သူ့ခေါင်းကိုပုတ်လိုက်သည်။


"ငါ ဒီရှိုးကို မလာခင်က အရမ်းနာမည်ကြီးတဲ့သတင်းကိုကြည့်ခဲ့ရတယ်....အခုတလော အရမ်းနာမည်ကြီးနေတဲ့ အနုပညာပြိုင်ပွဲတစ်ခုရှိတယ်လေ...."


ရန်ထင်းရွှမ်၏အသံက အကြောင်းအရာကိုကြားဖြတ်ကာ အဝေးကနေပြောလာသည်။

"စတားကပ် ပြိုင်ပွဲ..."


ကွမ်ထုံက ဆက်တိုက် ခေါင်းညိတ်ကာပြောသည်။

"ဟုတ်တယ် အဲ့ဒါပဲ..."


ပိုင်လင်းက ၎င်းကိုကြားသောအခါ အနည်းငယ်ရက်ရွံ့သည့် အမူအရာပြကာ ပြောသည်။

"ကျွန်တော်က အဲ့ဒီ ပြိုင်ပွဲ၀င်ပြိုင်ထားတယ် ဒါပေမဲ့ အကြိုရွေးချယ်တဲ့အဆင့်ပဲ အောင်သေးတာ..."


ရန်ထင်းရွှမ်က သူ့လက်ကိုမြှောက်ကာ ပိုင်လင်း၏ခေါင်းကို ပွတ်သပ်လိုက်သည်။


"ကိုယ် မင်းကို အားပေးနေပါတယ်..."


ယို့မြန့်က အမူအရာကင်းမဲ့သည့်ပုံနှင့် ထိုင်နေသည်။ ရုတ်တရက် ‌သူ့ဘေးမှ ဖေးဟွိုက်ကျီးက မေးလိုက်လေသည်။


"ယို့မြန့် မေဂျာက ပန်းပုမေဂျာမလား... ကိုယ် မှတ်မိသလောက်ဆို စတားကပ်ပြိုင်ပွဲမှာ ပန်းပုပြိုင်ပွဲလည်းရှိတယ်လေ..."


ယို့မြန့်က သူ့ခေါင်းကိုလှည့်ကာ ဖေးဟွိုက်ကျီးကို အံ့အားသင့်စွာ ကြည့်လိုက်သည်။


ဖေးဟွိုက်ကျီးက အခြားသူ‌များ၏ တုံ့ပြန်မှုကို လုံး၀ဂရုမစိုက်ပေ။ သူက သူ့ကိုယ်သူ ပြောလိုက်သည်။


"ကိုယ် အရင်ပြိုင်ပွဲတုန်းက ရွှေတံဆိပ်ဆုရ လက်ရာကို တွေ့ခဲ့တယ်..."


စိတ်အပြောင်းအလဲလွယ်ပြီး ပြုံးလေ့မရှိသည့် ဥက္ကဌက သူ့ကိုယ်ပိုင်ခံစားချက်ကို ခံစားချက်မပါသည့်စကားများနှင့်ထုတ်ဖော်ပြောခဲ့ပြီး တကယ်ကို နာကျင်စရာကောင်းလှသည်။


"မင်း အဆင့်နဲ့ဆိုရင်..."


"အဲ့ဒါက ရွှေတံဆိပ်ရတာထက်တောင် ပိုလုံလောက်တယ်..."




🌚🌚