Chapter (7)
Viewers 1k

Chapter (7)

သူသေပြီ



ကောင်မလေး မျက်လုံးထဲက အလင်းရောင်ဟာ တဖြည်းဖြည်း မှိန်ဖျော့သွားခဲ့သည်။ မတ်တပ်ရပ်ဖို့တောင် ခွန်အားမရှိတော့သလို ဒီကမ္ဘာကို ပြန်လာရင်တောင် ဒီကမ္ဘာမှာ အစောကတည်းက သူမအတွက် နေရာမရှိတော့ချေ။ 


သူမ၏ တစ်ခုတည်းသော ဆန္ဒမှာ သူမကို ခုတ်ဖြတ်ခဲ့သူအား လက်စားချေဖို့ ဖြစ်သည်။ သူမမှာ ရန်သူကို သတ်ပစ်ရန် တခြားနည်းလမ်း မရှိသည်သာမက တခြားဘယ်သူကမှ သူမအတွက် လက်စားချေပေးနိုင်မည် မဟုတ်ပေ။


သူမကို ဘယ်သူမှ မကူညီနိုင်ဘူး၊ ဘယ်သူမှ သူမကို ဆွဲမထုတ်နိုင်ဘူး။


ဖန်းချူ ထိုင်ချလိုက်ပြီး သူမကို စိုက်ကြည့်နေသည်။ တခဏမျှ တုံ့ဆိုင်းသွားပြီးနောက်တွင် သူသည် ဖြည်းညှင်းစွာ လက်ဆန့်ထုတ်ကာ သူမနဖူးမှ လွင့်နေသော ဆံပင်များကို ဖြီးရင်း စိတ်အားထက်သန်စွာ ပြောလိုက်သည်။


"သူ အပြစ်ပေးခံရလိမ့်မယ် ငါ မင်းကို ကတိပေးတယ်" 


ထိုစကားကို ကြားသောအခါ ရွှီရွှီ၏ အသက်မဲ့ မှိုင်းမှိုင်းမျက်လုံးများ တောက်ပလာပြီး ဖန်းချူ ကို စူးစူးဝါးဝါး စိုက်ကြည့်နေ​လေသည်။


ဖန်းချူက အနည်းငယ် ပြုံးလိုက်သည်။ 


"မင်း အိမ်ပြန်ရမှာပါ"


ရွှီရွှီ မျက်လုံးတွေ မှိတ်ချလိုက်တဲ့အခါ မျက်ရည်များ ရုတ်တရက် ပြန်စီးကျလာသော်လည်း ယခုတစ်ကြိမ်မှာ သွေးရောင်မဟုတ်ပေ။ ၎င်းတို့သည် ကြည်လင်ပြီး ဖောက်ထွင်းမြင်ရကာ သူမ၏ပါးပြင်ပေါ်သို့ ရွှဲနစ်သွားသည်။ သူမ နှုတ်ခမ်းတွေ လှုပ်သွားပြီး လေသံပျော့ပျော့ဖြင့် ဆို၏။ 


“ကျေးဇူးတင်ပါတယ်” 


ဖန်းချူ ပြုံးပြီး မတ်တတ်ထရပ်လိုက်သည်။ အခု သွားသင့်ပြီ။ 


ရုတ်တရက် ရွှီရွှီက :"အစ်ကိုဖန်းချူ..."


ဖန်းချူ လှည့်ကြည့်လိုက်သည်။


ရွှီရွှီက သူ့ကို ကြည့်ပြီး ရှက်ရွံ့စွာ ပြုံးပြနေသည်။ 


"တောင်းပန်ပါတယ်... ကျွန်မရှင့်ကို အခုနတုန်းက နာကျင်အောင်လုပ်ဖို့ မရည်ရွယ်ခဲ့ပါဘူး ရှင့်ကို တားချင်ခဲ့ရုံပါ..."


ဖန်းချူ သူမကို လှမ်းကြည့်ကာ စောင့်နေသေးသည်။ ဒါပေမယ့် မိန်းကလေးက စကားထပ်မပြောတော့ပါ။ သူမ၏ မျက်လုံးများထဲက အလင်းဟာ လုံးဝပျောက်ကွယ်သွားပြီး ရုပ်တုတစ်ခုလို မလှုပ်မယှက် ဖြစ်သွားသည်။


သူမ သေသွားပြန်ပြီ၊ ဤအကြိမ်ကတော့ နောက်ဆုံးအကြိမ် ဖြစ်​ပေသည်။


ဖန်းချူ လှည့်ထွက်သွားသည်။ သူမကို ထိတ်လန့်တကြား အငွေ့အသက်တွေနဲ့ မတွေ့ရတော့သော်လည်း သူ ဤနေရာတွင် မနေချင်တော့ပေ။ 


သူတို့ ပြန်သွားရာလမ်းမှာ ဘာအတားအဆီးမှ မရှိခဲ့ဘဲ ခန်းမအပြင်ဘက်သို့ လျင်မြန်စွာ ရောက်ရှိလာကြသည်။ သို့သော် သူတို့အထဲသို့ ဝင်ခါနီး၌ ဖန်းချူ ရုတ်တရက် ရပ်တန့်သွားသည်။ သူ ယွိစစ်ကျဲကို လှည့်ကြည့်လိုက်တဲ့အခါ သူ့မျက်လုံးတွေက တစ်ခဏလောက် ရုန်းကန်ရင်း လှည့်ပတ်ကြည့်နေသည်။ 


"ကျန့်ကျစ်ရွေ့.... သူတကယ် အပြစ်ပေးခံရမှာလား?"


ဒီညမှာ ဖြစ်ခဲ့သမျှ အရာအားလုံးက မိုက်မဲလွန်းသည်။ လူသေတစ်ယောက်ရဲ့ စကားကို သက်သေအဖြစ် သုံးနိုင်မှာလား။ ကျန့်ကျစ်ရွေ့ရဲ့ လုပ်ရပ်ကို ဘယ်သူက သက်သေပြနိုင်မလဲ။ မသေချာမရေရာမှုများက များလွန်းသောကြောင့် ကျန့်ကျစ်ရွေ့ အပြစ်ပေးခံရမည်ဟု သူတကယ် အာမမခံနိုင်ပါ။ သူ ရွှီရွှီကို လိမ်ညာပြောမိသလို ဖြစ်ပေမည်။ 


ဒါပေမယ့် သူ မလုပ်နိုင်တာကို ယွိစစ်ကျဲကတော့ လုပ်နိုင်လောက်သည်။ 


ဖန်းချူ၏ မျှော်လင့်နေသော မျက်လုံးများကို မြင်လိုက်ရတဲ့အခါ ယွိစစ်ကျဲ သူ၏ ပါးလွှာသော နှုတ်ခမ်းများကို အနည်းငယ် ခွဲထုတ်လိုက်ပြီး "ခံရမှာ" ဟူသော စကားတစ်ခွန်းကို ထုတ်ပြောလိုက်​​လေသည်။


ဖန်းချူ ချက်ချင်းပင် စိတ်သက်သာရာ ရသွား၏။


သူ့ရည်းစားဟောင်းက အရမ်းချမ်းသာပြီး တန်ခိုးရှင်ပုံပေါက်တာကလည်း အတော်လေး ကောင်းတယ်လို့ ရုတ်တရက် ခံစားလိုက်ရသည်။ 


ဖန်းချူ၏အမူအရာ၊ တောက်ပသောမျက်လုံးများကို ကြည့်ရင်း ယွိစစ်ကျဲ ထိုခဏချင်းတွင် တစ်စုံတစ်ခုကြောင့် ကူးစက်ခံလိုက်ရသလို ခံစားလိုက်သည်။ ယွိစစ်ကျဲ သူ့လက်ကို ကျောနောက်သို့ သိမ်မွေ့စွာထားကာ ကျန်တစ်ဖက်ကို ဖြည်းညှင်းစွာ ဆန့်၍ သူ့ခေါင်းကို ပုတ်ရန် တိုက်တွန်းလိုက်သည်။


ယွိစစ်ကျဲ: "ကိုယ်တို့ ဝင်ကြရအောင်" 


ဖန်းချူက တံခါးကို တွန်းဖွင့်လိုက်သည်။ ခန်းမကြီးက စည်ကားနေဆဲ၊ လူတိုင်း၏ အမူအရာမှာ လေးနက်ပြီး စိုးရိမ်တကြီး ဖြစ်နေသော်လည်း သူ ထွက်သွားချိန်ကနှင့် မတူ​တော့ပေ။


ဘာမှမဖြစ်သေးဘူး၊ အရမ်းကောင်းတယ်။


အရေးတကြီးဆုံး အရာက လိလိနဲ့ အန်းနတို့ကို ရှာဖို့ပဲ။ ဖန်းချူနဲ့ ယွိစစ်ကျဲ အကြည့်ချင်း ဖလှယ်ပြီးနောက် နှစ်ဖက်စလုံးကို လှည့်ကြည့်လိုက်သော်လည်း ပတ်ပတ်လည်ကို လှည့်ကြည့်ပြီးနောက် ခြေရာလက်ရာကို ရှာမတွေ့ခဲ့ပေ။


သူတို့ ဘယ်သွားကြတာလဲ။


ထို့နောက် ဖန်းချူသည် ကျန့်ကျစ်ရွေ့လည်း ပျောက်ဆုံးနေကြောင်း ရုတ်တရက် သတိရသွား၏။ 


အောင်မြင်သွားပြီလား?!


ယွိစစ်ကျဲလည်း ဒါကို တွေးမိပုံဖြင့် စကားမပြောဘဲ မျက်မှောင်ကြုတ်လိုက်သည်။ ထိုအချိန်မှာပင် လော်ကျင့်ယိ ရုတ်တရက် ခုန်တက်လာပြန်၏။ 


ယွိစစ်ကျဲ လူသတ်သမားနောက်ကို လိုက်နေတာ လူတိုင်းမြင်ပြီး လော်ကျင့်ယိလည်း သိပါ၏။ ယွိစစ်ကျဲဘက်မှာ အရာအားလုံး အဆင်ပြေမယ်လို့ သူထင်ခဲ့ပေမယ့် ယွိစစ်ကျဲ ပြန်မလာတာကြောင့် စိတ်မပူဘဲ မနေနိုင်ခဲ့။ 


ယွိစစ်ကျဲတောင် မထိန်းနိုင်ရင် ဘယ်လိုလုပ်မလဲ... ယွိစစ်ကျဲလည်း တစ်ခုခုဖြစ်သွားရင် ဘာဖြစ်သွားမလဲ။


လော်ကျင့်ယိ စိတ်လှုပ်ရှားစွာ စောင့်နေလိုက်သည်။ ယွိစစ်ကျဲ ပြန်လာတာကို မြင်တော့ လော်ကျင့်ယိရဲ့နှလုံးက ချက်ချင်း ပြန်ငြိမ်ကျ​သွား၏။ သို့သော် ဖန်းချူသည်လည်း ယွိစစ်ကျဲနှင့် အတူ ပြန်လာသည်ကို မြင်သောအခါ အံ့သြသော အမူအရာ ပေါ်လာသည်။ 


ဖန်းချူ ဘယ်တုန်းက ထွက်သွားတာလဲ၊ သူ ဘာလို့ ယွိစစ်ကျဲနဲ့ တွဲနေတာလဲ။ သူတို့ နှစ်ယောက်က တကယ် လျှို့ဝှက် ဆက်ဆံရေး ရှိ​နေတာလား။


လော်ကျင့်ယိသည် သူဤကဲ့သို့ အတင်းအဖျင်းမျိုး မခံစားရသည်မှာ ကြာပြီဟု ခံစားမိသော်လည်း သူ့သိချင်စိတ်ကို မထိန်းနိုင်ပါ။ ဖန်းချူသည် သူ၏ အုပ်ချုပ်မှုအောက်တွင် အဆင့်၁၈သာ ရှိသည့် ကြယ်ပွင့်လေး ​ဖြစ်ရာ ယွိစစ်ကျဲနဲ့ သူဘာဖြစ်နိုင်မှာလဲ? ယွိစစ်ကျဲက သူ့ကို ဘာလို့ မတူကွဲပြားစွာ ဆက်ဆံ​နေရတာလဲ။


ဒါပေါ့ အခု အရေးကြီးဆုံးက လူသတ်သမား ဘာဖြစ်သွားတာလဲ ဆိုတာပဲ။ 


မေးခွန်းများနှင့် ပြည့်နှက်နေပေမယ့် ငြင်းပယ်ခံရနိုင်ခြေကို ကြောက်ရွံ့သဖြင့် လော်ကျင့်ယိသည် အနီးသို့ တိုးကပ်လာပြီး ခပ်တိုးတိုး မေးလိုက်သည်။ 


"လူကြီးမင်းယွိ...ပြန်လာပြီလား လူသတ်သမားကို ရှာတွေ့ပြီလား?"


ယွိစစ်ကျဲက သူ့ကို ငုံ့ကြည့်ပြီး ခေါင်းညိတ်လိုက်သည်။ 


လော်ကျင့်ယိပါးစပ်က ခြောက်သွေ့သွားပြီး။ 


"ဒါဆို ကျုပ်တို့ လုံခြုံလောက်ပြီမလား?"


တရားခံကို ရှာတွေ့ပြီး ယွိစစ်ကျဲကလည်း အန္တရာယ်မရှိဘဲ ပြန်လာတဲ့အတွက် ပြဿနာကို ဖြေရှင်းပြီးလောက်ပြီ။ ထိုအတွေးကြောင့် သူ့ခမျာ ဝမ်းသာမျက်ရည်ကျလုမတတ် ငိုမိသည်။


ဒါပေမယ့် ဒီတစ်ခါတော့ ယွိစစ်ကျဲက ခေါင်းမညိတ်ဘူး။ အဲဒီအစား တစ်ဖက်က မေးလာခဲ့သည်။ 


"ခင်ဗျား ကျန့်ကျစ်ရွေ့ကို တွေ့လား" 


လော်ကျင့်ယိ ခဏလောက်တွေးပြီး မနာလိုစိတ်နှင့် ရောပြွမ်းနေသော အထင်အမြင်သေးသည့် အမူအရာကို ထုတ်ဖော်လိုက်သည်။ 


"သူလား... သူက အမျိုးသမီး မော်ဒယ်နှစ်ယောက်နဲ့ ထွက်သွားတာ... အသက်က ငယ်ငယ်ရွယ်ရွယ် ခန္ဓာကိုယ်က ကျန်းကျန်းမာမာနဲ့ဆိုတော့ ဆော့ကစားလို့ ရတယ်လေ.... ဒီလိုအချိန်မျိုးမှာတောင် သတ္တိရှိရှိနဲ့ လုပ်ရဲသေးတယ်... မုတန်းပန်းအောက် သေရင်တောင် ပျော်စရာကောင်းတယ်လို့ ထင်ဦးမလားမသိဘူး.ဟားဟားဟား..."


ဖန်းချူ : "…" 


ညီအစ်ကိုရေ ခင်ဗျားပြောတာ မှန်နိုင်တယ်။


ဖက်တီးလော်မှာ ရုတ်တရတ် သူ့မှာ ကြောက်စရာကောင်းတဲ့ အရာတစ်ခုခု ပြောမိသွားတာကို ပြန်သဘောပေါက်သွားသည်။ သူနောက်နေတာပါ။ ကျန့်ကျစ်ရွေ့၏ အပြုအမူကို သူသဘောမကျသော်လည်း ယောက်ျားတစ်ယောက်အနေဖြင့် အနည်းငယ် မနာလိုမငြူနိုင်ပေ။ တင်းကြပ်လွန်းတဲ့ ဇနီးသည်နဲ့တောင် ဘယ်ရီသီးတွေကို အပူချိန်ထိန်းထားတတ်တဲ့သူဟာ တခါတရံမှာ ခွန်အားမရှိသလို ခံစားရစေသည်လေ။ 


ဒါကိုစဉ်းစားရင်း လော်ကျင့်ယိ : "နှစ်ယောက်တည်း တစ်ပြိုင်နက် လုပ်ရင် ကိုယ့်ကိုကိုယ် ဝန်ပိုချမိဖို့ မကြောက်ဘူးလား..."


ယွိစစ်ကျဲ : "..."


ဖန်းချူနှင့် ယွိစစ်ကျဲတို့ အကြည့်ချင်း ဖလှယ်လိုက်သည်။ 


ဖန်းချူ: "ဥက္ကဌလော် သူဘယ်ဘက်ကို သွားတာလဲ မှတ်မိသေးလား"


လော်ကျင့်ယိက ပြုံးပြီး :"သူ အပေါ်ထပ်တက်သွားပြီ ထင်တယ် အဲဒါ သူ့သီးသန့်ထပ်ပဲ"


သူစကားမဆုံးခင်မှာပဲ ယွိစစ်ကျဲနဲ့ ဖန်းချူတို့ တပြိုင်နက်တည်း အပြေးအလွှား ထွက်သွားလေ၏။ 


လော်ကျင့်ယိ :...


လော်ကျင့်ယိ : ???


ယွိစစ်ကျဲက ပိုမြန်သည်။ သူသည် အပေါ်ထပ်သို့ ဦးစွာတက်ကာ အပေါ်ထပ်သို့ရောက်သည်နှင့် မျက်မှောင်ကြုတ်လိုက်သည်။


အပေါ်ထပ်စင်္ကြံတွင် သက်တော်စောင့်အများအပြားသည် မြေပြင်ပေါ်တွင် ပြန့်ကျဲနေကာ အချို့မှာ ခြေသလုံး ရိုးကျိုးသွားသည်၊ အချို့မှာ လက်နှစ်ဖက်နှင့် ခန္ဓာကိုယ် ကွဲနေပြီး အချို့မှာ ဝမ်းဗိုက်များ ပြဲပြဲလျက်။ လူသတ်ပွဲနှင့် ဆင်တူသည့် ဆိုးရွားလှသော မြင်ကွင်းတစ်ခုဖြစ်သည်။


ဖန်းချူမှာ မျက်နှာလေး ဖြူဖျော့ကာ မြင်ကွင်းကြောင့် အနည်းငယ် ထုံနေသော်လည်း နောက်ခြေတစ်လှမ်း တိုးလိုက်​သေးသည်။


သူသည် အလောင်းများပေါ်မှ ဂရုတစိုက် ဖြတ်ကျော်နေ၏။ တစ်စုံတစ်ခုကို ကျော်တက်သွားပြီး နင်းမိပါက ထိမိလဲမိသွားမည်။ ရုတ်တရက် သွေးစွန်းနေတဲ့ လက်က သူ့ခြေကျင်းဝတ်ကို လှမ်းဆွဲလိုက်ရာ ဖန်းချူ၏ စိတ်တည်ငြိမ်မှု ပြိုလဲသွားတော့သည်။ မြေပြင်ပေါ်တွင် လဲလျောင်းနေသော သက်တော်စောင့်၏ မျက်လုံးများကို တွေ့လိုက်သောအခါ ဇတ်ကနဲ တုန်လှုပ်သွားသည်။


သက်တော်စောင့်သည် အသက်ရှင်ရုံမျှသာ ရှိ​တော့ပြီး ကြောက်လန့်တကြား မျက်လုံးများဖြင့် မော့ကြည့်နေကာ ပါးစပ်မှ သွေးများ စီးကျနေသည်။ 


"ဟိုဘက် မသွားပါနဲ့..."


ဖန်းချူ : "..."


မင်းပြောတာမှန်တယ် မင်းငါ့ကို သတိပေးလိုက်တာပဲ။ ငါအခု ဘာလို့အဲဒီကို သွားရမှာလဲ။ ကျန်တာကို ယွိစစ်ကျဲလက်ထဲမှာ ထားခဲ့လို့ရတယ်လေ။ သူက ခြေထောက်ကို ပြတ်ပြတ်သားသား ဆွဲထုတ်လိုက်ပြီး ယွိစစ်ကျဲကို အဝေးကနေ လက်မထောင်ပြလိုက်သည်။ သူငယ်ချင်း၊ ငါမင်းခြေထောက်ကို မဆွဲထားတော့ဘူး။ 


ယွိစစ်ကျဲ တင်းတင်းကျပ်ကျပ် ပိတ်နေသော တံခါးကို ကန်ထုတ်ကာ ရှေ့တိုးလာသည်။


နောက်အခိုက်အတန့်မှာတော့ ကျန့်ကျစ်ရွေ့ရဲ့ အော်ဟစ်သံကြီး ထွက်လာတော့၏။ သူ့ဆံပင်တွေက ရှုပ်ပွကာ သူ့အဝတ်အစားတွေ စုတ်ပြဲပြီး သွေးတွေနဲ့ ဖုံးလွှမ်းထား​သည်။ အကြိမ်ပေါင်း မရေမတွက်နိုင်အောင် အရိုက်ခံထားခဲ့ရသော်လည်း အသက်ရှင်သေးသည်။ သူ ပြေးထွက်လာတော့ ကြောက်လန့်တကြား အော်ဟစ်လိုက်ပေမယ့် ယွိစစ်ကျဲကို တွေ့လိုက်ရတော့ သူ့မျက်လုံးတွေက ဝမ်းသာအားရနဲ့ ရုတ်တရက် တောက်ပလာခဲ့သည်။ 


"ငါ့ကို ကယ်ပါ"


မိန်းမနှစ်ယောက် သူ့နောက်က ပြေးလိုက်လာသည်။ သူတို့၏ အမူအရာများက ရက်စက်ကြမ်းကြုတ်ပြီး မှတ်မိနိုင်လောက်သော အနေအထား မဟုတ်တော့ပေ။ ယွိစစ်ကျဲ ချဉ်းကပ်လာတာကို မြင်တော့ သူတို့ထဲက တစ်ယောက်က ရုတ်တရက် ဆံပင်တွေ ရှည်ထွက်လာပြီး ရဲရဲတောက် မျက်လုံးတွေနဲ့ သူ့ကို စူးစူးရဲရဲ စိုက်ကြည့်နေလေ၏။ 


တစ်ယောက်က ယွိစစ်ကျဲကို ပိတ်ဆို့ထားပြီး ကျန်တစ်ယောက်က ကျန့်ကျစ်ရွေ့ကိုသတ်ရန် ချွန်ထက်သော လက်သည်းများကို မြှောက်ထားသည်။


ကျန့်ကျစ်ရွေ့အပေါ် ပြင်းထန်စွာ မုန်းတီးမှုကြောင့် သူ့ကို ဖြည်းဖြည်းချင်း ညှဉ်းပန်းနှိပ်စက်ရန် ကြံရွယ်ခဲ့သော်လည်း ယခု ယွိစစ်ကျဲ ပြန်ရောက်လာပြီဖြစ်ရာ သည်းမခံနိုင်တော့ဘဲ အပြင်းအထန် တိုက်ခိုက်လာတော့ကြသည်။


ယွိစစ်ကျဲက ထိုနေရာတွင် မလှုပ်မယှက် ငြိမ်သက်စွာ ရပ်နေ၏။


ဆံပင်တွေ ထွက်လာနေချိန်မှာပဲ လက်တစ်ဖက်ကို ရုတ်တရက် ဆန့်ကာ အနက်ရောင်ဆံပင်ရှည်များကို ဆွဲကိုင်လိုက်ပြီး အမျိုးသမီးကို ဆွဲတင်ဖို့ လက်ကောက်ဝတ်ကို လိမ်လိုက်လေသည်။ သူမသည် အနက်ရောင်ကြိုးနဲ့ ချည်ထားတဲ့ အရာတစ်ခုလိုပဲ ခုန်ပေါက်သွားပြီး ကျန့်ကျစ်ရွေ့ဆီ ပြေးနေသော တခြားအမျိုးသမီးကို ထိမှန်သွားတော့သည်။ နှစ်ယောက်သား နံရံကို ပြင်းပြင်းထန်ထန် တိုက်မိပြီး အပေါက်ကြီးတစ်ခု ကွဲသွားသည် ။


ဖန်းချူ စကားမဲ့စွာ စိုက်ကြည့်ရင်း "..." 


ဒါကြောင့် ဆံပင်တွေ အရမ်းရှည်တာလည်း မသိပ်မကောင်းဘူးလို့ ပြောတာ....


သူတို့သည် စူးစူးဝါးဝါး အော်သံကို ထုတ်လွှတ်လိုက်ပြီး ခြေထောက်များကို လှုပ်ယမ်းကာ ယွိစစ်ကျဲကို ထပ်မံ တိုက်ခိုက်ကြပြန်၏။ 


ယွိစစ်ကျဲ လှောင်ပြောင်ကာ ထိုဆံပင်များကို ဆုပ်ကိုင်ရင်း နံရံပေါ်သို့ အရှိန်အဟုန်ဖြင့် ခုန်ဆင်းကာ ၎င်းတို့ထံ အမြန်ချဉ်းကပ်သွားခဲ့သည်။ သူတို့ခေါင်းကို လက်သီးတစ်ချက်ဖြင့် ထိုးဖောက်လိုက်သည်။


ကျယ်လောင်သော လေသံများနှင့်အတူ အမျိုးသမီးနှစ်ဦးသည် လူသားအသွင်သဏ္ဍာန်ကိုတောင် မမြင်ရအောင် ဖြစ်လာသည်။ ၎င်းတို့၏ သနားစရာကောင်းသော အခြေအနေသည် ၎င်းတို့အား နောက်ထပ် အနိုင်ကျင့်ချင် ကျင့်ပါစေတော်ဟု ပြောနေသလိုပင်။ 


အမျိုးသမီးသည် ယွိစစ်ကျဲ၏ တိုက်ခိုက်မှုကို မလွတ်မြောက်နိုင်သဖြင့် ရှိုက်ကြီးတငင် အော်တော့၏။ 


"အား! ငါနင့်ကိုသတ်ပစ်မယ်... နင်တို့အားလုံးကိုသတ်ပစ်မယ် အား—!"


"ဒိုင်း!"


အမျိုးသမီး : "ဝူးဝူး"


"ဒိုင်း!"


အသက်ရှုမဝလာသော အမျိုးသမီး - "..."


တဖြည်းဖြည်းနဲ့ အမျိုးသမီး နှစ်ယောက် လှုပ်ရှားတာ ရပ်သွားကြသည်။ ယွိစစ်ကျဲလည် ရပ်တန့်ကာ ကြမ်းပြင်ပေါ် အေးအေးဆေးဆေး ငုံ့ကြည့်နေ၏။ ၎င်းတို့ ဖြည်းညှင်းစွာ ရွှံ့အိုင်များထဲသို့ ပျော်ဝင်ကာ တဖြည်းဖြည်း အငွေ့ပျံပြီး ပျောက်ကွယ်သွားသည်အထိ ကြည့်နေခဲ့ကာ မြင်ကွင်းဟာ နောက်ဆုံးတွင်တော့ တိတ်ဆိတ်သွားသည်။


ကျန့်ကျစ်ရွေ့တစ်ယောက် အစောကစ၍ ထောင့်တစ်နေရာ၌ တုန်လှုပ်ခြောက်ခြားစွာ ကပ်နေခဲ့သည်။ သွေးနံ့တွေအပြင် နံစော်နေတဲ့ အနံ့အသက်တွေကလည်း ထွက်ပေါ်နေရာ သူ့ကိုယ်သူ အပေါ့စွန့်မိမှန်း သိသာထင်ရှားစွာ သဘောပေါက်လိုက်၏။ 


မိန်းက​လေးနှစ်ယောက် လုံးဝပျောက်ကွယ်သွားပြီးနောက်တွင် သူသည် ထိတ်လန့်တကြားဖြင့် ယွိစစ်ကျဲဆီသို့ ပြေးလာပြီး။ 


"ကျေးဇူးပဲ ကျေးဇူးပဲ မင်းလာလို့ တော်သေးတာပေါ့ မင်းရောက်လာလို့ တော်သေးတာပေါ့... ကျေးဇူးတင်ပါတယ် ကျေးဇူးတင်ပါတယ်၊ တကယ်ကျေးဇူးတင်ပါတယ်!"


ယွိစစ်ကျဲ သူ့ကိုဘာမှပြန်မပြောဘဲ စိုက်ကြည့်လိုက်သည်။ သနားစိတ် အရိပ်အယောင်မရှိဘဲ ရှောင်နေကာ သူ့မျက်လုံးများထဲတွင် ရွံရှာနေသော အလင်းတန်းများ ဖြတ်ပြေးလျက်ရှိ၏။ 


ကျန့်ကျစ်ရွေ့ ဂရုမစိုက်​နေပါ။ သေခြင်းတံခါးဝဆီသို့ ရောက်ပြီဟုပင် သူထင်ခဲ့၏။ အသက်ရှင်နေသေးတာက ပျော်စရာတွေနဲ့ ပြည့်နှက်နေတဲ့ ကံကောင်းခြင်းတစ်ခု ဖြစ်နေပါပြီ။ ယွိစစ်ကျဲ ဒီနေ့ဒီကိုရောက်လာကို ကျေးဇူးတင်ရမည်။ ဒီလိုမှမဟုတ်ရင်...။ သူအရင်ကဖြစ်ခဲ့တဲ့ မြင်ကွင်းတွေကို ပြန်သတိရပြီး သူ့ခန္ဓာကိုယ်က ထိန်းမနိုင်သိမ်းမရ တုန်တုန်ယင်ယင် ဖြစ်လာကာ သူ့မျက်လုံးတွေမှာ စိတ်ပျက်အားငယ်မှုတွေ၊ ကြောက်ရွံ့မှုတွေနဲ့ ပြည့်နှက်နေတော့သည်။ 


ယနေ့ညတွင် အပျော်စီးသင်္ဘောပေါ်၌ ဖြစ်ပွားခဲ့သော ရွှီရွှီ၏အလောင်းကို ထပ်မံမြင်တွေ့ပြီးနောက်တွင် သူသည် ဤကဲ့သို့ မည်သည့်အရာကိုမဆို လုပ်ရန် အလွန်စိတ်မဝင်စားတော့ပေ။ ဒါပေမယ့် အကြောင်းတစ်ခုခုကြောင့် အမျိုးသမီးနှစ်ယောက်က သူ့ကို လှည့်စားခဲ့ရာ ယောက်ျားတွေရဲ့ ကန့်ကွက်မှုကို လျစ်လျူရှုပြီး သူတို့နဲ့အတူ အပေါ်ထပ်ကို တက်သွားခဲ့မိသည်။ နောက်ဆက်တွဲဖြစ်လာတာကတော့ အိပ်မက်ဆိုးတစ်ခုပါပဲ။ 


သူ့လူတွေအားလုံး အသတ်ခံခဲ့ရသည်။ နတ်ဆိုးနှစ်ကောင်က သူ့ကို ခြောက်လှန့်ပြီး ဖြည်းညှင်းစွာ နှိပ်စက်ညှဉ်းပန်းကာ သူ့ရဲ့ စိတ်ပျက်အားငယ်နေသော ပုံစံကို ကြည့်နေခဲ့သည်။ 


ထိုအချိန်တွင် ယွိစစ်ကျဲ ပြန်ရောက်မလာ​သေးသောကြောင့် သူတကယ်ကို ကူကယ်ရာမဲ့ ဖြစ်မိသည်။ သူ ဖော်ထုတ်ခံရမှာကို ကြောက်ပြီး အမှန်တရားကို ဖုံးကွယ်ဖို့ ယွိစစ်ကျဲကို တစ်ယောက်တည်း လွှတ်လိုက်၏။ ယွိစစ်ကျဲ ​သေ​နေပြီဖြစ်​နိုင်​သည်​။ ယွိစစ်ကျဲကို ပြန်ခေါ်လာဖို့ တစ်ယောက်ယောက်ကို မပို့မိတာကိုလည်း နောင်တအကြီးကြီးပါ ရနေခဲ့သည်။ 


ဒီလိုမျိုး သေတာထက် ထောင်ထဲ သွားတာ ပိုကောင်းပေသည်။ သူ့ရဲ့ စွမ်းအားနဲ့ ဒါကို ဖြေရှင်းဖို့ နည်းလမ်း လုံး၀ မရှိနေချေ။ 


ဒါ​ပေမယ့်​ သူ​သေ​တော့မယ်​လို့ ထင်​နေတဲ့ အချိန်မှာပဲ ယွိစစ်ကျဲ ပြန်​လာခဲ့သည်။ 


ကျန့်ကျစ်ရွေ့ နံရံကို အားပျော့စွာ မှီရင်း ယွိစစ်ကျဲကို ရှုတ်ထွေးစွာ ကြောက်ရွံ့မှု၊ ရှောင်လွှဲမှုနှင့် ကျေးဇူးတရားတို့ ရောနှောနေသော သူ့မျက်လုံးများဖြင့် ကြည့်ကာ တုန်တုန်ယင်ယင်နဲ့ မေးလိုက်သည်။ 


“သူတို့… သူတို့ ပြန်မလာ​တော့ဘူး ဟုတ်တယ်မလား…”


ယွိစစ်ကျဲ သူ့ကိုကြည့်ကာ နှုတ်ခမ်းပေါ်တွင် လှောင်ပြောင်သော အပြုံးတစ်ခု ပေါ်လာသည်။


ကျန့်ကျစ်ရွေ့ ဤအမူအရာကြောင့် ထိတ်လန့်တုန်လှုပ်သွားပြီး ထွက်ပြေးရန် ကြိုးစားသော်လည်း သူ့ခြေထောက်များသည် မတ်တပ်မရပ်နိုင်တော့အောင့ အားနည်းလွန်းလှသည်။ ယွိစစ်ကျဲကို တွေ့လိုက်ရသောအခါတွင် သူ့စိတ်တွေ တဟုန်ထိုး ခုန်ပေါက်သွားပြီး အရာအားလုံးကို ယွိစစ်ကျဲ ဘယ်လို ရှင်းပြရမလဲဆိုတာကို တွေးတောနေတုန်း ယွိစစ်ကျဲက ရုတ်တရက် လှည့်ထွက်သွားသည်။


အပေါ်ထပ်က ရုန်းရင်းဆန်ခတ် အသံတွေကြောင့် မကြာခင်မှာပဲ ခြေသံတွေ ကြားလိုက်ရသည်။ တစ်ယောက်ယောက်က လာစုံစမ်းလေပြီ။ 


ပထမဆုံး ရောက်လာတာက သင်္ဘောဝန်ထမ်းဝတ်စုံ ဝတ်ထားတဲ့ စားပွဲထိုး လူငယ်တစ်ယောက်ပါပဲ။ ဖန်းချူ သူ့ကို ယောင်ဝါးဝါး မှတ်မိနေသည်။ သူက စားပွဲခင်းကို ဆွဲထုတ်ပြီး စောစောက "လူကောင်း" ကတ်ကို ပေးခဲ့တဲ့ ကလေးမျက်နှာရှိတဲ့ လူငယ်လေးပင်။ 


ထိတ်လန့်နေပုံဖြင့် ပတ်ဝန်းကျင်ကို သတိကြီးကြီး စိုက်ကြည့်မိပေမယ့် ကျန့်ကျစ်ရွေ့ကို ထောက်ကူပြီး ရှေ့တိုးဖို့ သတ္တိကို စုစည်းထားသေးသည်။


"လူကြီးမင်းကျန့် ခင်ဗျား အဆင်ပြေရဲ့လား" 


သူ တိုးတိုးလေး မေးလိုက်သည်။ 


ကျန့်ကျစ်ရွေ့လည်း သူ့လက်ကို အားပြုကာ မတ်တတ်ရပ်နိုင်အောင် ကြိုးစားနေရာမှ ဖြည်းညှင်းစွာ ပြန်ပြောလိုက်သည်။ 


"အဆင်ပြေပါတယ်..."


အဲဒီအခါ လူငယ်က :“ခင်ဗျား ခဏလောက် အနားယူဖို့ ကူညီပေးရမလား” 


မြေပြင်ပေါ်ရှိ အမျိုးသမီးအလောင်းမှ အဆိပ်အတောက်များ လုံးဝ အငွေ့ပျံသွားကာ မည်သည့်အရာမှ မကျန်ခဲ့ဘဲ သက်တော်စောင့်များ၏ အလောင်းများသာ ကျန်ရှိတော့သည်။ ဘာကြောင့် ဒီလိုဖြစ်ခဲ့ရတာလဲဆိုတာ သူနားမလည်ပေမယ့် ဖန်းချူကတော့ တကယ်ပဲ ပြီးသွားခဲ့ပြီး တခြားဘယ်သူမှ ထပ်မသေ​တော့ဘူးလို့ ခံစားလိုက်ရသည်။ 


သို့သော် သူ ကျန့်ကျစ်ရွေ့ကို စူးစူးစိုက်စိုက်ကြည့်ရင်း ထူးဆန်းစွာ စိတ်ပျက်သွားမိသည်။


ဒီလိုနဲ့ လူတော်တော်များများ သေဆုံးခဲ့ရသည်။ အချို့မှာ ကြံရာပါ ဖြစ်ကောင်းဖြစ်နိုင်သော်လည်း အချို့မှာ အပြစ်မရှိ၊ သို့မဟုတ် မသေထိုက်ပေ။ သူတို့အားလုံး သေသွားပေမယ့် ဒီလူက အသက်ရှင်နေသေးတာ ခံပြင်းစရာပင်။ 


ဖန်းချူ ခေါင်းယမ်းလိုက်ပြီး ထွက်ခွာရန် ပြင်ဆင်လိုက်သည်။ သူ့ကိစ္စ ဘာမှမရှိတော့ချေ။ 


ထိုအချိန်တွင်ပင် ကျန့်ကျစ်ရွေ့ ရုတ်တရက် မျက်လုံးပြူးကျယ်သွားသည်ကို တွေ့လိုက်ရပြီး လည်ချောင်းထဲတွင် အူကြောင်ကြောင် အသံ ထွက်ပေါ်လာသည်။ သွေးစွန်းနေသော ဓားမြှောင်တစ်ချောင်းက သူ့လည်ချောင်းမှ ပေါက်ထွက်ကာ ၎င်း၏ ချွန်ထက်သော အစွန်းကို ထုတ်ပြထားခဲ့သည်။


လူငယ်က သူ့ကို ထောက်ထားပြီး မျက်နှာမှာ နွေးထွေးတဲ့ အပြုံးတွေနဲ့ ကြည့်နေသည်။ ထို့နောက် ဓားမြှောင်ကို နောက်ကျောမှ ဖြည်းညှင်းစွာ ဆွဲထုတ်ကာ ဖန်းချူဆီကို နှုတ်ခမ်းအနည်းငယ် လှန်ပြလိုက်တဲ့အခါ ပါးပြင်ပေါ်ရှိ သေးငယ်သော ပါးချိုင့်လေးများ ပေါ်လာခဲ့​လေ​သည်။