Chapter (1)
Viewers 1k

Chapter (1)

ရည်းစားဟောင်း



ခမ်းနားထည်ဝါသော ခန်းမထဲတွင် ပြောင်လက်တောက်ပစွာ ၀တ်စားဆင်ယင်ထားသည့် အမျိုးသားများနှင့် အမျိုးသမီးများ ရောထွေးနေသည်။ မီးရောင်များက လင်းထိန်ကာ အလှဆင်ထားမှုများက အလွန်တောက်ပနေသဖြင့် ဖန်းချူ မျက်မှောင်ကြုတ်သွားသည်။


သူသည် အာရုံစူးစိုက်မှုဗဟိုဖြစ်သော အရှေ့ရှိလူအုပ်ထဲမှ လူကို မကြည့်မိမီအထိ ထောင့်တစ်နေရာသို့ တိတ်တဆိတ် ဆုတ်သွားခဲ့သည်။


စီးပွားရေးခေါင်းဆောင်တွေ၊ ဒါရိုက်တာတွေ၊ နာမည်ကြီး အနုပညာရှင်တွေ၊ မော်ဒယ်တွေနဲ့ တခြားသူတွေ အများ​ကြီး ရှိနေပြီး သူတို့အားလုံးဟာ ဆွဲဆောင်မှုရှိပြီး ကြည့်ကောင်းကြပေမယ့် ဒီလိုပတ်ဝန်းကျင်မျိုးမှာတောင် အဲဒီလူက ကြက်တွေကြားထဲက ကြိုးကြာငှက်တစ်ကောင်လို ပေါ်လွင်နေသေးသည်။ 


ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ အဲဒီလူကို ဖမ်းမိသူက သူတစ်ဦးတည်း မဟုတ်မှန်း သူ သတိထားမိလိုက်သည်။ သူ့ပတ်ဝန်းကျင်က လူတွေကလည်း အဲဒီလူရဲ့ နောက်ခံ လက္ခဏာအကြောင်း တိုးတိုးလေး ခန့်မှန်းနေကြ၏။ ဒီလူကို သိပ်မရင်းနှီးသလို အရင်က သူ့ကို ဘယ်မှာမှ မတွေ့ဖူးသလိုပင်။ 


ဖန်းချူ ငြိမ်သက်စွာ နားထောင်ရင်း နားစွင့်ထားလိုက်သည်။ သူ့နှလုံးသားကလည်း ကြောင်တစ်ကောင် ကုပ်ခြစ်နေသလိုမျိုး မဖြေနိုင်သော သိချင်စိတ်များ ပြည့်နှက်လာသည်။ 


ဒါဆို ဒီဆွေးနွေးမှု ပြီးသွားတောင် ဘာလို့ ဘယ်သူကမှ သူ့ရဲ့ အထောက်အထားကို မဖော်ပြနိုင်ခဲ့တာလဲ။


ဖန်းချူ၏ ဘယ်ဘက်တွင်ရှိ ငယ်ရွယ်လှပသော အမျိုးသမီး မော်ဒယ်လ် သုံးဦးသည် လူအုပ်ထဲမှ ထိုယောက်ျားကို စိုက်ကြည့်နေရင်း သူတို့၏ မျက်လုံးများက တောက်ပလာကာ တိုးတိုးလေး စကားဖောင်ဝိုင်းဖွဲ့နေကြသည်။


မော်ဒယ်မိန်းကလေး A: "ဝိုး... အဲဒီလူက အရမ်းချောတာပဲ အရင်ကဘာလို့ သူ့ကို မတွေ့ဖူးတာလဲ ဖျော်ဖြေရေးနယ်ပယ်မှာ လူသစ်တစ်ယောက်များလား သူ့မျက်နှာက ရိုးရိုးရှင်းရှင်းလေးနဲ့ကို အံ့မခန်း ဆွဲဆောင်မှုရှိလိုက်တာ..."


မော်ဒယ်မိန်းကလေး B: "ရွှီရွှီ... နင့်ခေါင်းက အဲဒါကလွဲရင် တခြားဘာမှ မတွေးနိုင်တော့ဘူးလား? သူ့ကို မသိရင်တောင် သူ့ပတ်ဝန်းကျင်က လူတွေကို မသိဘူးလား... ဥက္ကဌလော်က လူသစ်တစ်ယောက်ကို ယဉ်ယဥ်ကျေးကျေး ဆက်ဆံပေး​နေမှာလား?"


မော်ဒယ်မိန်းကလေး C: "ဟုတ်တယ်... အဲဒီလူက ကြယ်အလင်းဖျော်ဖြေရေးက ဥက္ကဌလော်.. ကြယ်အလင်းဖျော်ဖြေရေးက အခုခေတ် ဖျော်ဖြေရေးနယ်ပယ်မှာ အဓိက နေရာတွေကို သိမ်းပိုက်ထားတာ... ဥက္ကဌလော်ကတောင် သူ့အပေါ် ယဉ်ကျေးသိမ်မွေ့လွန်းနေမှတော့ ဘယ်လိုနည်းနဲ့မှ သိမ်ငယ်တဲ့ ကျော်ကြားသူ မဖြစ်နိုင်ဘူး... ဥက္ကဌလော်... တတ်သစ်စ သရုပ်ဆောင်တွေကို အရေးပေးတာ ဘယ်တုန်းက မြင်ဖူးလို့လဲ"


မိန်းကလေး သုံးယောက်ရဲ့ မျက်လုံးများ ရုတ်ချည်း တောက်ပလာပြီး တစ်စုံတစ်ခုကို သတိပြုမိသွားသလို ထို​ယောက်ျားကို စူးစူးစိုက်စိုက် ကြည့်နေကြသည်။


မော်ဒယ်မိန်းကလေး A- "ချမ်းသာတဲ့ မိသားစုရဲ့ သားဖြစ်နိုင်လား"


မော်ဒယ် B က ခေါင်းခါလေသည်။ 


"မထင်ပါဘူး... အသုံးမကျတဲ့ လူချမ်းသာ ကလေးတွေနဲ့ ဒုတိယမျိုးဆက် ချမ်းသာတဲ့ ကလေးတွေက ဥက္ကဌလော်နဲ့ တန်းတူထိုင်ဖို့ မဖြစ်နိုင်ဘူး... ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် သူက ကြီးကျယ်ခမ်းနားတာတော့ သေချာတယ်"


မော်ဒယ် C: "အဓိက ကတော့ သူက အရမ်းကြည့်ကောင်းတာပဲ..."


ဒါကိုကြားတော့ အရမ်းစိတ်လှုပ်ရှားနေတဲ့ မော်ဒယ် A က ခေါင်းငုံ့ပြီး အရမ်းစိတ်ပျက်သွားတယ်။ သူမ သက်ပြင်းချရင်း 


"ဟူး... တကယ်လို ငါတို့လို ကြယ်ပွင့်လေးတွေ.. နာမည်ကြီး အနုပညာရှင် ဒါမှမဟုတ် မော်ဒယ်တစ်ယောက်ဆိုရင် ပိုက်ဆံပေးရရင်တောင် သူ့ကို စကားစမြည် ပြောခွင့်ရဦးမှာ... အခုတော့ အခွင့်အရေး မရှိတော့လောက်ဘူး... ဒီလိုလူက ငါတို့ကို အရှက်ရစေမှာ သေချာတယ်..."


သုံးယောက်သား သက်ပြင်းချပြီး မှုန်ကုပ်ကုပ်လေး ဖြစ်သွားကြသည်။ နောက်ဆုံးတော့ သူတို့လို မော်ဒယ်လေးတွေအတွက် ဒီကိုရောက်လာတာ ကောင်းချီးတစ်ခုပါပဲ။ စပွန်ဆာတစ်ဦးနှင့် ချိတ်ဆက်ရန် မျှော်လင့်ထားသော်လည်း ဥက္ကဌလော်လို အဆင့်ကိုတော့ စိတ်ကူးမယဉ်နိုင်ပေ။ အလွန်အထင်ကြီးခံရပုံရပြီး ဥက္ကဌလော်ကတောင် လေးလေးစားစား ဆက်ဆံတဲ့ ဒီလျှို့ဝှက်ဆန်းကြယ်တဲ့လူက ပိုတောင် ဝေးသွားသေးသည်။ 


သေချာပေါက် သူမတို့ကို ပိုလို့တောင် နှိမ့်ချလာလိမ့်မည်။


ဖန်းချူလည်း စိတ်ပျက်လက်ပျက် သက်ပြင်းချလိုက်သည်။ အဆိုပါ အမျိုးသား၏ အမည်နာမကို စုံစမ်းမေးမြန်းရန် ကြိုးပမ်းခဲ့သော်လည်း အတိအကျ မသိရသေးပေ။


အတင်းအဖျင်းတွေ စုဝေးနေတဲ့ ဒီလိုနေရာမျိုးမှာ ထိုသူ့ကိုယ်ပိုင်လက္ခဏာကို ဘယ်သူကမှ ထုတ်မပြောနိုင်ကြ။ 


သူ အရမ်းနိမ့်ကျနေလို့များလား?


ရှုပ်ထွေးသော အမူအရာဖြင့် ရှေ့ကို လှမ်းကြည့်လိုက်သည်။ အဝေးကလူက တစ်ခုခုကို အာရုံခံပုံပေါက်ပြီး ခေါင်းကိုလှည့်ကာ မျက်ခုံးဖြောင့်ဖြောင့်၊ အေးစက်စက် အကြည့်တွေဖြင့် လှည့်ကြည့်လာသည်။ ဖန်းချူ ခေါင်းကို အမြန်ငုံ့ချလိုက်ပြီး နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်သည်။ မျက်နှာကိုလည်း လက်ဖြင့်အုပ်ကာ နှလုံးက တဒုန်းဒုန်း ခုန်လာသည်။


ယွိစစ်ကျဲ နဲ့ ထပ်တွေ့ဖို့ သူ တကယ်ကို ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပါဘူး။


ပြီးတော့ ဒီလို မမျှော်လင့်ထားတဲ့ အခြေအနေမျိုးမှာပေါ့။ 


တကယ်တော့ ယွိစစ်ကျဲသာ ဒီလို တစ်သတ်မမေ့နိုင်တဲ့ မျက်နှာမျိုး မရှိခဲ့ဘူးဆိုရင် တစ်ဖက်လူအပေါ် သူ့ရဲ့ စွဲလမ်းမှုကလည်း ဒီလောက် လေးနက်နေမှာ မဟုတ်ချေ။ နောက်ဆုံးတွင် တစ်ဖက်လူသည် သူနှင့် ခဏတာ ဆက်ဆံရေးရှိခဲ့သည့် ရည်းစားဟောင်းတစ်ဦးသာ ဖြစ်ပြီး နှစ်နှစ်တာလုံး ပျောက်ကွယ်သွားခဲ့သည်။


သူ့အတွက်ကတော့ သူစိမ်းတစ်ယောက်ထက် မပိုတော့ပါ။ တစ်ယောက်နဲ့တစ်ယောက် ကြိုက်လို့ ဆုံမိကြပြီးနောက် အမှတ်တမဲ့ လမ်းခွဲခဲ့ကြတာပင်။


ဖန်းချူသည် သူ့အတိတ် သို့မဟုတ် သူ့အထောက်အထား အကြောင်းအား ဘယ်သောအခါမှ မမေးမိသလို မလိုအပ်ဘူးဟုလည်း ယုံကြည်ခဲ့သည်။ အမှန်တော့ အနှီရိုးရိုးရှင်းရှင်း ချစ်သူက သူ့ရဲ့ကိုယ်ရေးကိုယ်တာအမှန်ကို ဖုံးကွယ်ထားတဲ့ ချမ်းသာတဲ့ လူတစ်ယောက် ဆိုတာ ဘယ်သူက စိတ်ကူးယဉ်နိုင်ပါ့မလဲ။


တကယ်လို့ ဒီကမ္ဘာပေါ်မှာ သူနဲ့တူတဲ့သူ တခြားဘယ်သူမှ မရှိနိုင်ဘူးဟု သေသေချာချာ မသိထားပါက ဖန်းချူသည် သူ လူမှားနေသလားဟု သံသယဖြစ်မိလိမ့်မည်။


ယခုအချိန်တွင်တော့ ဖန်းချူသည် ဥက္ကဌလော်နှင့် ပျော်ရွှင်စွာ စကားစမြည် ပြောနေသော ယွိစစ်ကျဲကို လှမ်းကြည့်ကာ ဝမ်းနည်းမျက်ရည်များကို တွန်းလှန်ရင်း ဤသည်မှာ လောကကြီးက လူကို ကစားနေကြောင်း သက်ပြင်းချမိ၏။ 


နောက်ဆုံးတွင် သူသည် ဤအပျော်စီးသင်္ဘောပေါ်က ပါတီသို့ ဖိတ်စာတစ်ခုရခဲ့သည်။ ကုမ္ပဏီ၏ သူဌေးကြီး လော်ကျင့်ယိ အပြင် နာမည်ကြီးများ၊ ဒါရိုက်တာများ၊ ထုတ်လုပ်သူများနှင့် အခြားသူများလည်း တက်ရောက်ကြမည်ဟု ဆိုသည်။ သူ့လို လူနည်းစုသာသိတဲ့ တတ်သစ်စ ကြယ်ပွင့်တစ်ယောက်အတွက် သူ့ကိုယ်သူ မြှင့်တင်ဖို့ အခွင့်အရေးကောင်း တစ်ခုပါပဲ။ သူသည် သူဌေးနှင့် ရင်းနှီးလာစေရန် ရည်မှန်းထားခဲ့သော်လည်း ယခုအခါ ရှာဖွေတွေ့ရှိမှုကို ကြောက်ကာ ထောင့်တစ်နေရာမှာ ပုန်းနေခဲ့ရသည်။


အရင်တုန်းက... မိမိကပဲ သူနဲ့ လမ်းစခွဲလိုက်သလိုပဲ။


ဒီလိုဖြစ်လာမယ် ဆိုတာသာ သိခဲ့ရင် ငါဒီလို ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ချပစ်မှာ မဟုတ်ချေ။ မဟုတ်ပါက ယွိစစ်ကျဲနဲ့ ဥက္ကဌလော်တို့ရဲ့ ဆက်ဆံရေးကြောင့် သူ ဇာတ်ပို့ဇာတ်ရုပ်လေးကို ဆက်လက် ကစားနေဖို့ မလိုတော့ပေ။ တစ်ချိန်က သူ့မှာ ချမ်းသာကြွယ်ဝတဲ့ တောင်တစ်ခု ရှိခဲ့ပေမယ့် သူကတော့ ဒါကိုတောင် သတိမထားမိခဲ့ပါဘူး။ ပြီးတော့ သူ့ရဲ့ Alipay နဲ့ Huabei ချိန်ခွင်လျှာကို တွေးကြည့်ရင်း ရင်ဘတ်ကိုထုကာ ခြေထောက်ကိုလည်း ထုရိုက်လျှင်ပင် သူ့နောင်တကို ဖော်ပြရန် မလုံလောက်ချေ။ 


ဖန်းချူသည် လွမ်းဆွေးသော အကြည့်ဖြင့် သူ့ဖုန်းကို ထုတ်လိုက်သည်။ သူသည် အစကတော့ "ငါ့ရည်းစားဟောင်းကို မထင်မှတ်ဘဲ တွေ့လိုက်ရတဲ့အချိန် သူက မယုံနိုင်လောက်အောင် ချမ်းသာနေတာကို တွေ့ခဲ့ရင် ဘယ်လိုလုပ်မလဲ" ဟု ပို့စ်တင်ချင်ခဲ့သည်။ သို့သော် ၎င်းသည် အထိန်းအကွပ်မဲ့လွန်းလှပြီး လျှို့ဝှက်ဆန်းကြယ်မှု ကင်းမဲ့နေမှန်း သဘောပေါက်လာသောကြောင့် သူသည် ဖြည်းညှင်းစွာဖြင့် "သန်းတစ်ရာကို လွတ်သွားသလို ခံစားရတယ်..." ဟုသာ ပို့စ်တင်ခဲ့လိုက်သည်။ 


လူတိုင်းရဲ့ နှစ်သိမ့်မှုနဲ့ သိချင်စိတ်ကို ဆုပ်ကိုင်ထားဖို့ မျှော်လင့်ခဲ့ပေမယ့် မထင်မှတ်ပဲ လိုက်ခ်ပေါင်း တစ်ဒါဇင်ကျော်သာ ရခဲ့ပြီး ဘယ်သူကမှ ပြန်မဖြေခဲ့ကြပေ။ 


ဖန်းချူ : "......"


ကျစ်! အကြင်နာကင်းမဲ့သူတွေ။


သူဘာတွေ လွဲချော်နေလဲ ဆိုတာကိုတောင် ဘယ်သူမှ လာမမေးကြဘူး !


စိတ်ပျက်စရာပဲ။


ဖန်းချူသည် သူ့ပုံရိပ်က ဘယ်လိုဖြစ်နေလဲတောင် မသိဘဲ သော့ခတ်ထားသော စခရင်ခလုတ်ကို တိတ်တဆိတ် နှိပ်လိုက်ပြီး ယွိစစ်ကျဲ၏ ဦးတည်ရာဆီသို့ တစ်ချက် လှမ်းခိုးကြည့်လိုက်သည်။ 


အပေးအယူ အဆင်မပြေခဲ့ရင်တောင် ခင်မင်ရင်းနှီးမှု ရှိပါတယ်မလား၊ ဘာလို့ အစပျိုး နှုတ်ဆက်စကား သွားမပြောရမှာလဲ။ 


ဒါပေမယ့် သူ့အထက်လူကြီးနဲ့ ဝတ်ကောင်းစားလှနဲ့ အောင်မြင်နေတဲ့သူတွေကို ကြည့်ပြီး ဖန်းချူရဲ့ မျက်လုံးတွေက ခက်ခက်ခဲခဲ ရုန်းကန်ကာ နောက်ဆုံးမှာတော့ သူ အကြံအစည်ကို စွန့်လွှတ်လိုက်ပါတော့သည်။ 


ခဏနေတော့ သူ့ဖုန်းက ရုတ်တရက် လင်းလာပြီး ခယ်ခယ်ဆီက စာအိတ်အနီနဲ့ WeChat က သူ့ကို အကြောင်းကြားစာ ရောက်လာ၏။ ဖန်းချူ စာကို အမြန် ပွတ်ဆွဲဖွင့်လိုက်သည်နှင့် ခယ်ခယ်၏ မက်ဆေ့ချ်ကို တွေ့လိုက်ရသည်။ 


"စိတ်မကောင်းမဖြစ်ပါနဲ့....တစ်ပြားမှ မရခဲ့တာလေးပဲမလား....ငါ မင်းကို အဆ 100 ပေးမယ်လေ.."


ဖန်းချူးသည် ခံစားချက်များ ရောထွေးနေရာမှ စာအိတ်အနီကို ဖွင့်လိုက်သည်။ ဒါပေါ့။ ယွမ်တစ်ယွမ်ပါပဲ။ 


ပြုစုစောင့်ရှောက်ရတာ ကောင်းတယ်လို့ ခံစားမိပေမယ့် အခု သူ့ (၁၀) နှစ်သား တူလေးတောင်မှ သူ့ကို ဒီလိုပဲ ထင်ခဲ့တာ။ သူတစ်ပြားတစ်ချပ်မှ မရတာနဲ့ ယွမ်တစ်ဘီလီယံလောက် လွဲချော်သွားတာကိုလည်း စနောက်တယ် ထင်နေသလားမသိ၊ ဒီတစ်​ခါ​တော့ သူတကယ်​ လွဲချော်သွားတာ။ 


ဖျော်ဖြေရေးနယ်ပယ်မှာ အရေးကြီးဆုံးက ဘာလဲ။ တစ်စုံတစ်ယောက်က ကျောထောက်နောက်ခံ ပေးတာလေ။ 


တစ်ချိန်က သူ့ရှေ့မှာ ကြီးမားတဲ့ ကျောထောက်နောက်ခံ လူတစ်ယောက် ရှိခဲ့ပေမယ့် သူ တစ်ဖက်လူကို မလေးစားခဲ့ချေ။ နောက်တစ်ကြိမ် အခွင့်အရေးရရင် ...


ထားလိုက်ပါတော့... မပြောနေတော့ဘူး...


"ဟေ့ လူချောလေး... တို့နဲ့ WeChat မှာ အပ်လို့ရမလား"


ထိုစဥ် နံဘေးနားမှ ချိုမြသော အသံတစ်သံက လှမ်းခေါ်လာခဲ့သည်။


ဖန်းချူ အသိပြန်ဝင်လာပြီး ဘေးလှည့်လိုက်သော် အဖြူရောင်ပခုံးပေါ် ၀တ်စုံဖြင့် အနီးအနားတွင် ရပ်နေသော မိန်းကလေးတစ်ဦးကို တွေ့လိုက်ရ​လေသည်။ သူမတွင် ချိုမြိန်သောမျက်နှာနှင့် ချစ်စရာကောင်းသော ပါးချိုင့်လေးများ ရှိသည်။ အစောက စကားဝိုင်း ကောင်မလေးသုံးယောက်ထဲက ရွှီရွှီပါပဲ။ 


ပြန်စဥ်းစားကြည့်လိုက်တော့ သူမသည် ယွိစစ်ကျဲ၏ အမှတ်သညာကို သိချင်ပုံရခဲ့ပြီး သူ၏ ထူးထူးခြားခြား အဆင့်အတန်းကို သိလာသောအခါ သူမသည် မိမိဘာသာ အသိတရားဖြင့် သက်ပြင်းချလိုက်​လေသည်။ 


အခုဘာလို့ သူ့ကို ချဉ်းကပ်နေတာလဲ။


ယွိစစ်ကျဲ၏ လိင်ပိုင်းဆိုင်ရာ တိမ်းညွှတ်မှုကိုတွေးတောရင်း သူ့စိတ်ထဲ ပြောလိုက်သည်က 'မင်းတို့လမ်းမှာ ရပ်နေတဲ့ အကြီးမားဆုံး အတားအဆီးက အတန်းအစား မဟုတ်ဘူး... မင်းက မိန်းကလေးတစ်ယောက် ဖြစ်နေတယ် ဆိုတဲ့အချက်ပဲ' ဟု တွေးခဲ့သည်။ ဖြတ်လျှောက်သူများအနေဖြင့် ဖန်းချူ၏အကြည့်များ ပျော့ပြောင်းသွားသည်။ 


"ကောင်းပြီလေ..."


ရွှီရွှီသည်လည်း သူမ ဖန်းချူထံ ချဉ်းကပ်နိုင်လိမ့်မည်ဟု မမျှော်လင့်ထားသဖြင့် ခဏတာ အံ့အားသင့်သွားသည်။ သူမသည် သူမ၏ ပစ်မှတ်အတွက် လူအုပ်ကို ရှာဖွေနေတုန်း ထူးထူးခြားခြား အသွင်အပြင်ရှိသော ဖန်းချူကို တွေ့လိုက်၏။ သူမည်သူမည်ဝါ ဖြစ်သည်ကို သူမ သေချာမသိသော်လည်း ချဉ်းကပ်​ကြည့်ခဲ့သည်။ သူသည် ထိုနေရာတွင် ငြိမ်သက်စွာ ရပ်နေကာ သူ၏ နူးညံ့သိမ်မွေ့သောအသွင်အပြင်က ပို၍ပင် စွဲမက်ဖွယ် ဖြစ်စေသည့်အပြင် ထူးခြားသော လွမ်းဆွေးခြင်း အငွေ့အသက်များဖြင့်လည်း ဖုံးလွှမ်းထား​​သေးသည်။ 


အရမ်းထူးခြားတယ်။


သူ့ကိုကြည့်ရတာ သာမာန်လူတစ်ယောက်လိုပင်။ ယနေ့ပါတီတွင် ချမ်းသာကြွယ်ဝသော ဒုတိယမျိုးဆက်များစွာ ရောက်နေသဖြင့် သူသည် ၎င်းတို့အနက်မှ တစ်ဦးဖြစ်နိုင်သည်။


ဖန်းချူသည် အလွန်ပေါ့ပါးနေသော ရွှီရွှီ၏ အပြုံးကို မြင်လိုက်ရသောအခါ ပို၍ပင် ချိုမြိန်လာသည်။ သူမသည် လိလိနှင့် အန်းနကို မှိတ်ပြပြီး သူမအတွက် အဆင်ပြေချောမွေ့ကြောင်း ညွှန်ပြလိုက်သည်။ 


"ကျွန်မနာမည် ရွှီရွှီပါ... အစ်ကိုချောလေး နာမည်ကို သိခွင့်ရှိမလား မသိဘူး?"


ဖန်းချူ သူမ နားလည်မှုလွဲနေမှန်း သိသည်။ ကောင်မလေးက ချစ်ဖို့ကောင်းပေမယ့် နည်းနည်းတော့ မျက်စိမမြင်ချေ။ သူနဲ့ ပရောပရည်လုပ်တာ ဘာအကျိုးမှမရှိဘူးလေ။ ဖန်းချူသည် ဖျော်ဖြေရေးနယ်ပယ်တွင် ရှိသော်လည်း သူသည် လိင်တူချစ်သူ ဖြစ်သောကြောင့် အခြားမိန်းကလေးတစ်ဦးကို အခွင့်ကောင်းယူရန် ထိုကဲ့သို့ နားလည်မှုလွဲမှားခြင်းကို အသုံးချမည် မဟုတ်ချေ။ ဒါကြောင့် သူက ပွင့်ပွင့်လင်းလင်း ပြုံးလိုက်ပြီး။ 


"ဖန်းချူ... ငါက ကြယ်အလင်း Entertainment လက်အောက်က အနုပညာရှင်ပါ... မင်းကရော"


ဤဖော်ပြချက်က သူ့အမည်ကို ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြသခဲ့​ပြီး​ပြီ။ သူသည် ကြယ်အလက်း Entertainment လက်အောက်ရှိ အနုပညာရှင်တစ်ဦး ဖြစ်ခဲ့သော်လည်း လုံး၀ လူမသိသေးသော ကြယ်ပွင့်လေးသာ။ သူသည် ဥက္ကဌလော်ကိုတွေ့ရန် လာခဲ့သည့် အဆင့်၁၈ ကြယ်ပွင့် ဖြစ်တာကြောင့် သူ့အခြေအနေက သူမတို့လို ခေတ်စားမော်ဒယ်လ်လေးတွေထက် အများကြီး ပိုမဆိုးပါဘူး။ သူသည် သူမ စိတ်ကူးယဉ်ခဲ့သော ချမ်းသာသော ဒုတိယမျိုးဆက်လည်း မဟုတ်နေခဲ့။


ရွှီရွှီ အံ့သြသွားသည်။ သူမသည် အလွန်ချစ်စရာကောင်းသောကြောင့် သူမ၏ မှိန်းနေသောအကြည့်ကပင် စွဲမက်ဖွယ်ကောင်းပြီး သူမမျက်နှာကို ဖျစ်ညှစ်ပစ်ချင်လာသည်။ အတွေးတွေက နှေးသော်လည်း သူမ တုံးအသည်ဟု မဆိုလိုပါ။ သူမကတော့ လူမှားသွားကြောင်း လျင်မြန်စွာ သဘောပေါက်ပြီး စိတ်ဆိုးနေပုံရသည်။ သို့သော် သူမသည် ဒေါသကို ချက်ချင်းမဖော်ပြဘဲ ထွက်ခွာမသွားခဲ့။ ယင်းအစား သူမက ဖန်းချူကို ရှက်ရွံ့စွာ ပြုံးပြကာ တိုးတိုးလေးပြောလိုက်သည်။ 


"ကျွန်မနာမည်က ရွှီရွှီ... ရှင့်wechatကို စကင်ဖတ်လို့ရမလား?"


ဖန်းချူ လန့်သွားသည်။ WeChat မှာ သူ့ကို ထပ်အပ်ဖို့ တောင်းဆိုနေသေးတာကို တွေ့ရတော့ သူလည်း ဖုန်းကိုထုတ်ပြီး စကင်န်ဖတ်ကာ သူငယ်ချင်းတောင်းဆိုချက်ကို အမြန်လက်ခံလိုက်၏။ 


ရွှီရွှီက သူ့ကို မျက်တောင်ခတ်​ပြပြီး အသက်ရှူသွင်းကာ ပွင့်ပွင့်လင်းလင်း ပြောပြသည်။ 


"တကယ်တော့ ကျွန်မအခုနက စိတ်တွေအရမ်းပူနေတာ...ကျွန်မ တောင်းဆိုတာက ရှင့်အတွက် အဆင်မပြေဖြစ်မှာဆိုးတာ... ဒီလိုပွဲမျိုးကို ဒါ ကျွန်မရဲ့ပထမဆုံးအကြိမ် တက်ဖူးတာ... အစ်မလိလိ ကျွန်မကို ခေါ်လာတော့ ဖျော်ဖြေရေးကုမ္ပဏီတွေက ဒါရိုက်တာတွေ၊ သူဌေးကြီးတွေနဲ့ တွေ့နိုင်မယ်လို့ ပြောတယ်...တကယ်လို့ သူတို့မျက်လုံးထဲ ဝင်နိုင်ရင် မော်ဒယ်တစ်ယောက်ဖြစ်လာဖို့ စိတ်ကူးယဉ်နိုင်ပြီ.... ကျွန်မက မော်ဒယ်လေးပဲ ဆိုပေမယ့် ကြယ်ပွင့်ကြီးဖြစ်ဖို့ အိပ်မက်ရှိတယ်!"


ဖန်းချူ မရယ်ဘဲ မနေနိုင်တော့ဘဲ အပြန်အလှန် လေးစားမှု ခံစားချက်က ရုတ်တရက် နက်ရှိုင်းလာသည်။ သို့နှင့် သူ့ဘက်ကလည်း လေးလေးနက်နက် ပြောလိုက်သည်။ 


"ကြိုးစားထား!"


ရွှီရွှီ၏ မျက်လုံးများက ရယ်မောလိုက်တာကြောင့် ကျဉ်းမြောင်းသွားသည်။ သူမသည် အချိန်အနည်းငယ်ကြာအောင် စကားစမြည်ပြောချင်ပုံရသော်လည်း သူမကို လိုက်ရှာနေပုံရသည့် လိလိနှင့် အန်းနကို တွေ့ရသဖြင့် လှည့်ပြောလာသည်။ 


"တွေ့ရတာဝမ်းသာပါတယ်.... ကျွန်မ အရင်သွားပြီနော်..." 


ဖန်းချူ ခေါင်းညိတ်ပြီးနောက် ကောင်မလေး ချက်ချင်းထွက်သွားတာကို လိုက်ကြည့်​နေခဲ့သည်။ သူသည် သူမ၏ ဆိုရှယ်မီဒီယာထဲ ပေါ့ပေါ့ပါးပါး လှိမ့်ဝင်ကြည့်လိုက်တဲ့အခါ သူမသည် တောက်ပပြီး ချစ်စရာကောင်းကာ ရင်းနှီးသော သူငယ်ချင်းများ၊ မိတ်ဆွေများ၊ မိသားစုများနှင့်အတူ selfie ဓာတ်ပုံများစွာ ရိုက်ထားတာ တွေ့ရလေသည်။ 


သူ့ဖုန်းကို စစ်ကြည့်ပြီးနောက် အမှတ်တမဲ့ ရှေ့ကို လှမ်းကြည့်လိုက်တဲ့အခါ ရုတ်တရက် ယွိစစ်ကျဲက နီးကပ်လာသည်ကို သတိထားမိလိုက်သည်။ တစ်ဖက်လူဟာ တစ်စုံတစ်ယောက်နှင့် စကားပြောနေသော်လည်း ခေါင်းတစ်ချက် လှည့်မိလျှင်ပင် သူ့ကို အလွယ်တကူ တွေ့နိုင်သည်။ ဖန်းချူလည်း သူ့မျက်နှာကို ကာရန် လက်ကို အလျင်အမြန် မြှောက်လိုက်ပြီး ဘေးဘက်သို့ ဆက်လျှောက်သွား​တော့သည်။


ဒါပေမယ့် ဒီညတော့ သူ့ခမျာ ကံမကောင်းပုံပါပဲ။ သူရွှေ့လိုက်တိုင်း ယွိစစ်ကျဲကလည်း ရွေ့သွားသည်။ ဘာပဲဖြစ်ဖြစ် ခန်းမကြီးက အရမ်းကျယ်တာကြောင့် ဖန်းချူ သူ့တည်နေရာ အပြောင်းအရွှေ့ကို ဆက်လုပ်ရတော့မည်။


သူ ပစ်မှတ်ထားခံရသလို ခံစားလာရပေမယ့် ယွိစစ်ကျဲကတော့ သူ့ကို သတိမထားမိခဲ့ပါဘူး။ သူ့အထင်မှားနေတာပဲ ဖြစ်ရမယ်!


သူ့မျက်လုံးတွေကတော့ လက်တွေ့ကျကျ ရှေ့တိုးမသာ နောက်မဆုတ်တတ် ဖြစ်နေတာ မြင်လိုက်ရသဖြင့် ဖန်းချူ သွားများအံကြိတ်ကာ လေကောင်းလေသန့်ရဖို့ အပြင်ထွက်ရန်သာ ဆုံးဖြတ်လိုက်သည်။ သူ တံခါးဆီသို့ ဖြည်းညှင်းစွာ တိုးဝင်ကာ သူ့ရောက်ရှိနေမှုကို လျှော့ချရန် ကြိုးစားပေမယ့် သူ မရောက်ခင် အပြင်ဘက်က စင်္ကြံကနေ အော်သံ အကျယ်ကြီးကို ကြားလိုက်ရလေ၏။ 


"အား.......... လူသေသွားပြီ! အား......"


ဖန်းချူ : "..."