Chapter 47
Viewers 2k

【Volume 2 : လက်ထောက်လေး ၂၄】


Chapter 47


ထိုညတွင် မနာလိုနေသော ကျန်းယွီချွမ်းကြောင့် ကျန်းကျင်ယန်သည် မိုးလင်သည်အထိ နှိပ်စက်ခံခဲ့ရပြီး နောက်ဆုံးတွင် အိပ်မောကျသွားသည်။


သူ အိပ်မောကျသွားသည်ဟု ပြောမည့်အစား သတိလစ်သွားသည်ဟုပြောတာ ပိုကောင်းပါသည်…


ပျက်စီးမှုက ဖော်ပြ၍မရအောင် ကြီးမားခဲ့သည်။


ထို့ကြောင့် နောက်တစ်နေ့တွင် ကျန်းကျင်ယန်က နိုးလာသောအခါ နေ့လယ်ရောက်နေပြီဖြစ်သည်။


သူ ခေါင်းခါယမ်းပြီး သူ့အပေါ်ပိုင်းကို လက်နှစ်ဖက်ဖြင့် ထောက်ကာ ထထိုင်လိုက်သည်။ သူ တစ်ချက်လှုပ်ရှားလိုက်သည်နှင့် ရထားတစ်စီးဖြတ်ပြေးသွားသလို သူ့နောက်ကျောက ချက်ချင်း နာကျင်လာခဲ့သည်။


"ဟင်း…" ကျန်းကျင်ယန်၏ခန္ဓာကိုယ်တောင့်တင်းပြီး သူ မလှုပ်ရှားရဲပေ။


"မင်းနိုးပြီပဲ။" နောက်ကျောမှ လက်တစ်စုံသည် သူ့ကို ရစ်ပတ်လာကာ နွေးထွေးသောပွေ့ဖက်မှုနှင့် သူ့နားဆီကို အနမ်းတစ်ပွင့် ရောက်ရှိလာခဲ့သည်။ ကျန်းကျင်ယန်၏အေးမြမြအသံက သူ့ဘေးနားမှ ထွက်လာခဲ့သည်။ 


"ဟမ်…" မနေ့ညက ရူးသွပ်စရာမြင်ကွင်းကို ပြန်သတိရသောအခါ ကျန်းကျင်ယန်၏ပါးပြင်များ ရဲတက်လာသည်။ သူ လှည့်မကြည့်ရဘဲ စကားစမြည်ပြောရန် ကြိုးစားရင်း မေးလိုက်သည်။ "ခင်ဗျား ဘယ်အချိန်က နိုးတာလဲ။"


ကျန်းယွီချွမ်းသည် သူ့လည်ပင်းကို နှုတ်ခမ်းနှင့်ပွတ်သပ်လိုက်ပြီး သူ့အသံက အနည်းငယ်မောပန်းနေသော်လည်း အများအားဖြင့် ညင်သာနေသည်။ "ကိုယ် တစ်ညလုံး အိပ်မပျော်ဘူး။"


သတိလစ်သွားအောင် နှိပ်စက်ခံရသော ကျန်းကျင်ယန်: "…"


ဒါက မယုံနိုင်စရာကာယကြံ့ခိုင်မှုမျိုးပဲ။ 


"မင်းအိပ်မက်တွေကို ကိုယ်ဖတ်ပြီးပြီ" ကျန်းယွီချွမ်းသည် သူ့ကို မျက်နှာချင်းဆိုင်ဖြစ်အောင် မေးစေ့ကို ညှစ်ပြီး သူ့လက်ချောင်းများက သူ့မျက်နှာကို ညင်သာစွာ ပွတ်သပ်ကာ သူ၏နက်မှောင်သောမျက်လုံးများထဲတွင် နက်ရှိုင်းသောအပြုံးတစ်ခု ပေါ်လာပြီး ပြောလိုက်သည်။ "မင်း ကိုယ့်အကြောင်း အိပ်မက်မက်ခဲ့တယ်။"


ကျန်းကျင်ယန် ပြန်သတိရရန် ကြိုးစားသော်လည်း အိပ်မက်က တစ်ပိုင်းတစ်စဖြစ်နေပြီး အပိုင်းအစလေးများကိုပဲ မှတ်မိသော်လည်း ကျန်းယွီချွမ်းအကြောင်း အိပ်မက်မက်ခဲ့ပုံရသည်။


"မင်းမမှတ်မိလည်း အဆင်ပြေပါတယ်။ ကိုယ် မင်းကို ပြောချင်တာက မင်းအိပ်မက်တွေထဲမှာ ကိုယ်ပေါ်လာတိုင်း" ကျန်းယွီချွမ်း၏လက်ချောင်းက ကျန်းကျင်ယန်၏နှုတ်ခမ်းကို ထိလိုက်သည်။ "မင်းပြုံးတယ်…" 


"အိုး" ကျန်းကျင်ယန်၏အမူအရာသည် စိတ်မဝင်စားဟန်ဖြစ်နေသော်လည်း သူ့ရင်ထဲတွင် ချိုမြိန်မှုများဖြင့် ပြည့်နေသည်။


ချစ်မိသွားတဲ့ ခံစားချက်က အံ့ဩစရာကောင်းတာပဲ။


ကျန်းယွီချွမ်းသည် အနည်းငယ် မျက်ခုံးပင့်ပြီး စာကြောင်း၏ ဒုတိယပိုင်းကို ထပ်ဖြည့်လိုက်သည်။ "မင်း အရမ်းရယ်လွန်းလို့ သွားရည်ကျလာတယ်"


ကျန်းကျင်ယန်၏မျက်နှာက မည်းမှောင်သွားသည်: "…"


ယောက်ျား၊ ခင်ဗျား ဒီလိုဆက်လုပ်နေရင် ကျွန်တော့်ကို ဆုံးရှုံးရလိမ့်မယ်။


ကျန်းယွီချွမ်းသည် တခစ်ခစ်ရယ်ကာ မတ်တတ်ထရပ်ပြီး ပြောလိုက်သည်။ "ကိုယ် မနက်စာ သွားယူပေးမယ်"


တစ်မိနစ်အကြာတွင် ကျန်းယွီချွမ်းသည် ဗန်းတစ်ခုကို ကိုင်ဆောင်လာပြီး ရနံ့သင်းသင်း အမဲသားနှင့် ကြက်ဥဟင်းရည်၊ အပေါ့စား ဟင်းလျာတချို့နှင့် လတ်လတ်ဆတ်ဆတ်ညှစ်ထားသော ဖျော်ရည်တစ်ခွက်ကို အိပ်ရာဘေးစားပွဲပေါ်တွင် တင်ထားသည်။


"ကိုယ်စားပြီးပြီ" ကျန်းယွီချွမ်းသည် ပြောပြီး ဇွန်းကိုလှမ်းယူနေသော ကျန်းကျင်ယန်၏လက်ကို ညင်သာစွာတွန်းဖယ်ပြီး ဂျုံယာဂုတစ်ဇွန်းကို ခပ်ယူကာ မှုတ်ထုတ်လိုက်ပြီး "ကိုယ် ခွံ့ကျွေးမယ်"


ကျန်းကျင်ယန်သည် နာခံမှုရှိရှိဖြင့် သူ့ပါးစပ်ကိုဟပြီး ဂျုံယာဂုကို စားလိုက်သည်။ အသားရည်ထဲတွင် စိမ်ထားသော နူးညံ့သောကောက်ညှင်းစေ့များသည် သူ့ပါးစပ်ထဲတွင် အရည်ပျော်သွားပြီး သူ၏ဆာလောင်နေသောဗိုက်ကို နှိုးထစေခဲ့သည်။


"မင်းရဲ့အရသာနဲ့ ကိုက်ညီရဲ့လား" ကျန်းယွီချွမ်းသည် နောက်တစ်ဇွန်းကို ခပ်ယူပြီး ကျန်းကျင်ယန်အား ကျွေးလိုက်သည်။ "မင်းမကြိုက်ရင် မနက်ဖြန် ပြင်ပေးမယ်။" 


ကျန်းကျင်ယန်က အလျင်အမြန် ပြောလိုက်သည်။ "ပြင်စရာမလိုပါဘူး။ ဒါအရသာရှိတယ်။"


သေချာတယ်၊ ဒါက အရမ်းအလိုလိုက်ခံရတာပဲ။


ကျန်းယွီချွမ်းက တည်ငြိမ်စွာ ဆိုသည်။ "ကိုယ် မင်းတစ်ယောက်တည်းကိုပဲ တုန်နေအောင်ချစ်မှာပါ။"


သူ၏ချောမောသောမျက်နှာတွင် အေးစက်စက်အမူအရာတစ်ခုရှိနေဆဲဖြစ်သည်။ သူ၏မျက်ခုံးများနှင့် နှုတ်ခမ်းထောင့်များက နူးညံ့သောအပြုံးအဖြစ် ကွေးညွတ်သွားလျက် နူးညံ့သောအပြုံးနှင့် ချိုသာသောစကားများပြောသောအခါမှာတောင် သူ၏မွေးရာပါအေးစက်မှုကြိ မဖုံးကွယ်နိုင်ခဲ့ပေ။ သို့သော် သည်လူကတော့ သူ့ရှေ့တွင် ရှားရှားပါးပါး နူးညံ့သောအမူအရာတစ်ခုကို ပြသနေမှာဖြစ်သည်။ 


ကျန်းကျင်ယန်သည် တိတ်တဆိတ်ဝါးရင်း သူသည် ဤဘဝတွင် နောင်တမရဘဲ သေဆုံးသွားနိုင်ပြီဟု ခံစားလိုက်ရသည်...


ဟ… မင်းက လိမ္မာပါးနပ်တဲ့ မြေခွေးလေးပဲ… မင်းက… သေစမ်း… ပါးစပ်ပိတ်လိုက်တော့…


သူ၏အတွေးများကို တစ်ဖက်လူ ကြားနိုင်သည်ဆိုသောအတွေးကို မရင်းနှီးသေးသော ကျန်းကျင်ယန်သည် သူ့အတွေးများကို မြန်မြန်ဖြတ်တောက်ပစ်လိုက်ခင် ခဏလောက် သူ့ကိုယ်သူ တိုးတိုးလေး ရေရွတ်နေလေ့ရှိသည်။ 


"ဒီလိမ္မာပါးနပ်တဲ့ မြေခွေးလေးက အရှင်မင်းကြီး ကျွန်တော်မျိုးကို ဘယ်တော့မှ ထားမသွားအောင် အလိုလိုက်ချင်ရုံပါ။" ကျန်းယွီချွမ်းက ငြိမ်သက်စွာ ပြောလိုက်သည်။


လေးနက်ပြီး နက်ရှိုင်းသောအသံဖြင့်ပြောသော ထိုစကားများ၏အသံသည် အလွန်ရှက်စရာကောင်းသဖြင့် ကျန်းကျင်ယန်သည် မွေ့ရာထဲတွင် ခေါင်းကို မြှုပ်ထားလိုက်ချင်သည်။


ကျန်းယွီချွမ်းသည် စိတ်အခြေအနေကောင်းနေကာ ကျန်းကျင်ယန်၏ရှက်ရွံ့နေသောမျက်နှာကို ညှစ်ပြီး ကိုင်းညွှတ်ရင်း သူ့ပါးစပ်ထောင့်တွင် ကပ်နေသော ဆန်စေ့ကိုလျက်ကာ ဘာမှမဖြစ်သကဲ့သို့ သူ့ကို ဆက်ကျွေးသည်။


မနေ့က သူ အလွန်မောပန်းနွမ်းနယ်သွားတာကြောင့် ကျန်းကျင်ယန်သည် ဂျုံယာဂုပန်းကန်လုံးကြီးနှင့် အရံဟင်းလျာအားလုံးကို ကုန်အောင်စားလိုက်သည်။ ပြီးနောက် ခေါင်းရင်းကိုမှီးပြီး ပိုက်နှင့် ဖျော်ရည်သောက်နေသည်။ ငါးမိနစ်လောက် ကြောင်အအစိုက်ကြည့်ပြီးသည့်နောက် ကျန်းကျင်ယန် ရုတ်တရက် တစ်စုံတစ်ခုမှားနေတာကို သတိထားမိပြီး ခွက်ကိုချကာ ဖုန်းကို စမ်းရှာရင်း မေးလိုက်သည်။ "ဘယ်အချိန်ရှိပြီလဲ။"


"နေ့လယ်တစ်နာရီရှိပြီ" ကျန်းယွီချွမ်းက တည်ငြိမ်စွာ မေးလိုက်သည်။ "ဘာဖြစ်လို့လဲ။"


"ဒါကို အလုပ်ပျက်တဲ့အနေနဲ့ ထည့်တွက်ရမယ်ထင်တယ်…" ကျန်းကျင်ယန်သည် ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းကုတ်လိုက်သည်။


အလွန်ဂရုတစိုက် အလုပ်လုပ်တတ်သူတစ်ဦးအနေဖြင့် ကျန်းကျင်ယန်သည် တက္ကသိုလ်ကနေ ဘွဲ့ရပြီး တစ်နှစ်ကျော်အတွင်း တစ်မိနစ်တောင် အလုပ်နောက်ကျလေ့မရှိပါ။


"ဟုတ်တယ်" ကျန်းယွီချွမ်း၏မျက်နှာသည် ခက်ထန်နေပြီး အလွန်အလေးအနက်ဖြစ်လာသည်။ "အပြစ်ခံရလောက်တယ်"


"ဒါဆို ခင်ဗျားလည်း အတူတူပဲပေါ့။" ကျန်းကျင်ယန်သည် စိန်ခေါ်ပြီး ပြန်ပြောရုံသာမက စီအီးအို၏ရင်ဘတ်ကြွက်သားတွေကိုပါ လက်နှင့်ထိတို့ခဲ့သည်။


ဒါက တကယ်ကို မာနထောင်လွှားပြီး ဥပဒေမဲ့လုပ်ရပ်တစ်ခုဖြစ်ပြီး မျက်နှာသာပေးခံရတာကို အခွင့်ကောင်းယူခြင်းဖြစ်သည်။


"အလုပ်ပျက်ကွက်တယ်၊ ပြန်ပြောတယ်၊ အထက်လူကြီးကို ကိုယ်ထိလက်ရောက်ကျူးလွန်တယ်" ကျန်းယွီချွမ်း၏မျက်လုံးများက အနည်းငယ် တောက်ပလာသည်။ သူသည် ခုတင်ဘေးစားပွဲကို ဖွင့်ပြီး ကျန်းကျင်ယန်နှင့် အလွန်ရင်းနှီးသော အနက်ရောင်သားရေမှတ်စုစာအုပ်ကို ထုတ်ယူလိုက်ပြီး အဖုံးတွင် ညှပ်ထားသော ဘောပင်ကို ထုတ်ယူကာ မှတ်စုစာအုပ်ပေါ်တွင် စာကြောင်းသုံးကြောင်းကို ရေးခြစ်လိုက်သည်။


ကျန်းကျင်ယန်သည် ခဏတာ အံ့အားသင့်သွားပြီး မေးလိုက်သည်။ "ဒီစာအုပ်က ဘာအတွက်လဲ"


ကျန်းယွီချွမ်းသည် သူဘယ်သွားသွား စာအုပ်အား မချန်ထားခဲ့ပုံရသည်။


"မနေ့က ငါးကြိမ်ပြန်ပေးခဲ့ပြီ" ကျန်းယွီချွမ်းသည် သူ့ကို လျစ်လျူရှုပြီး ရေတွက်မှတ်တစ်ခုကို ဖြတ်ကာ သူ့ကိုယ်သူ တိုးတိုးလေး ပြောလိုက်သည်။ 


ကျန်းကျင်ယန်သည် တစ်ခဏမျှ တိတ်ဆိတ်သွားပြီး အသက်ပြင်းပြင်းရှူလိုက်သည်: "..."


မနေ့က တကယ်ကို ငါးကြိမ်လုပ်ခဲ့သောကြောင့်ဖြစ်သည်။


"မင်း ကိုယ့်အကြောင်း မင်းစိတ်မှာ ညည်းညူတိုင်း၊ ကိုယ့်အကြောင်း စိတ်ကူးယဉ်တိုင်း" ကျန်းယွီချွမ်း၏မျက်လုံးများတွင် အန္တရာယ်များပြီး ဆိုးသွမ်းသော အလင်းတန်းတစ်ခု ပေါ်လာသည်။ "ကိုယ် မှတ်ချက်တစ်ခုမှတ်ထားတယ်။" သူပြောနေရင်း ကျန်းကျင်ယန်၏မေးစေ့ကို ပင့်တင်ရန် သူ့ဘောပင်ကို အသုံးပြုပြီး ခပ်တိုးတိုးပြောသည်။ "မှတ်ချက်တစ်ခုကို တစ်ကြိမ်၊ အချိန်၊ နေရာနဲ့ အနေအထားကို ကိုယ်ဆုံးဖြတ်မယ်။ မင်း ပေးဆပ်လို့မပြီးမချင်း ငြင်းပိုင်ခွင့်မရှိဘူး။"


"…ဘုရားရေ" ကျန်းကျင်ယန် အံ့သြသွားသည်။


တကယ်တော့ ငါ့ယောက်ျားရဲ့ သီးသန့်ဆန်ပြီး လူကြီးလူကောင်းဆန်တဲ့ အသွင်အပြင်က အကြင်နာမဲ့ပြီး ရူးသွပ်တဲ့ ဝိညာဉ်ကို ဖုံးကွယ်ထားတာပဲ။ 


"ကိုယ့်ကို အကြင်နာမဲ့ပြီး ရူးသွပ်တယ်လို့ ပြောရဲတယ်ပေါ့" ကျန်းယွီချွမ်းသည် အေးစက်စက်ဖြင့် နောက်ထပ်မှတ်ချက်တစ်ခု ထပ်ထည့်လိုက်သည်။


ကျန်းကျင်ယန်သည် စာအုပ်ကို ဖမ်းယူရန် အပြေးအလွှား ကြိုးစားခဲ့သော်လည်း သူ့ခါးက နာကျင်မှုကြောင့် တုံ့ဆိုင်းသွားပြီး လွတ်သွားခဲ့သည်။


"အထက်လူကြီးကို တိုက်ခိုက်ဖို့ ကြိုးစားတယ်" ကျန်းယွီချွမ်းသည် တင်းမာသောမျက်နှာဖြင့် နောက်ထပ်မှတ်ချက်တစ်ခု ထပ်ထည့်လိုက်သည်။


ကျန်းကျင်ယန်သည် အလွန်ဒေါသထွက်ပြီး ကန့်ကွက်သည်။ "ခင်ဗျား ကျွန်တော့်ကို အချိန်မရွေး နေရာမရွေး လုပ်ဖို့ ဆင်ခြေရှာနေတာပဲ"


"ဟုတ်တယ်" ကျန်းယွီချွမ်းက ဝန်ခံလေသည်။ "ကိုယ် မင်းနဲ့ အိပ်ဖို့ ဆင်ခြေရှာတာ"


ကျန်းကျင်ယန်သည် သူ၏တဲ့တိုးဆန်မှုကြောင့် ထိတ်လန့်သွားသည်...


"ကိုယ် ငါးချက်ရေးလိုက်ပြီ" ကျန်းယွီချွမ်းသည် နောက်ထပ်တစ်ချက် ထပ်ထည့်ပြီး ပြောသည်။ "ခြောက်ချက်က ကံကောင်းပြီး မင်္ဂလာရှိတယ်"


ကျန်းကျင်ယန် မယုံနိုင်စွာ စိုက်ကြည့်နေသည်…


ခင်ဗျား ဆယ်ချက်အထိ မှတ်လိုက်ပါတော့လား။ အရှက်မရှိကောင်…


ကျန်းယွီချွမ်းက အေးစက်စက်ပြန်ပြောသည်။ "ကောင်းပြီ"


ကျန်းကျင်ယန်: "???"


ဘာမှမဖြစ်ခဲ့သလိုမျိုး သူ အလုပ်သွားချင်သော်လည်း သူ့ခန္ဓာကိုယ်အောက်ပိုင်းက နာကျင်ကိုက်ခဲမှုသည် လျစ်လျူရှု၍မရအောင် ပြင်းထန်လွန်းသည်။ သူ လမ်းလျှောက်ရန်ပင် မဆိုထားနှင့် ထိုင်ရန်ပင် ခက်ခက်ခဲခဲလုပ်နေရသည်။ ထို့ကြောင့် ကျန်းကျင်ယန်သည် သူ၏အခွင့်ထူးခံရာထူးကို အခွင့်ကောင်းယူပြီး တစ်ရက်လောက် ကပ်ပါးရပ်ပါးလုပ်ရုံကလွဲ၍ တခြားနည်းလမ်းမရှိပါ။


ကျန်းယွီချွမ်းသည် အဝတ်အစားတစ်စုံ ယူလာပေးပြီး ကျန်းကျင်ယန်ကို အဝတ်အစားလဲပေးရန် ကူညီခဲ့သည်။ နှစ်ယောက်စလုံးက အများကြီးအရပ်ကွာခြားသော်လည်း အဝတ်အစားအရွယ်အစားသည် သင့်တော်သောကြောင့် ကြိုတင်ပြင်ဆင်ထားသည်ဆိုတာ ပြသနေသည်။


အဝတ်အစားဝတ်ပြီးနောက် ကျန်းကျင်ယန်ကို မျက်နှာသစ်ရန် ရေချိုးခန်းထဲ ပွေ့ခေါ်သွားခဲ့သည်။ သွားတိုက်တံ၊ သွားတိုက်ဆေး၊ မျက်နှာသုတ်ပဝါနှင့် ဖိနပ်များအပါအဝင် အရာအားလုံးသည် အတွဲလိုက်အသစ်စက်စက် ပစ္စည်းများဖြစ်သည်။


ကျန်းကျင်ယန်သည် မှန်ရှေ့မှာရပ်ပြီး သူ့ပါးစပ်ကို သွားတိုက်တံနှင့် သွားတိုက်ရင်း ကျန်းယွီချွမ်းသည် အနောက်မှ သူ့ကို ဖက်ထားသည်။


မှန်ထဲတွင် အေးစက်စက် အမူအရာမဲ့သော မျက်နှာနှစ်ခုရှိနေသည်။


နောက်တစ်စက္ကန့်တွင် ရေခဲတောင်နှင့် နှင်းဘောလုံးသည် တစ်ပြိုင်နက် အရည်ပျော်သွားပြီး သူတို့သည် စိတ်ပိုင်းဆိုင်ရာ ချိတ်ဆက်ထားသကဲ့သို့ အပြုံးနှစ်ခုကို ပြသလိုက်သည်။


လေထုပင် ချိုမြိန်နေခဲ့သည်။


မျက်နှာသစ်ပြီးနောက် ကျန်းယွီချွမ်းသည် ကျန်းကျင်ယန်ကို ပထမထပ်ရှိ ဆိုဖာပေါ်တွင် ချထားကာ ကြောင်သစ်ပင်မှ ကြောင်နှစ်ကောင်ကို ဆွဲယူပြီး ကျန်းကျင်ယန်၏ဘေးဘက်တွင် ၎င်းတို့ကို နေရာချကာ တီဗီဖွင့်ပြီး ကျန်းကျင်ယန်အား ရီမုတ်ကို ပေးလိုက်သည်။


လက်ရှိတွင် တီဗီက 'အနီအပြာတို့က ရှေးခေတ်ကတည်းက စုံတွဲတွေဖြစ်လာခဲ့တယ်'ဟုခေါ်သော ဖျော်ဖြေရေးအစီအစဉ်တစ်ခုကို ပြသနေသည်။ ထိုအစီအစဉ်သည် ချောမောသော အမျိုးသားများကို အနီနှင့်အပြာအဖွဲ့များအဖြစ် ပိုင်းခြားပြီး တောထဲမှာ ရှင်သန်ရန် စေလွှတ်သည်။ အထင်ရှားဆုံး နှစ်ယောက်ကတော့ 'အမျိုးသားနတ်ဘုရားများ'ဟု လူသိများသော ယန်ကျီဟွမ်နှင့် ဟာသမင်းသား လုံယိတို့ဖြစ်သည်။ သူတို့နှစ်ယောက်သည် အလွန်ချောမောပြီး သူတို့၏ဆက်ဆံရေးက စုံတွဲများ၏ ဓာတုဗေဒကို ကောင်းကောင်းခံစားရစေသည်။ ထိုအချိန်တွင် ကင်မရာက သည်လူနှစ်ယောက်ကို အာရုံစိုက်ထားပြီး သူတို့၏ချောမောသောမျက်နှာများ၏ အနီးကပ်ဓာတ်ပုံများကို ပြသနေသည်။


ဝိုး… အရမ်းချောတာပဲ… သွားစမ်း။


ကျန်းကျင်ယန်သည် သူ့အတွေးများကို အပြင်းအထန် ထိန်းချုပ်ပြီး ရီမုတ်ဖြင့် ချန်နယ်ကို အမြန်ပြောင်းကာ ဆေးအရောင်းကြော်ငြာထဲက အဘိုးကြီးကို စိုက်ကြည့်နေသည်။ သူသည် နှစ်ပေါင်းများစွာ ခံစားခဲ့ရသော အဆစ်အမြစ်ရောင်ရမ်းခြင်းနှင့် အရိုးရောဂါကို တစ်ကြိမ်ကုသပြီးနောက် မည်သို့ပျောက်ကင်းသွားကြောင်း ပြောပြနေသည်။


အဘိုးအိုက အဆစ်အမြစ်ရောင်ရမ်းခြင်းနဲ့ အရိုးရောဂါကို နှစ်တွေအကြာကြီး ခံစားခဲ့ရတာပဲ… လုံယိရဲ့ပင်ကိုယ်စရိုက အရမ်းရယ်စရာကောင်းပေမဲ့ တကယ်ချောတာပဲ… တော်တော့… လုံယိ… နှစ်တွေအကြာကြီး အဆစ်အမြစ်ရောင်ရမ်းခြင်းနဲ့ အရိုးရောဂါကို ခံစားနေရတဲ့ လူမျိုးစပ်နဲ့တူတယ်။ လုံယိက ကုသမှုတစ်ခုတည်းနဲ့ ကုသပေးနိုင်တယ်။ သူ့ဆံပင်အရောင်က လှပပြီး ကုသမှုတစ်ခုက ယွမ်ငါးရာပဲရှိတယ်။



အဓိပ္ပါယ်မရှိတာတွေ တွေးမနေနဲ့တော့… ကျန်းကျင်ယန်… မင်း သေအောင်အလုပ်ခံချင်နေတာလား။


ကျန်းကျင်ယန်သည် သူ့အတွေးများကို လုံးဝမထိန်းချုပ်နိုင်ဘဲ လဲကျပြီး ရီမုတ်ကို ပစ်ချလိုက်သည်။


ကျန်းယွီချွမ်းသည် အေးစက်စက် တစ်ချက်ရယ်လိုက်ရင်း ရီမုတ်ကိုယူရန် ငုံ့ကိုင်းပြီး သူ ကြည့်နေသော ဖျော်ဖြေရေးအစီအစဉ်သို့ ပြန်ပြောင်းလိုက်သည်။ သူ့အသံသည် မည်သည့်ခံစားချက်ကိုမှ ထောက်လှမ်းရန် မဖြစ်နိုင်သလို အလွန်တည်ငြိမ်နေသည်။ "မင်းကြိုက်ရင် ကြည့်ပါ။ ဒါက မင်းရဲ့လွတ်လပ်မှုလေ။"


"..." ကျန်းကျင်ယန်သည် လုံးဝမယုံဘဲ ခေါင်းငုံ့ကာ သူ့စိတ်ထဲတွင် ဒြပ်စင်ဇယားများကို ကျက်မှတ်ရန် အာရုံစိုက်နေသည်။


ဟိုက်ဒရိုဂျင်၊ ဟီလီယမ်၊ လစ်သီယမ်၊ ဘီရီလီယမ်၊ ဘိုရွန်… ဘယ်သူမှ ငါ့ယောက်ျားလောက် မချောဘူး… 


ကာဗွန်၊ နိုက်ထရိုဂျင်၊ အောက်ဆီဂျင်၊ ဖလိုရင်း၊ နီယွန်… ငါက အဲဒီလိုနာမည်ကြီးတွေကို လုံးဝ စိတ်မဝင်စားဘူး...


ကျန်းယွီချွမ်းသည် သူ၏ပျော့ပျောင်းသောဆံပင်ကို ပွတ်သပ်ပြီး "ယောက်ျား လုပ်စရာရှိလို့ အပြင်ခဏသွားဦးမယ်"


ကျန်းကျင်ယန်၏ မျက်နှာသည် ချက်ချင်းပင် နီရဲသွားသည်။ "အိုး… သွားလေ"


ယောက်ျား စသဖြင့်ပေါ့…


"နှစ်နာရီကြာရင် ပြန်လာခဲ့မယ်" ကျန်းယွီချွမ်း၏ မျက်လုံးများ တောက်ပလာပြီး "ကိုယ့်ကို ယောက်ျားလို့ခေါ်ကြည့်"


ကျန်းကျင်ယန်သည် နှုတ်ခမ်းကိုဟရင်း အနည်းငယ် ရှက်နေသည်…


ယောက်ျား… ယောက်ျား… ယောက်ျား… ယောက်ျား…


ကျန်းယွီချွမ်းသည် ကျေနပ်အားရစွာဖြင့် ခေါင်းညိတ်ကာ တီဗီထဲရှိ လူငယ်များကို ကြည့်လိုက်ရင်း ခဏလောက် ငြိမ်သက်နေပြီး ရိုးသားစွာ ပြောလိုက်သည်။ "ကျင်ယန်၊ မင်းရဲ့အတွေးတွေကို တမင်သက်သက် ထိန်းချုပ်နေဖို့ မလိုပါဘူး"


ကျန်းကျင်ယန်က "အင်း"ဟု တိုးတိုးလေးပြောသည်။


ငါ့ယောက်ျားက အကြောင်းပြချက်မရှိ မနာလိုတတ်မဲ့လူစားမျိုးမဟုတ်မှန်း ငါသိတယ်…


"ဘာပဲဖြစ်ဖြစ် ကိုယ် နောက်ထပ်မှတ်ချက်အနည်းငယ် ရေးလို့ရတာပေါ့။" ကျန်းယွီချွမ်းသည် သူ့လက်ထဲက မှတ်စုစာအုပ်လေးကို မြှောက်လိုက်ပြီး သူ့မျက်လုံးများသည် မနာလိုစိတ်ဖြင့် တောက်ပနေကာ အေးစက်စွာ ပြောလိုက်သည်။


ကျန်းကျင်ယန်: "..."


‌ဒါက အတူတူပဲ မဟုတ်ဘူးလား။ ခင်ဗျားက မနာလိုနေတုန်းပဲ။ ငါ့ယောက်ျားက အရမ်းမနာလိုတတ်ပြီး စိတ်ဖတ်တတ်တယ်။ ငါ ဘာလုပ်ရမလဲ။


TK Team Chapter 47