Ch 4
Viewers 2k

🌷 Chapte 4

 

 

"ငါ့နာမည်က နန်ယု နောက်ဆို  နာမည်ပဲခေါ်နော်"

 

အမေ၊ အဒေါ် သို့မဟုတ် နှုတ်သွက်လျှာသွက် ညီမလေးဖြစ်စေ၊ နန်ယုသည် ၎င်းတို့နှင့်ရင်းနှီးသော သဘောထားမျိုး ရှိခဲ့သည်။ သို့သော် ဖေးယွမ်ကျင့်နှင့် အလွန်အမင်းရင်းနှီးပတ် သက်လိုခြင်းမရှိပေ။

 

သူသည် အမျိုးသားဇာတ်ဆောင်ဖြစ်စေ၊ နောင်တွင် အချမ်း သာဆုံးပုဂ္ဂိုလ်ဖြစ်လာသည်ဖြစ်စေ အရေးမကြီးချေ။

 

အများဆုံးမှ တစ်နှစ်သာဖြစ်မည်ဖြစ်ရာ အဘယ်ကြောင့် နောက်ထပ်နှောင်ကြိုးတစ်ခုထပ်တိုးရမည်နည်း။

 

နန်ယု၏အနည်းငယ်အေးစက်သော စကားများကြောင့် အိမ်တော်ထိန်းကျိုးသည် ဖေးယွင်ကျင်းအားစိတ်မသက်မသာဖြင့် ကြည့်လိုက်သည်။ သူ နန်ယုအလွန်အကျွံ ပြုမူသည်ဟုမထင်ပေ။ အဘယ်ကြောင့်ဆိုသော် ကလေးမှာ သူမ၏သွေးသားအရင်းအချာမဟုတ်သဖြင့် ကိုယ်ပိုင်သားသမီးပမာပြုမူရန် မည်သို့မျှ မျှော်လင့်၍မရနိုင်သောကြောင့်ပင်။

 

သို့သော် အိမ်တော်ထိန်းကျိုးသည် ဖေးယွင်ကျင်းနာကျင်ခံစားရမည်ကို စိုးရိမ်ခဲ့သည်။

 

"ဟုတ်"

 

ဖေးယွင်ကျင်း ထိုအတွေးအားလုံးဝစိတ်ထဲထားဟန်မတူပေ။ သူသည် သူ့မျက်နှာလေးကို တင်းထားရင်းခေါင်းညိတ်လိုက်ပြီး "မှတ်ထားပါ့မယ်" ဟု တစ်လုံးချင်းစီပြောလာသည်။

 

သူ ရှင်းလင်းစွာပြောဆိုနိုင်ပြီး နန်ယု၏ဆိုလိုရင်းကိုလည်း တိကျစွာနားလည်ခဲ့သည်။ သူသည် ဝတ္ထုတစ်ပုဒ်၏အမျိုး သားဇာတ်ဆောင်ဖြစ်ရန် မထိုက်တန်ပေဘူးလား။

 

ဖေးယွင်ကျင်းသည် ကလေးအရွယ်ပင်ဖြစ်သော်လည်း နန်ယုမှာ သူ့မိခင်အရင်း မဟုတ်ကြောင်းနှင့် သူ့အားကောင်းမွန်စွာ ပြုစုရန် တာဝန်မရှိကြောင်းသိထားသည်။ ထို့အပြင် ယခုသည် ယခင်ကထက်များစွာကောင်းမွန်နေပြီဖြစ်သည်။

 

ကလေးတစ်ဦးအနေဖြင့် ဖေးယွင်ကျင်းသည် နန်ယုစကားအား နားထောင်သင့်သည်ဟုခံစားမိသည်။ သူ ဗိုက်ဆာခြင်းကိုမလို လားတော့သည်မှာအမှန်ပင်။

 

ဖေးယွင်ကျင်း ထိုသို့လိမ္မာနေသည်ကိုမြင်ရသောအခါ နန်ယု အလွန်ပင်စိတ်ကျေနပ်သွားခဲ့သည်။ သူ အပါအဝင် မည်သူမျှ ဆိုးသွမ်းသောကလေးများကိုမနှစ်သက်ကြပေ။

 

ဖေးယွင်ကျင်းသာ ဤမျှဆင်ခြင်တုံတရားရှိနေလျှင် အနည်း ဆုံးဝလာသည်အထိ ဆက်လက်ပြုစုစောင့်ရှောက်ရန် နန်ယုအနေဖြင့် စိတ်ထဲမထားပေ။

 

သူ့အတွက် စိတ်ပူစရာမရှိသလို ပိုက်ဆံနှင့်လူများလည်းရှိနေ သည်လေ။ အခြားအရာများပြော၍ မရနိုင်သော်လည်း ထိုအရာမှာ ဖေးမိသားစုတွင်နေရသည့် ဖေးယွင်ကျင်းဘဝထက် အဆများစွာ သာလွန်ကောင်းမွန်သည်မှာသေချာသည်။

 

"တော်တယ်"

 

သူ ဖေးယွင်ကျင်း ခေါင်းအားပွတ်သပ်ပေးလိုက်သည်။ သူ့ဆံပင်လေးများမှာ နူးညံ့ပြီး ထိတွေ့ရသည်မှာကျေနပ်ဖွယ်အတိပင်။ မတွန်းလှန်နိုင်စွာ နောက်ထပ်တစ်ကြိမ်နှစ်ကြိမ်ပွတ်သပ်ပေးလိုက်ပြီး အိမ်တော်ထိန်းကျိုးအားလှည့်ကြည့်လိုက်သည်။

 

"ဒီကလေး သူငယ်တန်းသွားရမယ့် အချိန်မရောက်သေးဘူးလား ? အိမ်တော်ထိန်းကျိုး ကျောင်းရှာပေးလို့ရမလား"

 

အိမ်တော်ထိန်းကျိုးလည်း ဤကိစ္စအား နန်ယုနှင့်ဆွေးနွေးတော့မလိုပင်။

 

ဖေးယွင်ကျင်းသည် ယခင်က "နာတာရှည်" ဖြစ်နေခဲ့ပြီး မည်သူမျှ စိတ်မဝင်စားကြသောကြောင့် သူ့အသက်မှာ သူငယ်တန်းတက်ရမည့် အရွယ်ဖြစ်နေသည်ကို မည်သူမျှအမှတ်မရကြတော့ပေ။

 

ကလေးများသည် အခြားကလေးများနှင့် ကစားရန်လိုအပ်သည်။ မဟုတ်ပါက တစ်နေကုန်အိမ်တွင်သာ နေနေလျှင် လူမှုဆက်ဆံရေးကင်းမဲ့လာနိုင်သည်။

 

အိမ်တော်ထိန်းကျိုး လွန်စွာအလုပ်တွင် တိကျသူဖြစ်သော ကြောင့် နောက်တစ်ရက်တွင်ပင် ဖေးယွင်ကျင်းကျောင်းစတက်နေပြီဖြစ်ကြောင်း နန်ယု သိရှိခဲ့ရသည်။

 

ဗီလာနှင့်နီးသော ပုဂ္ဂလိကသူငယ်တန်းကျောင်းတစ်ခုကို ရှာတွေ့ခဲ့ကြပြီး ကျောင်းသားအများစုမှာလည်း ထိုဧရိယာတွင် နေထိုင်သူများဖြစ်သည်။ အဓိကအားသာချက်မှာ နီးကပ်သောကြောင့် သွားလာရန် အချိန်အများကြီးပေးစရာမလိုခြင်းပင်။

 

နန်ယု လုပ်စရာရှိသည်များ အားလုံးပြီးစီးပြီဟုယုံကြည်ထားပြီး အိမ်တော်ထိန်းကျိုးကလည်း ကလေးအား ညှဉ်းပန်းနှိပ် စက်လိမ့်မည်မဟုတ်ဟု ယုံကြည်ထားသောကြောင့် ပျော်ရွှင်စွာ ခရီးသွားလမ်းညွှန်များကိုကြည့်နေခဲ့သည်။ ရာသီဥတု ပိုနွေးလာလျှင် နှစ်ရက် သုံးရက်အတွင်း တောင်ဘက်သို့ခရီးသွားရန် စီစဉ်နေသည်။

 

ပိုက်ဆံနှင့် အချိန်ရှိနေသည်ဖြစ်ရာ ချက်ချင်းသွားနိုင်သည့် ခရီးတစ်ခုကို ဘာကြောင့်မသွားရမှာလဲ ??

 

မထင်မှတ်ထားသည်မှာ သူငယ်တန်းကျောင်းတက်သည့် တတိယနေ့တွင် နန်ယု သတင်းတစ်ခုကိုလက်ခံရရှိလိုက်သည်။ ဖေးယွင်ကျင်း ခိုက်ရန်ဖြစ်ပွားခဲ့ခြင်းပင်။

 

ဆိုဖာပေါ်ထိုင်နေရင်း သူမ ကလေးနှင့်အတူ ဒေါသတကြီးဝင်လာသော သက်ကြီးပိုင်းအမျိုးသမီးကိုကြည့်လိုက်သည်။ ထို့နောက် ခေါင်းငုံ့ကာအနီးနားတွင် ရပ်နေသည့် ဖေးယွင်ကျင်းအားမြင်ရသောအခါ သူ ဇာတ်လမ်းအမှားထဲသို့ ရောက်ရှိနေသကဲ့သို့ ရုတ်တရက် ခံစားလိုက်ရသည်။

 

၎င်းမှာ "ငွေရှင်သူ‌ဌေးမတစ်ဦး၏ပျော်ရွှင်မှုအား သင်နားမလည်နိုင်ပါ" ဟူသော ဇာတ်လမ်းမှ "လင်ပါသားနှင့်ကျွန်မ" ဟူသော ဇာတ်လမ်းသို့ ကူးပြောင်းသွားခြင်းနှင့် အချိန်ကာလချင်းတူညီလို့နေသည်။

 

"မဒမ်၊ ကျေးဇူးပြုပြီး စိတ်အေးအေးထားပါခင်ဗျ"

 

အိမ်တော်ထိန်းကျိုးမှာ ရုတ်တရက် ရူးသွပ်လာပြီး တစ်စုံတစ် ယောက်အား ထိခိုက်အောင်ပြုလုပ်ခဲ့လျှင် မည်သို့လုပ်ရမည်နည်းဟုစိုးရိမ်သောကြောင့် နန်ယု ဆီသို့ ထိုအမျိုးသမီးမရောက်နိုင်အောင် မျက်မှောင်ကြုတ်ကာတားဆီးလိုက်သည်။

 

နန်ယု အိမ်တော်ထိန်းကျိုး၏ရှင်းပြမှုကြောင့် ကိစ္စရပ်တစ်ခုလုံးအား ကြားထားပြီးသားပင်။ သူ မလှမ်းမကမ်းတွင် တိတ် ဆိတ်စွာ ခေါင်းငုံ့နေသည့် ဖေးယွင်ကျင်းအားလှမ်းကြည့်လိုက်ပြီး မျက်နှာထက်သဲ့သဲ့လေးပြုံးကာ လက်ကိုမြှောက်လိုက်သည်။

 

"ရှောင်ကျင်း၊ ဒီကိုလာ"

 

ဖေးယွင်ကျင်း သူ့အား နန်ယုခေါ်နေကြောင်း အတည်ပြုရန် မော့ကြည့်လိုက်သည်။ သူ နှုတ်ခမ်းအားတင်းတင်းစေ့ကာ သူ့ ဆီသို့လျှောက်လာပြီး ခေါင်းကိုပြန်ငုံ့လိုက်သည်။

 

သူ တစ်ခုခုမှားသည်ဟု ခံစားရခြင်းလား သို့မဟုတ် နန်ယုနှင့် မျက်နှာချင်းဆိုင်ရန် မလိုလားခြင်းလားဆိုသည်ကို ရှင်းရှင်း လင်းလင်း မသိရပေ။

 

သို့သော် နန်ယုသည် သူ့မျက်နှာပေါ်မှ အစင်းသုံးကြောင်းနှင့် လက်ဖဝါးပေါ်ရှိ ပွန်းပဲ့နေသည့် အနီရောင်အရာများကိုရှင်း ရှင်းလင်းလင်း မြင်လိုက်ရသည်။

 

ဒဏ်ရာများမှာ ဆေးကုသမှု ခံယူထားပြီးဖြစ်သည်။ ပြင်းထန်ပုံမရဘဲ ကလေးအချင်းချင်း ဆော့ကစားခြင်းကြောင့်သာ ဖြစ်ပုံရသည်။

 

"မဲမ်ဖေး၊ ရှင် ချမ်းသာပြီးအာဏာရှိတာ သိပါတယ် ဒါပေမဲ့ ကလေးတိုင်းက ရတနာပါ၊ ကျွန်မတို့ မိသားစုမှာက ငါးဆက်မြောက်မှ သားတစ်ယောက်ပဲ ရထားတာ၊ ဒီလိုတန်ဖိုးရှိတဲ့ကလေးတစ်ယောက်ကိုမွေးထုတ်ခဲ့တာ၊ သူက ကြယ်တွေကို တောင်းဆိုခဲ့တယ်ဆိုရင်တောင် ကျမတို့က လကိုပေးဖို့မရဲခဲ့ဘူး၊ သူ့တစ်သက်လုံး ဘယ်သူကမှ သူ့ကိုထိရဲခဲ့တယ်ဆိုတာမရှိဘူး"

 

ထိုကလေး၏အဖွားဖြစ်ဟန်တူသော သက်ကြီးပိုင်းအမျိုး သမီးသည် မြေးဖြစ်သူ၏ ညာဘက်လက်အားမြှောက်ပြရင်း ပြောလိုက်သည်။ ကလေး၏တုတ်ခိုင်‌နေသောလက်မောင်းတွင်လည်း အစင်းကြောင်းနှစ်ခုနှင့်သွေးခြည်ဥအသေးလေးတစ်ခုပါရှိနေပြီး ဖေးယွင်ကျင်းထက် သိသိသာသာပိုနည်း နေလေသည်။

 

"အဖွား! အင့်! သူ ကျွန်တော့်ကို ထိုးတယ်! နာတယ်! နာတယ်! သူ့ကို ရိုက်သတ်လိုက်! ရိုက်သတ်လိုက်!"

 

နန်ယု ဖေးယွင်ကျင်းထက် အနည်းဆုံးနှစ်ဆမျှကြီးသည့် ကလေးဝဝတစ်ဦး၏ နားကိုစူးသော အော်ဟစ်သံကိုမခံမရပ်နိုင်စွာဖြင့် မျက်မှောင်ကြုတ်လိုက်သည်။

 

"အင်းပါ၊ အင်းပါ၊ မငိုနဲ့တော့ ပေါင်ပေ့လေး မငိုနဲ့တော့နော်"

 

ထိုအမျိုးသမီးက စိတ်ပျက်အားငယ်ဟန်ဖြင့် မြေးဖြစ်သူအား ချော့မော့နေရင်း ဖေးယွင်ကျင်းကို ပြင်းထန်စွာစိုက်ကြည့်လိုက်သည်။

 

ဤအဖြစ်အပျက်သာ နန်မိသားစုတွင် မဖြစ်ပွားခဲ့ပါက ထိုအမျိုးသမီးသည် အနိုင်ကျင့်ခြင်းကိုဂရုစိုက်မည်မဟုတ်ကြောင်းနှင့် သူမ၏တန်ဖိုးရှိသောမြေးအတွက် ကိုယ်တိုင် လက်စားချေရန် ပြင်ဆင်နေမည်မှာ သံသယဖြစ်ဖွယ်မရှိဟု နန်ယုတွေးလိုက်သည်။

 

"မင်းက ငယ်ငယ်လေးနဲ့ရိုင်းစိုင်းနေပြီ! မဒမ်ဖေး၊ ဂရုစိုက်ပါ! ကိုယ့်သွေးသားအရင်းအချာ မဟုတ်တဲ့သူကို မွေးလို့မရဘူး၊ မင်းက ကျေးဇူးမသိတတ်တဲ့ ကောင်..."

 

"အရမ်းဆူတာပဲ"

 

နန်ယု၏ငြိမ်သက်သော်လည်း မထီမဲ့မြင်ပြုသည့်အသံမှာ ထိုအမျိုးသမီး၏ကိုယ့်ကိုယ်ကိုအထင်ကြီးသော "ဆုံးမစကား" ကိုဖြတ်တောက်လိုက်သည်။ သူ့ စကားလုံးများမှာ ထိုအချိန်တွင် မီးစာကဲ့သို့ဖြစ်ပြီး ထိုအမျိုးသမီး၏နဂိုကတည်းက ဆူပွက်နေသော ဒေါသကိုချက်ချင်းလှုံ့ဆော်လိုက်သလိုပင်။

 

ဗီလာတွင် နေထိုင်နိုင်သူများသည် ချမ်းသာကြွယ်ဝသူများဖြစ်သည်မှာ ဝန်ခံရမည်ဖြစ်သော်လည်း ချမ်းသာကြွယ်ဝသူအချင်းချင်းကြား ၎င်းတို့၏ကြွယ်ဝမှုကွာဟချက်မှာ အလွန်ကြီးမားသည်။

 

အမှန်စင်စစ် ထိုအမျိုးသမီးသည် ဗီလာသို့ပြောင်းရွှေ့လာစဉ်က နန်ယုအဆင့်အတန်းနှင့်ပတ်သက်၍ သူ့သားပြောသည်ကို ကြားခဲ့ရပြီး တွေ့ဆုံခဲ့လျှင် လေးလေးစားစားနှုတ်ဆက်ကာ ဆက်ဆံရေးကောင်းမွန်အောင် ထိန်းသိမ်းရန်အကြိမ်ကြိမ်အခါခါမှာကြားခြင်းခံခဲ့ရသည်။

 

သို့သော် သူ့တန်ဖိုးရှိသောမြေးလေးနှင့် ပတ်သက်လာသော အခါ ထိုစကားများမှာ အရာမရောက်တော့ပေ။

 

ထိုအမျိုးသမီးမှာ ဤနေရာတွင် တိတ်တိတ်ဆိတ်ဆိတ် ရပ်ကာ ရှင်းပြချက်ကို တောင်းဆိုပြီး "ကြင်နာသော" အကြံဉာဏ်များ ပေးနေခြင်းသည်ပင် ယဉ်ကျေးသည်ဟုခံစားမိနေသည်။

 

 á€žá€°á€ˇ ရွာသာဆိုလျှင် သူ့ချစ်လှစွာသောမြေးလေးအတွက် ကလဲ့စားချေရန် ထိုကလေးအိမ်သို့ လွန်ခဲ့သောအချိန်များစွာကတည်းက သွားရောက်နေပြီဖြစ်သည်။

 

"နင်! ဘာပြောလိုက်တာလဲ! ကောင်မလေးက ဘာဖြစ်လို့ ဒီလောက်တောင် ပညာမဲ့ရတာလဲ! "

 

"အံ့ဩစရာ မဟုတ်တော့ပါဘူး၊ နင်က သူများကလေးကိုအကူအညီပေးပြီးပြုစုစောင့်ရှောက်ရုံပဲတတ်နိုင်တာကိုး!"

 

ထိုအမျိုးသမီးမှာ ဒေါသအလွန်ထွက်နေသည်။ အထူးသဖြင့် ဘေးတွင် ငိုနေသော မြေးဖြစ်သူ၏အသံကြောင့်ပင်။ နန်ယု ထိုင်ခုံပေါ်တွင် ငြိမ်သက်စွာ ထိုင်နေသည်ကိုမြင်သောအခါ သူ ရှေ့သို့ တိုးလာပြီး နန်ယုဆံပင်အား ဆောင့်ဆွဲချင်နေသည်။

 

သို့သော် နန်မိသားစု ကိုယ်ရံတော်များသည် အေးအေးဆေး ဆေး နေမည့်သူများမဟုတ်ပေ။

 

သို့သော် ၎င်းတို့ထက် ပိုမြန်သည်မှာ ခန္ဓာကိုယ်သေးသေးလေးတစ်ခုဖြစ်သည်။

 

ဖေးယွင်ကျင်း မတွန့်ဆုတ်ဘဲ သူ့လက်မောင်းများကို ထုတ်၍ နန်ယုအားကာလိုက်သည်။ သူ့မျက်လုံးများမှာ ကြောက်မက်ဖွယ်ကောင်းလှပြီး မည်သည့်အချိန်မဆို ခုန်အုပ်ကာကိုက်ရန် အဆင်သင့်ရှိနေသည့် ဝံပုလွေပေါက်လေးတစ်ကောင်နှင့်တူနေသည်။

 

ထိုအဘွားကြီးမှာ အလွန်အံ့ဩသွားပြီးနောက် သူမ ရှေ့တွင် ရပ်နေသည့် အရပ်ရှည်သော ကိုယ်ရံတော်ကိုမြင်လိုက်ရသည်။ သူ့ မျက်လုံးများပြူးကျယ်သွားပြီး မြေပြင်ပေါ်သို့ လဲကျသွားသည်။

 

"အမလေး၊ သေပါပြီ! နန်မိသားစုရဲ့သခင်မလေးက ကျွန်မလို သက်ကြီးရွယ်အိုအမျိုးသမီးတစ်ယောက်ကို သေအောင်လုပ်နေပြီ!"

 

အသောပိုင်းဖက်တီးလေး၏ဆူညံသံမှာ level 5 ဆိုပါက ဤတစ်ကြိမ်မှာ Level 10 ရှိမည်ပင်။

 

သူ့အဖွား လဲကျနေသည်ကိုမြင်သောအခါ ဖက်တီးလေး၏ မျက်ရည်များမှာ ပိုမိုပြင်းထန်လာပြီး နတ်ဆိုးများ စုံတွဲသီချင်း သီဆိုနေသကဲ့သို့ဖြစ်နေသည်။

 

နန်ယု: ...

 

ဗိုက်အောင့်လာတာကြောင့် သူမ၏ သည်းခံနိုင်စွမ်းကုန်ဆုံးလာခဲ့လေပြီ။

 

(T/N - solar plexus က လူ့ခန္ဓာကိုယ်ရဲ့ ဝမ်းဗိုက်အလယ်ပိုင်းမှာရှိတဲ့ အာရုံကြောထုံးတစ်ခုပါ၊ သူ့ကို Celiac plexus လို့ခေါ်ပြီး sympathetic အာရုံကြောစနစ် ရဲ့ အရေးကြီးတဲ့ အစိတ် အပိုင်းတစ်ခုလည်းဟုတ်ပါတယ်၊ diaphragm အောက်ဘက်မှာရှိတာမလို့ ခေါင်းကိုက်တယ်လို့သုံးမရလို့ ဗိုက်အောင့်တာနဲ့သုံးပေးထားပါတယ် ဟီး")

 

အိမ်တော်ထိန်းကျိုး ထိုနှစ်ဦးအား အပြင်သို့ ထုတ်ခိုင်းလိုက်သည်။ ဤကိစ္စကို နန်ယုအား အသိပေးရန် မသင့်သော်လည်း ဆရာမမှ အိမ်တော်ထိန်းကျိုးနှင့်ဖုန်းပြောနေသည်ကို သူမ ကြားသွားသည်။

 

အခြေအနေကို စုံစမ်းပြီးနောက် နန်ယု သူမကိုယ်တိုင်ကိုင် တွယ်ဖြေရှင်းရန်ကမ်းလှမ်းခဲ့သည်။

 

အိမ်တော်ထိန်းကျိုးမှာတော့ ထိုင်၍ စကားပြောဆိုနိုင်သည်ဟု စိတ်ကူးထားခဲ့သည်။ ကလေးနှစ်ဦး၏ခိုက်ရန်ဖြစ်ပွားမှုသည် အရေးမကြီးဘဲ ဒဏ်ရာများမှာလည်း ပြင်းထန်ခြင်းမရှိပေ။ ဖေးယွင်ကျင်း မျက်နှာပုံပျက်သွားမည်ကိုပင် သူ စိုးရိမ်ခဲ့ခြင်းမရှိပေ။

 

ဒီလို... ဒီလိုလူမျိုးတစ်ယောက်ရောက်လာမည်ဟု မည်သူက ထင်ခဲ့မည်နည်း ??

 

အိမ်တော်ထိန်းကျိုး သူ့လျှာဖျားမှ ဆဲဆိုလိုသည့် စကားကိုမျို ချလိုက်ပြီး နန်ယု ထံသို့တောင်းပန်ရန် လှည့်လိုက်စဉ် နန်ယု၏ မျက်လုံးများမှာ တံခါးဝဆီသို့ ရုတ်တရက်ရွှေ့လျားသွားခဲ့သည်။ သူမ စောင့်ဆိုင်းနေသော သူမှာ အဆုံးတွင်ရောက်ရှိလာခဲ့ပြီဖြစ်သည်။

 

"အမေ! ဘာလုပ်နေတာလဲ"

 

ဝူကျန့်ဝေ အခန်းထဲသို့ပင် မဝင်ခင်ကတည်းက သူ့မိခင်၏ ကျယ်လောင်သောအသံကိုကြားခဲ့ရသည်။ သူ့ရင်ထဲ တစ်စုံ တစ်ရာ ပျက်ယွင်းသွားသကဲ့သို့ခံစားရပြီး အမူအရာကိုဂရုမစိုက်တော့ဘဲအပြေးဝင်လာခဲ့ရသည်။ သူ့ရှေ့မှ မြင်ကွင်းမှာ အလွန်ပြင်းထန်နေသဖြင့် သူ သူ့မိခင်အားပင် မသိကျိုးကျွန် ပြုချင်လာခဲ့သည်။

 

"သားလေး! မင်း အချိန်မှီရောက်လာတာပဲ! သူက!"

 

ထိုအမျိုးသမီးသည် သူ့ကျောထောက်နောက်ခံ ရောက်လာပြီဟု ခံစားမိဟန်တူပြီး နန်ယု အပေါ်မကျေနပ်ချက်များကို သူ့သားအား ပြောပြရန်ကြံရွယ်လိုက်သော်လည်း သားဖြစ်သူ၏ အုံ့မှိုင်းနေသောမျက်နှာကိုမြင်လိုက်သောအခါ ကြောက်လန့်သွားပြီး ချက်ချင်းဆိုသလိုရပ်တန့်လိုက်သည်။

 

သူမသည် သူ့သားနှင့် မြေးမှလွဲ၍ မည်သူကိုမျှမကြောက်ခဲ့ပေ။

 

အထူးသဖြင့် ၎င်း၏သားဖြစ်သူ ဝူကျန့်ဝေကိုပင်။ သူသည် ဝူမိသားစု၏ရွှေဖီးနစ်ငှက်ဖြစ်ပြီး သူ့စကားတစ်ခွန်းမှာ မည်သူ့စကားတစ်ရာနှင့်မဆို တန်ဖိုးတူသည်။

 

မိခင်ဖြစ်သူ အော်ဟစ်ခြင်းကိုရပ်တန့်လိုက်သော်လည်း သားဖြစ်သူကမူ ဆက်လက်လုပ်ဆောင်နေသည်။ ကလေးပီပီ လူကြီးတစ်ယောက်လို အရှည်မတွေးနိုင်ဘဲ လေတက်လိုက်၊ ဖေးယွင်ကျင်းအား ရိုက်သတ်လိုက်မည်ဟု ရေရွတ်လိုက်လုပ်နေခဲ့သည်။

 

ဝူကျန့်ဝေ ဖက်တီးလေး၏ပါးစပ်ကို ပိတ်လိုက်ပြီး အသက်ကို ပြင်းပြင်းရှူသွင်းလိုက်သည်။

 

"မဒမ်ဖေး၊ ကျွန်တော့်အမေက ပညာမတတ်သလို အလျှင်စလိုလုပ်တတ်သူပါ၊ ခုလိုအနှောင့်အယှက်ပေးခဲ့တာတွေအတွက် တကယ် တောင်းပန်ပါတယ်"

 

ထို့နောက် ဖက်တီးလေးခေါင်းကိုကိုင်၍ နှစ်ဦးစလုံးလေးလေး စားစား ခါးညွတ်အရိုအသေပေးလိုက်ပြီး သူတို့၏ဟန်ပန်မှာ အလွန်နှိမ့်ချနေလေသည်။

 

နန်ယု မျက်တောင်ခတ်လိုက်ပြီး သူ့ဘေးနားမှ နို့လက်ဖက် ရည်ကို ပေါ့ပေါ့ပါးပါးကောက်ယူလိုက်သည်။ သူ မည်သည့်စကားမျှမဆိုဘဲ ငြိမ်သက်နေသည်။

 

ဤထူးဆန်းသော အခြေအနေကြောင့် ဝူကျန့်ဝေ မထရဲပေ။ ဖက်တီးလေး၏ငိုယိုမှုနှင့် ရုန်းကန်မှုများပင် တဖြည်းဖြည်း လျော့ကျသွားသည်။

 

ခဏအကြာတွင် ဝူကျန့်ဝေခြေထောက်များ တုန်နေသည်ကို သတိပြုမိသောအခါ နန်ယု စကားနှစ်ခွန်းအားဖြည်းဖြည်းချင်း ပြောလိုက်သည်။

 

"ထွက်သွားတော့"

 

ဝူကျန့်ဝေ အတင်းအကျပ်နေရန် မလုပ်ရဲတော့ပေ။ သူ နန်ယုအား ဖော်ရွေသောအပြုံးတစ်ခုပြပြီး မကြာမီတောင်းပန်မည်ဟုကတိပေးကာ ကျန်နှစ်ဦးနှင့်အတူ အလျင်အမြန်ထွက်ခွာသွားသည်။

 

သူ ဤကိစ္စမှာ ထိုမျှလွယ်လွယ်နှင့်ပြီးဆုံးမည်မဟုတ်ကြောင်း သိသည်။

 

အနည်းဆုံးအားဖြင့် ၎င်းမှာ ကလေးနှစ်ဦး၏ခိုက်ရန်ဖြစ်ပွားမှုမျှသာဖြစ်သော်လည်း အများဆုံးအားဖြင့် ဖေးနှင့် နန်မိသားစုများအပေါ် စိန်ခေါ်မှုတစ်ရပ်ဖြစ်သည်။

 

ပေ... ပေထန်မိသားစုအပေါ်လည်း ဖြစ်နိုင်သည်။

 

မည်သူမှ ပေထန်မိသားစုသည် ဖေးယွင်ကျင်းအားအမှန်တကယ် လက်လွှတ်လိုက်ပြီလားဆိုတာမသိကြပေ။ အဆုံးတွင် သူ့ထံ ပေထန်မျိုးနွယ်၏သွေးတစ်ဝက်ပါသည်ပင်။

 

ဤနေရာသို့လာရာလမ်းတွင် သူသည် သူငယ်တန်းကျောင်း အုပ်၏ အဖြစ်အပျက်တစ်ခုလုံးနှင့်ပတ်သက်သော ရှင်းပြ ချက်အား နားထောင်ခဲ့ရသည်။ ယခုအခါ သူငယ်တန်းကျောင်း ၏ထောင့်တိုင်းကို စောင့်ကြည့်နေပြီဖြစ်၍ အမှန်တရားကို ရှာဖွေရန်မခက်ခဲတော့ပေ။

 

 á€™á€°á€œá€€ စိတ်ဆိုးအောင်စတင်ပြုလုပ်သူမှာ သူ့သားဖြစ်ပြီး ထိုစကားများကိုပင်ပြောခဲ့သည်။

 

ဝူကျန့်ဝေ ဖေးယွင်ကျင်း သူ့သားရှိသည့် သူငယ်တန်းကျောင်းသို့ ရောက်ရှိသွားကြောင်းသိရသောအခါ သူသည် သူ့ဇနီးနှင့်အတူအတင်းအဖျင်းပြောဆိုခဲ့သည်ကိုသာ နောင်တရနေမိ သည်။ သူ့သား ထိုစကားအားကြားသွားသည်မှာသေချာသည်။ ဤသားက သူ့မိခင်ကြောင့် ထပ်မံဆိုးသွမ်းသွားခဲ့သည်။

 

တကယ်ပဲ!

 

သူ့မိခင်နှင့် သားဖြစ်သူတို့ကသာ သူ့အားအကျိုးမဲ့အောင်ပြု လုပ်ခဲ့သူဖြစ်ရာ သူ ဘာလုပ်နိုင်မည်နည်း ??

 

ဝူကျန့်ဝေ မည်သို့တောင်းပန်ရမည်ကိုစဉ်းစားရန် ဦးနှောက်အားအလုပ်ပေးရုံသာတတ်နိုင်တော့သည်။

 

ဗီလာထဲ တိတ်ဆိတ်သွားပြန်သည်။

 

နန်ယု သူ့နို့လက်ဖက်ရည်ကို နောက်တစ်ကြိမ်သောက်လိုက်သည်။ လတ်ဆတ်သောနို့၏သိမ်မွေ့သောအနံ့နှင့် အဆင့်မြင့်လက်ဖက်ရည်ရနံ့တို့ ပေါင်းစပ်နေမှုမှာ သူ့ စိတ်အားကြည်လင်စေသည်။

 

နန်ယုပိုင်ဆိုင်သော နန်နှင့်ဖေးမိသားစုများသည် ပိရမစ်၏ အ ထွတ်အထိပ်တွင်ရှိသည်ဆိုပါစို့။ ထိုအခါ ထိုအမျိုးသမီး၏ ဂုဏ်ယူနေသော သားမှာ... ပိရမစ်အစွန်းနားရှိ သဲမှုန့်မျှသာ

 

သူ အဖြစ်အပျက်တစ်ခုလုံးကို သိရှိလိုက်ရသောအခါ ဖက်တီးလေးမိဘများနှင့်ပတ်သက်သော အချက်အလက်များကိုလည်းရရှိခဲ့သည်။

 

သူ့ဖခင်နာမည်နှင့် သူတည်ထောင်ခဲ့သော ကုမ္ပဏီကိုမြင်သော အခါ နန်ယုသည် အဘယ်ကြောင့် ရင်းနှီးနေရကြောင်းကို နောက်ဆုံးတွင်နားလည်သွားသည်။

 

သာမန်နာမည်ရှိသော ဝူကျန့်ဝေသည် ဝတ္ထုတွင်စာကြောင်းအနည်းငယ်သာပါဝင်ခဲ့သော်လည်း ယခုအခါ သူတို့၏ချင်ချန်ဌာနခွဲတွင် ထူးခြားသောလူတစ်ဦးရှိနေသည်။ ထိုသူမှာ နန်ယု ရှာဖွေနေသော်လည်း အကြောင်းပြချက်မှန်မှန်ကန်ကန်ဖြင့်ရှာမတွေ့ခဲ့သော သူ ဖြစ်သည်။

 

မထင်မှတ်ထားဘဲ အခွင့်အရေးတစ်ခုမှ အလိုအလျောက်ရောက်ရှိလာခဲ့သည်။

 

"ကလေး"

 

နန်ယု စိတ်ထဲခံစားလို့ကောင်းနေသဖြင့် ဖေးယွင်ကျင်း၏မကြာသေးမီက ပြုမူပုံကို တွေးလိုက်ရင်း သူ စိုးရိမ်တကြီးမေးလိုက်သည်။

 

"နာနေလား ?"

 

မျက်နှာပေါ်မှ သွေးစွန်းရာများမှာ သန့်ရှင်းရေးလုပ်ထားသော် လည်း သိသာနေဆဲဖြစ်သည်။

 

"မနာပါဘူး"

 

ဖေးယွင်ကျင်း ခေါင်းခါလိုက်ပြီး ချက်ချင်းခေါင်းငုံ့ကာစကား လုံးသုံးလုံးကို အသံတိုးတိုးလေးဖြင့် ရေရွတ်လိုက်သည်။

 

 "ကျွန်တော် တောင်းပန်ပါတယ်"

 

ယခင်ကလေးထိန်းမှ လူကြီးများသည် စကားနားမထောင်သောကလေးများကို မုန်းတီးပြီး စကားနားမထောင်သော ကလေးများအား စွန့်ပစ်လိမ့်မည်ဟု တစ်ချိန်ကပြောခဲ့သည်။

 

သူ ပစ်ထားခံရတာကို မလိုချင်ဘူး၊ သူ...

 

"ဟမ် ?"

 

နန်ယု ဖေးယွင်ကျင်း၏အနည်းငယ်ဖွထားသော ဆံပင်ကို လက်ဖြင့်ဖိလိုက်သည်။

 

"ဘာလို့ တောင်းပန်နေရတာလဲ"

 

"ဘာလို့ တောင်းပန်ရတာလဲ၊ မင်း လုပ်ခဲ့တာကောင်းပါတယ်၊ အဲဒီလို အပြောအဆိုဆိုးတာမျိုးကို နာသွားအောင်ရိုက်ရမှာ!"

 

ဘေးမှ အိမ်တော်ထိန်းကျိုး: ...

 

သူ့ရဲ့နူးညံ့သိမ်မွေ့တဲ့သခင်မလေးက ဘယ်လိုများ ဒီလိုကြောက်စရာကောင်းတဲ့ အတွေးမျိုးရှိနေရတာလဲ ?

 

ဆန့်ကျင်ဘက်အနေဖြင့် ဖေးယွင်ကျင်း ချက်ချင်းမော့ကြည့်လိုက်ပြီး သူ့မျက်လုံးများထဲ မယုံနိုင်သည့် အရိပ်အယောင်တစ်ခု လျှပ်တစ်ပြက်ဖြတ်‌ပြေးသွားရသည်။

 

 "ရိုက်... ရိုက်ရမှာ ?"

 

"ဟုတ်တယ်!"

 

နန်ယု ထရပ်လိုက်ပြီး လက်သီးများကိုကျစ်ကျစ်ပါအောင် ဆုပ်ကာ ဖေးယွင်ကျင်းရှေ့တွင် လှုပ်ရမ်းပြလိုက်ပြီး သူ့ဆံပင်ကိုထပ်ပွတ်ပေးလိုက်သည်။

 

"နာသွားမယ့်နေရာကို ရွေးပြီး ရိုက်ဖို့နဲ့ ဒဏ်ရာမရအောင် ရိုက်ဖို့ကို မှတ်ထားနော်!"

 

"အိမ်တော်ထိန်းကျိုး၊ သူ့အတွက် လေ့ကျင့်ပေးမယ့်နည်းပြတစ်ယောက်လောက်ရှာပေးပါ အဲ့လိုမှမဟုတ်ရင် နောက်တစ် ခါ သူ အရိုက်ခံရပြီးငိုနေရင် ကျွန်မက ချော့ပေးတော့မှာ မဟုတ်ဘူးနော်"

 

"မ..မငိုပါဘူး"

 

ဖေးယွင်ကျင်း အသံအားဖိပြောလိုက်သော်လည်း ဝမ်းနည်းစရာမှာ သူ့ကိုယ်လုံးသေးသေးလေးက ထိုစကားလုံးများ၏ ခွန်အားကိုပျက်စီးစေခဲ့သည်။

 

"ကောင်းပြီ၊ ဒါဆိုရင် တခြားသူတွေ ငိုအောင် နင် ကြိုးစားလိုက်လေ"

 

နန်ယု ရယ်မောလိုက်ပြီး ကလေးအား ပေါ့ပေါ့ဆဆပြောလိုက် ကာ လှည့်၍အပေါ်ထပ်သို့တက်ရန် ထွက်ခွာသွားသည်။

 

ထိုနေရာတွင် ကျန်ရစ်ခဲ့သော ဖေးယွင်ကျင်းသည် သူ့ခေါင်းအား လက်နှစ်ဖက်ဖြင့်ထိန်းထားပြီး သူ၏သေးငယ်ပြီးတို သော လက်ချောင်းလေးများကရှုပ်ပွနေသော ဆံပင်များကို ထိန်းထားရန်ကြိုးစားလိုက်သည်။ သူ နန်ယုထွက်ခွာသွားသော ကျောပြင်ကိုအနည်းငယ်မှိုင်းသောအကြည့်ဖြင့် ကြည့်နေပြီး ယခင်ကစကားများကို သူ့စိတ်ထဲပြန်လည်ရွတ်ဆိုနေသည်။

 

ငါ မငိုဘူး! ငိုတာက အသုံးမကျဆုံးအရာပဲ!

 

ဖေးယွင်ကျင်း အစောပိုင်း နန်ယု ထိုလူအားရင်ဆိုင်ခဲ့သည့် ပုံစံကို ပြန်လည်အမှတ်ရမိသည်။ သူမ ဘာမျှမပြောဘဲ ထိုလူအားသေလုနီးပါးကြောက်လန့်စေခဲ့သည်။

 

တကယ်... အရမ်းမိုက်တာပဲ !!

 

သိပ်မကြာခင်က အဘိုးကျိုးပြခဲ့တဲ့ လူဆိုးတွေကိုတိုက်ခိုက်တဲ့ Ultraman လိုပဲ အရမ်းမိုက်တယ်!