Ch 4
Viewers 4k

🙇‍♂️Chapter 4



ယခင်နေ့များက အတွေးများနေခဲ့၍ အိပ်မရခဲ့သော်လည်း ယနေ့ညတွင် လော့ဖေး ကောင်းကောင်း အိပ်ပျော်ခဲ့သည်။ ထို့ကြောင့် နောက်တစ်နေ့ မနက် ကြက်တွန်ချိန်၌ သူ နိုးနေပေပြီ။


နွေဦးရာသီအစတွင် နေမင်းကြီးက စောစောမထွက်သေးပေ။ သူနိုးလာချိန် သူ့အမေ လီယွဲ့ဟွားက မီးဖိုချောင်ထဲတွင် မနက်စာပြင်ရင်း စောင့်နေ

သည်။ ဤတစ်ကြိမ်တွင် သူမက အိုးထဲက ယာဂုကို မွှေရင်း ဘန်းမုန့်ပေါင်းနေသည်။ အခြေခံအားဖြင့် လော့မိသားစု၏ မနက်စာက ဤအတိုင်းဖြစ်ကာ ယခုအခြေအနေက ကောင်းသည်ဟု ဆိုရပေမည်။


ထမင်းတို့ဘာတို့တော့ စဥ်းတောင်မစဥ်းစားလေနဲ့။


လော့ဖေးက ယာဂုသောက်ရသည်ကို မကြိုက်ပေ။ သူက ထမင်းနှင့် အသီးအရွက်စားရသည်ကို ကြိုက်ပြီး ယာဂုနှင့် ကိတ်မုန့်တို့ကို နောက်မှစားသည်။ သို့သော်လည်း ဤနေရာတွင် သိသိသာသာကို ဗိုက်ပြည့်အောင် စားရသည်ကပင် အတော်လေး ကံကောင်းနေပြီဖြစ်သည်။


“ခဏနေရင် ဘန်းမုန့်လေးယူပြီး ရှီအိမ်ကို သွားပို့ပေးလိုက်ဦး....သား..." 


လီယွဲ့ဟွားက ဆန်ပြုတ်မွှေနေရင်း ပြောလာသည်။


 " ရှီယွိက ပြန်ရောက်ကာစဆိုတော့ အိမ်မှာ ဘာမှသိပ်ရှိဦးမှာ မဟုတ်ဘူး...ချက်ဖို့တောင် ဘာမှမရှိမှာ စိုးတယ်...သားလေး...အမေ သားကို စကားပြောနေတယ်လေ..."


" အာ...အမေ ဘာပြောလိုက်တာလဲဗျ..." 


“အမေ သားကို ရှီယွိဆီ ဘန်းမုန့်ပေါင်း သွားပို့ပေးခိုင်းမလို့..."


" အိုက်ယိုး...အမေ...သား မသွားဘူး..." 


လော့ဖေးက ဘန်းမုန့်ပေါင်း၏ ရနံ့ကို ရှူရှိုက်လိုက်ရင်း ဆက်ပြောလာသည်။


 " ပြီးတော့ သူက ရှီယန်ချင်းကြီး..."


"ဘာပဲဖြစ်ဖြစ် သူပဲလေ..." 


လီယွဲ့ဟွားက ဘန်းမုန့်အချို့ယူပြီး ခြင်းတောင်းလေးထဲ ထည့်လိုက်သည် ။


" သားပဲ မနေ့က သူ့ကို သွားတွေ့မယ်လို့ ပြောခဲ့တယ် မဟုတ်ဘူးလား...သူ့ကို ဒါလေးတွေ ပို့တာလောက်ကတော့ ဘာမှမဖြစ်လောက်ပါဘူး....ဘာလို့ ထပ်မသွားချင်ပြန်ရတာလဲ..." 


“စဥ်းစားကြည့်လေဗျာ...ကျွန်တော်က ကျန့်ယန်ဖန်းနဲ့ ပွဲဖြစ်ထားတာ မကြာသေးဘူး...အခု ရှီယန်ချင်းက ပြန်ရောက်လာလို့ ကျွန်တော် ဒါတွေ သူ့ဆီ သွားပို့မယ်ဆိုရင် သူ ကျွန်တော့်ကို မလိုချင်တော့မှာစိုးလို့ဆိုပြီး အထင်သေးခံရတော့မှာပေါ့..." 


လော့ဖေးက သေကြောင်းကြံဖို့ ဆုံးဖြတ်ထားသူကနေ တစ်ခြားသူပြောသည့်အတိုင်း လိုက်လုပ်သည့်သူ အဖြစ်သို့ မပြောင်းချင်ပေ။


“ပါးစပ်ဆိုတာ လူတွေရဲ့ ခန္ဓာကိုယ်ပေါ်မှာ ရှိတာ...သား သွားသွား မသွားသွား လူတွေရဲ့ ပါးစပ်က ဆက်ပြောနေမှာပဲ...ဘာလို့ သူတို့ကို ကြောက်နေရမှာလဲ...." 


လီယွဲ့ဟွားက ခြင်းတောင်းကို သူ့သား၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။


 " သွား ...သွား..." 


“စားပြီးမှ သွားလို့မရဘူးလားဗျာ..." 


သူ ပြောပြီးတဲ့အချိန်မှာ တစ်မိသားစုလုံး စားပြီး သူပဲကျန်တော့တာလေ။ သူက ရှီယန်ချင်းနှင့် ဆွေးနွေးချင်သော်လည်း နည်းနည်းကြာမှ သွားဖို့ စဥ်းစားထားသည်။ သူတို့မှာ တစ်ခြားပြောစရာ မရှိဘူးဆိုပေမယ့် သူ့မှာ ရှီယန်ချင်းကို မေးစရာတွေ အများကြီး ရှိသေးတယ်။


“သူနဲ့ အတူတူ စားခဲ့ပြီး ပြန်လာရင်ရော..."


 á€œá€Žá€šá€˝á€˛á€ˇá€Ÿá€˝á€Źá€¸á€€ ခြင်းတောင်းထဲသို့ နောက်ထပ် မုန့်နှစ်ခု ထည့်လိုက်ရင်း အရွက်ချဥ်အချို့ပါ ထပ်ထည့်ပေးလိုက်သည်။ ရှီယန်ချင်းက မနေ့က ရောက်လာခဲ့၍ သူမက သူ့အပေါ် အမြင်ကောင်းရှိသည်။ အထူးသဖြင့် သူမသား သတိမေ့သည်ကိုသိသွားပြီးနောက် ရှီယန်ချင်း၏ စိုးရိမ်ပြီး စိတ်ပူနေပုံက ဟန်ဆောင်နေခြင်းမျိုး မဟုတ်၍ သူမကို ကျေနပ်သွားစေသည်။ သူမက ကလေးနှစ်ယောက် အတူရှိဖို့ အခွင့်အရေးပိုရှာရမည်။ အမေတစ်ယောက်အနေနှင့် အများကြီး မမျှော်လင့်ထားပဲ တစ်ခုတည်းသာ မျှော်လင့်သည့်အရာက သူမသားသမီးများ လောကဓံကို အတူတူကျော်ဖြတ်နိုင်မည့် လက်တွဲဖော်တစ်ယောက် ရှာနိုင်ရန်အတွက်ပင်။


လော့ဖေးကလည်း စဥ်းစားနေသည်။ 


သူက တစ်ခြားသူတွေရဲ့ အမြင်ကို ဂရုစိုက်မယ့်သူ မဟုတ်ဘူး။ သူလုပ်နေတာ ဘာမှားလို့လဲ။ ရှီမိသားစုဆီ မုန့်လေးပို့ရုံပဲ မဟုတ်ဘူးလား။

ဘာပဲဖြစ်ဖြစ် သူ လမ်းမှာ စားခဲ့လိုက်မယ်။


သူက သော့ပိတ်ခံထားရစဥ်က ဘာမှမစားခဲ့ရပေ။ သူ လွတ်လာချိန် အစားအသောက်က သူ့အကြိုက်နှင့် မကိုက်၍ နည်းနည်းသာ စားမိသည်။ ယခု လတ်လတ်ဆတ်ဆတ် ပေါင်းထားသည့် မုန့်နံ့ကြောင့် လော့ဖေး တော်တော်လေး ဗိုက်ဆာနေသည်။


လော့ဖေးတွင် မကောင်းသည့် အကျင့်တစ်ခု ရှိသည်။ သူက ဘန်းမုန့်စားချိန် အပေါ်အခွံသားကို ခွာစားရမှ ကြိုက်သည်။ သူက စိတ်ချဥ်ပေါက်နေ၍ ခြင်းတောင်းထဲက ဘန်းမုန့်အားလုံးကို အပေါ်လွှာခွာဖို့ ဆုံးဖြတ်လိုက်သည်။ ထိုတင်မက သူက တစ်ခုစီတိုင်းကို တစ်ကိုက်ကိုက်ထားလိုက်သည်။ သူက အိမ်တံခါးနားရောက်ချိန် ခြင်းတောင်းထဲက မုန့်အားလုံးက ရုပ်ဆိုးပြီး အင်္ကျီချွတ်ထားသည်နှင့်ပင် တူနေသည်။


အခု မင်း စားချင်ဦးမလား ကြည့်ဦးမယ်။ လော့ဖေးက ခြင်းတောင်းလေးကိုင်ပြီး ခဏမျှ တွန့်ဆုတ်နေရာမှ လက်မြောက်၍ တံခါးခေါက်လိုက်သည်။


 " ရှီမျိုးရိုး...ထပြီလား..." 


ရှီယန်ချင်းက မနေ့ညက ညနက်သည်ထိ အိမ်သန့်ရှင်းရေး လုပ်နေခဲ့သည်။ သူက လေးနာရီလောက်သာ အိပ်ရသေးသော်လည်း နိုးနေပေပြီ။ အဓိကအကြောင်းရင်းက အိမ်က လူမရှိ၍ ကြီးလွန်းနေပြီး အရမ်းအေး၍ ဖြစ်သည်။ သူက မနေ့က မီးဖိုထဲ လောင်စာနှစ်ခု ထပ်ထည့်ခဲ့သော်လည်း လုံးဝ နွေးမလာ၍ ယနေ့မနက်တွင် နောက်ထပ် မီးဖိုတစ်ခု စလုပ်ဖို့ တွေးပြီး သူ့အတွက် အစားအစာအချို့ ပြင်ဖို့လုပ်နေလေသည်။


ဤရာသီချိန်က မြေကြီးပေါ်တွင် ဘာမှမရှိပေ။ သူပြန်လာသောအခါ မြို့ထဲက ပန်ကိတ်အချို့နှင့် အရွက်ချဥ်သနပ် ဝယ်ခဲ့ပြီး ပထမတစ်ရက်နှစ်ရက်စာအတွက် ဗိုက်ဖြည့်ထားဖို့ စီစဥ်ထားရင်း နောက်မှ ဘာဆက်လုပ်ရမလဲ စဥ်းစားကြည့်မည်။


သူက မနက်စာစားပြီးချိန် လော့ဖေးဆီ အကြောင်းရှာပြီး သွားတွေ့ဖို့ စဥ်းစားထားသော်လည်း လော့ဖေးက သူ့ရှေ့ ရောက်လာခဲ့သည်။


ရှီယန်ချင်းက အပြင်ထွက်လာပြီး တံခါးဖွင့်ပေးလိုက်၏။ သူက တံခါးပေါက်ဝတွင် ညစ်ကျယ်ကျယ်အပြုံးနှင့် ရပ်နေသော လော့ဖေးကို တွေ့လိုက်ရသည်။ သူထွက်လာသည်ကို မြင်သောအခါ ချက်ချင်းပင် ဂရုမစိုက်သလို အကြည့်တို့ ပြောင်းသွားလေသည်။


 á€›á€žá€Žá€šá€”်ခဝင်းက ရယ်စရာကောင်းသည်ဟု ခံစားရသော်လည်း မျက်နှာတွင် ထုတ်မပြလိုက်ပေ။ သူက မေးရုံမေးလိုက်သည်။


 " အစောကြီးရှိသေးတယ်...ဘာကိစ္စရှိလို့လဲ..." 


လော့ဖေးက ခြင်းတောင်းကို ပြလိုက်သည်။


 " ကျွန်...ကျွန်တော့်အမေက ခင်ဗျား ပြန်ရောက်ကာစမို့ စားစရာမရှိလောက်ဘူးထင်လို့...စားစရာတစ်ခုခု လာပို့ခိုင်းလိုက်တာ..."


ရှီယန်ချင်းက အပြုံးလေးနှင့် ပြောလိုက်သည်။


 " အန်တီလီကို ကျေးဇူးတင်ရမှာပဲ...ဘာတွေလဲ..." 


လော့ဖေးက ခြင်းတောင်းကို နိမ့်လိုက်သည်။


 " ကိုယ့်ဘာသာ ရှာကြည့်ကြည့်ပေါ့..."


ရှီယန်ချင်းက လော့ဖေးမှာ အမြဲတမ်း ညစ်ကျယ်ကျယ် သဘောထားရှိနေသလို ခံစားရသည်။ သေချာပေါက်ပင် အဝတ်စဖယ်လိုက်သည့်အခါ ခြင်းတောင်းထဲက မုန့်များက အကောင်းအတိုင်း တစ်ခုမှ ကျန်မနေပေ။ အကုန်လုံးက ဟိုတစ်ကွက်သည်တစ်ကွက် အပေါ်ယံလွှာတို့ ကွာနေပြီး ထောင့်နားက ပဲ့နေသည်။ မုန့်များက ကိုက်ထားပြီး အပေါ်ခွံခွာထားသလိုပင်။


လော့ဖေးက စိတ်ထဲ ပြုံးလိုက်သော်လည်း ပါးစပ်မဟမိပေ။ သူက ရှီယန်ချင်းကို ကြည့်ပြီး ပြောလိုက်သည်။


 " ဟေ့...ဒီက မနက်စာကို ပို့ဖို့ အစောကြီးလာခဲ့ရတာ...အထဲ မခေါ်တော့ဘူးလား..." 


ရှီယန်ချင်းက တံခါးကနေ လမ်းဖယ်ပေးလိုက်သည်။


 " လာခဲ့ပါ...ဒါပေမယ့် ကိုယ် ရှင်းတာ မပြီးသေးဘူး...နည်းနည်း ရှုပ်နေတယ်..."


လော့ဖေးက စိတ်ထဲကနေ ပြောနေမိသည်။ ရှင်းထားရင်တောင် ပြောင်တယ်လို့ မခံစားရပါဘူး။ သူက ကြွေပြားကြမ်းခင်းနှင့် အုတ်နံရံများကိုသာ တွေ့နေကျဖြစ်၍ ယခုလို မြေကြီးနံရံ ရွှံ့ကြမ်းပြင်ကို တွေ့မြင်နေရချိန် သန့်ရှင်းသည်ဟု မထင်တော့ပေ။


သို့သော်လည်း လော့ဖေးက အိမ်ထဲ ဝင်သွားချိန် သူ့ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။ အခန်းက သူထင်ထားသည်ထက် ပိုပြီး သပ်ရပ်နေသည်။ မြေကြီးနံရံနှင့် ရွှံ့ကြမ်းပြင်ဖြစ်သော်ငြား ရှီယန်ချင်း၏ အိမ်က သူ့အိမ်ထက်ပို သပ်ရပ်နေသည်။ မြေကြီးပြင်က ရွှံ့ဖြစ်နေသော်လည်း တစ်ညီတစ်ညာတည်း ဖြစ်နေပြီး ပစ္စည်းများကလည်း နေရာတကျ ထားထားသည်။ မီးဖိုနှင့် စားပွဲများကပင် ညစ်ပေမနေ၍ ဤဘက်ခေတ် ကျေးလက်နေရာတွင် စိတ်ကူးယဥ်ဖို့ခက်ခဲလှသည်။ ဒီဘက်ခေတ်ရဲ့ ဘယ်နေရာမှာ ဒီလိုမျိုး နေတဲ့သူ ရှိတာပါလိမ့်။ သပ်သပ်ရပ်ရပ်ရှိတဲ့သူက နေသွားတဲ့အတိုင်းပဲ။


“ဒါတွေအားလုံး ခင်ဗျား ရှင်းထားတာလား..."


 á€œá€ąá€Źá€ˇá€–္းက သစ်သားကုလားထိုင်ကိုဆွဲယူ၍ ထိုင်လိုက်ရင်း သူ့စိတ်ထဲတွင်ဖြင့် အနည်းငယ် အံ့သြနေမိသည်။


" ဟုတ်တယ်...ရှင်းလို့မပြီးသေးပေမယ့် လောလောဆယ် လုပ်နိုင်သလောက် လုပ်ထားတာ..."


 á€›á€žá€Žá€šá€”်ခဝင်းက ဆိုလိုက်ရင်း ခြင်းတောင်းကို စားပွဲပေါ် တင်လိုက်ကာ တူတစ်စုံကို ထုတ်၍ ခြင်းတောင်းထဲက ချဥ်ဖတ်ပန်းကန်လေးကို ဖယ်လိုက်သည်။ ထို့နောက် ပန်းကန်အသေးလေး နှစ်လုံးကို ချလိုက်သည်။ သူက ပန်းကန်ထဲသို့ ရေနွေးပူပူကို လောင်းထည့်လိုက်၏။ 


သူက မုန့်အခြေအနေကို တွေ့လိုက်သော်လည်း စိတ်ပျက်သွားသလို အမူအရာ ရှိမနေချေ။ မုန့်တစ်ခု ယူလိုက်ရင်း စားလိုက် ရေနွေးသောက်လိုက် လုပ်နေလေသည်။


“…ဟေ့...ခင်ဗျား တကယ်ကြီး စားနေတာလား..."


 á€œá€ąá€Źá€ˇá€–္း မျက်မှောင်ကြုတ်လိုက်မိသည်။ သူက ဤလှည့်စားမှုမျိုးက ရှီယန်ချင်းအပေါ် အလုပ်မဖြစ်ကြောင်း လက်မခံနိုင်ပေ။


 " ကျွန်တော့်လက်တွေနဲ့ ထိထားတာနော်..."


" ဘာဖြစ်လဲ...ဒီနေရာမှာ စားလို့ရနေတာကိုက လုံလောက်နေပြီ...ကိုယ် ဒါတွေကို လွှင့်ပစ်ရမှာလို့ ပြောနေတာလား..."


 á€›á€žá€Žá€šá€”်ခဝင်းက မုန့်အကြီးကြီး ကိုက်လိုက်ပြီး ချဥ်ဖတ်ရွက်ကိုလည်း ဝါးလိုက်ကာ ရေသောက်လိုက်သည်။ သူ့လုပ်ဆောင်ချက်က "ရောမကို ရောက်ရင် ရောမလိုကျင့်" ဆိုသည့် စကားပုံတစ်ခုနှင့် တူနေသည်။ 


“ခင်ဗျားလိုလူကတော့..." 


လော့ဖေးက ပန်းကန်ကို ကြည့်လိုက်ရာ ပြောင်ရှင်းနေပြီး ရေအချို့ပါ သောက်ထားသည်ကို သတိထားမိသွားသည်။ 


" ဟေ့...ကျွန်တော် မေးဦးမယ်...ဒီရောက်တာ ဘယ်လောက်ကြာပြီလဲ..."


" တစ်ပတ်...မင်းရော..."


" နှစ်ရက်... " 

လော့ဖေး လက်နှစ်ချောင်း ထောင်ပြလိုက်သည် 


ကျွန်တော် ဒီနေရာကြီးနဲ့ နေသားမကျဘူး...ဖုန်းလည်းမရှိ..ကွန်ပျူတာလည်း မရှိ...သန့်စင်ခန်းတောင် မရှိဘူး...အဲ့ဒါတကယ် စိတ်နာစရာကောင်းတယ်...ပြန်သွားနိုင်ရဲ့လားတောင် မသိတော့ဘူး...မဟုတ်ရင် ကျွန်တော်တော့ ရူးသွားတော့မှာ..." 


“ပြန်သွားဖို့ကတော့ ဖြစ်နိုင်ခြေမရှိဘူး...ဖြေးဖြေးချင်း နေသားကျအောင် လုပ်ရမှာပေါ့..."


 á€›á€žá€Žá€šá€”်ခဝင်းက နောက်ထပ်မုန့်တစ်ခုကို ကောက်ကိုင်လိုက်သည်။


" နေသားကျအောင်လား...ခင်ဗျားရော နေနိုင်ရဲ့လား..." 


လော့ဖေးက ပြောပြောဆိုဆို သူ့အင်္ကျီစကို ဆွဲလိုက်သည်။


 " ဒီအကြောင်း မပြောကြအောင်...ခင်ဗျား စေ့စပ်ထားတာကို ရုတ်သိမ်းပေးလို့ရမလား..."


" မရဘူး..." 


“မ..ရ...ဘူး..." 


လော့ဖေး ချက်ချင်း မျက်မှောင်ကြုတ်လိုက်သည် 


" ဘာလို့ မရတာလဲ...ကျွန်တော်က ငါးဆားနူးကောင်နဲ့ ပွဲဖြစ်ထားတာ သိတယ်မို့လား...လူတိုင်းက ကျန့်ယန်ဖန်းဆိုတဲ့ကောင်ကို ကြိုက်နေတယ်လို့ပဲ တွေးနေကြတာ...ခင်ဗျား မဖျက်သိမ်းပေးရင် ဘာဆက်လုပ်ချင်လို့လဲ...ဒီခေတ်မှာ ဦးထုပ်စိမ်းဆောင်းမလို့လား...တစ်ခြားသူတွေ ထေ့ငေါ့ကြမှာ မကြောက်ဘူးလား..." 


“သေလောက်အောင်ထိ ဆာလောင်နေတာထက်စာရင် ထေ့လုံးတွေနဲ့ အသတ်ခံရတာမှ ပိုကောင်းဦးမယ်.."


 á€›á€žá€Žá€šá€”်ခဝင်းက တည်တည်ငြိမ်ငြိမ် ပြောလာသည်။


 " ကိုယ့်လယ်ကွင်းမှာ ဘာမှစားစရာ မရှိဘူး....မင်းမိဘတွေ ကိုယ့်ကို ခန်းဝင်ပစ္စည်းတွေ ပေးနိုင်ဖို့ မျှော်လင့်...."


" ရှီယန်ချင်း....ခင်ဗျား အရှက်မရှိဘဲ မနေလို့မရဘူးလား..." 


လော့ဖေးက ဒေါသထွက်လွန်း၍ မတ်တပ်ပင်ထရပ်လိုက်မိသည်။


  " ခင်ဗျား ဘယ်လောက်ကြာကြာ နေနိုင်မလဲ ကြည့်ရသေးတာပေါ့...ကျွန်တော်က ခင်ဗျားကို ကျိုးကြောင်းမသင့်ဘူးလို့ပဲ ထင်ခဲ့မိတာ...သောက်ကျိုးနည်း...ခင်ဗျားလိုလူမျိုးကို ကျွန်တော့် နတ်ဘုရားလေးက ဘာလို့ ကြိုက်နိုင်ရတာလဲ..." 


“ဒါကတော့ မင်းရဲ့ နတ်ဘုရားလေးကို မေးရတော့မှာပေါ့..."


 á€›á€žá€Žá€šá€”်ခဝင်းက သူ၏ ဝမ်းကွဲညီအကြောင်း စဥ်းစားမိချိန် သက်ပြင်းချပြီး မသိလိုက်စွာနှင့် နောက်ထပ်မုန့်တစ်ခု ကောက်ယူလိုက်သည်။ ဤတစ်ခုက အပေါ်ယံလွှာ မရှိရုံသာမက ကိုက်ရာကြီးကြီးပင် ရှိနေ၏။


သို့သော်လည်း သူသိလိုက်ချိန်တွင် သူက တော်တော်လေး ကိုက်ပြီးနေပြီဖြစ်သည်။


လော့ဖေးက သူ့ကို ကြည့်လိုက်ရင်း ပါးစပ်အဟောင်းသား ဖြစ်ကာ စိတ်မသက်မသာ ဖြစ်သွားရသည်။ 


ဒီလိုလူနဲ့ ဘဝတစ်ခု တည်ဆောက်ရမှာတဲ့လား။ ဒါ လုံးဝ မဖြစ်နိုင်တဲ့အရာပဲ။


“ခင်ဗျား စေ့စပ်ထားတာကို ဖျက်သိမ်းလိုက်သင့်တယ်..." 

လော့ဖေးက ထပ်ပြောလာသည်။


" မဖျက်ပါဘူး..." ရှီယန်ချင်း၏ သဘောထားကလည်း မပြောင်းမလဲပင်။


 " မင်း သန့်စင်ခန်းသွားကိုသွားရမယ့်အချိန်မှာ ဘာလုပ်မလဲဆိုတာ စဥ်းစားကြည့်ပါလား....မင်း ဒီရောက်ပြီး မသွားရသေးဘူးလို့ လောင်းရဲတယ်..." 


“သန့်စင်ခန်းလား..." လော့ဖေးက အံတင်းတင်းကြိတ်လိုက်သည် ။


" သွားဖူးတယ်လေ...ဒါက မြေဖို့လိုက်ရုံလေးပဲကို..." 


ကောင်းပြီ။ ရှီယန်ချင်း ဆွဲပြောချင်တဲ့ အချက်ကလည်းEricsson Ballလောက် ကြီးနိုင်တယ်။


" မင်း နံပါတ်၂ မသွားသေးဘူးမို့လား..." ရှီယန်ချင်းက ပြုံးလိုက်သည်။ 


“သောက်ကျိုးနည်း...ရွံ့စရာကြီး...ခင်ဗျား စားနေတာ မဟုတ်ဘူးလား..." 


လော့ဖေးက ပြောလိုက်သော်လည်း ထိုသို့ဖြစ်လျှင် ဘာလုပ်ရမလဲ စဥ်းစားနေပြီး အခြေအနေကို အကဲခတ်ဖို့ လိုအပ်သည်။ ထို့နောက် သူပိုပြီး စဥ်းစားလေလေ တစ်ခုခုမှားနေသလို ခံစားမိလာလေလေ ဖြစ်သည်။ ထို့နောက် သူ့မျက်နှာက တွေးရင်း နီလိုက် စိမ်းလိုက် ဖြစ်လာသည်။ မီးပွိုင့်က မီးရောင်များ ပြောင်းနေသည့် အတိုင်းပင်။ နောက်ဆုံးတွင် သူက တွေးရင်း အန်မိတော့မလို ဖြစ်သွားသည်။


သူက အဆောင်က သူငယ်ချင်းများနှင့် " ရွှင့်ချင်ကျီး" ဆိုသည့် ရုပ်ရှင်ကြည့်ဖို့ သွားခဲ့သည်ကို အမှတ်ရသွားသည်။ [အတိတ်ကို နောက်ပြန်ဆုတ်တဲ့ ရုပ်ရှင်ပါ]။ ကာရိုက်တာ ရှန်ရှောင်းလုံက သူကိစ္စပြီးသွား၍ ရေအိမ်သုံးစက္ကူကို လိုချင်ခဲ့သည်။ သို့သော်လည်း ဦးလေးကြီးတစ်ယောက် သူ့ကို ပေးခဲ့သည့်အရာက " တုတ်ချောင်း" ဖြစ်နေသည်။ ယခုလည်း သူက ထိုကိစ္စပြီးလျှင် တုတ်ရှာရမည့်ဘဝ ရောက်နေလေသည်။


အဲ့ဒီတုတ်ချောင်းက ကြားရတာ ထူးဆန်းနေပေမယ့် သေချာပေါက်ကို ကိစ္စပြီးသွားတဲ့အခါ သူ့ဂန္ဓမာပန်းလေးကို အဲ့ဒီတုတ်နဲ့ ပြောင်အောင် သုတ်ရတဲ့ အလုပ်ပါပဲ။




🙇‍♂️🙇‍♂️