Chapter : 23 ( ပြန်လည်သုံးသပ်ခြင်း )
ရှန့်ချန့်ယန်သည် သူ့ပါးစပ်မှ သကြားလုံးကို စုပ်ရင်း ခုန်လိုက်ပြီး ကြွက်သားများကို လှုပ်ရှားလိုက်သည်။ သူ့ပခုံးများမှ အဆစ်များ ပွတ်တိုက်သံ ထွက်ပေါ်လာ၏။
ယနေ့ ရာသီဥတုသည် အလွန်သာယာသည်။ ဟိုင်ရိမှာ စိတ်သက်သာရာရနေ၏။ ဒီတစ်ခါ ရမှတ်များ မရရှိခဲ့သော်လည်း ရှန့်ချန့်ယန်က လှပစွာ အနိုင်ရခဲ့သည်။ ပိုအရေးကြီးသည်မှာ ရှန့်ချန့်ယန်က သူ့လျှို့ဝှက်ချက်အချို့ကိုပင် သူ့အား မျှဝေပေးခဲ့၏။
ကမ္ဘာပေါ်မှာ သူတို့ကို သိတဲ့ တခြားပရိသတ် ရှိသေးလား။ မရှိဘူး။ ငါတစ်ယောက်တည်းပဲ။ ဟိုင်ရိက သူ့စိတ်ထဲမှာ ကြွားဝါစွာ ကြေညာလိုက်သည်။
ပထမတန်းစား မားမားပရိသတ်တစ်ဦး။ မားမားဟူသော စကားလုံးကို မျက်နှာတွင် ရေးထားသကဲ့သို့။ သူ့ idol နောက်လိုက်သူ။ ဘဝမှာ အောင်မြင်သူ။
သို့သော်လည်း အကယ်၍ သူ တကယ်ပဲ မကျေနပ်စရာတစ်ခုခုကို ရွေးထုတ်ရမည်ဆိုလျှင်တော့ တစ်ခုခုတော့ ရှိနေတုန်းပင်။ ဥပမာအားဖြင့် ဟိုင်ရိက သူ့စိတ်ထဲမှာ လျှို့ဝှက်စိုးရိမ်ပူပန်မှုတစ်ခု အမြဲရှိနေခဲ့သည်။ အခုက အခွင့်အရေးကောင်းဖြစ်လို့ ဟိုင်ရိက ဒီအခွင့်အရေးကို ဆုပ်ကိုင်ပြီး မေးဖို့ ဆုံးဖြတ်လိုက်၏။
"ဘာလို့ သူတို့က မင်းရဲ့..."
ရှန့်ချန့်ယန် : ?
ဟိုင်ရိ : "သေဆုံးခြင်းလျှောက်လွှာက မအောင်မြင်ဘူးလား"
"မအောင်မြင်လို့ပေါ့"
ရှန့်ချန့်ယန်က ပေါ့ပေါ့ပါးပါး ပြန်ဖြေရင်း သူ့ဆံပင်ကို လက်ချောင်းဖြင့် နောက်လှန်လိုက်၏။
ဟိုင်ရိ : "ဘာလို့လဲ၊ မင်းရမှတ်တွေ လုံလောက်ပြီလား"
"ကြာပြီ လုံလောက်နေတာ"
ရှန့်ချန့်ယန် ပြောလိုက်သည်။
"ကျွန်တော် ဒီကို ရောက်ပြီး သုံးလမြောက်မှာ ရမှတ်တွေ လုံလောက်နေပြီ"
ဟိုင်ရိ : "ဒါဆို ဘာလို့လဲ"
ရှန့်ချန့်ယန်က သူ့ကိုယ်သူ သရော်ဟန်ဖြင့် ပြော၏။
"ကျွန်တော် ဘယ်သိမလဲ"
"သူတို့က ဒေတာနဲ့ပတ်သက်တဲ့ ပြဿနာလို့ ပြောတယ်"
ရှန့်ချန့်ယန် ဆက်၍တော့ ရှင်းပြ၏။
"ကျွန်တော် ပြောတဲ့အတိုင်း ပြန်ပို့ခဲ့ပေမယ့် သူတို့က ပြဿနာရှိတယ်လို့ အတင်းပြောပြီး ခွင့်မပြုဘူး၊ ကျွန်တော် အကြာကြီး ပိတ်မိနေတာ"
နားမလည်နိုင်ဖြစ်နေသည့် ဟိုင်ရိက မသေချာသောလေသံဖြင့် တီးတိုးရေရွတ်လိုက်သည်။
"ရမှတ်တွေ လုံလောက်ရင် ပြီးတာပဲ မဟုတ်ဘူးလား"
"ခင်ဗျားတို့အတွက်တော့ ဒီလိုဖြစ်နိုင်တယ်"
ရှန့်ချန့်ယန်က မျက်လုံးမှေးစင်းလျက် ရှေ့မှ နေကို ကြည့်ရင်း ပြော၏။
"ကျွန်တော် လူအများကြီးကို လွှတ်ပေးခဲ့ပြီးပြီ၊ သူတို့အားလုံး အောင်မြင်ခဲ့ကြတယ်၊ ကျွန်တော့်ကလွဲလို့ပေါ့"
ဟိုင်ရိ : "မင်းတစ်ယောက်တည်းပဲ မအောင်မြင်တာလား"
ရှန့်ချန့်ယန်က သကြားလုံးကို ပါးစပ်ထဲမှာ ထည့်ထားရင်း ပြန်ဖြေသည်။
"ကျွန်တော့်ကို ပစ်မှတ်ထားနေတာလေ ဟုတ်တယ်မလား၊ ဒါပေမယ့် ဒီလိုအခြေအနေမျိုး ကြုံဖူးတဲ့ တခြားသူတစ်ယောက်မှ မကြားဖူးဘူး၊ ကျွန်တော် အနီးအနားမှာ နည်းနည်း မေးကြည့်ခဲ့ပေမယ့် ဘယ်သူမှ ကျွန်တော့်ဆီ ပြန်မပြောဘူး၊ ကျွန်တော်က အခု ရမှတ်မှာ နံပါတ်တစ်ပဲ၊ ကျွန်တော့်ဒေသမှာတင်မကဘူး၊ ဒီကမ္ဘာမှာပါ နံပါတ်တစ်၊ ကျွန်တော် ဒီအတိုင်း သေလို့မရတာ"
ဟိုင်ရိ အနည်းငယ် တုန်လှုပ်သွားသည်။ ခဏတာမျှ စကားမပြောနိုင်ဖြစ်သွား၏။
ကမ္ဘာပေါ်မှာ ရမှတ်နံပါတ်တစ် ဖြစ်နေပေမယ့် သေဆုံးခြင်းလျှောက်လွှာက မအောင်မြင်ဘဲ ဒီနေရာမှာပဲ ဆက်ရှိနေရသည်။ နောက်ဆုံးမှာတော့ သူ့ရဲ့ အသိစိတ်ကို ပြန်လည်ရရှိလာသည့် ဟိုင်ရိက မေးလိုက်၏။
"ဒါဆို ဘာလို့ ဂိမ်းတွေမှာ ဆက်ပါဝင်နေတာလဲ"
ရှန့်ချန့်ယန်က သူ့ကို ကြည့်လိုက်သည်။ ထို့နောက် လိုက်ပါလာသော အပြုံးသည် အနည်းငယ် မျှော်လင့်ချက်မဲ့သော်လည်း အနည်းငယ် မထီမဲ့မြင်ပြုခြင်းလည်း ပါဝင်ပုံရ၏။ ရှန့်ချန့်ယန် ဘာမှနားမလည်သောကြောင့် မှတ်ချက်မပေးလိုကြောင်း ဟိုင်ရိ ပြောနိုင်ခဲ့သည်။
ဟိုင်ရိက ဆက်လက်၍
"ဘာလို့ မနားသေးတာလဲ"
ရှန့်ချန့်ယန်က အေးဆေးတည်ငြိမ်စွာ ပြော၏။
"ကျွန်တော့်အတွက်တော့ အသက်ရှင်နေရတာ တော်တော်ပင်ပန်းတယ်၊ အနားယူခြင်းဆိုတာ မရှိဘူး"
သူက အနည်းငယ် မာနကြီးသောဟန်ဖြင့် ပြောလိုက်ရာ ဟိုင်ရိက ရယ်မောလိုက်သည်။
ရှန့်ချန့်ယန်၏ ပုံပန်းသဏ္ဍာန်သည် ရှုပ်ထွေးလွန်းသည်။ သူ့တွင် အနုပညာဆန်သော မှိုင်းညို့မှုနှင့် အမျိုးသားဆန်သော စိတ်နေစိတ်ထားရှိ၏။ ရှန့်ချန့်ယန်သည် အနုပညာလက်ရာတစ်ခုပင်။
ဟိုင်ရိက ကံကြမ္မာ၏ ထုနှက်ချက်ကြောင့် ဖြစ်ပေါ်လာသော အပြစ်အနာအဆာများနှင့် အက်ကွဲကြောင်းများသည် ရေခဲအက်ကွဲကြွေထည်များနှင့် မတူဘဲ ထူးခြားတောက်ပသော အလင်းကို ဆောင်ကြဉ်းပေးသည်ဟု ခံစားခဲ့ရသည်။ မည်သူမျှ ရှန့်ချန့်ယန် မဖြစ်နိုင်ပေ။ သူ့ ကပ်ဘေး အခိုက်အတန့်များတွင်ပင် လူတို့သည် သူ့အား ကြင်နာသော အပြုံးကို ပေးလိုကြ၏။
ဟိုင်ရိက မသိစိတ်အရ သူ့ကို ကြည့်လိုက်သည်။
"ငါ ဘယ်လိုလုပ်ရင် မင်းကို ပျော်အောင်လုပ်ပေးနိုင်မလဲ"
ရှန့်ချန့်ယန်က ကြောင်အစွာဖြင့် ကြည့်နေသည်။
ဟိုင်ရိက သတိပြန်ဝင်လာသော်လည်း စကားလုံးများက ထွက်ပေါ်လာပြီးဖြစ်၏။ ထို့ကြောင့် သူက ဆက်ပြောလိုက်သည်။
"မင်း ဒီကို ရောက်နေပြီပဲ၊ ဒါဆို ဘာလို့ မပျော်သေးတာလဲ"
ဒီနေရာက အပုပ်ချပြောဆိုမှုတွေနဲ့ ဝေးကွာနေပြီ။ ရှန့်ချန့်ယန် အနားယူနိုင်လိမ့်မယ်လို့ ဟိုင်ရိက ထင်ထားခဲ့သည်။
ရှန့်ချန့်ယန်က ဂရုမစိုက်ဟန်ဖြင့် ပြော၏။
"တော်တော်ပျော်နေပါပြီ။ ဒါပေမယ့် သေနိုင်ရင်တော့ ပိုပျော်မှာပဲ"
ဟိုင်ရိ : ....
နှစ်ယောက်သား ဘတ်စ်ကားကြီးဆီသို့ ဦးတည်သွားကြ၏။ ဟိုင်ရိက မကျည်းသီးအိတ်တစ်အိတ် ဝယ်ရန် အနားယူရာနေရာသို့ သွားခဲ့သည်။ သူက ဖုန်းထုတ်၍ ပိုက်ဆံရှင်းရန် လုပ်နေစဉ် ရှန့်ချန့်ယန်က သူ့အတွက် ပိုက်ဆံရှင်းပေးလိုက်၏။ လမ်းမှာ လိမ္မော်သီးနှစ်လုံး ကောက်ယူပြီး အားလုံးအတွက် ပိုက်ဆံရှင်းကာ လိမ္မော်သီးများကို ဟိုင်ရိဆီ ပစ်ပေးလိုက်ပြီး လှည့်ထွက်သွားသည်။
ဟိုင်ရိက လိမ္မော်သီးနှစ်လုံးနှင့် မကျည်းသီးအိတ်ကို ပိုက်ထားရင်း သူ့နောက်က လိုက်သွားသည်။ တစ်လှမ်းတည်းဖြင့် ခြေထောက်ရှည် ရှန့်ချန့်ယန်က လှေကားသုံးထစ်ကို ကျော်လွန်၍ ဘတ်စ်ကားကြီးပေါ်သို့ တိုက်ရိုက် တက်လိုက်၏။ လူအများအပြားက ရှေ့ဆုံးမှာ ထိုင်နေကြပြီးသားဖြစ်သည်။ ရှန့်ချန့်ယန်က ချက်ချင်းထိုင်မနေဘဲ ခဏတာမျှ တုံ့ဆိုင်းနေသည်။
ဟိုင်ရိက သူ့နောက်မှနေ၍ မေးလိုက်၏။
"တစ်ခုခု မှားနေလား"
ရှန့်ချန့်ယန်က နောက်သို့ ကြည့်လိုက်သည်။
"ဒီမှာ ထိုင်ရအောင်"
ဘေးသို့ မှီလိုက်ကာ ဟိုင်ရိကို ပြတင်းပေါက်ဘေးထိုင်ခုံယူစေသည်။
ဟိုင်ရိ : "မင်း အဲဒီလူတွေကို သိလား"
ဘတ်စ်ကား၏ ရှေ့ဆုံးခုံနှစ်ခုံကို မိန်းကလေးနှစ်ဦးက နေရာယူထားသည်။ သူတို့ ဘတ်စ်ကားပေါ်ရောက်လာသည်ကို မြင်သောအခါ သူတို့၏ မျက်လုံးများက လွင့်မျောသွားသော်လည်း နှုတ်ဆက်ခြင်းမရှိပေ။ ရှန့်ချန့်ယန် သူတို့ကို သိသည်ဟု ဟိုင်ရိ ထင်လိုက်၏။
ရှန့်ချန့်ယန်က ခေါင်းထိုးထွက်ကာ သူတို့ကို တစ်ချက်ကြည့်လိုက်သည်။
"ကျွန်တော် သိအောင် လုပ်လို့ရပါတယ်"
ဟိုင်ရိ : ....
ရှန့်ချန့်ယန်က ရုတ်တရက် ထရပ်လိုက်ပြီး ရှေ့သို့ လျှောက်သွားကာ ခန္ဓာကိုယ်ကို နှိမ့်၍ မိန်းကလေးနှစ်ဦးနှင့် စကားပြောသည်။ ထိုနေရာမှနေ၍ ဟိုင်ရိသည် ရှန့်ချန့်ယန်၏ မျက်လုံးများတွင် အပြုံးနှင့် သူ့၏ ယဉ်ကျေးသိမ်မွေ့သော ပုံစံကို မြင်တွေ့နိုင်၏။
မကြာမီ မိန်းကလေးနှစ်ဦး ထ၍ နောက်ဘက်သို့ သွားကြသည်။ သူတို့ ဟိုင်ရိကို ကျော်တက်သွားစဉ် သူ့အား ပြုံးပြသွား၏။ ဟိုင်ရိတွင် အသိဥာဏ် အလင်းပွင့်သွားသည်။ ရှန့်ချန့်ယန်က သူ့ဆီလာပြီး ခေါင်းကို သူ့ဘက်သို့ စောင်းလိုက်၏။
"ရှေ့မှာ ထိုင်"
ဟိုင်ရိသည် သူ့နားကြပ်၊ လိမ္မော်သီးနှင့် မကျည်းသီးခြောက်များကို အိတ်ကပ်ထဲသို့ ချက်ချင်း ထိုးထည့်လိုက်ပြီး ရှန့်ချန့်ယန်နောက်မှနေ၍ ရှေ့ဆုံးတန်းသို့ လိုက်သွားသည်။
ရှန့်ချန့်ယန်က သူ့နောက်ရှိ မိန်းကလေးနှစ်ဦးကို ယဉ်ကျေးစွာ ကျေးဇူးတင်လိုက်သည်ကို သူ ကြားလိုက်ရ၏။
"ကျေးဇူးပါ"
ဟိုင်ရိလည်း လှည့်၍ ကျေးဇူးတင်ချင်သော်လည်း နောက်ဆုံးတွင် ရှန့်ချန့်ယန်က သူ့ကို နောက်မှနေ၍ တွန်းလိုက်သည်။
"သွား၊ ဘတ်စ်ကား ထွက်တော့မယ်"
ဟိုင်ရိသည် ရှေ့သို့ ရွေ့ဖို့မှတစ်ပါး အခြားရွေးချယ်စရာမရှိတော့ပေ။ ရှေ့တန်းမှာ ထိုင်တာက သူ့ကို ကားမူးစေမှာ မဟုတ်။ ဟိုင်ရိသည် စိတ်လှုပ်ရှားသွားပြီး ပါးပြင်ပေါ်မှ မျက်ရည်များ စီးကျလုနီးပါး ဖြစ်သွားသည်။ သို့သော် ဘာပြောရမှန်းမသိဘဲ စိတ်ထဲမှာ တိတ်တိတ်ဆိတ်ဆိတ် ငိုနေမိ၏။ သူ့သားသည် တကယ်ပင် နတ်သားလေး၊ ကမ္ဘာပေါ်တွင် အကြင်နာဆုံး၊ အအေးချမ်းဆုံး ကလေးလေးပင်ဖြစ်သည်။
ဟိုင်ရိ : "မင်း ဘယ်လိုလုပ်လိုက်တာလဲ"
ရှန့်ချန့်ယန် : "ခင်ဗျား ကားမူးတတ်တယ်လို့ ပြောပြီးတော့ပေါ့"
"ကျွန်တော်က ခင်ဗျားတစ်ယောက်တည်း ထိုင်ရင် ရတယ်လို့ ပြောတာ၊ ဒါပေမယ့် သူတို့က အဆင်မပြေမှာစိုးလို့ ခင်ဗျားနဲ့အတူ ထိုင်ချင်ကြပုံမရဘူး"
ဟိုင်ရိ : "အိုက်ယားးး မင်းကတော့ တကယ်ပါပဲ..."
ပြောရင်း စကားစကို ရပ်လိုက်သည်။
သူ တကယ်ပဲ သူ့အား တကယ်ကို အများကြီး 1 နဲ့တူနေပြီဟု ပြောချင်ခဲ့၏။ သူသည် ကြင်နာတတ်သည့် နှလုံးသားရှိပေမယ့် မျက်နှာက အေးစက်နေသော ယဉ်ကျေးသည့်အမျိုးသားတစ်ယောက်ပင်။ လူတိုင်းက ဒီလိုလူကို လေးစားကြမည်ပင်။ သို့ပေမယ့် သူက အသံကျယ်ကျယ်နဲ့ မပြောနိုင်တာမို့ စကားလုံးတွေကို မြိုချလိုက်ပြီး မေးလိုက်သည်။
"မင်း ဘယ်လို အနိုင်ရခဲ့တာလဲ"
သူ၏ ရုတ်တရက် စကားပြောင်းလိုက်ခြင်းက ရှန့်ချန့်ယန်ကို အံ့အားသင့်စေ၏။ သူ့မျက်လုံးများက ဗလာကျင်းနေသည်။
"ခင်ဗျား အဲဒါကိုပဲ စဉ်းစားနေတုန်းလား"
ဟိုင်ရိ : "မင်း ငါ့ကို ရှင်းပြပေးမယ်လို့ မပြောခဲ့ဘူးလား"
ရှန့်ချန့်ယန်က စိတ်မဝင်စားစွာ သူ့အိတ်ကပ်များထဲတွင် ရှာဖွေပြီး ခေါက်ထားသော စက္ကူအပိုင်းအစတစ်ခုကို ထုတ်ယူလိုက်သည်။ ဟိုင်ရိက ဖွင့်ကြည့်လိုက်ရာ စာလုံးအနည်းငယ်ကို တွေ့လိုက်ရ၏။
"ရှန်းရှင့် : သရဲတွေက ဒီအိမ်မှာ မကြာမကြာ ခြောက်လှန့်နေပုံရတယ်၊ ကျွန်မ အဲဒီအကြောင်း သခင်မလေးနဲ့ စကားပြောခဲ့ပေမယ့် သူ(မ)က ထိတ်လန့်တဲ့ မျက်နှာနဲ့ ဘယ်သူ့ကိုမှ မပြောဖို့ သတိပေးခဲ့တယ်"
ဒါက ရှန်းရှင့်၏ သဲလွန်စဖြစ်သည်။ ရှန့်ချန့်ယန်က ဖျောက်ဖျက်ထားခဲ့၏။
ဟိုင်ရိက စဉ်းစားလိုက်သည်။
"ဒီသဲလွန်စကို တွေ့ခဲ့ရင်တောင် သိပ်အကျိုးသက်ရောက်မှု ရှိမယ်လို့ မထင်ပါဘူး"
ရှန့်ချန့်ယန်က သူ့အိတ်ကပ်များထဲတွင် နောက်တစ်ကြိမ် ထပ်မံ ရှာဖွေပြီး နောက်ထပ် စက္ကူအပိုင်းအစတစ်ခုကို ထုတ်ယူလိုက်သည်။
"ရှန်းရှင့် : သခင်မလေးက အပြင်ဘက်က ချယ်ရီပင်ကို မကြာခဏ ငေးကြည့်နေတတ်တယ်၊ အတွေးတွေထဲမှာ ပျောက်ဆုံးနေတတ်တယ်၊ တစ်ယောက်ယောက် မသေရင် သူတို့ရဲ့ ဝိညာဉ်က ခန္ဓာကိုယ်ကနေ ထွက်သွားပြီးနောက် သက်ရှိသတ္တဝါတစ်ခုခုနဲ့ ကပ်တွယ်ရမယ်လို့ ကျွန်မ ကြားဖူးတယ်"
ဟိုင်ရိသည် ရှန့်ချန့်ယန် ပထမဆုံးနေ့က စင်္ကြံတစ်လျှောက် ရပ်နေပြီး ခြံဝင်းထဲက ကြီးမားလှသော ချယ်ရီပင်ကို ငေးကြည့်နေခဲ့ပုံကို ပြန်ပြောင်းသတိရကာ ဟိုင်ရိကို "ရှန်းရှင့် ဒီည သေမယ်လို့ ခင်ဗျားယုံလား" ဟု မေးခဲ့သည်ကို ပြန်စဉ်းစားလိုက်၏။
ဟိုင်ရိက ယခု ယုံကြည်သွားပြီဖြစ်သည်။
ဖြစ်ချင်တော့ ရှန်းရှင့်က အကြောင်းမဲ့ သေတာမဟုတ်ဘူး။ သူမကို သတ်ခဲ့တာလည်း သံသယကင်းတာကြောင့် မဟုတ်ဘူး။ သူမရဲ့ အမြင်ကနေ သဲလွန်စတစ်ခု ရှိခဲ့လို့ပဲ။
ရှန့်ချန့်ယန် : "သူ(မ) အသက်ရှင်နေရင် ကျွန်တော် မသန့်ရှင်းဘူး"
ဟိုင်ရိ : "ဘယ်မှာ တွေ့ခဲ့တာလဲ''
ရှန့်ချန့်ယန် : "တစ်ခုက ချန်ဇယ်က ကျွန်တော့်ကို ပေးတာ၊ နောက်တစ်ခုက ရွှယ်ချွမ်းရဲ့ အခန်းထဲမှာ တွေ့တာ၊ ရှန်းရှင့် က အိမ်ဖော်ဆိုတော့ ကျွန်တော်နဲ့ ရွှယ်ချွမ်း ကို အကျွမ်းဝင်ဆုံး ဖြစ်သင့်တယ်၊ ဒါကြောင့် ရွှယ်ချွမ်း အခန်းကို ရှာခဲ့တယ်"
ဟိုင်ရိ : "ဒါဆို ဒီလိုကိုး"
ရှန့်ချန့်ယန်က ဂရုမစိုက်ဟန်ဖြင့် ပြောပြခဲ့ပြီး သူက ဖုန်းကို ထုတ်ကြည့်ပြီးနောက် ခဏအိပ်ရန် ပြင်ဆင်ရင်း လက်ပိုက်လိုက်၏။
ဟိုင်ရိက သိချင်စိတ်ဖြင့် မေးလိုက်ပြန်သည်။
"ဒါဆို မင်း ဘယ်လိုလုပ်ခဲ့တာလဲ၊ ဘာလက်နက်နဲ့ သတ်ခဲ့တာလဲ"
ရှန့်ချန့်ယန်က စိတ်ရှည်လက်ရှည်ဖြင့် ပြန်ဖြေ၏။
"လူသတ်လက်နက် မရှိခဲ့ဘူး၊ သတ်တာက သရဲပဲ၊ ဘယ်သူ့သရဲလဲဆိုတာ ခင်ဗျားသိလား"
ဟိုင်ရိက နောက်သို့ ပြန်လှန်ကျသွားပြီး သူ့ကိုယ်သူ တီးတိုးရေရွတ်ရင်း ပြန်သုံးသပ်၏။
"ငါတို့ မြင်ခဲ့တဲ့ ရွှယ်ချွမ်းက တကယ့် ရွှယ်ချွမ်း မဟုတ်ဘူး၊ သူ(မ)ကို ယွီရှန့် ရဲ့ ဝိညာဉ်က ပိုင်ဆိုင်သွားတာ မဟုတ်လား"
ရှန့်ချန့်ယန်က စိတ်ဝင်စားမှုမရှိဘဲ ခေါင်းငြိမ့်ပြသည်။
ဟိုင်ရိ : "ဒါဆို ရွှယ်ချွမ်းရဲ့ ဝိညာဉ် ဘယ်ရောက်သွားလဲ၊ သူမရဲ့ ဝိညာဉ်က လူသတ်သမားလား"
"အင်း"
ရှန့်ချန့်ယန်က ပြော၏။
"တော်တယ်"
ဟိုင်ရိက သူ့ကို လှောင်ပြောင်နေခြင်းလား၊ တကယ်ပြောနေခြင်းလားဟူ၍ သူ့စိတ်ထဲမှာ သံသယဝင်နေသည်။
ရှန့်ချန့်ယန်၏ နောက်ထပ် စကားက သူ့မေးခွန်းမေးမထားသည့်အဖြေကို ဖြေဆိုပေးလိုက်၏။
"တော်တယ်၊ အားလုံးပြီးမှ လူသတ်သမားကို ရှာတွေ့တယ်"
ဟိုင်ရိ : ...
ရှန့်ချန့်ယန်က သူ့နှုတ်ခမ်းထောင့်များကို ဖိနှိပ်ကာ ပြုံးလိုက်၏။ မျက်လုံးများကို မှိတ်လိုက်ပြီး မေးလိုက်သည်။
"တခြားမေးချင်တာ ရှိသေးလား"
ရှန့်ချန့်ယန်သည် ပြန်လည်သုံးသပ်ခြင်းကို နှစ်သက်ပုံမရသည်မှာ ထင်ရှား၏။ ယုတ္တိရှိစွာပင် မြေပြိုမှုဖြင့် အနိုင်ရခဲ့သော လူသတ်သမားတစ်ဦးသည် ကျေနပ်အားရနေသင့်သော်လည်း ရှန့်ချန့်ယန်ကမူ ပြန်လည်သုံးသပ်ခြင်းကို အနည်းငယ်မျှပင် စိတ်ဝင်စားမှုမရှိပေ။ အရာအားလုံးသည် ဟိုင်ရိ၏ မေးခွန်းများကို ဖြေဆိုရန်သာဖြစ်၏။
ဟိုင်ရိတွင် မေးခွန်းများစွာ ရှိနေသည်ကြောင့် မေးလိုက်သည်။
"ဒါဆို မင်း ဘယ်လို ရာဇဝတ်မှု ကျူးလွန်ခဲ့တာလဲ ရွှယ်ချွမ်းက သတ်ခဲ့တဲ့သူဆိုတော့ မင်း ဘယ်လို လူသတ်သမား ဖြစ်လာတာလဲ"
ရှန့်ချန့်ယန်က အကူအညီမဲ့စွာ သက်ပြင်းချလိုက်ပြီး မျက်လုံးဖွင့်လိုက်ကာ ဟိုင်ရိကို ကြည့်လိုက်သည်။
"ဟေး၊ ရွှယ်ချွမ်း က သရဲပါ၊ ယွီရှန့် ဖန်တီးခဲ့တဲ့ ရွှယ်ချွမ်း အရုပ်ကို မှန်နောက်မှာ ထားလိုက်တော့ ချယ်ရီပင်က မှန်ထဲမှာ ပေါ်လာတယ်၊ ဒါကြောင့် ရွှယ်ချွမ်းရဲ့ ဝိညာဉ်က သဘာဝအတိုင်း ချယ်ရီပင်မှာ ကပ်သွားတာ"
ဟိုင်ရိက အချိန်အကြာကြီး စဉ်းစားလိုက်သည်။
"ဒါဆို အဲဒီအချိန်က မင်း ချန်ဇယ် ကို သက်သေခံခိုင်းပြီး ရွှယ်ချွမ်းရဲ့ ဝိညာဉ်ကို သစ်ပင်ထဲကနေ ဆွဲဆောင်ထုတ်နေခဲ့တာပေါ့"
ရှန့်ချန့်ယန် : "အဲဒီအပ်ပဲ"
ခဏတာမျှ ထိတ်လန့်သွားပြီးနောက် ဟိုင်ရိက မေးလိုက်သည်။
"အပ်က ဒီရည်ရွယ်ချက်အတွက်လား"
ရှန့်ချန့်ယန် : "ခင်ဗျားတို့က လှည့်စားဖို့ လွယ်လွန်းတယ်၊ အဲဒီအရုပ်ပေါ်က သွေးစက်တွေက အကြာကြီးရှိနေတာ၊ အပ်က အခန်းထဲမှာ ဘယ်လိုလုပ် ရှိနေနိုင်မလဲ၊ အဲဒါကို ခုမှပဲ သုံးတာ၊ ကျွန်တော် သွေးကိုသုံးပြီး ရွှယ်ချွမ်း ကို ဆွဲဆောင်ခဲ့တာ၊ ရွှယ်ချွမ်း လွတ်လာတာနဲ့ သူ အမုန်းဆုံးလူကို သတ်မှာပဲ ပြီးတော့ ချန်ဇယ် က ကျွန်တော့်အတွက် သက်သေခံပေးခဲ့တယ်၊ ခင်ဗျားတို့ လူကောင်းတွေက တကယ်ပဲ အသုံးမကျဘူး"
ဟိုင်ရိက အပြုံးဖြင့် ပြန်ပြုံးလိုက်သည်။ သူလည်း ခံစားချက်ချင်း တူညီ၏။
'လူကောင်းတွေက ဘာကိုမှ တကယ်မသိခဲ့ကြဘူး၊ ရှန့်ချန့်ယန်က သဲလွန်စတွေကို ရှင်းရှင်းလင်းလင်း ဖျောက်ထားခဲ့တယ်၊ အဲဒါတွေမရှိရင် သူတို့ တကယ် ဘာမှ နားမလည်နိုင်ခဲ့ဘူး၊ ရှန့်ချန့်ယန် ရဲ့ အရုပ်ပေါ်မှာ သွေးတွေရှိတာကို မြင်ပြီးနောက် သရဲကို သွေးနဲ့ ဆွဲဆောင်လို့ရတယ်လို့ သူတို့ တွေးခဲ့သင့်တယ်'
ဟိုင်ရိ : "ဘာလို့ ရွှယ်ချွမ်း က ယွီရှန့် ကို မသတ်ခဲ့တာလဲ၊ ယွီရှန့် က သူမရဲ့ ခန္ဓာကိုယ်ကို ယူပြီး သူမကို လွှမ်းမိုးထားတာတောင်"
ရှန့်ချန့်ယန် : "ရွှယ်ချွမ်း က ခင်ဗျားကို မပြောခဲ့ဘူးလား၊ သူ(မ) ထွက်သွားခင် ပြောခဲ့တယ်လေ"
ဟိုင်ရိက မျက်နှာတစ်ခုလုံး ရှုပ်ထွေးနေဟန်ဖြင့် စဉ်းစားနေ၏။
ရှန့်ချန့်ယန်က မျက်လုံးမှိတ်လိုက်ပြီး အသံနှိမ့်ကာ
"သူ(မ) အသက်ရှင်စဉ်က မိခင်တစ်ဦးဖြစ်ခဲ့တယ်"
"ရွှယ်ချွမ်း က သူ့သမီးနှစ်ယောက်ကို ဘယ်တော့မှ မသတ်ဘူး"
ရှန့်ချန့်ယန်က ပြော၏။
"သူ့သမီးနှစ်ယောက်က သူ့ကို ဘယ်လိုပဲ အသုံးချပါစေ၊ သူတို့ဆီက သတ်ဖို့ စိတ်မရှိဘူး မိခင်တစ်ဦးရဲ့ မေတ္တာက အစွဲအလမ်းအခံဆုံး မေတ္တာပဲ၊ ရွှယ်ချွမ်း ရဲ့ အခန်းမှာ ယွီရှန့် ရှိနေတယ်ဆိုတာက ဇာတ်ကောင်တွေက အသက်မရှိတာနဲ့ လူတွေက အသက်ရှင်တာပဲ၊ သူ(မ)က ကိုယ့်ကိုယ်ကို မိခင်တစ်ဦးအဖြစ် ခံယူပြီး ဇာတ်ကောင်ထဲမှာ နက်နက်ရှိုင်းရှိုင်း ဝင်သွားခဲ့တယ်၊နောက်ဆုံးနေ့အထိတောင် သူ(မ) ကျွန်တော့်ကို သိပ်တွန်းအားမပေးခဲ့ဘူး၊ သိပ်လည်း ရုန်းကန်မနေခဲ့ဘူး"
ရှန့်ချန့်ယန်က ဒီအချက်ကို ရောက်တော့ ဆက်မပြောတော့ပေ။ သူ့နှုတ်ခမ်းများ ပါးသွားပြီး ပါးစပ်ကို ပြုံးရယ်နေဟန်ဖြင့် ပိတ်လိုက်၏။
ဟိုင်ရိက နားလည်သွားသည်။
"အာ.... မိခင်တစ်ဦးရဲ့ မေတ္တာ"
ဟိုင်ရိက နားမလည်ဘူးလို့ မပြောနိုင်ပေမယ့် နားလည်တယ်လို့လည်း မပြောနိုင်ပေ။ ဘယ်လိုပဲဖြစ်ဖြစ် မိခင်တစ်ဦးရဲ့ မေတ္တာဟာ အစွဲအလမ်းအခံဆုံး မေတ္တာ၊ လူ့စိတ်ခံစားမှုအားလုံးရဲ့ ပထမဆုံးဖြစ်၏။ အနာဂတ်မှာ တခြားစိတ်ခံစားမှုများစွာဟာ ဒီစိတ်ခံစားမှုကနေ ကွဲထွက်လာမှာဖြစ်ပေမယ့် ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ နှလုံးသားတိုင်းမှာ မိခင်တစ်ဦးရဲ့ မေတ္တာအစေ့အညှောက်ပါဝင်လေသည်။ ဟိုင်ရိရဲ့ အသားပေါ်မှာ ကြက်သီးမွေးညင်းတွေ ထလာ၏။
ဒီလုံးဝ မှိုင်းမှိုင်းပျပျ၊ လျှို့ဝှက်ဆန်းကြယ်၊ ဆံပင်ထောင်မွေးထောင်စေတဲ့ ဇာတ်လမ်းထဲမှာ မျှော်လင့်မထားတဲ့ ရိုးသားမှုတစ်ခု ရှိနေ၏။
ရှန့်ချန့်ယန် : "အဲဒါက သူဆုံးသွားတာရဲ့ အကြောင်းရင်းပဲ"
သူမ မထွက်ခွာခင် ပြောခဲ့တဲ့ စကားတွေကို စဉ်းစားရင်း ဟိုင်ရိရဲ့ ရင်ထဲမှာ မွန်းကျပ်မှုခံစားရ၏။
ရှန့်ချန့်ယန် အနည်းငယ် လျှောကျသွားသည်။
"လိမ္မော်သီးတွေ စားပါဦး"
ဟိုင်ရိက ရှန့်ချန့်ယန်ရဲ့ ခေါင်းမာပြီး အေးစက်တဲ့ မျက်နှာကို ကြည့်လိုက်ပြီး ရှန့်ချန့်ယန်က ဘာကြောင့် မာနမကြီးတာလဲဆိုတဲ့ အကြောင်းရင်းက ဒါကြောင့် ဖြစ်နိုင်သည်ဟု စိတ်ထဲကနေ တွေးလိုက်သည်။ ဒါ့အပြင် တစ်ယောက်ယောက်ကို ရှုံးနိမ့်စေဖို့ ရည်ရွယ်ချက်ဘယ်တော့မှ မရှိခဲ့ပေ။
ဟိုင်ရိက လိမ္မော်သီးများကို အခွံနွှာလိုက်ရာ ချိုမြိန်သော ရနံ့က သူ့နှာခေါင်းထဲသို့ ချက်ချင်း ဝင်ရောက်လာပြီး ကားထဲက မှိုင်းညို့နေသော လေကို လန်းဆန်းစေသည်။ ဟိုင်ရိက အဖြူရောင် အမျှင်များကို ဆွဲထုတ်ပြီး တစ်ခုကို ရှန့်ချန့်ယန်၏ ပါးစပ်သို့ ပေးလိုက်၏။
ရှန့်ချန့်ယန်က ပါးစပ်ဖွင့်ပြီး နဖူးကို တွန့်ကြေစေကာ တစ်ခုကို စားလိုက်ပြီးနောက် မျက်လုံးများကို ပြန်ဖွင့်လိုက်သည်။
"ဒီလောက် ချဉ်တယ်လား"
"ချဉ်လား"
ဟိုင်ရိက တစ်လုံးကို သူ့ပါးစပ်ထဲသို့ ထည့်လိုက်သည်။
"...ချီး..."
ဟိုင်ရိ သူ့လျှာကို ကိုက်မိလုနီးပါး ဖြစ်သွား၏။ အရသာကို လျှော့ချရန် တစ်ခုခု ရှာဖွေခဲ့သော်လည်း ရေမဝယ်လာမိကြောင်း သဘောပေါက်သွားသည်။ ခဏတာ ခံစားရသော ဒုက္ခကို မခံနိုင်တော့ဘဲ သူ့ပေါင်များကို ထပ်ခါတလဲလဲ ရိုက်၊ နားများကို ဆွဲ၊ ပါးပြင်များကို ကုတ်ခြစ်နေတော့၏။
ရှန့်ချန့်ယန်က မျက်လုံးဖွင့်လိုက်ရာ ဟိုင်ရိ၏ အလွန်စိတ်မကောင်းဖြစ်နေသော ပုံစံကို တွေ့လိုက်ရသည်။ သူ့ကိုယ်သူ မထိန်းနိုင်တော့ဘဲ ဝမ်းသာအားရ ခေါင်းငုံ့လိုက်၏။ ခဏအကြာတွင် ရုတ်တရက် အားရပါးရ ရယ်မောလိုက်ပြီး ကုလားထိုင်ပေါ်သို့ လဲကျသွားသည်။ တော်တော်ရယ်ရသည်ဟု ခံစားရသော ဟိုင်ရိလည်း ရယ်မောလိုက်၏။
ကားထဲတွင် ရှေ့က အရူးလေးနှစ်ယောက်၏ ရူးသွပ်သော၊ ချုပ်တည်းထားသော ရယ်သံများသာ ကြားနေရပြီး ရံဖန်ရံခါ ပေါင်ကို ရိုက်သံနှင့် ရောထွေးနေသည်။
ဘတ်စ်ကားသမားက သူတို့ကို လှည့်ကြည့်လိုက်သည်။ သူ့စိတ်လည်း ကြည်လင်လာပြီး သူက ကြေညာလိုက်လေ၏။
"ထွက်တော့မယ်"
🌟🌟🌟