Chapter : 13 ( ညီမ‌လေးက အရုပ်ကလေးကို သယ်ထားတယ် [10] )
Viewers 3k

Chapter : 13 ( ညီမ‌လေးက အရုပ်ကလေးကို သယ်ထားတယ် [10] )


ဟိုင်ရိ ထိုအခန်းထဲမှ ထွက်ပြီး ရှာဖွေရန်အခန်းတစ်ခန်းကို ကျပန်းရွေးလိုက်သည်။ ထိုအခန်းထဲသို့ ဝင်ပြီးမှ ချန်ဇယ်၏အခန်း ဖြစ်နေမှန်း သူသိလိုက်ရ၏။


မနေ့က သက်သေရှာဖွေနေစဉ် ချန်ဇယ်၏အခန်းတွင် ကြိုးနှင့် မေ့ဆေးများ တွေ့ခဲ့ရသည်။


ဟိုင်ရိက တံခါးဖွင့်ထားခဲ့ပြီး အလယ်တွင် ရပ်နေ၏။ ဖျင်ကျယ့်က ထိုအချိန်မှာပဲ ဖြတ်သွားရင်း လှမ်းကြည့်လိုက်သည်။


"အိုး... ငါ့သားမက်ရဲ့ အခန်းလား"


ဟိုင်ရိ : "ခင်ဗျားရဲ့ သမီးက အရွယ်တောင် မရောက်သေးဘူး၊ ဘာလို့ လက်ထပ်ခိုင်းဖို့ ဒီလောက်တောင် လောနေရတာလဲ"


ဖျင်ကျယ့် : "ဘယ်သူသိနိုင်မှာလဲ ဇာတ်ညွှန်းထဲမှာလည်း မ‌ပြောထားဘူးလေ၊ ပြောထားတာက ငါ့မှာ အနာဂတ်သားမက်ရှိတယ်၊ သူက ငါ့သမီးကို အရမ်းကို ကောင်းကောင်း ဆက်ဆံတယ်ဆိုတာပဲ"


ဟိုင်ရိက ထင်မြင်ချက်အားဖော်ဆောင်သော အမူအရာပင် မပြပေ။


ဖျင်ကျယ့်က မေးမြန်းလိုက်သည်။


"ဘာတွေ့လဲ"


ဟိုင်ရိက ပေါ့ပေါ့ပါးပါးနှင့် ဗီရိုထဲက အမျိုးသမီး အတွင်းခံအဝတ်အစားတစ်ထည်ကို ဆွဲထုတ်ပြီး သူ့ရှေ့တွင် ဝှေ့ယမ်းပြလိုက်၏။


"ခင်ဗျားသမီးရဲ့ ခေါင်းက စိမ်းနေပုံရတယ်"


( TN - ခေါင်းစိမ်းတယ်ဆိုတာ အားလုံးနီးပါး သိကြမှာပေမယ့် ထပ်ရှင်းရရင် ဖောက်ပြန်ခံနေရတာပါရှင် )


ဖျင်ကျယ့်သည် အခန်းထဲသို့ ဝင်ရောက်လာပြီး ဟိုင်ရိလက်ထဲမှ အဝတ်အစားကို အတော်အတန် ရှက်ရွံ့စွာဖြင့် ယူဆောင်သွားသည်။ ထို့နောက် ၎င်းကို လက်ထဲတွင် ဖြန့်၍ သေသေချာချာ စစ်ဆေးကာ မှတ်ချက်ပြုလိုက်သည်။


"လူငယ်တွေက တကယ်ပဲ အားမာန်အပြည့် ရှိကြတာကိုး"


ဟိုင်ရိသည် ဗီရိုကို နောက်တစ်ကြိမ် ထပ်မံကြည့်ရှုလိုက်သည်။ ဤတစ်ကြိမ်တွင်မူ သဲလွန်စများ တစ်ခုခု လွတ်သွားမည်ကို စိုးရိမ်သဖြင့် ပိုမိုအသေးစိတ် စစ်ဆေး၏။ သူသည် ဗီရို၏ ရှေ့နှင့်နောက်ကို နှစ်ကြိမ်တိုင် စစ်ဆေးပြီး ဘာမျှမရှိကြောင်း အတည်ပြုပြီးနောက် လှည့်ပြန်ခဲ့သည်။

ဤအခန်းသည် ရွှယ်ချွမ်း၏အခန်းနှင့် မူအားဖြင့် အတူတူပင်ဖြစ်ပြီး ပြတင်းပေါက်ရှိ လိုက်ကာများ ပွင့်နေသည်ကသာ ကွာခြား၏။ မြင်တွေ့ရသည်မှာ ချယ်ရီပန်းခက်လေး အနည်းငယ်သာ ဖြစ်သည်။ သူ လိုက်ကာများကို တွန်းဖယ်လိုက်သောအခါ စက္ကူစလေးတစ်ခု အောက်သို့ ပြုတ်ကျလာခဲ့သည်။
ဟိုင်ရိက ၎င်းကို လက်ဖြင့် လှမ်းဖမ်းလိုက်၏။ ထိုအခါ ဖျင်ကျယ့်က ပြောလိုက်သည်။


"သဲလွန်စက ဒီမှာပဲ"


မနေ့ညက ဖယ်ရှားခံခဲ့ရသော အဖွဲ့ဝင်နှစ်ဦးထံတွင် အရေးပါသော သက်သေအထောက်အထားများ ရှိခဲ့ပါက ၎င်းတို့ကို သဲလွန်စပုံစံဖြင့် ပေးအပ်မည်ဖြစ်သည်။


စက္ကူစပေါ်တွင် ရေးထားသည်မှာ...


"ရှန်းရှင့်၏ ဇာတ်ညွှန်း : ည ၁၀ နာရီ ၅ မိနစ်တွင် သင်သည် ချန်ဇယ်ကို အိပ်ခန်းထဲမှ အလျင်အမြန် ထွက်သွားသည်ကို မြင်တွေ့ရသည်။ သင်သည် သူ့ကို နှုတ်ဆက်လိုသော်လည်း သူသည် အလွန်အမင်း အလျင်စလို ထွက်ခွာသွားခဲ့၏"


ဟိုင်ရိ : ?


ဟိုင်ရိသည် သေဆုံးသူကို နောက်ဆုံးတွေ့ခဲ့ရသည်မှာ ည ၁၀ နာရီတွင် ဖြစ်ပြီး၊ ၎င်းသည် ချန်ဇယ်က သေဆုံးသူကို ည ၁၀ နာရီ ၅ မိနစ်တွင် ရှာဖွေရန် သွားခဲ့သည်ဟု ဆိုလိုသည်လား။


ချန်ဇယ်သည် ရှန့်ချန့်ယန် မနေ့ညက မေးမြန်းခဲ့သည့်အခါ ဤကိစ္စကို ပြောပြခဲ့ခြင်း မရှိပေ။
အမှန်စင်စစ်၊ သူမသာ ထိုအချိန်က ထုတ်ဖော်ပြောဆိုခဲ့ပါက မနေ့ညက သေဆုံးရသူမှာ သူမ၏ရည်းစားမဟုတ်ဘဲ ဟိုင်ရိ ဖြစ်သွားနိုင်သည်။


ဟိုင်ရိသည် ဤအချက်ကို အလွန်ရယ်စရာကောင်းသည်ဟု ယူဆခဲ့၏။ သူမ၏ ရည်းစားသည် အခုတော့ မရှိတော့သော်လည်း ရှန့်ချန့်ယန်နှင့် ၎င်းသည် အဝေးမှပင် ဆက်နွယ်မှု ရှိသလားဟု သူတွေးမိသည်။


ဟိုင်ရိသည် ချန်ဇယ်၏အခန်းတွင် အခြားမည်သည့်အရာမှ မတွေ့ခဲ့ရပေ။ ဖျင်ကျယ့်သည် စက္ကူစကို ဖတ်ရှုပြီးနောက် ထွက်ခွာသွားခဲ့ပြီး ဟိုင်ရိလည်း သူ၏အတွေးများကို ရှင်းလင်းပြီးနောက် အခန်းထဲမှ ထွက်ခွာသွားခဲ့၏။

ထိုစဉ်က အချိန်သည် နံနက် ၁၀ နာရီ ၃၀ မိနစ် ဖြစ်သည်။

ကောင်းကင်သည် မှောင်မိုက်ရန် ဆယ်နာရီ ကျန်ပါသေးသည်။


ဟိုင်ရိသည် ဧည့်ခန်းထဲသို့ ရောက်ရှိလာခဲ့ပြီး ထိုနေရာတွင် ရှန့်ချန့်ယန်သည် ခြေချိတ်ထိုင်ကာ ဖုန်းနှင့် ကစားနေသည်ကို တွေ့လိုက်ရ၏။ သူသည် သူ့၏ ကိုယ်ပိုင်အဝတ်အစားများကို ပြန်လည်လဲလှယ်ထားပြီးဖြစ်ရာ ကိုယ်ခန္ဓာရှာဖွေမှုနှင့် ပူးပေါင်းဆောင်ရွက်ရန်အတွက် ထိုကဲ့သို့ အမြင်မတော်သော ဝတ်စုံကို ဆက်လက်ဝတ်ဆင်ရန် မလိုအပ်တော့သည့်ပုံပင်။


ဟိုင်ရိ ထိုင်လိုက်သည်။


"မင်းကို ဘယ်သူ ရှာတာလဲ"


"ရွှယ်ချွမ်း"


ရှန့်ချန့်ယန်က လှည့်ကြည့်မလာဘဲ ပြောလိုက်သည်။


"ခင်ဗျားကိုရော ဘယ်သူမှ မရှာဘူးလား"


"မရှာဘူး၊ ငါ နောက်မှ တစ်ယောက်ယောက်ကို ရှာခိုင်းလိုက်မယ်"


"ဘာတွေ ကစားနေတာလဲ"


ရှန့်ချန့်ယန်သည် Weibo ကို ကြည့်နေသည်။ ဤနေရာတွင်လည်း အက်ပ်များကို ပုံမှန်အတိုင်း အသုံးပြုနိုင်သေးသော်လည်း ဒေသတွင်း ကွန်ရက်ကိုသာ အသုံးပြုနိုင်ပြီး ဤကမ္ဘာရှိ လူများ တင်ထားသော မက်ဆေ့ခ်ျများကိုသာ ဖတ်ရှုနိုင်၏။ ပျင်းရိငြီးငွေ့စွာဖြင့် ရှန့်ချန့်ယန်သည် Hot Search ရှိ အကြောင်းအရာများကို တစ်ခုချင်းစီ နှိပ်ကာ ကြည့်ရှုနေခဲ့သည်။


ဟိုင်ရိ : " page ကို ဖွင့်ပြီး ဆယ်ငါးစက္ကန့်ကြည့်တာက page ရဲ့ ဝင်ရောက်ကြည့်ရှုနှုန်းကို တိုးစေနိုင်တယ်"


ရှန့်ချန့်ယန် : ?


"ဘာလို့ စာမျက်နှာရဲ့ ဝင်ရောက်ကြည့်ရှုနှုန်းကို တိုးဖို့ လိုတာလဲ"


သူက ပေါ့ပေါ့ပါးပါး မေးလိုက်သည်။


ဟိုင်ရိက စိတ်ထဲကနေ တီးတိုးရေရွတ်လိုက်၏။


'ဘာလို့လဲဆိုတော့ ဒါက Hot Search လေ၊ သားရယ်... မင်းက သာမန်လူတွေနဲ့ အများကြီး ဝေးကွာနေပြီ... ကုမ္ပဏီတွေက Hot Search ကို ဒီအတိုင်းထားပြီး ပျောက်သွားအောင်ပဲ ဝယ်တာ မဟုတ်ဘူး၊ ပရိသတ်တွေ ဝင်ကြည့်စေချင်လို့ကိုဝယ်ကြတာ'


ရှန့်ချန့်ယန်သည် ဤနေရာတွင် အချိန်အကြာကြီး နေခဲ့သည်မှာ ထင်ရှားပြီး သူ၏ဖုန်းတွင် ဘက်ထရီ ၂၀ ရာခိုင်နှုန်းသာ ကျန်ရှိတော့၏။ မျက်ခုံးများ တွန့်ချိုးလျက် ဖုန်းကို ဆက်ကိုင်ထားသည်။ ဟိုင်ရိက သူ့ဖုန်းကို မျက်နှာဖတ်စနစ်ဖြင့် လော့ခ်ဖွင့်ပြီး သူ့ဆီ ပစ်ပေးလိုက်၏။


ရှန့်ချန့်ယန်သည် ခဏတာမျှ မှင်တက်သွားပြီး ၎င်းကို သုံးသင့်မသင့် ချီတုံချတုံ ဖြစ်နေခဲ့သည်။


"မင်း live stream တွေ ကြည့်နေတာ မဟုတ်ဘူးလား"


"ယူပြီး ကစားစမ်းပါ၊ ငါ အဲဒါအတွက် စိတ်မပါဘူး"


တကယ်တော့ ဒါက လိမ်ညာခြင်းပင် ဖြစ်သည်။ ပြင်ပတံခါးတွင် တစ္ဆေတစ်ကောင် လာခေါက်ကာ သူ၏အသက်အတွက် တောင်းဆိုနေလျှင်တောင် ဟိုင်ရိကို စောင်အောက်မှ သူ၏ညီလေးအတွက် အသည်းလေးများ ပေးပို့ခြင်းကို တားဆီးနိုင်မည် မဟုတ်ပေ။


ရှန့်ချန့်ယန်ကို ဖျော်ဖြေရေးကင်းမဲ့ကာ ပျင်းရိနေသည်ကို မမြင်ချင်ရုံသာ၊ အခြား အကြောင်းအရင်းများ မရှိပါပေ။


သူ တကယ် ကလေးများ ရရှိခဲ့ပါကလည်း သူတို့၏ကလေးကို ကောင်းကင်ဘုံအထိ တက်ကြွားမည့်မိဘမျိုး ဖြစ်နိုင်ဖွယ်ရှိသည်။


ရှန့်ချန့်ယန်လည်း ငြင်းပယ်ရန် မကောင်း‌ဟု ထင်ပုံရ၏။ ၎င်းကို လက်ခံပြီးနောက် သူသည် အက်ပ်အမျိုးမျိုးကို ရှက်ရွံ့စွာ ကြည့်ရှုပြီးနောက် Weibo ကို ဖွင့်ရန် ဆုံးဖြတ်ခဲ့သည်။ အရာအားလုံးကို ဆက်လက်လေ့လာရန် ရည်ရွယ်ခြင်း ဖြစ်၏။


မကြာသေးခင်က Hot Search များလည်း သိပ်မများလှပေ။


အနောက်မြောက် ဟွား၊ ခရိုင် ၁ တွင် ဝေလငါးကြီးတစ်ကောင် မြေပြင်ပေါ်သို့ ပြုတ်ကျကာ ပျောက်ကွယ်သွားသည့် ကမ္ဘာပျက် ဗီဒီယိုတစ်ခုသည် အင်တာနက်ကို လွှမ်းမိုးခဲ့သည်။


ထိုင်ဝမ်အမျိုးသမီး အဆိုတော်တစ်ဦးသည် သေဆုံးရန် လျှောက်ထားမှုကို အောင်မြင်စွာ တင်ပြခဲ့ပြီး ယခုတနင်္ဂနွေနေ့တွင် တရားဝင် ထွက်ခွာတော့မည် ဖြစ်၏။


ကောင်လေးတစ်ယောက်သည် ဂိမ်းကစားနေစဉ် တစ္ဆေတစ်ကောင်နှင့် လိင်ဆက်ဆံခဲ့သည်...


ဒါတွေ အားလုံးက ဘာကြီးတွေလဲ...


ရှန့်ချန့်ယန်သည် သူ၏ အကြောင်းကြားချက်များ (Notifications) ထဲတွင် "99+" ဟူသော ကိန်းဂဏန်းကို မြင်တွေ့လိုက်ရသောအခါ တိုက်ရိုက်ကြည့်ရှုရန် မတတ်နိုင်တော့ပေ။ လက်ချောင်းဖြင့် ဘယ်ဘက်သို့ ပွတ်ဆွဲလိုက်ပြီး အကြောင်းကြားချက်များကို ပိတ်ကာ ပင်မစာမျက်နှာသို့ ပြန်ဝင်လိုက်သည်။ ရုတ်တရက်ဆိုသလိုပင် "99+" ဟူသော အကြောင်းကြားချက်များဖြင့် ပြည့်နှက်နေသည်ကို တွေ့လိုက်ရသည်။


သူသိပ်မစဉ်းစားတော့ဘဲ ယင်းတို့သည် အမှိုက်ကြော်ငြာများ ဖြစ်မည်ဟု ယူဆလိုက်၏။
သို့သော် သူဝင်ကြည့်လိုက်သောအခါ အားလုံးသည် မန်းရှင်းခေါ်ခံထားရသော မှတ်ချက်များသာ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။


သူသည် နောက်ဆုံးမှတ်ချက်စာတန်းကို နှိပ်လိုက်၏။


ဟိုင်ရိက သူ၏ ကိုယ်ပိုင်အကောင့်ဖြင့် ပြန်လည်ဖြေကြားထားသည်မှာ


< ီးမလို့ ဘေးလူလိုမျိုး ဟန်ဆောင်နေတာလား >


ရှန့်ချန့်ယန် : ...


သူသည် Weibo စာတန်းကို နှိပ်ဖွင့်လိုက်သည်။ ဘလော့ဂါ၏ မူရင်းစာသားမှာ

[ ချစ်ခြင်းမေတ္တာကြောင့် ကိုယ့်ကိုယ်ကို သတ်သေခဲ့သော ANEW မှ ရှန့်ချန့်ယန်သည် ချစ်သူအသစ်ရပြီလား ] 

တွဲလျက်ပါရှိသော ပုံတွင် ရှန့်ချန့်ယန်နှင့် ဆံပင်ဝါ‌ကောင်လေးတို့ ပါဝင်သည်။


အောက်ပါမှတ်ချက်များသည် တစ်ရာပင် မပြည့်သေးပေ။ ထိုမှတ်ချက်များထဲတွင် ရှန့်ချန့်ယန်သည် မည်သည့် အမှိုက်အမျိုးအစားထဲတွင် ပါဝင်သည်ကို မသိတော့ကြောင်း ပြောထားသော လူတစ်ယောက်သည် မိမိကိုယ်မိမိ ကြားနေသူအဖြစ် ဟန်ဆောင်သူကာ ပါဝင်နေလေသည်။


ဟိုင်ရိက အောက်တွင် မှတ်ချက်ပြန်ပေးခဲ့သည်။


< ီးမလို့ ဘေးလူလိုမျိုး ဟန်ဆောင်နေတာလား >


သူသည် မှတ်ချက်ပေါင်း လေးဆယ်လုံးကို ဆဲဆိုထား၏။


ရှန့်ချန့်ယန်က အချိန်ကို ကြည့်လိုက်သောအခါ မနေ့ည ဆယ်နာရီကျော်က ဖြစ်သည်။ ထိုလူသည် ဆဲဆိုခံထားရသည်ကိုပင် မသိသေးပုံရ၏။


သူသည် မှတ်ချက်များကို အောက်သို့ ဆွဲချကြည့်လိုက်သည်။ ဟိုင်ရိ၏ မှတ်ချက်များကို ကြည့်ရသည်မှာ သူသည် ပင်ကိုယ်စရိုက်များစွာ ပိုင်ဆိုင်ထားသကဲ့သို့ နှစ်မျိုးကွဲပြားနေ၏။


"ငါက လက်တွေ့ကျတယ်၊ မှတ်ထားလိုက်ပြီ"


"မင်းက ဘာကောင်လဲ၊ အင်တာနက်နောက်ကွယ်မှာ ပုန်းနေပြီး ငါ့သားကို ဆဲနေတာလား၊ မကျေနပ်ရင် တကယ်အပြင်မှာ တွေ့ကြမလား"


"အားးး ချစ်စရာလေး၊ ချောတဲ့ ကောင်လေးတွေကို ကြည့်သင့်တယ်"


"ရှန့်ချန့်ယန်ကို ဘယ်အရူးပဲဖြစ်ဖြစ် နင်းခြေရဲရင် ဒီလောင်ဇီအတွက် တွားသွားရလိမ့်မယ်ကွ"


"ဟားဟားဟားဟား၊ အဲတာ ငါပဲ"


"Anti-fan ဆိုတဲ့ ကောင်တွေ၊ သွားသေကြ၊ မင်းတို့သားက ငါ့သားဖိနပ် သယ်ဖို့‌တောင် မထိုက်တန်ဘူးကွ"


( TN - Anti-fan ဆိုတာ fan မဟုတ်တဲ့ hater တွေပါ fan တွေက သူတို့ idol ပါဝင်တဲ့ အစီအစဉ်တွေနဲ့ သတင်းတွေကို လိုက်ကြည့်ပြီး အကောင်းမြင်ချီးကျူးကြသလို သူတို့ မုန်းတဲ့ idol ပါဝင်တဲ့ အစီအစဉ်တွေနဲ့ သတင်းတွေကို လိုက်ကြည့်ပြီး အပြစ်တင်ဆဲဆိုကြတဲ့ လူတွေပါ )


🌟🌟🌟